ခရီးသွားခြင်း
Vol. 161 Ch. 2241
စိမ်းလန်းစိုပြေသောတောင်များ၊ စိမ်းပြာရောင်ကြည်လဲ့နေသောရေများ နှင့် ထောင်ထိပ်တွင် တွဲလဲခိုနေသည့်အဖြူရောင်တိမ်တိုက်များ၊ တသွင်သွင် စီးကျနေသည့်ချောင်းငယ်၏အသံကို အဝေးမှကြားနေရသည်။
ချောင်းငယ်၏ဘေးနှစ်ဖက်တွင် ထူထဲသောသစ်တောများရှိသည်။ သစ်ပင်များမှာ များပြားလှသည်မဟုတ်သော်လည်း မြင့်မားကြသည်။ ချောင်း ငယ်ဘေးတွင် မီးခိုးတချို့မှာ တလိပ်လိပ်တက်နေသည်။
“အမေ ရေသောက်ပါ” ဝူချီယောင်သည် ရှီမာယူယူကို ရေတစ်ခွက် ကမ်း ပေးလေသည်။
“အမေ နည်းနည်းလောက်စောင့်နော် ကြက်ကင်ရတော့မယ်” ဝူရှောင်းသောင့်သည် ဘေးမှပြောလေသည်။
“ဖြည်းဖြည်းလုပ်ကြပါ အမေ့ကိုစိတ်မပူကြနဲ့” ရှီမာယူယူသည် ရေကို စုပ်ယူသောက်ရာ သူမ သောက်ပြီးသည်နှင့် ဝူချီယောင် ရေခွက်ကိုယူသွားလေ ၏။
သူမသည် သစ်ပင်ပင်စည်တွင်မှီပြီး ကလေးနှစ်ယောက်ကို မြတ်နိုးစွာဖြင့် ကြည့်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကလေးနှစ်ယောက်သည် ၁၆ နှစ်ပြည့်သွား ကာ ယခုအချိန်တွင် ဝူရှောင်းသောင့်သည် မိန်းမလှလေးဖြစ်နေကာ ဝူချီယောင် သည် ဆွဲဆောင်မှုရှိသည့် လူချောလေးဖြစ်နေပြီဖြစ်သည်။ ဝူရှောင်းသောင့် သည် တက်ကြွသည့်အကျင့်ရှိကာ ဝူချီယောင်သည် ရင့်ကျက်ပြီးတည်ငြိမ်၏။ သူတို့ကို ကောင်းပေးသည့်လူမှလွဲပြီး အပြင်လူများကို အလွန်ပင် လျစ်လျူရှု တတ်သည်။ ဤအကျင့်သည် မည်သူ့ဆီမှ သင်လာသည်ကို သူမ သိချင်မိသည်။
“အမေ သမီးတို့ နတ်ဘုံကို ရောက်တာနှစ်ရက်ရှိပြီ ဘယ်တော့သွား ကြမှာလဲ” ဝူရှောင်းသောင့်သည် မီးကိုကစားရင်း မေးလေသည်။
“စောင့်လိုက်ဦး” ရှီမာယူယူသည် လက်ဖြန့်လိုက်ရာ သူမ၏လက်ဖဝါး ပေါ်တွင် ဝိညာဉ်သီးတစ်ပန်းကန်ပေါ်လာလေသည်။
ဝူချီယောင်းသည် ယူပြီး စားပွဲပေါ်သို့တင်လိုက်သည်။
“အမေ ဦးလေးဟေးဒီးစ်က သမီးတို့ကို နတ်ဘုံမှာ ဘယ်လောက် ကြာအောင်နေခိုင်းမယ်လို့ ပြောလိုက်လဲ” ဝူရှောင်းသောင့်သည် ကြက်ကင် ကျက်တော့မည့် အချိန်ကိုခန့်မှန်းပြီး ကြက်ကင်ကိုလှည့်ကာ စားပွဲပေါ်ရှိ ပန်းကန်ထဲသို့ ထည့်လိုက်သည်။
