← Chapters

အဆိပ်ဖော်စပ်ခြင်း

Vol. 160 Ch. 2233

အဆိပ်ဖော်စပ်ခြင်း

Vol. 160 Ch. 2233

ဟုန်ယွမ်သည် ဆေးများကို ဖြန့်ဝေပေးမည်ကို သိသဖြင့် ရှီမာယူယူသည် ဖော်စပ်ထားသည့်အဆိပ်ကို ဟုန်ယွမ်အား ပေးလိုက်သည်။

ဟုန်ယွမ်သည် သူမထုတ်လာသည့် တချို့ကြီးပြီး တချို့သေးသည့် အမျိုးမျိုးသောပုလင်းများကိုမြင်သောအခါ သူ၏ငွေရောင်မျက်လုံးများတွင် မည်သည့်ခံစားချက်များကိုမှမမြင်ရပေ။ အစပိုင်းတွင် သူအနည်းငယ် အံ့ဩ ခဲ့သော်လည်း ယခုအခါတွင် ထုံနေပြီဖြစ်သည်။

“အရှင်က မြို့ကနေထွက်သွားပြီ” သူ ပြောလိုက်သည်။

ရှီမာယူယူသည် တဒင်္ဂမျှမှင်တက်သွားသော်လည်း သိကြောင်း ခေါင်းညိတ်ပြသည်။

“အရှင်က ဒီတစ်ခေါက် သစ်နီမြို့ကိုသိမ်းဖို့ ထွက်သွားပါတယ်” ဟုန်ယွမ် ဆက်ပြောလေသည်။

“သစ်နီပင်က နောက်တစ်ဆင့်မဟုတ်ဘူးလား ဘာလို့အခုမှသွားတာလဲ” ရှီမာယူယူသည် တအံ့တဩ မေးလေသည်။

“အရှင်က အခုတလော စိတ်အခြေအနေမကောင်းဘူး” ဟုန်ယွမ်သည် မရှင်းမလင်းပြောလိုက်သော်လည်း ရှီမာယူယူ နားလည်သည်။

ရှီမာယူယူသည် အဆိပ်ဖော်ရန်ကိုသာ စိတ်ရောကိုယ်ပါနှစ်မြှုပ်ထား သဖြင့် ဝူလင်းယူထွက်သွားခြင်းပင်။ သူသည် မိုလော့ကို သတ်ရန်မစောင့်နိုင် တော့သည်ကို သူမိသည်။

ဟင်း စဉ်းစားကြည့်လျှင် အမှန်တကယ်ပင် သူမသည် သူ့ကိုမတွေ့သည် မှာ ရက်ပေါင်းများစွာကြာပြီဖြစ်သည်။ သို့သော် သူမ၏ ကလေးနှစ်ယောက်နှင့် အတူရှိရေးအတွက် ဤနေရာမှ ပြဿနာများကို အမြန်ကူဖြေရှင်းရမည်ဖြစ် သည်။

သူ၏ဆိုလိုရင်းကို သူမ နားလည်သွားသည်ကို မြင်သောအခါ ဟုန်ယွမ် သည် ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားလေသည်။

သူသည် စိုးရိမ်မှုတွေနှင့်ပြည့်နေသည့် ဘဝကိုဦးဆောင်နေရသကဲ့သို့ ခံစားရသည်။ အရင် သူ ရှီမာယူယူကို အထင်သေးခဲ့စဉ်က သူမသည် ဘုရင်ကို ဆွဲချမည်ကို စိုးရိမ်ခဲ့သည်။ နောက်ပိုင်းတွင် ဝူလင်းယူသည် တစ္ဆေလောကသို့ သွားရာ သူသည် ဝူလင်းယူကိုယ်စား နတ်ဆိုးလောကကို ဂရုစိုက်ပေးခဲ့ရသည်။ ထိုစဉ်က သူသည် ရှီမာယူယူကို အတော်ပင် ဝေဖန်ခဲ့သည်။

