← Chapters

အတူခေါ်သွားခြင်း

Vol. 160 Ch. 2240

အတူခေါ်သွားခြင်း

Vol. 160 Ch. 2240

သူတို့သည် ပြောဖို့မလိုအောင်ပင် ငယ်ရွယ်သေးကာ သေရည်ပထမဆုံး သောက်ဖူးကြသဖြင့် သူမ တိုက်သည့်ဆေးသောက်ပြီးသည့်တိုင်အောင် ကောင်းစွာ အိပ်မပျော်ကြပေ။

ဝူရှောင်းသောင့်သည် လက်ကိုဆန့်ထုတ်ကာ သူမ၏မျက်နှာကို ကုတ်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏လက်ကို ဝူချီယောင်၏ မျက်နှာဆီသို့ ပစ်လိုက်သည်။ ဝူချီယောင်သည် မျက်လုံးပင်မဖွင့်ဘဲ သူမ၏လက်ကိုဆုပ်ကိုင် ကာ ပြန်ပစ်လိုက်သည်။ ပြီးနောက် သူမကို အကြိမ်အနည်းငယ်ပုတ်ကာ ဝူရှောင်းသောင့်ကို အေးချမ်းစွာသိပ်ပြီးနောက် လက်ပြန်ရုတ်သွားလေသည်။

သူသည် ထိုအပြုအမူကို မကြာခဏလုပ်တတ်ကာ လုပ်နေကျဖြစ်ပုံရ သည်။

ရှီမာယူယူသည် ထိုအရာကိုမြင်သောအခါ စိတ်အေးသွားလေသည် “ရှောင်းယောင်ယောင်က ရှောင်းသောင့်ကို အစ်ကိုကြီးတစ်ယောက်လိုကို ကောင်းကောင်းဂရုစိုက်ပေးနေတာပဲ”

ထိုအရာကို ချီးကျူးရန်မထိုက်ဟု ဝူလင်းယူထင်သဖြင့် ပေါ့ပေါ့တန်တန် ပင်ပြောလေသည် “ယောက်ျားဆိုရင် ဘေးနားကလူတွေကို ဂရုစိုက်ပေးရမှာပဲ အစ်မဆိုရင်တော့ ပြောဖို့တောင်မလိုဘူး”ဩ

ရှီမာယူယူသည် ကလေးနှစ်ယောက်ကို စောင့်ခြုံပေးလိုက်ပြီး သူမ မျက်နှာမှ အပြုံးသည် မှေးမှိန်သွားလေသည်။

“ဘာတွေတွေးနေတာလဲ”

ရှီမာယူယူ သက်ပြင်းချလိုက်သည် “ကျွန်မတို့လက်ထပ်ပြီးတဲ့အထိ သူတို့ ကို နေခွင့်ပေးမယ်လို့ ဟေးဒီးစ်က ပြောခဲ့တာလေ.. အခုလက်ထပ်ပြီးသွားပြီ သူ ကလေးတွေကို ဘယ်တော့လာပြီး ခေါ်သွားမှာလဲမသိဘူး”

ကလေးနှစ်ယောက်နှင့် ထပ်မံခွဲခွာရတော့မည်ကို သူမ တွေးမိလိုက်ချိန် တွင် ဝမ်းနည်းမိသည်။

“ကလေးတွေနဲ့မခွဲချင်ဘူးလား”

“အင်း”

“ကလေးနှစ်ယောက်လည်း ကြီးသင့်သလောက်ကြီးပြီလေ… သူတို့ကို လိုက်စေချင်ရင် သူလည်းတားတော့မှာမဟုတ်ပါဘူး” ဝူလင်းယူ ပြောလေ၏။

“တကယ်လား” ရှီမာယူယူ၏ မျက်လုံးများအရောင်လက်သွားသည်။ “ဒါဆိုရင် သူလာရင်ပြောလိုက်မယ်လေ.. ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့နှစ်တွေမှာ ဘာမှမလုပ်ခဲ့ရဘူးလေ.. အဲဒါကြောင့် အချိန်ကျရင်တော့ သူတို့ကိုအတူလိုက် စေချင်တာပဲ”

