← Chapters

နှင်းခဲစန္ဒာမြို့ကို ဘယ်လိုလုပ် သူမ တစ်ယောက်တည်း အောင်နိုင်တာလဲ

Vol. 160 Ch. 2229

နှင်းခဲစန္ဒာမြို့ကို ဘယ်လိုလုပ် သူမ တစ်ယောက်တည်း အောင်နိုင်တာလဲ

Vol. 160 Ch. 2229

သူမ လင်းယူကို ဘယ်တော့သွားရှာမှာလဲ။

သူတို့သည် မတွေ့ရသည်မှာ ၂ နှစ်ကြာပြီဖြစ်ရာ ဖြစ်နိုင်မျှမြန်မြန် ဝူလင်း ယူကိုသွားရှာချင်သည်။ အစောပိုင်းတွင် သူမသည် အိပ်မက်လေး၏ လက်စား ချေမှုကို ကူညီချင်သေးသည်။ ထို့နောက် နောက်ပိုင်းတွင် နှင်းခဲစန္ဒာမြို့၏ အခြေအနေကို သိခဲ့ရသည်။ ယခု နှင်းခဲစန္ဒာမြို့ကို သိမ်းလိုက်ပြီဖြစ်ရာ သူ့ကို သွားတွေ့ချင်နေပြီဖြစ်သည်။

“ဒီကကာကွယ်ရေးအစီအရင်ကို အဆုံးသတ်ပြီးတာနဲ့ သွားဖို့စီစဉ်ထား တယ်” သူသာ ဤနေရာတွင်မရှိလျှင် သူမထွက်သွားပြီးလောက်ပြီဖြစ်သည်။

“ကျုပ် မင်းကိုခေါ်သွားပေးမယ်” ဟုန်ယွမ် ပြောလေသည်။

ရှီမာယူယူသည် အနည်းငယ် အံ့ဩသွားသည်။ သူ သူမကိုလာရှာရခြင်း မှာ တခြားကိစ္စရှိ၍ဟုထင်ထားသော်လည်း သူမကို ထိုနေရာထိခေါ်သွားပေး ချင်လိမ့်မည်ဟု ထင်မထားပေ။

“မလိုပါဘူး အဲဒီကိုကျွန်မဘာသာပဲသွားပါ့မယ်” သူမသည် ပုလ္လင်ငယ်ဖြင့် ထိုနေရာသို့သွားချင်သည်။ ထိုမှသာ တခြားလူများကို အနှောင့်အယှက်မဖြစ် မည်ပင်။

သူမ မည်သို့တွေးနေသည်ကို ဟုန်ယွမ်မသိပေ။ သို့သော် သူ ဝေဝေဝါးဝါး ပြောလိုက်သည် “သူ့ကို အသိမပေးချင်ဘူးဆိုရင် ကျုပ်မပါဘဲ အရှင့်ကိုတွေ့လို့ မရဘူး”

ယခုအချိန်တွင် ဝူလင်းယူသည် ဘုရင်တစ်ပါးဖြစ်ကာ သူ့ဘေးတွင် အစောင့်အကြပ်များဝိုင်းဝိုင်းလည်နေသည်။ သူ့ဘေးသို့ရောက်ရန်မှာ အနည်း ငယ်အခက်တွေ့မည်။

“ဒါပေမဲ့ ရှင်က ဒီမှာမနေဘူးလား”

“ဟွာကျင်းနဲ့ ကျီဇဲတို့ရှိရင် အဆင်ပြေပါတယ်” ဟုန်ယွမ်သည် ဘုန်းတော် ကြီးဖြစ်ကာ မြို့စားဖြစ်ရန် ဤနေရာသို့လာခြင်းမဟုတ်ပေ။ ယခု ဤနေရာမှာ တည်ငြိမ်သွားသဖြင့် သူရှိနေရန်မလိုတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ ပြန်သွားချိန်တွင် ဤနေရာသို့စောင့်ကြပ်ရန် လူပိုလွှတ်နိုင်သည်။

