← Chapters

မဟာအင်ပါယာဖြစ်လာမည့်သူများ၏ တိုက်ပွဲ

Vol. 197 Ch. 2815

မဟာအင်ပါယာဖြစ်လာမည့်သူများ၏ တိုက်ပွဲ

Vol. 197 Ch. 2815

“အဲဒါက ဘယ်လို ကောင်းကင်လမ်းစဉ်စည်းမျဉ်းမျိုးလဲ”

ကျင့်ကြံသူများစွာသည် ကြောက်မက်ဖွယ် အနက်ရောင် နတ်စစ်ပုဆိန်ကို ငေးကြည့်၍ ရေရွတ်လိုက်ကြသည်။

“ရှေးဟောင်းဒဏ္ဍာရီတွေအရ ကောင်းကင်လမ်းစဉ် ဖြစ်ပေါ်မလာခင်တုန်းက လောကကြီးက ပရမ်းပတာ ဖြစ်ခဲ့တယ်တဲ့။ အဲဒီ ပရမ်းပတာလောကထဲမှာ ကောင်းကင်လမ်းစဉ်ရဲ့ ဝိညာဉ်စွမ်းအား မွေးဖွားလာတယ်။ အဲဒီနောက်မှာ စစ်ပုဆိန်တစ်ခုက ကောင်းကင်နဲ့ မြေကြီးကို ခွဲခြားပစ်လိုက်တယ်တဲ့။ အဲဒါက ရှေးခေတ်က ဖန်တီးခြင်းစည်းမျဉ်းရဲ့ နတ်စွမ်းအားပဲ။ ဒီနတ်စစ်ပုဆိန်က ဖန်တီးခြင်းနတ်စွမ်းအားက ဖြစ်ပေါ်လာတာများ ဖြစ်နေမလား”

ရှေးဟောင်အင်ပါယာတစ်ပါးသည် အနက်ရောင် စစ်ပုဆိန်ကို အံ့ဩတကြီးကြည့်၍ ရေရွတ်လိုက်သည်။

ထွက်ပေါ်လာသော နတ်ပစ္စည်းအားလုံးသည် ထူးကဲသော ကောင်းကင်လမ်းစဉ်နတ်စွမ်းအားနှင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ နတ်ဓားနှင့် အာကာသတံခါးသည်လည်း သာမန်ပစ္စည်းများ မဟုတ်ချေ။

အနက်ရောင် နတ်စစ်ပုဆိန်သည် ထိုကဲ့သို့ ထူးကဲ့သည့် နောက်ကြောင်းတစ်ခု ရှိနေသည်။

အကယ်၍ ထိုအရာသည် အမှန်ပင် ဖန်တီးခြင်းလမ်းစဉ်၏ နတ်စွမ်းအားဖြစ်လျှင် ကျင့်ကြံသူတစ်ယောက်သာ ၎င်းကို အဆုံးစွန်ထိ အသုံးပြုနိုင်ခဲ့လျှင် မည်မျှစွမ်းအားကြီးသွားပေမည်နည်း။

“ဒီကောင်းကင်လမ်းစဉ်ရဲ့ မူလဇစ်မြစ်က ဘာလဲ”

လူအုပ်သည် အံ့အားသင့်နေကြ၏။ သူတို့၏ရင်ထဲတွင် မည်သူမှ အဖြေမသိသည့် မေးခွန်းများနှင့် ပြည့်နှက်နေသည်။ ဤကောင်းကင်လမ်းစဉ်သည် ရှေးခေတ်မှ ကောင်းကင်လမ်းစဉ်ကဲ့သို့ပင်။

သို့သော် အတိတ်တွင် ကောင်းကင်လမ်းစဉ် ပြိုပျက်သွားခဲ့ပြီဆိုသောအချက်သည် ခိုင်မာသောအချက်တစ်ချက်ပင်ဖြစ်သည်။ လက်ရှိရှေးဟောင်းအင်ပါယာများသည် ကောင်းကင်လမ်းစဉ် ပြိုပျက်သွားသည်ကို မြင်ခဲ့ကြရသည်။

