← Chapters

အားအင်

Vol. 160 Ch. 2231

အားအင်

Vol. 160 Ch. 2231

လန်ယင်သည် ထိုအတိုင်းပင် အပြည့်အဝအရှုံးပေးလိုက်ရသည်။ ရှီမာယူ ယူ၏ အင်အားသည် ထိုနေရာရှိလူများ၏ စိတ်ကိုလှိုင်းဂယက်များထသွားစေ ကာ သူမကိုအရင်က အပြုအမူမျိုးဖြင့် မည်သူမှမဆက်ဆံရဲကြတော့ပေ။

တိတ်ဆိတ်မှုကြောင့် ဘာကျားဇီနှင့် ဟွာရှုံတို့သည် သိချင်စိတ်ဖြင့် ရောက်လာကြပြီး သူမကို အံ့ဩတကြီးကြည့်နေကြသည်။

သူတို့တွေက ဘယ်လိုဖြစ်လို့ တိုက်ခိုက်နေကြတာလဲ။

ဝူလင်းယူသည် နိုးနေပြီဖြစ်သည်။ ရှီမာယူယူ ပြီးသွားချိန်တွင် သူ သူမ ဘေးသို့ရောက်လာသည်။ ဘာမှမပြောရသေးခင်မှာပင် ထိုနေရာရှိ စစ်သူကြီး များနှင့် ကိုယ်ရံတော်များသည် ဖိနှိပ်ခံရကာ အသက်ရှူမဝဖြစ်သွားတော့သည်။

“တစ်ခါပဲ” သူသည် ထိုစကားများကို လူသတ်တော့မည့်လေသံဖြင့် ပြော သွားပြီး ရှီမာယူယူကို လက်ဆွဲကာ ထွက်သွားလေသည်။

ဟုန်ယွမ်သည် ဝူလင်းယူ၏ ဝိညာဉ်ပေါင်းစပ်မှုကို တွေးမိသွားသည်။ သူ သည် သူမအတွက်နှင့် ဝိညာဉ်ပေါင်းစပ်မှုကို စွန့်စားကာ သူ့ကိုယ်သူ စာချုပ် တည်ထောင်ရန် ဖျက်သိမ်းခဲ့သည်။ သည်တစ်ခေါက် ရှီမာယူယူကို ဆန့်ကျင် သည့်အချိန်တွင် သူတို့ကိုအပြစ်မပေးသည်မှာ အရင်ကခင်မင်မှုများကြောင့် ဖြစ်ပေမည်။

ရှီမာယူယူ၏ အင်အားမှာ ဤမျှလောက် လျင်မြန်စွာတိုးတက်လာလိမ့် မည်ဟု ထင်မထားပေ။ သူမ လူသားလောကတွင်ရှိစဉ်က သိသိသာသာ အားနည်းခဲ့သည်။ သို့သော် နှစ်ပေါင်း ၁၀၀ ကျော်မျှအချိန်တွင် သူမသည် ဤ အဆင့်ထိ တိုးတက်လာခဲ့သည်။ ရှုပ်ထွေးနေသော စစ်သူကြီးတချို့ကို ကြည့်ပြီး အခြေအနေတစ်ခုလုံးအတွက် သူတို့ကို ထပ်ကူညီရန်ဆုံးဖြတ်လိုက်သည် “ဟွာရှုံ သူတို့ကို မိဖုရားရဲ့အင်အားကို ပြောပြလိုက်ဦး” သူ အမိန့်ပေးလိုက်၏။

ဟွာရှုံသည် အမြဲတစေ ရှီမာယူယူနှင့် ဆက်ဆံရေးကောင်းခဲ့ရာ သူမနှင့် ပတ်သက်သည့်ကိစ္စဆိုလျှင် အတော်အများသိထားသည်။ တခြားသူများ အားလုံး ရှီမာယူယူကိုဆန့်ကျင်နေစဉ်တွင် သူသည် လူသားလောကတွင် သူမ ၏ အကြောင်းသတင်းများကို စုဆောင်းခဲ့သည်။

