← Chapters

ရီဖူရှင်း၏နတ်ပစ္စည်း

Vol. 198 Ch. 2823

ရီဖူရှင်း၏နတ်ပစ္စည်း

Vol. 198 Ch. 2823

ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာတွင် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်လမ်းစဉ်၏ စွမ်းအားအောက်တွင် ကျင့်ကြံရင်း နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်လာကြသည်။

ကောင်းကင်ကပ်ဘေးများကို ဖြတ်ကျော်ကာ ကောင်းကင်လမ်းစဉ်၏ သန့်စင်ပေးမှုကို ခံခဲ့ရသူက ပို၍ပင် များသေးသည်။ ထို ကောင်းကင်လမ်းစဉ်၏ သန့်စင်ခြင်းသည် ယခင်ကနှင့် ကွာခြားသော အစစ်အမှန် သန့်စင်ခြင်းဖြစ်သဖြင့် ကျင့်ကြံသူများကို ပို၍သန်မာလာစေလေသည်။ ထို့ကြောင့် ဤနေရာတွင် ကပ်ဘေးများကို ဖြတ်ကျော်ခဲ့သူများသည် ဤရှားပါးအခွင့်အရေးကို ရခဲ့သဖြင့် ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။

ကျင့်ကြံသူတော်တော်များများသည်ပင် အင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်ရန် စတင် ကြိုးစားလာကြတော့သည်။ ထိုသူများသည် ထိပ်တန်းအဆင့်ရှိသူများနှင့် နတ်ဘုရားတစ်ဝက်အဆင့်တွင် ရှိသူများဖြစ်သည်။

ယနေ့ခေတ်တွင် မှော်နက်နန်းတော်၏ အရှင်ရှာမင်သည် အနက်ရောင်ကြာပွင့်၏ စွမ်းအားအောက်တွင် ကျင့်ကြံနေသည်။ သူ့ကို နတ်စွမ်းအားက လှည့်ပတ်နေပြီး ယင်းနတ်စွမ်းအားသည် အချိန်နှင့်အမျှ စွမ်းအားကြီးလာလေသည်။ ကောင်းကင်ထက်တွင် အတုမဲ့ နတ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး အရှင်ရှာမင်၏ အရှိန်အဝါသည်လည်း အလွန်ကြောက်မက်ဖွယ် ကောင်းလာသည်။ ထို့ကြောင့် လူများစွာသည် သူ့ကို လှမ်းကြည့်လိုက်ကြသည်။

သူသည် မဟာအင်ပါယာတစ်ပါး ဖြစ်လာတော့မည်လော။ ကျင့်ကြံသူများသည် သူတို့ဘာသာ တွေးတောလိုက်ကြသည်။ အရှင်ရှာမင်၏ ကျင့်ကြံခြင်းအဆင့်သည့် ယခင်ကပင် မြင့်မားခဲ့သည်။ အနက်ရောင်ကြာပွင့်ကို ရရှိပြီးနောက်တွင် သူသည် မဟာအင်ပါယာတစ်ပါး ဖြစ်လာနိုင်မည့် လမ်းပေါ်သို့ ရောက်တော့ပေမည်။ ယခုတွင် သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် မှော်နက်နန်းတော်မှ ကျင့်ကြံသူများကိုပင် ကြောက်လန့်တကြား နောက်ဆုတ်သွားစေ၏။

ကောင်းကင်(၉၉)လွှာမှ ကျင့်ကြံသူ အများအပြားသည်လည်း နောက်ဆုတ်သွားကြသည်။ မကြာခင်တွင် အရှင်ရှာမင်သည် သူ၏ ကောင်းကင်ကပ်ဘေးကို ခံရကာ မဟာအင်ပါယာတစ်ပါး ဖြစ်လာမည့် လမ်းပေါ်သို့ ရောက်သွားမည်ဖြစ်ကြောင်း သူတို့သိကြပေသည်။

