← Chapters

ရီဖူရှင်း၏အတွေး

Vol. 197 Ch. 2813

ရီဖူရှင်း၏အတွေး

Vol. 197 Ch. 2813

လူသားဘုံမှ ကျင့်ကြံသူများစွာ၏ မျက်လုံးများသည် ဒဏ်ရာရသွားသော ရှေးဟောင်းအင်ပါယာဆီသို့ ကြည့်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်း၏လက်ချောင်းအတွင်း၌ မည်သို့သောစွမ်းအားမျိုး ပါသနည်းဟု တွေးနေကြသည်။

“အဲဒါက ဘာနတ်စွမ်းအားလဲ”

တစ်စုံတစ်ယောက်သည် အတွေးမှ တဆင့်မေးလိုက်၏။ သူတို့သည် ရီဖူရှင်း၏လက်ချောင်းတိုက်ကွက်၏ စွမ်းအားကြောင့် အံ့အားသင့်နေကြသည်။ သူတို့သည် သူတို့ရှေးဟောင်းအင်ပါယာ၏ စွမ်းအားကို သိ၏။ သို့သော် သူသည် ထိုတိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။

“ကျုပ်လည်း သေချာမသိဘူး။ သူ့လက်ချောင်းတိုက်ကွက်ထဲက နတ်စွမ်းအားက ကြီးမားပြီး နက်ရှိုင်းတယ်... နတ်တောင်ကုန်းလိုပဲ။ အဲဒီစွမ်းအားရဲ့ တချို့အပိုင်းတွေက ကြယ်တာရာတွေရဲ့ နတ်စွမ်းအားလို့ ခံစားရတယ်။ သူက ကြယ်တာရာတွေရဲ့ နတ်စွမ်းအားကို အဲဒီလက်ချောင်းတိုက်ကွက်ထဲ ပေါင်းထည့်ထားတာ ဖြစ်ရမယ်”

ရှေးဟောင်းအင်ပါယာက ပြန်ဖြေလိုက်သည်။ ထိုအဖြေကြောင့် ကျင့်ကြံသူများစွာ အံ့အားသင့်သွားကြသည်။

“ခင်ဗျားတို့နှစ်ယောက်လုံးက မဟာအင်ပါယာဖြစ်လာနိုင်မယ့်အဆင့်မှာ ဆိုတော့ သူက လမ်းစဉ်ဖျက်ဆီးတဲ့သူဆိုရင်တောင် ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အတူတူပဲလို့ ပြောလို့ရတယ်။ ကျုပ်တို့ အရင်ကလည်း ကြယ်တာရာတွေရဲ့ နတ်စွမ်းအားကိုသုံးတဲ့ သူတွေကို တွေ့ခဲ့ဖူးတာပဲ။ ပုံမှန်အတိုင်းဆို ခင်ဗျား အဲဒီစွမ်းအားကို ခင်ဗျားရဲ့ နတ်စွမ်းအားနဲ့ ဖျက်ဆီးပစ်နိုင်သင့်တယ်။ ခင်ဗျား အဲဒီစွမ်းအားကို မဖျက်ဆီးနိုင်ဘူးဆိုရင်တောင် ဒီလိုမျိုး အဆုံးမသတ်သင့်ဘူး”

ပုဂ္ဂိုလ်တစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် အတွေးပို့လွှတ်ကာ ပြောလိုက်၏။

ဤလောကအတွင်းရှိ ကျင့်ကြံသူအားလုံးသည် ဉာဏ်အလင်းပွင့်ခြင်းမှနေ၍ သူတို့၏နတ်စွမ်းအားကို ရရှိကြသည်။ သို့သော် တူညီသောစွမ်းအားပုံစံ များစွာ ရှိပေသည်။ ဆင်တူသော စွမ်းရည်များကို နတ်စွမ်းအား အမျိုးအစားတစ်မျိုးအဖြစ် ခွဲထားနိုင်သည်။ ကြယ်တာရာများ၏ နတ်စွမ်းအားသည် နတ်စွမ်းအားအမျိုးအစားတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ရှားပါးသောစွမ်းရည်မဟုတ်ပေ။

