← Chapters

မင်္ဂလာပွဲပြင်ဆင်ခြင်း

Vol. 160 Ch. 2237

မင်္ဂလာပွဲပြင်ဆင်ခြင်း

Vol. 160 Ch. 2237

ဝူလင်းယူတို့ လူသားလောကသို့ပြန်မည့်သတင်းသည် နတ်ဆိုးလောက တွင် အမြန်ပင်ပြန့်သွားလေသည်။ အစပိုင်းတွင် အားလုံးသည် စိတ်ပျက်သွား ကြသည်။ သူတို့၏မိဖုရားက နတ်ဘုရားမတစ်ပါးဖြစ်နေပြီကို ဘာလို့ ဒီလောက်စောစောကြီး ထွက်သွားတာလဲ။ နောက်ပိုင်းတွင် သူတို့သည် မင်္ဂလာ ပွဲကျင်းပရန်သွားမည်ဖြစ်ကြောင်းနှင့် နတ်ဆိုးလောကမှလူများကိုပါ ဖိတ်ကြား မည်ဟု သိသောအခါ အားလုံးသည် အပျော်လွန်သွားကြလေသည်။

သို့သော် စိတ်ထဲတွင်တော့ အနည်းငယ်စိတ်ပူနေတုန်းပင်ဖြစ်သည်။ နတ်ဆိုးလောကနှင့် လူသားလောကအကြားမှ ဆက်ဆံရေးသည် အမြဲတစေ ဆိုးဝါးခဲ့ကာ သွေးလိုဏ်ဂူတည်ရှိမှုကိုပါ သိခဲ့ကြသည်။ သူတို့သည် နှစ်ပေါင်း များစွာကြာသည့်တိုင်အောင် ကြံစည်ခြင်းများမရှိခဲ့ပေ။ သူတို့ ထိုနေရာသို့ သွား လိုက်ပါက သူတို့ကိုသက်ရောက်မှုရှိမှာလား။

“ဘာမှမဖြစ်ဘူး နောက်ဆိုရင်သွေးလိုဏ်ဂူကိုဖျက်လိုက်ရုံပဲ” ဝူလင်းယူ ပြောလေသည်။ ဟုန်ယွမ်သည် မျက်ခုံးများကို ပင့်မိသည်။ သူထိုသို့ပြောသည် မှာ အကြံတချို့ရှိနေသည်ဟု ဆိုလိုသည်။

သူစဉ်းစားကြည့်ရာ သွေးလိုဏ်ဂူဖောက်ထားသည်မှာ နတ်ဆိုးဘုရင် အဟောင်းသည် လူသားလောကကိုသွားပြီး အကျိုးအမြတ်များယူချင်သဖြင့် ထိုနေရာသို့ လူများဆက်တိုက်လွှတ်ခဲ့သည်။ ယခုအချိန်တွင် ဝူလင်းယူသည် နတ်ဆိုးဘုရင်ဖြစ်နေပြီဖြစ်သလို သူသည် လူသားလောကမှလာသဖြင့် လောကနှစ်ပါးကို သင့်မြတ်စေလိုသည်မှာ သဘာဝဖြစ်သည်။ ပြောဖို့မလို အောင်ပင် အဆက်အသွယ်လုပ်ပြီးနောက် အငြင်းပွားစရာမရှိနိုင်ပေ။ ရှိလာ လျှင်လည်း ကိုယ်ရေးကိုယ်တာကိစ္စများသာဖြစ်လိမ့်မည်။ နတ်ဆိုးလောကမှာ လည်း လူသားလောကကို တိုက်ခိုက်ရလောက်သည်အထိ အင်အားမများပေ။ အရိုးသားဆုံးပြောရလျှင် လူသားမျိုးနွယ်သည် သန်မာသလို နတ်ဆိုးမျိုးနွယ်မှာ လည်း အားမနည်းပေ။ သို့သော် အရင်းအမြစ်များကို လုယူရန်အတွက် လူသားလောကကို ကူးသွားရန်မှာ လက်တွေ့မဆန်ပေ။ နှစ်ပေါင်း တစ်ထောင် ကျော်ကြာပြီး မိုရှားကြိုးပမ်းခဲ့ပြီးနောက် ငြိမ်းချမ်းရေးကို ပိုလိုလားခဲ့သည်။

