ကျန်နေသေးသော ဆယ်နှစ်
Vol. 198 Ch. 2824
(၂၁)နှစ်အတွင်း ကောင်းကင်လမ်းစဉ်မှနေ၍ အခွင့်အရေး ရှစ်ခု ရောက်လာခဲ့သည်။
ဤတစ်ကြိမ်တွင် ရီဖူရှင်းကို ဒီမွန်းဘုံမှ နတ်ပစ္စည်းတစ်ခု ချီးမြှင့်ခဲ့သည်။
အင်ပါယာရီချင်၏ မျိုးဆက်သည် ယနေ့တွင် ဒီမွန်းဘုံမှ နတ်ပစ္စည်းတစ်ခုကို လက်ခံရရှိခဲ့သည်။ ယနေ့တွင် အရှင်ဒွန်ဟောင်၏ ကောင်းကင်ဒေသကို အုပ်စိုးနိုင်မည့် နှစ်(၅၀၀)အင်ပါယာကံကြမ္မာ ပြည့်ရန် ဆယ်နှစ်သာ လိုတော့ပေသည်။
ကောင်းကင်ဒေသ၏ ကံကြမ္မာသည် မည်သို့ ဖြစ်လာမည်နည်း။
ရီဖူရှင်းနှင့် အရှင်ဒွန်ဟောင်ကြားမှ အားပြိုင်မှုသည် မည်သို့ အဆုံးသတ်သွားမည်နည်း။
ထိုအခိုက်တွင် ရီဖူရှင်းသည် ဆယ်နှစ်အကြာတွင် ဖြစ်လာမည့် ကိစ္စများကို မတွေးသေးပေ။ သူသည် လေထဲတွင် မျောနေသော ဧရာမ နတ်ဒီမွန်းပုံချက်ကို ကြည့်လိုက်၏။ သူ၏နတ်အာရုံသည် ၎င်းအတွင်းသို့ တိုက်ရိုက် တိုးဝင်သွားသည်။ ရုတ်ခြည်းပင် သူသည် ပုံချပ်အတွင်းရှိ ဒီမွန်းလောကအတွင်းသို့ ရောက်သွားသလို ခံစားလိုက်ရလေသည်။ ပုံချပ်အတွင်း၌ ရေးဆွဲထားသော လောကသည် လောကအစစ်အမှန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့မျက်လုံးများအရှေ့တွင် ထွက်ပေါ်လာ၏။
သူသည် စွမ်းအားကြီးသော ဒီမွန်းအရှိန်အဝါတစ်ခုကို အာရုံခံနိုင်နေ၏။ ထိုလောကအတွင်း၌ နဂါးများ၊ ဖီးနစ်များ၊ ချီလင်းများ၊ ခွန်ပန်းများ၊ ရွှေလိပ်များ၊ နတ်ငှက်များ၊ ရွှေတောင်ပံနတ်ငှက်များ၊ ထောင်ထျဲများ၊ ချုန်းချီများ စသော ဒီမွန်းအားလုံး အတူတကွ တည်ရှိနေသည်။ သူသည် ၎င်းတို့၏ ဖြစ်တည်မှုကို ခံစားနိုင်နေလေသည်။ ၎င်းတို့သည် အစစ်မဟုတ်ပေ။ သို့သော် အစစ်နှင့် မကွာသလို ခံစားနေရသည်။
သူသည် ဤပုံချပ်အတွင်း၌ ဒီမွန်းအမျိုးအစားအားလုံး၏ နတ်စွမ်းအားများကို ခံစားနေရ၏။
“ခင်ဗျားတို့ ဒီထဲကိုလာပြီး ကျင့်ကြံနိုင်ပါတယ်”
