နှင်းခဲစန္ဒာမြို့ကိုသိမ်းဖို့ အစီအစဉ်
Vol. 160 Ch. 2227
ဒါတော့မဟုတ်သေးဘူး..
ဘုရင်က လူသားလောကကပဲ.. ရှီယူကလည်း လူသားလောကက.. ဟွာကျင်းက သူမနဲ့ရင်းနှီးပြီး တလေးတစားရှိတယ်၊ သူမက… မိဖုရားကြီးများ ဖြစ်နေမလား။ ဟုန်ယွမ်သည် ရှီမာယူယူကို ငဲ့စောင်းကြည့်လိုက်သည်။ သူမ သည် အချိန်တိုအတွင်းတွင် ဤမျှမြင့်သောအဆင့်ထိတက်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ်” သူသည် ဝန်မခံချင်သော်လည်း ယနေ့တွင် သူမ သည် သူတို့ကိုကယ်တင်ခဲ့သည်။
“မင်းက မိဖုရားရှီမာယူယူလား” ကျီဇဲသည် နောက်ဆုံးတွင် မအောင့်နိုင် တော့ဘဲ မေးလိုက်သည်။
“ဟုတ်တယ် ကျွန်မသရုပ်မှန်ကိုသိရင် အခုလိုမဆက်ဆံတော့မှာစိုးလို့ သရုပ်မှန်ကိုဖုံးကွယ်ထားတာ” ရှီမာယူယူသည် အားတုံ့အားနာဖြင့် ပြောလေ သည်။
အရိုးသားဆုံးပြောရလျှင် သူမသည် ယခုအချိန်တွင်လည်း သရုပ်မှန်မပေါ် ချင်ပေ။ သို့သော် ဟုန်ယွမ်ရှိနေသဖြင့် ဖုံးဖိ၍မရတော့ပေ။
တခြားသူများသည် သူမ၏သရုပ်မှန်ကိုသိပြီးနောက် အလွန်ပင်အံ့အား သင့်ကြသည်။ သူတို့သည် ဝူလင်းယူ၏ ကိစ္စများကိုသိထားကြသဖြင့် သူ နတ်ဆိုးလောကမှ ထွက်သွားသည်မှာလည်း သူမကြောင့်ဖြစ်သည်ကို သိထား ကြသည်။ သူတို့သည် သူမအကြောင်းကို အမြဲတစေသိချင်ခဲ့ကြသည်။ ယခုအခါ သူမကိုသူတို့မျက်လုံးနှင့် ကိုယ်တိုင်မြင်လိုက်ရသဖြင့် သူမကို ထပ်ကြည့်ချင်မိပြန်သည်။
“ဟုန်ယွမ် ကျွန်မ ဒီကိုလာတာကို လင်းယူကိုမပြောဖို့ မျှော်လင့်ပါတယ်” ရှီမာယူယူ တောင်းဆိုလိုက်သည်။
“ဘာလို့လဲ” ဟုန်ယွမ် မေးလိုက်သည်။ တကယ်တော့ သူသည် ဝူလင်းယူ ကို ပြောရန် အစီအစဉ်မရှိပေ။
“ကျွန်မပြောဖို့လိုသေးလို့လား” ရှီမာယူယူသည် သူ့ကိုပြန်မေးလေသည်။ သူမသည် သူ့ကိုတစ်ကြိမ်ပြန်ကြည့်ပြီး ဘာမှမပြောတော့ဘဲ လေထဲသို့ပျံတက် သွားကာ အိပ်မက်လေးကို သွားကြည့်လေသည်။
“သခင်”
“ဒီနေ့ကိစ္စကို သတင်းမထွက်စေနဲ့” ဟုန်ယွမ် အမိန့်ပေးလေသည်။
