← Chapters

ထိတ်လန့်ခြင်း

Vol. 160 Ch. 2228

ထိတ်လန့်ခြင်း

Vol. 160 Ch. 2228

လျန်ယာ၏ အသက်ကျောက်စိမ်းမှာ ကွဲသွားသည်။ ဤသတင်းသည် နတ်ဆိုးကောင်းကင်ဝံပုလွေမျိုးနွယ်ဆီသို့ ရက်အနည်းငယ်ကြာပြီးမှ ရောက် လာသည်။ နှင်းခဲစန္ဒာမြို့မှလူများသည် နိုးနိုးကြားကြားဖြစ်သွားကြသည်။ လျန်ယာဘယ်လိုသေသွားတာလဲ။ သူက လူတွေခေါ်ပြီး မြို့အပြင်သွားကြတာ မလား။ နောက်နှစ်ရက်နေရင် ရန်သူရဲ့ခေါင်းနဲ့အတူ ပြန်လာမယ်ဆိုပြီး ပြော သွားပြီးမှ ဘယ်လိုလုပ်သေသွားတာလဲ။

မြို့စားအိမ်တော်မှလူအများအပြားသည် အတည်ပြုရန်သွားကြသည်။ အတည်ပြုသတင်းကြားလိုက်ရချိန်တွင် သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ ယုံလိုက်ရတော့သည်။

“ငါတို့တွေ ဖြစ်နိုင်သလောက် မြန်မြန် မြို့စားအသစ်ရွေးရတော့မယ်.. နှင်းခဲစန္ဒာမြို့ကိုတော့ မြို့စားမရှိလို့ ကျရှုံးသွားတာမျိုးအဖြစ်မခံနိုင်ဘူး” တချို့ လူများသည် အကြံပြုကြသည်။

“ဒီကိစ္စကို ဘုရင်ကြီးကို အရင်သတင်းပို့ရဦးမယ်.. ဘုရင်ကြီးဆုံးဖြတ်ပါ စေ.. ဒါပေမဲ့ အရင်ဆုံးကိုယ်စားလှယ်ရွေးရဦးမယ်”

“အခုချိန်မှာ ငါတို့လုပ်နိုင်တာဒါပဲရှိတယ်”

ထို့ကြောင့် သူတို့သည် မြို့ထဲရှိ ထိပ်တန်းအဆင့်လူများအားလုံးကို ရှေ့သို့ ခေါ်ထုတ်ခဲ့သည်။ မြို့ထဲတွင် နောက်ဆုံးတစ်ခေါက် တိုက်ပွဲဖြစ်စဉ်က လူများ ပြည့်ကျပ်နေခဲ့သည်။

သို့သော် မြို့ဝန်ကိုယ်စားလှယ်ရွေးမယ့် သတင်းမှာပြန့်သွားသည်နှင့် တပြိုင်နက် ဟုန်ယွမ်သည် လူများကိုခေါ်ကာ နှင်းခဲစန္ဒာမြို့သို့လာတိုက်ခိုက် သည့်သတင်းပါ ပြန့်သွားလေသည်။

“လာပြန်ပြီလား သူတို့က တိုက်ခိုက်ဖို့ ဘာလို့ဒီအချိန်ကိုရွေးတာလဲ”

“မြို့စားသေသွားတာကိုသိလို့ ဒီအချိန်ကိုတိုက်ဖို့ရွေးတာဖြစ်မှာ ကြောက် တယ်.. ဟူး.. ဒီမှာဘယ်သူမှမရှိတော့ဘူးလို့ တကယ်ပဲထင်နေတာလား” အကြီး အကဲတစ်ယောက်သည် အေးစက်စွာနှာမှုတ်လေသည် “ကာကွယ်ရေးအစီ အရင်ကို ဖွင့်လိုက်တော့ သူတို့နဲ့သွားတွေ့ကြမယ်” ထိုအကြီးအကဲသည် မြို့စား ကိုယ်စားလှယ်ဖြစ်ကာ ဤနေရာရှိအားလုံးထဲတွင် အားအမြင့်ဆုံးဖြစ်သည်။ သူ ပြောလိုက်ချိန်တွင် မည်သူမှ မဆန့်ကျင်ရဲပေ။ ထို့ကြောင့် သူတို့အားလုံးသည် တိုက်ခိုက်ရန် သူ့နောက်သို့လိုက်ခဲ့ကြသည်။