“အဲဒါက စွမ်းအားအကြီးဆုံး ကြယ်တာရာနတ်စွမ်းအား မဟုတ်ဘူးဆိုရင်ပေါ့”

တစ်စုံတစ်ယောက်က မှတ်ချက်ပြုလိုက်သည်။ လူသားဘုံမှ ကျင့်ကြံသူများသည် ထိုစကားကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။

ကြယ်တာရာနတ်စွမ်းအား၏ နောက်ဆုံးပုံစံ ဆင့်ကဲပြောင်းလဲမှုသည် လောကနတ်စွမ်းအားဖြစ်သည်။

အကယ်၍ ရီဖူရှင်းသည် သူ၏တရားထိုင်ခြင်းမှနေ၍ လောကနတ်စွမ်းအားကို ရရှိခဲ့ပါက သူသာ အင်ပါယာအဆင့်သို့ ရောက်သွားလျှင် သူ၏စွမ်းအားသည် အင်ပါယာများအကြားတွင် ထိပ်တန်းဖြစ်ပေလိမ့်မည်။

နတ်စွမ်းအားများအကြားတွင် အဆင့်များ ရှိပေသည်။

“ကျုပ်တို့လည်း ပြီးပြည့်စုံတဲ့အဆင့်ကို အမြန်ဆုံးရောက်နိုင်ဖို့ ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းမှာ အာရုံစိုက်ရမယ်”

သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။ အားလုံးသည် သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။ ပြဿနာများ ထိန်းမနိုင်သိမ်းမရ ဖြစ်မလာစေရန် သူတို့သည် ဆက်ကျင့်ကြံလိုက်ကြသည်။ သူတို့သည် သူတို့၏မဟာလမ်းစဉ်ကို ပြီးပြည့်စုံအောင် လုပ်ပြီးသွားလျှင် မဟာအင်ပါယာ အစစ်အမှန်များ ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ သူတို့သာ ထိုအဆင့်သို့ ရီဖူရှင်းမတိုင်ခင် ရောက်နိုင်ပါက ရီဖူရှင်းသည် လောကနတ်စွမ်းအားကို ရထားစေကာမူ သူတို့ သူ့ကို ရှင်းပစ်နိုင်မည်ဖြစ်သည်။

သို့ဖြင့် လူသားဘုံမှ ကျင့်ကြံသူများသည် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများ နတ်ဓားပတ်ပတ်လည်တွင် ကျင့်ကြံ၍ ၎င်းအတွင်းမှ နတ်စွမ်းအားအပေါ် ဉာဏ်အလင်းပွင့်သွားမည်ကို မျက်စိမှိတ်ကာ ခွင့်ပြုလိုက်ရလေတော့သည်။

အခြားမည်သူမှလည်း ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများ အခြားနတ်ပစ္စည်းများ၏နေရာသို့ ဝင်လာသည်ကို မတားလိုက်ကြတော့ပေ။ ဗလာနတ္တိဘုံမှ လူများသည် အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း သူတို့နှင့် ရီအင်ပါယာနန်းတော်တွင် ဘုံရန်သူများရှိနေသဖြင့် များစွာမဆန့်ကျင်လိုက်ကြပေ။ အာကာသမဟာလမ်းစည် စွမ်းအားတွင် ကျွမ်းကျင်သော ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အာကာသတံခါးအနားသို့ ရောက်လာကြပြီး အာကာသစည်းမျဉ်း၏ မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားကို လေ့လာကျင့်ကြံလိုက်ကြသည်။

ထိုအချိန်တွင် လောကတစ်ခွင်လုံးမှ ကျင့်ကြံသူများ တွေးလိုက်ကြ၏။ ရီအင်ပါယာနန်းတော်သည် မဟာအင်ပါယာတစ်ပါး မရှိသော အင်အားစုတစ်စုဖြစ်သော်လည်း ၎င်း၏ကျင့်ကြံသူများသည် အခြားအင်အားစုအားလုံး၏ ကျင့်ကြံခြင်းအရင်းအမြစ်များကို အသုံးပြုဝံ့ပေသည်။ ထိုလုပ်ရပ် အင်ပါယာအဆင့်အင်အားစုများသာ လုပ်နိုင်သည့် လုပ်ရပ်ဖြစ်သည်။

