မင်္ဂလာပွဲကြီး ၂
Vol. 160 Ch. 2239
ရှီမာယူယူသည် သူ့လက်ဖဝါးပေါ်သို့ လက်တင်လိုက်သည်။ အရှေ့မှ ကလေးနှစ်ယောက်သည် ပန်းကြဲကြသည်။ ကော်ဇောနီဘေးနှစ်ဖက်တွင် အဆုံးမရှိသော ဧည့်သည်များရှိနေသည်။
ကြက်သွေးရောင်မီးတောက်သည် သူတို့နှင့်အတူ တဖြည်းဖြည်းပျံသန်း ပြီး ဧည့်သည်တော်များကို ကောင်းကောင်းကြည့်စေသည်။ ကော်ဇောနီ လျှောက်ရန် နာရီဝက်နီးပါးကြာရာ ထိုကော်ဇော၏အရှည်ကိုရှင်းပြရန် လို တော့မည်မဟုတ်ပေ။ ကော်ဇောနီ၏ဘေးနှစ်ဖက်တွင် စားပွဲမည်မျှရှိသည်ကို ခန့်မှန်းရန်ကြိုးစားသော်လည်း သူမ၏ မင်္ဂလာပွဲသို့ လူမည်မျှလာရောသည်ကို မခန့်မှန်းနိုင်တော့ပေ။
ကော်ဇောနီအဆုံးတွင် ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့သည် အခမ်းအနားစားပွဲ၏ရှေ့တွင် အရင်ဆုံးဆင်းသက်လိုက်သည်။ ကလေးငယ် လေးနှစ်ယောက်မှာ ပျံသန်းခြင်းကို ထိန်းချုပ်နိုင်သည်ကို မြင်သောအခါ အားလုံး အံ့ဩကြသည်။
သူတို့တွေက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကျင့်ကြံပြီးကြတာလား။ ဒါပေမဲ့ အဲကလေးနှစ်ယောက်က ဘယ်ဝိညာဉ်လက်နက်မှမသုံးဘဲ သူတို့ဘာ သာ ပျံနေကြတာပဲ။
ဝူလင်းယူနှင့် ရှီမာယူယူတို့တွင် ကလေးနှစ်ယောက်ရှိသည်ကို အားလုံး သိထားသည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ သူတို့ကိုမြင်ရချိန်တွင် သူတို့နှစ် ယောက်နှင့်တူနေသဖြင့် သဘာဝကျကျပင် သူတို့၏သရုပ်မှန်မှာ ထင်ရှားလှ ၏။
ဝူလင်းယူသည် ရှီမာယူယူ၏လက်ကိုယူပြီး ဝူရှောင်းသောင့်နှင့် ဝူချီ ယောင်တို့ ရပ်နေကြသည့်ကြားမှ စင်ပေါ်ကို တစ်ဆင့်ချင်းတက်သွားလေ သည်။ သူမ၏သားရဲများသည် လူသားအသွင်ပြောင်းကာ အခမ်းအနားစားပွဲ ဘေးနှစ်ဖက်သို့ ပျံသွားကြလေသည်။
နောက်ပိုင်းအခမ်းအနားများသည် ရှေးထုံးအစဉ်အလာဖြင့် ကျင်းပကြ သည်။ သူတို့နှစ်ယောက် တစ်ဦးနှင့်တစ်ဦး အရိုအသေပြုပြီးနောက် ဝူရှောင်း သောင့်နှင့် ဝူချီယောင်တို့ တက်လာကြသည်။ ထိုအချိန်တွင် သူတို့လက်ထဲ၌ ပန်းခြင်းများမရှိတော့ဘဲ ဗန်းနှစ်ခုကိုင်လာလေသည်။ ရှီမာယူယူသည် အစော က ဝူရှောင်းသောင့်သိမ်းလိုက်သောလက်စွပ်ကို ဗန်းတစ်ခုပေါ်တွင် တွေ့လိုက် ရသည်။