လူသားလောကနှင့် နတ်ဆိုးလောကမှကိစ္စများသည် အနည်းနှင့်အများ ဖြေရှင်းပြီးဖြစ်ကာ သူမ၏ကျင့်စဉ်မှာလည်း တိုးတက်မှုမြန်နေပြီဖြစ်သည်။ ယခုအချိန်တွင် ရိုးရှင်းစွာကျင့်ကြံရုံမဟုတ်ဘဲ အခြေခံအုတ်မြစ်ကို စုစည်းရမည် ဖြစ်သဖြင့် သူမ၏အချိန်မှာ ရုတ်တရက် လစ်ဟာသွားသည်။ ထို့ကြောင့်သူမ စိတ်ကြိုက်လုပ်နိုင်မည်ဖြစ်သည်။

ထို့အပြင် ကလေးနှစ်ယောက်သည် အရွယ်ရောက်သင့်သလောက်ရောက် နေပြီဖြစ်ရာ အဆင်မပြေမှုများကြုံလာသည့်အချိန်တွင် သူမ စိုးရိမ်ရန်လိုမည် မဟုတ်ပေ။ ဤအချိန်တွင် ဟေးဒီးစ်သာ သဘောတူပါက သူမသည် သူတို့ကို ခရီးစဉ်တွင် လိုက်ပါစေလိုသည်။

ထိုကိစ္စကိုတွေးကြည့်ပြီးနောက် သူမစိတ်အားပြန်တက်သွားသည်။ သူမ သည် ကလေးနှစ်ယောက်ကို နူးညံ့သောအပြုံးဖြင့် ကြည့်လေသည်။

ပွဲအခမ်းအနားပြီး သုံးရက်အကြာတွင် ဧည့်သည်များပြန်သွားကြလေ သည်။ နတ်ဆိုးမျိုးနွယ်နှင့် တစ္ဆေမျိုးနွယ်တို့ကို ဧည့်သည်အဖြစ် အိမ်တော်သို့ ဖိတ်ကြားသည်။ ရှီမာယူယူနှင့် မရင်းနှီးသောသူများသည် သူမကို နှုတ်ဆက်ရန် လာပြီးမှ ထွက်သွားကြသည်။ သူတို့နှင့် ဆက်ဆံရေးကောင်းသူများသည် သူတို့ နှင့် အတူစကားပြောရန် နေခဲ့ကြသည်။

ရှီမာယူယူသည် သူတို့ကို တစ်ယောက်ချင်းစီတွေ့ရာ ထိုဆွေမျိုးနှင့် သူငယ်ချင်းများကို ပို့ဆောင်ရန် နှစ်လ သုံးလပင်ကြာလေသည်။

ရှီမာမိသားစု တိတ်ဆိတ်သွားသည်နှင့် ဝမ်းနည်းမှုသည် မိသားစုကို လွှမ်းခြုံသွားတော့သည်။

မင်္ဂလာပွဲကြီးပြီးဆုံးသွားကာ သခင်လေးနှင့် သခင်မလေးတို့သည် ထွက် သွားရတော့မည်။ သူတို့သည် ဝူလင်းယူနှင့် သခင်မလေးတို့ ထွက်သွားတော့ မည်ကိုလည်း ကြောက်ကြသည်။ မျိုးနွယ်အတွင်းတွင် လူများပြားလှသော် လည်း သူတို့ထွက်သွားသည်နှင့် တစ်စုံတစ်ခုလစ်ဟာသွားသလို အမြဲတစေ ခံစားရသည်။ သို့သော် ရှီမာယူယူသည် ဤနေရာတွင် မနေသည်ကို သူတို့ လည်းသိကြသည်။ သူမတွင် ကျယ်ပြန့်သောအနာဂတ်ရှိသည်။ ထို့ကြောင့် သူမ နေခဲ့ရန် မည်သူမှ ပါးစပ်မဟကြပေ။