သူ ထိုသို့ပြောလာသဖြင့် သူမသည် သူနှင့်အတူ သွားရတော့မည်။ တစ် ချိန်တည်းမှာပင် သူမသည် သူ့ကိုကာကွယ်ရမည်။ မည်သို့ပင်ဖြစ်စေကာမူ သူ သည် ဝူလင်းယူဘက်မှ အရေးပါသည့်လူဖြစ်နေသည်။

ဘာကျားဇီနှင့် ဟွာရှုံတို့လည်း အတူပြန်ရမည်။ သူတို့ ပြန်ရသည်မှာ လည်း ပြန်ချင်၍ကြောင့် မဟုတ်ဘဲ သူတို့၏ကိစ္စများကို မျိုးနွယ်မှသိသွား သဖြင့် ခေါင်းဆောင်များသည် အပြစ်ပေးရန် ပြန်လာခိုင်းခြင်းကြောင့်ဖြစ် သည်။

ဘာကျားဇီသည် လုံးဝမှမကြောက်ပေ။ ထို့အပြင် သူမသည် ရှီမာယူယူ နောက်လိုက်လျှင် အပြစ်ဒဏ်ခံရမည်မဟုတ်ပေ။

လတစ်ဝက်ကြာပြီးနောက် ရှီမာယူယူသည် ဟုန်ယွမ်နောက်လိုက်ကာ ဝူလင်းယူ၏ စစ်စခန်းချုပ်ရှိသည့် မြို့တော်သို့သွားလေသည်။

ကြီးမားပြီး ခမ်းနားသည့် နန်းတော်ရှေ့တွင် သူမရပ်လိုက်ချိန်တွင် ဝူလင်း ယူသည် ဤကမ္ဘာကြီး၏ ဘုရင်ဖြစ်နေပြီဟု ရှီမာယူယူ ခံစားလိုက်ရသည်။

ဟုန်ယွမ်သည် သူမကို ပင်မခန်းမဆီသို့ခေါ်သွားသည်။ အစောင့်များ သည် ဟုန်ယွမ်ကိုမြင်သောအခါ တလေးတစားအရိုအသေပြုကြသည်။ အားလုံးသည် သူနှင့်အတူခေါ်လာသော အမျိုးသမီး၏ သရုပ်မှန်ကိုသိချင်ကြ သည်။

ပင်မခန်းမထဲတွင် ဝူလင်းယူသည် လက်ရှိအခြေအနေများကို ဆွေးနွေး ရင်းမှ ရုတ်တရက်ဆိုသလို မျက်ခွံပင့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှာ အပြုံး အဖြစ်ကွေးတက်သွားပြီး သူရပ်နေသည့်နေရာမှ မပြောမဆိုပျောက်သွားသဖြင့် ခန်းမထဲမှလူများအားလုံး ထိတ်လန့်သွားကြသည်။

ရှီမာယူယူသည် သူရောက်လာသည်ကိုခံစားမိပြီး သူမရှေ့တွင် သူ ရုတ်တရက် ပေါ်လာသည်နှင့် ပြုံးပြလိုက်သည် “လင်းယူ ကျွန်မရောက်ပြီ”

ဝူလင်းယူသည် သူမရောက်လာလိမ့်မည်ဟု ထင်မထားပေ။ သူသည် ရှေ့တိုးပြီး သူမကိုပွေ့ဖက်လိုက်သည် “မလာနဲ့လို့ ပြောခဲ့တယ်မလား ဘာလို့ ကိုယ့်စကားကိုနားမထောင်တာလဲ”

ရှီမာယူယူသည် သူ့ကိုပြန်ပွေ့ဖက်ပြီး ကျောပြင်ကိုပွတ်သပ်ပေးကာ ပြော လိုက်သည် “ကျွန်မ ရှင့်ကိုလွမ်းလို့လာတာလေ”

အရင်က ကိစ္စများစွာဖြစ်ပျက်သည်နှင့် သူသည် သူမကိုအမြဲတစေလာရှာ ခဲ့သည်။ ယခု သူမ သူ့ဆီသို့သွားရန် အလှည့်ရောက်ပြီဖြစ်သည်။