နောက်ပိုင်းမှာ အနောက်တိုင်းပုံစံအခမ်းအနားကျင်းပလေသည်။ စကား ပြောပေးသူမှာ ဝူချီယောင်ဖြစ်သည်။ သူ ထိုစကားများကို အလေးအနက်ပြော နေသည်ကိုမြင်သောအခါ ရှီမာယူယူသည် မရယ်မိအောင်ကြိုးစားထားရသည်။ သို့သော် ထင်သလောက်မယ်ကူပေ။ ဝူချီယောင်သည် ထိုစကားများပြောပြီး နောက် သူတို့နှစ်ယောက်ကို အလေးအနက်ပင်ကြည့်ကာ သူတို့၏အဖြေကို စောင့်ဆိုင်းနေသည်။
ရှီမာယူယူ၏ နှုတ်ခမ်းမှာ ကွေးတွန့်သွားသည်။ သို့သော် ပြန်ဖြေလိုက် သည် “ငါဆန္ဒရှိပါတယ်…”
“ဖေဖေ မေမေ လက်စွပ်လဲလို့ရပါပြီ” ဝူရှောင်းသောင့်သည် ရှေ့တိုးလာ ပြီး သူမ၏ဖခင်နှင့် မိခင်တို့ကို အပြုံးဖြင့် ကြည့်လေသည်။
ရှီမာယူယူသည် သူမ၏ပါးပြင်နှစ်ဖက် ပူသွားသည်ကို ခံစားမိသည်။ ဒီ ကလေးနှစ်ယောက်ကတော့လေ။
ပြီးနောက် ရှီမာယူယူတို့သည် ဓလေ့ထုံးတမ်းများအတိုင်း သေရည်များ ဖြင့် ချီးမြှင့်ကြသည်။ လူများ များပြားလှသော်လည်း ဆွေမျိုးဝါစဉ်အလိုက် သွား ကြသည်။ ထို့ကြောင့် သူတို့နှင့် ဆက်ဆံရေးကောင်းသည့်လူများနှင့်သာ ဂုဏ်ပြုသေရည်သောက်ရန်လိုလေသည်။ အရေးကြီးသောလူအများစုသည် လူသားလောက၊ နတ်ဆိုးလောကနှင့် တစ္ဆေလောကမှလူများဖြစ်သည်။ လှည့်ပတ်ဂုဏ်ပြုပြီးနောက် မိုးမှောင်နေပြီဖြစ်သည်။
ကံကောင်းစွာပင် သူတို့သည် သူမ ဖော်စပ်ထားသည့် အမူးပြေဆေး သောက်ထားကြသဖြင့် မမူးကြပေ။
သူမ၏ အစ်ကိုကြီးများရှိသည့်စားပွဲသို့ရောက်သောအခါ ရှီမာယူလင်း သည် သူ့ကိုခေါင်းညိတ်ပြီး ပြောလေသည် “နောက်ကို သူမင်းကို အနိုင်ကျင့်ရင် ပြန်သာလာခဲ့.. ဒီအစ်ကိုကြီးတွေက မင်းကိုဂရုစိုက်ပေးမယ်”
“ဟုတ်ပါပြီ” ရှီမာယူယူသည် ပြုံးပြီး ပြောလိုက်သည်။
“အစ်ကို ၃ စိတ်မပူပါနဲ့ ယူယူကသာ ကျုပ်ကိုအနိုင်ကျင့်မှာ ကျုပ်က သူမ ကို အနိုင်မကျင့်ပါဘူး” ဝူလင်းယူသည် တက်ကြွစွာဖြင့် ပြောလေသည်။