ရှီမာယူယူသည်လည်း ရည်ရွယ်ချက်တူသည်။ ထို့အပြင် မိုလော့တွင် အာဏာမရှိတော့သဖြင့် နှစ်ဦးနှစ်ဖက် လိုက်ဖက်ညီညီ နေထိုင်သွားသည်မှာ အကောင်းဆုံးဖြစ်လိမ့်မည်။ ရှီမာယူယူသည် ဝူလင်းယူ၊ ကလေးနှစ်ယောက်တို့ နှင့်အတူ ပြန်သွားလေသည်။ ထိုသတင်းသည် ရှီမာအိမ်တော်တွင် ပေါက်ကြား သွားသည်။ ရှီမာကျိယွင်သည် ကိုယ်တိုင်ပင် လူများကိုပြန်ခေါ်လာသည်။ ဘိုးဘေးကြီးရှီမာချင်းပင်လျှင် ထွက်လာသည်။ သူတို့ပြန်လာသည့်သတင်းနှင့် အတူ ဝူလင်းယူ၏သရုပ်မှန်အကြောင်း၊ သူနှင့် ရှီမာယူယူတို့ နတ်ဆိုးလောက တွင် လုပ်ခဲ့သည့်အရာများပါ ပြန့်သွားလေသည်။

ပညာရှိစံအိမ်တော်၏ မြင့်မြတ်သောသားတော်ဖြစ်ခဲ့သူသည် ရုတ်တရက် ဆိုသလိုပင် နတ်ဆိုးလောက၏ နတ်ဆိုးဘုရင်ဖြစ်ခဲ့သည်။ ထိုသတင်းသည် တိုင်းပြည်တစ်လွှားပြန့်သွားသည်။ ရှီမာယူယူတို့သည် မိသားစုမျိုးနွယ်အတွင်း တွင်နေနေကြသော်လည်း ဆွေးနွေးချက်များကို ကြားနေရသည်။

သို့သော် ရှီမာမိသားစုသည် ဝူလင်းယူကို အရင်ကပင် လက်ခံထားကြ သဖြင့် စိတ်ထဲမထားပေ။ သူ၏ သရုပ်မှန်မှာ မည်သို့ပင်ဖြစ်စေကာမူ အတူတူ ပင်ဖြစ်သည်။

အရေးအကြီးဆုံးမှာ သူနှင့် ရှီမာယူယူတို့၏ ကလေးနှစ်ယောက်သည် အလွန်ပင် ချစ်စရာကောင်းနေလေသည်။ ကလေးနှစ်ယောက်ရှိလျှင် သူ၏ သရုပ်မှန်ကို မည်သူကဂရုစိုက်တော့မည်နည်း။

ဤအချိန်တွင် ရှီမာယူယူသည် ဝူရှောင်းသောင့်၊ ဝူချီယောင် ရှီမာကျိ ဟောက်တို့နှင့်အတူ အပြင်တွင်ကစားနေကြကာ ဝူလင်းယူနှင့် ရှီမာမိသားစု၏ အကီဲးအကဲများသည် ခန်းမကြီးတွင် ကိစ္စများကို ဆွေးနွေးနေလေသည်။

ရှီမာယူယူသည် ကလေးသုံးယောက် ကစားနေသည်ကို ပြန်လှည့်ကြည့် ပြီး မတတ်သာစွာဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။ သူတို့က မင်္ဂလာပွဲကိစ္စကို ဆွေးနွေးနေတာဖြစ်မလား။ ဒါပေမဲ့ သူက ဝိညာဉ်အတားအဆီးပါလုပ်ထား တာဆိုတော့ သူမကိုနားမထောင်စေချင်တာလား။