ကိစ္စအားလုံးကို တွေးကြည့်လျှင် သူတို့ ထိုသို့လုပ်နိုင်ခြင်းမှာ ရီဖူရှင်း၏အရှိန်အဝါကြောင့်သာ ဖြစ်သည်။ သူသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်နေပြီဖြစ်၍ မဟာအင်ပါယာခြောက်ပါးမှလွဲ၍ သူ့ကို မည်သူမှ မယှဉ်နိုင်တော့ပေ။ လောကအတွင်းမှ ရှေးဟောင်းအင်ပါယာများအပါအဝင် စွမ်းအားအကြီးဆုံး ကျင့်ကြံသူများသည် ဤနေရာတွင် စုဝေးနေကြသော်လည်း သူတို့ထဲမှ လက်တစ်ဆုပ်စာလောက်သာ ရီဖူရှင်းနှင့် တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ သို့သော် ပုန်းကွယ်နေသည့် အလွန်စွမ်းအားကြီးသော ကျင့်ကြံသူများ ရှိနေသေးလျှင်တော့ အခြေအနေတစ်မျိုးပြောင်းသွားနိုင်သည်။

ကောင်းကင်အလွှာ(၉၉)လွှာပေါ်ရှိ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် လက်ချောင်းတိုက်ကွက်၏ စွမ်းအားကို မြင်လိုက်ရပြီး အံ့အားသင့်နေကြသည်။ ရီဖူရှင်းသည် မည်မျှ စွမ်းအားကြီးလာသနည်း။

ယခင်က ရှေးဟောင်းနတ်ဘုရားများကလန်များ၏ မဟာအင်ပါယာငါးပါးသည် ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများစွာကို သတ်ဖြတ်ပစ်ခဲ့သည်။ ထိုအချိန်က ရီဖူရှင်းသည် သေဘေးမှနေ၍ လက်မတင်လေး လွတ်ခဲ့သည်။ သို့သော် ထိုအဖြစ်အပျက်သည် သူ့ကို လက်ရှိပြိုင်ဘက်ကင်းအခြေအနေသို့ ရောက်သွားစေမည်ဟု မည်သူ တွေးမိခဲ့မည်နည်း။ အကယ်၍ ရှေးဟောင်းအင်ပါယာငါးပါးသာ ဤရလဒ်ကို ကြိုမြင်ခဲ့လျှင် သူတို့သည် ရီဖူရှင်းကို ရှင်းပစ်ရန် အခြားနည်းလမ်းများကို အသုံးပြုခဲ့မည်ဖြစ်သည်။ သူတို့သည် သူ့ကို အထင်သေးတော့မည် မဟုတ်ဘဲ သူ တတိယကပ်ဘေးကို ဖြတ်ကျော်နိုင်ရန် အချိန်ပေးတော့မည် မဟုတ်ပေ။

သူတို့သည် သူတို့၏ယခင်မှ ဆုံးဖြတ်ချက်ကို ‌နောင်တရနေကြပြီလော။

ကျင့်ကြံခြင်းလောကသည် တစ်ချိန်က နတ်ဘုရားတစ်ဝက်စာရင်းကို လေးစားခဲ့ကြသည်။ သို့သော် လက်ရှိလောကထဲတွင် နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူများသည် မလွှမ်းမိုးနိုင်တော့ပေ။ နတ်ဘုရားကုန်းမြေကို ရှာတွေ့ခဲ့ခြင်းသည် နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူပေါင်းများစွာကို မွေးထုတ်ပေးခဲ့သည်။ ရှေးခေတ်မှ မဟာအင်ပါယာများသည်လည်း ပြန်လည် ရှင်သန်လာခဲ့ကြ၏။

ထို့ကြောင့် လက်ရှိတွင် လူများသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်သူစာရင်းကိုသာ အာရုံစိုက်ရမည်ဖြစ်သည်။ ထို့အပြင် မကြာခင်တွင် သူတို့သည် မဟာအင်ပါယာစာရင်းကို အာရုံစိုက်လာရနိုင်ပေသည်။

