မလောက်လေးမလောက်စားတွေ လာပါပြီ
Vol. 160 Ch. 2235
လက်တစ်ဖက်သည် သူမကို အနောက်မှပွေ့ဖက်လိုက်သည်။ နူးညံ့ပြီး နွေးထွေးလွန်းလှသည်။
အိပ်မက်လေးသည် ရှီမာယူယူ၏ရင်ခွင်ဘက်သို့ လှည့်ပြီး အထိန်းအချုပ် မဲ့စွာ ငိုမိသည်။
“အခုပြီးသွားပြီ မင်းမှာ ငါတို့ရှိသေးတယ်” ရှီမာယူယူသည် သူ၏ ပခုံးကို ညင်သာစွာပုတ်ပေးပြီး နှစ်သိမ့်ပေးလေသည်။
အိပ်မက်လေးသည် သူမကြောင့် ဆွေမျိုးများအားလုံး သေသွားခြင်း အတွက် သူမကိုယ်သူမ အပြစ်ရှိသလိုခံစားနေရသည်ကို ရှီမာယူယူနားလည် သည်။ ထိုအမုန်းတရားသည် သူမကို ရှေ့ဆက်သွားရန် အထောက်အပံ့ဖြစ် သည်ကိုလည်း သိထားသည်။ သူမ ပိုနားလည်သည်မှာ သူမ၏စိတ်ထဲတွင် လစ်ဟာသွားပြီး လက်စားချေခြင်း၏ ဆုံးရှုံးမှုနှင့် မပျော်ရွှင်မှုကိုခံစားရခြင်းကို ပင်။ သူမသည် အရင်က အရာအားလုံးကို ကြုံတွေ့ဖူးသည်။ ထို့ကြောင့် တခြား သားရဲများထက် ထိုခံစားချက်ကို ပိုနားလည်သည်။
အိပ်မက်လေး ငိုသည်ကိုကြည့်ပြီး ပွဲကြည့်နေသောသူများကို တခြား သားရဲများသည် အေးစက်သောမျက်လုံးများဖြင့် ကြည့်လိုက်ရာ ထိုလူများ သည် အလိုက်တသိပင် ချက်ချင်းထွက်သွားကြလေသည်။ သေးငယ်သည့် နတ်ဆိုးမျိုးနွယ်ထဲမှလူတစ်ယောက်သည် ထွက်သွားရန် တွန့်ဆုတ်နေပုံရ၏။
“သွားကြမယ်လေ” သူ့ဘေးနားမှလူများသည် သူ့ကိုတိုက်တွန်းရသည်။
သူသည် ရှီမာယူယူကို ကြည့်ပြီး သူမကိုခေါ်လေသည် “မိဖုရား.. အရှင့်ကို ဘယ်တော့လက်ထပ်မှာလဲ”
ရှီမာယူယူသည် အံ့ဩသွားသည်။ ထိုလူကို သူ့အပေါင်းအဖော်များမှ ဆွဲခေါ်သွားလေသည်။ ထိုအချိန်တွင် ရှီမာယူယူကို ကြည့်သည့်သားရဲများ၏ အကြည့်များသည် ပြောင်းလဲသွားကြသည်။ အရင်က အေးစက်မှုများ ပျောက် သွားပြီး မေးခွန်းထုတ်သည့်အကြည့်များသာကျန်ခဲ့လေသည်။
ဝူလင်းယူသည် သူတို့ကို ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲတစ်ပွဲ အကြွေး တင်နေသည်။ ထိုစဉ်က သူတို့နှစ်ယောက်သည် တိတ်တဆိတ်လက်ထပ်ခဲ့ကြ သည်။ ယခုကိစ္စတွေအကုန်လုံးပြီးသွားပြီဆိုတော့ မင်္ဂလာပွဲကျင်းပဖို့အချိန်ကျ ပြီမဟုတ်ဘူးလား။
ရှီမာယူယူသည် တခြားသူများ၏ ထင်မြင်ချက်ကို ဂရုမစိုက်ပေ။ သို့သော် သူမသားရဲများ၏ အကြည့်ကိုမြင်လိုက်သည့်အချိန်၊ အိပ်မက်လေးပင် အငိုရပ် ကာ သူမကို စိုစွတ်သောမျက်လုံးများဖြင့် ကြည့်နေရာ သူမ၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး ပြောလိုက်သည် “ဒီကိစ္စက လူသားလောက၊ နတ်ဆိုးလော ကနဲ့ တစ္ဆေလောကတို့ ပါနေကြတာဆိုတော့ စီစဉ်ဖို့ကအဲလောက်မလွယ်ဘူး”
“ရပါတယ်.. ပြီးတော့ အခုကဘာမှလုပ်စရာမှမရှိတော့တာ” ဟိန်းသံ ထောင်ချီသည် တိုးညင်းစွာပြောလေသည်။
“လင်းယူနိုးပြီလားလို့ သွားကြည့်လိုက်ဦးမယ်”
“အတူသွားကြတာပေါ့ သူနိုးလာရင် သူ့ကိုပြောလို့ရတယ်”
ရှီမာယူယူမှာ “….”