“မမကြီး.. ယောက်ဖနဲ့လက်ထပ်မှာလား” ရှီမာကျိဟောက်သည် ပြေး လာပြီး မေးလေသည်။

ရုတ်တရက် ယောက်ဖဆိုသည့်စကားလုံးကို ကြားလိုက်ရသောအခါ ရှီမာ ယူယူသည် ခေတ္တမျှငေးငိုင်သွားပြန်သည်။ သူမသည် ကျိဟောက်၏ ခေါင်းကို ပုတ်ပြီး ပြောလိုက်သည် “မင်းက ဘယ်လိုသိတာလဲ”

“အိမ်တော်ကလူတွေတိုင်းက အကုန်ပြောနေကြတာပဲ.. ဒီနေ့ဒီကို လာ တုန်းကကြားလိုက်တာ” ကျိဟောက် ပြောလေသည် “မမကြီး လက်ထပ်ပြီး သွားရင် နတ်ဆိုးလောကမှာ သွားနေတော့မှာလား.. ကျွန်တော်လာတွေ့လို့ရ မလား”

“အဲဒီမှာလည်း တစ်ချိန်လုံးမနေလောက်ပါဘူး”

“ဒါဆို အရင်တစ်ခေါက်ကလိုမျိုး နှစ်တွေအများကြီး ထွက်သွားဦးမှာလား”

“ဦးလေး ဖေဖေနဲ့မေမေက လုပ်စရာတွေအများကြီးရှိတယ်.. သူတို့က အရမ်းအလုပ်များပြီး အိမ်မှာမကြာခဏမရှိတတ်ဘူး” ဝူရှောင်းသောင့်သည် လာရင်းနှင့် ပြောလေသည်။

“အိုး” ရှီမာကျိဟောက်သည် အနည်းငယ် ဝမ်းနည်းသွားသည်။ သို့သော် မကြာခင်တွင် ဝူရှောင်းသောင့်နှင့် ကစားနေလေသည်။

မင်္ဂလာပွဲကိစ္စကို နှစ်ရက်ကြာအောင် ဆွေးနွေးလေသည်။ ရှီမာယူယူ သည် ဝူလင်းယူကိုမြင်သောအခါ မျက်လုံးလှိမ့်လိုက်သည်။ ထို့နောက် သူမ လှည့်ပြီး အခန်းထဲဝင်လိုက်သည်။

ဝူလင်းယူသည် နှာခေါင်းကိုထိကာ နစ်နာသလိုခံစားလိုက်ရသည်။

ဒါက သူ့ဆုံးဖြတ်ချက်တစ်ခုတည်းမှမဟုတ်တာ.. သူမက ဘာလို့သူ့ကိုပဲ အပြစ်တင်နေတာလဲ။

ရက်အနည်းငယ်ကြာပြီးနောက် နောက်တစ်နှစ်ကြာလျှင် ရှီမာယူယူ လက်ထပ်တော့မည့်သတင်းထွက်လာပြီး အင်အားစုအများအပြားသည် ဖိတ်စာ များလက်ခံရရှိလေသည်။

၎င်းသည်မူလက သတင်းကောင်းဖြစ်သော်လည်း တခြားသတင်းများပါ နောက်ဆက်တွဲပါလာလေသည်။ နတ်ဆိုးလောကနှင့် တစ္ဆေလောကမှလူများ လည်း တက်ရောက်ကြမည့်သတင်းပင်။

လောကသုံးပါးဖြစ်သည့် လူသား၊ နတ်ဆိုးနှင့် တစ္ဆေတို့သည် အမြဲတစေ အဆင်မပြေခဲ့ကြပေ။ သို့သော် နတ်ဆိုးလောကနှင့် တစ္ဆေလောကမှလူများ သည်လည်း ဖိတ်ကြားခံရသည့်သတင်းကို လက်ခံရန်ခက်ခဲလေသည်။ တချို့ လူများသည် ဒေါသထွက်ပြီး ဆန္ဒပြကြသည်။

သို့သော် ရှီမာယူယူသည် စိတ်မပူပေ။ ရှီမာယူယူနှင့် ဝူလင်းယူတို့၏ သရုပ်မှန်နှင့်ဆိုလျှင် နတ်ဆိုးလောကနှင့် တစ္ဆေလောကတို့ကို ဖိတ်ကြားသည့် ကိစ္စကို မည်သူက ငြင်းဆန်ရဲမည်နည်း။

