← Chapters

အဆုံးစွန်သော ဆင့်ကဲပြောင်းလဲမှု

Vol. 198 Ch. 2818

အဆုံးစွန်သော ဆင့်ကဲပြောင်းလဲမှု

Vol. 198 Ch. 2818

ရီဖူရှင်း၏ မရေမတွက်နိုင်အောင် များပြားသော ဝိညာဉ်ပုံရိပ်များသည် ကောင်းကင်လမ်းစဉ်အသေးစား၏ လောကအတွင်းရှိ လောကအ‌သေးလေးများကို တိုက်ခိုက်နေကြသည်။

ဤလောကအတွင်းရှိ အရာအားလုံးကို ရီဖူရှင်း ဖန်တီးထားခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းတို့ကို အတွေးတစ်ချက်ဖြင့်ပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။ သို့သော် သူ၏ရည်ရွယ်ချက်သည် ဤလောကကို ဖျက်ဆီးပစ်ရန် မဟုတ်ဘဲ လောကအသေးလေးများကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် နတ်စွမ်းအားတစ်ခုကို ဖန်တီးရန်ဖြစ်သည်။

ထိုစဉ်အတောအတွင်း သူ့မူလခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲတွင် ထိုင်နေသည်။ သူသည် ဤကောင်းကင်လမ်းစဉ်၏ ဆရာသခင်ဖြစ်သဖြင့် သူ၏ဝိညာဉ်စွမ်းအားသည် ကောင်းကင်လမ်းစဉ်၏ ဝိညာဉ်စွမ်းအား ဖြစ်ပေလိမ့်မည်။ သူ့စိတ်ထဲတွင် ဤနေရာ၏ အဆုံးမဲ့ ပုံရိပ်များနှင့် ပြည့်နှက်နေသည်။ စက္ကန့်တိုင်းတွင် ထိုပုံရိပ် သန်းရာချီသည် သူ့ခေါင်းထဲသို့ ရောက်လာပြီး သူ၏ နတ်အာရုံထဲတွင် စွဲထင်သွားသည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူ့စိတ်ထဲရှိ မြင်ကွင်းများသည် မရေမတွက်နိုင်အောင် ဖြစ်လာသည်။ သူ့စိတ်ထဲမှ မရေမတွက်နိုင်အောင် များပြားသော ပုံရိပ်များသည် အဆက်မပြတ် တိုးတက်နေပြီး နတ်ဓားများ ပစ်လွှတ်ခြင်းသည်လည်း တဖြည်းဖြည်း ပို၍ အားကောင်းလာကာ ပို၍ကြောက်မက်ဖွယ် ကောင်းလာသည်။

မကြာခင်တွင် ဝိညာဉ်ပုံရိပ်များ၏ လှုပ်ရှားမှုများသည် တစ်ခုနှင့်တစ်ခု ထပ်လာကြသည်။ သူတို့‌တော်တော်များများသည် အသုံးဝင်သော အရာတစ်ခုကို တွေ့ခဲ့သကဲ့သို့ တူညီသော တိုက်ခိုက်လှုပ်ရှားမှုကိုသာ စတင်သုံးလာကြသည်။ ထို့နောက်တွင် သူတို့သည် စမ်းသပ်မှုအသစ်တစ်ခုကို ဆက်စမ်းသပ်လိုက်ကြသည်။

တူညီသော မြင်ကွင်းများ အဆက်မပြတ် ဖြစ်‌ပေါ်နေသည်။ အဆုံးမဲ့ ဝိညာဉ်ပုံရိပ်များ ပြသနေသော ဓားအတတ်များသည် ပို၍ ကျစ်လျစ်လာသော်လည်း ပို၍စွမ်းအားကြီးလာပေသည်။ ထိုသို့ဖြင့် တဖြည်းဖြည်း ဓားအတတ်များသည် တစ်ဒါဇင်ပတ်လည်အထိ လျော့ကျသွားသည်။

ရီဖူရှင်း၏အတွေး၏ ထိန်းချုပ်မှုဖြင့် ဝိညာဉ်ပုံရိပ်အုပ်ကြီးသည် တိုက်ခိုက်စွမ်းအားအကြီးဆုံး ဖြစ်သည့် ထိုဓားအတတ်တစ်ဒါဇင်ကိုသာ ဆက်၍ သုံးလိုက်ကြသည်။ ထိုလောကအတွင်းရှိ တံလျှပ်များသည် ဓားအတတ်များ၏ ပြောင်းလဲမှုအလိုက် ဆင့်ကဲပြောင်းလဲရန် ထောက်ပံ့ကူညီပေးနေလေသည်။

