← Chapters

မင်္ဂလာပွဲကြီး ၁

Vol. 160 Ch. 2238

မင်္ဂလာပွဲကြီး ၁

Vol. 160 Ch. 2238

မင်္ဂလာပွဲနီးကပ်လာသည့်နေ့တွင် မိတ်ဆွေဟောင်းများစွာ ရောက်လာ သည်။ ချင်းမို၊ ဟော့ဘာမိသားစုမှ သူငယ်ချင်းများ၊ ဂိုဏ်းမှအတန်းဖော်များ၊ အစ်ကိုကြီးများတို့ဖြစ်ကြသည်။ သူမသည် မိတ်ဆွေများကို ကြိုဆိုလေသည်။

“နင်က အလုပ်တော်တော်များနေတာပဲ” မကြားရသည်မှာ ကြာနေပြီ ဖြစ်သည့် အသံကြောင့် ရှီမာယူယူ၏ မျက်လုံးများပင့်တက်လာသည်။ သူမ လှည့်ကြည့်လိုက်ချိန်တွင် မတွေ့ရသည်မှာကြာနေသည့် ချင်းချင်းနှင့် နိုင်ဟော် ကိုတွေ့လိုက်ရသည်။

“ချင်းချင်း နိုင်ဟော် ရောက်လာပြီလား”

“ဆရာဦးလေး”

ချင်းချင်းလျှောက်လာပြီး သူတို့နှစ်ယောက် ပွေ့ဖက်ကြလေသည် “မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ် ငါတို့လက်ဆောင်ကို ကြိုက်ဖို့မျှော်လင့်ပါ တယ်”

ရှီမာယူယူသည် ပစ္စည်းကိုချပြီး သူမအခန်းဆီသို့ဆွဲကာ ထိုင်ခိုင်းလိုက် သည်။ နိုင်ဟော်သည် အနောက်မှလိုက်လာသည်။

“လူသားလောကမှာ နေရတာဘယ်လိုနေလဲ” ရှီမာယူယူ မေးလိုက်၏။

ပြောရလျှင် ချင်းချင်းသည် လူသားလောကသို့ရောက်နေသည်မှာ နှစ် တစ်ရာကျော်ပြီဖြစ်သည်။ “မဆိုးပါဘူး.. ငါ ထိပ်တန်းတောင်ကြားမှာ ခဏနေ တယ်.. ပြီးတော့ သူနဲ့ နေရာတိုင်းကိုသွားကြည့်ခဲ့တယ်.. တစ်ခါတလေကျ တစ္ဆေလောကကိုသွားကြည့်တယ်.. သူက အလုပ်ကိစ္စတွေကို ချန်ထားခဲ့ရပေမဲ့ တချို့ကိစ္စတွေက သူကိုယ်တိုင်ဖြေရှင်းဖို့လိုနေတုန်းပဲ” ချင်းချင်း ပြောလေ၏။

“ဒီတစ်ခေါက်က တစ္ဆေလောကက ပြန်လာတာလား”

“ဟုတ်တယ် ငါတို့လျှို့ဝှက်ဂိုဏ်းကလာခဲ့တာ.. နင့်မင်္ဂလာပွဲသတင်းကြား တော့ပြန်လာတာပဲ.. နင့်ဆရာတွေလည်း အချိန်ရောက်ရင် လာတက်မယ်လို့ ပြောတယ်.. နင် အလုပ်များနေတော့ သူတို့ကိုဧည့်ခံဖို့မလိုဘူးတဲ့ သူတို့ဘာသာ ပဲကြည့်လုပ်မယ်တဲ့” ချင်းချင်းသည် သူတို့၏အမှာစကားကို ပြောပေးနေသည်။ သူမသည် မင်္ဂလာပွဲကျင်းပမည်ဖြစ်ရာ အလုပ်များနေနိုင်သည်။ မင်္ဂလာဆောင် မည့်မိန်းကလေးတစ်ယောက်အနေနှင့် အားလုံးကို ထွက်ပြီးဧည့်ခံရန်မဖြစ်နိုင် ပေ။ သူတို့သည် သူတို့ဘာသာ ဂရုစိုက်ရမည်ဖြစ်သည်။

