← Chapters

စမ်းသပ်မှု

Vol. 198 Ch. 2827

စမ်းသပ်မှု

Vol. 198 Ch. 2827

သိမ်းငှက်လေးသည် အလွန်လျင်မြန်စွာ ပျံသန်းနေသော်လည်း ဤဟင်းလင်းပြင်ထဲမှ ပျံမထွက်နိုင်သေးပေ။ သူ၏အတောင်ပံများသည် ကောင်းကင်နှင့် နေလုံးကို ကာရံထားပြီး သူ၏ မျက်လုံးကြီးများသည် အောက်ခြေမဲ့ ဟင်းလင်းပြင်ကို ငေးကြည့်နေလေသည်။

“ဆရာ... ဒါက ဆရာဖန်တီးထားတဲ့ ကောင်းကင်လမ်းစဉ်လား။ ဒါက အပြင်လောက,က ကောင်းကင်ဘုံနဲ့ အဆင့်အတူတူပဲ။ ကျုပ် လမ်းစဉ်အရှိန်အဝါကို အာရုံခံနိုင်တယ်

“သိမ်းငှက်လေး... ငါ မင်းနဲ့ စမ်းသပ်ကြည့်ချင်တယ်။ အဲဒါက နည်းနည်းတော့ အန္တရာယ်ရှိနိုင်တယ်... ဒီတော့ မင်း မလုပ်ချင်ရင်လည်း ကိစ္စမရှိဘူး။ ငါ တခြားတစ်ယောက်ကို ရှာလိုက်မယ်”

ရီဖူရှင်း၏အသံ ဝင်ရောက်လာ၏။ သိမ်းငှက်လေး၏ မျက်လုံးများ အရောင်တောက်ပသွား၏။ သူပြောလိုက်၏။

“ဆရာကလည်း... ကျုပ် သေချာပေါက် လုပ်ချင်တာပေါ့”

သူသည် ထိုသို့ပြောလိုက်ပြီး သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာလေသည်။

“တကယ်လို့ ကျုပ် အောင်မြင်သွားရင် ကျုပ်က ဆရာ့ရဲ့ စကြဝဠာထဲမှာ ပထမဆုံး ဒီမွန်းနတ်ဘုရား ဖြစ်လာမှာမလား”

ဤနေရာသည် စကြဝဠာလောကတစ်ခုဖြစ်ပြီး ကောင်းကင်လမ်းစဉ်တစ်ခုဖြစ်သည်။ ၎င်းသည် အပြင်လောကမှ ကောင်းကင်လမ်းစဉ်နှင့် အဆင့်တူကြောင်း သူခံစားနိုင်နေသည်။ သို့သော် ၎င်းသည် ဆင့်ကဲပြောင်းလဲနေဆဲဖြစ်၏။ အကယ်၍ ၎င်းသာ နောက်ဆုံးအဆင့်သို့ ရောက်သွားပါက ၎င်းသည် ကောင်းကင်လမ်းစဉ် ဖြစ်လာမည်လော။

သို့ဆိုလျှင် သူသည် ဤကောင်းကင်လမ်းစဉ်‌အောက်တွင် ကျင့်ကြံခဲ့သော ပထမဆုံး ဒီမွန်းသားရဲဖြစ်သဖြင့် သူသည် နံပါတ်တစ် ရှေ့ဆောင်လမ်းပြဒီမွန်းဖြစ်လာမည်လော။ ထိုအဆင့်သည် လောကထဲတွင် ကောင်းကင်လမ်းစဉ် ပေါ်လာစဉ်က ပထမဆုံး ကျင့်ကြံခဲ့သော ကျင့်ကြံသူနှင့် တူပေသည်။ သူသည် ဤကဲ့သို့သော အခွင့်အရေးကို လက်လွတ်ခံ၍ မည်သို့ အခြားသူသို့ ပေးလိုက်နိုင်ပါမည်နည်း။

သိမ်းငှက်သခင်သည် ယခင်က ရှေးဟောင်းစာပေများစွာကို မဖတ်ခဲ့ဖူးသော်လည်း သူသည် အကြောင်းအရာများစွာကို ကြားခဲ့ဖူးပေသည်။ သူသည် မတုံးအပေ။

“ကောင်းပြီ...”