အနောက်မှထွက်လာသူများသည် ထိုမြင်ကွင်းကိုမြင်သောအခါ အံ့အား သင့်ကုန်ကြသည်။ သို့သော် သူတို့သည် ရှီမာယူယူ၏ တည်ရှိမှုကိုသိကြသည်။ ထိုစဉ်က ဝူလင်းယူသည် သူ၏ခန္ဓာကိုယ်ကို လက်လျော့ကာ တစ္ဆေလောကသို့ သွားပြီး သူမကိုရှာခဲ့သည်။ ထို့ကြောင့် သူမအကြောင်းကို မည်သူမသိဘဲနေ မည်နည်း။

သူမအပြင် ဝူလင်းယူကို ဤကဲ့သို့ မည်သူမှမဆက်ဆံပေ။

ထိုမိန်းကလေးသည် နတ်ဆိုးလောကသို့ရောက်လာပြီး သူတို့၏ဘုရင်ကို လာရှာခဲ့သည်။ အားလုံး၏အတွေးများသည် အချိန်ကြာအောင် တောင်တောင် အီအီဖြစ်နေကြသည်။

မိဖုရားအနေနှင့် လူသားတစ်ယောက်ကို သူတို့အသိအမှတ်မပြုလိုကြ ပေ။ ထိုစဉ်က သူမသည် လူသားလောကတွင်ရှိနေသဖြင့် သူတို့သည် မသိဟန် ပြုခဲ့ကြသည်။ ယခု သူမဤနေရာသို့ရောက်နေပြီဖြစ်သဖြင့် မည်သည့်စိတ်ဖြင့် သူမနှင့်ရင်ဆိုင်ရမည်ကို မသိကြတော့ပေ။

ဝူလင်းယူသည် သူမကိုလွှတ်ပြီး သူမ၏လက်ကိုဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူသည် ပင်မခန်းမဆီသို့လျှောက်သွားပြီး မေးလိုက်သည် “ဘာလို့ ဟုန်ယွမ်နဲ့အတူပြန်လာတာလဲ”

“ကျွန်မက နှင်းခဲစန္ဒာမြို့ကနေလာတာ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားလိုက်သည်နှင့် သူမဆိုလိုသည့်အဓိပ္ပာယ်ကို ဝူလင်းယူ နားလည်သွားသဖြင့် ပြုံးလိုက်သည် “ကိုယ်တို့တွေ ဒီလောက်အကြာကြီး ပြဿနာတစ်ခုလို ဖြစ်နေတဲ့ နှင်းခဲစန္ဒာမြို့ကို ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး သိမ်းနိုင်လိုက်တာလဲဆိုတာကို အခုလေးတင်ပြောနေကြတာ.. ဒါပေမဲ့ မင်း ကိုယ့်ကိုပြောလိုက်တာမဟုတ်ဘူး”

“ရှင့်ကိုပြောလိုက်ရင် ကျွန်မဒီရောက်တဲ့ထိစောင့်မှာလား.. ကျွန်မ ရောက်ရောက်ချင်းကို မိုလော့ကရှင့်ကိုတိုက်ခိုက်ဖို့အတွက် တပ်စုသန်းချီလွှတ် လိုက်တယ်ဆိုတဲ့ သတင်းကြားတယ်” ရှီမယူယူသည် သူ့ကိုကောင်းစွာ နားလည်သည်။ ထို့ကြောင့်ပင် ယခုအချိန်ထိ ပုန်းနေခြင်းဖြစ်သည် “ပြီးတော့ ကျွန်မက အိပ်မက်လေးလက်စားချေဖို့အတွက် နှင်းခဲစန္ဒာမြို့ကိုသွားချင်တာ”

စစ်သူကြီးနှင့် ခေါင်းဆောင်အုပ်စုလိုက်သည် ပင်မခန်းမထဲသို့ သူတို့ နောက်မှလိုက်ဝင်ကာ သူ သူမကိုပုလ္လင်ပေါ်ထိုင်စေသည်ကို ကြည့်နေကြ၏။ သူတို့သည် ပြောချင်သည့်စကားများကို အောင့်အီးထားရသည်။