လောကအသေးသည် ယခင်ကထက်ပို၍ တုန်ခါလာသည်။ အချို့တိုက်ခိုက်မှုများသည် လောကအသေးလေးများထဲတွင် အက်ကြောင်းများကို ဖန်တီးနိုင်၏။ ကျန်တိုက်ခိုက်မှုများမှာမူ လောကအသေးလေးများကို ပြိုပျက်သွားစေသည်။

စမ်းသပ်မှု ကြာရှည်လာသည်နှင့်အမျှ ဓားအတတ်များကို အဆင့်မြှင့်ရန် ပိုခက်ခဲလာသည်။ ထို့ကြောင့် ဓားအတတ်ကို အဆင့်မြှင့်ခြင်းသည် ပို၍ အချိန်ကုန်လာစေသည်။

(၂)နှစ်ခန့်ကြာပြီးနောက် ဝိညာဉ်ပုံရိပ်အားလုံးသည် လေထဲတွင် ပျောက်ကွယ်သွားပြီဖြစ်သည်။ ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားတစ်ခုသည် သူ့ခန္ဓာကိုယ်ကို တစ်ချိန်လုံး ဝန်းရံထား၏။ ရုတ်တရက် ၎င်းသည် မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကုန်းမြေကို ဖြတ်သန်းသွားသည်။ မုန်တိုင်းဖြတ်သန်းသွားသော နေရာများတွင် အပျက်အစီးများသာ ကျန်ခဲ့လေသည်။

ပြင်ပမှ တိုးတက်မှုသည် ရပ်တန့်သွားပြီဖြစ်သော်လည်း ရီဖူရှင်း၏စိတ်ထဲတွင် ဝိညာဉ်ပုံရိပ်တစ်စု ရှိနေဆဲဖြစ်သည်။

ထိုအခိုက်တွင် သူသည် အလွန်တောက်ပသော နတ်အလင်းတစ်ခုထဲတွင် နစ်မြုပ်နေသည်ဟု ထင်ရ၏။ သူ၏ နတ်စွမ်းအား တိုးပွားလာလေလေ သူ၏အရှိန်အဝါသည် တဖြည်းဖြည်း အားကောင်းလာလေလေဖြစ်သည်။ တစ်ချိန်တည်းမှာပင် လေထုထဲ၌ နတ်စွမ်းအားတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားရလေသည်။

အချိန်အတော်ကြာပြီးနောက် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို နတ်အလင်းတန်းများ လွှမ်းခြုံသွားသည်။ သူ ခေါင်းမော့၍  ကြည့်လိုက်ရာ ကောင်းကင်ထဲတွင် ကြီးမားသော နတ်ဓားတစ်ချောင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ ထိုဓားသည် သူ၏ပုံမှန်နတ်စွမ်းအားများနှင့် ကွဲပြားသော နတ်စွမ်းအားတစ်ခုမှ ဖြစ်ပေါ်လာသည်ဟု ထင်ရသည်။ ၎င်းသည် ကောင်းကင်လမ်းစဉ်တိုင်း မထိန်းချုပ်နိုင်သော ရှေးဟောင်းနတ်ဓားတစ်ချောင်းနှင့် တူပေသည်။

ဝုန်း...

နတ်ဓား ကျဆင်းလာမှုနှင့်အတူ အလင်းတန်းတစ်ခုလည်း တောက်ပလာပြီး အကန့်အသတ်မဲ့ အာကာပြင်နှင့် စကြဝဠာကိုပင် ဖောက်ထွင်းသွားသည်။ ၎င်းသည် ပရမ်းပတာအာကာသကို ဖောက်ထွင်းသွားကာ ၎င်း၏လမ်းကြောင်းရှိ လောကများကို ရုတ်ခြည်း ဖျက်ဆီးသွားသည်။

၎င်းသည် အလွန်စွမ်းအားကြီးသဖြင့် အာကာသနတ်စွမ်းအားပင် ၎င်းကို မတားဆီးနိုင်ပေ။ လောကနတ်စွမ်းအားဖြင့် ဖန်တီးထားသော လောကအသေးလေးများသည်လည်း ၎င်းကို မယှဉ်နိုင်ကြောင်း ပြောရန်ပင် မလိုပေ။ ၎င်းတို့သည် ဖျက်ဆီးခံရမည့် ကံကြမ္မာမှ မလွတ်လိုက်ပေ။

ထိုနတ်အလင်းသည် ထာဝရနတ်စွမ်းအားတစ်ခုကဲ့သို့ အာကာသတစ်ခွင်လုံးကို ဖြတ်သန်းသွားသည်။ လောကအသေးလေးများ၏ လောကစွမ်းအား,အားလုံး ဖျက်ဆီးခံလိုက်ရ၏။

