နတ်ဘုရားဟောင်းနှင့် အင်ပါယာအသစ်
Vol. 197 Ch. 2812
အနောက်အင်ပါယာ၊ ဓားဧကရာဇ်အရှင်နှင့် အခြားသူများသည် အရှေ့သို့ ထွက်သွားကြသည်။ အနောက်အင်ပါယာနှင့် ဓားဧကရာဇ်အရှင်တို့ နှစ်ယောက်စလုံးသည် ဓားလမ်းစဉ်ကို ကျင့်ကြံကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် နတ်ဓားဆီသို့ လျှောက်သွားကြခြင်းဖြစ်သည်။
ထို့အပြင် ရီဝူချင်း၊ ဂူတုံးလျှိုနှင့် သူတို့ကဲ့သို့သူများသည်လည်း နတ်ဓားဆီသို့ ချဉ်းကပ်သွားကြသည်။
တစ်ဘက်တွင်လည်း ဖန်းစွင်တို့အုပ်စုသည် အာကာသတံခါးဆီသို့ သွားလိုက်သည်။ လင်လုံမှာမူ လူများစွာကို ဦးဆောင်၍ နတ်တောင်ကုန်းဆီသို့ ဦးတည်သွားလိုက်လေသည်။
ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ရီဖူရှင်း၏ညွှန်ကြားမှုအတိုင်း လုပ်ဆောင်လိုက်ကြသည်။ သူတို့အားလုံးသည် သူတို့၏ကျင့်ကြံခြင်းနှင့် သက်ဆိုင်သော နတ်ပစ္စည်းများကို လိုချင်ကြပေသည်။
သူတို့သည် ရီဖူရှင်း၏ ညွှန်ကြားမှုကို တုံ့ဆိုင်းခြင်းမရှိဘဲ လုပ်ဝံ့သည်ကို ကြည့်လျှင် ရီဖူရှင်းအပေါ် သူတို့ မည်မျှ ယုံကြည်မှုရှိကြောင်း သိနိုင်လေသည်။
သူတို့သည် သူတို့၏ ရီဖူရှင်းအပေါ် နက်ရှိုင်းသောယုံကြည်မှုကြောင့် သူညွှန်ကြားသည့်အတိုင်း တုံ့ဆိုင်းမှုမရှိ လုပ်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် သူတို့နှင့်သင့်တော်သည့် နတ်ပစ္စည်းတစ်ခုစီဖြင့် တရားထိုင်လိုက်ကြသည်။
ဤကျယ်ပြောသော ကောင်းကင်အလွှာ(၉၉)လွှာတွင် လောကနေရာအနှံ့မှ ကျင့်ကြံသူများစွာရှိလေသည်။ ထိုကျင့်ကြံသူများသည် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ကြည့်နေကြ၏။
သူတို့ကို ထိရဲသည့်သူ ရှိမည်လော။
အကယ်၍ တစ်စုံတစ်ယောက်သည် ရီဖူရှင်းကို သတ်ရန်အတွက် သူ့၏လက်အောက်ငယ်သားများကို တိုက်ခိုက်ခဲ့ပါက သူတို့အသတ်ခံရနိုင်ချေရှိသည်ဟု ရီဖူရှင်း မစိုးရိမ်လေသလော။
သို့တည်းမဟုတ် သူသည် မည်သူမှ ထိုသို့လုပ်ဝံ့မည်မဟုတ်ဟု ယုံကြည်နေခြင်းလော။
သို့သော် ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေမဟာအင်ပါယာကို သတ်ပစ်ခဲ့သူတစ်ယောက်ဖြစ်သည်။ ရီအင်ပါယာနန်းတော်မှ လူများကို တိုက်ခိုက်လိုသူများသည် သေချာပြန်စဉ်းစားရမည်ဖြစ်သည်။ ထို့ကြောင့် မည်သူမှ သူတို့ထံက တစ်ယောက်ကိုပင် စွန့်စား၍ မသတ်ဝံ့ကြပေ။