ဟုန်ယွမ်သည် လက်အောက်ငယ်သား ထိုင်ခုံတွင်သွားထိုင်ပြီးပြောလိုက် သည် “အရှင် ကျုပ်တို့တွေ နှင်းခဲစန္ဒာမြို့ကိုသိမ်းလိုက်ပြီဆိုတော့ အဲဒီဘက်ကို လူထပ်လွှတ်ဖို့လိုနေတယ်.. မိုလော့က အလွယ်တကူလက်လျော့မှာမဟုတ်ဘူး ထပ်လွှတ်ပြီးတိုက်ခိုက်လိမ့်မယ်”

“ငါတို့တွေ ဒီကိစ္စကိုဆွေးနွေးပြီး ဘယ်သူ့ကိုပို့မလဲဆိုတာ ဆုံးဖြတ်ပြီး သွားပြီ” ဝူလင်းယူ ပြောလေသည်။

ယခုအချိန်တွင် စစ်ပွဲဖြစ်နေရာ အားလုံးသည် စစ်ထွက်ချင်နေကြပြီး မြို့ ကိုကာကွယ်ရန် မနေခဲ့ချင်ကြပေ။

အတန်ကြာဆွေးနွေးပြီးနောက် နှင်းခဲစန္ဒာမြို့ကို မည်သူသွားရမည်ကို ဆုံးဖြတ်ပြီးလေသည်။ သွားရမည့်စစ်သူကြီးသည် သူ့အမိန့်ကိုလက်ခံပြီးသည် နှင့် ထွက်သွားပြီး စီမံလေသည်။

ရှီမာယူယူသည် ဝင်မနှောင့်ယှက်ဘဲ သူ့ဘေးတွင် တိတ်ဆိတ်စွာထိုင်နေ သည်။ တကယ်တော့ ထိုလူများအကြောင်းကို သူမ အနည်းငယ်သိသည်။ အရင်က သူတို့ စကားပြောချိန်တွင် ဝူလင်းယူသည် သူတို့အကြောင်း ပြောဖူး သည်။ သို့သော် သူမသည် ဝင်မစွက်ဖက်ပေ “အရှင် မြို့သိမ်းလိုက်ပြီဆိုတဲ့ သတင်းကို ပြန်ပို့တာတောဟုတ်ပါပြီ ဒါပေမဲ့ ဘယ်လိုလုပ်လိုက်လဲဆိုတာ ကျွန်မတို့တွေမသိသေးဘူး” လူတစ်ယောက်သည် နောက်ဆုံးတွင် ပြောလာ သည်။

ဟုန်ယါမ်သည် ထိုမေးခွန်းမေးသည့်လူကိုကြည့်လိုက်သည်။ ထိုလူသည် အမျိုးသမီးစစ်သူကြီး သုံးဦးထဲမှတစ်ဦးဖြစ်သည့် နတ်ဆိုးမြေခွေးမျိုးနွယ်၏ ခေါင်းဆောင် လန်ယင်ဖြစ်သည်။ သူမမျက်လုံးထဲမှ နောက်မဆုတ်မည့် အကြည့်များကိုမြင်သည်နှင့် သူမ၏အတွေးကိုသိသည်။

“နှင်းခဲစန္ဒာမြို့ကို ငါတို့သိမ်းလိုက်တာမဟုတ်ဘူး အကုန်လုံးက မိဖုရားရဲ့ ကျေးဇူးတွေပါ” သူသည် တိုးညင်းစွာပင်ပြောလိုက်သည်။

“နှင်းခဲစန္ဒာမြို့ကို မိဖုရားကြီးတစ်ယောက်တည်း သိမ်းခဲ့တာလို့ ပြော လိုက်တာလား.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” လန်ယင်သည် မယုံနိုင်သလို သူမ၏ သံသယများကိုလည်း မဖုံးကွယ်နိုင်ပေ။

ဝူလင်းယူသည် တစ်စုံတစ်ရာပြောမည်အပြုတွင် ရှီမာယူယူ တားလိုက် သည်။ သူမသည် သူ့ကိုခေါင်းခါပြပြီး ဘာမှမပြောရန် ပြောလိုက်သည်။ “ဘာလို့ မဖြစ်နိုင်ရမှာလဲ” ဟုန်ယွမ် မေးလေသည်။

