← Chapters

စိတ်ဓာတ်ကျခြင်း

Vol. 160 Ch. 2232

စိတ်ဓာတ်ကျခြင်း

Vol. 160 Ch. 2232

အရင်ကလိုသာဆိုလျှင် ဝူလင်းယူသည် စစ်သူကြီးများကို ငေါက်ငမ်းကာ ရှီမာယူယူကို ကာကွယ်မည်ဖြစ်သည်။ ထိုအခါ သူတို့သည် စိတ်ထဲတွင် နာကြည်းမှုများ အမြစ်စွဲသွားမည်ဖြစ်သည်။ ယခု လန်ယင်ကို ဤကဲ့သို့ အပြုအမူဖြင့် ဖြေရှင်းလိမ့်မည်ဟု သူတို့ထင်မထားကြပေ။

အစည်းအဝေးစသည်နှင့် စစ်မြေပြင်မှ နောက်ဆုံးရသတင်းများကို တင်ပြ ကြကာ ထိုသတင်းများနှင့် ပတ်သက်ပြီးဆွေးနွေးကြသည်။ သူတို့ပြီးသောအခါ ရှီမာယူယူသည် ဘေးခန်းမမှထွက်လာသည်။

သူမသည် ဝူလင်းယူ၏ပုလ္လင်ဆီသို့သွားထိုင်ပြီး လက်ထဲမှ စက္ကူအပိုင်း အစကိုပေးလိုက်သည် “ဒီကိစ္စတွေကို ရေးပေးထားတယ် အလုပ်ဖြစ်မလားလို့ ကြည့်ပေးပါဦး”

ဝူလင်းယူသည် အရင်ကြည့်ကြည့်သည်။ သူ ကြည့်လေလေ မျက်လုံးများ အရောင်တောက်လေလေဖြစ်သည်။ ထို့နောက် သူသည် တခြားသူများကို ပေး ပြီးကြည့်စေသည်။

ဘာကျားဇီနှင့် တခြားသူများလည်း အနည်းငယ်စီယူကြည့်ကာ လက်ဆင့်ကမ်းဖတ်ကြလေသည်။ သူတို့ ဖတ်လေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။

“ဒီနည်းဗျူဟာတွေ အကုန်လုံးကိုမသုံးနိုင်ပေမဲ့ တချို့ကတော်တော် ကောင်းတယ်” ဟွာတိသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် “အထူးသဖြင့် အောကေမှာနည်းလမ်းတွေ ထပ်ထည့်လိုက်ရင် ပိုကောင်းသွားမှာပဲ”

“ဟုတ်တယ် ဒါတွေကို ဘယ်လိုစဉ်းစားမိတာလဲ မိဖုရား”

“ကျွန်မ အရင်ကဖတ်ဖူးတာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

ဤဆန်းကြယ်သည့်ကမ္ဘာတွင် သေနင်္ဂဗျူဟာ ၃၆ သွယ်သည် အသုံးဝင် သည်။ သို့သော် စစ်ပွဲနှင့်ကြုံရလျှင် အမြဲတစေအသုံးဝင်တတ်ကြသည်။ သူမ အောက်တွင် ထပ်ဖြည့်ထားသည့် နည်းလမ်းများသည် အဆိပ်သုံးခြင်းနှင့် အစီအရင်သုံးခြင်းများဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သမူသည် ဤကဲ့သို့ အရာများကို အကြိမ်ပေါင်းများစွာလုပ်ခဲ့သည်။ သို့သော် လူဦးရေအနည်းငယ်မျှ အတွက်ကိုသာ အသုံးပြခဲ့သည်။ ယခုအခါတွင်တော့ ကြီးမားသည့် စစ်တပ်ကြီး ကို ရင်ဆိုင်ရမည်ဖြစ်သည်။