ထိုအချိန်တွင် ရီဖူရှင်းသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ထိုဘက်သို့ ကြည့်လိုက်၏။

သူသည် သူ၏အောင်မြင်မှုကြောင့် စိတ်လှုပ်ရှားနေပြီး သက်ပြင်းချလိုက်သည်။ ယခုတွင် သူသည် သူ၏ကောင်းကင်လမ်းစဉ်အသေးစားကို ဖြည်းဖြည်းချင်း တည်‌ဆောက်နေပြီဖြစ်၍ သူ၏ကျင့်ကြံခြင်းကိုသာ ပြီးပြည့်စုံအောင် လုပ်ပြီးသွားလျှင် ၎င်းသည် တစ်နေ့တွင် ကောင်းကင်လမ်းစဉ်အစစ်အမှန်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

အနာဂတ်တွင် ဤစကြဝဠာအတွင်း၌ ကျင့်ကြံနေသော သက်ရှိများ ရှိလာမည်ဖြစ်သည်။ ယင်၊ယန်နှင့် ဓာတ်ကြီးငါးပါးတို့မှလွဲ၍ အခြားနတ်စွမ်းအားများကို ထည့်မတွက်လျှင် သူ့နတ်ဓားအတွင်းရှိ နတ်စွမ်းအားသည် ဖန်တီးခြင်းနတ်စွမ်းအားကို ယှဉ်နိုင်မည်လော။ ထိုနတ်စွမ်းအားကို စကြဝဠာတစ်ခုကို ဖန်တီးခဲ့သည့် စွမ်းအားတစ်ခုအဖြစ် လေးစားကြမည်လော။

ထိုသို့ အမှန်ပင် ဖြစ်လာနိုင်သည်။

ထိုနတ်စွမ်းအားကို မည်သို့ ခေါ်သင့်သနည်း။

“ဒီနတ်ဓားက ကောင်းကင်ဖျက်ဆီးနတ်ဓားရဲ့ အဆုံးစွန် ဆင့်ကဲပြောင်းလဲမှုပဲ။ အင်း... ဒီစွမ်းအားကို ကောင်းကင်ဖျက်ဆီးနတ်စွမ်းအားလို့ ခေါ်သင့်တယ် ထင်တယ်”

ရီဖူရှင်း ရေရွတ်လိုက်သည်။ ကောင်းကင်ဖျက်ဆီးဆိုသော စကားသည် ဖန်တီးခြင်းဆိုသော စကားနှင့် အရှိန်အဝါတူပေသည်။

ထျန်းကျူး(ကောင်းကင်ဖျက်ဆီး)သည် နတ်ဓားနှင့် နတ်စွမ်းအားကို ပေါင်းစည်း၍ ဖန်တီးထားသော အခြေခံအကျဆုံး ဓားအတတ်ဖြစ်သည်။

နှစ်အတော်ကြာ တရားထိုင်ပြီးနောက် ၎င်းသည် နောက်ဆုံးတွင် အဆုံးစွန်ပုံစံအဖြစ် ဆင့်ကဲပြောင်းလဲခဲ့ပြီဖြစ်သည်။ ဤနတ်ဓားသည် ကောင်းကင်ဖျက်ဆီးနတ်ဓား၏ နောက်ဆုံးပြောင်းလဲမှုဖြစ်သည်။ ထို့ကြောင့် ဤဓား၏ အမည်ကို မပြောင်းသင့်ပေ။ ယခင်ကအတိုင်းပင် ဆက်ရှိသင့်သည်။

ကောင်းကင်ဖျက်ဆီးနတ်ဓားသည် ကောင်းကင်ဖျက်ဆီးနတ်စွမ်းအားကို ၎င်း၏စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြု၍ စကြဝဠာအတွင်းမှ လောကတစ်ခုကို ဖျက်ဆီးပစ်နိုင်ပေသည်။ သူ သူ၏ကောင်းကင်လမ်းစဉ်အသေးစားကို ပြီးပြည့်စုံအောင် လုပ်ပြီးသွားလျှင် ထိုတိုက်ခိုက်မှုသည် မည်မျှ စွမ်းအားကြီးလာမည်နည်း။

ရီဖူရှင်းသည် ထိုအချိန်ကို အလွန် မျှော်လင့်နေသည်။

ထိုနတ်ဓားဖြင့်ဆိုလျှင် သူ၏လက်နက်စာရင်း၌ အရှင်ဒွန်ဟောင်ကို ယှဉ်ပြိုင်နိုင်မည့် လက်နက်တစ်ခု တိုးလာမည်ဖြစ်သည်။

