← Chapters

စွမ်းအားကြီးသော

Vol. 197 Ch. 2811

စွမ်းအားကြီးသော

Vol. 197 Ch. 2811

ရှေးခေတ်တွင် ကောင်းကင်လမ်းစဉ်အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့သည် လောကကြီး၏စည်းမျဉ်းကို အုပ်စိုးခဲ့သည်။

ယခုတွင်လည်း ကောင်းကင်လမ်းစဉ်သည် တပ်ဖွဲ့ရှစ်ဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းတော့မည်လော။ ထို့ကြောင်း ကောင်းကင်မှနေ၍ နတ်ပစ္စည်းများ ကျလာရခြင်းလော။

ကောင်းကင်လမ်းစဉ်သည် ကောင်းကင်အင်ပါယာဘုံနှင့် သက်ဆိုင်သည်လော။

ကောင်းကင်အင်ပါယာ၏ ဝိညာဉ်စွမ်းအားသည် မပျောက်ကွယ်သွားသေးသည်လော။

လက်ရှိတွင် လောကကြီးကို ဘုံခုနစ်ခုအဖြစ် ပိုင်းခြားထား၏။ အကယ်၍ မူလဘုံကိုပါ ထည့်တွက်လျှင် စုစုပေါင်း ဘုံရှစ်ခု ရှိပေလိမ့်မည်။ တစ်နည်းဆိုရလျှင် ကောင်းကင်လမ်းစဉ်သည် ကောင်းကင်မှနေ၍ နတ်ပစ္စည်း ခုနစ်ခု သို့မဟုတ် ရှစ်ခု ချပေးပေလိမ့်မည်။ အကယ်၍ နတ်ပစ္စည်းတစ်ခု ကျလာရန် သုံးနှစ်ကြပါက ဤကိစ္စပြီးမြောက်ရန် (၁၈)နှစ် သို့မဟုတ် (၂၁)နှစ် ကြာပေလိမ့်မည်။

အဖျက်အနက်ရောင်ကြာပွင့်သည် မှော်နက်လောကနှင့် သက်ဆိုင်ကြောင်း သံသယဖြစ်စရာ မရှိပေ။ ထို့အတူ အာကာသတံခါးသည်လည်း ဗလာနတ္တိဘုံအတွက် လက်ဆောင်တစ်ခုဖြစ်ကြောင်း ထင်ရှား၏။ ထိုအချိန်တွင် ဗလာနတ္တိဘုံမှ ကျင့်ကြံသူများသည် အာကာသတံခါးဆီသို့သွား၍ ၎င်းကို ဝန်းရံလိုက်သည်။ သူတို့သည် ယခုအထိ ၎င်းကို မထိကိုင်နိုင်သေးသော်လည်း ၎င်းထုတ်လွှတ်နေသော အာကာသစည်းမျဉ်းနတ်စွမ်းအားသည် သူတို့ကျင့်ကြံရာတွင် ကူညီပေးနိုင်လေသည်။

မည်သို့ပင်ဖြစ်စေ အခြားကျင့်ကြံသူအချို့သည် ၎င်းအနီးသို့ သွားလိုက်ကြသည်။ အာကာသလမ်းစဉ်ကို ကျင့်ကြံသူများမှာ ဗလာနတ္တိဘုံမှ ကျင့်ကြံသူများသာ မဟုတ်ပေ။ လောကနေရာအသီးသီးမှ ကျင့်ကြံသူများစွာသည်လည်း အာကာသမဟာလမ်းစဉ်စွမ်းအားတွင် ကျွမ်းကျင်ကြပေသည်။

“နှုတ်ဆက်ပါတယ်... ဘုံတစ်ခုစီက နတ်ပစ္စည်းတစ်ခုစီ ရမှာဆိုတော့ ကျုပ်တို့ ဗလာနတ္တိဘုံက လူတွေက အာကာသတံခါးကို ယူလိုက်ပါမယ်။ ဒီတော့ ကျုပ်တို့ တခြားနတ်ပစ္စည်းတွေကို ဝင်လုမှာ မဟုတ်ပါဘူး”

ဗလာနတ္တိဘုံမှ ကျင့်ကြံသူတစ်ယောက်ဖြစ်သော တုကူးဝူရှဲ့က ‌ပြောလိုက်၏။ သူ့ကို ဗလာနတ္တိဘုံမှ စွမ်းအားကြီးကျင့်ကြံသူတစ်စုက ဝန်းရံထားသည်။

