← Chapters

ကောင်းကင်အင်ပါယာအသစ်

Vol. 198 Ch. 2820

ကောင်းကင်အင်ပါယာအသစ်

Vol. 198 Ch. 2820

ရီဖူရှင်းက ကောင်းကင်အလွှာ(၉၉)လွှာမှ အခြားကျင့်ကြံသူများအားလုံးကဲ့သို့ ဗောဓိနတ်သစ်ပင်၏ အလင်းအောက်တွင် ရှိနေသည်။ သူတို့အားလုံးသည် ဗောဓိနတ်သစ်ပင်အောက်တွင် ကျင့်ကြံနေကြသည်။

ရီဖူရှင်းသည် သူ့လောကအတွင်း၌ စတင် သွားလာလိုက်သည်။ သူသည် အဆုံးမဲ့လောကထဲတွင် သွားလာနေပြီး လောက၏ လက်ရှိအခြေအနေကို တွေ့မြင်လိုနေသည်။ ကောင်းကင်လမ်းစဉ်အသေးစား ဖန်တီးခဲ့သော လောကသည် မည်မျှ ဆင့်ကဲတိုးတက်နေပြီနည်း။

စည်းမျဉ်းနှင့် ဥပဒေများစွာ ပြီးဆုံးသွားပြီဖြစ်ကြောင်း သူတွေ့လိုက်ရ၏။ ထို့အပြင် အဖျက်ကုန်းမြေနှင့် မှော်နက်ချောက်ကမ်းပါးကဲ့သို့သော အပြင်လောကနှင့် ဆင်တူသည့် မရေမတွက်နိုင်အောင် များပြားသော နေရာများကိုလည်း တွေ့လိုက်ရ၏။

တစ်နှစ်ကြာပြီးနောက် သူသည် ပြန်လာခဲ့ပြီး ဆက်၍ ကျင့်ကြံလိုက်ကာ ဉာဏ်အလင်းပွင့်ခဲ့လေသည်။

ဤနေ့တွင် သူသည် သူ့ပတ်ပတ်လည်တွင် စီးဆင်းနေသော အာကာသစည်းမျဉ်း နတ်စွမ်းအားနှင့် ကြောက်မက်ဖွယ် ဝါးမျိုစွမ်းအားတစ်ခုကို အာရုံခံမိသည်။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူ့ပတ်ပတ်လည်တွင် အာကာသဝဲကတော့များ ထွက်ပေါ်လာ၏။ ထိုဝဲကတော့များတွင် အားကောင်းသော ဝါးမျိုစွမ်းအားတစ်ခု ပါသည်ဟု ထင်ရ၏။ ၎င်းတို့ပတ်ပတ်လည်တွင် လှုပ်ရှားနေသော အရာအားလုံးသည် ဝါးမျိုခံလိုက်ရလေသည်။

သူသည် ကောင်းကင်လမ်းစဉ်အသေးစား၏ စည်းမျဉ်းဥပဒေများကို ပြီးပြည့်စုံအောင် လုပ်နေဆဲဖြစ်ကြောင်း ထင်ရှား၏။

ကောင်းကင်အလွှာ(၉၉)လွှာတွင် ထိပ်သီးများအပါအဝင် ကျင့်ကြံသူများစွာသည် တိုးတက်လာကြသည်။ နတ်ဘုရားကုန်းမြေ ထွက်ပေါ်လာခြင်းမှနေ၍ ဤကောင်းကင်လမ်းစဉ်အသေးစား ထွက်ပေါ်လာသည်အထိ သူတို့အားလုံးသည် သူတို့၏ကျင့်ကြံခြင်းတွင် တိုးတက်ခဲ့လေသည်။

(၁၈)နှစ်ဟူသော အချိန်ကာလသည် လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားသည်ဟု ခံစားရသည်။

ကောင်းကင်အလွှာ(၉၉)လွှာမှ ကျင့်ကြံသူများသည် ထိုအချိန်ကာလကို အလွန်တိုတောင်းသည်ဟု ခံစားခဲ့ရသည်။ သူတို့သည် ယခင်က တစ်ခါမှ ဤကဲ့သို့ ကျင့်ကြံခြင်းအပေါ် အာရုံမစိုက်ခဲ့ဖူးပေ။