သားရဲများအားလုံး ထိုအကြောင်းပြောသည်ကို အနည်းငယ်ရှက်ရွံ့မိ သော်လည်း သူတို့သည် အိပ်မက်လေး၏ အာရုံကိုလွှဲရန်ကြိုးစားခြင်းသာဖြစ် သည်။ ထို့ကြောင့် သူမ ဘာမှပြန်မပြောတော့ဘဲ သူတို့ကိုပါ အတူခေါ်ခဲ့လိုက် သည်။
ဝူလင်းယူသည် မနိုးသေးပေ။ သူမသည် ဝိညာဉ်အတားအဆီးကို ဖယ်ရှား ပြီး သူ့အခြေအနေကို သွားစစ်ဆေးလိုက်သည်။
“ယူယူ အစ်ကိုလင်းယူက ဆိုးဆိုးဝါးဝါးဒဏ်ရာရထားတာပဲ သူ ဘယ်တော့နိုးမှာလဲ” ရှောင်ချီနှင့် ဝူလင်းယူတို့သည် အရင်းနှီးဆုံးဖြစ်သည်။ သူ အိပ်ရာပေါ်တွင် အသက်မဲ့စွာလှဲနေသည်ကိုမြင်သောအခါ သူမ၏ ဆတ်ဆော့ တတ်သည့်အတွေးများအားလုံး ဖျော့တော့သွားသည်။
“သူ့ခန္ဓာကိုယ်က ပြန်အားဖြည့်နေလို့ အဲလိုအိပ်နေတာလေ.. အရမ်းကြီး စိတ်မပူပါနဲ့” ရှီမာယူယူသည် မျက်လုံးထဲတွင် စိုးရိမ်မှုများရှိသော်လည်း ထိုသို့ ပြောလေသည်။
သူဒဏ်ရာရသည်ကို သူမ မြင်ရခဲလှသည်။ အထူးသဖြင့် သူ သတိမေ့နေ သည်ကိုပိုမြင်ရခဲသည်။ သူ နိုးလာမည်ကို သူမသိသော်လည်း စိုးရိမ်နေတုန်းပင် ဖြစ်သည်။
“မေမေ”
“မေမေ”
ကလေးနှစ်ယောက်၏ အသံသည် အပြင်မှထွက်လာရာ ရှီမာယူယူသည် ထင်ယောင်ထင်မှားလားဟုပင် ခေတ္တမျှတွေးမိသွားသည်။
“အာ့..”
ပုံရိပ်ငယ်လေးတစ်ခုသည် တံခါးခုံနှင့် ထိမိ၍ မြေပေါ်သို့လဲကျသွားလေ သည်။
ဝူချီယောင်သည် မြေပေါ်သို့လဲကျသွားသော ဝူရှောင်းသောင့်ကိုကြည့်ပြီး သူမကိုထူပေးလေသည်။ ဝူရှောင်းသောင့်ထလိုက်ချိန်တွင် မငိုသလို ပြဿနာ လည်းမရှာပေ။ သူမသည် သူမ၏ခန္ဓာကိုယ်ကို ထုံးစံအတိုင်းခါချပြီး ရှီမာယူယူ ၏ ရင်ခွင်ထဲသို့ ပျံဝင်သွားလေသည်။
“မေမေ သမီးတို့ အရမ်းလွမ်းနေတာ” ဝူရှောင်းသောင့်သည် သမီးဟု မပြောဘဲ သမီးတို့ဟု ပြောလေသည်။
ထိုအခါမှပင် သူမ၏ ထင်ယောင်ထင်မှားမဟုတ်ဘဲ သူမ၏ ရတနာငယ် လေးများဖြစ်သည်ကို ရှီမာယူယူ အတည်ပြုနိုင်တော့သည်။
ရှီမာယူယူသည် ဝူရှောင်းသောင့်ကို ကောက်ချီကာ သူမ၏ မျက်နှာကို နမ်းပြီး ပြုံးကာ ပြောလိုက်သည် “ဘာလို့ ဒီကိုရောက်လာကြတာလဲ”
“ဦးလေးဟေးဒီးစ်က သားတို့ကို ဒီကိုခေါ်လာပေးတာ” ဝူချီယောင်သည် ရှီမာယူယူဘေးသို့ ရောက်လာသည်။ သူ့ကြည့်ရသည်မှာ အလွန်တည်ငြိမ်နေ သည်။ သူသည် ငယ်ရွယ်သော်လည်း လူကြီးတစ်ယောက်ကဲ့သို့ပင် အလွန် တည်ငြိမ်လှသည်။
