← Chapters

ရတနာလုဖို့သွားခြင်း

Vol. 161 Ch. 2245

ရတနာလုဖို့သွားခြင်း

Vol. 161 Ch. 2245

ရှီမာယူယူသည် ဝူချီယောင်နှင့် ကျားနန်တန့်တို့ကို တစ်ခန်းတည်းနေခိုင်း လိုက်ပြီး သူမနှင့် ဝူရှောင်းသောင့်တို့သည် တခြားအခန်းတွင်နေထိုင်ကြသည်။

“အမေ ခုနက အဲလူတွေပြောတာ ကြားလိုက်တယ်.. သမီးတို့ ရတနာယူ လိုက်တုန်းက ရှေးဟောင်းအထွတ်အမြတ်မီးအမိန်တော်က တုံ့ပြန်မှုကြီးတဲ့ပုံပဲ” ဝူရှောင်းသောင့်ပြောလိုက်သည် “ဒါကကစဥ့်ကလျားချီနဲ့ ဆက်စပ်နေတာဖြစ် မယ်”

“ဟုတ်တယ်” ရှီမာယူယူသည် နို့နှစ်ရောင်ပုတီးစေ့ကို ထုတ်ပြီး သူမဆီ သို့ပေးလိုက်သည် “ဒီက ကစဥ့်ကလျားချီက အရမ်းအားမကောင်းဘူး.. အဲဒါ ကြောင့် မနေ့က ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်ရဲ့ တုံ့ပြန်မှုကို ဆွဲဆောင်ခဲ့တာပဲ”

အရင်ရက်က သူမထုတ်လွှတ်ခဲ့သည့် ကစဥ့်ကလျားချီသည် ရှေးဟောင်း အထွတ်အမြတ်မီးအမိန့်တော်ကို ရူးသွပ်သွားစေသည်။ ထိုနို့နှစ်ရောင်ပုတီးစေ့ သည် ရတနာမဟုတ်ပေ။ ကစဥ့်ကလျားချီပါနေသည့် ပစ္စည်းတစ်ခုသာဖြစ် သည်။

ဝူရှောင်းသောင့်သည် ပုတီးစေ့ကို စားပွဲပေါ်တွင်လှိမ့်ကာ ပြောလိုက် သည် “အမေ ကစဥ့်ကလျားကမ္ဘာက အဲလောက်တောင် အားကောင်းတာလား”

“ကစဥ့်ကလျားကမ္ဘာက ဘဝကိုပျိုးထောင်ပေးတယ် အဲဒါကြောင့် အသက်ရဲ့ မူလဇစ်မြစ်ပဲ.. အဲဒါကဘဝကို ပျိုးထောင်ပေးနိုင်တယ်ဆိုတော့ တခြားကမ္ဘာထက် ပိုပြီးအားကောင်းတယ်လို့ ပြောလို့ရတယ်.. ဒါပေမဲ့ အဲဒါက အမေ့ရဲ့ခန့်မှန်းချက်သက်သက်ပဲ” ရှီမာယူယူ ရှင်းပြလေသည်။

“အမေပြောတာ အဓိပ္ပာယ်ရှိတယ်.. တခြားဘယ်နေရာကမှ မလုပ်နိုင် ပေမဲ့ အဲဒါကလုပ်နိုင်တယ်ဆိုရင် မတူဘူးလို့ဆိုလိုတာပဲ.. အထဲမှာဘယ်လို ဖြစ် နေလဲဆိုတာ ဝင်ကြည့်လို့မရတာတော့ နှမြောဖို့ကောင်းတယ်” ထိုသို့ပြောရင်း နှင့် ဝူရှောင်းသောင့်သည် အလွန်နောင်တရမိသည်။

“အနာဂတ်မှာ အခွင့်အရေးထပ်ရလာမှာပါ” ရှီမာယူယူသည် သူမကို နှစ် သိမ့်ပေးလေသည်။

“အမေ အဲဒီကို သမီးတို့ကိုခေါ်သွားဖို့ နည်းလမ်းရှိလား” ဝူရှောင်းသောင့် သည် သူမကို တောက်ပသောမျက်လုံးများဖြင့် ကြည့်လေသည်။

ရှီမာယူယူ သည် ခေါင်းခါလိုက်သည် “ဘာနည်းလမ်းရှိရမှာလဲ.. အရင် တုန်းက အဲဒီမှာလူတွေနေနိုင်တယ်ဆိုတော့ နောက်ဆိုရင်လည်း နေနိုင်မှာပဲလို့ တွေးမိရုံတင်ပါ”

