← Chapters

အတိအကျလက်စားချေခြင်း

Vol. 160 Ch. 2234

အတိအကျလက်စားချေခြင်း

Vol. 160 Ch. 2234

ရှီမာယူယူသည် ပုလ္လင်ငယ်ပေါ်တွင် တည်ငြိမ်စွာထိုင်နေပြီး မိုလော့နှင့် တခြားသူများ၏ အံ့အားနေသောအကြည့်ကို ကြည့်ပြီး လေဟာနယ်ပိတ်ထား သည်ကို ဖယ်ရှားကာ ဝူလင်းယူဆီသို့ တည်တည်ငြိမ်ငြိမ်ပင်လာလေသည်။

လေဟာနယ် ချိပ်ပိတ်ခြင်း…

လေဟာနယ်များအပေါ် သူမ၏နားလည်မှုသည် အားကောင်းကြောင်းကို သူမထွက်လာသည့်အချိန် တိုက်ခိုက်လိုက်သည်နှင့် မိုလော့သိလိုက်သည်။ သူ၏အရှိန်မှာအလွန်မြန်ဆန်ပြီး တခြားလူများဆိုလျှင် သတိလက်လွတ်ဖြစ်စေ နိုင်သည်။ သို့သော် သူမသည် အချိန်တိုအတွင်း၌ပင် လေဟာနယ်ကို ပိတ်ပစ် ကာ သူ၏တိုက်ခိုက်မှုကို ဖယ်ရှားလိုက်နိုင်သည်။

ဝူလင်းယူသည် သူမ သူ့ဘေးသို့လာနေသည်ကိုမြင်သောအခါ သူမ၏ လက်ကိုဆုပ်ကိုင်ပြီး နူးညံ့စွာပြောလေသည် “ဘာလို့ရောက်လာတာလဲ”

“ဒီကအခြေအနေကို အိပ်မက်လေးတို့ ပြောပြလို့ လာခဲ့တာ” ရှီမာယူယူ ပြောလေသည်။

သူမျက်လုံးထဲမှ စိုးရိမ်မှုများကို မြင်သောအခါ ဝူလင်းယူသည် သူမ၏ လက်ကို ဖျစ်ညှစ်ပြီး ပြောလိုက်သည် “စိတ်မပူနဲ့ ကိုယ်အဆင်ပြေတယ်”

သူ၏ ရန်သူဟောင်းနှင့်တွေ့ချိန်တွင် သူ၏ခံစားချက်များကို မထိန်းချုပ် နိုင်မည်ကို ရှီမာယူယူ စိုးရိမ်ခဲ့သည်။ ထို့အပြင် ထိုအမုန်းတရားသည် နက်ရှိုင်း နေပြီဖြစ်သည်။

သို့သော် ဝူလင်းယူ၏ လက်ရှိအခြေအနေကိုကြည့်ပြီး စိုးရိမ်ရန်မလိုတော့ သည်ကို သိလိုက်ရသည်။

သူမ မရောက်ခင်တွင် ဝူလင်းယူနှင့် မိုလော့တို့ မည်သည့်စကားများပြော ခဲ့ကြသည်ကို သူမ မသိပေ။ ထို့ကြောင့် သူမ ရောက်ပြီးချိန်တွင် သူတို့နှစ် ယောက်သည် နေရာမှပျောက်သွားကြပြီး လေဟာနယ်ထဲသို့သွားကြသည်ကို မြင်လိုက်ရသည်။

နှစ်ဖက်မှဘုရင်နှစ်ပါးတိုက်ခိုက်ကြရာ ကျန်လူများလည်း တိုက်ခိုက်ကြ လေသည်။ ရှီမာယူယူသည် သူမ၏သားရဲများကိုခေါ်ပြီး တိုက်ပွဲတွင်ဝင်ပါ၏။ ဝူလင်းယူသည် ရှောင်ချီ၊ ရွှေလေး၊ မဟူရာ၊ မီအာနှင့် ဟိန်းသံထောင်ချီတို့ တိုက်ခိုက်ပုံကိုအရင်က မြင်ဖူးသဖြင့် အံ့ဩသွားခြင်းမရှိပေ။