သူ ရှီမာယူယူ၏ဘေးသို့လာသောအခါ အရင်ကလို ဖက်ခွင့်မပေးတော့ ပေ။ သို့သော် ရှီမာယူယူသည် ဆောင့်ကြောင့်ထိုင်ကာ သူ့ကို လက်တစ်ဖက်ဖြင့် ချီပြီး မျက်နှာလေးကိုနမ်းက ပြောလိုက်သည် “ယောင်ယောင်လေး အမေ့ကို လွမ်းနေပြီလား”
ဝူချီယောင်သည် ရှက်ရွံ့သွားသလို သူ၏အသံမှာလည်း အရင်ကထက် ပို နူးညံ့နေသည် “ဟုတ်ကဲ့”
“မေမေလည်း သားတို့နှစ်ယောက်ကို လွမ်းနေခဲ့တာ” ရှီမာယူယူသည် တံခါးအပြင်ကို ကြည့်လိုက်သည်။ မည်သူမှမရှိပေ။ သူတို့သည် ကလေးနှစ် ယောက်ကို ထားပြီးသည်နှင့် ထွက်သွားပုံပင်။
ဒီလိုကိစ္စမျိုးကို ဟေးဒီးစ်အပြင် ဘယ်သူလုပ်နိုင်ဦးမှာလဲ။ သူသည် ကလေးနှစ်ယောက်ကို ဤနေရာသို့ပို့ခိုင်းလိုက်သေးသည်။
“မေမေ မေမေ ဖက်ထုပ်လိုမျိုး ထုပ်ထားတဲ့ဒီလူက ဘယ်သူလဲ” ဝူရှောင်း သောင့်သည် အိပ်ရာပေါ်မှဝူလင်းယူကို ညွှန်ပြပြီး မေးလေသည်။
ဖက်ထုပ်လိုမျိုး ထုပ်ထားတဲ့လူတဲ့… ထိုဖော်ပြချက်ကိုကြားလျှင် ဝူလင်း ယူ ငိုသွားမလား သူမ သိချင်သည်။
ရှီမာယူယူသည် ကလေးများကိုချကာ သူတို့ကိုအိပ်ရာဘေးသို့ခေါ်သွား ပြီးနောက် ပြောလိုက်သည် “ဒါက သမီးတို့ဖေဖေလေ.. သူက ခုနလေးတင် လူဆိုးကြီးနဲ့တိုက်ခိုက်ပြီးတော့ အခုဒဏ်ရာအပြင်းအထန်ရထားတာ.. သူနိုး လာလို့သမီးတို့ကို တွေ့ရင် ပျော်သွားမှာပဲ”
“ဒါက ဖေဖေလား အဖေ့ကို ဘယ်သူကနာအောင်လုပ်တာလဲ.. ဦးလေး ဟေးဒီးစ်ကိုပြောပြီး သင်ခန်းစာပေးခိုင်းရမယ်” ဝူရှောင်းသောင့်သည် ခါးသီးစွာ ပြောလေသည်။
ဝူလင်းယူသည် သူတို့ကို လွန်ခဲ့သည့် ၄ နှစ်ကသွားတွေ့ခဲ့သည်။ သို့သော် ထိုစဉ်က သူတို့အလွန်ငယ်ရွယ်ခဲ့သဖြင့် သူ့ကိုမမှတ်မိကြပေ။ သို့သော် ဟေးဒီးစ်သည် ဝူလင်းယူ၏ပုံရိပ်ကို ပုံမှန်ပြထားသဖြင့် သူကိုလည်း မှတ်မိနေ ကြသည်။ သူ ဒီလောက်ကြီး ဆိုးဆိုးဝါးဝါးထိခိုက်ထားမယ်လို့ ဘယ်သူထင်မိမှာ လဲ။ ဝူချီယောင်၏ မျက်နှာမှာ အေးစက်နေသဖြင့် ရှီမာယူယူသည် သူ၏ ရောင်ဝါကို မျက်လုံးများပင် ပင့်မိသည်။ သူမသည် ကလေးနှစ်ယောက်၏ ခေါင်းကိုထိကိုင်ကာ ပြောလိုက်သည် “အဲဒီလူဆိုးကြီးကို ဖေဖေကသတ်လိုက် ပြီ ဖေဖေက အားမကောင်းဘူးလား”
ဝူရှောင်းသောင့်သည် အိပ်ရာအစွန်းတွင် လှဲလျောင်းနေသည်။ သူသည် ဝူလင်းယူ၏ ပတ်တီးများကို ထိတော့မည့်ဆဲဆဲတွင် ရှီမာယူယူ၏ စကားများ ကိုကြားလိုက်ရသည်။ သူမသည် ခေါင်းကိုအခိုင်အမာပင်ညိတ်ကာ ပြောလိုက် သည် “ဖေဖေနဲ့မေမေ နှစ်ယောက်လုံးက အားကောင်းကြတယ်”