စားပွဲပေါ်တွင် ဟင်းလျာများစွာ ပြင်ဆင်ပြီးလေသည်။ ကြက်ကင် အသင့် ဖြစ်ချိန်တွင် သူတို့သုံးယောက်လာစားကြလေသည်။
“သမီးတို့ အတွေ့အကြုံယူတဲ့ခရီးကို အမေက အေးအေးလူလူပဲလိုက်လာ တာလို့ မပြောထားဘူးလား” ရှီမာယူယူသည် ပြောပြီးသည်နှင့် အသီးအရွက်ကို ကောက်ယူပြီးစားလိုက်သည်။ ဝူရှောင်းသောင့်၏ မျက်လုံးများတောက်ပသွား သည်ကိုမြင်သောအခါ သူမ၏နှုတ်ခမ်းထောင့်မှာကွေးတက်သွားသည် “ကြက် ကင် ကင်တာတော်တယ်”
ဝူရှောင်းသောင့်သည် ပို၍ပင်ပျော်သွားသည်။
“ဒါပဲလေ” ဝူချီယောင်သည် ပေါ့ပေါ့တန်တန်ပင် ပြောလေသည်။
“ဝူချီယောင် ရန်ဖြစ်ချင်လို့လား” ဝူရှောင်းသောင့်သည် သူ့ကိုအော်လိုက် သည်။
ဝူချီယောင်သည် သူမ၏ခြိမ်းခြောက်မှုကို ကြောက်မည့်သူမဟုတ်ပေ။ သူသည် တည်ငြိမ်စွာပင် အသီးအရွက်တချို့ကိုစားနေသည်။ ဝူရှောင်းသောင့် စိတ်ဆိုးသွားချိန်မှပင် သူ ခပ်ပေါ့ပေါ့ပြောလိုက်သည် “ငါက ချီးကျူးတာပါ ပြီးတော့ ငါ့ကိုနိုင်ဖူးလို့လား”
“ဟင်း စောင့်ကြည့်နေလိုက် တစ်နေ့ကျ ငါနင့်ထက်သာမှာ”
“အဲနေ့ကျမှ ပြောကြတာပေါ့”
“ဟင်း”
ရှီမာယူယူသည် သူတို့ကို ဖျောင်းဖျမနေတော့ပေ။ ဝူရှောင်းသောင့် အကြောင်းတွေးမိပြီး စိတ်ထဲတွင် သက်ပြင်းမချဘဲမနေနိုင်ပေ။
ဝူချီယောင်၏ အရည်အချင်းသည် ကျင့်စဉ်တွင်သာ ထူးချွန်သည်မဟုတ်၊ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်ကာ သူမ၊ဝူလင်းယူတို့နှင့် တူသည်။ သူသည် အရာအားလုံးနီးပါးလုပ်နိုင်သည်။ ငယ်ရွယ်သည့်အချိန်တွင် အထူးမြင့်မားလှ သည်မဟုတ်သော်လည်း ရွယ်တူများထက်ပင် သာလွန်သည်။
သို့သော် ဝူရှောင်းသောင့်သည် သူမ၏ကံကြမ္မာကြောင့်ဖြစ်နိုင်မလား မသိပေ၊ သူမ ထိလိုက်သည်နှင့် ပေါက်ကွဲရာ အဂ္ဂိရတ်ပညာ၊ လက်နက်သန့်စင် ခြင်းပညာ၊ အစီအရင်များ၊ သားရဲထိန်းကျောင်းခြင်းများကို မည်သည့်အရာမှ လုပ်မရပေ။ သူမတွင် အရည်အချင်းမရှိဟုဆိုရအောင်လည်း သူမသည် နှစ်ခါမျှ ဖတ်ပြီးသည်နှင့် ဆေးနည်းများကို မှတ်မိကာနားလည်သည်။ သို့သော် ဆေးဖို မှာ အမြဲတစေပေါက်ကွဲခဲ့သည်။ သူမ ထိနိုင်သော တစ်ခုတည်းသောအရာမှာ ချက်ပြုတ်သည့် မီးတောက်ပင်ဖြစ်သည်။