ထို့ကြောင့် ဤကောင်းကင်လမ်းစဉ်၏ မူလဇစ်မြစ်နှင့် ၎င်းကို မည်သူထိန်းချုပ်နေသည်ကို မည်သူမှ ရှင်းမပြနိုင်ဖြစ်နေကြသည်။ ထို့အပြင် ၎င်းသည် အဘယ်ကြောင့် ဘုံတစ်ခုစီကို နတ်ပစ္စည်းတစ်ခု ပေးနေရသည်ဆိုသော မေးခွန်းကိုလည်း မည်သူမှ မဖြေနိုင်ပေ။

နတ်ဆိုးလောက၏ နတ်ပစ္စည်းသည် စွမ်းအားကြီးသော ဖန်တီးခြင်း၏ နတ်စစ်ပုဆိန်ဖြစ်သည်။

အကယ်၍ နတ်ဆိုးလောကမှ ကျင့်ကြံသူများသာ ထိုပစ္စည်းကို ပိုင်ဆိုင်သွားလျှင် နတ်ဆိုးအင်ပါယာနန်းတော်သည် မည်မျှ ကြီးမားသောခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်နည်း။

ယခင်က ဒီမွန်းအရှင်သည် ကောင်းကင်လမ်းစဉ်ကို တိုက်ခိုက်ခဲ့သူများထဲက တစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် မည်သူမှ သူတို့ရှေ့တွင် ဖြစ်ပျက်နေသောအရာကို နားမလည်ကြပေ။

သူတို့သည် အခြေအနေကို နားမလည်နိုင်ကြသော်လည်း နတ်စစ်ပုဆိန်အတွင်းရှိ စည်းမျဉ်းနတ်စွမ်းအားကို လေ့လာကျင့်ကြံနိုင်ရန်အတွက် နတ်စစ်ပုဆိန်ဆီသို့ သွားလိုက်ကြသည်။

၎င်းသည် အမှန်ပင် ရှေးက ပရမ်းပတာခေတ်မှ ဖန်တီးခြင်းနတ်စွမ်းအား ဖြစ်ပါက ၎င်း၏စွမ်းအားသည် သူတို့ထင်ထားသည်ထက် များစွာ ပိုကြီးပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် မျက်မှောင်ကြုတ်လိုက်ကြသည်။ ယခင်က အင်ပါယာအင်အားစုများသည် နတ်ပစ္စည်းတစ်ခုစီကို သိမ်းပိုက်ခဲ့ကြသည်။ ယခုတွင် ထိုနတ်စစ်ပုဆိန်သည် နတ်ဆိုးအင်ပါယာနန်းတော်အတွက် ပြင်ဆင်ထားသည့်အရာဖြစ်သော်လည်း အခြားကျင့်ကြံသူများစွာသည် ၎င်းကို လက်မလွှတ်လိုက်ကြပေ။ ထိုအစား သူတို့သည် နတ်စစ်ပုဆိန်ရှိသောနေရာသို့ သွားနေကြသည်။

ယူချင်း မျက်မှောင်ကြုတ်လိုက်ပြီး ဝေ့ဝဲကြည့်ကာ ပြောလိုက်၏။

“ခင်ဗျားတို့အများစုက နတ်ပစ္စည်းတစ်ခုစီ သိမ်းပိုက်ပြီးကြပြီပဲ။ အခု ကျုပ် နတ်ဆိုးအင်ပါယာနန်းတော်အတွက် ဒီနတ်စစ်ပုဆိန်ကို သိမ်းပိုက်မယ်။ နတ်ဆိုးလောကနဲ့ ရီအင်ပါယာနန်းတော်က ကျင့်ကြံသူတွေပဲ အဲဒီစစ်ပုဆိန်ဆီလာပြီး လေ့လာကျင့်ကြံလို့ရမယ်။ ဘာမေးစရာ ရှိသေးလဲ”