ထိုနတ်ပစ္စည်းများသည် အချို့ဘုံများမှ ကျင့်ကြံသူများနှင့် ကိုက်ညီမှုရှိသော်ငြား ၎င်းတို့သည် လောကနေရာအားလုံးမှ လူများ၏ ကျင့်ကြံခြင်းကိုလည်း အကျိုးရှိစေနိုင်ပေသည်။ ထို့ကြောင့် သူတို့သည် သူတို့အတွက် နတ်ပစ္စည်းတစ်ခုထက် ပိုသိမ်းပိုက်၍ မရချေ။ သို့ဖြစ်၍ သူတို့သည် နတ်ပစ္စည်းတစ်ခုကို သူတို့အပိုင်အဖြစ် သိမ်းပိုက်နိုင်မည့် အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ အခြားဘုံများမှ ကျင့်ကြံသူများသည်လည်း တစ်ဘက်နှင့်တစ်ဘက် ခိုက်ရန်ဖြစ်ပွားလိုကြမည် မဟုတ်ချေ။ နောက်ပိုင်းတွင် သူတို့နှင့် သင့်တော်မည့် နတ်ပစ္စည်းများ ထွက်ပေါ်လာမည် မဟုတ်ပါလား။

ကျင့်ကြံသူများစွာသည် လှုပ်ရှားရန် အဆင့်သင့်ဖြစ်နေသာ်လည်း နောက်ဆုံးတွင် မည်သူမှ ထိုအာကာသတံခါးကို လုယူရန် မကြိုးစားလိုက်ကြပေ။ သူတို့သည် အဖျက်အနက်ရောင်ကြာပွင့်များကို လက်လွှတ်ခဲ့စဉ်ကကဲ့သို့ အာကာသတံခါးကိုလည်း ဗလာနတ္တိဘုံသို့ ပေးလိုက်လေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် သူတို့အတွက် နတ်ပစ္စည်းတစ်ခုကို ရရှိမည်ဖြစ်သည်။

သို့သော် နတ်တောင်ကုန်းကို မည်သူ ပိုင်ဆိုင်မည်နည်း။

လောကတစ်ခွင်လုံးမှ ကျင့်ကြံသူများသည် ကောင်းကင်အလွှာ(၉၉)လွှာကို ဖောက်ထွင်းထားသော နတ်တောင်ကုန်းကို ဝန်းရံထားကြပြီး ကျင့်ကြံနေကြသည်။ မည်သူမှ ၎င်းကို သူတို့၏အပိုင်အဖြစ် မသိမ်းပိုက်ကြသေးပေ။

ရီဖူရှင်း၏ပုံရိပ်သည် သူ၏ကိုယ်တွင်းလောကထဲတွင်သာ ဆက်ရှိနေပြီး ကောင်းကင်လမ်းစဉ်ပေါ်တွင် တရားထိုင်ကာ အတွင်းမှ ပြောင်းလဲမှုများကို ကြည့်နေလေသည်။ သူသည် ပြီးခဲ့သော ခြောက်နှစ်အတွင်း၌ ဉာဏ်အလင်းပွင့်မှုများစွာ ရရှိခဲ့သည်။ ကောင်းကင်လမ်းစဉ်က အနက်ရောင်ကြာပွင့်၊ နတ်တောင်ကုန်းနှင့် အာကာသတံခါးတို့ကို ချပေးလိုက်သောအခါ သူသည် နတ်စွမ်းအားကို ပထမဆုံး အာရုံခံမိခဲ့သူဖြစ်သည်။

အနက်ရောင်ကြာပွင့်သည် အဖျက်စည်းမျဉ်းကို ကိုယ်စားပြု၏။ နတ်တောင်ကုန်းသည် အင်အားနှင့် တည်ငြိမ်မှုကို ကိုယ်စားပြုသည်။ အာကာသတံခါးမှာမူ အာကာသစည်းမျဉ်ကို ကိုယ်စားပြုပေသည်။

ရီဖူရှင်း၏ကိုယ်တွင်းလောကကို ကြယ်တာရာများက ဝန်းရံထား၏။ သူသည် ရိုက်ခတ်လှုပ်ရှားမှုအနည်းငယ် ခံစားလိုက်ရသဖြင့် လေထဲသို့ လက်တန့်ကာ တစ်စုံတစ်ခုကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ ချက်ချင်းပင် ကြယ်တာရာတစ်ခုသည် သူ့ဘက်သို့ လျင်မြန်စွာ ပျံသန်းလာလေသည်။ ၎င်းသည် တဖြည်းဖြည်းသေးလာပြီး အစက်အပြောက်တစ်ခု၏ အရွယ်အစားသို့ ရောက်သွားကာ သူ့လက်ဝါးပတ်ပတ်လည်တွင် ဝဲပတ်နေသည်။

“ပန်းတစ်ပွင့်ထဲမှာ လောကတစ်ခွင်လုံး ရှိနိုင်တယ်... သစ်ရွက်တစ်ရွက်က ဗောဓိပင်အသေးစားလေးဖြစ်နိုင်တယ်...”