ထိုအခိုက်တွင် လူသားဘုံဘက်မှ ကျင့်ကြံသူများစွာသည် ရှေ့သို့ ထွက်လာကြသည်။ သူတို့အားလုံးသည် သူတို့၏ခန္ဓာကိုယ်များအတွင်းမှနေ၍ သွေးပျက်ဖွယ် နတ်စွမ်းအားများကို ထုတ်လွှတ်နေကြပြီး ဗုဒ္ဓကုန်းမြေမဟာအင်ပါယာနှင့် ရှေးဟောင်းနတ်ဘုရားကလန်များမှ ရှေးဟောင်အင်ပါယာများနှင့်ပင် ယှဉ်နိုင်သော အရှိန်အဝါတစ်ခုကို ပေးနေလေသည်။
“ဒီတော့... သူတို့က တတိယကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီး မဟာအင်ပါယာဖြစ်လာနိုင်မယ့်အဆင့်ကို ရောက်နေကြပြီပေါ့”
ရီဖူရှင်း မျက်မှောင်ကြုတ်၍ မှတ်ချက်ပြုလိုက်သည်။ သူသည် ယခင်က လူသားဘုံကို များစွာ အရေးမစိုက်ပေ။ သို့သော် လူသားဘုံတွင် သူထင်ထားသည်ထက် စွမ်းအားကြီးကျင့်ကြံသူများ ပိုများနေပုံပင်။
“လူသားဘိုးဘေးက သူ့ရဲ့ ကောင်းကင်လမ်းစဉ်အသေးကို ဖန်တီးနိုင်ခဲ့တာဖြစ်မယ်”
ရီဖူရှင်း သူ့ဘာသာ ရေရွတ်လိုက်၏။ ယခင်က လူသားဘုံသည် သူ့ကို ဖိတ်ခေါ်ခဲ့ပြီး သူတို့ဘက်နှင့် ပူးပေါင်းရန် ပြောခဲ့သည်။ ထို့အပြင် လူသားဘိုးဘေးသည် အင်ပါယာများ၏လမ်းစဉ်တစ်ခုကို ရယူနိုင်ခဲ့သဖြင့် သူတို့သည် လောကနေရာအနှံ့မှ စွမ်းအားကြီးကျင့်ကြံသူများကို သူတို့ဘက်သို့ သိမ်းသွင်းရန် ကြိုးစားခဲ့ပေလိမ့်မည်။
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာနှင့် အခြားရှေးဟောင်းနတ်ဘုရားကလန်များမှ ရှေးဟောင်းအင်ပါယာများသည် လူသားဘုံသို့ သွားခဲ့ပြီးနောက်တွင် အင်ပါယာများ၏လမ်းစဉ်အပေါ် လျှောက်လှမ်းနိုင်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ရီဖူရှင်းသည် ထိုကိစ္စကို များစွာ ဂရုမစိုက်ပေ။ သူသည် ယခင်က ဗုဒ္ဓကုန်းမြေမဟာအင်ပါယာကို သတ်နိုင်ခဲ့ပြီး မဟာအင်ပါယာဖြစ်လာနိုင်မည့်သူလေးဦးကို ယှဉ်နိုင်ခဲ့သည်။ သို့သော် ယခုတွင် သူ၏ အင်အားသည် ထိုအချိန်ကထက် များစွာပိုတိုးတက်လာပြီဖြစ်ပြီး သူ၏ကိုယ်တွင်းလောကသည်လည်း ဆက်၍ ဆင့်ကဲပြောင်းလဲနေသည်။