“ဪ သိပြီ အမေ့မှာ နည်းလမ်းရှိမယ်ထင်တယ်” ဝူရှောင်းသောင့်သည် အနည်းငယ် စိတ်အားပျက်သွားသည် “နှစ်ပေါင်းသိန်းချီလောက်ကို ဘယ်သူမှ အဲဒီကိုမရောက်ဖူးကြဘူး.. ဒါက အတွေးတစ်ခုသက်သက်ပဲနေမှာပါ”

သူမ စိတ်ပျက်သွားသည်ကို မြင်သောအခါ ရှီမာယူယူပြုံးပြီး သူမ၏ ခေါင်းကိုပုတ်လိုက်သည် “အမေက တန်ခိုးရှင်မှမဟုတ်တာ”

“သမီးမျက်လုံးထဲမှာတော့ အမေကတန်ခိုးရှင်ပဲ” ဝူရှောင်းသောင့်သည် သူမ၏လက်ကိုဆွဲယူပြီး ခေါင်းတင်ပြီးမှီလိုက်သည်။ သူမသည် ပြုံးပြီး ပြော လိုက်သည် “သမိးကလေးကတည်းက အမေက တန်ခိုးရှင်လို့ ခံစားခဲ့ရတာ.. နောက်ဆိုရင်လည်း တန်ခိုးရှင်ဖြစ်နေဦးမှာပဲ”

“အမေ့ကို အဲလောက်တောင် ယုံကြည်ပေးနေတော့ ကျေးဇူးတင်ရမှာပေါ့” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။

“ဟီးဟီး…”

သူတို့သည် တည်းခိုဆောင်တွင် တစ်ညတာအနားယူပြီး နောက်နေ့မနက် တွင် ခရီးဆက်ကြလေသည်။ လိုက်ဖမ်းသူ တချို့နှင့်တွေ့ပြီးနောက် ကျားနန် တန့်သည် အားလုံး၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားလေသည်။

ကျားနန်မိသားစုသည် အစိုးရိမ်ဆုံးဖြစ်နေသည်။ သူတို့သည် သခင်လေး ကို လူလွှတ်ပြီးကြိုခိုင်းသော်လည်း သူပျောက်သွားနေပြီဖြစ်သည်။  အသက် ခြိမ်းခြောက်မှုကိစ္စများ ကြုံလာလျှင် မည်သို့ပြန်တင်ပြရမည်နည်း။

သူတို့နောက်သို့လိုက်သော လူများမှာလည်း အလွန်ပင် နားမလည်နိုင် ဖြစ်နေကြသည်။ သူတို့၏အစီအစဉ်အရ ကျားနန်တန့်သည် သူတို့မျက်စိရှေ့မှ ပျောက်သွားစရာအကြောင်းမရှိပေ။ ယခု သူပျောက်သွားရာ သူတို့ကိုအသုံးချ ကာ ကျားနန်ရှင်းကို တိုက်ခိုက်မည့်အစီအစဉ်သည် ပြီးမြောက်တော့မည် မဟုတ်ပေ။

ကျားနန်ရှင်းသည်လည်း ကျားနန်တန့်၏ကိစ္စကိုသိသည်။ သူသည် ညီ ဖြစ်သူကို အမြဲရှာချင်နေသော်လည်း အန္တရာယ်ရှိနေသဖြင့် သူလည်း ထွက်သွား ၍မရပေ။

ကျားနန်တန့်သည် မိသားစုမျိုးနွယ်နှင့် နောက်မှလိုက်ဖမ်းသောလူများ သူ့ကိုရှာနေကြသည်ကို မသိပေ။ ထိုအချိန်တွင် သူသည် နောက်တစ်ခါ သူ့ကို ရုပ်မဆိုး အောင်လုပ်ပေးနိုင်မလားဟု ဝူရှောင်းသောင့်နှင့်ဆွေးနွေးနေကြသည်။

သူသည် ကလေးငယ်လေးဟုဆိုသော်လည်း ဝူရှောင်းသာင့်သည် သူ့ကို ပိန်ပါးသည့် အဘိုးကြီးတစ်ယောက်အသွင်ပြောင်းပေးဖားသည်။

“ဒါကိုမထင်မှတ်ထားတာလို့ ခေါ်တယ်… မင်းက ကလေးဖြစ်မယ်လို့ ဘယ်သူထင်တော့မှာလဲ အရမ်းချစ်ဖို့ကောင်းပါတယ်” ဝူရှောင်းသောင့်သည် ကျားနန်တန့်၏မျက်နှာမှ တွန့်နေသောအရေများကိုကြည့်ပြီး ပြုံးကာပြော လိုက်သည် “ကြည့်လေ ငါတို့တွေ ဒီရက်ပိုင်း အလိုက်မခံရဘူးလေ”

“အင်း.. ဟုတ်ပါပြီ” ပြီးခဲ့သည့်ရက်များတွင် အလိုက်မခံရသည်ကို တွေးပြီး ကျားနန်တန့်သည် အလျှော့ပေးလိုက်သည်။