ရီဖူရှင်း ရေရွတ်လိုက်သည်။ မူလဘုံတွင် စီဝေ့ကြယ်ကောင်းကင်အပါအဝင် ကုန်းမြေပေါင်း မြောက်မြားစွာ ရှိပေသည်။ ၎င်း၏ ကောင်းကင်တစ်ခွင်တွင် ကြယ်တာရာများနှင့် ပြည့်နှက်နေသည်။

“ကြယ်တာရာတွေရဲ့ ဆင့်ကဲပြောင်းလဲမှုက အဆုံးမရှိတဲ့ လောကတွေပဲ”

ကောင်းကင်ထဲရှိ ကြယ်တာရာတိုင်းသည် လောကတစ်ခုဖြစ်နိုင်ပေသည်။

ကြယ်တာရာလေးသည် သူ့လက်ဝါးကို လှည့်ပတ်နေပြီးနောက် လေထဲသို့ ပစ်မြှောက်ခံလိုက်ရ၏။ ရုတ်ခြည်းပင် လေထုတစ်ခုလုံးသည် အဆက်မပြတ် ပြန့်ကားလာသော မရေမတွက်နိုင်အောင်များပြားသည့် ဓာတ်မှုန်များဖြင့် ပြည့်နှက်သွား၏။ နောက်ဆုံးတွင် ၎င်းတို့အားလုံးသည် ကြယ်တာရာများအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် ဆူညံသံများကိုလည်း ကြားလိုက်ရလေသည်။ ကြယ်တာရာတစ်ခုစီသည် အဆုံးမဲ့‌လောကအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွား၏။ ရလဒ်အနေဖြင့် ရီဖူရှင်း၏ကိုယ်တွင်းလောကသည် ဆင့်ကဲပြောင်းလဲသွားသကဲ့သို့ အရွယ်အစား ဆက်ကြီးထွားလာလေသည်။

ကြယ်တာရာများအတွင်းရှိ လောကတိုင်းသည် ယင်၊ယန် စွမ်းအားနှင့် ဓာတ်ကြီးငါးပါးအပါအဝင် ကောင်းကင်နှင့်မြေကြီး ဖြစ်ပေါ်လာသည့် သူ၏မူလလောကအဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့သည့် အတွင်းမှ လောကများကို ဆက်၍ ပြီးပြည့်စုံအောင် လုပ်နေလေသည်။

ထိုသို့ဖြင့် ရီဖူရှင်းသည် ဆက်၍ ကျင့်ကြံနေလိုက်သည်။ ကောင်းကင်လမ်းစဉ်၏ ပြီးပြည့်စုံသော စည်းမျဉ်းသည် အရာအားလုံးကို ခြုံငုံနိုင်သင့်ပြီး မရေတွက်နိုင်သော စည်းမျည်းနတ်စွမ်းအားများနှင့် ပြည့်နှက်နေသင့်သည်။ ထိုမှသာ သူ၏ ကောင်းကင်လမ်းစဉ်လောကသည် ကောင်းကင်လမ်းစဉ်အသေးစားအဖြစ်မှနေ၍ ပြီးပြည့်စုံသော ကောင်းကင်လမ်းစဉ်အကြီးစားအဖြစ် ဆင့်ကဲပြောင်းလဲသွားနိုင်မည်ဖြစ်သည်။

အကယ်၍ သူသာ ထိုအဆင့်ကို ပြီးမြောက်နိုင်လျှင် သူ၏လောကသည် ပြီးပြည့်စုံသည်ဟု သတ်မှတ်နိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် သူသည် လောကအတွင်းမှ ကျင့်ကြံသူများကို သူ၏လောကထဲတွင် တရားထိုင်ခွင့် ပြုနိုင်ပေမည်။

တရားထိုင်ခြင်းနှင့် ဆင့်ကဲပြောင်းလဲမှုသည် လွန်စွာအချိန်ကုန်သောအရာများဖြစ်၍ ရီဖူရှင်းကို အချိန်အား သတိမမူမိ ဖြစ်နေစေသည်။ သူ မသိလိုက်ခင်မှာပင် နောက်ထပ်သုံးနှစ်ကုန်ဆုံးသွားသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် သူ၏လောကအတွင်း၌ တစ်စုံတစ်ခုကို ရေရွတ်နေသည်။