သို့သော် မင်္ဂလာပွဲမတိုင်ခင် နှစ်ရက်အလိုတွင် သူတို့ရောက်ပြီဟုကြား သည်နှင့် သူတို့ကိုတွေ့ရန်သွားခဲ့သည်။

နတ်ဆိုးလောကနှင့် တစ္ဆေလောကမှလူများကို သပ်သပ်စီနေခိုင်းသည်။ ပြီးနောက် အပြစ်ကင်းသည့်လူများကို မသတ်ရန် တင်းတင်းကြပ်ကြပ် ကန့်သတ်ထားသည်။ မဟုတ်လျှင် သူတို့အိမ်ပြန်ရမည်မဟုတ်တော့ပေ။ ဝူလင်းယူသည် နတ်ဆိုးလောကမှလူများကို ဧည့်ခံနေသည်။ သူမသည် နှစ်ခါမျှ မျက်နှာသွားပြပြီး ထပ်မသွားတော့ပေ။

တစ္ဆေလောကဘက်တွင် ထင်းရှန်းနှင့် ထင်းရွှေတို့အပါအဝင် သူမနှင့် ဆက်ဆံရေးကောင်းသူများ လာရောက်ကြသည်။ တစ္ဆေဘုရင်မှ ကြီးကြပ်ထား သဖြင့် လူသားလောကတွင် မည်သူမှအရှုပ်အယှက်မလုပ်ရဲကြပေ။ သူတို့ ထွက် သွားသည့်အကြိမ်တိုင်းတွင် ယဉ်ကျေးရသည်။ ဤပြောင်းလဲမှုကြီးသည် လူသားလောကတွင်ရောက်နေသည့် မျိုးနွယ်နှစ်စုကို အထင်ကြီးသွားစေသည်။

နတ်ဆိုးမျိုးနွယ်နဲ့ တစ္ဆေမျိုးနွယ်တွေအကုန်လုံးက ထင်ထားသလိုမဟုတ် ဘူးပဲ။

နောက်ပိုင်းတွင် တချို့လူများသည် တစ္ဆေမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ နှင့်ပါ ရင်းနှီးသွားကြကာ မျိုးနွယ်သုံးခုအကြား ဆက်ဆံရေးတည်ဆောက်ကြ သည်။ မင်္ဂလာပွဲမတိုင်ခင်နှစ်ရက်အလိုတွင် နောက်ဆိုလျှင် လူသားမျိုးနွယ်ကို တိုက်ခိုက်တော့မည်မဟုတ်ကြောင်း၊ ထို့ကြောင့် သွေးလိုဏ်ဂူလည်းရှိတော့ မည်မဟုတ်ကြောင်းကို ဝူလင်းယူသတင်းလွှင့်လိုက်သည်။

ထိုသတင်းကြားသောအခါ လူသားမျိုးနွယ်သည် ပျော်မြူးကြလေသည်။ အရင်ကဆိုလျှင် အားလုံးသည် သွေးလိုဏ်ဂူကိုသွားပြီး နတ်ဆိုးမျိုးနွယ်ကို ခုခံ ရကာ ဆုံးရှုံးမှုကြီးခဲ့သည်။ ထိုအရာသာမရှိတော့လျှင် ကောင်းသောကိစ္စပင်ဖြစ် သည်။ ထိုဆက်သွယ်မှုကြောင့်ပင် နတ်ဆိုးမျိုးနွယ်နှင့် တစ္ဆေမျိုးနွယ်အပေါ် ထားရှိသည့် လူသားမျိုးနွယ်၏အမြင်များပြောင်းသွားခြင်းပင်ဖြစ်သည်။ နောက် ပိုင်းတွင် နတ်ဆိုးမျိုးနွယ်နှင့် တစ္ဆေမျိုးနွယ်သည် ပိုအားကောင်းပြီး ဖြောင့်မတ် သည့်လူများကို စေလွှတ်ပြိး အင်အားစုများနှင့် ဆက်သွယ်ကာ အရင်ကထက်  ပင် ပို၍ရင်းနှီးလာခဲ့ကြသည်။ သူတို့၏ ကာကွယ်မှုနှင့် လမ်းညွှန်မှုတို့ကြောင့် သူတို့သည် လူသားမျိုးနွယ်နှင့် အဆင်ပြေလလာသည်။

