← Chapters

သူတို့တွေကဆိုးလား

Vol. 161 Ch. 2244

သူတို့တွေကဆိုးလား

Vol. 161 Ch. 2244

သတိမမေ့ခင်တွင် ကျားနန်တန့်တွင် အတွေးတစ်ခုသာရှိသည်။ ဒီလူတွေ ကတကယ် ဆိုးတာလား။

ထိုအတွေးမှာ သူ နိုးလာသည်အထိ ရှိနေခဲ့သည်။

သူမျက်လုံးဖွင့်လိုက်ချိန်တွင် ပြာလဲ့သောကောင်းကင်နှင့် ဝူရှောင်းသောင့်၏ ဆတ်ဆော့သောမျက်လုံးများပင်ဖြစ်သည်။ သူ မျက်တောင်ခတ်လိုက်သည်။ သူ နိုးလာတာလား။

သူ အနည်းငယ်ရှုပ်ထွေးနေသည်ကို ကြည့်ပြီး ဝူရှောင်းသောင့် ပြောလိုက် သည် “နိုးလာပြီလား”

ကျားနန်တန့်သည် အရင်အဖြစ်အပျက်များကို သတိရသွားပြီး မြေပေါ်မှ ထကာ လှည့်ပတ်ကြည့်လေသည်။ တောရိုင်းထဲတွင်ရှိသေးကာ သူတို့ သုံးယောက်တည်းရှိပြီး သူ့ကိုလည်းချည်တုပ်မထားပေ။

“ကျွန်တော့်ကို ဖမ်းမသွားသေးဘူးလား” သူသည် တအံ့တဩမေးလိုက် သည်။

“ငါတို့က မင်းကိုဘာလို့ဖမ်းခေါ်ရမှာလဲ” ဝူရှောင်းသောင့်သည် လက်ဆန့် ပြီး သူ့မျက်နှာကို ဆွဲဖျစ်ကာ ပြောလိုက်သည် “မင်းကို အပြင်မှာခေါ်ထားရင် နည်းနည်းပြဿနာများလို့ နားမငြီးအောင်လို့ ခဏလောက်အိပ်ခိုင်းလိုက်တာ”

သူတို့သည် သူ့ကိုလိမ်စရာအကြောင်းမရှိဟု ကျားနန်တန့်ခံစားမိသည်။ သူတို့သာ သူ့ကိုဖမ်းချင်လျှင် သူတို့၏အင်အားကြောင့်ပင် တခြားဘာမှလုပ် စရာမလိုပေ။ သူမတ်တတ်ထကာ အင်္ကျီမှဖုန်များကိုခါပြီး မေးလိုက်သည် “တားမြစ်နယ်မြေကနေထွက်လာပြီလား”

“အင်း အခု မင်းဘေးကင်းသွားပြီ” ဝူရှောင်းသောင့် ပြောလိုက်သည်။

ကျားနန်တန့်သည် ခန့်မှန်းမိပြီးသားဖြစ်သည်။ သို့သော် ဘေးကင်းသွားပြီ ဟု ကြားချိန်တွင် အနည်းငယ်အံ့ဩမိသည်။ သူသည် ငမ်းငမ်းတက်နန်းတော် မည်မျှအင်အားကြီးသည်ကို သိသည်။ ရှီမာယူယူသည် အရင်ကလေကြီးသည် ဟုထင်ထားခဲ့ပြီး မျှော်လင့်ချက်မရှိတော့ဟု တွေးထားခဲ့သည်။ မထင်မှတ်စွာ ပင် သူတို့သည် အမှန်တကယ်ပင် သူ့ကိုခေါ်ထုတ်လာနိုင်ခဲ့သည်။

သူသည် တဒင်္ဂမျှသာမှင်တက်သွားပြီး ကျေးဇူးတင်သည့်အနေဖြင့် လေးနက်စွာ အရိုအသေပြုလိုက်သည် “ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်”

“ထတော့ ထတော့ ကလေးက လူကြီးလိုလာလုပ်နေတယ်” ဝူရှောင်း သောင့်သည် သူ့ကိုထူပေးပြီး ရှီမာယူယူအားကြည့်ပြီး မေးလိုက်သည် “အမေ နောက်ဘာလုပ်ကြမလဲ”

ရှီမာယူယူသည် တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည် “ထွက်လာပြီဆိုမှတော့ ကျားနန်တန့်ကို အရင်လိုက်ပို့ကြတာပေါ့”

အစတွင် သူမသည် ကျားနန်ရှင်းကိုသွားရှာရန် အစီအစဉ်မရှိပေ။ သို့သော် ယခုအချိန်တွင် သူ၏ညီဖြစ်သူကိုတွေ့နေပြီဖြစ်ရာ ဤအခြေအနေမျိုး တွင် သူ့ကိုတစ်ယောက်တည်းထားသွားရန်မဖြစ်တော့ပေ။

