← Chapters

အင်ပါယာကို တိုက်ခိုက်ခြင်း

Vol. 198 Ch. 2830

အင်ပါယာကို တိုက်ခိုက်ခြင်း

Vol. 198 Ch. 2830

ရီဖူရှင်းသည် မဟာအင်ပါယာတစ်ပါး၏ တိုက်ခိုက်မှုကို တားဆီးခဲ့ပေသည်။

လူများစွာသည် ကောင်းကင်ထက်ရှိ ထိုမြင်ကွင်းကို အံ့ဩတကြီး ကြည့်နေကြ၏။ သူတို့သည် ရင်တုန်နေသည်ကို မရပ်နိုင်ဖြစ်နေကြသည်။ အထူးသဖြင့် ချိပ်စည်းကျဆင်းလာသည့် အခိုက်အတန့်တွင် မျက်စိမှိတ်ကာ သေခြင်းကို မျှော်လင့်ချက်မဲ့စွာ စောင့်နေကြသော ကျင့်ကြံသူများသည် ပို၍ပင် ရင်တုန်နေကြသည်။ ယခုတွင် သူတို့၏မျက်လုံးများထဲ၌ အံ့အားသင့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေလေသည်။ သူတို့သည် အမှန်ပင် ထိုမြင်ကွင်းနှင့် လွဲခဲ့ကြပေသည်။

သူတို့သည် ရီဖူရှင်း ထွက်ပေါ်လာကာ ဟောင်ထျန်းနတ်ချိပ်စည်းကို တားဆီးခဲ့သည့် အခိုက်ကို မမြင်လိုက်ကြရချေ။

ရီဖူရှင်းက ကောင်းကင်(၉၉)လွှာထက်တွင် လက်ချောင်းတစ်ချောင်းဖြင့် အင်ပါယာဖြစ်လာမည့်သူတစ်ဦးကို ထိခိုက်စေခဲ့သည်ဟု သူတို့ကြားခဲ့ရသည်။ အင်ပါယာဖြစ်လာမည့်သူများစွာသည် အတူတကွ ပူးပေါင်းခဲ့သည်။ သို့သော် ရီဖူရှင်းသည် သူတို့အားလုံးကို အလွယ်တကူ အနိုင်ယူခဲ့၏။ မည်သူမှ သူ့ကို မတားနိုင်ခဲ့ပေ။ သူသည် မဟာအင်ပါယာများယှဉ်လျှင်သာ ဒုတိယဖြစ်မည့် ကြောက်မက်ဖွယ် စွမ်းရည်များကို ပိုင်ဆိုင်ထားပုံပင်။

သို့သော် မဟာအင်ပါယာအဆင့်အောက်မှ စွမ်းအားအကြီးဆုံးသူသည် မဟာအင်ပါယာအဆင့်အောက်တွင်ပင် ရှိနေပေ‌သေးသည်။

ယနေ့တွင် အရှင်ဟောင်ထျန်း ထွက်ပေါ်လာခဲ့သည်။ သူသည် ပြန်ရှင်သန်လာသော ရှေးဟောင်းအင်ပါယာတစ်ပါး ဖြစ်ပြီး ပြောင်းလဲခြင်း ပြီးဆုံးသွားပြီဖြစ်သော အမှန်တကယ် စွမ်းအားကြီးသည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။ ထို့ကြောင့် ကျင့်ကြံသူအားလုံးသည် မျှော်လင့်ချက်မဲ့မှုကို ခံစားခဲ့ရခြင်းဖြစ်သည်။

ရီဖူရှင်းသည် အင်ပါယာတစ်ပါးကို အနိုင်ယူနိုင်လိမ့်မည်ဟု မည်သူမှ မထင်ပေ။

ရီဖူရှင်းသည် အင်ပါယာအဆင့်အောက်တွင် စွမ်းအားအကြီးဆုံးသူဖြစ်သည်ဟု သူတို့အားလုံး တွေးကြသည်။ သို့သော် မဟာအင်ပါယာများသည် စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်များ ဖြစ်နေဆဲပင်ဖြစ်သည်။ ထိုအရာသည် ကျင့်ကြံသူအားလုံး ယုံကြည်ထားသောအရာဖြစ်သည်။ ထိုယုံကြည်ချက်သည် သူတို့၏စိတ်များထဲတွင် အမြစ်တွယ်နေပေပြီ။

အင်ပါယာခြောက်ပါးသည် လောကကြီးကို အုပ်စိုး၏။ သူတို့သည် လောကထဲရှိ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်များဖြစ်သည်။