ယခုအချိန်တွင် ရှီမာယူယူသည် နတ်ဆိုးလောကသို့လာခဲ့သည်။ သူမနှင့် ဆက်သွယ်ပြောဆိုပြီးနောက်တွင် သူမကို မိဖုရားအနေနှင့် လက်ခံနိုင်ပြီဖြစ် သည်။ တစ်ခုခက်နေသည်မှာ သူ့ဘုရင်သည် ပိုဆိုးနေပြီး လက်အောက်ငယ် သားများကိုပင် သူကဦးဆောင်နေရသည်.. ထို့ကြောင့် သူ ဤနေရာသို့ လာ စကားပြောရခြင်းဖြစ်သည်။

သူသည် သူ့ကိုယ်သူ မိန်းမကြီးဖြစ်နေပြီဟုပင် ခံစားရသည်။

“မိဖုရား ဒီနေ့ ရေချိုးမလားရှင့်” အပျိုတော်တစ်ယောက် ရောက်လာကာ ရှီမာယူယူကို ညွှန်ကြားရန်မေးလေသည်။

“အင်း” ရှီမာယူယူသည် တံခါးပိတ်ကျင့်ကြံပြီးနောက်တွင် ရေချိုးတတ် သည့် အလေ့အထရှိသဖြင့် သူမ ထိုသို့မေးခြင်းဖြစ်သည်။

အပျိုတော်သည် ရေချိုးခန်းတွင် ရေအပြည့်ဖြည့်ပြီးနောက် ရှီမာယူယူ ရောက်လာသည်အထိစောင့်ပြီးမှ ထွက်သွားလေသည်။ သူမ ရေထဲသို့ဆင်းသွား သည့်အသံကိုကြားပြီးနောက် အပြင်တွင်ခေတ္တမျှစောင့်ကာ အချိန်မှန်းပြီး တံခါးတွန်းဖွင့်ဝင်လာသည်။ သို့သော် သူမဝင်လာသည်နှင့် တောက်ပသော မျက်လုံးတစ်စုံနှင့် အကြည့်ချင်းဆုံမိသွားလေသည်။

သူမ တုန်လှုပ်သွားသည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

“ငါ ဘာလို့မေ့လဲမသွားလဲဆိုတာကို သိချင်နေမှာပေါ့” ရှီမာယူယူသည် ကန်ကိုမှီကာ သူမ၏ခန္ဓာကိုယ်ကို ပွင့်ဖတ်များအကြား ဖွက်ထားသည်။ သူမ၏ ညှပ်ရိုးတွင်တော့ ရေများစိုစွတ်ဆဲပင်ဖြစ်သည်။

သူမနှုတ်ခမ်းထောင့်မှာ ပြုံးသွားသည်။ သို့သော် ထိုအရာကပင် လူများကို အေးစက်မှုကိုခံစားသွားရစေသည်။

“မိဖုရားက ဘာပြောလိုက်တာလဲ.. ဒီအစေခံက မိဖုရားလိုတာကို လာ ကြည့်ရုံတင်ပါ” အပျိုတော် ပြန်ဖြေလေသည်။

“မင်းက ငါ့ကိုရှင်းဖို့အတွက် တော်တော်အားစိုက်ထားတာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ဒီလောက်အားကောင်းတဲ့အဆိပ်ရှာဖို့ လူသားလောက ကိုတောင် သွားခဲ့သေးတယ်.. ပြီးတာနဲ့ ရေချိုးမယ့်ရေထဲထည့်တယ်.. ရေချိုးနေ တုန်းကို ငါ့ကိုလာတိုက်ခိုက်မယ်ပေါ့လေ.. ပြီးတော့ ငါက ဆေးဖော်ထားတာက နေ ထွက်လာတော့ ကြိုတင်ပြင်ဆင်မှုလည်းမရှိဘူးလို့ ထင်မှာပေါ့ မင်းတို့ အမှားလုပ်မိသွားတာတော့ နှမြောဖို့ကောင်းတယ်”