တစ်ခုသည် နှစ်ခုအဖြစ် ပြောင်းလဲ၏။ နှစ်ခုသည် သုံးခုအဖြစ် ခွဲထွက်၏။ သုံးခုမှနေ၍ အရာအားလုံး ဖြစ်ပေါ်လာ၏။

သူသည် အနန္တတရားအပေါ် ဉာဏ်အလင်းပွင့်ခဲ့ပြီဖြစ်သည်။

အနန္တသည် အကန့်အသတ်မဲ့ပြီး တိုင်းတာ၍ မရပေ။

အပြင်ဘက် ကောင်းကင်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။ ထက်ရှသော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်လမ်းစဉ်သည် နတ်ဓားတစ်ချောင်းကို ဖန်တီးကာ ကောင်းကင်ထက်မှ ပစ်ချလိုက်သည်။ ၎င်းသည် လောကအတွင်းရှိ စည်းမျဉ်းများကို ထိန်းချုပ်ပုံပေါ်လေသည်။ ၎င်းသည် ကောင်းကင်ထက်မှ ကျဆင်းလာပြီး လေထုနှင့် ကုန်းမြေကို ဖြတ်သန်းသွား၏။ ၎င်းသည် နတ်တောင်ကုန်းကဲ့သို့ပင် ကောင်းကင်အလွှာ(၉၉)လွှာလုံးကို ဖောက်ထွင်းသွားသည်။

ကျင့်ကြံသူအားလုံးသည် နတ်ဓားမှ ထုတ်လွှတ်လိုက်သော ကျောစိမ့်ဖွယ် နတ်စွမ်းအားကို အာရုံခံမိသောအခါ သူတို့မျက်နှာပေါ်တွင် လောဘအပြုံးများ ပေါ်လာကြသည်။ စွမ်းအားကြီးကျင့်ကြံသူများစွာသည် နတ်ဓားဆီသို့ ပျံသွားလိုက်ကြ၏။ သူတို့သည် နတ်ဓားကို သူတို့၏ကျင့်ကြံခြင်းအတွက် သုံးရန် ကြံရွယ်ထားကြသည်။

လူသားဘုံမှ ကျင့်ကြံသူများသည် အမြန်ဆုံးဖြစ်သည်။ တစ်ခဏအတွင်းပင် သူတို့သည် နတ်ဓားကို ဝန်းရံလိုက်ပြီး နတ်ဓားရှိသည့် ကောင်းကင်ကို စောင့်ကြပ်လိုက်သည်။ ထို့နောက် တိဟောက်က ကျယ်လောင်စွာ ကြေညာလိုက်၏။

“ကျုပ်တို့ လူသားဘုံက ကျင့်ကြံသူတွေက ဒီဓားကို သိမ်းပိုက်လိုက်ပါပြီ”

သူတို့၏ခန့်မှန်းမှုသည် မှန်လောက်ပေသည်။ ကောင်းကင်လမ်းစဉ်သည် သုံးနှစ်လျှင်တစ်ကြိမ် နတ်ပစ္စည်းတစ်ခုကို မွေးထုတ်ပေးပေသည်။

လူအုပ်များသည် နတ်ဓားကို လိုချင်ကြ၏။ လောကအတွင်းရှိ ကျင့်ကြံသူများစွာသည် ဓားလမ်းစဉ်ကို ကျင့်ကြံသည် မဟုတ်ပါလား။

ဥပမာအားဖြင့် အနောက်အင်ပါယာ၊ ဓားဧကရာဇ်အရှင်၊ ရီဝူချင်းနှင့် ရီအင်ပါယာနန်းတော်မှ အခြားလူများသည် ဓားလမ်းစဉ်ကို ကျင့်ကြံကြပေသည်။

ထို့ကြောင့် သူတို့သည် နတ်ဓားကို မြင်လိုက်သောအခါ သူတို့၏ ကျင့်ကြံခြင်းအတွက် နတ်ဓားအနီးသို့ သွားလိုစိတ် ဝင်လာခဲ့သည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် သူ့လူများ၏အတွေးကို သိသဖြင့် မျက်လုံး ဖွင့်လိုက်လေသည်။

ဤနှစ်များအတွင်းဥ သူတို့ကို ကောင်းကင်လမ်းစဉ်၏ စည်းမျဉ်းစွမ်းအားပေါ်တွင် တရားထိုင်စေခဲ့ခြင်းသည် သူတို့၏ကျင့်ကြံခြင်းကို သိသိသာသာ တိုးတက်လာစေလေသည်။ အကယ်၍ သူတို့သာ လမ်းစဉ်စွမ်းအား၏ အသန့်စင်ဆုံးပုံစံကို ရရှိနိုင်ခဲ့လျှင် သူတို့၏ကျင့်ကြံခြင်းအတွက် များစွာအကျိုးရှိမည်ဖြစ်သည်။

“ငါလက်မခံဘူး...”