“ဒီနည်းလမ်းတွေကို အရင်ကမစဉ်းစားဖူးတာတော့မဟုတ်ဘူး.. ဒါပေမဲ့ နတ်ဆိုးလောကမှာ အဆိပ်သခင်တွေနည်းတယ်.. ပြီးတော့ သူတို့အဆင့်က လည်း အဲလောက်မမြင့်ဘူး… အဲဒါကြောင့် အပြင်းအထန် တိုက်ခိုက်ရမှာပဲ.. အခု မိဖုရားမှာအဆိပ်ရှိတယ်ဆိုတော့ ဒီနည်းလမ်းကိုသုံးလို့ရပြီ”

ရှီမာယူယူသည် ခေါင်းခါလိုက်သည် “ကျွန်မ အရင်တစ်ခေါက်သုံးခဲ့တဲ့ အဆိပ်တွေက သန့်စင်ဖို့ခက်တယ် ပမာဏများများ ထုတ်လုပ်လို့ရမှာမဟုတ် ဘူး… အဲဒါကြောင့် အဲဒီအဆိပ်တွေကို ချင့်ချိန်ပြီးသုံးရမယ်.. သာမန်စစ်သား တွေဆိုရင် သာမန်အဆိပ်သုံးမယ်.. အားကောင်းတဲ့သူတွေကိုဆို အဆင့်မြင့် အဆိပ်သုံးမယ်”

“မိုလော့မှာလည်း လူသားလောကကနေ ဖမ်းလာတဲ့အဆိပ်သခင်တွေရှိ တယ်၊ ဒါပေမဲ့ သူတို့တွေမှာ အမှောင်ဝိညာဉ်စွမ်းအင်မရှိတော့ အသုံးဝင်မယ့် အဆိပ်ဖော်စပ်နိုင်မှာမဟုတ်ဘူး” ဟုန်ယွမ်သည် မိုလော့ဘေးတွင်မရှိတော့ သော်လည်း ထိုဘက်မှ အခြေအနေများကို ကောင်းစွာသိနေတုန်းပင်။

အမျိုးမျိုးသော အလုပ်အကိုင်များကို ကျွမ်းကျင်မှုကိုဆိုရလျှင် လူသား များသည် တစ္ဆေမျိုးနွယ်နှင့် နတ်ဆိုး မျိုးနွယ်မှလူများထက် ပို၍ပြီးမြောက် အောင်မြင်ကြသည်။ မိုလော့သည် လူသားလောကကိုသွားပြီး ထိုနေရာမှ အဆိပ်သခင်များကို ဖမ်းခေါ်လာမည်မှာ ခန့်မှန်း၍ရနိုင်သည်။ ထို့ကြောင့် အကျိုးသက်ရောက်မှု မရှိနိုင်သည်ကိုလည်း မျှော်လင့်၍ရသည်။

သူမ ယူလာသည့်စစ်ဗျူဟာကြောင့် အစည်းအဝေးသည် အကျဉ်းချုံး ဆက်လုပ်ပြီး ပြီးသွားသည်။ သည်တစ်ခါတွင် ရှီမာယူယူသည် နားထောင်ရုံတင် မဟုတ်ဘဲ တစ်ခါတရံတွင် သူမ၏ ထင်မြင်ချက်များကို ထောက်ပြသည်။ သူမ သည် များများစားစားမပြောသော်လည်း အဓိကအချက်များကို ပြောသည်။ ရက်အနည်းငယ်လောက်နှင့် နတ်ဆိုးလောကမှ ကိစ္စများကို သိထားသည်မှာ မဖြစ်နိုင်သလိုပင်။

အစည်းအဝေးပြီးသောအခါ သူမသည် ဝိညာဉ်စေတီအတွင်းဝင်ပြီး နေ့ရောညပါ အဆိပ်များကိုဖော်စပ်သည်။ သူမသည် ဝူလင်းယူကိုပင် အဖော် မပြုသဖြင့် သူသည် အလွန်ပင်စိတ်ပျက်နေသည်။