လူများစွာသည် ရီချင်းယောင်ဆီသို့ အလိုလိုကြည့်လိုက်ကြသည်။ အရှင်ရှာမင်နှင့် ရီချင်းယောင်တို့သည် မှော်နက်လောက၏ အုပ်ချုပ်သူ ရာထူးကို ယှဉ်ပြိုင်နေကြရပေသည်။ ယခုတွင် အရှင်ရှာမင်သည် အင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ အရင်ဆုံး ရောက်သွားပေတော့မည်။ သူသည် မဟာအင်ပါယာတစ်ပါး ဖြစ်လာမည့် သူ၏ခရီးကို စတင်‌တော့မည်ဖြစ်သည်။ ရီချင်းယောင်အတွက် ထိုကိစ္စသည် ကောင်းသောကိစ္စမဟုတ်ပေ။

သို့သော် ရီချင်းယောင်သည် စိုးရိမ်ပုံမပေါ်ဘဲ ပုံမှန်အတိုင်း ဆက်ကျင့်ကြံနေလေသည်။

ကောင်းကင်လမ်းစဉ်၏ ကောင်းကင်ကပ်ဘေး ကျဆင်းလာပြီး အရှင်ရှာမင်သည် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်သည်။ သူ၏မျက်လုံးများထဲတွင် နက်ရှိုင်းသောမွတ်သိပ်မှုတစ်ခု ရှိနေ၏။ နောက်ဆုံးတွင် သူသည် မဟာအင်ပါယာတစ်ပါး ဖြစ်လာနိုင်မည့် လမ်းပေါ်သို့ ရောက်တော့ပေမည်။ အနှေးနှင့်အမြန်ဆိုသလို မှော်နက်လောကသည် သူ့အပိုင် ဖြစ်လာမည်ဖြစ်သည်။

လအနည်းငယ် ကြာပြီးနောက် ကောင်းကင်ဒေသမှ လီတောက်ရှို့သည် သူ၏ မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ခံခဲ့ရသည်။ သူသည် ဒွန်ဟောင်အင်ပါယာနန်းတော်တွင် အရှင်ဒွန်ဟောင်ပြီးနောက် ပထမအဆင့်ဖြစ်သဖြင့် သူသာ ဤကပ်ဘေးကို ဖြတ်ကျော်သွားနိုင်လျှင် မဟာအင်ပါယာတစ်ပါးဖြစ်လာမည့် သူ၏ခရီးကို စတင်နိုင်ပေလိမ့်မည်။

ကောင်းကင်(၉၉)လွှာမှ ကျင့်ကြံသူများသည် ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ ယခင်က ရှေးဟောင်းအင်ပါယာများသာ အဆင့်တက်ကာ အင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်ခဲ့ကြသည်။ သို့သော် သူတို့သည် ယခင်က သူတို့ရခဲ့ဖူးသော အဆင့်ကို ပြန်ရသည်ဆိုရုံသာ ရခဲ့ခြင်းဖြစ်သည်။ ယခုတွင် ထိုအဖြစ်အပျက်သည် ပို၍တည့်တိုးဆန်လာခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ယခုတွင် ယနေ့ခေတ်မှ ကျင့်ကြံသူများသည်လည်း သူတို့၏ မဟာအင်ပါယာခရီးကို စတင်တော့ပေမည်။

ထိုအခြင်းအရာသည် နတ်ဘုရားခေတ်စတော့မည်ဆိုသော အဓိပ္ပာယ်ပင်။

ကျင့်ကြံသူများသည် ပို၍ ပို၍ အင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ ရောက်လာကြသည်။ သို့သော် ရီဖူရှင်းသည် အရေးမစိုက်ခဲ့ပေ။ သူသည် သူ၏ကျင့်ကြံခြင်းတွင်သာ ဆက်၍စိတ်နှစ်ထားခဲ့သည်။ သုံးနှစ်ပြည့်ခါနီးတော့မှသာ သူ ကျင့်ကြံခြင်းကို ရပ်လိုက်၏။ သူသည် များစွာ မမျှော်လင့်ထားသော်လည်း ကောင်းကင်လမ်းစဉ်သည် မူလဘုံအတွက်လည်း လက်ဆောင်တစ်ခု ပြင်ဆင်ထားသလောဟု သူသိချင်နေသည်။