သူတို့၏အနောက်တွင် အရေအတွက်များပြားလှသော နတ်ဆိုးတပ်ဖွဲ့နှင့် မြို့အပေါ်ရှိ ကောင်းကင်အထက်သို့သွားကြသည်။ အရေအတွက်ကို အကဲဖြတ် ကြည့်ရာ သူတို့သည် ဟုန်ယွမ်ထက်ပင် လူပိုများသည်။

ကာကွယ်ရေးအစီအရင်စတင်လိုက်ပြီဖြစ်ရာ မြို့ထဲမှလူများသည် စစ်ပွဲ သက်ရောက်မည်ကို မကြောက်တော့ဘဲ ကြည့်ရန် လမ်းပေါ်သို့ စိတ်လှုပ်ရှား စွာထွက်လာခဲ့ကြလေသည်။

ကျီဇဲသည် တလက်လက်တောက်နေသည့် ကာကွယ်ရေးအစီအရင်ကို ကြည့်ပြီး ရှီမာယူယူအား တိုးညင်းစွာမေးလိုက်သည် “ကာကွယ်ရေးအစီအရင် ကို မိဖုရားဖျက်ဆီးလိုက်ပြီလို့ ပြောခဲ့တာမဟုတ်ဘူးလား.. မိဖုရားညွှန်ကြား တဲ့အတိုင်း လုပ်ပြီးသွားပြီ သူတို့တွေ့သွားကြမှာလား”

“ဒီကာကွယ်ရေးအစီအရင်က အရင်ကလောက် အားမကောင်းတော့တာ ကို မတွေ့ဘူးလား” ရှီမာယူယူသည် ပြုံးပြီးပြောလေသည် “ကျွန်မတို့က ပွဲကြည့်ရုံပဲ.. ကာကွယ်ရေးအစီအရင်ပျက်သွားပြီဆိုပြီး အစောကြီးကတည်းက အသိပေးလိုက်ရင် သူတို့ကိုနှိုးဆော်သလိုဖြစ်မှာမဟုတ်ဘူးလား.. ကာကွယ်ရေး အစီအရင်ကိုတိုက်ခိုက်ရင် ဒါနဲ့မတူတော့ဘူးဆိုတာ သိရလိမ့်မယ်”

ကျီဇဲသည် ယုံရခက်နေသည်။ သူသည် ကာကွယ်ရေးအစီအရင်တွင် မည်သည့်ထူးခြားချက်မှမရှိပေ။

“အဲလူတွေက အဆိပ်မိတဲ့ပုံတော့မပေါက်ပါဘူး” ဘာကျားဇီသည် ရှီမာ ယူယူဘေးတွင်ရပ်ပြီး မေးလေသည်။

သူမနှင့် ဟွာရှုံတို့သည် ရှီမာယူယူဆီမှသတင်းရသည်နှင့် မြို့ထဲမှထွက်ခဲ့ လိုက်ကြသည်။ သိပ်မကြာခင်တွင် နှင်းခဲစန္ဒာမြို့သည် ရှုပ်ထွေးသွားတော့ သည်။

“ခဏနေရင် သက်ရောက်မှုရှိလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

ဘာမှပြောစရာမကျန်တော့ပေ။ ဟုန်ယွမ်သည် စကားများသူမဟုတ်ပေ။ ထို့ကြောင့် သူလက်ဝှေ့ယမ်းလိုက်သည်နှင့် သူ့နောက်မှလူများသည် တိုက်ခိုက် ကြလေသည်။