သို့သော် အရင်ကထွက်မလာဖူးသည့် ငှက်ပေါက်စ၊ ရှောင်ဟု၊ ခရမ်းလေး နှင့် အမည်းလေးတို့သည် သာမန်စာချုပ်သားရဲများမဟုတ်ကြပေ။ မီးတောက် တစ်ပွင့်၊ မိုးကြိုသွားတစ်ချက်ကပင် ထိုလူတစ်စုကိုရှင်းနိုင်လေသည်။ သူတို့၏ တိုက်ပွဲစွမ်းအားသည် ပန်းလေးတို့ထက် အဆပေါင်းများစွာမြင့်နေရာ မြင်သူ များအားလုံး မှင်တက်သွားကြလေသည်။

သူမကိုယ်တိုင်ကမူ စံတင်အဆင့်ရောက်နေရာ မျိုးစုံသောစွမ်းရည်များ၏ ဝိညာဉ်စွမ်းအင်များထုတ်လိုက်သည်နှင့် အားလုံး၏မျက်လုံးများကို ကျိန်းသွား စေသည်။

သူမ၏ တိုက်ခိုက်မှုစွမ်းအားသည် အလွန်အားကောင်းနေသည်။

ဝူလင်းယူဘက်မှလူများသည် သူမ၏အဆိပ်ကြောင့် သူမကိုလေးစားခဲ့ ကြသည်။ ယခု သူမ၏ အင်အားကိုပြသချိန်တွင် သူမကလွဲပြီး သူတို့၏ ဘုရင် နှင့် မထိုက်တန်သည်ကို ချက်ချင်းပင် ခံစားမိလိုက်ကြသည်။

သူမက လူသားဖြစ်နေလည်း ဘာဖြစ်လဲ။ သူတို့ဘုရင်ရဲ့ခန္ဓာကိုယ်က လည်း လူသားပဲမဟုတ်ဘူးလား။ နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို ကြည့်လိုက်.. သူမထက်အားကောင်းတဲ့သူ ဘယ်သူမှမရှိတော့ဘူး။

ဘုရင်နှင့် မိဖုရားတို့သည် မင်္ဂလာပွဲကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ရဟု သူတို့ ကြားသိထားသည်။ သူတို့နတ်ဆိုးလောကကို သိမ်းပိုက်ပြီးလျှင် မိဖုရား ကို ခမ်းနားကြီးကျယ်သည့်မင်္ဂလာပွဲကျင်းပပေးရန် ဘုရင်ကိုတိုက်တွန်းသင့် သလား။

ထိုလူများတွင် ထိုသို့အတွေးရှိသည်ကို ရှီမာယူယူသိလျှင် မျက်လုံးလှိမ့် လိမ့်မည်။ ယခုအချိန်မှာ စစ်ပွဲအတွင်းဖြစ်နေကာ သူတို့သည် စိတ်ထဲမှ တခြား အတွေးများတွေးနိုင်သေးသည်။

စစ်ပွဲသည် လွယ်ကူလှသည်မဟုတ်ပေ။ မိုလော့သည် နတ်ဆိုးလောကကို နှစ်ပေါင်းများစွာ အုပ်စိုးလာခဲ့ရာ ထိုနေရာတွင် နောက်ခံရှိနေပြီဖြစ်သည်။ ဝူလင်းယူသာ မိုလော့၏ခေါင်းနှင့်ပြန်မလာလျှင် ဤတိုက်ပွဲတွင် နောက်ဆုံး ရယ်မောမည့်သူမှာ မည်သူဖြစ်လိမ့်မည်မှာ မသိနိုင်ပေ။