ရီဖူရှင်းက ကောင်းကင်(၉၉)လွှာအထက်ရှိ ကောင်းကင်ကို လေ့လာလိုက်သည်။ ဤသုံးနှစ်အတွင်း၌ ကျင့်ကြံသူအားလုံးသည် အဆင့်တက်ခဲ့ကြောင်း သူသိခဲ့သည်။ ထို့အပြင် ကျင့်ကြံသူအနည်းငယ်သည် အင်ပါယာဖြစ်လာနိုင်မည့်အဆင့်သို့ပင် ရောက်သွားခဲ့ပေသည်။ သူ့ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်သွားပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။

“ကောင်းကင်လမ်းစဉ်ဟောင်း မပြိုပျက်ခင်က ခေတ်ကို နတ်ဘုရားခေတ်လို့ ခေါ်ခဲ့ကြတယ်။ ကောင်းကင်လမ်းစဉ်ဟောင်းသာ မပြိုပျက်ခဲ့ရင် နတ်ဘုရားခေတ်က ဒီနေ့အထိ ဆက်ရှိနေလောက်တယ်... ပြီးတော့ သေချာပေါက် ပိုပြီး စည်ပင်ဝပြောနေမှာပဲ”

သူ့ဘေးရှိ အနောက်အင်ပါယာသည် သူဆိုလိုသည်ကို နားလည်၏။ သူ ထပ်ဖြည့်ပြောလိုက်၏။

“ကျင့်ကြံခြင်းက ခက်ခဲပေမယ့် ကမ္ဘာပေါ်မှာ အသိစိတ်ရှိတဲ့ သက်ရှိတွေ အများကြီးရှိလို့ ရေတွက်ဖို့တောင် မဖြစ်နိုင်ဘူး။ နှစ်ပေါင်း သန်းချီကြာရင်တောင် ထူးကဲတဲ့သက်ရှိတစ်စု မွေးဖွားလာနိုင်ဖို့ မဖြစ်နိုင်ဘူး။ တကယ်လို့ ကောင်းကင်လမ်းစဉ်သာ မပြိုပျက်သွားခဲ့ရင် မဟာအင်ပါယာဖြစ်လာမယ့် ကျင့်ကြံသူတွေ ရှိမှာပဲ။ အခု အင်ပါယာဖြစ်လာမယ့်သူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာပြီ။ အဲဒီထဲက တစ်အုပ်စုကတော့ ငါ့လို ရှေးဟောင်းအင်ပါယာတွေပေါ့ကွာ... တခြားတစ်အုပ်စုကတော့ လက်ရှိခေတ်က ကျင့်ကြံသူတွေပေါ့။ သူတို့က အရင်ကတည်းက အတော်ဆုံးတွေဖြစ်ခဲ့တာပဲ... ပြီးတော့ နှစ်ပေါင်းမရေမတွက်နိုင်တဲ့ ကျင့်ကြံခြင်းနဲ့ ပေါင်းလိုက်တော့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အမြင့်ဆုံးကို ရောက်သွားတာပေါ့။ အခု ကောင်းကင်လမ်းစဉ် ပြန်ပေါ်လာပြီဆိုတော့ မဟာအင်ပါယာဖြစ်လာနိုင်မယ့် လမ်းက ပွင့်သွားပြီ။ ပြီးတော့ နတ်ပစ္စည်းတွေ ချီးမြှင့်မှုနဲ့ ဉာဏ်အလင်းပွင့်သစ်ပင်ကြောင့် အခြေအနေတွေက အခုလိုဖြစ်လာတာ သဘာဝကျတယ်။ အဲဒါက မင်းတွေးသလောက်တော့ မလွယ်ဘူး”