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ သူ၏စကြဝဠာသည် ဆင့်ကဲပြောင်းလဲနေဆဲဖြစ်ပြီး တဖြည်းဖြည်း ပြီးပြည့်စုံအောင် လုပ်ယူနေရဆဲဖြစ်သည်။ သူသည် သူ၏ ကောင်းကင်ဘုံမှ အတွေ့အကြုံကို ပေါင်းထည့်၍ ၎င်းကို စမ်းသပ်ကြည့်လိုနေသည်။

ရှေးဟောင်းနတ်ဘုရားခေတ်တွင် ကောင်းကင်လမ်းစဉ်အောက်၌ တပ်ဖွဲ့ရှစ်ဖွဲ့ရှိခဲ့သည်။ ၎င်းတို့သည် ကောင်းကင်လမ်းစဉ်ကို ကိုယ်စားပြုပြီး လောကစည်းမျဉ်းကို အုပ်စိုးခဲ့၏။ ထိုတပ်ဖွဲ့ရှစ်ဖွဲ့သည် ကောင်းကင်လမ်းစဉ် ချီးမြှင့်ခဲ့သော အခွင့်အရေးများကို ရခဲ့ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ကျင့်ကြံခြင်းတွင် ထူးကဲသောပါရမီရှိပါက ကောင်းကင်လမ်းစဉ်အတွက် လောကကြီးကို စီမံပေးရမည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။

မကြာ‌သေးခင်က ကောင်းကင်ဘုံရှိ ကောင်းကင်လမ်းစဉ်သည် နတ်ပစ္စည်းရှစ်ခုကို လက်ဆောင်ပေးခဲ့သည်။ သူသည် ကောင်းကင်လမ်းစဉ်မှ ကျဆင်းလာသည့် နဂါးကိုးကောင်သန့်စင်ချီကိုပင် မြင်ခဲ့ရသည်။ ကျိဝူတောက်သည် နဂါးကိုးကောင်သန့်စင်ချီအောက်တွင် ရပ်ကာ ချီကို စုပ်ယူ၍ သူ၏ ကောင်းကင်အင်ပါယာပုံစံကို တည်ဆောက်ခဲ့သည်။ ဒီဗာအိမ်တော်၏ ကောင်းကင်အင်ပါယာဟောင်းသည်လည်း ထိုကဲ့သို့သော အခွင့်အရေးတစ်ခုကို ရရှိခဲ့ခြင်းလော။

ထိုအရာအားလုံးသည် ရီဖူရှင်းကို သူသည်လည်း သူ၏ကိုယ်ပိုင်”ကောင်းကင်လမ်းစဉ်အသေးစား”ကို တိုးတက်အောင်လုပ်၍ ထိပ်တန်းကျင့်ကြံသူတစ်စုကို ဖန်တီးကာ သူ့ကောင်းကင်လမ်းစဉ်အောက်တွင် လောကစည်းမျဉ်း၏ အုပ်ချုပ်သူများ ဖြစ်လာအောင် လုပ်နိုင်မည်လောဟု တွေးမိသွားစေသည်။

ထို့ကြောင့် သူ ပြန်ရောက်လာပြီးနောက် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ သိမ်းငှက်လေးကို သူ့လောကအား ချက်ချင်း စမ်းကြည့်စေခဲ့ခြင်းဖြစ်သည်။