သူ ဆင့်ကဲပြောင်းလဲခဲ့သည့် အချိန်တိုင်း သူ့အင်အား တိုးတက်ခဲ့သည်။ ထို့ကြောင့် သူ၏လက်ရှိအစွမ်းသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်နေသူများနှင့် တူညီနေပြီဖြစ်သည်။ သူ၏ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားလျှင် သူသည် စစ်မှန်သော မဟာအင်ပါယာတစ်ပါး ဖြစ်လာမည်ဖြစ်သည်။
လူသားဘုံမှ ကျင့်ကြံသူများသည် ရီဖူရှင်း၏အကြည့်ကို သတိပြုမိသောအခါ သူတို့၏ ရှေးခေတ်မှ နတ်ဘုရားများကဲ့သို့ နတ်စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့အားလုံးသည် ရှေးဟောင်အင်ပါယာများပင်။ သူတို့ ထုတ်လွှတ်လိုက်သော အရှိန်အဝါနှင့် သူတို့၏ ဝင့်ဝါသောအငွေ့အသက်သည် ပြိုင်ဘက်ကင်းပင်။
သူတို့ထဲမှ တစ်ယောက်က ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ သူ၏နတ်စွမ်းအားသည် အဝေးမှနေ၍ ရီဖူရှင်းရှိနေသောနေရာကို လှမ်းဖိနှိပ်လေသည်။ သို့သော် သူသည် နတ်ဓားဆီသို့ ဦးတည်သွားနေသော လူများကိုတော့ လက်ဖျားဖြင့်ပင် မထိခဲ့ချေ။ အကယ်၍ သူတို့သည် ရီဖူရှင်းကို အနိုင်မယူနိုင်လျှင် ကိုယ့်သေတွင်းကိုယ်တူးလိုက်သလို ဖြစ်သွားပေမည်။
သို့သော် ရီဖူရှင်းကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပါက ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ယနေ့တွင်ပင် သေဆုံးသွားရမည်ဖြစ်သည်။
ကောင်းကင်၏ ရှိန်လောက်သောဩဇာသည် ကောင်းကင်အလွှာ(၉၉)လွှာလုံး၏လေထုကို လွှမ်းခြုံထားသည်။ သူတို့ကြားတွင် ရပ်နေသော ကျင့်ကြံသူများသည် နေရာမှ ချက်ချင်း ဖယ်လိုက်ကြသည်။ ထို့ကြောင့် သူတို့ကြားတွင် အကန့်အသတ်မဲ့ ကုန်းမြေတစ်ခုသာ ကျန်တော့လေသည်။ ထိုနေရာတွင် သူတို့နှစ်ယောက်သာ ရှိနေသည်ဟု ထင်ရ၏။
“မဟာအင်ပါယာဖြစ်လာနိုင်မယ့်သူတွေ... သူတို့နှစ်ယောက်လုံးက အဲဒီအဆင့်လား”
ကျင့်ကြံသူများစွာသည် လူသားဘုံမှ ရှေးဟောင်းအင်ပါယာနှင့် ရီဖူရှင်းကို ကြည့်ကာ ရေရွတ်လိုက်သည်။
ယခင်က သူတို့သည် ရီဖူရှင်းက ဗုဒ္ဓကုန်းမြေမဟာအင်ပါယာကို သတ်၍ အရှင်ဟောင်ထျန်းကို ရှုံးနိမ့်စေခဲ့သည်ဆိုသော ဇာတ်လမ်းကို ကြားရုံပင် ကြားဖူးခဲ့သည်။ ဤတစ်ကြိမ်တွင် သူတို့သည် ရှေးဟောင်းအင်ပါယာ၏ တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့နိုင်တော့မည်လော။
ဂျုန်း...