ဟွာရှုံသည် အစောကအဖြစ်အပျက်များကို အစောင့်ကိုမေးကြည့်ရာ ဟုန်ယွမ်သည် ရှီမာယူယူ၏အဆင့်ကို ပြောစေချင်သည်မဟုတ်ဘဲ သူမနှင့် ပတ်သက်သည့်တခြားအကြောင်းအရာများကို ပြောစေချင်ကြောင်း ချက်ချင်း နားလည်သွားသည်။

“မိဖုရားက အဂ္ဂိရတ်ပညာရှင်၊ အဆိပ်သခင်၊ အစီအရင်သခင်၊ ဝိညာဉ်ရှာ သခင်၊ သားရဲထိန်းကျောင်းသူသခင်၊ သမားတော် အင်း… လက်နက်သခင်ဆို လည်းဟုတ်တယ်” ဟွာရှုံသည် ဘာတစ်ခုမှမချန်ဘဲ အကုန်ဖွင့်ဟပြောလေ သည် “သူမက အဲနယ်ပယ်တစ်ခုချင်းစီမှာ ကျွမ်းကျင်ရုံမဟုတ်ဘူး အကုန်လုံး မှာ သခင်အဆင့်ရှိတယ်.. မမေ့လိုက်နဲ့ဦး နှင်းခဲစန္ဒာမြို့ကလူတွေကို သူမက အဆိပ်ခတ်ခဲ့တာ.. ပြီးတော့ နှင်းခဲစန္ဒာမြို့ရဲ့ကာကွယ်ရေးအစီအရင်ကို သူမပဲ ဖျက်ဆီးပြီး ပြန်ပြင်ခဲ့တာ”

“ရှူး..”

သူမက အကုန်လုံးကို ကျွမ်းကျင်တာလား။

ဟွာရှုံသည် မလုံလောက်သေးဟု ခံစားမိသဖြင့် ဆက်ပြောလေသည် “သူမ ကာကွယ်ရေးအစီအရင်ကို ဘယ်လိုဖျက်ဆီးလိုက်လဲသိလား.. အရမ်းကို ရိုးရှင်းတယ်.. အရင်ဆုံးစစ်သူကြီးကျီရဲ့လူတွေကို မြို့ကိုတိုက်ခိုက်ခိုင်းတယ်.. လန်ယာကို လှည့်စားပြီး ကာကွယ်ရေးအစီအရင်ကို အစပျိုးခိုင်းတယ်.. သူမက တော့ လမ်းပေါ်မှာဒီအတိုင်းရပ်နေတာပဲ.. ၁ နာရီတောင်မကြာလိုက်ဘူး သူမ က အစီအရင်ရဲ့ပုံစံကိုသိသွားပြီး အစီအရင်ကျောက်တုံးတွေရဲ့ တည်နေရာကို လေ့လာပြီးသွားပြီ.. ပြောဦး ခင်ဗျားတို့ထဲမှာ မိဖုရားလောက် အားကောင်းတဲ့လူ ရှိရဲ့လား”

“ဟုတ်တယ် မိဖုရားက အရမ်းအားကောင်းတယ်.. ဒါပေမဲ့ ကျွန်မတို့ကို လည်း အရမ်းကောင်းပေးတယ်.. သူမက အမြဲတမ်းဖော်ရွေပြီး သိုသိုသိပ်သိပ် နေတတ်တယ်.. ရှင်တို့သာလွန်မလာရင် သူမကဒီလိုမျိုး ပေါ်ပေါ်ထင်ထင်လုပ် မှာမဟုတ်ဘူး” ဘာကျားဇီသည် သူနှင့်အတူ သဘောတူညီကြောင်းပြလေ၏။

