ကျွန်မနိုင်ရင် နေမယ်
Vol. 160 Ch. 2230
ထိုလူများထွက်သွားပြီးနောက် ဝူလင်းယူသည် သူမကို အိပ်ခန်းသို့ခေါ် သွားလေသည်။ သူ့မျက်နှာမှာ တစ်လျှောက်လုံး သုန်မှုန်နေကာ လုံးဝမပျော်ရွှင် ပေ။
သူ၏အိပ်ခန်းသို့ရောက်သည်နှင့် ရှီမာယူယူသည် သူ့ခါးကိုသိုင်းဖက်ကာ သူ့ရင်ခွင်ထဲတိုးဝင်ကာ နှစ်သိမ့်ပေးလေသည် “ကဲပါ စိတ်မဆိုးနဲ့တော့”
“ကိုယ့်ကိုဘာလို့ စောစောမပြောတာလဲ” ဝူလင်းယူသည် သူမ၏ ကျိုးနွံ နေသောပုံစံကို ကြည့်လေသည်။ သူ့အသံသည် အနည်းငယ်အက်ကွဲနေသော် လည်း ဝမ်းနည်းပုံပေါက်အောင် အတတ်နိုင်ဆုံးကြိုးစားဆဲဖြစ်သည်။
“ရှင် ကျွန်မကိုကာကွယ်ချင်တာသိပါတယ်.. ဒါပေမဲ့ သူမကလည်း ရှင့်ရဲ့ စစ်သူကြီးပဲလေ.. ရှင့်အတွက် သူတို့ကအလုပ်လုပ်ပေးနေတာ အဲဒါကို ကျွန်မ ကြောင့် သူတို့ကိုငေါက်လိုက်တာ.. အဲဒါကလက်အောက်ကစစ်သူကြီးတွေ မကျေမနပ်ဖြစ်အောင် လုပ်လိုက်တာပဲ” ရှီမာယူယူသည် သူ့ရင်ဘတ်ကို နူးညံ့ စွာပြုတ်လေသည်။ သူမသည် သူ့အင်္ကျီကိုထိကိုင်ခြင်းဖြစ်သော်လည်း သူ့ ခံစားချက်မှာ သည်းမခံနိုင်လောက်အောင်ဖြစ်လေသည်။
“ကိုယ့်မိန်းကလေး.. မင်းကိုကာကွယ်ဖို့ အရည်အချင်းတောင်မရှိရင် ကိုယ်…”
“ကျွန်မ သိပါတယ်.. ရှင့်အတွေးတွေကိုလည်း သိတယ်” ရှီမာယူယူသည် သူ့ကို စကားဖြတ်ပြောလိုက်သည် “ရှင် သူတို့ကိုအသုံးလိုနေတုန်းပဲလေ အဲဒါ ကြောင့် ပြဿနာနည်းလေးကောင်းလေပဲ.. ပြီးတော့ အဲဒီမိန်းကလေးစစ်သူ ကြီးကို ကျွန်မဂရုမစိုက်ပါဘူး.. ကျွန်မက အကုန်လုံး ဘယ်လိုခံစားလဲဆိုတာကို ပဲ ဂရုစိုက်တယ်”
စစ်သူကြီးတစ်ယောက်တည်းဆိုလျှင် သူမနှင့်မဆိုင်ပေ။ သို့သော် သူ သည် တခြားစစ်သူကြီးများရှေ့တွင် သူမကိုငေါက်ငမ်းခဲ့ရာ သေချာပေါက် မကျေမနပ်ဖြစ်မည်ဖြစ်သည်။ ထို့အပြင် သူတို့သည် အတူတကွတိုက်ပွဲဝင်ခဲ့ကြ ကာ တစ်ဖက်တွင်တော့ လူသားလောကမှ မိဖုရားဖြစ်နေသည်။ သဘာဝကျကျ ပင် သူတို့နှင့်ပိုရင်းနှီးသူ၊ သူတို့နှင့် တစ်လောကတည်းသားသာလျှင် သူတို့၏ စိတ်ထဲတွင် အမြင့်တစ်နေရာတွင် နေရာယူထားသည်။