“အဲဒါပိုဖြစ်နိုင်တယ်.. မင်းတို့ မူးတဲ့အထိ သောက်မယ်လို့ထင်တယ်.. ဒါပေမဲ့ တခြားစားပွဲတွေသွားလိုက်တာ ပိုကောင်းမယ်လို့ထင်တယ်.. ဒီနေ့ည တော့ မင်းကို လွှတ်ပေးလိုက်မယ်.. ဒါပေမဲ့ နောက်ပိုင်းအခွင့်အရေးရရင် မင်း ငါနဲ့သောက်ရမယ်” ရှီမာယူမင်ပြောလေသည်။
“သေချာပေါက်ပဲပေါ့” ဝူလင်းယူသည် တည်ငြိမ်စွာပင် ပြန်ဖြေလေသည်။
သူတို့ ဘေဂုံထန်တို့ရှိသည့်စားပွဲသို့ ရောက်သောအခါ ဖက်တီးကျူသည် ပြုံးပြီး ပြောလေသည် “နင် တကယ်ပဲလက်ထပ်သွားပြီ”
သူတို့သည် ကလေးဘဝကတည်းကပင် သိလာကြရာ သူမလက်ထပ်သွား သည်ကို တခြားသူများထက် ပိုခံစားချက်ပြင်းပြသည်။
“ဘယ်လိုပဲဖြစ်ဖြစ် နင်တို့အားလုံးက ငါ့ရဲ့ငယ်ပေါင်းကြီးဖော်ပဲ” ရှီမာယူ ယူသည် သူတို့ကိုသေရည်တစ်ခွက်ဖြင့် ချီးမြှောက်လိုက်သည်။
အနာဂတ်တွင် သူတို့ မည်မျှပင်ကွာဝေးခဲ့စေကာမူ၊ မည်မျှကြာမှပင် တွေ့ ရစေကာမူ ထိုသူငယ်ချင်းများသည် သူ၏နှလုံးသားထဲတွင် အမှတ်ရဆုံး အတူ ကြီးပြင်းခဲ့သည့် သူငယ်ချင်းများဖြစ်ကြသည်။
ဘေဂုံထန်နှင့် တခြားသူများလည်း သေရည်ခွက်များကို ကိုင်လိုက်ကြ သည်။ သူတို့သည် သူ၏ခွက်နှင့်ခွက်ချင်းတိုက်လိုက်ကြပြီး ရယ်မောကာ ခွက် ထဲမှ သေရည်များကို သောက်လိုက်ကြသည်။
အခမ်းအနားကို သုံးရက်ကျော်ကြာအောင် ကျင်းပသည်။ အများစုမှာ မှတ်တမ်းတင်ကျောက်တုံးများယူလာပြီး မင်္ဂလာပွဲကို မှတ်တမ်းတင်ကသည်။ ထိုမှတ်တမ်းကို နောက်ပိုင်းတွင် တစ္ဆေလောက၊ နတ်ဆိုးလောက နေရာတကာ တွင် ဖြန့်ကြလေသည်။
မင်္ဂလာပွဲညတွင် ထိုလူများသည် မြို့အပြင်တွင် သောက်နေခဲ့ကြပြီး ဝူလင်းယူနှင့် ရှီမာယူယူတို့သည် ရှီမာအိမ်တော်သို့ ပြန်လာခဲ့လိုက်ကြသည်။ သည်တစ်ကြိမ်တွင် သူတို့သည်.. မင်္ဂလာဦးအခန်းတွင်ရှိနေကြသည်။
လူတစ်စုသည် ရှီမာယူယူ၏ခြံအပြင်ဘက်တွင် စောင့်နေကြသည်။ သူတို့ သည် တလက်လက်တောက်နေသော ဝိညာဉ်အတားအဆီးကိုမြင်သောအခါ သွားများပင်ဖြဲရယ်မိသည်။
သူတို့ကို မင်္ဂလာဦးအခန်းတွင် ပြဿနာအဖြစ်မခံနိုင်ပေ။ သူတို့သည် ဝူလင်းယူနှင့် စာရင်းရှင်းရမည်။ ထိုအချိန်တွင် ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အိပ်ရာပေါ်တွင်လှဲလျောင်းကာ မနက်ဖြန်ရင်ဆိုင်ရမည့် ကိစ္စကို မသိသဖြင့် စိတ်ပူခြင်းမရှိပေ။