များစွာသောစစ်သူကြီးများသည် သူတို့နှစ်ယောက်ကြောင့် ဆွံ့အသွားကြ သည်။

ရှီမာယူယူသည် ဝူလင်းယူနောက်လိုက်ကာ နန်းတော်သို့ပြန်လေသည်။ သူမ၏ ပြုံးနေသောမျက်လုံးများကိုကြည့်ပြီး သူသည် သူမ၏နှာခေါင်းကို လက်ဖြင့်တို့ထိလိုက်ကာ ပြောလိုက်သည် “ဆိုးလိုက်တဲ့ကောင်မလေး”

“ကျွန်မက ညံ့ဖျင်းတဲ့လူမဟုတ်ဘူးဆိုတာ ရှင်လည်းသိတာပဲ အဲဒါကို ဘာလို့ ခံပြင်းတဲ့အတိုင်းနေနေရမှာလဲ” ရှီမာယူယူ ပြုံးလိုက်သည် “အခုတော့ အဆင်ပြေသွားပြီ ဒီကိစ္စကိုဖြေရှင်းပြီးပြီဆိုတော့ ကျွန်မအတွက် စိတ်ပူဖို့မလို တော့ပါဘူး”

“ကိုယ်က မင်းကိုဘယ်တုန်းကမှ စိတ်မပူဖူးဘူး” ဝူလင်းယူ ပြောလိုက် သည်။

“လင်းယူ ကလေးတွေအကြောင်း ဘာလို့မမေးတာလဲ” ယခုသူမ အားသွားမှပင် ဝူလင်းယူသည် သူမဘေးတွင် ကလေးများမရှိသည့်အကြောင်း မမေးသည်ကို ရှီမာယူယူသတိရသွားတော့သည်။

“သူတို့က မရဏာလောကမှာရှိတာ ကိုယ်သိတယ်” ဝူလင်းယူ ပြောလိုက် ရာ ရှီမာယူယူအံ့ဩသွားသည်။ သူသည် သူမကိုပွေ့ဖက်ပြီးပြောလေသည် “အရင်က ကလေးတွေကိုသတိရပြီး သူတို့အခြေအနေကို သိချင်လို့ လူသား လောကကို လူလွှတ်ပြီးကြည့်ခိုင်းခဲ့တယ်.. အဲဒီမှာ သူတို့မရှိဘူးဆိုတာ သိသွား တာပဲ.. တကယ်တော့ အဲတုန်းက အချိန်ရလို့ မရဏာလောကကိုသွားပြီး သူတို့ နှစ်ယောက်လုံးကို တွေ့ခဲ့သေးတယ်”

“ရှင်တကယ်ပဲ သူတို့ကိုသွားတွေ့ခဲ့တာလား ဟေးဒီးစ်က သဘောတူ လား” ရှီမာယူယူသည် သူ့ကိုတအံ့တဩ ကြည့်လေသည်။ သူခေါင်းညိတ်ပြ သည်ကို ကြည့်ပြီး သူ၏အင်္ကျီကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည် “သူတို့ ဘယ်လိုနေလဲ ရှောင်းသောင့်နဲ့ယောင်ယောင် သူတို့အဆင်ပြေကြရဲ့လား”

ဝူလင်းယူသည် လက်ဆန့်ထုတ်ကာ သူမ၏မျက်ရည်များကိုသုတ်ပေး ကာ နူးညံ့စွာပြောလိုက်သည် “သူတို့တွေ အကုန်ကောင်းပါတယ် သတ္တိရှိပြီး စာရိတ္တလည်းကောင်းကြတယ်”

သူ ထိုအကြောင်းကို သူမကိုမပြောခဲ့သည်မှာ ပြောလိုက်သည်နှင့် သူမ ငိုသွားမည်ကို သိသည်။ ယခု သူထင်ထားသည့်အတိုင်းပင်ဖြစ်နေသည်။