သိမ်းငှက်လေးသည် သူ၏အတောင်ပံများကို ခတ်၍ အကန့်အသတ်မဲ့ အာကာပြင်ထဲတွင် ပျံသန်းနေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ထဲရှိ မူလစည်းမျဉ်းနတ်စွမ်းအားသည် သိမ်းငှက်လေးပေါ်သို့ ကျဆင်းလာသည်။ ၎င်းသည် ရုတ်ခြည်းအတွင် သိမ်းငှက်လေး၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။ ဧရာမနတ်ငှက်ကြီးသည် နတ်အလင်းအောက်တွင် ရှိနေသည်။ သိမ်းငှက်လေးသည် ပျံသန်းရင်းဖြင့် စည်းမျဉ်းနတ်စွမ်းအားကို လေ့လာနေသည်။ တစ်ချိန်တည်းမှာပင် သူသည် သူသိမြင်နားလည်သွားသော စွမ်းအားကိုလည်း စုပ်ယူနေသည်။

“တော်တော် သက်တောင့်သက်သာ ရှိတာပဲ”

သိမ်းငှက်လေးသည် ထိုစွမ်းအားထဲတွင် ပျော်မြူးနေသည်။ ဤနတ်စွမ်းအားသည် သူ့ဆရာ၏ ကောင်းကင်စည်းမျဉ်းနတ်စွမ်းအားလော။

“ကျုပ်ကို ထပ်ပေးပါဦး”

သိမ်းငှက်လေးသည် မော့ကြည့်ကာ စိတ်လှုပ်တရှားပြောလိုက်၏။

ဖုန်း...ဖုန်း...

ဖောင်း...

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး သိမ်းငှက်လေး၏ တစ်ကိုယ်လုံး ထုံသွားသည်။ သူသည် တုန်ရင်လာပြီး သူ၏ အလွန်စူးရှသော ငှက်မွေးများစွာလည်း ကျွတ်ထွက်လာသည်။ သူ့ခန္ဓာကိုယ်မှနေ၍ မီးကျွမ်းနံ့တစ်ခုကို ရနေ၏။

သို့သော် မကြာခင်မှာပင် လွန်စွာသက်တောင့်သက်သာရှိသည့် နတ်စွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံသွားပြီး သူ့ဒဏ်ရာများကို ကုသပေးလိုက်သည်။ သိမ်းငှက်လေးသည် အသံထွက်၍ ငိုတော့မလိုပင် ဖြစ်သွားခဲ့ပေသည်။

အဘယ်ကြောင့် သူသည် ဤကဲ့သို့ အနိုင်ကျင့်ခံနေရသနည်း။

သူသည် ဤကောင်းကင်လမ်းစဉ်၏ နံပါတ်တစ် နတ်ဒီမွန်းဖြစ်သည်။ သူသည် မည်သို့ အနိုင်ကျင့်ခံနေရသနည်း။

အတော်ကြာပြီးနောက် ရီဖူရှင်း မေးလိုက်သည်။

“မင်း ဘယ်လို ခံစားရလဲ”

“ဒီကောင်းကင်လမ်းစဉ်က ကောင်းကင်ဘုံက ကောင်းကင်လမ်းစဉ်နဲ့ သိပ်မကွာဘူး။ ဆရာ... ကိုက်ညီမှုတချို့ကို ကျုပ် ခံစားရတယ်... ကျုပ် ဒီမှာလည်း ကျင့်ကြံနိုင်တယ်။ ဒါပေမဲ့ ဒီကောင်းကင်လမ်းစဉ်ရဲ့ စည်းမျဉ်းက လိုအပ်ချက်နည်းနည်း ရှိနေသေးတယ်။ ဒီဟာက ကောင်းကင်ဘုံက ကောင်းကင်လမ်းစဉ်လောက် မပြီးပြည့်စုံသေးဘူး”