“ပြီးတော့ သူတို့ကို အတင်းအကြပ်ပြီးအပြစ်တင်လိုက်လို့ ကျွန်မကို လက်ခံချင်ရင် ပိုပြီးတော့တောင် လက်မခံဦးမယ်.. ကျွန်မက အရည်အချင်း မပြည့်ဝတာလည်းမဟုတ်ဘူး.. အဲကိစ္စတွေကို လိုက်စိတ်ပူဖို့မလိုပါဘူး ကျွန်မ ဘာသာပဲဖြေရှင်းနိုင်ပါတယ်” ရှီမာယူယူသည် သူ့ကိုစိတ်မပူစေလိုပေ။
သူမ မလာခင်က သူသည် ပြင်းထန်သည့်ဖိအားများအောက်တွင် ရှိနေ သည်ကို သိထားနှင့်ပြီးသားဖြစ်သည်။ သူ့ကိုမြင်လိုက်ပြီးနောက် သူ့မျက်လုံးထဲ မှ ပင်ပန်းမှုများကိုမြင်တွေ့လိုက်ရသောအခါ အချိန်အတော်ကြာအနားမယူရ သေးသည်ကို သိလိုက်သည်။ သူမသည် သူ့အတွက် ရင်များနာကျင်မိသည်။ ထိုကိစ္စများကို စိတ်ပူသည်ကို သူမ မလိုလားပေ။
“ရှင် အနားယူထားတာ ဘယ်လောက်ကြာပြီလဲ” သူမသည် သူ့ကို အိပ်ရာ ပေါ်သို့ ဖိတွန်းလိုက်သည်။ သူသည် သူမကိုဆွဲလိုက်ရာ သူမပါသူ့အပေါ်ကျ သွားလေသည်။
“ကိုယ်လုံးဝအနားမယူတာ တစ်လလောက်တော့ဖြစ်မယ်” တစ်စုံတစ် ယောက်၏လက်များသည် စတင်လှုပ်ရှားတော့သည်။
“အကြာကြီးပဲ” ရှီမာယူယူသည် သူ့လက်ကိုပုတ်ချပြီးနောက် အသက် ရှည်ဆေးထုတ်ကာ သူ့ပါးစပ်ထဲထည့်လိုက်လေသည်။ “အရင်ဆုံး နည်းနည်း လောက်အိပ်လိုက်ဦး အခုအခြေအနေက ဘယ်လောက်ပဲခက်ခဲနေပါစေ ခဏ လောက်အိပ်လိုက်တာနဲ့ ဘာမှကွာမသွားဘူး”
“စိတ်မပူနဲ့ ကိုယ်မနားရရင်တောင် စွမ်းအားအပြည့်ရှိတုန်းပဲ”
“ဘယ်သူ့ကို ပြောနေတာလဲ ဟင်…”
ခွဲခွာခြင်းသည် သူတို့၏ နှလုံးသားများကို ပို၍ကြီးထွားလာစေသည်။ ထို့ အပြင် သူတို့သည် ၂ နှစ်ကြာအောင် ခွဲနေခဲ့ရသည်။ သူတို့၏မီးနှင့် ဆန္ဒပြင်းပြမှု များသည် နောက်နေ့မနက်ထိတောက်လောင်ကြသည်။ နောက်မှ သူမ၏ အကြပ်ကိုင်မှုအောက်တွင် သူသည် သူမ၏ရင်ခွင်ထဲတွင် အိပ်ပျော်သွားလေ သည်။
ရှီမာယူယူသည် သူ့ကို ရင်ခွင်ထဲတွင် ချုပ်ထားသည်။ သူ့မျက်လုံးအောက် မှ ညိုမည်းနေသောမျက်ကွင်းများကို ကြည့်ပြီး လက်ဆန့်ထုတ်ကာ ထိတွေ့ လိုက်တော့သည်။