ရီဖူရှင်းသည် အနောက်အင်ပါယာ၏ စကားများကို ကြားလိုက်သောအခါ ခေါင်းညိတ်လိုက်သည်။ သူ မှန်ပေသည်။ ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်တွင် ကျင့်ကြံသူများစွာသည် ဤသို့ ထိပ်တန်းကျင့်ကြံသူအုပ်စုထဲ ပါရန် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရသည်။ ယခုတွင် သူတို့ရှေ့တွင် ရှားပါးအခွင့်အရေး ပေါ်ထွက်လာပြီဖြစ်၍ ကျင့်ကြံသူများစွာ အင်ပါယာဖြစ်လာနိုင်မည်မှာ သာမန်သာဖြစ်ပေသည်။

သူသည် ရီအင်ပါယာနန်း‌တော်မှ ကျင့်ကြံသူများကို ကြည့်သည်။ သူတို့သည်လည်း သိသိသာသာ တိုးတက်လာပြီဖြစ်သည်။ အချို့ဆိုလျှင် နတ်ဘုရားတစ်ဝက်များပင် ဖြစ်လာကြပေပြီ။ သူတို့သည် ကြိုးစား ကျင့်ကြံနေကြသည်။

“ရီအင်ပါယာနန်းတော်ထဲမှာ ဘယ်သူက အရင်ဆုံး အင်ပါယာဖြစ်လာနိုင်မယ့်အဆင့်ကို ရောက်မယ်လို့ မင်းထင်လဲ”

အနောက်အင်ပါယာက မေးလိုက်သည်။

“သူတို့အားလုံးထဲမှာ ဓားဧကရာဇ်အရှင်က ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးပဲ။ သူက အရင်ကတည်းက နတ်ဘုရားတစ်ဝက်အဆင့်ကို ရောက်နေပြီ... သူ အဆင့်ဆက်တက်ဖို့ သိပ်မလိုလောက်တော့ပါဘူး။ ပြီးတော့ သူက နတ်ဓားတစ်ချောင်းကိုလည်း ရခဲ့တယ်။ ဒီတော့ သူ့မှာ အကောင်းဆုံး အခွင့်အရေးရှိတယ်။ အရင်ဆုံး အင်ပါယာဖြစ်လာနိုင်မယ့်အဆင့်ကို ရောက်မယ့်သူက ဓားဧကရာဇ်အရှင် ဖြစ်နိုင်တယ်။ သူ့အပြင် တခြားသူတွေအတွက်တော့ ကျုပ်လည်း သေချာမပြောနိုင်ဘူး”

ရီဖူရှင်းက ပြန်ပြောလိုက်၏။

“အင်း...”

အနောက်အင်ပါယာက ခေါင်းညိတ်လိုက်သည်။

“မျက်မမြင်ထျယ်ရဲ့ ကျင့်ကြံခြင်းကလည်း အတော်လေး အခြေခိုင်တယ်။ သူ ကောင်းကင်ခွင်း နတ်ပုဆိန်ရဲ့ နတ်စွမ်းအားနဲ့ နတ်တောင်ကုန်းနဲ့ ကျင့်ကြံခဲ့တာပဲ။ သူက သူ့အတွက် အသင့်တော်ဆုံး ကျင့်စဉ်ကို တွေ့ခဲ့တာပဲ။ သူလည်း အနာဂတ်မှာ အင်ပါယာဖြစ်လာနိုင်မယ့်အဆင့်ကို ရောက်သွားနိုင်ချေရှိတယ်။ ပြီးတော့ တခြား မဆိုးတဲ့သူတွေလည်း နည်းနည်းရှိတယ်။ ရီအင်ပါယာနန်းတော်က ကျင့်ကြံသူအားလုံးမှာ အလားအလာကောင်းတွေ ရှိကြတယ်။ အနာဂတ်မှာ မဟာအင်ပါယာ တစ်ပါး၊ နှစ်ပါးတောင် ရှိလာနိုင်တယ်”

ထိုသို့သောနေ့မျိုး ရှိလာပါက ရီအင်ပါယာနန်းတော်သည် မည်မျှ ဂုဏ်ရှိန်ပြောင်လာမည်နည်း။

မဟာအင်ပါယာခြောက်ပါးအပြင် ရီဖူရှင်းမှာလည်း ခေတ်သစ်တစ်ခေတ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။

“သေချာပေါက်ပဲ...”