“ကောင်းတယ် အဲဒါမှမင်းအစ်ကိုကြီးကို ရှာလို့ရမှာ”

ဝူရှောင်းသောင့်သည် နောက်မှလိုက်ခံရသည်ကို အပျော်အနေနှင့် ကြုံ တွေ့ချင်သည်။ သို့သော် မရေမတွက်နိုင်အောင် အလိုက်ခံရပြီးနောက် စိတ်မရှည်နိုင်တော့ပေ။ ထို့ကြောင့် သူ၏အသွင်အပြင်ကို ပြောင်းလဲရန် နည်းလမ်းစဉ်းစားခဲ့သည်။ ပြီးနောက် သူတို့၏အမေနှင့် သူတို့ကို အရင်က မည်သူမှမမြင်ဖူးကြသဖြင့် လမ်းတစ်လျှောက်တွင် သူတို့ကို မည်သူမှ သတိ မထားမိကြပေ။

သူတို့သည် ကျားနန်တန့်ကို သူပြောသည့်မြို့ဆီသို့ခေါ်လာခဲ့ကြသည်။ သို့သော် ထိုနေရာတွင် ကျားနန်ရှင်းမရှိတော့ကာ အနီးအနားရှိလွင်ပြင်သို့ သွား ကြောင်းကိုသာ သိခဲ့ရသည်။ ထိုနေရာတွင် ရတနာပေါ်လာသည်ဟုဆိုသဖြင့် လူအများအပြားသွားကြသည်ဆိုသည်။

“ရတနာ” ဝူရှောင်းသောင့်သည် ရှီမာယူယူကို ကြည့်ပြီးပြောလိုက်သည် “အမေ သမီးတို့ ကျားနန်တန့်ကို ဒီနေရာကိုရောက်အောင် ပို့ပြီးပြီဆိုတော့ ကောင်းမှုလုပ်တယ်လို့တွေးပြီး သူ့အစ်ကိုကြီးဆီကိုခေါ်သွားပေးရအောင်ပါ”

“သမီးသွားချင်ရင် ကိုယ့်ဘာသာသွားကြလေ.. အမေက ခြေတွေလက် တွေ ပန်းနေတဲ့အဘွားကြီးဖြစ်နေပြီဆိုတော့ သမီးတို့နဲ့မလိုက်နိုင်တော့ဘူး ကျားနန်တန့်က ငယ်သေးတယ် အဲဒီမှာလည်း အန္တရာယ်များတဲ့လူတွေ အများ ကြီးပဲ.. အဲဒီတော့ သူလည်း အတူမသွားသင့်ဘူး.. သူ အမေနဲ့နေပြီးတော့ သမီး တို့ပြန်လာတာကိုပဲ စောင့်တော့မယ်” ရှီမာယူယူသည် ကလေးနှစ်ယောက်ကို လေ့ကျင့်ပေးချင်သဖြင့် အပြင်လောကကို သူတို့ဘာသာကြုံတွေ့စေလိုသည်။

“သမီးတို့ဘာသာသွားရမယ်ဟုတ်လား”

“အင်း” ရှီမာယူယူသည် ခေါင်းညိတ်လိုက်သည် “သမီးတို့နှစ်ယောက်ပဲ ရှောင်းယောင်ယောင် သားကရှောင်းသောင့်ကို သေချာဂရုစိုက်ပေးရမယ် နားလည်လား.. သမီးကလည်း ပြဿနာရှာလို့မရဘူး ရှောင်းယောင်ယောင် စကားကိုနားထောင်ရမယ် နားလည်လား”

“အင်းပါ” ဝူရှောင်းတောင့် အာမခံသည့်အနေနှင့် ခေါင်းညိတ်လေသည် “စိတ်မပူပါနဲ့အမေ သမီးသေချာပေါက် မောင်လေးကို ကာကွယ်မှာပါ”

ဝူချီယောင် “…”

သူတို့ အပြင်သွားရင် ဘယ်သူကဘယ်သူကာကွယ်ရမှာလဲ။

ဝူချီယောင်နှင့် ဝူရှောင်းသောင့်တို့ ထွက်သွားပြီးနောက် ရှီမာယူယူသည် မီအာနှင့်အမည်းလေးတို့ကိုခေါ်ထုတ်ကာ သူတို့နောက်လိုက်သွားရန်ပြောပြီး သူမသည် ကျားနန်တန့်နှင့်အတူ တည်းခိုဆောင်တွင်နေခဲ့လေသည်။

“သူတို့ကို စိတ်မပူဘူးလား” သူမသည် ဘေးတွင် စာအုပ်ဖတ်နေသည်ကို မြင်သောအခါ ကျားနန်တန့်မေးလေသည်။

“စိတ်ပူတာပေါ့”