ယခုတွင် ခုနစ်ခုမြောက် နတ်ပစ္စည်း ထွက်ပေါ်လာတော့မည်ဖြစ်သည်။ ၎င်းသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်မည်လော။

ထိုသို့ဖြစ်နိုင်ချေ များပေသည်။

ကောင်းကင်ဘုံနှင့် ကောင်းကင်နန်းတော်ဟောင်းမှ ဒီဗာဝိညာဉ်စွမ်းအားတို့၏ ဆက်ခံသူများသည် တပ်ဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ဒီဗာကို ကိုယ်စားပြုပေသည်။ အကယ်၍ လက်ရှိ ကောင်းကင်လမ်းစဉ်သည် ကောင်းကင်လမ်းစဉ်ဟောင်း၏ အကြွင်းအကျန်ဖြစ်ပါက ကောင်းကင်ဘုံသည် အရေးအပါဆုံး မျိုးဆက်ဖြစ်မည်ဟူသော အဓိပ္ပာယ်ပင်။

ထို့အပြင် ကောင်းကင်လမ်းစဉ်သည် ကောင်းကင်အလွှာ(၉၉)လွှာထက်တွင် ထွက်ပေါ်လာခဲ့သည်။ ထိုအချက်တွင် အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိပေလိမ့်မည်။

ထိုအခြင်းအရာအားလုံးသည် အကယ်၍ ကောင်းကင်ဘုံသို့သာ နတ်ပစ္စည်းတစ်ခု ချီးမြှင့်ခဲ့ပါက ၎င်းနတ်ပစ္စည်းသည် အလွန်ထူးကဲသောပစ္စည်းဖြစ်လိမ့်မည်ဟု လူများကို ပြောနေသလိုပင်ဖြစ်သည်။

လူတိုင်းသည် ထိုပစ္စည်းအား မျှော်လင့်နေကြသည်။

သူတို့သည် ယခင်အတွေ့အကြုံများအရ ကောင်းကင်လမ်းစဉ်က မည်သည့်လက်ဆောင်ကို ပေးရန် ရွေးချယ်စေကာမူ ၎င်းပစ္စည်းထံမှနေ၍ သူတို့အကျိုးအမြတ် ရလိမ့်မည်ဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။ အားလုံးသည် နတ်ပစ္စည်းများမှနေ၍ အနည်းငယ် အကျိုးအမြတ်ရကျပြီး ပို၍ ဉာဏ်အလင်းပွင့်ကာ သိသိသာသာ တိုးတက်လာခဲ့ပေသည်။

သူတို့ စောင့်ဆိုင်းနေရင်း နောက်ဆုံးတွင် ထိုနေ့ ရောက်ရှိလာလေသည်။ ကောင်းကင်ထက်တွင် ပြောင်းလဲမှုများ ထွက်ပေါ်လာ၏။

ပြောင်းလဲမှုများသည် ယခင်ကထက် ပို၍ ကြီးမားပုံပေါ်ပြီး သိသိသာသာ ကွဲပြားပေသည်။

ကောင်းကင်မှနေ၍ မရေမတွက်နိုင်အောင်များပြားသော အလင်းတန်းများ ကျဆင်းလာပြီး ကောင်းကင်အလွှာ(၉၉)လွှာစလုံးကို လွှမ်းခြုံသွားကာ လေထဲတွင် မင်္ဂလာရှိသောအငွေ့အသက် ပြည့်နှက်သွားစေ၏။

ထိုအလင်းတန်းများနှင့်အတူ အခြားအလင်းတန်းများလည်း ဖြာကျလာပြီး ကောင်းကင်တစ်ခွင်လုံးကို အလင်းဖြင့် ပြည့်နှက်သွားစေ၏။ ၎င်းအလင်းတန်းများထဲတွင် ကောင်းကင်စည်းမျဉ်း၏ အသိစိတ်ပါသကဲ့သို့ပင် ထင်ရသည်။

“ဒီတစ်ခေါက် ဘယ်လို နတ်ပစ္စည်းမျိုး ဖြစ်မလဲ”

ကျင့်ကြံသူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့သည် ဤကဲ့သို့သော အခြင်းအရာတစ်ခုကို ယခုမှ ပထမဆုံးအကြိမ် မြင်ရခြင်းဖြစ်သည်။ ဤနတ်ပစ္စည်းသည် ရှေ့မှ နတ်ပစ္စည်းခြောက်ခုထက် သာလွန်မည်လော။

ကျင့်ကြံသူများထဲမှ တစ်ယောက်သည် အလင်းတန်းများအောက်သို့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ မဟာအင်ပါယာဖြစ်လာမည့်သူများ အံ့အားသင့်သွားကြသည်။

သူတို့သည် သူတို့ရှေ့ရှိ အံ့အားသင့်ဖွယ် မြင်ကွင်းကြောင့် စိတ်လှုပ်ရှားနေကြ၏။

“အိုး...”