တဖြည်းဖြည်းနှင့် လူသားမျိုးနွယ်လည်း နတ်ဆိုးမျိုးနွယ်နှင့် တစ္ဆေမျိုး နွယ်ကို စတင်လက်ခံလာသည်။ အနည်းဆုံးတော့ ထိုမျိုးနွယ်နှစ်ခုကို မြင်သည် နှင့် အော်ခြင်း၊ သတ်ဖြတ်ခြင်းများမပြုတော့ပေ။ ပဋိပက္ခများရှိလျှင် သူတို့သည် ကိုယ်တိုင်ဖြေရှင်းကြပြီး အကြီးအကျယ်မတိုက်ခိုက်ကြတော့ပေ။ မျိုးနွယ်သုံးစု သည် တဖြည်းဖြည်းပေါင်းစည်းလာကြသည်။

သေချာသည်မှာ ထိုအဖြစ်အပျက်များသည် နောက်ပိုင်းကိစ္စများဖြစ်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် မင်္ဂလာပွဲနေ့ကျရောက်လာသည်။

တခြားနေရာမှ သတို့သမီးကြိုရန်မလိုသဖြင့် သူမနှင့် ဝူလင်းယူတို့သည် အတူတကွထွက်လာကြသည်။

ထိုနေ့မနက်အစောတွင် ဘေဂုံထန်၊ ရှီမန်လီ၊ ရှီယူနှင့် ဟန်မြောင်ရှန့်တို့ သည် သူမကိုအခန်းထဲတွင်နေခိုင်းကြသည်။ ထိုအခါမှပင် ဟန်မြောင်ရှန့်တို့ မည်သို့ခံစားရသည်ကို သူမ နားလည်သွဦးသည်။

“အခုဘာလုပ်စေချင်နေကြတာလဲ” သူမ မေးလိုက်သည်။

“ဘာမှလုပ်စရာမလိုဘူး ဒီအတိုင်းသူတို့နောက်လိုက်သွားလိုက်” ဘေဂုံ ထန်သည် ပြုံးပြီးပြောလေသည်။

“ဟုတ်တယ် ဒီအတိုင်းသာလိုက်သွားလိုက် အချိန်တန်ရင် ဘာလုပ်ရမယ် ဆိုတာ သိလာလိမ့်မယ်”

သူတို့ကို ဖျောင်းဖျရန်မဖြစ်နိုင်သဖြင့် ရှီမာယူယူသည် သူတို့ကိုနောက် လိုက်ရတော့သည်။

သူမသည် အဒေါ် ၃ ချုပ်ပေးသည့် မင်္ဂလာဝတ်စုံကိုဝတ်ဆင်ပြီးနောက် ရှီမန်လီသည် သူမ၏ဆံထုံးကိုပြင်ဆင်ပေးသည်။ ထို့နောက် ဝူလင်းယူကိုယ် တိုင်လုပ်ပေးသည့် ဇာမဏီသရဖူကို ဆင်မြန်းလိုက်သည်။ မျက်နှာချေပေါ့ပေါ့ ပါးပါးလိမ်းခြယ်ပြီးနောက် အားလုံးပြီးဆုံးသွားသည်။ သူမသည် အလွန်ပင် တောက်ပနေရာ အားလုံးသည် သူမဆီမှ အကြည့်ပင်မခွာနိုင်ကြပေ။

“အရမ်းလှတာပဲ” ဘေဂုံထန်သည် ပြုံးပြီးပြောလေသည်။ သူမသည် လက်ဆန့်ထုတ်ပြီး သူမ၏ မင်္ဂလာဝတ်စုံကို ပြန်ပြင်ဆင်ပေးရင်းနှင့် မျက်လုံး များသည် အလိုလိုနီရဲလာသည်။

ရှီမန်လီ၏ မျက်လုံးများလည်း ရဲနေသည်။

“သူမ လက်ထပ်ပြီးရင်မတွေ့ရတော့မှာလည်း မဟုတ်ဘဲနဲ့ ဝမ်းနည်းနေ ကြတာကိုကြည့်ပါဦး” ရှီယူသည် သဘောထားကြီးသူဖြစ်သည် “သူ နင့်ကို မြင် ရင် ဘယ်လိုမျက်နှာထားမျိုးဖြစ်သွားမလဲဆိုတာ ကြည့်ချင်နေပြီ”