“ဟင်း ဟေးဒီးစ်က တကယ်စိတ်တိုဖို့ကောင်းတယ်… ကျွန်မကိုကျ မလာ ခိုင်းဘူး ရှင့်ကိုတော့တွေ့ခိုင်းတယ်” သူ ကလေးများကိုတွေ့ရသဖြင့် ရှီမာယူယူ သည် မနာလိုဖြစ်မိသည်။

“သူတို့ကို မင်းတွေ့ရင် ဝမ်းနည်းသွားမှာပေါ့” သူ နှစ်သိမ့်ပေးလေသည် “ရှောင်းသောင့်နဲ့ ယောင်ယောင်တို့က လူတွေကိုတောင်မှတ်မိနေပြီ.. သူတို့ တွေ မအိပ်ခင်ကို နေ့တိုင်းမင်းပုံတူကိုကြည့်တယ်လို့ ပြောကြတယ်.. ယှဉ်ပြော ရရင် ကိုယ်က သူတို့ဂရုမစိုက်တဲ့အဖေပဲ.. သူတို့ကကိုယ့်အကြောင်းကို ဘာမှ မပြောကြဘူး.. သူတို့ကိုသွားတွေ့တုန်းကဆိုရင် အဲနှစ်ကောင်က ကိုယ့်ကို တောင်လျစ်လျူရှုလိုက်ကြသေးတယ်” သူသည် ရှုံ့မဲ့စွာပြုံးလိုက်သည်။

“ဖူး..” သူ၏ နစ်နာသလိုအကြည့်ကိုမြင်သောအခါ ရှီမာယူယူ ရယ်မော လိုက်သည်။ သူမသည် မျက်ရည်များကို သူ့အင်္ကျီဖြင့် သုတ်ကာ လက်စားချေ လိုက်ရသလို ပျော်ရွှင်သွားလေသည်။ “ကလေးနှစ်ယောက်ကို အရမ်းလွမ်းနေ ပြီ”

“ကိုယ်လည်းအတူတူပါပဲ” ဝူလင်းယူသည် တစ်နေ့တွင် ကလေးရှိလာပြီး ထိုကလေးနှစ်ယောက်သည် သူ့နှလုံးသားတစ်ခုလုံးကို သိမ်းပိုက်သွားလိမ့်မည် ဟု ထင်မထားပေ။

“ပြန်ကြည့်ရင် ဟေးဒီးစ်နဲ့ရှင်းစရာကိစ္စတွေရှိသေးတာပဲ.. ဟင်း သူက ကျွန်မကိုကျမလာခိုင်းဘူး” ရှီမာယူယူသည် ညည်းညူရင်း နှာရှုတ်လိုက်သည် “ရှောင်းသောင့်က အခုဘယ်လိုနေလဲ ခိုက်မိသေးလား”

“သူမ အဆင်ပြေပါတယ် သူမရဲ့တုံ့ပြန်ချက်တွေကမြန်ပါတယ်” ဝူလင်း ယူသည် သမီးဖြစ်သူ၏ပုံစံလေးကို တွေးပြီး စိတ်မကောင်းဖြစ်မိသည်။ သို့သော် ထိုအကြောင်းကို သူမကိုပြောပြ၍မဖြစ်နိုင်ပေ။ မဟုတ်လျှင် သူမ ခံနိုင်မည် မဟုတ်ပေ။

“ရှောင်းယောင်ယောင်ရော”

“သူက ရှောင်းသောင့်ထက်တောင် ပိုကောင်းသေးတယ်.. အခုဆို ရှောင်းသောင့်ကို ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ သိနေပြီ”

“ကျွန်မ သူတို့ကိုဘယ်တော့တွေ့လို့ရမှာလဲ”

“သူတို့ အသက်ကြီးလာပြီး အကုန်လုံးအခြေငြိမ်သွားပြီဆိုရင် ပြန်ခေါ် လာမယ်လို့ ဟေးဒီးစ်ပြောတယ်.. ကိုယ်တို့တွေ ဒီကိစ္စတွေကိုဖြေရှင်းရမယ်လို့ ပြောတယ်”