ဘာကျားဇီနှင့် ဟွာရှုံတို့သည် အနည်းငယ်ပူပန်နေသည်။ သို့သော် ရှီမာ ယူယူ၏ တည်ငြိမ်သောအသွင်အပြင်ကိုမြင်သောအခါ သူတို့၏မအေးနိုင်သော စိတ်များ ငြိမ်သွားတော့သည်။

သူတို့သည် သူမကိုယုံကြည်သည်။ ပြဿနာမရှိနိုင်ဟု သူမ ပြောလျှင် ပြဿနာမရှိနိုင်ပေ။

မကြာမီတွင် တစ်စုံတစ်ရာမှားယွင်းနေသည်ကို သူတို့သိလိုက်သည်။ တစ်ဖက်မှလူများ မှားယွင်းနေခြင်းမဟုတ်ဘဲ သူတို့ဘက်မှလူများ ထူးဆန်းနေ ခြင်းဖြစ်သည်။ အရင်ကဆိုလျှင် သူတို့သည် အားတက်သရော်တိုက်ခိုက်ကြ သည်။ ဒီနေ့မှာဘာလို့ ရှောင်နေကြတာလဲ။ သူတို့သည် တိုက်ခိုက်နေပုံမပေါ် ကြပေ။

သို့သော် သူတို့ သံသယများမဖော်ပြခင်မှာပင် ပြိုင်ဘက်များသည် ရုတ်တရက် တစ်ယောက်ပြီးတစ်ယောက်လဲကျသွားသည်ကို မြင်လိုက်ရသည်။

“ဘာတွေဖြစ်နေကြတာလဲ” တစ်ယောက်ပြီးတစ်ယောက် မြေပေါ်တွင် အကြောသေသွားကြသည်။ သူတို့သည် ဝိညာဉ်စွမ်းအင်ကို ရွှေ့ပြောင်းရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်မှာ လုံးဝလှုပ်မရတော့သည်ကို တွေ့လိုက်ရ၏။

ထိုအဘိုးကြီးကြောင့်သာမဟုတ်လျှင် နတ်ဆိုးတပ်သားများအားလုံးသည် လေထဲမှမြေပေါ်သို့ကျသွားမည်။

ထိုအခြင်းအရာကိုမြင်သောအခါ ဟုန်ယွမ်၏ဘက်မှလူများသည် အံ့ဩ ကုန်ကြသည်။ ရှီမာယူယူမှ ပြိုင်ဘက်ကို အဆိပ်ခတ်လိုက်သည်ကို သူတို့ သိကြသော်လည်း အဆိပ်မိသည့်သက်ရောက်မှုသည် ဤမျှကောင်းလိမ့်မည်ဟု ထင်မထားပေ။

“မင်းက အရမ်းတော်တာပါလား.. သူတို့တွေ တကယ်အဆိပ်မိသွားကြ တာပဲ.. ရှီမာယူယူ မင်းရဲ့အဆိပ်က အရမ်းအားကောင်းတာပဲ” ဘာကျားဇီသည် တအံ့တဩ အော်လေသည်။

ဟုန်ယွမ်သည် ရှီမာယူယူအားကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများ အရောင်တောက်နေကြလေသည်။

အရင်က အဆိပ်သုံးရန် မတွေးဖူးခြင်းမဟုတ်ပေ။ သို့သော် သူတို့သည် ဤမျှအားကောင်းသောအဆိပ်ကို မလေ့လာဖူးကြပေ။ အများဆုံးမှ ထိုအောက် ဆွဲများကို ပစ်မှတ်ထားရုံလောက်သာဖြစ်သည်။ ပြီးနောက် ပြိုင်ဘက်သည် အလွန်သတိကြီးသည်။ ထို့ကြောင့် သူတို့ကိုအဆိပ်ခတ်ရန်မှာ အလွန်ခက်ခဲ သည်။ သူမသည် ဤမျှအားကောင်းသည့် အဆိပ်ကိုဖော်စပ်နိုင်ရုံသာမက အားလုံးကို အဆိပ်ခတ်နိုင်ခဲ့သည်။