ရီဖူရှင်းသည် ရီအင်ပါနန်းတော်မှ ကျင့်ကြံသူများကို ပြောလိုက်၏။ ရီအင်ပါယာနန်းတော်မှ လူများစွာသည် ဒီမွန်းလမ်းစဉ်ကို ကျင့်ကြံကြပေသည်။ သို့သော် တော်တော်များများသည် ဤနေရာသို့ သူနှင့်အတူ ပါမလာခဲ့ပေ။ သူနှင့် ပူးပေါင်းခဲ့သည့် ဒီမွန်းနတ်ဘုရားတောင်ကုန်းမှ မဟာဒီမွန်းများသာ ဤကဲ့သို့သော နတ်ပစ္စည်းတစ်ခု၏ အထောက်အပံ့ကို ရခဲ့လျှင် သူတို့၏ ကျင့်ကြံခြင်းသည် လျင်မြန်စွာ တိုးတက်လာမည်ဖြစ်သည်။
“နန်းတော်သခင်ရီ... ကျုပ်တို့ရော အဲဒီနတ်ပစ္စည်းကို လေ့လာပြီး ကျင့်ကြံလို့ရပါသလား”
အခြားကျင့်ကြံသူများက မေးလိုက်သည်။ သူတို့သည် ၎င်းပစ္စည်းကို လိုချင်နေကြ၏။ သို့သော် ထိုနတ်ဒီမွန်းပုံချပ်သည် ရီဖူရှင်းနှင့် သက်ဆိုင်သည်ဟု သူတို့ တွေးထားပြီးဖြစ်သည်။ ထို့ကြောင့် သူတို့သည် မထီလေးစား အပြုဝံ့ကြပေ။
ယနေ့ခေတ်တွင် မည်သူမှ ရီဖူရှင်းကို အပြစ်မပြုဝံ့ကြချေ။ မဟာအင်ပါယာဖြစ်လာမည့်သူများသည် ထိုသို့ မလုပ်ဝံ့ကြပေ။
“ဒါက ကောင်းကင်လမ်းစဉ်က နတ်ပစ္စည်းတစ်ခုဆိုတော့ ဒါကို သုံးပြီး ကျင့်ကြံချင်တဲ့ ဘယ်သူမဆို ဒါကိုသုံးနိုင်ပါတယ်”
ရီဖူရှင်းက ပြန်ပြောလိုက်၏။ သူသည် အလွန်ရက်ရောနေသည်။ ထို့ကြောင့် လူတော်တော်များများ အံ့အားသင့်သွားကြသည်။
သို့သော် ရီဖူရှင်း သဘောတူလိုက်ပြီဖြစ်၍ သူတို့သည် တွန့်ဆုတ်နေတော့မည် မဟုတ်ပေ။ လူများစွာ၏ နတ်အာရုံများသည် နတ်ဒီမွန်းပုံချပ်အတွင်းရှိ ဟင်းလင်းပြင်ထဲသို့ ဝင်သွားကြပြီး နတ်ဒီမွန်း၏ နတ်စွမ်းအားကို လေ့လာလိုက်ကြလေသည်။
“အစ်ကိုသုံး... ဒီနတ်ပစ္စည်းက အစ်ကိုနဲ့ သင့်တော်၊ မတော် ကြည့်ကြည့်ပေါ့”
ရီဖူရှင်းသည် ဂူတုံးလျှိုထံသို့ အသံပို့လွှတ်လိုက်၏။ ဂူတုံးလျှိုသည် မျက်နှာထားပြောင်းသွားပြီး ရီဖူရှင်းကို ကြည့်သည်။ သူကတော့...
သူတို့သည် အလွန်ရင်းနှီးသဖြင့် သူသည် ရီဖူရှင်းစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်ပေသည်။ ရီဖူရှင်း၏ ပြောစကားအရ ရီဖူရှင်းသည် ဤနတ်ဒီမွန်းပုံချပ်ကို သူ့အားလက်ဆောင်ပေးရန် ကြံရွယ်နေခြင်းလော။
ကောင်းကင်လမ်းစဉ်သည် ဤနတ်ပစ္စည်းကို ချပေးခဲ့၏။ သို့သော် ရီဖူရှင်းသည် ၎င်းကို ပေးပစ်လိုနေသည်။
သူကတော့...
“နတ်ဘုရားကုန်းမြေပေါ်လာပြီးတော့ ငါ အခွင့်အရေးတွေအများကြီး ရခဲ့ပါတယ်...”