ထို့ကြောင့် သူမသည် ချက်ပြုတ်ခြင်းမှလွဲပြီး ဘာမှမသိပေ။
ကံကောင်းစွာပင် သူမသည် ထိုအရာများကို အလွန်အမင်းခုံမင်သူမဟုတ် ဘဲ ချက်ပြုတ်ခြင်းကို နှစ်သက်သည်။ ထို့ကြောင့် တခြားအရာများကို သိသည် ဖြစ်စေ မသိသည်ဖြစ်စေ ဂရုမစိုက်ပေ။
“အမေ ကျွန်တော်တို့ အမေ့သူငယ်ချင်းကို သွားရှာကြမှာလား” သူ၏ အစ်မဖြစ်သူကို ဒေါသထွက်သွားသဖြင့် ဝူချီယောင်သည် သူမနှင့်မပြောတော့ ဘဲ ရှီမာယူယူဘက်လှည့်ပြီးပြောလေသည်။
ဖူရှီနှင့် ရှီမာယူလင်းတို့သည် ထိုနေရာတွင်ရှိကာ ကျောင်းအုပ်ကြီးအပြင် ဖန်ရူယန်၊ မူယဲ့ချီ၊ ကျားနန်ရှင်းနှင့်… ရွှမ်ချုံးဟော်ပါရှိသည်။
ရွှမ်ချုံးဟော်အကြောင်း တွေးလိုက်လျှင် သူမ၏ ခံစားချက်မကောင်းနိုင် တော့ပေ။
“အမေ ရွှမ်ချုံးဟော်အကြောင်းတွေးနေတာလား” ဝူရှောင်းသောင့်သည် များသောအားဖြင့် သတိလက်လွတ်ဖြစ်တတ်သော်လည်း တစ်ခါတရံတွင် အလွန်ပင်ပါးနပ်သည်။ ဝူချီယောင်သည် ဝူရှောင်းသောင့်အားကြည့်ပြီး ရှီမာယူ ယူကိုပြောလေသည် “ရွှမ်ချုံးဟော်ကိစ္စကို ဖြေရှင်းဖို့ သေချာပေါက် နည်းလမ်း ရှိမှာပါ အမေ ဝမ်းမနည်းပါနဲ့”
ရှီမာယူယူသည် သူတို့ကို ရွှမ်ချုံးဟော်အကြောင်းပြောပြထားသည်။ ထို့ကြောင့် သူနှင့် ဆက်ဆံရေးကို သူတို့သိကြသည်။
သူမသည် သူတို့ကိုပြုံးပြလိုက်သည်။ သို့သော် သူမ၏စိတ်မှာတော့ မကောင်းနိုင်တော့ပေ။
သည်တစ်ခေါက် သူမလာသည်မှာ မိတ်ဆွေများကြောင့်မဟုတ်ဘဲ ထို အိပ်မက်ကို ပြန်မက်ခြင်းကြောင့်ဖြစ်သည်ကို သူမ ကလေးနှစ်ယောက်ကို မပြောခဲ့ပေ။
အိပ်မက်ထဲတွင် သူသည် လူထပ်သတ်သည်။ သူမကို ပြုံးပြပြီး ပြောခဲ့ သည် “မင်း ပြန်လာတာကို ငါစောင့်နေမယ်”
ထိုသို့ဖြစ်ရခြင်းမှာ ပြီးခဲ့သည့်တစ်ခေါက် ဧကရာဇ်ချင်းဒေါင်၏ စွမ်းအား ကိုစုပ်ယူလိုက်ခြင်းကြောင့် သူတို့နှစ်ယောက် ရင်းနှီးသွားသဖြင့် သူ့ကို မရဏာ လောက၌ပင် မြင်ရခြင်းကြောင့်လား မသိပေ။ သူမ နိုးလာသည်နှင့် သူ သူမကို ပြန်လာရန် ခေါ်နေကြောင်းကိုသိသည်။ နှစ်ပေါင်းများစွာ တိတ်ဆိတ်ပြီးနောက် သူသည် သူမကိုထပ်မံရှာနေသည်။ အရင်က သူ ဤနေရာတွင် ဒဏ်ရာရခဲ့ပုံကို သူမ တွေးနေမိသည်။ သူသည် ပြီးခဲ့သည့်နှစ်များတွင် ဒဏ်ရာများပြန်ကောင်း သွားခဲ့ပုံပင်။ ယခု ထိုဒဏ်ရာပျောက်သွားသဖြင့် သူမကို တွေ့ရန်မစောင့်နိုင် တော့ပေ။
သူမသည် သူထွက်မသွားခင်က ပြောခဲ့သည့်စကားကို တွေးမိလိုက်သည်။ သူမသာ ဧကရာဇ်ချင်းဒေါင်၏ ဂူသင်္ချိုင်းများကိုမသွားခဲ့လျှင် သူသည် သူမ၏ ဆွေမျိုးနှင့် သူငယ်ချင်းကို သတ်ပစ်မည်ဖြစ်သည်။ သူမသည် တခြားသူများ၏ အသက်ကို လောင်းကြေးမထပ်ရဲသဖြင့် ထိုအချိန်က လာရန်ဆုံးဖြတ်ခဲ့သည်။
မထင်မှတ်စွာပင် သူမ ဟေးဒီးစ်ကိုပြောနေချိန်တွင် ကလေးနှစ်ယောက် ကြားသွားပြီး ဝူရှောင်းသောင့်သည် အတူလာရန် တဂျီဂျီလုပ်ခဲ့သည်။ ဝူချီယောင်သည် ရှင်းလင်းစွာမပြောသော်လည်း ဝူရှောင်းသောင့်၏အနောက် တွင် မားမားမတ်မတ်ရပ်တည်ကာ သူ၏သဘောထားကို ဖော်ပြလေသည်။
ဟေးဒီးစ်ငြင်းဆန်လိမ့်မည်ဟု ရှီမာယူယူထင်ထားသော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် သူတို့ကိုပါ အတူလေ့ကျင့်စေလိုသည်ဟု ပြောရင်းနှင့် သဘောတူလိုက်မည်ဟု ထင်မထားပေ။
သူမသည် ကလေးနှစ်ယောက်ကို စိတ်မပူစေလိုသဖြင့် မိတ်ဆွေကို လာ တွေ့သည်ဟုသာ ပြောခဲ့သည်။
သို့သော် နတ်ဘုံသို့ရောက်သည်မှာ နှစ်ရက်ကြာသွားပြီဖြစ်ကာ နောက် လုပ်ရမည့်အရာကို မတွေးထားသေးပေ။ သို့သော် သူမ နတ်ဘုံသို့ လာမည်ကို ရွှမ်ချုံးသော်သိနေသည်။
“အမေ သမီးတို့ အမေ့သူငယ်ချင်းကို သွားရှာမှာလား” ဝူရှောင်းသောင့် မေးလိုက်သည်။
“သူတို့ဘယ်မှာလဲဆိုတာလည်း မသိပါဘူး” ရှီမာယူယူ ပြောလိုက်သည် “အရင်ဆုံး ဒီကနေထွက်ကြတာပေါ့” စားပြီးနောက် သူတို့သည် စမ်းချောင်း တစ်လျှောက် လျှောက်သွားကြရာ မြစ်ကြီးဆီသို့ရောက်လေသည်။ မြစ်ဆုံတွင် ရွာငယ်လေးတစ်ရွာကိုတွေ့လေသည်။
“ဒီမှာအရမ်းထူးဆန်းတာပဲ.. ဝိညာဉ်သားရြမရှိဘူး.. ရွာကိုဖြတ်လျှောက် လာတာလည်း တော်တော်ဝေးနေပြီ” ဝူရှောင်းသောင့် ပြောလိုက်သည် “အမေ ရွာထဲကိုဝင်မေးကြမလား” ဝူရှောင်းသောင့် ပြောလိုက်သည်။