“နှင်းခဲစန္ဒာမြို့ကို သိမ်းနိုင်ဖို့ ဘယ်လောက်ခက်လဲဆိုတာ အကုန်လုံးသိ နေတာပဲ.. အဲဒါကို သူမကတစ်ယောက်တည်း ဘယ်လိုလုပ်နိုင်မှာလဲ” လန်ယင် ၏ စကားများသည် ရှီမာယူယူကို ရှုတ်ချမှုများပြည့်နှက်နေသည်။

တကယ်တော့ သူမတင် ထိုသို့တွေးခြင်းမဟုတ်ပေ။ အားလုံးလည်း ထိုသို့ တွေးကြသည်။ သို့သော် ဘာမှမပြောကြရုံသာဖြစ်သည်။

“အိုး.. မင်းမျက်လုံးနဲ့ မြင်ရတာမှမဟုတ်တာ ဘယ်လိုသေချာနေတာလဲ”

“မိဖုရားက လူသားတစ်ယောက်ပဲ နတ်ဆိုးလောကမှာ သူမကိုယ်သူမ ကာကွယ်ဖို့တောင်ခက်မှာ.. နှင်းခဲစန္ဒာမြို့ကို တစ်ယောက်တည်း သိမ်းတယ်တဲ့ လား”

“လန်ယာကို ဘယ်သူသတ်လိုက်တာလဲသိလား”

“မိဖုရားသတ်လိုက်တာလို့တော့ မပြောနဲ့နော်” လန်ယင်သည် ထိုသို့ ပြောလိုက်သော်လည်း မယုံပေ။

“နှင်းခဲစန္ဒာမြို့ကို ငွေကြေးအသက်သာဆုံးနဲ့ ဘာလို့သိမ်းလိုက်နိုင်လဲသိ လား”

“ကျွန်မတို့တကယ်သိချင်လို့လေ မဟုတ်ရင် ရှင့်ကိုမေးတောင်မမေးဘူး”

“လန်ယာကိုသတ်လိုက်တဲ့လူက မိဖုရားရဲ့စာချုပ်သားရဲပဲ” ဟုန်ယွမ် ပြောလိုက်သည် “ပြီးတော့ ငါတို့တွေ နှင်းခဲစန္ဒာမြို့ကို သိမ်းနိုင်တာကလည်း မိဖုရားက သူတို့စစ်သူကြီးတွေကို အဆိပ်ခတ်နိုင်လို့ပဲ.. ငါတို့မြို့ထဲဝင်လို့ရ အောင် ကာကွယ်ရေးအစီအရင်ကို ဖျက်ပေးတာလည်း မိဖုရားပဲ”

“မိဖုရားက စစ်သူကြီးတွေကို အဆိပ်ခတ်တယ်ဟုတ်လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ဒီကမ္ဘာမှာ သူတို့ကို သက်ရောက်စေတဲ့ အဆိပ်ဆိုတာမှမရှိတာ”

“မင်းမလုပ်နိုင်တာနဲ့ သူများတွေ မလုပ်နိုင်ဘူးလို့ မဆိုလိုဘူးလေ” ဟုန်ယွမ်သည် သူမကိုစိုက်ကြည့်လေသည်။ မနာလိုတတ်သည့် မိန်းကလေး များသည် အကျည်းတန်သည်။ ဆန့်ကျင်ဘက်အားဖြင့် သူ အရင်က အထင်သေးခဲ့သည့် မိန်းကလေးသည် ယခုအချိန်တွင် မျက်စိအေးစရာဖြစ်နေ သည်။

လန်ယင်သည် တစ်စုံတစ်ရာပြောလိုက်ချင်သော်လည်း ဘေးနားမှလူများ က ဝိုင်းတားကြလေသည်။ ထိုစကားများကို တခြားသူများထံမှ ထွက်လာပါက ယုံကြည်နိုင်မည်မဟုတ်ပေ။ သို့သော် သခင်ကြီး၏စကားကို မည်သူမယုံဘဲ နေ ဝံ့မည်နည်း။

***

All Chapters