သိမ်းငှက်လေးသည် သူခံစားရသည်ကို ဆွေးနွေးလိုက်သည်။

“တကယ်ပဲ အဲဒီလိုပဲကိုး...”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ လောကသစ်ပင်သည် ရှေးဟောင်းကောင်းကင်လမ်းစဉ်မှ နတ်ပစ္စည်းတစ်ခု ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ၎င်းနှင့် ကောင်းကင်လမ်းစဉ်သည် ဆပ်နွယ်နေခြင်း ဖြစ်မည်။ ကောင်းကင်ဘုံ၏ ကောင်းကင်လမ်းစဉ်သည်ပင် ရှေးဟောင်းကောင်းကင်လမ်းစဉ်၏ အကြွင်းအကျန်တစ်ခု ဖြစ်နိုင်ပေသည်။

ထိုအချိန်တွင် သိမ်းငှက်လေးအရှေ့၌ ရီဖူရှင်း ထွက်ပေါ်လာ၏။

“ဆရာ...”

သိမ်းငှက်လေး ခေါ်လိုက်သည်။

“ဒါက ဆရာ့ရဲ့ ကောင်းကင်လမ်းစဉ်ပဲ။ ကျုပ် နတ်ဘုရားတစ်ပါး တိုက်ရိုက်ဖြစ်လာပြီး ဒီကောင်းကင်လမ်းစဉ်အောက်က ပထမဆုံး ဒီမွန်းအင်ပါယာဖြစ်လာနိုင်မယ့် နည်းလမ်းလေးတစ်ခုလောက်များ မရှိဘူးလား...”

ရီဖူရှင်းက သူ့ကို တစ်ချက်ကြည့်သည်။ ထိုသိမ်းငှက်သည် အတော်လေး လောဘကြီးပေသည်။ သူသည် မကျင့်ကြံဘဲနှင့် ပထမဆုံး ဒီမွန်းအင်ပါယာ ဖြစ်လာလိုနေသည်။

“စိတ်ကူးက‌‌တော့ ကောင်းတယ်...”

ရီဖူရှင်း ပြောလိုက်၏။

“ဒဏ္ဍာရီတွေက ပြောကြတာတော့ ရှေးခေတ်တုန်းက နတ်ပစ္စည်းတွေနဲ့ နတ်ဘုရားတွေက ကောင်းကင်လမ်းစဉ်နဲ့ အတူတူ မွေးဖွားလာခဲ့ကြတာတဲ့။ ဒါပေမဲ့ မင်းက အပြင်လောက,က သက်ရှိတစ်ယောက်ဆိုတော့  အဲဒီအဆင့်ကို ရောက်ဖို့ ကိုယ့်ဘာသာ ကျင့်ကြံမှရမယ်”

“ဒါပေမဲ့ ဖြတ်လမ်းလေးတွေတော့ ရှိမှာပေါ့ဗျာ... ဟုတ်တယ်မလားဟင်”

သိမ်းငှက်လေးသည် ရီဖူရှင်းကို သနားစဖွယ် မျက်ဝန်းများဖြင့် ကြည့်သည်။ သူတို့သာ မရင်းနှီးလျှင် ရီဖူရှင်းသည် သူ၏သရုပ်ဆောင်မှုကြောင့် အရူးလုပ်ခံရနိုင်ပေသည်။

“ငါ ကြိုးစား ကြည့်နိုင်ပါတယ်”

ရီဖူရှင်း ပြောလိုက်၏။

“ဟုတ်ကဲ့ပါ...”

သိမ်းငှက်လေးသည် ရီဖူရှင်း၏စကားကို ကြားလိုက်ချင်းချင်း မျက်လုံးများ အရောင်တောက်သွားသည်။ သူသည် အနည်းငယ် စိတ်လှုပ်ရှားနေသည်။

သိမ်းငှက်သခင်သည် နတ်ဘုရားတစ်ပါး ဖြစ်လာတော့မည်လော။ ဤကောင်းကင်လမ်းစဉ်၏ ပထမ ဒီမွန်းအင်ပါယာ မွေးဖွားလာ‌တော့မည်လော။

အနာဂတ်တွင် သိမ်းငှက်သခင်သည် နန်းတော်များ မရေမတွက်နိုင်အောင် ရှိလိုပြီး လောကအတွင်းရှိ လှပသော ဒီမွန်းမလေးများအားလုံးကို အုပ်စိုးလိုပေသည်။