အားလုံးသည် တုံ့ပြန်ကြသည်။ ထို့နောက် လျန်ယာ၏အော်သံကိုကြား လိုက်ကြရာ ကြည့်လိုက်သည်နှင့် အိပ်မက်လေးသည် လျန်ယာ၏ ရင်ဘတ်ကို လက်ဖြင့်ထိုးဖောက်လိုက်သည်ကို မြင်လိုက်ရသည်။ သူမ လက်ကိုပြန်ရုတ် လိုက်ချိန်တွင် လျန်ယာ၏နှလုံးမှာ သူမလက်ထဲတွင်ပါလာသည်။
“အဲတုန်းက မင်းတို့က ငါ့နှလုံးသားကို အကြိမ်ပေါင်းများစွာ ထိုးဖောက်ခဲ့ ကြတယ်.. ဒီနေ့ မင်းတို့နှလုံးဖောက်ခံလိုက်ရတဲ့ ခံစားချက်ကဘာလဲဆိုတာကို ပေးသိလိုက်မယ်” အိပ်မက်လေးသည် အားထည့်လိုက်သည်နှင့် လျန်ယာ၏ နှလုံးသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားကြလေသည်။
လျန်ယာသည် လေထဲမှကျလာသည်။ သူသည် ယနေ့ ဟုန်ယွမ်ကိုသတ် နိုင်မည်ဟုထင်ထားကာ သူ၏သေနေ့ဖြစ်လိမ့်မည်ဟု ဘယ်သောအခါမှ မမျှော် လင့်ထားပေ။
ထို့ကြောင့် နှလုံးအထုတ်ခံလိုက်ရသည့်ခံစားချက်သည် နာကျင်လှသည်။ အလွန်ပင်နာကျင်သည်။
“ဒီနေ့ မင်း ငါ့ကိုလုပ်ခဲ့တာအတွက် ပြန်ယူတာပဲရှိသေးတယ်.. မင်းတို့ မျိုးနွယ်ဝင်တွေ ငါ့မျိုးနွယ်ကိုလုပ်ခဲ့တာအတွက် အပြည့်အဝပြန်ယူမယ်”
အိပ်မက်လေး၏ အသံသည် သူ့နားထဲတွင် စွဲထင်ကျန်နေသည်။ ဖုံးကွယ် ထားသော အမုန်းတရားသည် နောက်ဆုံးတွင် အသိစိတ်ကိုပျက်ပြားစေသည်။
လျန်ယာ၏သေဆုံးမှုကို အတည်ပြုပြီးသည်နှင့် ရှီမာယူယူသည် အိပ်မက် လေး၏ဘေးသို့ပျံလာလိုက်သည်။ သူမသည် လက်ဆန့်ထုတ်ကာ အိပ်မက် လေး၏ လက်ကိုဆုပ်ကိုင်လိုက်သည်။
“ယူယူ ငါ တကယ်ပဲ သူ့ကိုသတ်လိုက်ပြီ” လျန်ယာကိုသတ်လိုက်ခြင်း သည် သူမ၏ လက်စားချေမည့်လမ်းကြောင်း အစဖြစ်သည်။
“ဒါကအစပဲရှိသေးတယ်.. သူတို့ကို ပြန်ပေးဆပ်ခိုင်းမှာပါ” ရှီမာယူယူ သည် သူမ၏ကျောပြင်ကိုပုတ်ပေးပြီး နူးညံ့စွာပြောလေသည်။ ဟွာကျင်းသည် အိပ်မက်လေးကိုကြည့်ပြီး ဟုန်ယွမ်ကိုပြောလေသည် “သခင်ကြီး အဲဒါက အိပ်မက်နတ်ဆိုးမလား.. သူတို့မျိုးနွယ်က အစကတည်းက အကုန်ရှင်းပစ်ခံ လိုက်ရတာမဟုတ်ဘူးလား သူမကဘာလို့အသက်ရှင်နေတာလဲ”
“အိပ်မက်နတ်ဆိုးမျိုးနွယ်ရဲ့ အငယ်ဆုံးမင်းသမီး.. သူမက မွေးကတည်း က ခန္ဓာကိုယ်ထဲမှာ မသေနိုင်တဲ့ဟာနဲ့မွေးလာတာ.. အဲဒါကြောင့် အိပ်မက် နတ်ဆိုးမျိုးနွယ်က အသတ်ခံလိုက်ရတာပဲ.. သူမက မသေနိုင်လို့ လူသားလော ကရဲ့ ရင်လင်းတိုင်းပြည်မှာ ချုပ်နှောင်ခံခဲ့ရတယ်.. နောက်ကျ သူမကို လူတစ် ယောက်က ကယ်သွားခဲ့တယ်.. သူမက အဲလူရဲ့စာချုပ်သားရဲဖြစ်လာတာတော့ သေချာတယ်”