သူတို့သည် မဟာအင်ပါယာများဖြစ်ပြီး သူတို့၏ ကိုယ်ပိုင်လောကများကို အုပ်စိုးကြသည်။

အားလုံး၏အမြင်တွင် မဟာအင်ပါယာသည် အထွတ်အထိပ်ကို ကိုယ်စားပြုပြီး ရန်သူမရှိသောသူများဖြစ်သည်။

ထို့ကြောင့် သူတို့သည် ရှေးဟောင်းအင်ပါယာ ပြန်လာပြီး ရီအင်ပါယာနန်းတော်ထက်တွင် ပေါ်လာသောအခါ အမှန်ပင် စိတ်အားငယ်သွားကြခြင်းဖြစ်သည်။ သူတို့တွင် အခွင့်အရေးမရှိတော့ဟု သူတို့ထင်ခဲ့ကြသည်။

သို့သော် ယခုတွင် သူတို့သည် လက်မတင်လေး သေဘေးမှ လွတ်ခဲ့သည်ဟု ခံစားနေကြရလေသည်။ ရီဖူရှင်းသည် တိုက်ခိုက်မှုတစ်ခုကို တားဆီးနိုင်ခဲ့သော်လည်း သူသည် မဟာအင်ပါယာတစ်ပါးကို တိုက်ခိုက်နိုင်နေပြီဟု သတ်မှတ်၍ မရပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် ငွေဖြူရောင်ဆံပင်နှင့်ပုဂ္ဂိုလ်က ကောင်းကင်ကို တွန်းလိုက်သည်ကို မြင်လိုက်သောအခါ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်သွားခဲ့ကြပေသည်။

ရီအင်ပါယာနန်းတော်တွင် အမှန်ပင် ဆန်းကြယ်မှု ဖြစ်ပေါ်လာနိုင်လောက်သည်။

ထိုငွေဖြူရောင်ဆံပင်နှင့် ပုဂ္ဂိုလ်သည် သူတို့၏ ယုံကြည်ရာ၊ သူတို့၏ အားထားရာဖြစ်သည်။

သူသည် အမှန်ပင် မဟာအင်ပါယာကို တိုက်ခိုက်နိုင်လောက်မည်လော။

ရီဖူရှင်း... စစ်နတ်ဘုရား...

အားလုံး၏ ရင်ထဲတွင် သွေးများဆူပွက်လာပြီး အားကောင်းသော ယုံကြည်မှုတစ်ခုအဖြစ် ပြောင်းလဲသွား၏။ အားလုံး၏မျက်လုံးများသည် ရီဖူရှင်းကို ကြည့်နေကြသည်။ သူတို့အားလုံးသည် ဖြစ်လာတော့မည့် ဆန်းကြယ်မှုကို မျှော်လင့်နေကြသည်။

ကောင်းကင်ထက်မှနေ၍ တလက်လက်တောက်ပနေသော အလင်းများ ဖြာကျနေဆဲဖြစ်သည်။ သို့သော် ထိုအာကာပြင်ထဲရှိ ဟောင်ထျန်းကလန်မှ ကျင့်ကြံသူများသည် မလှုပ်မယှက် ရှိနေကြသည်။ သူသည် ဖြစ်ပျက်သွားခဲ့သည့်ကိစ္စကို မယုံနိုင်သေးသကဲ့သို့ပင်။

ရီဖူရှင်းသည် အရှင်ဟောင်ထျန်း၏ တိုက်ခိုက်မှုကို တားဆီးကာ ဟောင်ထျန်းနတ်ချိပ်စည်းကို ဖျက်ဆီးခဲ့သည်လော။

သူတို့သည် ဟောင်ထျန်းနတ်ချိပ်စည်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြတ်ပြတ်သားသား ခံစားနိုင်ခဲ့သည်။ သို့သော် ရီဖူရှင်းသည် ၎င်းကို ဖျက်ဆီးပစ်ခဲ့ပေသည်။

ရီဖူရှင်းသည် မဟာအင်ပါယာဖြစ်လာနိုင်မည့်အဆင့်တွင်သာ ရှိနေခြင်း ဟုတ်ပါသလော။

သူသည် အခွင့်အရေးအချို့ရခဲ့သဖြင့် မဟာအင်ပါယာအဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီလော။

“မရောက်သေးဘူး...”