ရီဖူရှင်းသည် သူ့ကို စူးစိုက်ကြည့်လိုက်၏။ ထို့နောက် သူပျောက်ကွယ်သွားသည်။ ဟင်းလင်းပြင်ထဲတွင် အရှိန်အဝါတန်းများ စီးဆင်းသွား၏။ ၎င်းအရှိန်အဝါများသည် ဤလောကကို ဖန်တီးခဲ့စဉ်က ကောင်းကင်လမ်းစဉ်အရှိန်အဝါနှင့် ဆင်တူပေသည်။

“ငါ မင်းရဲ့ အသွေးအသားကို ကောင်းကင်စည်းမျဉ်းရဲ့ မူလစွမ်းအားနဲ့ သန့်စင်ပေးပြီး မင်းရဲ့ နတ်ဝိညာဉ်ကို ပုံပြန်သွင်းပေးမယ်။ အဲဒီနည်းနဲ့ မင်းက ဒီကောင်းကင်လမ်းစဉ်နဲ့ ကိုက်ညီမှုရှိလားဆိုတာ မင်းဘာသာ ကြည့်ကြည့်နိုင်တာပေါ့”

ရီဖူရှင်း ပြောလိုက်၏။

“အဲ... မင်း ဒီကောင်းကင်လမ်းစဉ်အောက်မှာ ဉာဏ်အလင်းပွင့်သွားပေမယ့် ဒီကောင်းကင်လမ်းစဉ်က မပြီးပြည့်စုံသေးရင်တော့ မင်းရဲ့ စွမ်းရည်တွေက အပြင်လောကမှာ အကန့်အသတ်နည်းနည်း ရှိသွားလိမ့်မယ်”

အကယ်၍ သူ၏ ကောင်းကင်လမ်းစဉ်သည် တစ်နေ့နေ့တွင် ပြီးပြည့်စုံသွားလျှင် သူသည် အပြင်လောကကို အစားထိုးနိုင်မည်ဖြစ်သည်။ သို့သော် သူ ကောင်းကင်လမ်းစဉ်ကို ပြီးပြည့်စုံအောင် မလုပ်နိုင်ခဲ့လျှင် သူ့ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်လမ်းစဉ်အောက်တွင် ဉာဏ်အလင်းပွင့်ခဲ့သူများသည် အပြင်လောကတွင် အစွမ်းကန့်သတ်ခံနေရဦးမည်ဖြစ်သည်။ သို့သော် ထိုအချက်သည် များစွာ အရေးမကြီးပေ။ ပြင်ပလောကတွင်လည်း ပြီးပြည့်စုံသော ကောင်းကင်လမ်းစဉ်တစ်ခု မရှိချေ။

လက်ရှိ ကောင်းကင်ဘုံရှိ ကောင်းကင်လမ်းစဉ်တစ်စိတ်တစ်ပိုင်းသာ ရှိပေသည်။

သိမ်းငှက်လေး၏ ခန္ဓာကိုယ်ပေါ်သို့ ကောင်းကင်စည်းမျဉ်းစွမ်းအားတန်းများ ကျဆင်းလာသည်။ ရုတ်ခြည်းပင် သိမ်းငှက်လေးသည် ကောင်းကင်စည်းမျဉ်၏ နတ်အလင်းအောက်သို့ ရောက်သွားသည်။ တောက်ပသော အလင်းများသည် ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံထား၏။ သူသည် နတ်အလင်း၏ သန့်စင်ပေးမှုကို ကျေနပ်ခံစားနေပြီး သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ချုပ်တည်းမထားဘဲ သန့်စင်မှုခံယူစေလိုက်သည်။

