← Chapters

တွင်းချိုင့်ချန်ထားခြင်း

Vol. 161 Ch. 2243

တွင်းချိုင့်ချန်ထားခြင်း

Vol. 161 Ch. 2243

‘ဘယ်လိုပဲဖြစ်ဖြစ် နင့်မှာ ရတနာရဖို့အခွင့်အရေးမရှိတာကို ဘာတွေ စိတ်လှုပ်ရှားနေတာလဲ’ ဟုဝူချီယောင် ပြောချင်မိသည်။ သို့သော် သူမ၏ အနာ ကိုဆွသလိုဖြစ်ပြီး စိတ်မကောင်းဖြစ်သွားမည်စိုးသဖြင့် ထိုစကားများကို လျှာ ထိပ်တွင် မျိုသိပ်လိုက်ရသည်။

အရင်က သူမ၏ကံကြမ္မာကို စမ်းသပ်ရန် သူသည် ဝူရှောင်းသောင့်နှင့် အတူ အတွေ့အကြုံခရီးထွက်ခဲ့ဖူးသည်။ ဟေးဒီးစ်သည် သူတို့ကို ရတနာ နယ်မြေသို့ခေါ်သွားခဲ့သည်။ နောက်ဆုံးတွင် တခြားသူများသည် ရတနာများ ရခဲ့ကြသော်လည်း သူမသည်လက်ဗလာဖြင့် ပြန်လာခဲ့ရသည်။

အတိအကျဆိုရလျှင် သူမသည် လက်ဗလာဖြင့် ပြန်လာသည်မဟုတ်ပေ။ လုံးဝအသုံးမဝင်သည့် သံချေးတက်နေသည့် ဓားမြှောင်တစ်ချောင်းကိုသာ ပြန် ယူလာခဲ့လေသည်။ သူမသည် ထိုဓားမြှောင်ကို သွေးပေးရန် ဝူချီယောင်ကို ပူဆာခဲ့သည်။ ထိုဓားမြှောင်သည် သွေးရင်းနှင့် နှစ်ပိုင်းကွဲသွားသည်ဟု ဝူချီ ယောင်သည် သူမကိုမပြောရဲပေ။ ထို့ကြောင့် သူလုပ်ထားသည့်အရာကိုသာ ပေးလိုက်သည်။

ထို့ကြောင့် ဝူရှောင်းသောင့် ရတနာများအကြောင်းပြောချိန်တွင် သူသည် သူမ၏ကံကြမ္မာကိုတွေးမိသွားသည်။ ပြီးနောက် သူမသည် ဂရုစိုက်ပုံမပေါက် ပေ။

“ဒီမှာ ဘာရတနာမှမရှိဘူး” ကျားနန်တန့်သည် ဝူရှောင်းသောင့်၏ စိတ်ကူးများကို ချိုးဖျက်လိုက်သည်။

“ကောင်လေး မင်းကဘယ်လိုသိတာလဲ” ဝူရှောင်းသောင့်သည် လက်ဆန့် ကာ သူ၏နှာခေါင်းကိုဆိတ်လိုက်သည်။

“ဘာလို့လဲဆိုတော့ ဒီနေရာကို သူတို့တွေ အကုန်ရှင်းလင်းပြီးပြီ.. သူတို့ သာ ရတနာတွေ့ရင် ယူသွားတာ ကြာနေလောက်ပြီ” ကျားနန်တန့်သည် နောက်သို့လှန်ပြီး သူမ၏လက်များကိုရှောင်ရှားလေသည်။

“အဓိပ္ပာယ်တော့ရှိတယ်” ဝူရှောင်းသောင့်သည် သူ့နှာခေါင်းကိုမဆွဲတော့ ဘဲ သူ၏ခေါင်းကိုကိုင်လိုက်လေသည် “ဒါပေမဲ့ မင်းစဉ်းစားကြည့်ဖူးလား ဒီမှာ ဘာရတနာမှမရှိရင် ဒီနေရာကို ဘာလို့တားမြစ်နယ်မြေလို့သတ်မှတ်နေမှာလဲ.. သူတို့တွေ မတွေ့သေးတဲ့ရတနာကြောင့်ဖြစ်မလား”

ကျားနန်တန့် အံ့ဩသွားသည်။ သူမ ပြောသည်မှာ အကျိုးအကြောင်းသင့် သည်။

“ဒီမှာရတနာရှိရင်တောင် သူတို့တွေ ရှာမတွေ့သေးဘူးဆိုရင် ရှာဖို့မလွယ် ဘူးလို့ ဆိုလိုတာပဲ.. အရင်ဆုံး ဒီကနေထွက်သွားကြတာ‌ပေါ့ မဟုတ်လို့ အဲလူ တွေတွေ့သွားကြရင် ပိုပြဿနာဖြစ်လိမ့်မယ်” ဝူချီယောင် ပြောလိုက်သည်။