“ဒါဆိုလည်း မိုလော့ကိုရှင်းလိုက်ကြတာပေါ့” ယခုအချိန်တွင် ရှီမာယူယူ သည် မိုလော့ကို နာကြည်းနေပြီဖြစ်သည်။ သူသာ ဝူလင်းယူကို မတိုက်ခိုက်ဘဲ အလုပ်ရှုပ်အောင်မလုပ်လျှင် သူတို့၏ကလေးများကို သွားတွေ့နိုင်မည်ဖြစ်၏။

အရင်ကဆိုလျှင် သူမသည် ဝူလင်းယူကို အဖော်ပြုရန်သာအတွေးရှိ၏။ သူ၏စည်းချက်အတိုင်း လှုပ်ရှားလျှင် ကောင်းလှပြီဟုသာ တွေးခဲ့သည်။ ယခု သူမ၏စိတ်ပြောင်းသွားသ်။ သူမဝင်ပါလိုက်ပြီး ဤကိစ္စကို အမြန်ကူညီဖြေရှင်း မည်။ မြန်မြန်ဖြေရှင်းပြီးလေ သူမ၏ကလေးများကို မြန်မြန်တွေ့ရလေဖြစ်၏။

သူမသည် ရန်သူကြီးဖြစ်လာရသည့်အကြောင်းအရင်းမှာ ထိုအရာကြောင့် ဆိုသည်ကို မိုလော့သာသိလျှင် စိတ်ဓာတ်ကျပြီး သွေးများပင်အန်လောက် သည်။

“သူတို့က ရှင့်ဆီလာလိမ့်မယ် ပြီးတော့ ရှင်နဲ့တစ်စုံတစ်ခုကိုဆွေးနွေးလိမ့် မယ်.. ကျွန်မ ပြင်ဆင်ဖို့ပြန်လိုက်ဦးမယ်”

သူမ လျှို့ဝှက်ဆန်းကြယ်သော အပြုအမူကိုကြည့်ပြီး ဝူလင်းယူသည် သူမကို အိပ်ခန်းသို့မပြန်ခိုင်းဘဲ ခန်းမဆီသို့သွားကာ လက်ရှိအခြေအနေကို နားထောင်ခိုင်းသည်။

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီး ခေါင်းညိတ်သဘောတူကာ ဘေး ခန်းမသို့သွားလိုက်သည်။ ထို့နောက် လူများကို စားပွဲနှင့်ကုလားထိုင်များယူခိုင်း ပြီး ခေါင်းငုံ့ကာ စာရေးရန်ဟန်ပြင်သည်။

စစ်သူကြီးများဝင်လာပြီး သူမ ဘေးခန်းမတွင် စာရေးနေသည်ကိုမြင် သောအခါ မည်သူမှမကန့်ကွက်ကြပေ။

“စစ်သူကြီးလန်ကို ဆေးကုဖို့ခေါ်သွားပါပြီ” ဘာကျားဇီ ပြောလေသည်။

“ကိစ္စကြီးကြီးမားမားမရှိရင် သူမကို ကောင်းကောင်းနားခိုင်းလိုက်ပါ.. သူမရဲ့အလုပ်တွေကို စစ်သူကြီးဘာကို အစားလွှဲပေးလိုက်ပါ” ဝူလင်းယူသည် အေးစက်စွာပြောလေသည်။

သူသည် ရှီမာယူယူအတွက်ကြောင့် ဒေါသထွက်နေကြသည်ကို အောက် မှလူများသိကြသည်။ ရှီမာယူယူကို မလေးမစားနဲ့ စိန်ခေါ်ပြီး တိုက်ခိုက်ဖို့ ဘယ်သူက သူမကိုပြောလို့လဲ။ သူဘာမှမပြောသော်လည်း ဂရုမစိုက်ဟု မဆိုလို ပေ။

***

All Chapters