ရီဖူရှင်းသည် ဖြစ်ပျက်နေသော အရာအားလုံးကို ကြည့်သည်။ ထိုသန့်စင်မှု ပြီးဆုံးသွားသောအခါ သူသည် သိမ်းငှက်လေး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို တိုက်ရိုက် သန့်စင်ပစ်ရန်အတွက် နတ်စွမ်းအားကို အသုံးပြုရန် ကြံရွယ်ထားပြီး ထိုကဲ့သို့‌သော နည်းလမ်းသည် သိမ်းငှက်လေးကို ကျင့်ကြံခြင်းအပေါ် သိမြင်နားလည်စေသွားပြီး ကိုယ်ပိုင်နတ်စွမ်းအားကို ဖန်တီးစေနိုင်မည်လောဟု သူသိလိုနေသည်။

ထိုကျင့်ကြံခြင်း နည်းလမ်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်လမ်းစဉ်က နတ်ပစ္စည်းများကို ချပေးခြင်းထက် ပို၍ အကြမ်းနည်းဆန်၏။ သူသည် ထိပ်သီးတစ်ဦးကို မြန်နိုင်သမျှ မြန်မြန် ဖန်တီးလိုနေသည်။

****

ရီအင်ပါယာနန်းတော်မှ လူများစွာသည် ပြန်ရောက်လာပြီး‌နောက်တွင် စတင် သီးခြား ကျင့်ကြံလိုက်ကြသည်။ ကျင့်ကြံသူတော်တော်များများသည် နတ်ဒီမွန်းပုံချပ်ထဲတွင် လေ့လာ ကျင့်ကြံနေကြသည်။

“နန်းတော်သခင်က ဘာလုပ်နေတာလဲ”

တစ်စုံတစ်ယောက်က စိတ်ဝင်တစား မေးလိုက်သည်။ ဤတစ်ကြိမ်တွင် ရီဖူရှင်းတစ်ယောက် ထူးဆန်းနေသည်။ သူသည် ပြန်ရောက်လာချင်းချင်း မည်သည့် ညွှန်ကြားချက်မှမပေးဘဲ သီးခြား ကျင့်ကြံခဲ့သည်။

“သူ ကောင်းကင်ဘုံမှာ ရှိနေခဲ့တုန်းက အတွေးတချို့ ရှိခဲ့လို့ ဖြစ်မှာပေါ့”

အခြား တစ်စုံတစ်ယောက်က ဖြေလိုက်သည်။ အားလုံး ခေါင်းညိတ်လိုက်၏။ ထိုသို့သာ ဖြစ်နိုင်ခြေရှိပေသည်။

ကံကြမ္မာဗုဒ္ဓ ရှေ့ဖြစ်ဟောထားသော အချိန်နှင့် တဖြည်းဖြည်း နီးကပ်လာပြီ မဟုတ်ပါလား။ အကယ်၍ ထိုသို့သော‌နေ့ရက် အမှန်တကယ် ရောက်လာခဲ့လျှင် မည်သည့်ကိစ္စများ ဖြစ်လာမည်နည်း။

မည်သူမှ မသိပေ။

ကောင်းကင်ဘုံသို့ သွားခဲ့သော ကျင့်ကြံသူများသည် ပြန်ထွက်ခွာလာခဲ့ကြပြီဖြစ်သည်။ သို့သော် များစွာသော ကျင့်ကြံသူသည် ကောင်းကင်ဘုံတွင် ကျင့်ကြံရန်အတွက် နေခဲ့ကြပြီး ကောင်းကင်အင်ပါယာနန်းတော်နှင့် ပူးပေါင်းခဲ့ကြသည်။ ကောင်းကင်ဘုံသည် မဟာအင်ပါယာတစ်ပါး မရှိသေးသော်လည်း တစ်ကြိမ်တည်းဖြင့် ကျင့်ကြံသူအများဆုံး စုဆောင်းနိုင်ခဲ့သော အင်ပါယာအဆင့် အင်အားစုတစ်စု ဖြစ်လာခဲ့ပြီဖြစ်လေသည်။

***

All Chapters