“အဲဒီတော့ မိဖုရားကြီးက ဘုရင့်အတွက် နတ်ဆိုးလောကကို လာတာ မဟုတ်ဘူးပေါ့”
“ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငါတို့အတွက်တော့ ကောင်းတုန်းပဲ” ကျီဇဲ ပြောလိုက်သည်။
ယခုအချိန်တွင် လျန်ယာသေသွားသဖြင့် နှင်းခဲစန္ဒာမြို့ကို သိမ်းပိုက်ရန် လွယ်ကူသွားပြီဖြစ်သည်။ အထူးသဖြင့် သူမတွင် အားကောင်းသည့် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များရှိနေသဖြင့် နှင်းခဲစန္ဒာမြို့ကိုသိမ်းပိုက်ရန်မှာ ပြဿနာမဟုတ်တော့ပေ။
ဟုန်ယွမ်သည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမကိုမြင်လိုက်ရမှပင် နှင်းခဲစန္ဒာမြို့၏ အပြောင်းအလဲမှာ သူမဖြစ်ကြောင်း သိလိုက်ရသည်။
ရှီမာယူယူသည် အိပ်မက်လေးကိုနှစ်သိမ့်ပေးပြီးနောက် ရှေးဟောင်း တိုက်ပွဲဝိညာဉ်များကိုသိမ်းကာ ပြန်ဆင်းလာပြီးပြောလေသည် “ဒီလိုမျိုး လှုပ်လှုပ်ရှားရှားဖြစ်သွားရင် ဒီနားကလူတွေအာရုံစိုက်လာကြလိမ့်မယ် ဖြစ်နိုင် သလောက်မြန်မြန်သွားကြတာပေါ့ ရှင့်လူတွေခံနိုင်ကြရဲ့လား”
“ပြဿနာမရှိပါဘူး”
သူတို့ ခံနိုင်ရည်မရှိလျှင်လည်း ခံနိုင်ရမည်ဖြစ်သည်။ မဟုတ်လျှင် တခြား လူများ၏ အာရုံသူတို့အပေါ်ရောက်လာလျှင် ပို၍ပြဿနာဖြစ်နိုင်သည်။
ရှီမာယူယူသည်လည်း ထိုအရာကိုမြင်သည်။ ထို့ကြောင့် ဝေးဝေးမသွား တော့ပေ။ သူတို့နောက်သို့ မည်သူမှလိုက်မလာသည်ကို သေချာအောင်လုပ်ပြီး သည်နှင့် နလန်ထူရန် နေရာတစ်ခုရှာလေသည်။
အားလုံးနားနေစဉ်တွင် ကျီဇဲ့သည် ရှီမာယူယူဘေးသို့လာကာ အနည်း ငယ်ရှက်ရွံ့စွာပြောလေသည် “ဖိဖုရားကြီး ကျွန်တော် ရဲတင်းစွာနဲ့ပဲ တောင်းဆို ရမှာရှိပါတယ်”
“နှင်းခဲစန္ဒာမြို့ကိုသိမ်းဖို့အတွက် ငါ့ရဲ့ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေကို သုံးချင်လို့လား” ရှီမာယူယူ ပြောလိုက်သည်။
သူမ တစ်ခါတည်းမှန်းနိုင်လိမ့်မည်ဟု ကျီဇဲမထင်ထားသဖြင့် တဒင်္ဂမျှ မှင်တက်သွားကာ ပြောလေသည် “ဟုတ်ပါတယ်”
“ငါ မင်းကိုကတိမပေးနိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလို့လဲ.. ခင်ဗျားက မိဖုရားမဟုတ်ဘူးလား နှင်းခဲစန္ဒာမြို့က အရှင့် အတွက်အရမ်းအရေးကြီးတယ်.. အရှင့်ရဲ့စိုးရိမ်မှုတွေ ပြေလျော့အောင် မကူညီ ချင်ဘူးလား.. အရှင်က မိဖုရားကြီးအတွက် အများကြီးလုပ်ပေးခဲ့တာ အရှင့် အတွက် တစ်ခုခုပြန်လုပ်ပေးသင့်တယ်လို့ မထင်ဘူးလား” ကျီဇဲသည် စိတ်လှုပ် ရှားလာကာ အသံမှာလည်း အလျင်လိုလာသည် “ကျီဇဲ” သူ ရှီမာယူယူကို ဒေါသထွက်နေသည်ကို ဟွာကျင်းမြင်သောအခါ ငေါက်လိုက်သည်။
“ငါပြောတာမှားလို့လား” ကျီဇဲသည် သူ့ကိုလျစ်လျူရှုပြီး ဆက်ပြောလေ သည် “သူမမှာ ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေ ဒီလောက်အများကြီးရှိတာ.. သူတို့နဲ့ဆို နှင်းခဲစန္ဒာမြို့ကိုသိမ်းဖို့လုံလောက်နေပြီ.. ငါတို့သာ နှင်းခဲစန္ဒာမြို့ကို သိမ်းလိုက်နိုင်ရင်.. သူမမှာလည်း အင်အားရှိလာမှာပဲ.. ဒါပေမဲ့ သူမကမလုပ်ချင် ဘူးလေ.. ဒီလိုမိဖုရားက ဘာလို့ ငါတို့ရဲ့လေးစားမှုနဲ့တန်မှာလဲ”
“မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလို့လဲ”
“နှင်းခဲစန္ဒာမြို့ကို ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေနဲ့ တိုက်ခိုက်လိုက်ရင် ငါဒီကိုရောက်နေတာကို နှစ်ရက်အတွင်းမှာပဲ လင်းယူသိသွားလိမ့်မယ်” ရှီမာယူ ယူ ပြောလိုက်သည် “ဒါက စစ်ပွဲကို သက်ရောက်စေမယ်ဆိုရင် ငါက အပြစ်သား ဖြစ်မသွားပေဘူးလား”
“နှင်းခဲစန္ဒာမြို့က တကယ်အရေးကြီးပါတယ်” ကျီဇဲသည် အလေးအနက် ထားနေသည်။
“ငါသိပါတယ်.. ငါ မသိမ်းဘူးလို့ ပြောနေတာမဟုတ်ဘူး” ကျီဇဲ သူမကို မယုံကြည်သည်ကိုကြည့်ပြီး ရှီမာယူယူ ရှင်းပြလေသည် “ငါပြောချင်တာက နှင်းခဲစန္ဒာမြို့ကို သိမ်းဖို့ ငါက ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေကို မသုံးနိုင်ဘူး ဒါပေမဲ့ တခြားနည်းလမ်းသုံးမယ်”