အရင်က သူမ နတ်ဆိုးလောကတွင်မရှိစဉ်က ကိစ္စမရှိပေ။ သူ လုပ်နိုင် သည်မှာ သူမကိုလွမ်းရုံအပြင် တခြားရွေးချယ်စရာမရှိပေ။ ယခု သူမသည် နတ်ဆိုးလောကတွင်ရှိပြီး သူ့ဘေးတွင်ရှိသော်လည်း အတူကုန်ဆုံးရန် အချိန် မရှိခဲ့ပေ။ သူမကို ထိုပုံစံအတိုင်းမြင်ရသောအခါတွင်လည်း သူမကိုအပြစ်မတင် ရက်ပေ။ ထို့ကြောင့် ဒေါသများကို မိုလော့ဆီသို့ ပုံချလိုက်သည်။ ထို့ကြောင့် သူ၏ အစီအစဉ်များသည် အရင်ကထက်ပင် အညှာတာမဲ့လာသည်။

နေ့စဉ်အစည်းအဝေးများတွင် အောက်မှလူများသည် သူ၏သုန်မှုန်နေ သောမျက်နှာကိုတွေ့ပြီး ပေးသည့်အမိန့်များကိုကြားသောအခါ သူသည် မကျေမနပ်ဖြစ်နေသည်ကို ခံစားမိကြသည်။

သို့သော် လတ်တလောတွင် ရှေ့တန်းမှ သီချင်းဆိုသံများပင်ထွက်လာ သည်။ ရှီမာယူယူ၏အဆိပ်နှင့် သူမပုံစံချထားသည့် တိုက်ပွဲအစီအစဉ်များ ကြောင့် သူတို့သည် တိုက်ပွဲများကို မရှုံးသလောက်ဖြစ်ခဲ့သည်။ မိုလော့ဘက်မှာ စိတ်ဓာတ်များကျသွားကြပြီး အင်အားတစ်သန်းရှိသည့် စစ်သည်များသည် ရှိထားသည့်အရှိန်များပင် ပျက်သွားကြလေသည်။ ယခု သူတို့သည် လက်ဦးမှု ယူကာ မတိုက်ခိုက်ရဲတော့ပေ။

ထိုအရာများအားလုံးသည် ရှီမာယူယူ၏ လုပ်ဆောင်ချက်များဖြစ်သည်ကို တွေးမိပြီး စိတ်ထဲတွင် အလွန်ပင်သက်သာရာရသွားကြသည်။ အစက သူတို့ သည် သူမကို နှင်မလွှတ်ခဲ့သည်မှာ ကံကောင်းသွားသည်။ မဟုတ်လျှင် ယခု အချိန်တွင် သူတို့သည် ဤမျှကောင်းသည့် အခြေအနေကို မည်သို့ရတော့မည် နည်း။

ဟုန်ယွမ်သည် နှင်းခဲစန္ဒာမြို့အကြောင်း တွေးနေသည်။ အရင်က သူ၏ ဂမ္ဘီရဉာဏ်တွင် ထိုမြို့ကိုပြခဲ့သည်မှာ အလွန်အရေးကြီးသည်။ ထို့ကြောင့် နှစ် ဖက်လုံးသည် ထိုမြို့ကိုရရန် စွမ်းအားများစွာသုံးခဲ့သည်။ သို့သော် အနိုင်ရပြီး နောက် ထိုသို့မဟုတ်သည့်ပုံပင်။ ယခု သူ သဘောပေါက်သွားသည်မှာ အရေး ကြီးသည့်ကိစ္စသည် နှင်းခဲစန္ဒာမြို့မဟုတ်ပေ။ နှင်းခဲစန္ဒာမြို့သည် သူတို့ အောင် နိုင်ရေး၏ သော့ချက်ဖြစ်နေသည်မှာ သူကိုယ်တိုင်ကြောင့်မဟုတ်ဘဲ ထိုနေရာ တွင် ပေါ်လာသည့် သူမကြောင့်ဖြစ်နေသည်။ ထိုနေရာရှိမိုလော့၏ လူများ သည် ယခုအချိန်တွင် အလွန်ပင်ထိခိုက်ထားကြသည်။ အရင်ကအခြေအနေ သည် အလွန်ကောင်းနေခဲ့သော်လည်း နှင်းခဲစန္ဒာမြို့ကျသွားကတည်းကပင် ပုန်ကန်မှုများပြင်းထန်လာသည်။ နှစ်ဖက်မှအခြေအနေသည် ပြောင်းပြန်ဖြစ် သွားသည်။