“အစ်ကိုကြီး ဘယ်မှာလဲဆိုတာ သိလား” ရှီမာယူယူ မေးလိုက်သည်။

ကျားနန်တန့်၏မျက်လုံးများ အရောင်လက်လာသည် “သိတယ်”

ထို့နောက် သူသည် တစ်စုံတစ်ရာကိုအမှတ်ရသွားကာ တောက်ပနေ သော မျက်လုံးများသည် မှေးမှိန်သွားကာ ပြောလိုက်သည် “အစ်မကြီးတို့ ကြင်နာမှုကိုတော့နားလည်ပါတယ်.. ဒါပေမဲ့ ကျွန်တော့်နောက်လိုက်ရင် အရမ်း အန္တရာယ်များတယ်.. ဒီနားကမြို့တစ်မြို့ကို လိုက်ပို့ပေးတာ ပိုကောင်းမယ်.. အစ်ကိုကြီးနဲ့ အဆက်အသွယ်ရတာနဲ့ သူက လူလွှတ်ပြီးလာကြိုခိုင်းမှာပါ”

“လူကဖြင့် ငယ်ငယ်လေး အများကြီးတွေးနေတာပဲ” ဝူရှောင်းသောင့် ရယ်မောလေသည် “စိတ်မပူပါနဲ့ ငါတို့မှာဘာအားမှမရှိရင်တောင် မင်းကို ငါတို့နဲ့ ခေါ်သွားရဲတယ်.. ငါတို့က တားမြစ်နယ်မြေကငမ်းငမ်းတက်နန်းတော် ကလူတွေကို ရှင်းထုတ်ခဲ့တာပဲ..မင်းကိုသတ်ချင်တဲ့သူက ငမ်းငမ်းတက်နန်း တော်ကလူတွေထက် ပိုအားကောင်းလား”

“မဟုတ်ဘူး” ကျားနန်တန့်သည် ခေါင်းခါလေသည်။

“ဒါပဲလေ.. မင်းအစ်ကိုကြီး ဘယ်မှာလဲဆိုတာ ပြောပြ သူ့ကိုသွားရှာကြ တာပေါ့”

“အာ.. အင်း ဟုတ်ကဲ့”

“အစ်မ နင်ကအရမ်းကြင်နာနေတာပဲ”

ဝူချီယောင်သည် ခေါင်းခါလေသည်။ ဝူရှောင်းသောင့်က သဘောတွေ ကောင်းပြီး ဘာလို့တအားတွေ ကမ်းလှမ်းနေတာလဲ။ အကြောင်းမှာ သူမသည် အသက်နှင့်ရင်းပြီး လိုက်ဖမ်းသည့်လူတွေလက်ထဲမှ ပြေးဖူးသည့် အတွေ့အကြုံ ကိုလိုချင်၍ဖြစ်သည်။ ဘယ်လောက်တောင် ရင်ဖိုဖို့ကောင်းလိုက်လဲ။

ရှီမာယူယူသည် ဝူရှောင်းသောင့်၏ စိတ်ထဲမှ ကောက်ကျစ်သည့်အတွေး ကိုသိသည်။ သို့သော် သူမဂရုမစိုက်ပေ။ သူမ၏ကလေးသည် သူတို့လုပ်ချင် သည့်အတိုင်း လုပ်နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့ဘေးမှလူများသည် သူတို့ကို ကာကွယ်ထားသည်။ သူတို့သာ အန္တရာယ်ကျရောက်ပါက ထိုလူများ သည် ချက်ချင်းထွက်လာမည်ဖြစ်သည်။

သိ့သော် လက်ရှိတွင် ကျားနန်ရှင်းမည်သည့်နေရာရောက်နေသည်ကို ကျားနန်တန့်မသိပေ။ သူသည် ထွက်မလာခင်က ကျားနန်ရှင်း၏ တည်နေရာ ကိုသာသိသည်။ ထို့ကြောင့် သူသည် ကျားနန်ရှင်းအရင်ကနေခဲ့သည့်နေရာကို သာ သွားရန်ရှိသည်။