“တခြားနည်းလမ်းစဉ်းစားမိလို့လား” ဟွာကျင်း မေးလိုက်သည် “နှင်းခဲ စန္ဒာမြို့မှာက နတ်ဆိုးတပ်သားတွေအများကြီးရှိတယ် ပြီးတော့ သူတို့တွေက အားကောင်းကြတယ်.. ကျုပ်တို့မှာကလူမရှိဘူး.. ရှေးဟောင်းတိုက်ပွဲဝိညာဉ် တွေကိုမသုံးရင် နိုင်ဖို့မလွယ်မှာကြောက်တယ်”
“စိတ်မပူပါနဲ့ ဒီမှာရှိတဲ့လူတွေအပြင် လာနေကြတဲ့လူတွေပါပေါင်းလိုက် ရင် လောက်ပါတယ်” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလေသည်။
“နားလည်အောင်ရှင်းပြရင် ပိုကောင်းမယ်” ကျီဇဲသည် စိတ်ပူလက်ရှိပြီး သူမသည် ရှင်းလင်းအောင် ရှင်းမပြသည်ကို ဟွာကျင်းမြင်သောအခါ လွှတ်မပေးသေးပေ။
“တကယ်တော့ ရိုးရှင်းပါတယ်.. ခေါင်းဆောင်တွေက အားအကောင်းဆုံး ပဲ ခေါင်းဆောင်တွေကို ခေါ်ထုတ်လိုက်ရင် တပ်သားတွေကို ကိုင်တယ်ဖို့လွယ် တယ်”
“အဲဒီခေါင်းဆောင်တွေရဲ့အားကလည်း လျန်ယာအောက်မလျော့ကြဘူး”
“သူတို့နဲ့လည်း တိုက်ခိုက်ဖို့အစီအစဉ်မရှိဘူး” ရှီမာယူယူ မျက်တောင် ခတ်လေသည် “ပိုကောင်းတဲ့ နည်းလမ်းတွေရှိနေတာပဲ.. ဘာလို့မတိုက်ခိုက် တာလဲ”
“မင်းပြောတာ.. အဆိပ်လား” ကျီဇဲသည် ပြောရခက်သည့် စစ်သူကြီး မဟုတ်ပေ။ သူသည် မည်သို့တိုက်ခိုက်ရမည်ကို မသိရုံတင်ဖြစ်သည် “ဒီ နည်းလမ်းကို အရင်ကတွေးဖူးတယ် ဒါပေမဲ့ အဲဒါကပြီးပြည့်စုံတဲ့အရာတော့ မဟုတ်ဘူး”
အားအလွန်ကောင်းသောအဆိပ်မရှိလျှင် သူတို့ကို လုံလောက်အောင် အဆိပ်ခတ်နိုင်မည်မဟုတ်ပေ။
“အဲကိစ္စကို စိတ်ပူဖို့မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ရှင်တို့လုပ်ရ မှာက ရှင့်လူတွေကိုခေါ်သွားပြီး အဲလူတွေကိုရှင်းရမယ်.. ပြီးတော့ နှင်းခဲစန္ဒာ မြို့ကိုသွားပြီး ဟုန်ယွမ်နဲ့အတူ ထိန်းချုပ်ရမယ်.. ကျွန်မက အစပိုင်းကိုပဲ တာဝန်ယူပေးမှာ.. နောက်ပိုင်းကျ ဝင်မပါတော့ဘူး”
သူ့နာမည်ကို တိုက်ရိုက်ပြောလိုက်သည်ကို ဟုန်ယွမ်ကြားသောအခါ မျက်ခုံးပင့်လိုက်သည်။ သို့သော် နောက်ဆုံးတွင် သူ ဘာမှမပြောတော့ပေ။
နှစ်ရက်ကြာအနားယူပြီးနောက် သူတို့ဒဏ်ရာများပြန်သက်သာလာချိန် တွင် သူတို့သည် နှင်းခဲစန္ဒာမြို့သို့ ချက်ချင်းပြန်ကြလေသည်။ ထိုအချိန်မှာ နှင်းခဲစန္ဒာမြို့သည် လျန်ယာ၏သေဆုံးမှုကြောင့် ပျာယာခတ်နေချိန်ဖြစ်သည်။
***