ထိုအခိုက်တွင် သူတို့သည် ကောင်းကင်ကို ကြည့်နေကြ၏။ ကောင်းကင်ထက်မှနေ၍ အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး လှည့်လည်ရွေ့လျားနေသည်။

ထို့နောက်တွင် ဒုတိယနှင့် တတိယ အရှိန်အဝါတို့ ထွက်ပေါ်လာ၏။

ထိုအရှိန်အဝါများတစ်ခုစီသည် ကွဲပြားသော အငွေ့အသက်သုံးခု အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်မှ နတ်စွမ်းအားများကို ၎င်းတို့နှင့်အတူ ပါလာစေသည်။

“ရင်းမြစ်ချီကိုးပါး”

ရှေးခေတ်မှ ကောင်းကင်ဖြစ်လာမည့်သူများသည် အံ့အားသင့်သွားကြသည်။ ကောင်းကင်လမ်းစဉ်သည် ရင်းမြစ်ချီကိုးပါးကို ဖန်တီးနေခြင်းလော။

သူတို့သည် ရင်းမြစ်ချီကိုးပါးနှင့် ကောင်းကင်စည်းမျဉ်းတို့၏ ပေါင်းစည်းမှု အဓိပ္ပာယ်ကို သိ၏။

“ကောင်းကင်အင်ပါယာတစ်ပါး...”

‌ရှေးခေတ်မှ ရှေးဟောင်းအင်ပါယာများသည် အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။

“ကောင်းကင်အင်ပါယာလား...”

လူများစွာသည် အဘယ်ကြောင့်”ကောင်းကင်အင်ပါယာ”ဟူသော စကားထွက်လာကြောင်းကို နားမလည်ဖြစ်သွားကြသည်။

“ကောင်းကင်လမ်းစဉ်က နောက်ကောင်းကင်အင်ပါယာတစ်ပါး ထွက်ပေါ်လာစေချင်နေတာပဲ”

ရှေးဟောင်းအင်ပါယာများထဲမှ တစ်ပါးက ကောင်းကင်သို့ ခေါင်းမော့ကြည့်၍ နူးညံ့စွာ ပြန်ပြောလိုက်၏။ သူ့အသံတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ ရင်းမြစ်ချီကိုးပါးနှင့် ကောင်းကင်စည်းမျဉ်းတို့ ပေါင်းစည်းမှုသည် နဂါးကိုးကောင်သန့်စင်ချီကို ထွက်ပေါ်လာစေမည်ဖြစ်သည်။

ထိုနဂါးကိုးကောင်သန့်စင်ချီသည် ကောင်းကင်အင်ပါယာကို ကိုယ်စားပြုသည်။

ကောင်းကင်လမ်းစဉ် မပြိုပျက်ခင်တွင် ကောင်းကင်အင်ပါယာသည် နဂါးကိုးကောင်သန့်စင်ချီကို ရရှိခဲ့ပြီး နတ်ဘုရားများနှင့် သက်ရှိအားလုံး၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။ သူ့ကို ကောင်းကင်လမ်းစဉ်ပြီးလျှင် စွမ်းအားအကြီးဆုံးသူဟု သတ်မှတ်နိုင်သည်။ ထို့အပြင် လောကအတွင်းမှ ပထမဟူ၍ပင် သတ်မှတ်နိုင်ပေသည်။