သို့သော် လမ်းတစ်လျှောက်တွင် ခရီးသည် မအေးချမ်းနိုင်ပေ။

သူတို့သည် ဝေးဝေးမရောက်ခင်မှာပင် လိုက်ဖမ်းသူပထမအသုတ်နှင့် တွေ့လေသည်။ ကျားနန်တန့်သည် အစကစိုးရိမ်နေသေးသည်။ တစ်ဖက်မှာ လူ ဒါဇင်ကျော်ကာ သူတို့ဘက်တွင် လူသုံးယောက်သာရှိသည်။ မကြာမီတွင် သူ၏ စိုးရိမ်မှုများသည် မလိုတော့သည်ကိုသိလိုက်ရသည်။ ဝူရှောင်းသောင့်နှင့် ဝူချီ ယောင်တို့သည် အလွန်မငယ်ရွယ်သော်လည်း ရှီမာယူယူသည် အလွန်တော် သည်။ သူမတွင် အားကောင်းသည့် သားရဲများလည်းရှိသည်။ ထိုသားရဲများ ထွက်လာချိန်တွင် ထိုလူများသည် သူမအနားသို့ မကပ်နိုင်ကြပေ။ သို့သော် တစ်စမှမကျန်အောင် ချေမှုန်းဖျက်ဆီးခံလိုက်ရသည်။

ရှီမာယူယူ လူသတ်ပြီးပြန်လာချိန်တွင် သူသည် သူမကို အကြိမ်ပေါင်း မနည်းမကြည့်ဘဲမနေနိုင်တော့ပေ။ သူမသည် အရင်ကဘာမှမပြောခဲ့သလို ဆုံးဖြတ်ချက်များလည်းမချခဲ့ပေ။ ကိစ္စများကို ဝူချီယောင်နှင့် ဝူရှောင်းသောင့် တို့ကို အပ်ထားခဲ့သည်။ သူမသည် အလွန်နူးညံ့ပုံပေါ်သော်လည်း အလွန်အား ကောင်းလိမ့်မည်ဟုထင်မထားပေ။

စဉ်းစားကြည့်လျှင် သူမသည် သူ့အစ်ကိုကြီးနှင့် ဂိုဏ်းတူသူဖြစ်သည်။ သူမသာ မတော်ရင် အဲဂိုဏ်းကို ဘယ်လိုလုပ်ဝင်နိုင်မှာလဲ။ ဂိုဏ်းထဲကိုဝင်နိုင် တဲ့လူတွေအကုန်လုံးက အရမ်းအားကောင်းတယ်လို့ အစ်ကိုကြီးပြောဖူးတယ်။

ရက်အနည်းငယ်ကြာပြီးနောက် သူတို့သည် လိုက်ဖမ်းသူနောက်တစ် သုတ်နှင့်တွေ့လေသည်။ သူတို့အရေအတွက်မှာ အရင်တစ်ခေါက်ကထက်ပင် များပြားသည်။ ကျားနန်တန့်သည် ထပ်မံစိတ်ပူလာပြန်သည်။ နောက်ဆုံးတွင် ဤတစ်ခေါက်တွင်လည်း အားမစိုက်လိုက်ရဘဲ ရှီမာယူယူကပင် ပြဿနာကို ဖြေရှင်းလိုက်သည်။

တတိယအသုတ်ရောက်လာချိန်တွင် သူ တည်ငြိမ်နေပြီဖြစ်သည်။ သူမ သာရှိလျှင် ဤကဲ့သို့ပုစွန်ဆိတ်များကို စိတ်ပူရန်မလိုတော့ပေ။

အဲဒါကြောင့် သူတို့က အရင်ကတည်းက စိတ်မပူကြတာကိုး။ သူမက အရမ်းမိုက်တာပဲ။ သူတို့နဲ့သာဆိုရင် သူ့အစ်ကိုကြီးကို ဘေးကင်းကင်းနဲ့ရှာနိုင် မှာပဲ။

သူတို့သည် ရက်ပေါင်းများစွာ ဆက်တိုက်ခရီးနှင်လာခဲ့ခြင်းကြောင့် ကျားနန်တန့် တောင့်မခံနိုင်တော့မည်ကို ရှီမာယူယူစိုးရိမ်နေခဲ့သည်။ထို့ကြောင့် မြို့တစ်မြို့သို့ရောက်သောအခါ မြို့ထဲသို့ဝင်ပြီး အနားယူရန် တည်းခိုဆောင်ရှာ လေသည်။

“တာဝန်ခံ အခန်းနှစ်ခန်းလိုချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

တာဝန်ခံသည် ပိုက်ဆံယူပြီးနောက် သူတို့ကိုအခန်းနှစ်ခန်းသော့ကို ပေး လိုက်သည်။ သူတို့သည် သော့များယူပြီးသည်နှင့် အပေါ်ထပ်သို့သွားမည်အပြု တွင် အနက်ဝတ်လူတစ်စုသည် အပြင်မှဝင်လာကြသည်။

“ဖယ်ကြ ဖယ်ကြ” ထိုလူများသည် ကောင်တာရှေ့မှလူများကို တွန်းဖယ် ကာ ကောင်တာဆီသို့လာပြီး တာဝန်ခံကို စူးစိုက်ကြည့်လေသည်။