ရီဖူရှင်း ရယ်၍ ပြန်ပြောလိုက်၏။ သူသာ အဆင့်ပိုတက်လာခဲ့လျှင် အတိတ်တွင် ကောင်းကင်လမ်းစဉ်ဟောင်းက တပ်ဖွဲ့ရှစ်ဖွဲ့အပေါ် လုပ်ဆောင်ခဲ့သကဲ့သို့ သူသည်လည်း ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ပို၍ ကောင်းသော ကျင့်ကြံခြင်းအခွင့်အရေးများ လက်‌ဆောင်ပေးနိုင်မည်ဖြစ်သည်။

သူတို့နှစ်ယောက် စကားစမြည်ပြောနေစဉ်တွင် လူပေါင်းများစွာသည် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်ကြသည်။ နောက်တုံးတွင် ကောင်းကင်ထဲ၌ နောက်ထပ် နတ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီဖြစ်သည်။ သူတို့သည် စောင့်ဆိုင်းနေရင်း ရင်ခုန်မြန်လာကြသည်။

ကောင်းကင်လမ်းစဉ်သည် အဋ္ဌမမြောက် နတ်ပစ္စည်းတစ်ခုကို ချီးမြှင့်တော့ပေမည်။

ဤတစ်ကြိမ်တွင် မည်သည့် နတ်ပစ္စည်းဖြစ်မည်နည်း။

ကောင်းကင်ထဲတွင် ကြောက်မက်ဖွယ် ဒီမွန်းချီတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းသည် မြေပြင်ကို ရိုက်ခတ်သွားပြီး ၎င်း၏ ကြောက်မက်ဖွယ် လွှမ်းမိုးမှုအငွေ့အသက်သည် လူပေါင်းများစွာ၏ ရင်ထဲသို့ အကြောက်တရားကို ရိုက်သွင်းလိုက်လေသည်။

ဤနတ်ပစ္စည်းသည် မဟာဒီမွန်းရတနာတစ်ခု ဖြစ်နေမည်လော။

ပြီးခဲ့သော နတ်ပစ္စည်းခုနစ်ခုထဲတွင် ကောင်းကင်ဘုံ၊ နတ်ဆိုလောကနှင့် ဗုဒ္ဓလောကတို့နှင့် သက်ဆိုင်သော ပစ္စည်းများ ပါခဲ့သည်။

ယခုတွင် ရှစ်ခုမြောက် ပစ္စည်းသည် ဒီမွန်းပစ္စည်းတစ်ခု ဖြစ်လောက်ပေသည်။

“ဒါက တိုက်ဆိုင်တာ မဟုတ်ဘူး။ အဲဒါက မူလဘုံအတွက်ပဲ”

“ဒီကောင်းကင်လမ်းစဉ်မှာ ကိုယ်ပိုင်အသိစိတ်ရှိပြီးတော့ လောကထဲမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို သိတယ်။ အဲဒါကြောင့် မူလဘုံကို ဒီမွန်းပစ္စည်းတစ်ခု လက်ဆောင်ပေးတာပဲ”

ရီဖူရှင်းသည် အင်ပါယာရီချင်၏ မျိုးဆက်ဖြစ်ကြောင်း အားလုံး သိပေသည်။ တစ်ချိန်က အင်ပါယာရီချင်သည် လောကထဲမှ ဒီမွန်းများကို အုပ်စိုးခဲ့သည်။ သူသည် နောက်ပိုင်းတွင် သတ်ဖြတ်ခံခဲ့ရသည်။

ယခုတွင် ကောင်းကင်လမ်းစဉ်က ဒီမွန်းပစ္စည်းတစ်ခုကို ချီးမြှင့်နေသဖြင့် ထိုပစ္စည်းသည် ရီဖူရှင်းအတွက် ဖြစ်ကြောင်း သိသာပေသည်။ မူလဘုံအတွက်ဟုလည်း ဆိုနိုင်သည်။