ဝူလင်းယူ ဒဏ်ရာရပြီး ပြန်လာသည်နှင့် ရှီမာယူယူသည် သူ့ကိုသွားတွဲ ပေးသည်။ မုလော့၏ ခေါင်းကိုမြင်သောအခါ အရှိန်အဟုန်မှာ အားလျော့သွား ပြီး ခုခံလိုခြင်းမရှိကြတော့ပေ။

ထိုတိုက်ပွဲသည် ပြီးသွားလေပြီ။

ဟုန်ယွမ်သည် လူများခေါ်သွားကာ ကျန်ကိစ္စများ ဖြေရှင်းလေသည်။ ရှီမာယူယူသည် သူ့ကို မိုလော့၏နန်းတော်သို့ ခေါ်သွားသည်။ သူ လူအုပ်ထဲမှ ထွက်လာသည်နှင့် ရှီမာယူယူ၏ရှေ့တွင် မေ့လဲသွားလေသည်။

သူ တောင့်ခံလာရသည်မှာ ကြာပြီဖြစ်ကာ လက်ရှိအခြေအနေကိုလည်း တောင့်ခံနေရကြောင်းကို ရှီမာယူယူမြင်ခဲ့ပြီးဖြစ်သည်။ ယခုခါ သူသည် လူမမြင်နိုင်သည့်နေရာရောက်သည်နှင့် ထပ်ပြီးတောင့်မခံနိုင်တော့ပေ။

သူမသည် သူ့ကိုအိပ်ရာဆီသို့ အမြန်ပင်တွဲသွားပေးပြီး သွေးထွက်ရပ် အောင် ကုသပေးလေသည်။ လုပ်ပေးရသည့်လုပ်ငန်းစဉ်မှာ သူမကို ပင်ပန်းစေ သည်။

ဟုန်ယွမ်သည် အပြင်မှလျှောက်ဝင်လာပြီး မနိုးသေးသော ဝူလင်းယူနှင့် သူမ၏ဖြူဖျော့နေသောမျက်နှာကိုမြင်သောအခါ ပြောလေသည် “မင်းလည်း ဒဏ်ရာရထားတာပဲ.. သူအဆင်ပြေမှတော့ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက် လိုက်ပါဦး”

ရှီမာယူယူသည် သူ့ကိုအားနည်းစွာဖြင့် ပြုံးပြလိုက်ကာ ဆေးထုတ်ပြီး စားလိုက်သည်။ ပြီးနောက် သူမ၏ အသက်ရှုထုတ်ခြင်းကို တည်ငြိမ်အောင်လုပ် ပြီး ပြောလိုက်သည် “အပြင်ကကိစ္စတွေ အကုန်ဖြေရှင်းပြီးပြီလား”

“မပြီးသေးဘူး” မိုလော့ သေသွားသည့်အချိန်၌ နောက်တွင်ကျန်ခဲ့သည့် အင်အားမှာကြီးသဖြင့် အချိန်တိုအတွင်း ဖြေရှင်းမရပေ‌ “အရှင့်ကို စိတ်ပူ အရင် လာကြည့်တာပါ ခဏနေရင် ပြန်ထွက်သွားမှာ”

ရှီမာယူယူသည် သူ့ကို အသက်ရှည်ဆေးတစ်ပုလင်း ပေးလိုက်သည် “ဒီ အသက်ရှည်ဆေးက ကုသတဲ့နေရာမှာ သက်ရောက်မှုအားကောင်းတယ်.. လင်းယူက အခုဒီလိုဖြစ်နေတော့ အပြင်ကကိစ္စတွေက ရှင့်အပေါ်မူတည်သွား ပြီ”

ဟုန်ယွမ်သည် တဒင်္ဂမျှတိတ်ဆိတ်သွားကာ ကျောက်စိမ်းပုလင်းကိုယူပြီး လှည့်ထွက်သွားလေသည်။

ရှီမာယူယူကိုယ်တိုင်ကလည်း အပြင်းအထန်ဒဏ်ရာရထားသဖြင့် အတား အဆီးစီမံကာ အပြင်မှအခြေအနေများကို အာရုံစိုက်ထားရန် ဝိညာဉ်လေးကို ပြောပြီး ဝူလင်းယူ၏ဘေးသို့သွားပြီး အိပ်လိုက်၏။