ဤလူကြီးသည် နတ်ဆိုးလောကတွင် အကုန်အဆင်ပြေနေကာ စိတ်မပူ ရန်အမြဲပြောနေသော်လည်း သူ့ကိုယ်သူ ပင်ပန်းအောင်လုပ်ခဲ့သည်။
သူမသည် စိတ်ထဲတွင်သက်ပြင်းချပြီးနောက် သူ့ရင်ခွင်ထဲတွင် သက်တောင့်သက်သာဖြစ်ရန် နေရာယူပြီး သူနှင့်အတူ အိပ်ပျော်သွားလေ၏။ ဝူလင်းယူသည် နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့သည်။ သို့သော် သူမ လှုပ်လိုက် သည့်အချိန်တွင် သူမကိုတင်းကြပ်စွာ အလိုလိုဖက်ပြီး သူမ၏ဆံနွယ်များကို အသာနမ်းရှိုက်လေသည်။
ရှီမာယူယူ ရောက်လာပြီးနောက် ဝူလင်းယူသည် တစ်နေကုန်ပေါ်မလာ တော့ပေ။ ထိုအရာသည် စစ်သူကြီးများကို ပူဆွေးသွားစေသည်။ အခု အခြေအနေက ဘယ်လောက်ဘေးကျပ်နံကျပ်ထဲရောက်နေလဲဆိုတာ မိဖုရား က မသိဘူးလား။ သူမက ဒီလိုလုပ်ထွက်တယ်။
ဒေါသထွက်နေသည့် စစ်သူကြီးများသည် ဝူလင်းယူကိုမကြည့်ရဲသော ကြောင့် ဘုန်းတော်ကြီးကိုသာ ကြည့်လေသည်။ ဘုန်းတော်ကြီးသည် ထိုကဲ့သို့ အရာများကို သဘောမကျဆုံးဖြစ်သည်ကို သူတို့သိကြသည်။
ဟုန်ယွမ်သည် သူတို့ကို စောင်းကြည့်ရုံသာကြည့်လေသည် “အရှင် မနား ရတာ ဘယ်လောက်ကြာပြီလဲ မင်းတို့သိကြလား”
စစ်သူကြီးများသည် အံ့ဩကုန်ကြသည်။
“အရှင် နောက်ဆုံးနားခဲ့တာက လွန်ခဲ့တဲ့ ၁ နှစ်နဲ့ ၁ လကပဲ” ဟုန်ယွမ် သည် သူတို့၏တုံ့ပြန်ချက်ကိုပင် မစောင့်တော့ပေ “မင်းတို့က အရှင့်ကို အနားယူဖို့ အမြဲအကြံပေးနေတာလေ အဲဒါကို ဘာလို့အခုမှ စောဒကလာတက် နေတာလဲ”
စစ်သူကြီးအချို့သည် ဟုန်ယွမ်၏ စကားများကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။ အရှင်သည် လူသားတစ်ယောက်ကြောင့် အချိန်ကြာမြင့်စွာ အနားယူခဲ့သည်ကိုသာ တွေးခဲ့ကြပြီး အရှင်ပင်ပန်းနေသည်ကိုတော့ သူတို့ မသိ ခဲ့ကြပေ။
ထိုအချိန်တွင် ရှီမာယူယူ ရောက်လာသည်။ သူမသည် ဝိညာဉ်အတား အဆီးစီမံလိုက်ရာ သူမရောက်လာသည်နှင့် အားလုံးသိလိုက်ကြသည် “ရှင်တို့ က ကျွန်မကိုမလေးစားဘူးဆိုတာ သိပါတယ်.. ကျွန်မက လူသားတစ်ယောက် ဖြစ်နေလို့.. လင်းယူရဲ့ဘေးမှာရပ်ဖို့ မထိုက်တန်ဘူးပေါ့” ရှီမာယူယူ ပြောလိုက် သည် “အခု ရှင်တို့ကို အခွင့်အရေးပေးမယ်.. ကျွန်မကိုနိုင်တဲ့သူရှိရင် ကျွန်မ လူသားလောကကိုပြန်ပြီး ဒီကိုပြန်မလာတော့ဘူး ရှင်တို့မျက်စိဆံပင်မွေးမစူး စေရဘူး”