ရီဖူရှင်းသည် မူလဘုံ၏ ကိုယ်စားပြုပုဂ္ဂိုလ်ဖြစ်သည်။

လက်ရှိအခိုက်တွင် ရီဖူရှင်းမှာလည်း အနည်းငယ် အံ့အားသင့်နေသည်။ သူသည် ထိုနတ်ပစ္စည်းအတွက် များစွာ မမျှော်လင့်ထားသော်လည်း ဒီမွန်းစွမ်းအားကို မြင်လိုက်ရသောအခါ သူလည်း အံ့အားသင့်သွားခဲ့သည်။ ကောင်းကင်လမ်းစဉ်သည် လောကအတွင်းမှ သက်ရှိများကို ထိုမျှ အတွင်းကျကျ နားလည်သည်လော။

၎င်းက နတ်ပစ္စည်းရှစ်ခုကို ချီးမြှင့်ခြင်းသည် လောကကြီးကို တစ်ဖန်ပြန် အုပ်စိုးလို၍သည့် အဓိပ္ပာယ်လော။

‌နောက်ဆုံးတွင် ကောင်းကင်မှနေ၍ နတ်ပစ္စည်းကျဆင်းလာသည်။ ၎င်းသည် ဧရာမနတ်ဒီမွန်းပုံချပ်တစ်ခုဖြစ်သည်။ ၎င်းသည် ကြီးမားလွန်းသဖြင့် ကောင်းကင်ကိုပင် ကာရံသွားသည်။

ထို နတ်ဒီမွန်းပုံချပ်ထဲတွင် အခြားလောကတစ်ခု ပါဝင်ပုံပင်။ ထိုပုံချပ်ပေါ်တွင် ရှေးခေတ်မှ ဟုန်ဟွမ်ဘုံကို ဆွဲထားပြီး ထိုဘုံကို နေ၊ လနှင့် ကြယ်တာရာတို့က လှည့်ပတ်နေသည်။ ထို့အပြင် ၎င်းတွင် လေ၊ မီး၊ မိုးကြိုးလျှပ်စီးများ၊ မြစ်များ၊ တောင်ကုန်းများနှင့် မျိုးနွယ်အားလုံးလည်း ပါဝင်ပေသည်။ မရေမတွက်နိုင်အောင် များပြားသော နတ်အလင်းများ ဖြာကျလာသည်။ လူများသည် လှပ၍ အံ့အားသင့်ဖွယ်ကောင်းသော ဒီမွန်းလောကတစ်ခု၏ ပန်းချီကားတစ်ချပ်ကို ကြည့်နေရသကဲ့သို့ပင်။

၎င်းအတွင်းမှနေ၍ ကြောက်မက်ဖွယ် ဒီမွန်းအရှိန်အဝါတစ်ခု ထွက်လာသည်။ ထို့နောက် အခြားအရှိန်အဝါများလည်း ထွက်လာသည်။

“အဲဒါက ဒီမွန်းလောကရဲ့ မဟာရတနာပဲ”

ကျင့်ကြံသူများ အံ့အားသင့်သွားကြ၏။ ဤပစ္စည်းသည် ကောင်းကင်ခွင်းနတ်ပုဆိန်နှင့် နဂါးကိုးကောင်သန့်စင်ချီတို့လောက် မကောင်းလောက်သော်လည်း မဟာရတနာတစ်ခုဖြစ်ပြီး ဒီမွန်းစွမ်းအားများကို ကျင့်ကြံသူများအတွက် လွန်စွာ အဖိုးတန်ပေသည်။

ရီဖူရှင်းသည် အင်ပါယာရီချင်၏ ခြေလှမ်းအတိုင်းလိုက်၍ ဒီမွန်းကလန်များကို အုပ်စိုးမည်လော။

သူ့လက်အောက်တွင် အမှန်ပင် ဒီမွန်းများစွာ ရှိနေပြီဖြစ်သည်။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ကြောင့်သာ သူ အဟန့်အတားများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ဒီမွန်းကလန်များသည် အင်ပါယာရီချင် သေဆုံးသွားပြီးနောက် နိမ့်ပါးလာခဲ့သည်။ ဤ နတ်ပုံချပ်သည် ကံကြမ္မာများကို ပြောင်းလဲလာစေတော့မည်လော။

***

All Chapters