နဂါးကိုးကောင်သန့်စင်ချီကို ရင်းမြစ်ချီကိုးပါးနှင့် ကောင်းကင်စည်းမျဉ်အား ပေါင်းစည်း၍ ဖန်တီးထားခြင်းဖြစ်သည်။ ကောင်းကင်အင်ပါယာသည် နဂါးကိုးကောင်သန့်စင်ချီကို ပိုင်ဆိုင်နိုင်သဖြင့် ဓာတ်ကြီးငါးပါးပေါ်တွင် မှီခိုရန် မလိုပေ။ ကောင်းကင်လမ်းစဉ်ထက်နိမ့်သော နတ်စွမ်းအားများသည် သူ့ကို ထိခိုက်စေနိုင်မည် မဟုတ်ချေ။ ယင်နှင့်ယန်ဓာတ်သည်ပင် သူ့အပေါ် မည်သို့မှ မသက်ရောက်နိုင်ပေ။

ဤကောင်းကင်လမ်းစဉ်သည် ရှေးခေတ်မှ ထင်ပေါ်ကျော်ကြာမှုများကို ပြန်လည်ဖော်ထုတ်ရန် ကြိုးစားနေခြင်းလော။

သူတို့သည် မူလဘုံနှင့် သက်ဆိုင်သည့် ရှစ်ခုမြောက် နတ်ပစ္စည်းလည်း ရှိလိမ့်မည်ဟု ခံစားနေရသည်။

ယခင်က ကောင်းကင်လမ်းစဉ်၏ အုပ်စိုးမှုအောက်တွင် တပ်ဖွဲ့ရှစ်ဖွဲ့ရှိခဲ့သည်။ ယနေ့ခေတ်တွင်မူ ဘုံခုနစ်ခုဖြစ်သည်။ သို့သော် မူလဘုံကိုပါ ထည့်တွက်လျှင် ဘုံရှစ်ခုဖြစ်ကာ အတိတ်မှ တပ်ဖွဲ့ရှစ်ဖွဲ့နှင့် တူသွားပေလိမ့်မည်။ သို့သော် ထိုအရာသည် ကောင်းကင်လမ်းစဉ်အပေါ် သူတို့၏ မျှော်လင့်ချက်သာဖြစ်သည်။ လက်ရှိ ဘုံခုနစ်ခုနှင့် မူလဘုံသည် ကောင်းကင်လမ်းစဉ်၏ အုပ်စိုးမှုအောက်တွင် နေလိုပါမည်လော။

ထို့အပြင် ယခုကောင်းကင်လမ်းစဉ်သည် ပြီးပြည့်စုံမှုမရှိသေးပေ။ ၎င်းသည် အတိတ်မှ ကောင်းကင်လမ်းစဉ်၏ အကြွင်းအကျန် ဖြစ်နိုင်ပေသည်။

ရီဖူရှင်းသည် ထူးကဲသောစွမ်းအင်ကို ခံစားလိုက်ရသောအခါ သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုစွမ်းအင်သည် ကောင်းကင်စည်းမျဉ်းဟု ထင်ရ၏။ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး နတ်အလင်းတန်းကိုးခုသည် နဂါးတစ်ကောင်စီအဖြစ် ပြောင်းလဲသွားကြောင်း မြင်လိုက်ရ၏။ ၎င်းတို့သည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ကောင်းကင်ဘုံ၏ ကောင်းကင်နန်းတော်အပေါ်သို့ အလင်းပင်းနေကြသည်။

လူများသည် ကောင်းကင်လမ်းစဉ်က အသိစိတ်တစ်ခု ပိုင်ဆိုင်ကြောင်း ယခင်ကတည်းက သိထားပြီးဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုမြင်ကွင်းကို မမျှော်လင့်ဘဲ မြင်လိုက်ရသော်လည်း မအံ့ဩသွားကြပေ။

ကောင်းကင်လမ်းစဉ်သည် ကောင်းကင်ဘုံအား လောကကြီးကို ကိုယ်စားပြုစေလိုနေဆဲလော။

ထိုစဉ်တွင် ကျိဝူတောက် ရှေ့ထွက်လာ၏။ သူသည် ကောင်းကင်နန်းတော်အထက်ရှိ လေထဲတွင် ရပ်နေပြီး နတ်အလင်းတန်းကိုးခုထဲ နစ်မြုပ်သွားသည်။ ကောင်းကင်လမ်းစဉ်၏ သန့်စင်ခြင်းသည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို သူ့ကို နှိုးဆွပေးလိုက်၏။ ထို့ကြောင့် လူများသည်သည် အံ့အားသင့်သွားကြသည်။