ရီဖူရှင်းသည် တရားထိုင်၍ ပြီးသွားသောအခါ သူ၏ရုပ်ခန္ဓာမျက်လုံးများကို ဖွင့်၍ ကောင်းကင်သို့ ကြည့်သည်။ ထိုအချိန်တွင် ကောင်းကင်အလွှာ(၉၉)လွှာလုံးရှိ ကျင့်ကြံသူအားလုံးသည် သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်ရန် သူတို့၏ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေကြလေသည်။ ကျင့်ကြံသူအများစုသည် (၂)နှစ်ဆိုသော အချိန်အတွင်း၌ များစွာတိုးတက်လာခဲ့သည်။ သူ သူ၏ကျင့်ကြံခြင်းကို အာရုံစိုက်နေစဉ်အတောအတွင်း အင်ပါယာဖြစ်လာမည့်သူ မည်မျှ ထပ်မံထွက်ပေါ်လာကြောင်း သူမသိပေ။ ထို့အပြင် သူသည် ထိုအတောအတွင်း ပြင်ပမှ ပြောင်းလဲမှုများကို အနည်းငယ်ပင် မလေ့လာခဲ့ချေ။

သို့သော် ထိုအခိုက်တွင် ကောင်းကင်အလွှာ(၉၉)လွှာတွင် အခြေအနေများသည် အတော်လေး အေးချမ်းနေသည်။ သူ ကျင့်ကြံနေသည့်အတောအတွင်း တိုက်ခိုက်မှုတစ်ခု ဖြစ်ပျက်သွားသည့် အရိပ်လက္ခဏာများ မရှိပေ။ ရီဖူရှင်းသည် အားလုံးကို ရှိန်အောင် လုပ်ထားခဲ့သဖြင့် မည်သူမှ နတ်စစ်ပုဆိန်ကို မလုဝံ့ကြချေ။ ထို့ကြောင့် မည်သည့်အကာအရံမှ မကာထားသော်လည်း မည်သူမျှ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို မနှောင့်ယှက်ရဲကြပေ။

ကျင့်ကြံသူများသည် တရားထိုင်နေရင်း နောက်ထပ် နတ်ပစ္စည်းတစ်ခု ထွက်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

လက်ရှိတွင် အနက်ရောင်ကြာပွင့်၊ နတ်တောင်ကုန်း၊ အာကာသတံခါး၊ နတ်ဓားနှင့် ဖန်တီးခြင်းနတ်စစ်ပုဆိန်ဟူ၍ နတ်ပစ္စည်းစုစုပေါင်း ငါးခု ထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။ ဘုံခုနစ်ခုပြည့်စေရန် အနည်းဆုံး နောက်ထပ် နတ်ပစ္စည်းနှစ်ခု ထွက်ပေါ်လာဦးမည်ဖြစ်သည်။ ကောင်းကင်လမ်းစဉ်သည် နတ်ဆိုးလောကမှ ကျင့်ကြံသူများနှင့် သင့်တော်သည့် ဖန်တီးခြင်း နတ်စစ်ပုဆိန်တစ်ခုကို လက်ဆောင်ပေးခဲ့သဖြင့် ‌ဗုဒ္ဓလောကအတွက် သင့်တော်မည့် နတ်ပစ္စည်းတစ်ခုလည်း ထွက်ပေါ်လာနိုင်သည်ဟူသော အတွေးသည် အခြေအမြစ်မရှိသည့် အတွေးမဟုတ်ပေ။

သို့ဆိုလျှင် နတ်တောင်ကုန်းမှနေ၍ အမှန်တကယ် အကျိုးရှိမည့်ဘုံက မည်သည့်ဘုံနည်း။

ကောင်းကင်ဒေသလော သို့မဟုတ် ကောင်းကင်ဘုံလော။

သို့တည်းမဟုတ် မူလဘုံလော။

ထိုမေးခွန်း၏အဖြေကို မည်သူမှ မသိပေ။ ဤကိစ္စများကို ထိန်းချုပ်နေသည့်အရာမှာ ကောင်းကင်လမ်းစဉ်၏ ဝိညာဉ်စွမ်းအား မဟုတ်ပါလား။