သူတို့သည် ရီဖူရှင်းနှင့် အလွန်ဝေးကွာနေသော်လည်း ရီဖူရှင်းသည် ယခုအထိ မဟာအင်ပါယာအဆင့်သို့ မရောက်သေးကြောင်း ခံစားနိုင်နေသည်။

သူသည် အင်ပါယာဖြစ်လာနိုင်မည့်အဆင့်တွင်သာ ရှိသေးသော်လည်း အရှင်ဟောင်ထျန်း၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။

အရှင်ဟောင်ထျန်းကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် အောက်ဘက် ကောင်းကင်သို့ ငုံ့ကြည့်လိုက်၏။ သူ၏မျက်လုံးများသည် ရီဖူရှင်းကို စိုက်ကြည့်နေသည်။ ထို့နောက် သူပြောလိုက်၏။

“ရီဖူရှင်း... မင်းက အတိတ်မှာဆိုရင်တောင် ထူးကဲတဲ့သူတစ်ယောက် ဖြစ်နေဦးမှာပဲ။ တကယ်လို့ မင်းသာ မဟာအင်ပါယာတစ်ပါးဖြစ်လာရင် ကောင်းကင်နဲ့ လမ်းစဉ်ကို ဆန့်ကျင်နိုင်မှာပဲ။ မင်းက ဒီမွန်းအရှင်နဲ့ ရှန့်ကျားတို့လို မဟာအင်ပါယာတစ်ပါး ဖြစ်လာလောက်တယ်။ ကံမကောင်းတာက ဒီနေ့ မင်း ငါ့လက်ထဲမှာ သေရတော့မယ်”

ယခင်က ရှေးဟောင်းနတ်ဘုရားကလန်များမှ အင်ပါယာဖြစ်လာမည့်သူများ ပူးပေါင်းကာ ရီဖူရှင်းကို သတ်ရန်အတွက် ရီအင်ပါယာနန်းတော်ကို တိုက်ခိုက်ခဲ့စဉ်၌ သူတို့၏လက်ချက်ဖြင့် သေရခြင်းသည် ရီဖူရှင်း၏ဂုဏ်ဖြစ်လိမ့်မည်ဟု သူတို့ ပြောခဲ့ကြသည်။

အရှင်ဟောင်ထျန်းသည် ထိုသို့ မတွေးတော့ကြောင်း ထင်ရှား၏။

ရီဖူရှင်းကို မသတ်လျှင် မဟာအင်ပါယာတစ်ပါး ဖြစ်လာခြင်းသည်လည်း အဓိပ္ပာယ်မဲ့နေပေလိမ့်မည်။ တစ်နေ့တွင် ရီဖူရှင်းသည် မဟာအင်ပါယာအဆင့်သို့ ရောက်သွားမည်ဖြစ်ပြီး သူ့ကို ခွင့်လွှတ်မည်မဟုတ်ပေ။

ထို့ကြောင့် ရီဖူရှင်းကို သတ်ပစ်ရပေမည်။

ဝုန်း...

မဟာအရှိန်အဝါတစ်ခု ဖိနှိပ် ကျဆင်းလာ၏။ ၎င်းသည် ဟောင်ထျန်းအရှိန်အဝါပင်။ အောက်ဘက်ကောင်းကင်မှ ကျင့်ကြံသူအားလုံးသည် မွန်းကျပ်သွားကြသည်။ သူတို့သည် ဖိအားကို လုံးဝ မခံနိုင်ပေ။

ရီဖူရှင်း၏အတွေး လှုပ်ရှားသွား၏။ ရုတ်ခြည်းပင် လေထဲတွင် နတ်နံရံများစွာ ထွက်ပေါ်လာ၏။ ၎င်းတို့သည် အောက်ဘက်သို့ ပျံဆင်းသွားပြီး ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံလိုက်သည်။

ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့် ကျယ်ပြောသော ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် သူတို့၏ခေါင်းများအထက်တွင် နတ်နံရံများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ ၎င်းတို့သည် ကောင်းကင်နှင့် နေလုံးကို ကာရံထား၏။ နတ်နံရံများသည် နတ်အလင်းတောက်ပေနေပြီး အဝေးနေရာများကိုပါ ကာရံထားပေသည်။ ၎င်းတို့သည် ကောင်းကင်တစ်ခွင်လုံးကို ကာရံထားသည်ဟု ဆိုနိုင်၏။ ၎င်းတို့သည် ကိုယ်ပိုင်လောကများ ဖန်တီးလိုက်သကဲ့သို့ လူများကို အတွင်း၌ ချိပ်ပိတ်ထားလိုက်သည်။