နတ်ဆိုးအင်ပါယာနန်းတော်မှ လူများသည် အနက်ရောင် စစ်ပုဆိန်ကို လိုချင်နေကြသည်။ ဖန်တီးခြင်းစည်းမျဉ်း၏ လွှမ်းမိုးအားကြီးသော နတ်စွမ်းအားနှင့် ပြည့်နှက်နေသည့် နတ်စစ်ပုဆိန်သည် ကောင်းကင်လမ်းစဉ်မှ လက်ဆောင်တစ်ခုဖြစ်သည်။ သူတို့သည် ကောင်းကင်လမ်းစဉ်၏ ရည်ရွယ်ချက်ကို နားမလည်ကြသော်လည်း နတ်ပစ္စည်းကို အရင်ဆုံး သိမ်းပိုက်လိုက်ပြီး ၎င်း၏စွမ်းအားကို လေ့လာကျင့်ကြံလိုကြပေသည်။

“အဲဒီလိုပဲ ဖြစ်ရမယ်လို့ မဟုတ်ဘူးလေ။ ရီဖူရှင်းပြောသလိုပဲ ငါတို့အားလုံးက ကောင်းကင်လမ်းစဉ် ထုတ်လွှတ်လိုက်တဲ့ နတ်ပစ္စည်းတွေကို လေ့လာကျင့်ကြံနိုင်တယ်။ နတ်ပစ္စည်းတွေအားလုံးမှာ ပိုင်ရှင်မရှိဘူး။ ဒီစစ်ပုဆိန်ကလည်း ကောင်းကင်လမ်းစဉ်က မင်းတို့ကို လက်ဆောင်ပေးတဲ့ဟာ မဟုတ်ဘူး”

ကောင်းကင်ဒေသမှ ကျင့်ကြံသူတစ်ဦးက ဆန့်ကျင်လိုက်သည်။

ထိုလူများသည် နတ်စစ်ပုဆိန်ကိုလည်း လိုချင်တပ်မက်နေကြောင်း သိသာပေသည်။ အာကာသတံခါး၏ စည်းမျဉ်းနတ်စွမ်းအားသည် အလွန်အသေးစိတ်ကျလွန်းသည်။ အာကာသနတ်စွမ်းအားကို ကျင့်ကြံသူမဟုတ်လျှင် ၎င်း‌ကို လေ့လာကျင့်ကြံလျှင်လည်း အကျိုးရှိမည် မဟုတ်ပေ။ အဖျက်အနက်ရောင်ကြာပွင့်သည်လည်း ထို့အတူပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုစစ်ပုဆိန်သည် ကွဲပြားပေသည်။ ၎င်းတွင် ရှေးခေတ်မှ စည်းမျဉ်းနတ်စွမ်းအား ပါနိုင်ပေသည်။ အကယ်၍ သူတို့သာ ၎င်းအပေါ် အနည်းငယ် ဉာဏ်အလင်းပွင့်ခဲ့လျှင်ပင် သူတို့အတွက် များစွာ အကျိုးရှိမည်ဖြစ်သည်။

ထို့ကြောင့် သူတို့အများစုသည် ထိုနတ်စစ်ပုဆိန်ကို လေ့လာကျင့်ကြံလိုနေကြသည်။

ကောင်းကင်လမ်းစဉ်သည် ဘုံခုနစ်ခုအတွက် နတ်ပစ္စည်းငါးခုကို ထုတ်လွှတ်ပေးခဲ့ပြီဖြစ်သည်။ အကယ်၍ မူလဘုံကိုပါထည့်တွက်လျှင် နောက်ထပ် ထွက်ပေါ်လာမည့် နတ်ပစ္စည်း သုံးခုကျန်ဦးမည်ဖြစ်သည်။