ရီဖူရှင်း အော်ပြောလိုက်၏။ သူ့စကားကို ကြားလိုက်သောအခါ ကြည့်နေသူများသည် သူ့ကို လှည့်ကြည့်လိုက်ကြသည်။ လူသားဘုံမှ ကျင့်ကြံသူများသည် သူ့ကို မကျေနပ်သည့် မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။ အထူးသဖြင့် တိဟောက်၏အကြည့်သည် အထင်သေးမှုများနှင့် ပြည့်နေသည်။

“ကောင်းကင်က ကျလာတဲ့ နတ်ပစ္စည်းတွေက ဘယ်သူနဲ့မှ မသက်ဆိုင်ဘူး။ ကျင့်ကြံသူတိုင်း အဲဒီနတ်ပစ္စည်းတွေနဲ့ ကျင့်ကြံခွင့်ရသင့်တယ်”

ရီဖူရှင်းသည် တင်းမာသောအသံဖြင့် သတိပေးလိုက်သည်။ ထို့ကြောင့် မည်သူမှ မေးခွန်းမထုတ်ဝံ့ကြချေ။

ရီဖူရှင်း၏ ပါးစပ်မှ ထွက်လာသော စကားများသည် ပေါက်ကရများပင်။ အားလုံးသည် သူ့စကားများကို နားလည်သော်လည်း နောက်ဆုံးတွင် အင်အားအကြီးဆုံးသူသာ နတ်ပစ္စည်းများကို ရသွားမည်ဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိပေသည်။ အင်ပါယာအဆင့် အင်အားစုများက သူတို့သည် ထိုပစ္စည်းများကို သိမ်းပိုက်နိုင်လိမ့်မည်ဟု တွေးခြင်းသည် သူတို့၏ ကျောထောက်နောက်ခံ အင်အားကြောင့် ဖြစ်လေသည်။ သူတို့အင်အားစုတစ်စုစီသည် ဘုံခုနစ်ခုကို ကိုယ်စားပြုသည် မဟုတ်ပါလား။

သို့သော် ထိုသို့ပြောလိုက်သူမှ ရီဖူရှင်းဖြစ်သဖြင့် ထိုစကားများသည် ပေါက်ကရဟု မသတ်မှတ်နိုင်ပေ။

လက်ရှိတွင် သူသည် အခြေအနေကို သူ့စိတ်တိုင်းကျ ပြောင်းနိုင်မည့် စွမ်းအား ရှိနေမည်ဖြစ်သည်။

“နတ်ပစ္စည်းတွေကို မင်းတို့ကြားမှာ ဘယ်လို ခွဲဝေလည်းဆိုတာ ငါဂရုမစိုက်ဘူး... ဒါပေမဲ့ ရီအင်ပါယာနန်းတော်က ကျင့်ကြံသူတွေက သူတို့ကြိုက်တဲ့နေရာမှ ကျင့်ကြံနိုင်ရမယ်။ သူတို့ကို ဘယ်သူမှ တားလို့မရဘူး”

ရီဖူရှင်း ပြောလိုက်၏။ လူအများစုသည် ထိုစကားကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။ ဤနေရာတွင် ဘုံခုနစ်ခုမှ စွမ်းအားကြီးကျင့်ကြံသူများ စုဝေးနေသည်။ သို့သော် ရီဖူရှင်းသည် သူ့ပါးစပ်မှနေ၍ ထိုကဲ့သို့ အထက်စီးဆန်သည့် စကားမျိုးကို ပြောရဲပေသေးသည်။

ကြည့်နေသူများသည် ရီဖူရှင်းတစ်ယောက် ဗုဒ္ဓကုန်းမြေမဟာအင်ပါယာကို သတ်ဖြတ်ခဲ့သည့် အဖြစ်ကို ပြန်အမှတ်ရသွားသဖြင့် သူတို့၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ထွက်ပေါ်လာ၏။  သူ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်သည် မည်သည့်အဆင့်သို့ ရောက်နေပြီနည်း။

“သွား...”

ရီဖူရှင်းသည် ဘုံခုနစ်ခုလုံမှ လူများကို အရေးမစိုက်ဘဲ သူ့ပတ်ပတ်လည်ရှိ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို အမိန့်ပေးလိုက်လေသည်။

***

All Chapters