အားလုံးသည် ကံကြမ္မာဗုဒ္ဓ ပြောခဲ့သော ရှေ့ဖြစ်ဟောကိန်း မှန်လာလိမ့်မည်ဟု တွေးမိနေကြသည်။ နတ်ဘုရားခေတ်သည် မကြာခင်တွင် ရောက်ရှိလာတော့ပေမည်။ နတ်ဘုရားကုန်းမြေပေါ်လာသည့်အချိန်သည် ပြောင်းလဲမှုများကို အရှိန်မြှင့်ပေးလိုက်ခြင်းပင်။ ထိုအခိုက်သည် သမိုင်းဝင်အခိုက်အတန့်တစ်ခုပင်။

“ရီဖူရှင်းရဲ့စွမ်းအားက အရှင်ဒွန်ဟောင်ကို ခြိမ်းခြောက်နိုင်မှာလား”

အချို့လူအုပ်များသည် အရှင်ဒွန်ဟောင်၏ အင်ပါယာကံကြမ္မာသက်တမ်းကို ပြန်တွေးတောလိုက်ကြသည်။ ထိုသက်တမ်းသည် နှစ်(၂၀)ပတ်ချာလည်သာ ကျန်တော့ပေသည်။ အားလုံးသည် နတ်ဘုရားခေတ်သို့ ပြန်ရောက်သွားမည်ဟု ယုံကြည်နေကြသည်။

သို့သော် ရီဖူရှင်း မဟာအင်ပါယာတစ်ပါး ဖြစ်သွားလျှင်ပင် သူသည် အရှင်ဒွန်ဟောင်၏ အင်ပါယာကံကြမ္မာကို အဆုံးသတ်နိုင်ပါမည်လော။

အရှင်ဒွန်ဟောင်သည် မဟာအင်ပါယာတစ်ပါးဖြစ်နေခဲ့သည်မှာ နှစ်ပေါင်း(၅၀၀)နီးပါး ရှိခဲ့ပြီဖြစ်သည်။ ထိုပါရမီရှင်သည် ယခင်ကတည်းက လွန်စွာစွမ်းအားကြီးသော ကျင့်ကြံသူတစ်‌ယောက်ဖြစ်ခဲ့သည်။ သူ၏လက်ရှိစွမ်းအားသည် မည်မျှရှိနေသည်ကို မည်သူမှ မသိပေ။

ကောင်းကင်ဒေသမှ ကျင့်ကြံသူများ၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းသွားသည်။ သူတို့အများစုသည် ရီဖူရှင်းကို ရန်လိုသောအကြည့်များနှင့် ကြည့်လိုက်ကြပြီး ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို မကျေနပ်သည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ကောင်းကင်ဒေသမှ ကျင့်ကြံသူတော်တော်များများသည် နတ်တောင်ကုန်းပတ်ပတ်လည်တွင် တရားထိုင်ကာ ၎င်း၏စွမ်းအားအပေါ် ဉာဏ်အလင်းပွင့်နိုင်ရန် ကြိုးစားနေကြသည်။ ဒွန်ဟောင်တိယွမ်သည်လည်း ထိုနေရာတွင် ရှိနေသည်။

“သူက မဟာအင်ပါယာဖြစ်လာနိုင်မယ့်အဆင့်မှာပဲ ရှိသေးတာကို ဘယ်လိုများ ဒီလိုစိတ်ကြီးတဝင် ပြုမူနေနိုင်ရတာလဲ။ သူက မဟာအင်ပါယာခြောက်ပါး ရှိသေးတယ်ဆိုတာကို မေ့သွားပြီလား”

တစ်စုံတစ်ယောက်က ရှုံ့ချလိုက်သည်။ ထိုအသံ၏ပိုင်ရှင်မှာ တုယူဖြစ်သည်။ သူသည် စွမ်းအားကြီး နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူသည် အရှင်ဒွန်ဟောင်၏ တပည့်ရင်းဖြစ်သဖြင့် သူ၏ပါရမီသည် ထူးကဲပေသည်။

သူသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်နေသော်လည်း ရီဖူရှင်း၏ပြိုင်ဘက် မဟုတ်သေးပေ။

“မင်း ကံကိုယုံပြီး ဆူးပုံနင်းရင် အခြေအနေတွေ ဆိုးသွားလိမ့်မယ်။ သူက မဟာအင်ပါယာတစ်ပါးတောင် ဖြစ်သေးတာမဟုတ်ဘူး။ သူက ကျင့်ကြံခြင်းလောကရဲ့ ထိပ်ဆုံးမှာ ရပ်နိုင်နေပြီလို့ ထင်နေတာလား”

ကောင်းကင်ဒေသမှ ကျင့်ကြံသူတစ်ယောက်က ပြစ်တင်ပြောဆိုလိုက်သည်။ သူတို့သည် လက်ရှိတွင် ရီဖူရှင်းကို မယှဉ်နိုင်သော်လည်း ရီဖူရှင်း၏စိတ်ကြီးဝင်နေမှုကို မကြိုက်ကြချေ။

သူအသက်ရှင်နေသေးခြင်းမှာ မဟာအင်ပါယာခြောက်ပါးက သူ့ကို လက်ဖျားဖြင့်ပင် မထိသေး၍ ဖြစ်သည်။

ရီဖူရှင်းသည် ထိုသို့ပြောလိုက်သည့် တုယူနှင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူကို လှမ်းကြည့်သည်။ ချက်ချင်းပင် တုယူနှင့် အခြားသူ၏ မျက်နှာများသည် ဖြူဖျော့သွားပြီး သူတို့သည် ကောင်းကင်မှနေ၍ ရုတ်ခြည်းပြုတ်ကျသွားကြသည်။ မမြင်နိုင်သော နတ်စွမ်းအားတစ်ခုကို သူတို့ကို ဖိချလိုက်ခြင်းပင်။ သူတို့သည် သူတို့၏ခန္ဓာကိုယ်များမှနေ၍ မဟာလမ်းစည်အရှိန်အဝါကို ထုတ်လွှတ်လိုက်သော်လည်း သူတို့သည် သူတို့ကိုယ်သူတို့ ပြုတ်ကျခြင်းမှ မရပ်တန့်နိုင်ခဲ့ပေ။ သူတို့သည် အောက်သို့ ပြုတ်ကျနေရင်း သူတို့၏နဖူးများမှနေ၍ ချွေးသီးချွေးပေါက်များ ထွက်လာသည်။

“အနည်းဆုံးတော့ ကျုပ်က မဟာအင်ပါယာခြောက်ပါးရဲ့ ရှေ့မှာ စကားကြီးစကားကျယ်တွေ မပြောရဲဘူး။ ခင်ဗျားတို့နှစ်ယောက် ကျုပ်ထက်ပိုပြီး စိတ်ကြီးဝင်နေကြတာပဲ”

ရီဖူရှင်း ပြောလိုက်၏။ ချက်ချင်းပင် သူတို့နှစ်ယောက်စလုံးသည် သူတို့ခန္ဓာကိုယ်များ တုန်ရင်သွားသည်ကို ခံစားလိုက်ရ၏။

ထို့နောက် သူတို့သည် ညည်းညူလိုက်ပြီး သူတို့၏မျက်နှာများမှ အရောင်အသွေး ပျောက်ကွယ်သွားသည်။

ကျင့်ကြံသူအားလုံးသည် ထိုနှစ်ယောက်ကို ရီဖူရှင်းရွဲ့ပြောလိုက်သည့် စကားကို နားလည်ကြပေသည်။ သူတို့နှင့် ရီဖူရှင်း၏ကြားမှ စွမ်းအားကွာခြားမှုသည် ရီဖူရှင်းနှင့် မဟာအင်ပါယာခြောက်ပါး၏ကြားမှ စွမ်းအားကွာခြားမှုနှင့် တူလေသည်။ ထို့ကြောင့် တုယူနှင့် အခြားသူသည် သူ့အရှေ့တွင် ထိုသို့ပြောခဲ့ခြင်းမှာ အတော်လေး ရယ်စရာကောင်းပေသည်။

“ခင်းဗျားတို့ရဲ့ ပါးစပ်တွေကို ပိတ်ပြီး ကိုယ့်ကျင့်ကြံခြင်းမှာပဲ အရင်အာရုံစိုက်ကြပေါ့... ပြီးမှ ကျုပ်ကို လာပြော...”