ထို့အပြင် ဗုဒ္ဓလောကအတွက်လည်း နတ်ပစ္စည်းတစ်ခု ရှိမည်၊ မရှိမည်ကို မည်သူမှ မသိပေ။

ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင်အဆင့်တစ်ခုကို ဖန်တီးခဲ့ကြသည်။ ဗုဒ္ဓလမ်းစဉ်သည် ကျင့်ကြံသူအများစုအတွက် ထူးကဲပေသည်။

“ခင်ဗျားတို့ ကြိုးစားကြည့်နိုင်ပါတယ်”

ယူချင်းသည် အထက်စီးဆန်သောလေသံဖြင့် အော်ပြောလိုက်၏။ ရှေးဟောင်းကျင့်ကြံသူများအပါအဝင် ယန်ကွေ့ရီနှင့် အခြားကျင့်ကြံသူများသည် သူ့ဘေးတွင် ရပ်နေကြသည်။ သူတို့သည် သူတို့၏ ဒီမွန်းအရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ လေထုထဲတွင် သူတို့၏ အားကောင်းသောအရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။

ကောင်းကင်ဒေသနှင့် အခြားဘုံများမှ ရှေးဟောင်းအင်ပါယာများသည် သူတို့၏ စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်တော့ပေ။ သူတို့သည် သူတို့၏အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး ရှေးခေတ်မှ ကောင်းကင်လမ်းစဉ်၏စည်းမျဉ်းနှင့် အတူ ဖြစ်ပေါ်လာသော နတ်ပစ္စည်းကို လုယူရန် ကြိုးစားလိုက်ကြသည်။ သူတို့ထဲက မည်သူမှ ၎င်းကို လက်မလွှတ်လိုပေ။

ထိုအခိုက်တွင် နတ်စစ်ပုဆိန်သည် နတ်ပစ္စည်းများအကြားတွင် လိုချင်စရာအကောင်းဆုံးဖြစ်နေသည်။

အာကာသတံခါးကို သိမ်းပိုက်ထားသော ဗလာနတ္တိဘုံမှ ကျင့်ကြံသူများနှင့် လူသားဘုံမှ ကျင့်ကြံသူများပင် စစ်ပုဆိန်ကို လိုချင်တပ်မက်စိတ်များဖြင့် ကြည့်နေကြသည်။

“ဒီနတ်စစ်ပုဆိန်ကို နတ်ဆိုးလောက,ကပဲ ပိုင်သင့်တယ်”

ရုတ်တရက် မှတ်ချက်ပြုလိုက်သော အသံတစ်သံကို ကြားလိုက်ရ၏။ထိုအသံကို ကြားလိုက်သူများ၏ မျက်နှာများသည် တင်းမာသွားပြီး ခေါင်းငုံ့၍ ထိုအသံထွက်ပေါ်လာရာဘက်သို့ ကြည့်လိုက်ကြ၏။ ထိုသို့ပြောလိုက်သူမှာ ရီဖူရှင်းဖြစ်ကြောင်းတွေ့လိုက်ရ၍ သူတို့ အံ့အားသင့်သွားကြသည်။

ရီဖူရှင်းသည် ခေါင်းမော့၍ နတ်စစ်ပုဆိန်ကို ကြည့်လိုက်၏။ ထို့နောက်တွင် သူသည် လူအုပ်ကို အထင်သေးသော အကြည့်တစ်ချက်ဖြင့် ကြည့်သည်။ လူများသည် ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားကြသည်။

ဤကဲ့သို့သော အချိန်တွင် ရီဖူရှင်းသည် အဘယ်သို့ ကြားဝင်လာရဲပြီး နတ်စစ်ပုဆိန်ကို မည်သူမည်ဝါပိုင်သည်ဟု ပြောနေရခြင်းနည်း။