“ယူယူ ဘယ်လိုလုပ်လိုက်တာလဲ သူတို့တွေက ခုနလေးတင် အကောင်း ကြီးပါ” ဟွာရှုံသည် အားလုံး၏စိတ်ထဲမှမေးခွန်းကိုမေးလိုက်သည်။

“ဒီအဆိပ်ကို အခုမှခတ်လိုက်တာမဟုတ်ဘူး.. ကျွန်မ နှင်းခဲစန္ဒာမြို့ကို ရောက်ကတည်းက နတ်ဆိုးတပ်သားတွေကို အဆိပ်ခတ်လိုက်တာ.. သူတို့တွေ က သတိလက်လွတ်နဲ့ဆိုတော့ အဆိပ်ခတ်ဖို့လွယ်တယ်.. အဲလူတွေကိုတော့ မြို့စားကိုယ်စားလှယ်ရွေးဖို့ လူစုနေကြတုန်း အဆိပ်ခတ်လိုက်တာ” ရှီမာယူယူ ပြောလေသည် “ဝိညာဉ်စွမ်းအင်မသုံးသရွေ့တော့ အဆိပ်က သက်ရောက်မှုရှိ မှာမဟုတ်ဘူး.. သူတို့တွေက ခုနက ဝိညာဉ်စွမ်းအင်လုံးလိုက်တော့ အဆိပ်က လည်း သက်ရောက်မှုပြတော့တာပေါ့.. အခု သူတို့တွေက ဝိညာဉ်စွမ်းအင်သုံး မရတော့ အားလည်းမရှိတော့ဘူး.. ဘယ်လိုလုပ်မလဲဆိုတာ ရှင်တို့ပေါ်မှာပဲ မူတည်သွားပြီ”

သူမသည် ဤအချိန်ထိသာ တာဝန်ယူမည်ဟု ပြောထားခဲ့သည်။ နောက်ပိုင်းကိစ္စများကို သူမ ဖြေရှင်းတော့မည်မဟုတ်ပေ။ ယခု သူမသည် ကတိပေးထားသည့်အတိုင်း လုပ်ပြီးဖြစ်ရာ တခြားကိစ္စများတွင် ဝင်မစွက်ဖက် တော့ပေ။

ကျီဇဲသည် အလွန်ပျော်ရွှင်သွားသည်။ ရှီမာယူယူသည် လေကြီးသည်ဟု သာ သူထင်ထားခဲ့သည်။ သူမ မည်မျှပင်အားကောင်းပါစေ ယနေ့ပြင်းထန် သည့် တိုက်ပွဲဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ လုပ်ငန်းစဉ်မှာ ဤမျှလွယ်ကူ လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။

“လူကြီးမင်း ဒီလူတွေကို ဘယ်လိုလုပ်လိုက်ရမလဲ”

“သတ်လိုက်” ဟုန်ယွမ် ပြောလိုက်သည်။ ထိုလူများ၏ အင်အားသည် အတော်ကောင်းသည်။ သူတို့ကိုထားလျှင် ဘေးမကင်းနိုင်ပေ။ သူတို့ပြန် ကောင်းလာလျှင် ထပ်ပြီးပြိုင်ဘက်ဖြစ်နိုင်သည်။ သတ်လိုက်သည်က ပိုကောင်း သည်။

ကျီဇဲသည်လည်း ထိုသို့တွေးသည်။ သူသည် အမိန့်ရသည်နှင့် လူခေါ်ကာ သူတို့အားလုံးကို သတ်လိုက်လေသည်။

မြို့ထဲမှလူများသည် ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ လုံးဝပင် မှင်တက်သွားကြသည်။ သို့သော် သူတို့သည် ပျာမသွားကြပေ။ သူတို့တွင် ကာကွယ်ရေးအစီအရင်ရှိသေးသည်။ ကာကွယ်ရေးအစီအရင်သည် အလွန်ပင် အားကောင်းကာ တပ်ကူရောက်လာသည်အထိ စောင့်နိုင်ရန်သေချာသည်။