ဝူလင်းယူသည် နတ်ဆိုးလောက၏ဘုရင်တစ်ပါးဖြစ်ကာ ရှီမာယူယူ၏ အဘိုးသည် တစ္ဆေလောက၏ဘုရင်ဖြစ်သည်။ သူသည် ဧကရာဇ်အဆင့်သို့ တက်သွားသည့် ဘုရင်တစ်ပါးဖြစ်နေသဖြင့် နတ်ဆိုးလောကနှင့် တစ္ဆေလောက မှလူများ မင်္ဂလာပွဲတက်သည်မှာ ဖြစ်သင့်သည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုးလောကနှင့် တစ္ဆေလောကမှလူများကို သည်တစ်ခေါက် မင်္ဂလာပွဲသို့ ဖိတ်ကြားရခြင်းမှာ တခြားအဓိပ္ပာယ်မရှိကြောင်း ကို ရှီမာမိသားစုမှ ထုတ်ပြန်လေသည်။ ထိုအချိန်အတွင်းတွင် သူတို့သည် လောကနှစ်ပါးမှလူများကို ချုပ်တည်းကာ လူသားမျိုးနွယ်ကို ထိခိုက်ခွင့်ပြုမည် မဟုတ်ပေ။ ရှီမာယူယူ၏ ထူးခြားသောအဆင့်အတန်းကြောင့် ဤကိစ္စသည် ဖြစ်နိုင်သည်။ သူတို့သာ ဆန့်ကျင်ပါက တက်ရောက်ရန်မလိုပေ။

ထိုအခိုက်တွင် အသင်းမဟာမိတ်သည် သည်တစ်ခေါက် သေချာပေါက် တက်ရောက်ပါမည်ဟု စာပြန်လာသည်။ ရှေးဟောင်းဝိညာဉ်သားရဲမျိုးနွယ် သည်လည်း တက်ရောက်မည်ဟုဆိုလာသည်။ နောက်တော့ ထိပ်တန်းတောင် ကြား၊ ကောင်းကင်ဂိုဏ်းနှင့် ကြယ်ကိုးပွင့်သမုဒ္ဒရာမှ ဝိညာဉ်သားရဲအုပ်စုသည် လည်း ခရမ်းရောင်ရေနဂါးမျိုးနွယ်၏ ဦးဆောင်မှုနှင့်အတူ အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်။ ထို့နောက် ပြည်နယ် ၄၉ မှရင်မျိုးနွယ်၊ ပြည်နယ် ၁၉ မှ စူးမျိုးနွယ်နှင့် ဖန်မျိုးနွယ်၊ ဟောာ့မျိုးနွယ်နှင့် တခြားအဆက်အစပ်ရှိ သောမျိုးနွယ်မှာ တစ်ခုပြီးတစ်ခု ပြန်တုံ့ပြန်လာသည်။

ငှက်မျိုးနွယ်လည်း တက်ရောက်မည်ဟု အဖြေပြန်လာသည်။ အံ့ဖွယ် ဟင်္သပဒါးငှက်သည် ရှီမာယူယူ၏ စားချုပ်သားရဲဖြစ်နေရာ မည်သို့မသွားဘဲ နေရမည်နည်း။ ရက်အနည်းငယ်ကြာပြီးနောက် အံ့ဖွယ်ဖန်မျိုးနွယ်သည်လည်း ရွှမ်ယွမ်ဆိုင်မှတစ်ဆင့် သတင်းပြန်ပို့လာသည်။ ဖန်မျိုးနွယ်နှင့် ရွှမ်ယွမ်ဆိုင် လည်းတက်ရောက်မည်ဖြစ်သည်။ ဒဏ္ဍာရီထဲမှ တစ္ဆေမြို့သည်လည်း မင်္ဂလာပွဲ ကိုတက်ရောက်မည်။