ဝူလင်းယူသည် သူမကို တင်းကြပ်စွာဖက်ပြီး သူမ၏ခန္ဓာကိုယ်ကို နမ်းရှုတ်လိုက်သည်။ ပြီးနောက် သူသည် ကျေနပ်စွာပြောလေသည် “နောက်ဆုံးတော့ မင်းကို ထပ်ဖက်နိုင်ပြီ”
ရှီမာယူယူကို သူ ဘာမှထုတ်ဖော်မပြောနိုင်အောင် နှစ်ယောက်တည်း သီးသန့်တွေ့ခွင့်မရှိခဲ့ပေ။ သူ့ကိုလည်း ရှီမာအိမ်တော်တွင် နေခွင့်မပေးခဲ့ပေ။ ထို့ကြောင့် သူသည် သူမကို ဤကဲ့သို့မပွေ့ဖက်ရသည်မှာ အတော်ကြာပြီဖြစ် သည်။ ရှီမာယူယူ၏ လည်တိုင်သည် သူရှူရှိုက်လိုက်သည့်လေကြောင့် ယားယံ လာသည်။ သူမ ပြုံးပြီး သူ့ခေါင်းကိုတွန်းထုတ်လိုက်သည် “တစ်လပဲရှိသေးတာ ကို အဲလောက်တောင်ကြာသွဦးလို့လား.. အရင်ကဆို နှစ်တွေအများကြီး မတွေ့ ရတာတောင် သည်းခံနိုင်ကြတာပဲမဟုတ်ဘူးလား”
“ဒါကမတူဘူးလေ” အရင်က သူတို့သည် ရွေးချယ်စရာမရှိခဲ့ပေ။ သူတို့ နှစ်ယောက်လုံးသည် လုပ်စရာများရှိရာ ခွဲနေရလျှင်တောင် သည်းခံခဲ့ရသည်။ ယခုအခြေအနေမှာ မတူတော့ပေ။ သူတို့နှစ်ယောက်သည် နောက်ဆုံးတွင် အတူရှိနေနိုင်ပြီဖြစ်ရာ နေ့စဉ် ကော်လိုကပ် ကပ်နိုင်မည်ဖြစ်သည်။ သဘာဝ ကျကျပင် ဤအချိန်သည် ရှည်ကြာလှပြီဟု ခံစားရသည်။
ရှီမာယူယူသည် သူ့ကိုတွန်းမထုတ်ဘဲ သူ့စိတ်အလိုတိုင်းလိုက်လျော လိုက်သည်။ ယနေ့ပွဲအကြောင်းတွေးမိချိန်တွင် သူမသည် ခံစားချက်ပါပါ ပြော လေသည် “လူအများကြီးလာမယ်ဆိုတာကိုတော့ သိထားပါတယ် ဒါပေမဲ့ ဒီ လောက်များမယ်လို့ထင်မထားဘူး.. ဒီတစ်ခေါက် သုံးလောကကလူတွေ အတူ လာကြတာလားမသိဘူး”
ရှီမာမိသားစုသည် များပြားလှသောလူများအတွက် ဤမျှကြီးမားသည့် အခမ်းအနားကို ပြင်ဆင်ထားလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ လောက သုံးပါးမှလူများသည် ယနေ့တွင် အတိုင်အဖောက်ညီပုံပေါက်သဖြင့် ဤမင်္ဂလာ ပွဲမတိုင်ခင်တွင် တစ်ခုခုများဖြစ်ခဲ့သလားဟုပင် ထင်ရသည်။