ဂူတုံးလျှိုသည် အသံပို့လွှတ်၍ ပြန်ပြောလိုက်၏။
“ဒီပစ္စည်းက ဒီနေရာက ကောင်းကင်လမ်းစဉ်ရဲ့ လက်ဆောင်ပဲ။ မင်း သိမ်းထားတာ အကောင်းဆုံးပါပဲ”
“ဒီပစ္စည်းက ထူးကဲတယ်ဆိုပေမယ့် ကျုပ်အတွက် သိပ်အသုံးမဝင်ဘူး။ အဲဒါကို ကျုပ်သိမ်းထားရင်လည်း ကျုပ် စွမ်းရည်တွေကို တိုးတက်စေမှာ မဟုတ်တော့ အလကားပါပဲ။ ဒါပေမဲ့ အဲဒါက အစ်ကိုနဲ့ သင့်တော်လို့ အစ်ကိုသာ အဲဒါကို သုံးလိုက်ရင် အစ်ကိုရဲ့ ကျင့်ကြံခြင်းအတွက် အများကြီး အကျိုးရှိမှာပဲ။ အဲဒီတော့ ဘာလို့ စမ်းမကြည့်ရမှာလဲ”
ရီဖူရှင်း ပြောလိုက်၏။
“အစ်ကိုသုံး... ဘယ်တုန်းက အစ်ကိုက ကျုပ်အပေါ် အားနာတာတွေ ရှိလာရတာလဲ။ အစ်မနှစ်ဆို ဒီလို ဖြစ်မှာ မဟုတ်ဘူး”
လောကအတွင်းမှ လူအားလုံးသည် သူက အင်ပါယာရီချင်၏ မျိုးဆက်ဟု ထင်ကြ၏။ သို့သော် သူသည် အင်ပါယာရီချင်၏ မျိုးဆက်မဟုတ်ကြောင်း သူသာ သိပေသည်။
ကောင်းကင်လမ်းစဉ်သည် ဤနတ်ဒီမွန်းပုံချပ်ကို သူ့အား မှား၍ လက်ဆောင်ပေးလိုက်သဖြင့် သူနှင့် သိပ်၍ မသင့်တော်ချေ။ ထိုအစား အစ်ကိုသုံးအတွက် ပို၍ သင့်တော်ပေလိမ့်မည်။
“ကောင်းပြီး ငါ ကြိုးစားကြည့်ပါမယ်”
ဂူတုံးလျှို ခေါင်းညိတ်ကာ ပြောလိုက်၏။ ထို့နောက် သူ၏နတ်အာရုံသည် နတ်ဒီမွန်းစွမ်းအားကို လေ့လာရန် နတ်ဒီမွန်းပုံချပ်ဆီသို့ ဦးတည်သွားသည်။
ရီဖူရှင်း ပြုံးလိုက်၏။ သူ ပြောခဲ့သလိုပင်။ ယခုတွင် သူ့၌ သူ၏ကိုယ်ပိုင်”ကောင်းကင်လမ်းစဉ်အသေးစား”ရှိပေသည်။ သို့သော် ဤနတ်ပစ္စည်းသည် သူ့အတွက် သိပ်အသုံးမဝင်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ၎င်းကို အပြည့်အဝအသုံးချနိုင်သူအား ပေးလိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပေမည်။
သို့သော် သူသည်လည်း ၎င်းကို လေ့လာ၍ ကျင့်ကြံနိုင်ပေသည်။
သူ၏ နတ်အာရုံ နတ်ဒီမွန်းပုံချပ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက်တွင် သူသည် ကျယ်ပြော၍ အကန့်အသတ်မဲ့သော လောကကို အာရုံခံမိခဲ့၏။ သူ၏နတ်အာရုံသည် ဤလောကအတွင်းရှိ ကွဲပြားသော နေရာများကို အာရုံခံနိုင်ခဲ့ပြီး ကွဲပြားသော နတ်ဒီမွန်းများ၏ စွမ်းအားများကို ခံစားခံရသည်။ ဤနေရာတွင် နတ်အာရုံမြောက်မြားစွာ ကျင့်ကြံနေသည်ကိုလည်း သူအာရုံခံမိသည်။
“အိုး...”