တဖြည်းဖြည်းနှင့် ရှီမာမိသားစုဆီမှ အကျိုးအမြတ်ရချင်သူများလည်း မင်္ဂလာပွဲကိုတက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြလာသည်။ လအနည်းငယ် ကြာပြီးနောက် တိုင်းပြည်တစ်ခုလုံးမှ အင်အားစုတစ်ဝက်နီးပါးသည် တက်ရောက်ရန် ဆန္ဒရှိကြောင်း ပြောလာကြသည်။

အဆုံးတွင် ရှီမာမိသားစုသည် စိတ်ပူနေကြသူများမဟုတ်သော်လည်း တက်ရောက်ရန်ပြောလာသည့်လူများသည် အများစုမှာ အစကတည်းက ဖိတ်ကြားထားသူများမဟုတ်ကြပေ။

သို့သော် အစပိုင်းတွင် ကြေညာချက်ထုတ်သည့်လူများမှာ အလုပ်များနေ သဖြင့် ဖိတ်စာဖိတ်ရန် ပျက်ကွက်မှုများရှိနိုင်ရာ စိတ်မကွက်ဘဲ အားလုံးကို မင်္ဂလာပွဲတက်ရန် ဖိတ်ကြားလိုက်သည်။

ထိုသို့ထုတ်ပြန်လိုက်သည်နှင့် ဖိတ်စာမရသူများသည် စိတ်သဘောထား ကြီးကြီးဖြင့် ပျက်ကွက်သည်မှာ ဖြစ်နိုင်သဖြင့် စိတ်မပူရန်နှင့် စိတ်ထဲမထားရန် ပြောလာသည်။

ရှီမာကျိယွမ်နှင့်တခြားသူများသည် မင်္ဂလာပွဲတက်မည်ဟု ပြန်စာအပုံ လိုက်ကို ကြည့်နေသည်။ သူတို့၏နှုတ်ခမ်းထောင့်မှာ တွန့်သွားပြီးရင်းတွန့်သွား လေသည်။ မင်္ဂလာပွဲကတော့ ထပ်ပြီးကြီးကျယ်သွားပြန်ပြီ။

မင်္ဂလာပွဲကြီးမတိုင်ခင် နှစ်လအလိုတွင် နတ်ဆိုးလောကနှင့် တစ္ဆေလော ကမှလူများ ရောက်လာကြသည်။ နတ်ဆိုးလောကမှလူများကို ဟုန်ယွမ် ခေါ် လာသည်။ တစ္ဆေမျိုးနွယ်မှလူများကို တစ္ဆေဘုရင်မှကြီးကြပ်ပြီး သူတို့အားလုံး မှာလည်း ရှီမာယူယူနှင့် ဆက်စပ်နေကြသဖြင့် သူတို့၏အပြုအမူကို ထိန်းချုပ် နိုင်သူများဖြစ်ကြသည်။ လူများလွန်းသဖြင့် ရှီမာအိမ်တော်သည် သူတို့ကို နေထိုင်ရန်မစီစဉ်ပေးနိုင်သဖြင့် တစ်မြို့လုံးကိုငှားလိုက်ရသည်။ မင်္ဂလာပွဲနီး လာလျှင် တက်ရောက်ရန်အဆင်ပြေစေရန်အတွက် အနီးအနားမှမြို့များတွင် နေရာချပေးရမည်။

ထိုအချိန်အတွင်းတွင် ရှီမာယူယူသည် ခြံဝင်းအတွင်း၌သာနေပြီး မင်္ဂလာ ပွဲကိုစောင့်နေသဖြင့် အပြင်ဘက်မှအခြေအနေကို သိပ်မသိပေ။ ရှီမာမိသားစု သည် သူမကိုလျှို့ဝှက်ထားသည်။ သူမ၏သားရဲများပင် သူမကိုအမှောင်ထဲတွင် ထားထားသည်။ သူမသည် သတင်းစုံစမ်းရန် နီရဲပျားများကိုပင် လွှတ်မရပေ။

သူမကိုယ်တိုင်လည်း မေးမြန်းခွင့်မရသဖြင့် မင်္ဂလာပွဲမတိုင်ခင်အထိ ထို အတိုင်းသာနေရသည်။

***

All Chapters