ရှီမာယူယူသည် ပြုံးလိုက်သည်။ ဤကလေးသည် သူမ၏ မြှောက်ပင့် ပြောဆိုတတ်ပုံနှင့် သွားတူနေသည်။
“မေမေ ဖေဖေကဘယ်တော့နိုးလာမှာလဲ” ဝူချီယောင်သည် ဝူလင်းယူကို ကြည့်ပြီး မျက်မှောင်ကြုတ်လေသည်။
“နေ့တစ်ဝက်အတွင်း နိုးလာပါလိမ့်မယ်”
“ဒါဆိုရင် ဒီမှာနေပြီး ဖေဖေ့ကိုစောင့်ရအောင်.. အဲဒါမှ ဖေဖေနိုးလာရင် သမီးတို့ကိုတွေ့ရမှာ” ဝူရှောင်းသောင့်သည် ခေါင်းလှည့်ပြီး ရှီမာယူယူ၏ ထင်မြင်ချက်ကို မေးလေသည်။
“ဟုတ်ပြီ ဒါပေမဲ့ အသံကိုတိုးတိုးပြောရမယ်နော် အဲဒါမှ ဖေဖေ့ကို အနှောင့်အယှက်မဖြစ်မှာ” သူမသည် ကလေးနှစ်ယောက်လိမ္မာသည့်အတွက် ပျော်မိသည်။
ဟွာတိနှင့်တခြားစစ်သူကြီးများသည် ဝူလင်းယူကို လာတွေ့ကြချိန်တွင် သားအမိသုံးယောက်တို့ သူ့အိပ်ရာဘေးတွင် တိုးညင်းစွာ စကားပြောနေကြ သည်ကို မြင်လိုက်ရသည်။
နန်းတော်မှာ ရုတ်တရက်ကြီး ကလေးနှစ်ယောက်ရှိလာတာလား။ ဘာ ဖြစ်တာလဲ။ အားလုံးသည် ဟုန်ယွမ်ကိုသွားတွေ့ကြသည်။ ဟုန်ယွမ်၏ မျက်လုံးများ မှိန်သွားကာ ခေါင်းခါပြီး ဘာမှမသိကြောင်း ဖော်ပြလေသည်။ သို့သော် သူတို့သည် အပြင်တွင်သာနေကြပြီး ထပ်မဝင်သွားတော့ပေ။
ထိုအချိန်တွင် ဝူလင်းယူနိုးလာသည်။ သည်တစ်ခေါက်တွင် ဝူရှောင်း သောင့်မြင်သွားကာ သူ့ဆီသို့အမြန်ပြေးပြီး ပြောလေသည် “ဖေဖေ နိုးလာပြီ လား”
ဝူလင်းယူသည် သူနှင့်တူသော မျက်နှာသေးသေးလေးကိုမြင်သောအခါ အတန်ကြာမှတုံ့ပြန်နိုင်လေသည်။ သူ့ခန္ဓာကိုယ်မှဒဏ်ရာများ မည်သို့ပင်ဖြစ် စေကာမူ သူသည် ဝူရှောင်းသောင့်ကို ကောက်ချီပြီး သူ့ကိုယ်ပေါ်တင်ကာ ပြုံး ပြီးပြောလိုက်သည် “ရှောင်းသောင့်လေးက ဖေဖေ့ကိုလာတွေ့တာလား”
“မောင်လေးနဲ့ နှစ်ယောက်လုံး လာခဲ့ကြတာ” ဝူရှောင်းသောင့်သည် ဖခင် ဖြစ်သူ၏ ဝမ်းဗိုက်ပေါ်တွင် လှဲလျောင်းခဲ့သည့် မှတ်ဉာဏ်ကို ပြန်သတိရသွားပုံ ပေါ်သည်။ သူမ၏ သွားရည်များသည် သူ့အင်္ကျီပေါ်ကျသွားလေသည်။
ရှီမာယူယူသည် သွားပြီး ဝူလင်းယူကိုဖက်ကာ ပြောလိုက်သည် “ရှင် ဒဏ်ရာရှိနေသေးတယ်”
“ကိုယ့်ဒဏ်ရာတွေက ပျောက်ခါနီးပါပြီ” ဝူလင်းယူသည် အိပ်ရာပေါ်တွင် ထထိုင်ပြီး ပတ်တီးများကို ဖြည်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများသည် ပိုသက်သာလာသည်။
***