“ကျွန်မတို့က ဘာအတွက်မှားသွားလို့လဲ” သူမ ရှင်းလင်းစွာပြောနေသည် ကိုကြည့်ပြီး သည်တစ်ကြိမ်တွင် ပေါ်ပေါက်သွားသည်ကို အပျိုတော်သိသွား သဖြင့် ဖုံးကွယ်မနေတော့ပေ။

“ငါက အဆိပ်ပေါင်း ၁၀၀ ခံနိုင်ရည်ရှိတယ်” ရှီမာယူယူသည် ခန္ဓာကိုယ် ကိုရေထဲနှစ်ပြီး ရေကိုလည်ပင်းအထိ နစ်မြှုပ်စေလိုက်ကာ ပျင်းရိစွာပြောလေ သည် “မီအာ မင်းကိုအပ်လိုက်တော့မယ်” ခဏအကြာတွင် သူမ သတိပေး လိုက်သည် “အသက်ငွေ့ငွေ့ကျန်အောင်တော့ ချန်ထားလိုက်ဦး”

ထိုလူကို မီအာမည်သို့တိုက်ခိုက်သည်ကို သူမ ဂရုမစိုက်ပေ.. သူမ အသက်မသေလျှင်ရပြီဖြစ်သည်။

တိုက်ပွဲသည် ခဏနဲ့အဆုံးသတ်သွားသည်။ ထိုလူသည် မီအာ၏ ပြိုင်ဘက်မဟုတ်ပေ။

ဟုန်ယွမ် သတင်းကြားသောအခါ ရှီမာယူယူသည် သူ့ကိုစာရင်းတစ်ခု ပေးလိုက်သည် “ဒီမှာ.. ဒါတွေအကုန်လုံးက ရှင်တို့ဘက်က သူလျှိုတွေပဲ ရှင်တို့ ဘာလုပ်မလဲဆိုတာ ကျွန်မဂရုမစိုက်ဘူး”

ဤနေရာတွင် သူလျှိုများရှိသည်ကို ဟုန်ယွမ်သိသည်။ ပြီးနောက် ထို အပျိုတော်မှာ တစ်စုံတစ်ရာလွဲမှားနေသည်ကို သိူသသော်လည်း မဖမ်းခဲ့ပေ။ ပထမအချက်မှာ သူသည် ရှီမာယူယူ၏ အင်အားကိုယုံ၍ဖြစ်သည်။ ထိုလူသည် သူမကို ထိခိုက်အောင်မလုပ်နိုင်ပေ။ ဒုတိယအချက်မှာ သူသည် ထိုလူကိုသုံးပြီး နောက်ကွယ်မှလူများကို မျှားချင်၍ဖြစ်သည်။

ရှီမာယူယူသည် သူလုပ်ချင်သည့်အရာများကို လုပ်ပေးသွားသည်။

သူ စာရင်းကိုကြည့်လိုက်ရာ တချို့မှာထင်ထားသလိုဖြစ်ပြီး တချို့မှာ သူ့ ကို အံ့ဩသွားစေသည့် နာမည်များလည်းပါနေသည်။

သူ မျက်ခုံးများပင့်သွားသည်ကိုကြည့်ပြီး ရှီမာယူယူသည် ပျင်းရိစွာ ပြော လိုက်သည် “စိတ်မပူပါနဲ့ ဒါတွေက အကုန်တိကျပါတယ်”

ထိုနာမည်များသည် သူမ အပျိုတော်၏ အသိစိတ်ကို စုံစမ်းရင်းနှင့်ရလာ သောစာရင်းများဖြစ်ကာ ထိုအပျိုတော်၏ ဝန်ခံချက်များမဟုတ်ပေ။

ဝူလင်းယူ သူမအကြောင်း ပြောဖူးသည်ကို ဟုန်ယွမ်မှတ်မိသည်။ ထို့ကြောင့် သူမ၏ဆိုလိုရင်းကို နားလည်ကာ စာရင်းနှင့်အတူ ထွက်သွားလေ သည်။