“သူကတော့ သေချာပေါက် အကြည့်လွှဲနိုင်မှာမဟုတ်ဘူး.. နင့်ကို ဆွဲပြီး ချက်ချင်းဖွက်ထားချင်လောက်တယ်” ချင်းချင်းသည် ပြုံးပြီးပြောလေသည်။

“နင်ကဘယ်လိုသိတာလဲ နိုင်ဟော်က အဲတုန်းက အဲလိုလုပ်ခဲ့တာလား” ရှီမာယူယူသည် ရယ်မောပြီးစနောက်လေသည်။

“အဲလိုထင်တာပဲ မဟုတ်ရင် အဲဒါကိုဘယ်လိုသိမှာလဲ” ရှီမန်လီသည် ပြုံး ပြီးပြောလေသည်။

“လုပ်ခဲ့တယ်ဆိုရင် ဘာလုပ်ချင်လဲ နင်တို့တွေအကုန် အတူတူပဲမဟုတ် ဘူးလား” ချင်းချင်းသည် ရှက်မနေတော့ပေ။

ချင်းချင်းနှင့် နိုင်ဟော်တို့သည် တစ္ဆေလောကတွင်ရှိစဉ်က မင်္ဂလာပွဲ ကျင်းပပြီးပြီဆိုသည့် သတင်းကို တစ်နေ့မှပင် ရှီမာယူယူ ကြားသိခဲ့ရသည်။ ကံမကောင်းစွာပင် ထိုအချိန်က သူမ သတိမေ့နေသည့်အချိန်ဖြစ်ရာ မတက် ရောက်လိုက်ရပေ။

ထိုအချိန်တွင် ဝဖိုင့်သောအစောင့်တစ်ယောက်သည် အပြင်ဘက်မှ အော် လေသည် “သတို့သားက သတို့သမီးကိုလာကြိုပါတယ်”

ထို့နောက် တံခါးပွင့်သွားကာ ဝူလင်းယူသည် မင်္ဂလာဝတ်စုံဝတ်ဆင်ထား ပြီး ဘေးနှစ်ဖက်တွင် ကလေးနှစ်ယောက်ရှိသည်ကို ရှီမာယူယူ မြင်လိုက်ရ၏။ သူမသည် သူတို့၏အံ့အားသင့်နေသောမျက်လုံးများကို မြင်သောအခါ အချိန် အတော်ကြာပြင်ဆင်ရကျိုးနပ်ကြောင်း သိသားသည်။

“မေမေ အရမ်းလှတာပဲ” ဝူရှောင်းသောင့်သည် ရှီမာယူယူ၏ ရင်ခွင်ထဲ ပြေးဝင်ကာ ဖက်ထားလေသည်။ ထို့နောက် သူမ ခေါင်းမော့ပြီး သက်ပြင်းချ လေသည်။

ရှီမာယူယူသည် သူမ၏ခေါင်းလေးကို ပုတ်ပေးလိုက်သည်။

ထိုအခိုက်အတန့်တွင် ဝူလင်းယူခံစားလိုက်ရသည်မှာ သူမ၏ ယခုလိုပုံစံ ကို မည်သူ့ကိုမှမမြင်စေချင်ခြင်းပင်ဖြစ်သည်။ အပြင်တွင် ဧည့်သည်များရှိနေ၍ ကြောင့်သာမဟုတ်လျှင် သူသည် ဖွက်ထားမည်ဖြစ်သည်။ သူသည် စိတ်ထဲမှ သက်ပြင်းချကာ ရှီမာယူယူဆီသို့လာပြီး သူမဆီသို့ လက်ဆန့်ထုတ်လိုက်သည် “ဧည့်သည်တွေရောက်နေကြပြီ သွားရအောင်”

ရှီမာယူယူသည် သူ့ကိုပြုံးပြပြီး သူ့လက်ဖဝါးပေါ်သို့ သူမ၏လက်ကိုတင် လိုက်လေ၏ ထို့နောက် သူ့ဦးဆောင်မှုအောက်မှ သူတို့၏အနာဂတ်တံခါးဝဆီ သို့သွားကြလေသည်။