မိုလော့ဘေးနားမှလူများသည် အသံထွက်ပြီးပင်မပြောရဲကြပေ။ သူတို့ သာ အသံထွက်ပြီးပြောလိုက်လျှင် နတ်ဆိုးဘုရင်သည် သူတို့ကို သတိထားမိပြီး သဲအိတ်ကဲ့သို့ သုံးမည်ကို ကြောက်နေကြသည်။

သူတို့သည် သတိထားပြီး ရှောင်ရှားကြသော်လည်း တချို့မှာ မရှောင်နိုင် ကြပေ။

မြေပေါ်တွင်ဒူးထောက်နေကြသည့်လူများသည် ချွေးအေးများပြန်နေကြ ကာ မိုလာ့၏ဖိအားများသည် သူတို့ကို တုန်ယင်စေပြီး မေ့လဲလုနီးပါးပင်ဖြစ် နေသည်။

ရာဇပုလ္လင်ပေါ်ရှိ မိုလော့၏ပိန်ချုံးနေသည့် ခန္ဓာကိုယ်သည် အုံ့မှိုင်း အေး စက်သော အငွေ့အသက်များ ထွက်ပေါ်နေကာ ကျဉ်းမြောင်းသည် မျက်လုံး များတွင် ရက်စက်ကြမ်းကြုတ်မှုများရှိနေသည်။ သူသည် ကိုယ်လုံးကိုယ်ပေါက် သေးသည်မှာ သေချာသော်လည်း မည်သူမှ မစက်ဆုတ်ရဲကြပေ။

“မင်းပြောတာက သူပုန်တွေက လတ်တလောကို မြို့ ၁၀ မြို့သိမ်းသွားပြီ ပေါ့” မိုလော့၏အသံသည် တိတ်ဆိတ်နေသောခန်းမအတွင်းတွင် ဖောက်ထွင်း ထွက်လာရာ မြေပေါ်တွင် ဒူးထောက်နေသည့်လူသည် ချက်ချင်းပင် အကြော များရပ်ဆိုင်းသွားကာ မြေပေါ်တွင်လဲကျသွားပြီး ဘာစကားမှထွက်မလာတော့ ပေ။

မိုလော့ လက်ဝှေ့ယမ်းလိုက်သည်နှင့် မြေပေါ်တွင်လဲကျနေသည့် လူ နှစ် ယောက်သည် ကျိုးကြေသွားကာ ထိုနေရာတွင် သွေးကန်သာကျန်ခဲ့တော့လေ သည်။ သူသည် ဘေးနှစ်ဖက်တွင်ရပ်နေသည့် လူများကိုကြည့်ပြီး ခပ်သဲ့သဲ့ ပြောလေသည် “အရင်က ငါတို့အခြေအနေက ကောင်းနေတာပဲ.. ငါတရားကျင့် ကြံနေတဲ့အချိန်မှာ ထွက်လာတာနဲ့ ဘာလို့ဒီလိုအခြေအနေမျိုးဖြစ်နေရတာလဲ ဟမ်… ငါ့ကိုဘယ်သူက ရှင်းပြချက်ပေးမှာလဲ”

“အရှင် သူပုန်တွေက လူတစ်ယောက်ကြောင့် ဒီတလောမှာ ရုတ်တရက် ကြီးအားကောင်းလာတာကို တွေ့ခဲ့ရပါတယ်” သူသည် ကြောက်ရွံ့နေသော် လည်းတစ်စုံတစ်ယောက်တော့ ရပ်တည်ရမည်ဖြစ်သည်။

“လူတစ်ယောက်ကြောင့်ဟုတ်လား.. ငါတို့ရှုံးက တစ်ဖက်က လူတစ် ယောက်တည်းကြောင့်လို့ ပြောလိုက်တာလား” မိုလော့၏ အသံသည် ရုတ်တရက်ကျယ်လာသည်။ သူတို့ လူတစ်ယောက်အပေါ်တွင် အပြစ်ပုံချသည် ကို သူ မကျေနပ်နိုင်ပေ။