ဟုန်ယွမ်သည် မျက်ခုံးများကို ပင့်လိုက်သည်။ ဒီမိန်းကလေးက တကယ် ပဲ ဒီလိုကိစ္စမျိုးလုပ်တယ်ပေါ့။
“ဟုတ်ပြီ မင်းပြောတာနော်”
“ဒါပြလေ.. ဒါပေမဲ့ ရှင်တို့ဘယ်နည်းလမ်းပဲသုံးသုံး ကိစ္စမရှိဘူး အဲဒါ ကြောင့် ကျွန်မဘာနည်းလမ်းသုံးသုံးလက်ခံရမယ်”
“အဲဒါကဖြစ်နိုင်လို့လား”
“ဘာလို့မဖြစ်နိုင်ရမှာလဲ” ရှီမာယူယူ ပြန်မေးလေသည် “ကျွန်မ အံ့ဖွယ် လက်နက်သုံးရင်လည်းကိစ္စမရှိသလို အဆိပ်အစီအရင်သုံးလည်းကိစ္စမရှိဘူး.. ကျွန်မရှင်တို့ကို နိုင်ရင် အဲဒါကကျွန်မစွမ်းအားပဲလေ.. နှင်းခဲစန္ဒာမြို့ကိုသိမ်းဖို့ အတွက် အဆိပ်သုံးလိုက်လည်း မြို့ကိုတကယ်ရသွားတာပဲမဟုတ်ဘူးလား”
စစ်သူကြီးများသည် သူမ၏စကားများကြောင့် ဆွံ့အသွားကြသည်။ သူမ ပြောသည်မှာမှန်သည်။ ထိုအရာကိုထည့်မတွက်၍မရပေ။ သေချာပေါက် မရပေ။
“ဒါဆိုလည်း မိဖုရားရဲ့အားကို စမ်းကြည့်တာပေါ့” လန်ယင် အရင်ထရပ် လေသည် “နောက်မှ မိဖုရားကို ထိခိုက်အောင်လုပ်မိရင် ခွင့်လွှတ်ပါ”
ရှီမာယူယူသည် သူမ၏အင်အားကို ဖုံးကွယ်ထားသည်။ ထို့ကြောင့် သူမ ၏ စွမ်းအားကို သူတို့မသိရပေ။ သို့သော် သူမသည် ငယ်ရွယ်သေးကာ အသက် ၂၀၀ စွန်းစွန်းသာရှိသေးသည်ကို သိကြသည်။ ထို့ကြောင့် သူမအင်အားသည် မမြင့်နိုင်ပေ။ သူမသာ တခြားနည်းလမ်းများကို သုံးချင်လျှင် သူတို့ သူမကို အနိုင်ကျင့်သည်ဟု ပြောခွင့်ပေးထားလိုက်မည်။ ရှီမာယူယူ ခေါင်းညိတ်လိုက် သည် “လာလေ”
သူတို့နှစ်ယောက်သည် လေထဲသို့တက်သွားကြလေသည်။ တိုက်ပွဲ၏ သက်ရောက်မှုကိုရှောင်ရှားရန် ဟုန်ယွမ်သည် နန်းတော်၏ ကာကွယ်ရေး အစီအရင်ကိုဖွင့်လိုက်သည်။
“ရှင်က မိဖုရားပဲ ပြီးတော့ ငယ်လည်းငယ်တယ် ရှင့်ကို နှစ်ကွက် အကြော ပေးလိုက်မယ်” လန်ယင် ပြောလေသည်.