“ဟုတ်ပြီလေ” ဤနေရာသည် ပုံမှန်မဟုတ်သည်ကို ရှီမာယူယူသည် သတိထားမိသည်မှာကြာပြီဖြစ်သည်။ သို့သော် သူမ ဘာမှမပြောပေ။ သူတို့ ရှာတွေ့သည်အထိ စောင့်နေခြင်းဖြစ်သည်။
သူတို့သုံးယောက်သည် ရွာဆီသို့ပျံသွားလိက်ကြသည်။ ရွာထဲသို့မဝင်ခင် တွင် ပုံရိပ်လေးတစ်ခုသည် နောက်မှများပြားလှသောလူလိုက်လာခြင်းကြောင့် ရွာထဲမှပြေးထွက်လာသည်ကို မြင်လိုက်ရသည်။ “အမေ လူတစ်ယောက်က လိုက်ဖမ်းတဲ့လူတွေလက်ထဲက ပြေးနေရတယ်ထင်တယ်” ဝူရှောင်းသောင့် သည် စိတ်လှုပ်ရှားစွာပြောလေသည်။
ဝူချီယောင်သည် သူမကိုကြည့်လိုက်သည် “သူများအလိုက်ခံရတာကို ဘာတွေပျော်နေတာလဲ”
“ရှောင်းယောင်ယောင် သူ့ကိုသွားကယ်လိုက်” ဝူရှောင်းသောင့်သည် သူ့ကို ညွှန်ကြားလေသည်။
“အင်း ရန်သူလား မိတ်ဆွေလားဆိုတာ ငါမသိတော့ ငါမကယ်တော့ဘူး” ဝူချီယောင်သည် ငြင်းဆန်လေသည်။
“ဘယ်လိုရန်သူက အဲလိုမျိုးကလေးလေးဖြစ်နေမှာလဲ” ဝူရှောင်းသောင့် သည် သူ့ပုခုံးကို နှစ်ကြိမ်မျှပုတ်လေသည် “ငါ သူ့ကို ကိုယ်တိုင်ကယ်ချင်တာ ဒါပေမဲ့ ငါ မကယ်ခင်ကို သေသွားမှာကြောက်လို့မကယ်တာ.. သူ့ဆီ ငါ့ကံတွေ ကူးသွားရင် ဘယ်လိုလုပ်မလဲ”
သူမ ထိုသို့ပြောသည်ကို မပျော်ရွှင်သဖြင့် ဝူချီယောင်၏ မျက်နှာမှာ သုန်မှုန်သွားသည်။ သို့သော် သူမ၏စကားကိုနားထောင်ပြီး လိုက်ဖမ်းသည့်လူ များကိုသွားသတ်ကာ ငေးငိုင်နေသောကလေးနှင့်အတူ ပြန်လာလေသည်။
“သမီးကတော့လေ ရှောင်းယောင်ယောင်ကို အနိုင်ကျင့်ဖို့ပဲသိတယ်” ရှီမာယူယူသည် မတတ်သာစွာဖြင့် ပြောလေသည်။
သူမ ဝူချီယောင်ကို ရန်စသည့်အချိန်၊ သို့မဟုတ် သူသဘောမကျသည့် အရာကို လုပ်ခိုင်းသည့်အချိန်တိုင်းတွင် သူမ ထိုသို့ပြောလေ့ရှိသည်။ ပြီးနောက် စိတ်ထားကောင်းသည့် ဝူချီယောင်လည်း ဒေါသပင်ပျောက်သွားရသည် “ဘယ်လိုလုပ် သူ့ကိုအနိုင်ကျင့်တာဖြစ်ရတာလဲ” ဝူရှောင်းသောင့်သည် လျှာ ထုတ်လေသည်။ “ဟေး ဒီကလေးလေးက ငယ်လိုက်တာ”
ရှီမာယူယူသည် ကလေးငယ်၏ အင်္ကျီမှချည်ထိုးတံဆိပ်ကို မြင်သောအခါ ဘာမှမပြောနိုင်တော့ပေ။
***