အောက်တွင်ဒူးထောက်နေသည့်များသည် အမြန်ပင်ရှင်းပြလေသည် “အရှင် သူပုန်စစ်တပ် ပြောင်းလဲသွားတာ တကယ်ပဲ လူတစ်ယောက်တည်း ကြောင့်ပါ.. အဲလူက သူပုန်စစ်တပ်ရဲ့ခေါင်းဆောင် ဝူလင်းယူရဲ့ မိန်းကလေး ဆိုတာကို စစ်ဆေးပြီးပါပြီ.. ပြီးတော့ သူမက လူသားလောကမှာ အရမ်းကို အားကောင်းတဲ့ပုံရိပ်ရှိပါတယ်”

ထိုလူသည် မိုလော့ဝင်ပြောပြီး အပြစ်ပေးခံရမည်ကို ကြောက်သဖြင့် ရှီမာယူယူ၏ အခြေအနေကို အမြန်ပင်ပြောပြလိုက်သည်။

ထိုလူပြောသည်ကို နားထောင်ပြီးနောက် မိုလော့သည် လက်ဖဝါးကို ဝှေ့ချလိုက်သည် “ဝူလင်းယူရဲ့မိန်းကလေးဟုတ်လား.. လူသားတစ်ယောက် လောက်ကလေ.. အဲလိုလူပေါ်လာရင် ဘယ်လိုလုပ်ရမယ်လို့ မင်းတို့ကို ငါ ဘယ်လိုသင်ပေးထားလဲ”

အပစ်ခံလိုက်ရသော လူသည် နာကျင်သွား၍ အော်သံပင်မထွက်နိုင်ပေ။ ထို့ကြောင့် သူ ကုန်းထကာ ဒူးထောက်ပြီး ပြောလေသည် “ကျွန်တော်တို့တွေ သူမကိုသတ်ဖို့အတွက် လူလွှတ်ခဲ့ပြီးပါပြီ ဒါပေမဲ့ သူမက တစ်ချိန်လုံးပုန်းနေပြီး ထွက်လာခဲပါတယ်.. ကျွန်တော်တို့ဘာမှလုပ်နိုင်တာမရှိပါဘူး” ထိုနေရာသည် ဝူလင်းယူ၏ စခန်းဖြစ်နေသည်။ သခင်များစွာလည်း စောင့်ကြပ်နေသည်။ ရှီမာယူယူသာ ထွက်လာလျှင် သူတို့တွင် တိုက်ခိုက်ရမည့်အခွင့်အရေးမရှိပေ။

“သူမထွက်မလာလည်း မင်းတို့သွားရမှာပဲ.. အရင်က အဲဒီမှာလူထားထား တယ်မဟုတ်ဘူးလား.. မင်းတို့ ဘာနည်းလမ်းသုံးလဲ ငါဂရုမစိုက်ဘူး.. မကြာခင် သူမကို ရှင်းပစ်ရမယ်”

ဒူးထောက်နေသောလူများ၏ စိတ်ထဲတွင် ခါးသက်သွားသည်။ သို့သော် မည်သူမှ မငြင်းဆန်ရဲကြပေ။ မကြာခင်တွင် သူတို့သည် အမိန့်လက်ခံကာ ထွက်သွားကြသည်။

မိုလော့သည် လစ်ဟာနေသောခန်းမကို ကြည့်ပြီး ရက်စက်စွာပြုံးလိုက် သည် “မိုရှား မင်းက မိန်းမတစ်ယောက်ကို ရှာတွေ့တာနဲ့ ငါနဲ့တိုက်ခိုက်နိုင်မယ် လို့ထင်နေတာလား.. လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတောင် ငါ့ကိုမတိုက်ခိုက် နိုင်တာ.. အခုလည်း ငါ့ကိုမတိုက်ခိုက်နိုင်စေရဘူး”

***

All Chapters