သူတို့နှစ်ယောက်သည် တံခါးအပြင်ဘက်တွင်ရပ်နေကြသည်။ ထို့နောက် ကြက်သွေးရောင်မီးတောက်သည် သူ၏မူလအသွင်အပြင်အဖြစ်သို့ပြောင်းပြီး ခြံဝင်းကို နှစ်ကြိမ်မျှပတ်ပြီးနောက် သူတို့ရှေ့တွင်ရပ်လိုက်သည်။ ဝူလင်းယူ သည် သူမနှင့်အတူ ကြက်သွေးရောင်မီးတောက်၏ ကျောပြင်ပေါ်သို့ပျံတက် လိုက်သည်။ ထို့နောက် ကြက်သွေးရောင်မီးတောက်သည် လေထဲသို့ပျံသွားပြီး သူမ၏ တခြားသားရဲများသည် မူလအသွင်ပြောင်းကာ ကြက်သွေးရောင်မီး တောက်၏ ဘေးတွင်လိုက်ပါကြပြီး သူမကိုပို့ဆောင်ကြလေသည်။ ဇာမဏီ ငှက်တစ်ဖွဲ့သည် အနီးအနားမှပျံလာပြီး သူတို့ကိုဝန်းရံလိုက်သည်။

ပြီးနောက် ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့နှစ်ယောက်သည် ဇာမဏီ ငှက်တစ်ကောင်စီပေါ်တွင်ထိုင်ကာ ကြက်သွေးရောင်မီးတောက်၏ အရှေ့မှ ပျံ သန်းလေသည်။ သူတို့၏လက်ထဲတွင် ပန်းတစ်ခြင်းစီကိုင်ထားသည်။ သူတို့ ပန်းပွင့်ဖတ်များကြဲချလိုက်သည်နှင့် တစ်ဖွဲ့လုံးလှုပ်ရှားသွားကြတော့သည်။

“ခမ်းနားလိုက်တာ” ဝေကျိရွှီသည် အော်လေသည်။

“အဟုတ်ပဲ” ဖက်တီးကျူ သဘောတူလေသည်။ “အဲဒီကိုအရင်သွားရ အောင် မဟုတ်ရင် သူတို့ရောက်တဲ့မြင်ကွင်းကို မြင်လိုက်ရမှာမဟုတ်ဘူး”

ထို့ကြောင့် သူတို့အဖွဲ့သည် မင်္ဂလာပွဲအခမ်းအနားနေရာသို့ ပျံသွားကြ သည်။ တက်ရောက်မည့်လူအလွန်များပြားလွန်းသဖြင့် ရှီမာအိမ်တော်သည် အားလုံးကို အထဲမသွင်းနိုင်ပေ။ ထို့ကြောင့် မြို့အပြင်ရှိ ကွင်းပြင်လွတ်ကို မင်္ဂလာခန်းမအဖြစ် ပြောင်းလိုက်ရသည်။ ကြက်သွေးရောင်မီးတောက်နှင့် တခြားသူများသည် သူမကို ထိုနေရာသို့ ခေါ်သွားကြသည်။

ထိုနေရာသို့ရောက်မှပင် မင်္ဂလာပွဲမည်မျှကြီးမားကြောင်းကို ရှီမာယူယူ သိလိုက်ရသည်။ ကျယ်ပြန့်သောမြက်ခင်းပြင်သည် လူများဖြင့် စည်ကားနေပြီး အခမ်းအနားစားပွဲများသည် တစ်ချက်ကြည့်လိုက်သည်နှင့် အဆုံးထိမမြင်ရ ပေ။ ထိုလူများအကြားတွင် ကော်ဇောနီရှိရာ ထိုလမ်းကိုလျှောက်လျှင် ခရီးရှည် လိမ့်မည်ဟု ရှီမာယူယူခံစားရသည်။ ကြက်သွေးရောင်မီးတောက်သည် သူတို့ ကိုတင်ပြီး ဆက်လက်ပျံသန်းသည်။

ရှီမာယူယူ၏နှုတ်ခမ်းထောင့်မှာ ကွေးတွန့်သွားသည်။ ဒါက ကော်ဇောနီ အပေါ်မှာ ပျံသန်းတာနဲ့အတူတူပဲမဟုတ်ဘူးလား။

***

All Chapters