တာဝန်ခံသည် ထိုလူများကိုမြင်သောအခါ ကြောက်သဖြင့် ခြေထောက် များပင် ပျော့ခွေသွားသည်။ ပြီးနောက် ခပ်ယဲ့ယဲ့အပြုံးဖြင့် ပြောလေသည် “သခင်တို့ ဘာလို့ဒီကိုလာကြတာလဲ”

“အခုတလော မသင်္ကာစရာလူတွေ တွေ့သေးလား” လူတစ်ယောက် မေး လေသည်။

“မတွေ့ပါဘူး ပြီးခဲ့တဲ့တစ်ခေါက် သခင်လာပြီးကတည်းက သေချာ စောင့် ကြည့်နေတာ မသင်္ကာစရာလူမတွေ့ပါဘူး” တာဝန်ခံပြောလေသည်။

အကြုံပြုသည့် စကားအနည်းငယ်နားထောင်ပြီးနောက် သူတို့သည် တည်းခိုဆောင်ကို နောက်တစ်ခါပြန်ကြည့်ကာ မသင်္ကာစရာလူမတွေ့သည်နှင့် ထိုလူများနှင့်အတူ ထွက်သွားလေသည်။

ရှီမာယူယူသည် လူအုပ်အနောက်တွင်ရပ်ပြီး ထိုလူများကို ကြည့်လိုက် သည်။ သူတို့၏အင်္ကျီမှ ရွှေချည်နှင့်ထိုးထားသော ဝိညာဉ်သားရဲပန်းထိုးကို မြင် သောအခါ ထိုလူများ၏သရုပ်မှန်ကို ချက်ချင်းသိလိုက်ရသည်။

ငမ်းငမ်းတက်နန်းတော်ကလူတွေ.. သူတို့တွေက သူမကိုရှာနေကြတာ လား။

“ငမ်းငမ်းတက်နန်းတော်က ဒီတစ်ခေါက် ပြင်းထန်နေပါ့လား” ငမ်းငမ်း တက်နန်းတော်မှလူများထွက်သွားသည်နှင့် တည်းခိုဆောင်မှုများသည် စတင် ဆွေးနွေးတော့သည်။

ထို့ကြောင့်…

“သေချာတယ် အရင်တစ်ခေါက် ရှေးဟောင်းအထွတ်အမြတ်မီးအမိန့် တော် တုံ့ပြန်ပြီးတော့ ရတနာကပျောက်သွားတာပဲ သူတို့တွေ အမြန်ပြန်ယူမှာ သေချာပေါက်ပဲလေ”

“အခုတလော ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်က လုံးဝမတုံ့ ပြန်ဘူးဆိုတော့ အဲဒီရတနာကို ရှာတွေ့တော့မယ်မထင်ဘူး”

“တိုးတိုးပြော မင်းကအရမ်းပျော်နေသလိုပဲ မင်းကိုလာဖမ်းသွားမယ် သတိထား”

“အဖိုးတန်ဧည့်သည်တော်များ ကျွန်တော့်နောက်လိုက်လာခဲ့ပါ” ဆိုင်တာ ဝန်ခံသည် သူတို့ကိုအပေါ်ထပ်သို့ ခေါ်သွားလေသည်။

ရှီမာယူယူသည် ထိုလူများပြောလိုက်သည့်အကြောင်းအရာကို တွေးရင်း နှင့် အပေါ်ထပ်သို့ သူ့နောက်မှလိုက်ခဲ့သည်။ သူမသည် ကျားနန်တန့်အရင်က ပြောခဲ့သည်များကို စိတ်ထဲမထားခဲ့ပေ။ သို့သော် ထိုလူများသည် ထပ်မံပေါ် ပေါက်လာသည်။ ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်သည် အမှန်တကယ်ပင် ငမ်းငမ်းတက်နန်းတော်တွင်ရှိနေသည်။

သူမသည် အရင်က ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်ကို အမှောင်နဂါးကိုယ်ရံတော်ကို ပေးခဲ့သည်။ အခု ငမ်းငမ်းတက်နန်းတော်ကို ဘယ်လိုရောက်နေတာလဲ။ ရွှမ်ချုံးဟော်က သူတို့ကိုပေးလိုက်တာလား။ စဉ်းစားကြည့်ပြီးနောက် ထိုသို့မဖြစ်နိုင်ဟု ခံစားရသည်။ အမှောင်နဂါးကိုယ်ရံ တော်သာ ဤပစ္စည်းကို ဂရုမစိုက်လျှင် ဘာကြောင့်များ အားစိုက်ပြီးရှာခဲ့မည် နည်း။

***

All Chapters