“စိတ်ပူရင် ဘာလို့သူတို့ဘာသာသွားခိုင်းတာလဲ”

“ငါက ဘာလို့သွားခိုင်းရတာလဲ” ရှီမာယူယူသည် သူ၏ လုံးဝန်းပြီး လေးနက်နေသည့် အသွင်အပြင်ကိုကြည့်လိုက်သည်။ သူမသည် ငယ်စဉ်က ဝူချီယောင်ကိုတွေးမိသွားပြီး လက်ဆန့်ထုတ်ကာ သူ့ခေါင်းကိထိပြီးပြောလိုက် သည် “ငါက သူတို့ကိုတစ်ချိန်လုံးအဖော်မပြုပေးနိုင်ဘူးလေ.. ပထမဆုံးအနေနဲ့ သူတို့ဘာသာ ဖြေရှင်းရမယ့်ကိစ္စတွေဆိုတာ ရှိလာမှာပဲ.. ပြီးတော့ သူတို့နဲ့အတူ ငါ့စာချုပ်သားရဲတွေ ထည့်ပေးလိုက်ပြီမဟုတ်ဘူးလား.. သူတို့အန္တရာယ်ရှိရင် ငါ့ကိုပြောလာမှာပါ”

သူတို့နောက် ချက်ချင်းလိုက်ရန် ကျားနန်တန့်သည် သူမကို ပြောချင်နေ သည်။ သို့သော် သူမ၏ တည်ငြိမ်သောပုံစံကိုမြင်သောအခါ သူ့စကားများကို မျိုသိပ်လိုက်ရသည်။ သူမတွင် အစီအစဉ်ကြီးတချို့ရှိသည့်ပုံပင်။

“ဗိုက်ဆာပြီလား ဒါကိုအရင်စားထားလိုက်” ရှီမာယူယူသည် စားပွဲပေါ်သို့ ဝိညာဉ်အသီးပန်းကန်ကို တင်ပေးပြီး စာဆက်ဖတ်လေသည်။

ကျန်းနန်တန့်သည် သူမကို လှမ်းကြည့်လေသည်။ ထို့နောက် သူသည် ဝိညာဉ်သစ်သီးကောက်ယူပြီး ကိုက်လိုက်သည်။

ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့သည် ရတနာရှိသည့်နေရာသို့ လူအုပ် နောက်မှလိုက်လာခဲ့ကြသည်။ ထိုလူများရှိသဖြင့် လမ်းရှာမတွေ့မည်ကို သူတို့ စိုးရိမ်ရန်မလိုပေ။

ဝူရှောင်းသောင်းနှင့် ဝူချီယောင်သည် လမ်းပေါ်တွင် ဖြည်းဖြည်းသာ လျှောက်ကြသည်။ လမ်းတစ်လျှောက်တွင် လူအများအပြားသည် သူတို့ကို ကျော်တက်သွားကာ သူတို့နှစ်ယောက်ကို မြင်သည်နှင့် နှစ်ခါပြန်ကြည့်ကြလေ သည်။

သူတို့က ဒီလောက်အားနဲ့ တခြားသူတွေနဲ့လာပြီး ရတနာလုရဲသေးတယ် ပေါ့။ သူတို့က သေလမ်းရှာနေတာပဲ။

ဝူရှောင်းသောင့်သည် ထိုလူများနှင့် ရန်ဖြစ်ချင်သော်လည်း ဝူချီယောင် သည် သူမကိုတားထားလေသည်။

“အဲလူတွေက လွန်ကိုလွန်တယ်.. သူတို့ကို သင်ခန်းစာမပေးရင် ဒေါသ ပြေမှာမဟုတ်ဘူး” ဝူရှောင်းသောင့်သည် ဒေါသတကြီးပြောလေသည်။

“ဒါကကောင်းတဲ့ကိစ္စပဲလေ ဘာလို့ဒေါသထွက်နေတာလဲ.. သူများတွေ ငါတို့ကိုအထင်သေးလေလေ အဲဒီကိုရောက်ရင် အာရုံအစိုက်ခံရမှုနည်းလေလေ ပဲ.. အဲဒီမှာတကယ်ပဲ ရတနာရှိရင် လုဖို့ငါတို့အတွက်လွယ်တာပေါ့” ဝူချီယောင် သည် သူမကို အာမခံလေသည်။

“နင်ပြောတာ အကျိုးအကြောင့်သင့်တယ်.. ဟင်း သူတို့ ခွေးမျက်လုံးတွေ ကိုကန်းအောင်လုပ်ပြီး ငါ ရတနာကိုလုလိုက်တဲ့အထိ စောင့်နေလိုက်”

ဝူချီယောင်သည် ပြန်မဖြေပေ။ သူမအတွက်တော့ အတွေးသက်သက်သာ ဖြစ်သည်။

***

All Chapters