ကျယ်လောင်သော ထစ်ချုန်းသံတစ်သံကို ကြားလိုက်ရ၏။ လေထုထဲတွင် ပျက်သုဉ်းခြင်းဝိညာဉ်စွမ်းအား ပြည့်နှက်သွားသည်။ တစ်ပြိုင်တည်းမှာပင် ရှေးဟောင်းအင်ပါယာနှင့် ရီဖူရှင်းကြားတွင် ခရမ်းရောင် အဖျက်အလင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
“မူလလျှပ်စီးနတ်စွမ်းအား”
ရီဖူရှင်းသည် စွမ်းအားကို အာရုံခံမိသောအခါ ထိုသို့ရေရွတ်လိုက်၏။ မရေမတွက်နိုင်အောင် များပြားသော အလင်းမှုန်များသည် ခရမ်းရောင် အဖျက်အလင်းတန်းများကို ဖြစ်ပေါ်လာစေသည်။ အမှုန်တစ်ခုစီတွင် ပြိုင်ဘက်ကင်း အဖျက်စွမ်းအားဖြင့် ပြည့်နှက်နေသည်။
ထိုရှေးဟောင်းအင်ပါယာသည် လျှပ်စီးအရင်းအမြစ်လမ်းစဉ်၏ အသန့်စင်ဆုံးပုံစံအပေါ် ဉာဏ်အလင်းပွင့်ခဲ့ပြီး ထိုစွမ်းအားကို သူ၏ကိုယ်ပိုင်နတ်စွမ်းအားနှင့် ပေါင်းစည်းခဲ့ခြင်း ဖြစ်ပေမည်။
ရီဖူရှင်းသည် နတ်အလင်းတန်းများထဲရှိ အလင်းမှုန်တစ်ခုစီတိုင်းတွင် အားကောင်းသော အဖျက်စွမ်းအား ပါဝင်ကြောင်း ခံစားနေရသည်။ ကျို့ထျန်းနတ်လျှပ်စီးပါဝင်သော အလင်းမှုန်များကို တွေးတောကြည့်ပါ။ ၎င်းတို့၏ ပေါက်ကွဲစွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်နည်း။
၎င်းတို့သည် စွမ်းအားကြီးကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဖောက်ထွင်းနိုင်ပြီး လုံးဝ ပျက်စီးပျောက်ကွယ်သွားအောင် လုပ်နိုင်ပေသည်။ သို့သော် နတ်စွမ်းအားသည် ရီဖူရှင်းကို ထိသွားသောအခါ နတ်အလင်းက သူ့ခန္ဓာကိုယ်၏ အကာအရံကိုပင် မဖောက်ထွင်းနိုင်ခဲ့ပေ။
ထန်း...ထန်း...
ကျယ်လောင်သောအသံများကို ကြားလိုက်ရပြီး လေထုထဲတွင် ကမ္ဘာဖျက်ခရမ်းရောင်နတ်အလင်း တောက်ပလာပြီး ရီဖူရှင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ထိုနေရာရှိ အာကာပြင်လွှာသည် အဖျက်နတ်စွမ်းအားကြောင်း ဆုတ်ပြဲလုနီးပါးဖြစ်သွားသည်။ သို့သော် ရီဖူရှင်းသည် ထိုအာကာပြင်အလယ်တွင် တစ်လက်မမှပင် မလှုပ်မရှားဘဲ ရပ်နေလေသည်။
သူ့ခန္ဓာကိုယ်သည် အသွေးအသားခန္ဓာကိုယ် မဟုတ်တော့ပေ။ ၎င်းသည် မဟာလမ်းစဉ်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