“ရီဖူရှင်း... မင်းရဲ့လူတွေက ကျင့်ကြံဖို့အတွက် နတ်ပစ္စည်းတွေရှိတဲ့ နေရာတိုင်းကို သွားနေတာပဲ။ အခုမှ မင်းက နတ်စစ်ပုဆိန်ကို ဘယ်သူပိုင်သင့်တယ်ဆိုပြီး လာပြောနေတာလား။ မင်းက ငါ့တို့ကိစ္စတွေထဲ ဝင်ပါနေတာ များပြီလို့ မထင်ဘူးလား”

လူသားဘုံမှ ကျင့်ကြံသူတစ်ယောက်က မကျေမနပ်ပြောလိုက်၏။

“ခင်ဗျားတို့ပဲ နတ်ဓားကို ခင်ဗျားတို့အတွက် သိမ်းပိုက်ပြီးတော့ တခြားနတ်ပစ္စည်းတွေအတွက် မတိုက်ခိုက်ဘူးလို့ ပြောခဲ့တာမလား။ ဒီတော့ ကျုပ်ကို ပြောပါဦး... အခု ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ”

ရီဖူရှင်းသည် အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။

“ဘုံတိုင်းက နတ်ပစ္စည်းတစ်ခုစီ ရမှာပဲ... အခု ခင်ဗျားတို့က ခင်ဗျားတို့ပစ္စည်းကို ရွေးပြီးပြီဆိုတော့ နတ်ဆိုးအင်ပါယာနန်းတော်ကလည်း နတ်စစ်ပုဆိန်ကို သိမ်းပိုက်တာ အကျိုးအကြောင်းညီတယ် မဟုတ်ဘူးလား”

ရီဖူရှင်း ထိုသို့ပြောလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှနေ၍ ရှိန်လောက်ဖွယ် နတ်စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ဟင်းလင်းပြင်တစ်ခွင်လုံးတွင် သူ၏အရှိန်အဝါ ပြည့်နှက်သွားသည်။ ချက်ချင်းပင် ကျင့်ကြံသူအားလုံးသည် သူ့ကို ကြည့်လိုက်ကြ၏။

အကယ်၍ ရီဖူရှင်းသာ ဤကိစ္စတွင် ဝင်ပါလျှင် အခြားဘုံများမှ ကျင့်ကြံသူများသည် နတ်ဆိုးအင်ပါယာနန်းတော်နှင့် ရီဖူရှင်း၏ ပူးပေါင်းအင်အားကို ရင်ဆိုင်ရမည်ဖြစ်၍ လွယ်မည်မဟုတ်ပေ။

အင်ပါယာဖြစ်လာနိုင်မည့်အဆင့်ရှိသော ကျင့်ကြံသူများစွာသည် ရှေ့သို့ တစ်လှမ်း,လှမ်းလိုက်ကြ၏။ သူတို့သည် လက်မလျှော့လိုကြသေးပေ။ သူတို့သည် ရှေးခေတ်တွင် မဟာအင်ပါယာများ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် မာနကြီးသူများဖြစ်သည်။ ယခုတွင် ထိုနတ်စစ်ပုဆိန်သည် သူတို့၏ မျက်စိရှေ့တွင် ရှိနေပြီဖြစ်၍ သူတို့သည် ၎င်းကို လုယူရန် မကြိုးစားကြည့်ဘဲနှင့် လက်လျှော့သွားနိုင်မည် မဟုတ်ပေ။

‌ နေရာအသီးသီးမှ ကျင့်ကြံသူအနည်းငယ်သည် တစ်ပြိုင်တည်း ရှေ့သို့ ထွက်လိုက်ပြီး သူတို့၏ နတ်စွမ်းအားကို ထုတ်လိုက်ကြသည်။ ထိုနတ်စွမ်းအားသည် ကောင်းကင်မှနေ၍ မြေပြင်ကို ဖိနှိပ်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထျန်ရှန်းအရှိန်အဝါ ကျဆင်းလာပြီး ရီဖူရှင်းရှိနေသော နေရာကို လွှမ်းခြုံသွား၏။