“မလိုပါဘူး” ရှီမာယူယူသည် သူမ၏ကိုယ်ပိုင်အားကို ထုတ်ပြေလေ၏။ သူမ၏ အဆင့်မြင့်အထွဋ်အားသည် သူတို့ကို မျက်တောင်ခတ်သွားစေသည်။
“ဘယ်လို.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မိဖုရားသည် အမှန်တကယ်ပင် အဆင့်မြင့်အထွဋ်အဆင့်သို့ရောက်နေပြီ ဖြစ်သည်။ သူမသည် အသက် ၂၀၀ သာရှိသေးကာ အသက် ၂၀၀၀ ရှိသည့် သူတို့ထက်ပင် ပိုအားကောင်းနေသည်။
ရှီမာယူယူ၏ အားမှာ ထိုမျှမြင့်နေလိမ့်မည်ဟု လန်ယင် ထင်မထားပေ။ သို့သော် သူမသည်လည်း အထွဋ်အထိပ်အဆင့်ရောက်နေပြီဖြစ်သည်။ သူမ၏ လှည့်ကွက်များနှင့်ထည့်ပေါင်းလျှင် သူမကိုတိုက်ခိုက်ရန်မှာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။
ဤသို့ ငယ်ငယ်ရွယ်ရွယ်နှင့် ယခုလိုအားအဆင့်ရောက်ရန်ဆိုလျှင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရမည်ဖြစ်သည်။ ထိုကဲ့သို့လူမျိုးတွင် တိုက်ပွဲ စွမ်းရည်မရှိနိုင်ပေ။
မကြာခင်တွင် သူတို့၏ယုံကြည်မှုသည် သူတို့၏မျက်နှာကို ဖြတ်ရိုက် သွားလေသည်။ ရှီမာယူယူမှာ ဘယ်လိုလုပ် တိုက်ပွဲစွမ်းရည်မရှိရမှာလဲ။ သူမရဲ့ တိုက်ပွဲစွမ်းရည်က နှစ်ပေါင်းများစွာ စစ်မြေပြင်မှာကျင်လည်ခဲ့တဲ့ သူတို့ထက် တောင် သန်မာနေသေးတယ်။ လန်ယင်သည် ဝူလင်းယူလက်အောက်မှလူ မဟုတ်လျှင် ၂ မိနစ်ပင်ကြာမည်မဟုတ်ပေ။
“ရွှီး…”
မိုးကြိုးသွားတစ်ခုသည် လန်ယင်၏ဘေး မနီးမဝေးတွင်ကျသွားကာ မြေပြင်တွင် အပေါက်ကြီးဖြစ်သွားလေသည်။ မီးခိုးနှင့် ဖုန်များလျော့နည်းသွား သောအခါ လေထဲမှစွမ်းအားအကြွင်းအကျန်များကို ခံစားမိလိုက်ကြသည်။ လန်ယင်သည် သူမကြောင့် ဒဏ်ရာရသွားပြီဖြစ်သည်။ မိုးကြိုးသာ သူမကို ပစ်ချလိုက်ပါက… အားလုံးသည် တုန်လှုပ်ချောက်ချားရုံမှတစ်ပါးမတတ်နိုင်ကြ ပေ။
ရှီမာယူယူ ပျံဆင်းလာသည်။ သူမသည် တိုက်ပွဲမတိုက်ခိုက်ခဲ့ရသလို လေထဲတွင် လှည့်ပတ်နေသည်။
“ကျွန်မပြောတာက ဘယ်နည်းလမ်းသုံးသုံးကိစ္စမရှိဘူးလို့လေ.. ဒါပေမဲ့ စစ်သူကြီးလန်ယင်က ကျွန်မပြောချင်တာကို နားမလည်ဘူးထင်တယ်”
သူမပြောသည့် မည်သည့်နည်းလမ်းကိုမဆိုသုံးနိုင်သည်ဆိုသည်မှာ သူမ ကိုယ်တိုင်မဟုတ်ဘဲ သူတို့ကိုဖြစ်နေသည်။ ရယ်စရာကောင်းသည်မှာ သူမ သည်နေခဲ့ရန် လှည့်စားမည်ဟု အားလုံးထင်နေကြခြင်းဖြစ်သည်။ ထိုအကြောင်းကိုတွေးမိသည်နှင့် ရှက်ကိုးရှက်ကန်းဖြစ်သွားကြလေသည်။
***