နောက်ပိုင်းဖြစ်ပျက်သည့်ကိစ္စများကို ရှီမာယူယူ အမှန်တကယ်ပင် ဂရု မစိုက်ပေ။ ထိုလူများ နောက်ဆုံးတွင် မည်သို့ဖြစ်သွားသည်ကိုပင် သူမ မမေး ပေ။ သူမသည် ဝိညာဉ်စေတီအတွင်းသို့သွားပြီး အဆိပ်သာဖော်စပ်နေလိုက် သည်။

အသစ်ဖော်စပ်ထားသော အဆိပ်များကိုကြည့်ပြီး သက်ပြင်းမချဘဲမနေ နိုင်တော့ပေ။ ထိုလူများကို သုတ်သင်ရန် အဆိပ်သုံးရသည့်နည်းလမ်းမှာ တကယ်ပင်.. သို့သော် ထိုသို့မဟုတ်လျှင် နတ်ဆိုးလောကမှကိစ္စများသည် ဘယ်အချိန်ထိ နှောင့်နှေးနေမည်မှန်းမသိပေ။

နှစ်လဝန်းကျင်ကြာပြီးနောက် ဝူလင်းယူ ပြန်လာသည်။ သူမ သူ့ကိုမြင် သောအခါ သူ့ဘက်မှအခြေအနေကောင်းသည်ကို သလိုက်ရသည်။ ထို့ကြောင့် စိတ်ထဲမှပူပန်မှုများကို လွှတ်ချလိုက်သည်။

ဝူလင်းယူသည် နန်းတော်တွင် ရက်အနည်းငယ်မျှနေသည်။ ထိုရက်များ တွင် ရှီမာယူယူသည် တံခါးပိတ်ကျင့်ကြံခြင်းမပြုဘဲ သူနှင့်အတူ နေပေးသည်။ ရက်အနည်းငယ်ကြာပြီးနောက် ဝူလင်းယူ ပြန်ထွက်သွားသည်။

ရှီမာယူယူသည် သူမ၏ သားရဲများကိုခေါ်ထုတ်ပြီး သူမဘာသာ တံခါး ပိတ်ကျင့်ကြံနေလိုက်သည်။ သူတို့သည် နေမထိထိုင်မသာဖြစ်ကြသည်။ သူတို့ တွေ ဘာလို့ဝူလင်းယူကို သွားမကူညီရတာလဲ။ ပြီးတော့ အိပ်မက်လေး လက်စားချေဖို့မှာ သူတို့ကို ဘာလို့ခေါ်မသွားတာလဲ။

ထိုစဉ်က အများစုမှာ မိုလော့နှင့်ဆက်စပ်နေကြပြီး အများစုမှာ ဝင်ပါနေ ကြသည်။ ထို့ကြောင့် စစ်မြေပြင်တွင် လက်စားချေသည်မှာ ကောင်းသော ရွေးချယ်မှုတော့မဟုတ်ပေ။

အိပ်မက်လေး၏ ရန်သူဖြစ်ရာ သူမကိုယ်တိုင် ဖြေရှင်းခိုင်းရမည်ဖြစ် သည်။ အစက သူမသည် အိပ်မက်လေးကို အဖော်ပြုပေးချင်သည်။ သို့သော် လက်ရှိအခြေအနေအရ သူမသည် တံခါးပိတ်ကာ အဆိပ်ဖော်စပ်ရမည့်ပုံပင်။ သူမသည် အပြစ်မကင်းစိတ်ကိုခံစားရသည်။ သို့သော် အိပ်မက်လေးသည် ထိုသို့မတွေးပေ “ယူယူ ဒီလိုလုပ်ဖို့မလိုပါဘူး.. ပြီးတော့ ရှောင်ချီနဲ့ ရွှေလေး လည်းရှိနေတာပဲလေ”