ဟေးဒီးစ် ရှီမာအိမ်တော်သို့ ရောက်လာချိန်တွင် ဝူရှောင်းသောင့်သည် လက်ထဲမှ ပစ္စည်းများကိုချပြီး သူ့ဆီသို့ပြေးလေသည်။ လမ်းတစ်ဝက်တွင် သူမ သည် ခလုတ်တိုက်ပြီး ချော်လဲတော့မည်အပြုတွင် ဟေးဒီးစ်သည် အဝေးတွင် ရှိနေသော်လည်း သူမဘေးသို့ ရုတ်တရက်ပေါ်လာပြီး သူမကိုဖမ်းလိုက်လေ သည်။

“သမီးကို မပြေးဖို့ မပြောထားဘူးလား” ဟေးဒီးစ်သည် မျက်မှောင်ကြုတ် ပြီး သူမကို အပြစ်တင်လိုက်သော်လည်း သူ့အသံထဲတွင် စိုးရိမ်မှုရှိနေတုန်းပင် ဖြစ်သည်။

ဝူရှောင်းသောင့်သည် သူ့လည်ပင်းကိုသိုင်းဖက်ပြီး တခစ်ခစ်ရယ်မောလေ သည် “ရှောင်းသောင့်က ဦးလေးဟေးဒီးစ်ကို တွေ့ရတာ အရမ်းပျော်တာပဲ”

ဟေးဒီးစ်၏ တင်းနေသောမျက်နှာသည် ပြေလျော့သွားကာ သူမကို ဖက် ပြီးမေးလေသည် “ဒါဆို အကြာကြီးခွဲနေရတော့ လွမ်းနေတာပေါ့”

“ဟုတ်တယ် ရှောင်းသောင့်က ဦးလေးဟေးဒီးစ်ကို နေ့တိုင်းလွမ်းနေတာ” ပြောပြီးနောက် ဝူရှောင်းသောင့်သည် ဟေးဒီးစ်၏ မျက်နှာကိုနှမ်းလေသည်။

ဟေးဒီးစ်သည် မျက်နှာကိုတည်မထားနိုင်တော့ဘဲ သူ၏နှုတ်ခမ်းထောင့် မှာ ကွေးတက်သွားပြီး အသံနေအသံထားမှာလည်း များစွာနူးညံ့သွားသည်။

ဟေးဒီးစ်အနောက်သို့လိုက်လာသည့် အစောင့်သည် သက်ပြင်းချလိုက် ပြန်သည်။ သူတို့၏အရှင် ဒေါသထွက်ချိန်တွင် နှစ်သိမ့်ပေးနိုင်သည်မှာ ဤ ကလေးမလေးပင်ဖြစ်သည်။

ဟေးဒီးစ်သည် ဝူရှောင်းသောင့်ကိုချီပြီး ရှီမာယူယူဆီသို့လာကာ သူ့ဘေး တွင်ရပ်နေသည့် ဝူချီယောင်ကိုကြည့်ပြီး ပြောလေသည် “ကလေးနှစ်ယောက် က ဘယ်လိုဖြစ်လို့ ပိန်အောင်ထားရတာလဲ”

“ဦးလေးဟေးဒီးစ် ကျွန်တော်တို့က ကိုယ်အလေးချိန်ကျသွားတာမဟုတ် ဘူး.. ဦးလေးဟေးဒီးစ်က ကျွန်တော်တို့ကိုမတွေ့တာကြာသွားလို့ ပိန်သွား တယ်လို့ထင်တာပါ” ဝူချီယောင်သည် သူ၏မိခင်ကိုကာကွယ်ပြီးပြောလေ သည်။