ကျိဝူတောက်သည် ယခင်ကတည်းကပင် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်နေကြပြီးဖြစ်ကြောင်း သူတို့သိရှိလိုက်သည်။

ရီဖူရှင်းသည် ကျိဝူတောက်ကို ကြည့်လိုက်၏။ ကျိဝူတောက်သည် သိုသိုသိပ်သိပ် နေတတ်သူဖြစ်သော်လည်း လွန်စွာစွမ်းအားကြီးသူတစ်ယောက်ဖြစ်ကြောင်း သူ ယခင်ကတည်းက သိရှိခဲ့ပြီးဖြစ်သည်။ သူသည် ယခင်က ဘုံခုနစ်ခုစလုံး၏ ဆက်ခံသူများနှင့် တွေ့ဆုံးခဲ့ဖူးသည်။ ထိုဆက်ခံသူများထဲတွင် ကျိဝူတောက်သည် အန္တရာယ်အများဆုံးဟု သူခံစားရသည်။

သူသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်နေပြီးဖြစ်ကြောင်း မည်သူထင်ခဲ့မည်နည်း။ ဤနေရာသို့ လူများမရောက်လာခင်ကတည်းကပင် ကျိဝူတောက်သည် ကောင်းကင်လမ်းစဉ်၏ သန့်စင်မှုကို ခံခဲ့ရပြီး ဖြစ်‌ပုံပေါ်၏။ ကောင်းကင်လမ်းစဉ်သည် ကောင်းကင်ဘုံတွင် ရှိသဖြင့် ထိုအချက်ကို အံ့အားသင့်စရာ မရှိပေ။

ကောင်းကင်အလွှာ(၉၉)လွှာစလုံးမှာ လူများစွာသည် ကျိဝူတောက်ကို ကြည့်လိုက်ကြသည်။

လောကကြီးသည် ကောင်းကင်အင်ပါယာ‌နောက်တစ်ပါး ထွက်ပေါ်လာသည်ကို မြင်ရတော့မည်လော။

ထိုအခိုက်တွင် သူတို့သည် ကောင်းကင်အင်ပါယာ ပြန်လာတော့မည်ကို သူတို့ ခပ်ရေးရေး မြင်နေရလေသည်။

“လောကကြီးက အများကြီး ပြောင်းလဲလာတော့မယ်”

ဓားဧကရာဇ်အရှင်က သူ့ဘာသာ ရေရွတ်လိုက်သည်။

“သူ ဖြစ်လိမ့်မယ်လို့ ငါတစ်ခါမှ မထင်ထားခဲ့ဘူး”

“ဓားဧကရာဇ်က ကျိဝူတောက်ကို သဘောကျတာပါလား”

ရီဖူရှင်း မေးလိုက်သည်။

“သူက ကောင်းကင်ဘုံရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံခဲ့ရပြီး ကောင်းကင်လမ်းစဉ်ရဲ့ သန့်စင်ပေးမှုကို ခံခဲ့ရတယ်။ သူက ကောင်းကင်အင်ပါယာအသစ်ဖြစ်ဖို့ ကံကြမ္မာပါတာပဲ။ ဘုံခုနစ်ခုမှာ ထူးချွန်တဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်... ပြီးတော့ ကျိဝူတောက်က အမြဲ သိုသိုသိပ်သိပ်နေခဲ့တာ။ ဒါပေမဲ့ အခုတော့ သူက လောကကြီးကို ကိုင်လှုပ်နိုင်တဲ့သူတစ်ယောက် ဖြစ်လာတော့မယ့်ပုံပဲ”

ဓားဧကရာဇ်အရှင်က ဖြေလိုက်၏။

“သူက မင်းအတွက် ယှဉ်ပြိုင်ရအခက်ဆုံး ပြိုင်ဘက် ဖြစ်လာနိုင်တယ်”

“အင်း...”

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ အနာဂတ်တွင် မည်သို့ ဖြစ်မည်ကို သူမသိပေ။ သို့သော် သူသည် ကျိဝူတောက်တစ်‌ယောက် ကောင်းကင်အင်ပါယာအသစ် ဖြစ်လာမည်ဆိုလျှင်လည်း မကြောက်ပေ။ သူသည် ကောင်းကင်လမ်းစဉ်အသေးစား၏ ပြယုဂ်ဖြစ်လာပြီဖြစ်သည်။

***

All Chapters