အချိန်သိပ်မလိုတော့ပေ။

သုံးနှစ်ဟူသောအချိန်ကာလ ထပ်မံပြည့်တော့မည် ဖြစ်သည်။ တစ်နည်းဆိုရလျှင် လောကတစ်ခွင်လုံးမှ ကျင့်ကြံသူများ ကောင်းကင်အလွှာ(၉၉)လွှာတွင် နေထိုင်နေခဲ့သည်မှာ (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာရှိ ကျင့်ကြံသူအများစုသည် လောကအတွင်းမှ စွမ်းအားအကြီးဆုံးသူများ ဖြစ်သဖြင့် ထိုအချိန်ကာလလောက်ကို စိတ်ထဲမရှိပေ။ သူတို့အတွက် (၁၅)နှစ်ဟူသော အချိန်ကာလသည် အလွန်တိုတောင်းပေသည်။

အားလုံးသည် နောက်ထပ်ထွက်ပေါ်လာမည့် နတ်ပစ္စည်းကို မျှော်လင့်နေကြသည့်အပြင် အခြားကိစ္စတစ်ခုကိုလည်း စိတ်ဝင်စားနေကြသည်။

မည်သူသည် အရင်ဆုံး မဟာအင်ပါယာဖြစ်လာမည်နည်း။

ထိုအခိုက်တွင် ကောင်းကင်အလွှာ(၉၉)လွှာ၌ အင်ပါယာဖြစ်လာမည့်သူများ တော်တော်များများ ရှိနေပြီဖြစ်သည်။ တစ်ဦးချင်းအစွမ်းအရ ကြည့်မည်ဆိုလျှင် ရီဖူရှင်းသည် အင်ပါယာဖြစ်လာမည့်သူများကြားတွင် ငြင်း၍မရနိုင်သော ချန်ပီယံဖြစ်ပေလိမ့်မည်။ သူသည် စွမ်းအားအကြီးဆုံးဖြစ်သော်လည်း အရင်ဆုံး မဟာအင်ပါယာအဆင့်သို့ ရောက်သွားလိမ့်မည်ဟု မဆိုနိုင်ပေ။

တိုက်ခိုက်စွမ်းရည်နှင့် ကျင့်ကြံခြင်းအဆင့်သည် မတူညီသောအရာနှစ်ခု မဟုတ်ပါလား။ ရီဖူရှင်းသည် သူ၏ မယုံနိုင်ဖွယ် တိုက်ခိုက်စွမ်းရည်များကြောင့် အမြဲနာမည်ကြီးခဲ့သည်။ သူသည် သူ့ထက်ကျင့်ကြံခြင်းအဆင့် မြင့်သည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရလျှင်ပင် ထိုပြိုင်ဘက်များကို အနိုင်ယူခဲ့ပေသည်။ အင်ပါယာဖြစ်လာမည့်သူ အများစူသည် ရှေးဟောင်းအင်ပါယာများဖြစ်ကြသည်။ အကယ်၍ ကျင့်ကြံခြင်းအတွေ့အကြုံကို နှိုင်းယှဉ်ကြည့်လျှင် သူတို့သည် ဗဟုသုတအရှိဆုံးသူများ ဖြစ်ပေမည်။ သူတို့သည် မဟာအင်ပါယာတစ်ပါးဖြစ်လာနိုင်မည့် လမ်းစဉ်ကို သိရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူတို့ကိုယ်သူတို့ ကောင်းကင်စည်းမျဉ်းထဲတွင် နှစ်မြှုပ်ကာ သူတို့၏လမ်းစဉ်များ ပြီးပြည့်စုံသွားသည်အထိ စောင့်နေရုံသာဖြစ်သည်။ ထို့နောက်တွင် သူတို့သည် မဟာအင်ပါယာများအဖြစ် ပြန်လာနိုင်ပြီဖြစ်သည်။

တစ်ဘက်တွင်မူ ရီဖူရှင်းသည် လက်ရှိခေတ်တွင် အတော်ဆုံး ကျင့်ကြံသူဖြစ်သည်။ သူသည် လမ်းစဉ်ဖျက်ဆီးကျင့်ကြံခြင်းဖြင့် မဟာအင်ပါယာအဆင့်သို့ ရောက်ရန် ကြိုးစားခဲ့သူဖြစ်၍ သူ၏ကျင့်ကြံခြင်းခရီးသည် ပို၍ စိန်ခေါ်မှုများမည်ဖြစ်သည်။ ထို့အပြင် သူသည် သူ့လမ်းစဉ်ကို ပြီးပြည့်စုံအောင်လုပ်ရန် အချိန်ပိုယူရပေမည်။

လူအများစုသည် ထိုသို့သော အတွေးကြောင့် အရင်ဆုံး မဟာအင်ပါယာဖြစ်လာနိုင်ချေရှိသူများ စာရင်းတွင် ရီဖူရှင်းကို ဖယ်ထုတ်ထားကြလေသည်။

***

All Chapters