ဝူရှောင်းသောင့်သည်လည်း သူပြောလိုက်သည်မှာ အဓိပ္ပာယ်ရှိသည်ကို သိသည်။ ထို့ကြောင့် လက်ရှိတွင် ရတနာအကြောင်းကို မတွေးတော့ပေ။

ရှီမာယူယူသည် သူတို့ကိုခေါ်လာကတည်းကပင် ဘာမှဝင်မပြောပေ။ ထို အစား သူမ အရင်ကလုပ်ခဲ့သကဲ့သို့ ကလေးနှစ်ယောက်ကို ဆုံးဖြတ်ချက်ချခိုင်း သည်။

ဤအရာသည် သူမကလေးနှစ်ယောက်ကို လေ့ကျင့်ပေးပုံဖြစ်သည်။ ယခု သူတို့သည် ငယ်ရွယ်သေးရာ သူမသည် သူတို့ကိုလမ်းညွှန်ပေးရန်ဖြစ်သည်။ သို့သော် အနာဂတ်တွင် သူတို့နှင့် တစ်ချိန်လုံးရှိမနေပေးနိုင်တော့ပေ။ သူတို့၏ ကံတရားအတွက် အမှီအခိုကင်းရမည်ဖြစ်သည်။

သူတို့သုံးယောက်သည် ကျားနန်တန့်ကိုခေါ်ပြီး အနောက်ဘက်သို့ ပျံသွား ကြသည်။ လမ်းတစ်လျှောက်တွင် လှည့်ကင်းများတွေ့သော်လည်း ရှီမာယူယူ သတ်လိုက်သည်။

ထိုလူများသည် ကျားနန်တန့်ကို လိုက်သတ်သည့်တပ်သားများမဟုတ် ပေ။ သူတို့၏အင်အားသည် မြင့်မားကြပြီး ရုတ်ရုတ်သဲသဲမဖြစ်စေလိုသည့် အတွက် သူမကိုယ်တိုင်ဖြေရှင်းသည်။

“သွားလေလေ လှည့်ကင်းတွေများလေလေပဲ” ဝူရှောင်းသောင့်သည် ရှီမာယူယူဘေးသို့လာပြီး မြေပေါ်မှအလောင်းများကို လက်ယဉ်နေသကဲ့သို့ပင် ဖျောက်ဖျက်ပစ်လိုက်လေသည်။

“အင်း ထွက်ပေါက်က သိပ်မဝေးတော့ဘူး သတိထားရမယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“အမေ သူ့ကို ဒီလိုမျိုးခေါ်သွားရင် ထွက်ဖို့လွယ်မှာမဟုတ်ဘူး” ဝူရှောင်း သောင့် ပြောပြီးနောက် ကျားနန်တန့်အား ပါးနပ်စွာကြည့်လိုက်သည်။

ကျားနန်တန့်သည် သူမ၏အကြည့်ကြောင့် မှင်တက်သွားသည်။ သူ ဘာမှ မပြောရသေးခင်မှာပဲ မူးဝေသွားကာ သတိမေ့သွားလေသည်။ သူ မြေပေါ်သို့ ကျတော့မည့်ဆဲဆဲတွင် ဝူချီယောင် ဖမ်းလိုက်သည် “ဟင် နင့်တုံ့ပြန်မှုက မြန် သားပဲ”

ဝူရှောင်းသောင့်သည် နှုတ်ခမ်းဆူလေသည်။ ဝူချီယောင်သည် အမြဲတစေ ယခုလိုပင်။ ရောက်လာသည်နှင့် ချက်ချင်းပင်စတော့သည်။

ရှီမာယူယူသည် ကျားနန်တန့်ကို ဝိညာဉ်စေတီအတွင်းထည့်ပြီးနောက် ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့နှင့်အတူ ဆက်လက်ပျံသန်းလေသည်။

သူတို့သုံးယောက်သည် ရောင်ဝါများကိုဖုံးထားနိုင်ပြီး ကလေးနှစ်ယောက် သည် ထိုပညာကို သူမဆီမှသင်ယူထားသည်။ သို့သော် ကျားနန်တန့်နှင့်ဆိုလျှင် မတူတော့ပေ။ သူသည် ငယ်ရွယ်သေးသည်။ ကျင့်ကြံခြင်းကိုလည်း အခုမှ စ သည့်ပုံပင်။ ပြီးခဲ့သည့်နှစ်ခေါက်တွင် သူ၏ရောင်ဝါကြောင့် လူများကို ဆွဲခေါ် သလိုဖြစ်ခဲ့သည်။