သူမ နိုးလာချိန်တွင် ခန္ဓာကိုယ်မှာ ပို၍နေလို့ကောင်းသွားသည်။ သူမ သည် ဝူလင်းယူ၏အခြေအနေကို အရင်ကြည့်ရာ သူ၏ခန္ဓာကိုယ်မှာ တိုးတက် လာသည်ကိုမြင်သည်နှင့် သူ့ဘေးတွင်အတားအဆီးချကာ တံခါးဖွင့်ပြီး ထွက် လာလိုက်သည်။

သူမသားရဲများ၏ ဆက်သွယ်ချက်နောက်လိုက်ကာ နန်းတော်အပြင်သို့ သွားလိုက်ရာ အကျဉ်းသားများစွာရှိနေသည်။ သူမ ထိုနေရာသို့ရောက်သော အခါ လေဟာနယ်အပြင်ဘက်တွင် အပျော်လာကြည့်သောလူများနှင့် ပြည့်နေ ကြပြီး သူမ၏သားရဲများအားလုံးသည် ကွင်းအလယ်တွင်ရပ်နေကြကာ အိပ်မက်လေးကို အလယ်တွင်ထားပြီး ဝန်းရံထားကြလေသည်။ ထိုအချိန်တွင် အမည်းလေး၊ မီးအာ သို့မဟုတ် တခြားသားရဲများ၏ မျက်နှာထားမှာ လေးနက် နေကြပြီး ထိုလူများကို သေလူများကဲ့သို့ ကြည့်နေကြသည်။

အလယ်တွင်ရှိသောအိပ်မက်လေးသည် မြေပေါ်ရှိလူ၏ ရင်ဘတ်ထဲသို့ ဓားရှည်ဖြင့် စိုက်သွင်းလိုက်သည်။ သူမ ဘာမှမပြောဘဲ ထိုလူသေသွားသည် အထိ စိုက်ကြည့်နေသည်။ ထိုအချိန်တွင် ရှောင်ဟုသည် မြေပြင်ဆီသို့ပျံလိုက် ရာ ထိုနေရာတွင် ဘာမှမကျန်ခဲ့တော့ပေ။

“အိပ်မက်လေး ဒီမှာ” ရှောင်ဟုသည် လူတစ်ယောက်ကို ကောက်ပြီး အိပ်မက်လေးရှေ့သို့ ပစ်ပေးလေသည်။

အိပ်မက်လေးသည် မြေပေါ်မှ ကြောက်လန့်နေသည့် မျက်လုံးတစ်စုံကို ငေးငိုင်စွာကြည့်ပြီး လက်ထဲမှ ဓားရှည်ကိုမြှောက်လိုက်သည် “အစတုန်းက ငါလည်း မင်းတို့လိုကြောက်ခဲ့တယ်.. ဒါပေမဲ့ မင်းတို့က မသနားဘဲ ရယ်တောင် ရယ်ခဲ့ကြတယ်.. ငါကြောက်လေလေ မင်းတို့တွေ ပျော်လေလေပဲ အထူးသဖြင့် မင်းတို့ ငါ့နှလုံးကိုထုတ်လိုက်တဲ့အချိန်.. ငါ မေ့သွားတဲ့အချိန်မှာ မင်းတို့ရယ်သံ ကို ငါကြားခဲ့တယ်”

မြေပေါ်မှလူသည် ပါးစပ်အဟောင်းသားဖြင့်ရှိနေသည်။ သို့သော် သူ ဘာမှမပြောနိုင်ခင်မှာပင် သူ၏နှလုံးမှာ ထိုးဖောက်ဝင်ရောက်သွားလေသည်။

သည်တစ်ကြိမ်တွင် ငှက်ပေါက်စသည် အလောင်းကို ဘာမှမကျန်အောင် သပ်သပ်ရပ်ရပ်ပင် ဖျက်ဆီးလိုက်သည်။