ရှီမာယူယူသည် ဝူချီယောင်၏ ခေါင်းကိုထိပြီး ဟေးဒီးစ်ကိုကြည့်ပြီး ပြော လေသည် “ရှင်တို့ ဘယ်တော့ထွက်သွားကြမှာလဲ”

ဟေးဒီစ်းသည် မျက်ခုံးများကို ပင့်မိသည် “မင်း သွားစေချင်တာ သေချာ လား”

“ဒါပေါ့”

“မင်းကို နေ့တစ်ဝက်အချိန်ပေးမယ်” ထိုသို့ပြောပြီးနောက် ဟေးဒီးစ် သည် သူမကိုလျစ်လျူရှုပြီး ဝူရှောင်းသောင့်ကို သွားစနောက်လေသည်။

“ဦးလေးဟေးဒီးစ် သမီးတို့ မရဏာလောကကို ပြန်ကြမှာလား” ဝူရှောင်း သောင့်မေးလေသည်။

“ဟုတ်တယ် ပြန်ကြမှာ”

“ဒါဆို ဘိုးဘိုးနဲ့ဘွားဘွားတို့ကို တွေ့ဖို့ ပြန်လာရမှာလား”

“အင်း အချိန်တစ်ခုလောက်တော့ ပြန်မလာနိုင်လောက်ဘူး.. မင်းတို့ ခန္ဓာကိုယ်အခြေအနေကို ဒုတိယအချီ တိုးတက်အောင်လုပ်ရမယ်.. မင်းတို့ရဲ့ အရည်အချင်းတွေကို အစပျိုးနိုင်အောင်လုပ်ရမယ် အချိန်လောက်မယ်မထင် ဘူး”

“ဒါဆို ဖေဖေ့ကိုမတွေ့ရတော့ဘူးလား ဖေဖေက မနေ့ကနတ်ဆိုးလောက ကိုပြန်သွားတာ ရှောင်းသောင့်က နတ်ဆိုးလောကကို သွားပြီး သူ့ကိုတွေ့ပါ မယ်လို့ ကတိပေးထားတာ.. အဲလိုဆို သူမယုံတော့ဘဲနေမှာပေါ့”

ဟေးဒီးစ်သည် မပျော်မရွှင်ဖြင့် မျက်မှောင်ကြိုတ်လိုက်သည်။ သို့သော် သူမ စိတ်ပျက်သွားသည်ကို မမြင်ရက်သဖြင့် တွေဝေသွားကာ ပြောလေသည် “ဒါဆိုလည်း နားရက်ကျရင် မင်းရဲ့လုပ်ဆောင်ချက်ကိုကြည့်တာပေါ့”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦးလေးဟေးဒီးစ်” ဝူရှောင်းသောင့်သည် တောက်ပသွားကာ သူ၏လည်ပင်းကိုသိုင်းဖက်ပြီး မျက်နှာကိုနှမ်းကာ မျက်နှာ ယူရန် ဝူချီယောင်ဘက်သို့ကြည့်လေ၏။

အမေနဲ့ ရှောင်းယောင်ယောင်တို့က သူတို့အဖေကိုသွားတွေ့ဖို့အတွက် အခုထိခေါင်းကိုက်နေတုန်းပဲ။ ဒါပေမဲ့ အခု သူတို့ရသွားပြီမလာ။ ဒီနည်းလမ်းကို ရှောင်းယောင်ယောင် ပြောခဲ့ပေမဲ့ သူမလုပ်ခဲ့တာလေ။ ဝူချီယောင်သည် သူမ၏ အောင်ပွဲခံသည့်အပြုအမူကိုမြင်သောအခါ မျက်လုံးထဲတွင် အပြုံးများပြည့်သွား လေသည်။

ဟေးဒီးစ်သည် ဝူရှောင်းသောင့်၏ ကံကြမ္မာကိုမကြိုက်ခဲ့ပေ။ သို့သော် သူမကို အလိုလိုက်ဆုံးမှာလည်း သူဖြစ်သည်။ သူမနှင့်ဆို မဖြစ်နိုင်တာမရှိပေ။