“တစ်ယောက်ယောက်ရှိတယ်” ရှီမာယူယူသည် ကလေးနှစ်ယောက်ကို ပြောလိုက်ရာ သုံးယောက်လုံးသည် သစ်ပင်ကြီးကိုရှာပြီး ရောင်ဝါများကို ဖျောက်ထားကြသည်။

မကြာမီတွင် အဝေးတစ်နေရာမှ လှုပ်ရှားသောအသံများနှင့်အတူ စကား ပြောသံများပေါ်လာသည်။

“ခုနက ဒီမှာတိုက်ပွဲဖြစ်ခဲ့တယ် တစ်ယောက်ယောက်တော့ ဖောက်ဝင် လာတာဖြစ်မယ်”

“ဒါပေမဲ့ ဘယ်သူ့မှလည်းမမြင်ရဘူး”

“ဂရုတစိုက်ရှာကြတာပေါ့.. ဒီကိစ္စကို ငါတို့သတိထားရမယ် ဘာပြဿနာ မှဖြစ်လို့မဖြစ်ဘူး.. မဟုတ်ရင် အထက်ကမေးလာရင် ငါတို့တွေ မစားနိုင် မသောက်နိုင်ဖြစ်သွားမယ်”

“အစ်ကိုကြီး မင်းက အရမ်းစိတ်လှုပ်ရှားနေပါလား.. ဒီနားမှာ လှုပ်ရှားမှု ရှိတယ်ဆိုပေမဲ့ အကြာကြီးရှာတာတောင် ဘာမှမတွေ့ရဘူး.. ဘာမှမရှိဘူးထင် ပါတယ်”

“ဟုတ်တယ် အစ်ကိုကြီး ဒီနေရာကိုနှစ်ခါတောင် လှည့်ပြီးသွားပြီ ဘာမှ လည်းမတွေ့ဘူး.. ဒီမှာ ရတနာက တကယ်ရောရှိရဲ့လား”

“ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်ရဲ့ တုံ့ပြန်မှုက ဘယ်လိုလုပ် မှားနိုင်မှာလဲ.. ဟုတ်ပြီ စကားမများနဲ့တော့ များများသိလေ မြန်မြန်သေမယ် ဆိုတာ မင်းမသိဘူးလား အဲဒါတွေကိုရှာကြစမ်း”

ထိုလူများသည် ခဏတာလေ့ကျင့်ပြီးနောက် ရယ်မောကြလေသည်။ သူတို့ တခြားနေရာသို့ သွားရှာတော့မည်အပြုတွင် သူတို့၏လည်ဂုတ်တွင် ရုတ်တရက် အေးစိမ့်မှုကိုခံစားလိုက်ရသည်။ သို့သော် အသက်တစ်ရှိုက်အတွင်း မှာပင် သူတို့လည်ပင်းမှာပြတ်သွားလေသည်။

သူတို့တွေက ငါ့ကိုကြည့်နေတယ်… ငါက မင်းတို့ခေါင်းကိုကြည့်တယ်.. ဘာဖြစ်သွားသည်ကို သူတို့မသိလိုက်ရပေ။ သို့သော် စဉ်းစားရန် ဦးနှောက်ပင် မရှိတော့ပေ။ နောက်စက္ကန့်ပိုင်းတွင်သူတို့သည် မြေပေါ်သို့လဲကျသွားတော့ သည်။

“အမေ အားကောင်းလိုက်တဲ့ တိုက်ကွက်ပဲ သမီးကိုသင်ပေးလို့ရမလား” ဝူရှောင်းသောင့်သည် သစ်ပင်ပေါ်မှဆင်းလာပြီး အပြုံးဖြင့် ပြောလေသည်။

“အင်း အရင်ဆုံး လေဟာပြင်ကိုနားလည်အောင်လုပ်ရမယ် ပြီးရင် ဘယ်လို ရွှေ့ပြောင်းရမလဲဆိုတာ သင်ရမယ်.. အဲအချိန်ကျရင် သင်ပေးမယ်” ရှီမာယူယူ ပြောလိုက်သည်။