ထိုအချိန်တွင် ရီဖူရှင်းသည် ရင်းနှီးသော နတ်အာရုံတစ်ခုကို အာရုံခံမိလိုက်၏။ သူသည် ၎င်းအနောက်သို့ လိုက်သွားလိုက်ရာ သန့်စင်သောသွေးရှိသည့် နဂါး၏နတ်စွမ်းအား ရှိရာ နယ်မြေကို တွေ့လိုက်၏။ ထိုနယ်မြေတွင် သူသည် နဂါးနတ်ဘုရား၏ စွမ်းအားကို ခံစားလိုက်ရပြီး ရှေးဟောင်းနဂါးနတ်ဘုရားကို မြင်လိုက်ရ၏။
သူ၏နတ်အာရုံသည် လောကထဲတွင် ပုံသဏ္ဌာန်ဖြစ်တည်လာ၏။ သူသည် တစ်ဘက်သို့ ကြည့်ကာ မေးလိုက်သည်။
“မင်းသမီး... မင်းသမီးကလည်း ဘာလို့ ဒီထဲကို ရောက်လာရတာလဲ”
သူ စကားပြောလိုက်ချိန်တွင် ဒွန်ဟောင်တိယွမ်၏ပုံရိပ်သည် အခြားတစ်ဘက်တွင် ထွက်ပေါ်လာ၏။
သူမသည် နဂါးနှင့် ဖီးနစ်တို့၏ စွမ်းအားများကို အမွေဆက်ခံခဲ့ရသည်။ ထို့ကြောင့် သူမသည် နတ်ဒီမွန်းပုံချပ်ကို မြင်လိုက်ရသောအခါ အတွင်းသို့ ဝင်၍ နဂါးနှင့် ဖီးနစ်၏ နတ်စွမ်းအားများကို လေ့လာလိုခဲ့သည်။ သို့သော် ရီဖူရှင်းသည် သူမကို တွေ့သွားပေသည်။
“ကောင်းကင်လမ်းစဉ်က ပေးတဲ့ လက်ဆောင်ထဲမှာ ဘယ်သူမဆို ကျင့်ကြံနိုင်တယ်လို့ ရှင်ပဲ ပြောခဲ့တာလေ။ အဲဒါ ဘာပြဿနာရှိလို့လဲ”
ဒွန်ဟောင်တိယွမ် မေးလိုက်သည်။
“ပြီးတော့ ရှင့်ရဲ့ ရီအင်ပါယာနန်းတော်ကလူတွေလည်း နတ်တောင်ကုန်းပေါ်မှာ ကျင့်ကြံနေကြတာပဲမလား”
“မင်းသမီးပြောတာ မှန်ပါတယ်... ကျုပ်က နည်းနည်း အံ့အားသင့်သွားရုံပါ”
ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို ပြုံးစစဖြင့် ကြည့်လိုက်၏။ သူအသံသည် အနည်းငယ် စနောက်သည့်လေသံ ဖြစ်နေသည်။
ဒွန်ဟောင်တိယွမ်သည် ပြန်မပြောတော့ဘဲ ဆက်ကျင့်ကြံနေလိုက်သည်။ ထို့ကြောင့် ရီဖူရှင်း အံ့ဩသွား၏။
ထိုမိန်းမပျိုသည် ယခင်က အလွန် မာနကြီးခဲ့သည်။ ယခုတွင် အဘယ်သို့ ဤမျှ အရှက်မရှိ ဖြစ်လာရသနည်း။
သို့သော် ယခင်က သူမသည် ကျိဝူတောက်၏ ဖိတ်ခေါ်မှုကို ငြင်းခဲ့ပေသည်။ နဂါးကိုးကောင်သန့်စင်ချီသည် ကျိဝူတော်ရှိနေသော ကောင်းကင်နန်းတော်ထက်သို့ ကျဆင်းလာခဲ့သည်။ သို့ရာတွင် သူမ ငြင်းခဲ့သည်။ ကျိဝူတောက်သည် သူမကို ဧကရီ ဖြစ်လာစေလိုနေသည် မဟုတ်ပါလား။ ထို့ကြောင့် ဒွန်ဟောင်တိယွမ်သည် ထိုနေရာသို့ သွားမည်မဟုတ်ပေ။
“အေးအေးဆေးဆေး ကျင့်ကြံပါ”
ရီဖူရှင်းသည် နတ်အာရုံသည် ဒွန်ဟောင်တိယွမ်က သူ့ကို လျစ်လျူရှုလိုက်သည်ကို တွေ့လိုက်သောအခါ ထိုနေရာမှ ထွက်သွားလိုက်လေသည်။
ခေတ္တမျှ ကြာပြီးနောက် ရီဖူရှင်း၏ နတ်အာရုံသည် နတ်ဒီမွန်းပုံချပ်မှ ထွက်လာခဲ့သည်။ သူ ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ကောင်းကင်လမ်းစဉ် ရှိနေသေးကြောင်း သူအာရုံခံနိုင်နေဆဲဖြစ်သည်။ ပြီးခဲ့သော (၂၁)နှစ်အတွင်း၌ ကောင်းကင်လမ်းစဉ်မှနေ၍ နတ်ပစ္စည်းရှစ်ခု ကျလာခဲ့သည်။