“ဟင်း အချိန်ကလည်း နေ့တစ်ဝက်ပဲပေးတယ် ကပ်စေးကုပ်လိုက်တာ” ရှီမာယူယူသည် ဝူရှောင်းသောင့်ကိုချီလိုက်ပြီး ဟေးဒီးစ်မပျော်ရွှင်သည်ကို မြင် သည်နှင့် ပြောလိုက်သည် “သူတို့ကို ကျွန်မမိဘတွေနဲ့ အဘိုးကို သွားနှုတ်ဆက် ခိုင်းရဦးမယ် ရှင့်ဘာသာရှင်ခဏနေလိုက်ပါ”

သူမသည် ဝူရှောင်သောင့်ကိုချကာ တစ်ယောက်တစ်ဖက်စီ လက်တွဲပြီး သူမ၏မျိုးနွယ်ကို နှုတ်ဆက်ရန်သွားလေသည်။ ပြီးခဲ့သည့်နှစ်ရက်တွင် သူတို့ ထွက်သွားမည်ကို ရှီမာမိသားစု၏လူများသည်လည်း ခန့်မှန်းမိကြသဖြင့် မအံ့ဩကြတော့ပေ။ သို့သော် တွန့်ဆုတ်နေတုန်းပင်ဖြစ်သည်။ သို့သော် မလွှတ်လိုက်ချင်းလည်း လုပ်နိုင်စရာမရှိသဖြင့် မတားနိုင်ဘဲ လွှတ်လိုက်ရတော့ သည်။

ဟေးဒီးစ်သည် လေဟာပြင်ပေါက်ကဲ့သို့ တံခါးဖွင့်ပြီး ဝူရှောင်းသောင့်ကို ချီကာ ရှီမာယူယူသည် ဝူချီယောင်ကိုချီပြီး ဝင်သွားလေသည်။ ရှီမာမိသားစုများ သည် သက်ပြင်းချမိကြသည်။ သူမ ထွက်သွားပြီးလျှင် မည်မျှကြာမှ သူမကို ပြန်တွေ့ရမည်မှာ မသိနိုင်ပေ။

ရှီမာယူယူသည် မရဏာလောကသို့သွားပြီး အရင်ကနေခဲ့သည့် ခြံဝင်း ငယ်တွင်နေထိုင်သည်။ သူမ၏ ကလေးများကို ဘာမှမပြောရသေးခင်မှာပင် ဟေးဒီးစ်က ခေါ်သွားလေသည်။

“နည်းနည်းလောက် စောင့်မပေးနိုင်ဘူးလား” သူမသည် ဆန့်ကျင်လေ သည်။

“ငါစီစဉ်ထားတာထက် တစ်လတောင် နောက်ကျနေပြီ” ဟေးဒီးစ်သည် ပြောပြီးနောက် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။

သူမကို လူသားလောကတွင် အချိန်ပေးပြီးပြီဖြစ်သည်။ ရက်အနည်းငယ် ကြာပြီးနောက် ကလေးနှစ်ယောက် ပြန်ရောက်လာသည်။ သူတို့တွင် ရှေးဟောင်းရောင်ဝါရှိသည်ကို ရှီမာယူယူ တွေ့လိုက်သည်။

ကလေးနှစ်ယောက်သည် သူမအပေါ်တွင် မှောက်လျက်သားအိပ်ပျော် သွားကြသည်။ သူတို့နိုးလာပြီး နှစ်ရက်ပင်မကြာလိုက် ဟေးဒီးစ်သည် သူတို့ကို ပြန်ခေါ်သွားကာ ရက်အနည်းငယ်ကြာတွင် ပြန်ပို့လာသည်။ ထိုလုပ်ငန်းစဉ်မှာ ထပ်ခါထပ်ခါဖြစ်နေတော့လေသည်။

***

All Chapters