အလောင်းမရှိတော့သည်နှင့် အမည်းလေးသည် လက်ကိုဝှေ့ယမ်းကာ မလှမ်းမကမ်းတွင်ရှိသော အိပ်မက်လေးဆီသို့ ပျံသွားလေသည်။

ရှီမာယူယူသည် ရပ်မြဲနေရာတွင်ရပ်နေကာ ဖြတ်မသွားပေ။ ချိပ်စည်း ဖျက်ထားသော အမည်းလေးပင် ပါဝင်လိမ့်မည်ဟု သူမ ထင်မထားပေ။ သားရဲ များသည် အိပ်မက်လေးကို ထိုသို့ကူညီနေကြသဖြင့် သူမ ဝင်မနှောင့်ယှက် တော့ပေ။

အစက တက်ကြွစွာ ကြည့်နေကြသောလူများသည် ရှီမာယူယူ၏ သားရဲ များအတူစုဝေးနေကြသည်ကို မြင်သောအခါ အလွန်ခမ်းနားသည့် မြင်ကွင်းမြင် ရတော့မည်ဟု ထင်ထားသဖြင့် နေခဲ့ကြသည်။ သို့သော် ဤကဲ့သို့အရာကို မြင် ရလိမ့်မည်ဟု ထင်မထားကြပေ။ အိပ်မက်လေးသည် ဖုံးကွယ်မနေတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် အိပ်မက်နတ်ဆိုးမျိုးနွယ်ဖြစ်သည်ကို အားလုံးသိထားနှင့်ကြပြီးဖြစ်သည်။ သူတို့သည် အဖြစ်အပျက်များကို အတိအကျမသိရုံတင်သာဖြစ်သည်။ အိပ်မက်လေး၏ စကားများကိုကြားသော အခါ သူတို့သည်သူမကို သနားစဖွယ်ကြည့်ကြသည်။ သို့သော် အားလုံးသည် သူမအနောက်တွင် ရပ်နေကြသော သားရဲများကို ကြောက်ရွံ့မိကြသည်။ သူတို့ ၏ အေးစက်သောမျက်နှာများမှာ.. ရှီမာယူယူ၏ စကားနှင့်ဆိုရလျှင် အင်း.. လူမိုက်အုပ်စုသဖွယ်ဖြစ်နေကာ သူတို့၏ရောင်ဝါမှာလည်း ကြောက်မက်ဖွယ် ကောင်းလေသည်။

အိပ်မက်လေးသည် သူမ မည်မျှသတ်ခဲ့သည်ကိုပင် မသိတော့ပေ။ သူမ တစ်‌ယောက်သတ်ပြီးနောက် သူတို့သည် နောက်တစ်ယောက် ဖမ်းခေါ်လာ၏။ သူမသည် ထိုလူများကိုမြင်သောအခါ သူမ၏မျိုးနွယ် ဖျက်ဆီးခံရသည့် မြင်ကွင်းကို တွေးမိသွားသည်။ သူမ သတိပြန်ဝင်လာသောအခါ ကွင်းထဲမှ ထို လူများအားလုံး သေသွားပြီဖြစ်သည်။

ထိုလူများသည် သုံ့ပန်းထဲမှ အမည်းလေးတို့ ရှာတွေ့ခဲ့သည့် ရန်သူများ ဖြစ်ကြပြီး ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့ကြသူများဖြစ်သည်။ တခြားသော ပုစွန် ဆိတ်များကိုတော့ သူတို့ သတ်ပြီးကြလေပြီဖြစ်သည်။

ယခုအားလုံးကို သတ်လိုက်ပြီဖြစ်ရာ သူမ၏ လက်စားချေမှုပြီးဆုံးသွားပြီ လား။ သူမ၏ မျက်ရည်များ အထိန်းအကွပ်မဲ့ ဘာကြောင့်ကျလာသည်ကိုပင် သူမ မသိပေ။

***

All Chapters