နတ်ပစ္စည်းရှစ်ခုသည် တပ်ဖွဲ့ရှစ်ဖွဲ့နှင့် ဆက်စပ်နေသလော။
ကောင်းကင်လမ်းစဉ်သည် တပ်ဖွဲ့ရှစ်ဖွဲ့ကို အသစ်ပြန်လည် ထူထောင်လိုနေခြင်းလော။ ဘုံခုနစ်ခုနှင့် မူလဘုံကို ကောင်းကင်လမ်းစဉ်အောက်တွင် လက်အောက်ခံစေလိုခြင်းလော။
ထိုသို့ ဖြစ်နိုင်ချေရှိသည်။
နတ်ပစ္စည်းများ ထပ်မံ ကျဆင်းလာဦးမည်လော။
ထိုသို့တွေးနေသူမှာ ရီဖူရှင်း တစ်ဦးတည်း မဟုတ်ပေ။ ကောင်းကင်(၉၉)လွှာစလုံးမှ ကျင့်ကြံသူအားလုံး ထိုသို့ တွေးနေကြသည်။ သို့သော် ကျင့်ကြံသူအများစုက ထိုအတွေးမှာ မဖြစ်နိုင်လောက်ဟု ယုံကြည်နေကြသည်။
သူတို့သည် ဤ(၂၁)နှစ်အတွင်း၌ စည်းဝါးမှန်းမိခဲ့ပြီ မဟုတ်ပါလား။ နတ်ပစ္စည်းရှစ်ခုသည် ဘုံရှစ်ခုနှင့် သက်ဆိုင်သဖြင့် နောက်ထပ် နတ်ပစ္စည်းများ ထပ်မရှိလောက်တော့ပေ။
ထို့အပြင် အရှင်ဒွန်ဟောင်၏ အင်ပါယာကံကြမ္မာသည် ဆယ်နှစ်ကြာပြီးနောက်တွင် အဆုံးသတ်မည်လော။
ထိုဆယ်နှစ်အတွင်း ရီဖူရှင်းသည် အင်ပါယာ ဖြစ်လာနိုင်မည်လော။
မည်သူမှ မသိပေ။
အကယ်၍ ရီဖူရှင်းက အင်ပါယာတစ်ပါး ဖြစ်လာလျှင်ပင် သူသည် အရှင်ဒွန်ဟောင်ကို အနိုင်ယူနိုင်ပါမည်လော။
အရှင်ဒွန်ဟောင်သည်လည်း ပါရမီရှင်တစ်ဦးဖြစ်ပြီး သမိုင်းတွင် ပြိုင်ဘက်ကင်းဖြစ်သည်။ သူသည် ဉာဏ်အလင်းပွင့်ခဲ့ပြီး မဟာအင်ပါယာတစ်ပါး ဖြစ်လာကာ ကောင်းကင်ဒေသကို အုပ်စိုးခဲ့သည်။ လူပေါင်း မရေမတွက်နိုင်အောင် သူ့ကို လေးစားရိုကျိုးကြသည်။ သူသည် ခေတ်သစ်တစ်ခေတ်ကို ဖန်တီးခဲ့သည်။ နောက်ဆယ်နှစ်ကြာလျှင် သူ ကောင်းကင်ဒေသကို အုပ်စိုးခဲ့သည်မှာ နှစ်(၅၀၀)ပြည့်သွားမည်ဖြစ်သည်။ သူ အင်ပါယာဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ရီဖူရှင်းသည် ယခုမှ မဟာအင်ပါယာတစ်ပါး ဖြစ်လာမည်ဖြစ်သည်။ သူသည် အရှင်ဒွန်ဟောင်နှင့် တိုက်ခိုက်နိုင်ပါမည်လော။
အချိန်ကသာ အဖြေပေးနိုင်ပေလိမ့်မည်။
လူများစွာသည် အနာဂတ်အတွက် အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။ (၂၁)နှစ်သည် မျက်စိတ်တစ်မှိတ်အတွင်း ကုန်ဆုံးသွားသကဲ့သို့ပင်။ ထို့ကြောင့် ကျန်ရှိနေသေးသော ဆယ်နှစ်သည် ရုတ်ခြည်းအတွင်း အလွန်လျင်မြန်စွာ ကုန်ဆုံးသွားမည်ဖြစ်သည်။
အားလုံးသည် စောင့်ကြည့်နေကြပြီး လောကကြီး၏ ပြောင်းလဲမှုများကို စောင့်နေကြသည်။ ကံကြမ္မာဗုဒ္ဓ၏ ရှေ့ဖြစ်ဟောကိန်းသည် မှန်လာမည်လော။ အရှင်ဒွန်ဟောင်၏ အင်ပါယာကံကြမ္မာ အဆုံးသတ်သွားမည်လော။
***