ရီဖူရှင်း ပြောလိုက်၏။ သူသည် ထိုသို့ပြောပြီးနောက် တုယူတို့ကို လျစ်လျူရှုကာ သူ၏မျက်လုံးများကို ပိတ်၍ ဆက်တရားထိုင်လိုက်လေသည်။

သူသည် သူ၏လက်ရှိအခြေအနေကို အခြားသူများထက် ပိုသိပေသည်။ အကယ်၍ သူသာ ရှေ့သို့ ခြေတစ်လှမ်းတက်နိုင်ခဲ့လျှင် သူသည် ပို၍မြင့်သောအဆင့်သို့ ရောက်သွားမည်ဖြစ်သည်။ သို့သော် သူသာ နောက်သို့ ပြန်ကျခဲ့လျှင် သူ့အတွက် အခြေအနေများ ဆိုးဝါးသွားပေမည်။ ထို့ကြောင့် ကိစ္စများသည် မဟာအင်ပါယာခြောက်ပါး၏ သဘောထားပေါ်တွင်သာ မူတည်နေသည်။

နတ်ဆိုးလောက၊ ဗလာနတ္တိဘုံနှင့် မှော်နက်လောကတို့သည် သူ အရှင်ဒွန်ဟောင်ကို တိုက်ခိုက်နိုင်ရန် ကူညီလိုနေကြသည်။ လူသားဘိုးဘေးနှင့် အကြွင်းမဲ့ဗုဒ္ဓတို့၏ အတွေးများကိုမူ မသိရသေးပေ။ မဟာအင်ပါယာခြောက်ပါး၏ သဘောထားသည် သူ၏ကံကြမ္မာကို ဆုံးဖြတ်ပေလိမ့်မည်။

ထို့ကြောင့် သူသည် ဤတစ်ကြိမ်တွင် မဟာအင်ပါယာအဆင့်သို့ မရောက်လျှင် ကောင်းကင်အင်ပါယာဘုံမှ ထွက်သွားမည် မဟုတ်ပေ။ ဤဘုံတွင် ကောင်းကင်လမ်းစဉ် ထွက်ပေါ်လာခဲ့ပြီဖြစ်၍ သူသည် ဤနေရာတွင်နေကာ သူ၏လက်အောက်ငယ်သားများဖြင့် တရားထိုင်နေနိုင်ပေသည်။ သူ၏လက်ရှိဦးစားပေးသည် သူ၏ ကောင်းကင်လမ်းစဉ်အသေးစားကို ပြီးပြည့်စုံအောင် လုပ်ရန်ဖြစ်သည်။ ထိုမှသာ သူ အရှင်ဒွန်ဟောင်နှင့် ထပ်မံတွေ့လျှင် သူသည် အရှင်ဒွန်ဟောင်နှင့် ယှဉ်တိုက်နိုင်ရန် အခွင့်အရေးတစ်ခု ရှိမည်ဖြစ်သည်။

ထိုအခိုက်တွင် သူသည် မဟာအင်ပါယာခြောက်ပါးက မည်မျှစွမ်းအားကြီးသည်ကို မသိသေးပေ။ သူ မဟာအင်ပါယာတစ်ပါးဖြစ်လာပြီး သူတို့နှင့် တိုက်ခိုက်ပါမှ သူတို့၏စွမ်းအားကို ခန့်မှန်းနိုင်မည်ဖြစ်သည်။

သူသာ လမ်းစဉ်ဖျက်ဆီးကျင့်ကြံခြင်းနှင့် မဟာအင်ပါယာတစ်ပါး ဖြစ်လာလျှင် သူ၏စွမ်းအားသည် အရှင်ဒွန်ဟောင်နှင့် ယှဉ်နိုင်လောက်ပေသည်။

***

All Chapters