ဘေးမှကြည့်နေသော ကျင့်ကြံသူများသည် လူသားဘုံမှ ရှေးဟောင်းနတ်ဘုရား၏ နတ်စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြောနိုင်ကြသည်။ ထိုစွမ်းအားသည် သူတို့ကို ဦးတည်နေခြင်း မဟုတ်သည်ပင် သူတို့၏သွေးများ အေးစက်သွား၏။ အဖျက်အလင်းသည် ရီဖူရှင်းခြေထောက်အောက်ရှိ ကုန်းမြေကို ဖောက်ထွင်းသွားပြီး ကောင်းကင်အလွှာ(၉၉)လွှာကို ဖြတ်သန်းသွားသည်။ အခြေအနေသည် ပိုဆိုးဝါးလာပေပြီ။ ကံမကောင်းသော အချို့လူများသည် အလင်းတန်းကြောင့် ရုတ်ခြည်းပြာမှုန့်များ ဖြစ်သွားကြသည်။ သူတို့သည် တုံ့ပြန်ရန်ပင် အချိန်မရခဲ့ပေ။
ကောင်းကင်အလွှာ(၉၉)လွှာကို ဖောက်ထွင်းသွားသော နတ်စွမ်းအားသည် လူအုပ်ပေါင်းများစွာ၏ အာရုံစိုက်မှုကို ရခဲ့လေသည်။ သူတို့သည် ထိုမြင်ကွင်းကို အံ့ဩတကြီးကြည့်နေကြသည်။ လက်ရှိတွင် ဤဘုံ၌ မရေမတွက်နိုင်အောင် များပြားသော စွမ်းအားကြီးကျင့်ကြံသူများ စုဝေးနေပြီး ကောင်းကင်အလွှာတိုင်တွင် နေရာယူထားကြသည်။ ကြည့်နေသူများသည် အထက်မှ ကျဆင်းလာသော နတ်အလင်းကြောင့် လူပေါင်းများစွာ အမှုန့်ဖြစ်သွားသည်ကို မြင်လိုက်ရလေသည်။
ဤတိုက်ပွဲသည် နတ်ဘုရားများ၏ တိုက်ပွဲပေလော။
“အဲဒါ ရီဖူရှင်းပဲ”
တစ်စုံတစ်ယောက်သည် ကောင်းကင်အလွှာများကို ဖြတ်၍ နတ်အလင်းတန်း ကျဆင်းလာရာ အရင်းအမြစ်ကို ကြည့်လိုက်ရာ ရီဖူရှင်းကို မြင်လိုက်လေသည်။ ရီဖူရှင်းသည် အသံတစ်ချက်မပြုဘဲ နတ်စွမ်းအားတိုက်ခိုက်မှုအလယ်တွင် ရပ်နေသည်။
“နတ်ဘုရားဟောင်းတွေ...”
ရီဖူရှင်း အော်လိုက်၏။
“ဒီခေတ်က ခင်ဗျားတို့ရဲ့ခေတ် မဟုတ်တော့ဘူး”
သူသည် ထီမထင်သော လေသံဖြင့် ပြောလိုက်၏။ သူ့အသံသည် ကောင်းကင်အလွှာ(၉၉)လွှာလုံးရှိ လူအုပ်များ၏ နားများအတွင်းသို့ ရောက်သွားသည်။ သူတို့သည် သူ၏မှတ်ချက်ကြောင့် အံ့အားသင့်သွားကြသည်။ သူသည် ရှေးဟောင်းအင်ပါယာများကို”နတ်ဘုရားဟောင်းများ”ဟု ခေါ်လိုက်ပြီး ဤခေတ်သည် သူတို့၏ခေတ်မဟုတ်တော့ကြောင်း ပြောလိုက်၏။ တစ်နည်းဆိုရလျှင် သူတို့သည် ခေတ်ကုန်နေပြီဟု သူပြောလိုက်ခြင်းဖြစ်ပေသည်။
ဝုန်း...