ကံမကောင်းစွာပင် ကာကွယ်‌ရေးအစီအရင်သည် သူတို့ကို မကာကွယ်နိုင် သေးခင်မှာပင် ပြိုလဲသွားသည်။ တရားခံမှာ ဟုန်ယွမ်၏ တိုက်ခိုက်မှုအောက် တွင် နှစ်မိနစ်ပင်မခံလိုက်ပေ။

ကာကွယ်ရေးအစီအရင်တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကိုမြင် သောအခါ မြို့ထဲမှလူများသည် မှင်တက်ကုန်ကြသည်။

ကာကွယ်ရေးအစီအရင်က ဘာလို့ဒီလောက်တောင် အားနည်းနေတာ လဲ။

အထဲမှနတ်ဆိုးတပ်သားများသည် ရှီမာယူယူ၏ အဆိပ်မိနေကြသည်။ ထို့အပြင် သူတို့၏အားကော်ငးသောခေါင်းဆောင်များလည်း အသတ်ခံလိုက်ရ သည်။ အောက်ဆွဲတွေက ခုခံဖို့ တခြားဘာလုပ်နိုင်ဦးမှာလဲ။ နောက်ဆက်တွဲမှာ သဘာဝကျကျပင် ဟုန်ယွမ်တို့သည် နှင်းခဲစန္ဒာမြို့ကို ချောချောမွေ့မွေ့ပင် သိမ်းပိုက်လိုက်သည်။

သူတို့ကို နှစ်ပေါင်းများစွာခေါင်းကိုက်စေသည့် နှင်းခဲစန္ဒာမြို့သည် ဤ အတိုင်းပင် ကျရှုံးသွားလေပြီ။ သူတို့၏ အသေအပျောက်သည် ပြီးခဲ့သည့် တိုက်ပွဲများထက် ဆယ်ဆနည်းသည်။ ထိုသတင်းသည် လူအများ၏စိတ်ကို လှုံ့ဆော်ပေးပြီး မိုလော့ကိုဆန့်ကျင်သူများကို တက်ကြွစေသည်။ ရှီမာယူယူ သည် မြို့ထဲသို့ဝင်ပြီးနောက် ဘာမှမလုပ်ပေ။ သူမလုပ်သည်မှာ ကာကွယ်ရေး အစီအရင်ကို ပြန်စီမံပြီး ကျီဇဲသည် အသစ်တစ်ခုဆောက်လုပ်ကာ အရင်ထက် ပိုသန်မာအောင်လုပ်သည်။

အရင်ကဆိုလျှင် မိုလော့၏လူများကို ကာကွယ်ပေးခြင်းဖြစ်ကာ ယခု အချိန်တွင် သူတို့လူများကို ကာကွယ်ပေးခြင်းဖြစ်သည်။

သူမ တည်းခိုဆောင်သို့ပြန်ပြီးနောက် ဟုန်ယွမ် စောင့်နေသည်ကို တွေ့ လိုက်ရသည်။

“မင်းလုပ်တာကောင်းတယ်” ဟုန်ယွမ် ပြောလိုက်သည် “ပြီးခဲ့တဲ့နှစ်တွေ မှာ မင်းရဲ့တိုးတက်မှုက အံ့ဩစရာကောင်းလောက်အောင်ပါပဲ”

“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ပြုံးလိုက်သည်။

“နှင်းခဲစန္ဒာမြို့သတင်း ပို့ပြီးသွားပြီ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက် သည်ကို ဟုန်ယွမ်မြင်ပြီး ဆက်ပြောလေသည် “စိတ်မပူပါနဲ့ မင်းအကြောင်းကို တော့ မပို့ပါဘူး.. အရှင်ကဘာမှမသိသေးဘူး.. ဒါပေမဲ့ သူ့ကိုဘယ်တော့သွား တွေ့မှာလဲ”

***

All Chapters