“မင်း ဂရုစိုက်ရမယ်.. အန္တရာယ်ဖြစ်လာရင် စာချုပ်စွမ်းအားကိုသုံးပြီး စာချုပ်နေရာကို ပြန်လာခဲ့လိုက်” ရှီမာယူယူသည် ဝူလင်းယူနောက်လိုက်ရန် သူတို့ကိုပြောလိုက်သည်။

ထိုစဉ်က အိပ်မက်လေး၏မှတ်ဉာဏ်ကို ရှီမာယူယူသည် ကိုယ်တိုင် မျက်လုံးဖြင့် မြင်ခဲ့ရသည်။ ထိုအချိန်က မိုရှားသည် သူမနှင့်စာချုပ်ရှိနေသဖြင့် သူလည်းထိုအရာများကို မြင်ခဲ့သည်။ သူမ လက်စားချေရန် သွားမည်ကိုသိ သည်နှင့် ဆန့်ကျင်ရန်မရှိတော့ဘဲ သားရဲအပေါင်းအဖော်များနှင့်အတူ သွားခဲ့ သည်။

သူတို့ထွက်သွားပြီးနောက် သူမသည် ဝိညာဉ်စေတီအတွင်းသို့ ပြန်ဝင်ခဲ့ လိုက်သည်။

လအနည်းငယ်ကြာပြီးနောက် ဝူလင်းယူပြန်လာသောအခါ ရှီမာယူယူ သည် လုပ်လက်စကို ရပ်ထားပြီး သူ့ကိုအဖော်ပြုပေးသည်။ သူ ထွက်သွား သည်နှင့် သူမသည် တဖန်ပြန်ပြီး တံခါးပိတ်ကျင့်ကြံသည်။ ဤကဲ့သို့ ဘဝမျိုး သည် အတော်ကြာဦးမည်ဟု ရှီမာယူယူထင်ထားသည်။ ထို့ကြောင့် ဝူလင်းယူ နှင့် မိုလော့တို့ ရင်ဆိုင်ကြပြီဟု အိပ်မက်လေးတို့ ပြောသည်ကို ကြားလိုက် ချိန်တွင် အလွန်ပင် အံ့အားသင့်မိသည်။

၃ နှစ်ကျော်မျှသာရှိသေးသည်… ထိုအချိန်က ဘာကြောင့် ဤမျှမြန်သည် ကို သူမ စဉ်းစားရန်အချိန်ပင်မရှိပေ။ တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီး နောက် သူမသည် ပုလ္လင်ငယ်ထုတ်ပြီး နတ်ဆိုးလောက၏ အင်ပါယာမြို့သို့ သွားလိုက်သည်။

သူမ ရောက်သွားချိန်တွင် ဝူလင်းယူသည် တပ်ဖွဲ့ဖြင့် နန်းတော်ကို သွား ဝိုင်းချိန်ဖြစ်သည်။ ဝူလင်းယူနှင့် မိုလော့တို့သည် လေပေါ်တွင် တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်နေကြသည်။ သူမ လေထဲကထွက်လာသည်ကို မြင်သောအခါ မိုလော့သည် ဘာကိုမှမစဉ်းစားတော့ဘဲ သူမကိုတိုက်ရိုက် တိုက်ခိုက်လေသည်။

ရှီမာယူယူ၏ အင်အားနှင့်ဆိုလျှင် ချက်ချင်းသတ်နိုင်လိမ့်မည်ဟု မိုလော့ ထင်ထားသည်။ ထို့ကြောင့်ပင် ဝူလင်းယူသည် ပျာယာခတ်သွားလိမ့်မည်။ စွမ်းအားပျောက်ကွယ်သွားသည်နှင့် ရှီမာယူယူသည် ပုလ္လင်ငယ်ပေါ်တွင် သက်တောင့်သက်သာထိုင်နေလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။

ပြီးနောက် ဝူလင်းယူသည် ဘာမှမလုပ်ခဲ့ပေ။

***

All Chapters