အဖျက်နတ်အလင်းသည် ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ လျှပ်တစ်ပြက်အတွင်း ရှေးဟောင်အင်ပါယာ၏လက်ထဲ၌ နတ်စွမ်းအားပြည့်နှက်နေသော လှံရှည်တစ်ချောင်း ထွက်ပေါ်လာ၏။ အဖျက်နတ်အလင်းက လေထုတစ်ခုလုံးကို အလင်းပေးထားသည့် မြင်ကွင်းသည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သူသည် ရီဖူရှင်း စူးစူးဝါးဝါး ကြည့်လိုက်ပြီး လှံရှည်ကို အောက်သို့ ပစ်ချလိုက်၏။ လှံရှည်သည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ကောင်းက်တွင် အဖျက်နတ်အလင်းတောက်ပသွားသည်။
မည်သို့ပင်ဖြစ်စေ ရီဖူရှင်း၏ တုံ့ပြန်မှုအလျင်သည် လွန်စွာလျင်မြန်ပေသည်။ သူသည် အလွန်လျင်မြင်လှသဖြင့် ကြည့်နေသူများသည် သူ့ကို လိုက်မကြည့်နိုင်ကြချေ။ သူ၏လှုပ်ရှားမှုများသည် အတွေး၏အလျင်ထက်ပင် ပိုမြန်ပေသည်။
မည်သူမှ မတုံ့ပြန်နိုင်လိုက်သေးခင် ရီဖူရှင်းသည် သူ၏လက်ကို မြှောက်၍ လှံရှည်ကို လက်ချောင်းညွှန်လိုက်ကြောင်း သူတို့သတိပြုမိလိုက်လေသည်။
ရိုးရှင်းသော လက်ချောင်းညွှန်သည့် လှုပ်ရှားမှုလေးသည် လေထုတစ်ခုလုံးကို တုန်ခါသွားစေသည်။ ထို့နောက်တွင် နတ်အလင်းတစ်ခုသည် တစ်ဘက်လူ၏ နတ်အလင်းဆီသို့ ပျံတက်သွားကြောင်း တွေ့လိုက်ရ၏။ ၎င်းသည် ကျဆင်းလာသောနတ်အလင်း၏ သက်ရောက်မှုကို ဖယ်ရှားကာ အဖျက်လှံထံသို့ ပျံတက်သွားသည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ဧရာမလှံကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲသွားသည်။ စွမ်းအားကြီးတိုက်ခိုက်မှုသည် ပျက်စီးသွားသော လှံကို ဖြတ်သန်းသွားကာ ရှေးဟောင်းအင်ပါယာ၏ နတ်ခန္ဓာကိုယ်ကို သွားရောက်ထိမှန်လေသည်။
ရှေးဟောင်းအင်ပါယာသည် ခပ်ဩဩညည်းညူလိုက်ပြီး သူ့နတ်ခန္ဓာကိုယ် ကွဲအက်ပျက်စီးသွားတော့မည်ဟု ခံစားလိုက်ရ၏။ ထို့နောက်တွင် သူသည် ပါးစပ်မှ သွေးအန်သွားသည်။
ထိုမြင်ကွင်းသည် ကောင်းကင်အလွှာ(၉၉)လွှာလုံးမှ ကြည့်နေသူများကို အလွန်အမင်း ရင်တုန်သွားစေ၏။ သူတို့သည် ကောင်းကင်ထက်တွင် ဖြစ်ပျက်နေသည်များကို စူးစူးစိုက်စိုက် ကြည့်နေကြလေသည်။
သူ့လက်ချောင်း၏ ဆတ်ခနဲလှုပ်ရှားမှုတစ်ခုသည် နတ်ဘုရားတစ်ပါးကို သွေးအန်သွားစေသည်။
ရီဖူရှင်းသည် မည်မျှပင် စွမ်းအားကြီးလာခြင်းနည်း။
သူသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်ခဲ့ပြီး ဖြစ်ပေမည်။
ထိုအချိန်၌ သူတို့သည် ရီဖူရှင်းက အစောတွင် ရှေးဟောင်းအင်ပါယာကို”နတ်ဘုရားဟောင်း”ဟုခေါ်ခဲ့သည်ကို ပြန်တွေးမိလိုက်ကြသည်။ တစ်နည်းဆိုရလျှင် သူသည် ရှေးမှ ကောင်းကင်လမ်းစဉ်၏ခေတ်သည် ကုန်ဆုံးသွားပြီဟု ပြောလိုက်ခြင်းပင်။ နတ်ဘုရားဟောင်းများ ပြန်လာလျှင်ပင် ဤခေတ်သည် သူတို့တောက်ပနိုင်မည့်ခေတ် မဟုတ်တော့ပေ။
ရီဖူရှင်းနှင့် သူ၏ အလွန်စွမ်းအားကြီးသော ကျင့်ကြံသူအုပ်စုသည် ခေတ်သစ်တစ်ခုကို အစပြုမည်လော။
***