ထိုနေရာရှိ ကျင့်ကြံသူတိုင်းသည် ဖြစ်ပျက်နေသည်များကို ငေးကြည့်နေကြပြီး တွေးလိုက်သည်။ အင်ပါယာဖြစ်လာမည့်သူများအကြားတွင် တိုက်ပွဲတစ်ပွဲ ဖြစ်လာတော့မည်လော။

အစောတွင် ရီဖူရှင်းသည် အင်ပါယာဖြစ်လာမည့်သူတစ်ယောက်ကို လက်ချောင်းတိုက်ကွက်တစ်ကွက်ဖြင့်ပင် သိသိသာသာထိခိုက်သွားစေပြီး သူ၏ကြီးမားသည့်စွမ်းအားကို ပြသခဲ့သည်။ သို့ပင်လျှင် အင်ပါယာဖြစ်လာမည့်သူအနည်းငယ်သည် နတ်စစ်ပုဆိန်ကို လေ့လာကျင့်ကြံနိုင်မည့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် ရီဖူရှင်းကို တိုက်ခိုက်လိုက်ကြသည်။

ရီဖူရှင်းသည် ရုတ်ခြည်း ထရပ်လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားသည်။ ချက်ချင်းပင် သွေးပျက်ဖွယ် နတ်စွမ်းအားသည် ကောင်းကင်မှနေ၍ သူ့ခန္ဓာကိုယ်ကို ဖိနှိပ်သွား၏။ သို့သော် ၎င်းသည် သူ့အကာအကွယ်ကို အနည်းငယ်ပင် မချိုးဖျက်နိုင်ပေ။ ရီဖူရှင်းပတ်ပတ်လည်ရှိနေရာသည် သူ၏ ထိုးဖောက်၍မရနိုင်သောစက်ကွင်းအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရ၏။

“ဘယ်လိုတောင် စွမ်းအားကြီးလိုက်တဲ့ အကာအကွယ်လဲ”

ကြည့်နေသူများသည် ရီဖူရှင်း၏ အကာအကွယ်ကို မြင်လိုက်ရသောအခါ မျက်လုံးများကျုံ့သွားကြသည်။ သူ၏ တိုက်စစ်နှင့် ခံစစ်နှစ်ခုစလုံးသည် အလွန်စွမ်းအားကြီးပေသည်။ အင်ပါယာဖြစ်လာမည့်သူများ၏ ပူးပေါင်းတိုက်ခိုက်မှုများသည်ပင် သူ့ကို အနိုင်မယူနိုင်ပေ။

“အဲဒါက အင်ပါယာဖြစ်လာမယ့်သူတွေရဲ့ တိုက်ပွဲတစ်ခုပဲ”

ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ကောင်းကင်ထက်ရှိ ကောင်းကင်နန်းတော်တွင် စုဝေးနေကြ၏။ ကျိဝူတောက်သည် ထိုမှနေ၍ စိတ်ဝင်စားသည့်အကြည့်တစ်ခုဖြင့် ငုံ့ကြည့်သည်။

ရှေ့ဖြစ်ဟောကိန်းအရ အင်ပါယာဖြစ်လာမည့်သူများ၏ တိုက်ပွဲသည် နတ်ဘုရားခေတ်၏ ပဏာမအစဖြစ်ပေလိမ့်မည်။ အနာဂတ် တစ်ချိန်ချိန်တွင် မဟာအင်ပါယာများအကြားမှ တိုက်ပွဲတစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။ ယခု တိုက်ပွဲသည် အနာဂတ်တွင် ဖြစ်လာမည့် မဟာအင်ပါယာများအကြားမှ စစ်ပွဲ၏ အကြိုဖြစ်နိုင်သည်။ ထို့ကြောင့် သူသည် ဤတိုက်ပွဲကို မျှော်လင့်နေသည်။

***

All Chapters