“အမေက သမီးကို ဘယ်လိုသတ်ရမလဲဆိုတာ သင်မပေးချင်တာပဲ” ဝူရှောင်းသောင့်သည်နှုတ်ခမ်းဆူကာ အလောင်းများကို ဖျက်ဆီးရန် ပြေးသွား လေသည်။

ရှီမာယူယူသည် သူမ၏စကားများကို ပြန်မဖြေဘဲ အလောင်းများကို စေ့စေ့ကြည့်လေသည်။

“အမေ ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်အကြောင်းကို တွေးနေ တာလား” ဝူချီယောင် မေးလိုက်သည်။

“သူတို့တွေ ဘာပြောလဲဆိုတာ အမေသိတယ်ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“အမေ ဘာလဲ” ဝူရှောင်းသောင့်၏ မျက်လုံးများ အရောင်လက်လာ၏။

“အဲဒါက ထင်သလိုမဟုတ်ဘူး ဒီမှာ ကစဥ့်ကလျားချီနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေရှိမယ်ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်အတွက် အထူးခြားဆုံးပစ္စည်း မှာကစဥ့်ကလျားချီဖြစ်သည်။ ထိုတံဆိပ်တုံးတုံ့ပြန်နိုင်သည်မှာ ၎င်းအရာနှင့် ပတ်သက်သည့်အရာပင်ဖြစ်နိုင်သည်။

“ဒါဆိုလည်း အဲပစ္စည်းကိုသွားယူကြတာပေါ့” ဝူချီယောင်သည် မျက်ခုံး များကို ပင့်လိုက်သည်။

ရှီမာယူယူသည် ဘာမှမပြောဘဲ ပြုံးလိုက်သည်။ သူမ၏သားသည် သူမ ကို နားလည်သည်။

သူမသည် ကစဥ့်ကလျားချီထုတ်လွှတ်ပြီးနောက် သူမ၏စိတ်စွမ်းအားဖြင့် အာရုံခံလိုက်ရာ အမှန်တကယ်ပင် ရောင်ဝါခပ်ဖျော့ဖျော့ကို အာရုံခံမိလေသည်။

သူမသည် မျက်လုံးဖွင့်ကြည့်ပြီး နှုတ်ခမ်းမှာလည်းတွန့်သွားသည် “သွား ကြမယ်”

ငမ်းငမ်းတက်နန်းတော်၏ ရတနာအဆောင်တော်တွင် ရုတ်တရက် အလင်းများတောက်ပလာရာ မှောင်မည်းသောညတွင် အလွန်ပင်ထွန်းလင်း တောက်ပလေသည်။ ငမ်းငမ်းတက်နန်းတော်တွင်သာ မကဘဲ အပြင်မှလူများ လည်းမြင်ကြလေသည်။

“ဘယ်လိုအခြေအနေလဲ အဲဒီအလင်းကဘယ်ကလာတာလဲ”

“ရတနာအဆောင်ကပဲ”

“ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်”

“ဘာ အဲတုန်းက ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်က ဘာမှ မတုံ့ပြန်ပါဘူး.. နောက်ဆုံးတစ်ခေါက်ကတောင် ဘာတုံ့ပြန်မှုမှမရှိဘူး”

“တားမြစ်နယ်မြေမှာ တစ်ခုခုဖြစ်လို့များလား”

“မြန်မြန် တားမြစ်နယ်မြေကိုသွားကြည့်ရအောင်”

လူတစ်စုသည် သည်တစ်ခေါက်တွင် ရတနာရှာတွေ့တော့မည်ဟု တွေး ရင်းနှင့် ငမ်းငမ်းတက်နန်းတော်မှ တားမြစ်နန်းတော်ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် အလျင်စလိုပြေးထွက်ကြလေသည်။ ထိုပစ္စည်းသည် ရှေးဟောင်းအထွတ် အမြတ်မီးအမိန့်တော်ကို ဖွင့်ရန်သော့ချက်ဖြစ်သည်။ ယခုသွားလိုက်လျှင် ရှာ တွေ့နိုင်မလားမသိပေ။

သို့သော် သူတို့ရောက်သွားချိန်တွင် ချိုင့်ကြီးကိုသာတွေ့ရလေသည်။ ချိုင့် ဘေးမှမြေသားများကို တူးဆွထားကာ အထဲတွင် ကစဥ့်ကလျားချီတချို့မှာ လတ်လတ်ဆတ်ဆတ်ရှိနေတုန်းပင်။ “သွားစစ်ဆေးလိုက် အဲလူကို သေချာ ပေါက်ရှာကြ.. အဲလူကို အပိုင်းပိုင်းဖြတ်ပစ်မယ်”

***

All Chapters