“စိတ်မပူပါနဲ့ နတ်ဆိုးလောကနဲ့ တစ္ဆေလောကကလူတွေအကုန်လုံးကို တားဆီးထားတယ်.. ဘာမှဖြစ်မှာမဟုတ်ပါဘူး” ဝူလင်းယူ၏ လက်များသည် စတင်ကစားလာသည် “ဒီမင်္ဂလာဝတ်စုံက အရမ်းကြပ်နေတော့ ဝတ်ရတာ သက်တောင့်သက်သာဖြစ်မှာမဟုတ်ဘူး လဲလိုက်ရအောင်”
ရှီမာယူယူသည် သူ့ကို ကြည့်လိုက်သည်။ သူမသည် ထိုစကားကြားသည် နှင့် မင်္ဂလာဝတ်စုံကိုချွတ်တော့မည်အပြုတွင် သူ ဆွဲဖြဲလိုက်လေသည်။
သူမသည် သူ့ကိုစိုက်ကြည့်လိုက်ရာ သူသည် သူမကိုပြန်ပြုံးပြလေသည် “ညတာတိုပါတယ် အချိန်မဖြုန်းနဲ့တော့”
မင်္ဂလာဦးည၏ အချိန်တိုင်းသည် တန်ဖိုးရှိသည်။ ရှီမာယူယူသည် မိန်းမောနေကာ သူတို့ မည်မျှကြာအောင် သာယာခဲ့ကြသည်မသိပေ။ သူမ သိသည်မှာ ဝူလင်းယူသည် ကြားထဲတွင်ဆုံးရှုံးခဲ့ရသည့် အချိန်များအတွက် အတိုးချနေသည်ကိုပင်..
မင်္ဂလာပွဲအခမ်းအနားသည် သုံးရက်ကျော်ကြာအောင် ကျင်းပသည်။ ပထမနေ့မှလွဲပြီး နောက်နှစ်ရက်တွင် သူတို့နှစ်ယောက်သည် မင်္ဂလာဦးအခန်း ထဲတွင်သာ နေကြသည်။ သူတို့သည် စကားပြောခြင်း၊ စာအုပ်ဖတ်ခြင်းပြုလုပ် ကြသည်။ ထို့နောက် မူးလာသော ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ကို သွား ကြည့်ကြသည်။
“သူတို့ကို ဘာလို့မကြည့်ထားတာလဲ.. ဒီလောက်ငယ်ငယ်လေးနဲ့ ဘယ်လိုဖြစ်လို့ သောက်ခိုင်းရတာလဲ” ရှီမာယူယူသည် ကလေးနှစ်ယောက်၏ အင်္ကျီများကိုလဲပေးရင်း ကြိမ်းမောင်းနေသည်။
သူတို့ ရှီမာအိမ်တော်သို့ ပထမဆုံးအကြိမ်ပြန်လာစဉ်က သူတို့ကိုကြည့် ရန် အစေခံနှစ်ယောက်ကိုရှာချင်သည်။ သို့သော် သူတို့မလိုချင်ကြသဖြင့် သူမ လိုက်လျောခဲ့သည်။ ယနေ့တွင် သူတို့ ဤမျှသောက်ကြလိမ့်မည်ဟု ထင်မထား ပေ။
ဝူလင်းယူသည် သွားကူညီလေသည် “သူတို့က ဝိုင်နည်းနည်းပဲသောက် တာပါ အဆင်ပြေမှာပါ”
“ကလေးနှစ်ယောက် ငယ်သေးတယ် အမူးပြေဆေးတောင် သူတို့အတွက် ပြင်းနေတယ်.. သူတို့အတွက် ဆေးသွားဖော်လိုက်ဦးမယ်” ထိုသို့ပြောရင်းနှင့် သူမသည် ဝိညာဉ်စေတီအတွင်းသွားလိုက်သည်။ ခဏအကြာတွင် သူမ ထွက် လာပြီး သူတို့နှစ်ယောက်ကို ဆေးတိုက်လိုက်သည်။ ကလေးနှစ်ယောက်သည် နောက်ဆုံးတွင်အိပ်မောကျသွားလေသည်။
***