တစ်ချိန်တည်းမှာပင် နတ်အရှိန်အဝါ ကျဆင်းလာသည်။ သို့သော် သူတို့သည် အရှင်ဟောင်ထျန်း၏ နတ်အရှိန်အဝါကို တောင့်ခံရန် မလိုတော့ပေ။

ရီဖူရှင်းသည် သူတို့ကို ကာရံပေးထားသဖြင့် တိုက်ပွဲ၏ သက်ရောက်မှုများကို ခံရတော့မည် မဟုတ်ပေ။

“ကျုပ်တို့ မမြင်ရတော့ဘူး”

လူအချို့က ခပ်တိုးတိုး ရေရွတ်လိုက်ကြသည်။ ထိုအရာသည် အလွန်အန္တရာယ်များသော်လည်း လူများစွာသည် တိုက်ပွဲကို သူတို့၏ မျက်စိများဖြင့် ကိုယ်တိုင်ကြည့်လိုနေကြပေသည်။ သို့သော် ယခုတွင် သူတို့သည် မည်သည့်အရာကိုမှ မမြင်ရတော့ပေ။ ရီဖူရှင်းသည် အာကာပြင်ကို ချိပ်ပိတ်လိုက်ပေပြီ။ သူသည် သူတို့၏လုံခြုံရေးအတွက် တွေးပေးခဲ့ခြင်းဖြစ်သည်။

“နန်းတော်သခင်က မဟာအင်ပါယာတစ်ပါးကို တိုက်ခိုက်နိုင်ပါ့မလား”

တစ်စုံတစ်ယောက်က မေးလိုက်သည်။

“တိုက်နိုင်တာပေါ့...”

လူတစ်ယောက်က ဖြေလိုက်သည်။

“အရင်တုန်းက ကောင်းကင်(၉၉)လွှာက အင်ပါယာဖြစ်လာမယ့်သူတွေ တစ်ချက်တည်းနဲ့ ရှုံးသွားကြတာပဲ။ ဒီတစ်ခေါက်ကျ မဟာအင်ပါယာတစ်ပါး ဖြစ်နေတော့ရော ဘာဖြစ်သေးလဲ။ သူက သေချာပေါက် တိုက်ခိုက်နိုင်မှာပဲ”

ထိုလူသည် သူ့ကိုယ်သူ ပို၍ယုံကြည်မှုပေးနေသည့်အလား တက်ကြွသောအသံဖြင့် ပြောလိုက်၏။ သို့သော် အမှန်တွင် လူအများစုသည် စိုးရိမ်နေဆဲဖြစ်သည်။ ရီဖူရှင်းသည် အရှင်ဟောင်ထျန်းကို တိုက်ခိုက်နိုင်ပါမည်လော။

ယခုတွင် သူတို့သည် ထိုတိုက်ပွဲကို မြင်နိုင်တော့မည် မဟုတ်ပေ။

ရီဖူရှင်းက အပြင်သို့ တစ်လှမ်းလျှောက်လိုက်ပြီး အာကာပြင်ကို တိုက်ရိုက်ဖြတ်သန်းလိုက်ကာ အပြင်ဘက် ကောင်းကင်တွင် ထွက်ပေါ်လာလေသည်။ သူသည် အရှင်ဟောင်ထျန်းရှိနေသည့်နေရာသို့ ရောက်လာ၏။ ဟောင်ထျန်းကလန်မှ စွမ်းအားကြီးကျင့်ကြံသူများအားလုံး နောက်ဆုတ်သွားကြသည်။ သူတို့သည် ရီဖူရှင်းကို ကြောက်ကြသည်။ ထိုအကြောက်တရားသည် အတိတ်မှအရိပ်ဖြစ်သည်။

သူတို့သည် ရီဖူရှင်းကို အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည်။ သို့သော် အကြိမ်တိုင်း ရှုံးနိမ့်ခဲ့သည်ချည်းသာ။ တစ်ကြိမ်ပြီးသွားတိုင်း သူတို့သည် တန်ကြေးနှစ်ဆ ပြန်ပေးခဲ့ရသည်။ ရှေးဟောင်းနတ်ဘုရားကလန်နှစ်ခုသည် ရှင်းထုတ်ခံလိုက်ရပြီဖြစ်သည်။

အရှင်ဟောင်ထျန်းသည် ရီဖူရှင်းကို ကြည့်လိုက်၏။ ရုတ်ခြည်းပင် ဟောင်ထျန်းကလန်မှ ကျင့်ကြံသူအားလုံးသည် ရီဖူရှင်းရှေ့မှ ပျောက်ကွယ်သွားကြသည်။ သို့သော် ရီဖူရှင်းသည် သူတို့ကို အရေးမစိုက်ပေ။

အရှင်ဟောင်ထျန်း၏ ခန္ဓာကိုယ်သည်လည်း ‌ပျောက်ကွယ်သွားသည်။ သို့သော်”ပျောက်ကွယ်သွားသည်”ဟု ဆို၍မရလောက်ပေ။ သူသည် ဤကောင်းကင်နှင့် တစ်သားတည်းဖြစ်သွားသည်ဟု ဆိုရပေမည်။ ဤနေရာရှိ စည်းမျဉ်းသည်လည်း ပြောင်းလဲသွားပုံပေါ်သည်။ သူ ကောင်းကင်ကို ကြည့်သည်။ ကောင်းကင်သည် မပြောင်းလဲဟု ထင်ရသော်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

မဟာလမ်းစဉ် နတ်စက်ကွင်း...

ရီဖူရှင်း တွေးလိုက်သည်။ မဟာအင်ပါယာသည် လမ်းစဉ်ကို ပေါင်းစည်းကာ မဟာလမ်းစဉ်နတ်စက်ကွင်းကို ဖန်တီးခဲ့ပြီဖြစ်သည်။

ယခုတွင် သူ့မျက်လုံးရှေ့ရှိ ကောင်းကင်သည် ယခင်က ကောင်းကင်မဟုတ်တော့ပေ။ ၎င်းသည် အရှင်ဟောင်ထျန်း၏ မဟာလမ်းစဉ်နတ်စက်ကွင်းဖြစ်သည်။

အရှင်ဟောင်ထျန်းသည် ကောင်းကင်ဖြစ်သည်။

ကောင်းကင်ထက် လေထုထဲတွင် မျက်နှာတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် အရှင်ဟောင်ထျန်း၏ မျက်နှာပင်။ ထိုမျက်နှာထွက်ပေါ်လာသောအခါ ကောင်းကင်မှနေ၍ မရေမတွက်နိုင်အောင် များပြားသော နတ်အလင်းတန်းများ ဖြာကျလာသည်။ နတ်အလင်းတန်းများသည် ရီဖူရှင်းထံသို့ တစ်ပြိုင်တည်း ကျဆင်းလာလေသည်။ သူသည် အရှင်ဟောင်ထျန်း၏ နတ်စက်ကွင်းထဲတွင် ပုန်းစရာနေရာ မရှိပေ။

မဟာအင်ပါယာတစ်ပါးသည် မည်မျှ စွမ်းအားကြီးသနည်း။ ရီဖူရှင်းသည် စိတ်ထဲမှ တွေးလိုက်သည်။ သူသည် သူ၏ ကောင်းကင်လမ်းစဉ်အသေးစားက မည်သည့်အဆင့်သို့ ရောက်နေပြီနည်း၊ မဟာအင်ပါယာတစ်ပါးနှင့်ယှဉ်လျှင် မည်သည့်လိုအပ်ချက်များနေသေးသနည်းဟု အမြဲတွေးတောနေခဲ့သည်။

ထို့အပြင် မဟာအင်ပါယာတစ်ပါးည် မည်မျှ စွမ်းအားကြီးသနည်း။

ယနေ့တွင် သူ သိရပေတော့မည်။

ဝုန်း...ဝုန်း...ဝုန်း...

နတ်အလင်းတန်းများ ကျဆင်းလာပြီး ရီဖူရှင်း၏ခန္ဓာကိုယ်ကို ထိမှန်သွားကြသည်။ ရီဖူရှင်းသည် မပုန်းကွယ်လိုက်ပေ။ ကြောက်မက်ဖွယ် နတ်စွမ်းအားသည် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။ သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် အား‌ကောင်းသော နတ်စွမ်းအား စီးဆင်းသွားပြီး ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။

အားကောင်းသော နတ်အလင်းသည် လောကအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။ သို့သော် ၎င်းသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို ဖျက်ဆီးမပစ်နိုင်ပေ။

သူ့ခန္ဓာကိုယ်သည် ရိုးရှင်းသော အသွေးအသားခန္ဓာတစ်ခု မဟုတ်တော့ချေ။

***

All Chapters