တောမီးလိုသတင်းပြန့်ခြင်း
Vol. 161 Ch. 2246
အထွတ်အမြတ်သမင်တောင်သည် နာမည်ကြီးတောင်တော့မဟုတ်ပေ။ သို့သော် ရတနာပေါ်လာမည့် နမိတ်ဖြစ်သည့် ရတနာအလင်းတန်းပေါ်လာ သောကြောင့် လက်တလောတွင် လှုပ်ရှား သက်ဝင်လျက်ရှိသည်။
ရတနာအလင်းတန်းသည် ညဘက်တွင်ပေါ်လာသဖြင့် မြင်လိုက်ရသူ များလှသည်။ ထိုသတင်းကို ဖုံးဖိ၍မရပေ။ ထို့ကြောင့် အထွတ်အမြတ်သမင် တောင်တွင် ရတနာပေါ်သည့်သတင်းသည် တောမီးသဖွယ်ပြန့်သွားလေသည်။
ထိုတင်သာမကဘဲ သတင်းထွက်ပြီးတစ်လအတွင်းမှာပင် နောက်ထပ် သတင်းရောက်လာသည် : မြင့်မြတ်သူအရှင်သခင်လျိုရှင်း၏ ဂူသင်္ချိုင်းသည် အထွတ်အမြတ်သမင်တောင်တွင်ရှိသည်။
အရင်က အထွတ်အမြတ်သမင်တောင်တွင် ရတနာရှာရန် စိတ်မဝင်စား သူများသည် ထိုသတင်းပြန့်သွားသည်နှင့် နတ်ဘုံတစ်ခုလုံးသည် ပျော်ရွှင်စွာ ဖြင့် ရင်ခုန်စိတ်လှုပ်ရှားကြသည်။
နှစ်ပေါင်းသိန်းချီကြာသည့်တိုင်အောင် နတ်ဘုံတွင် ပြောစမှတ်တွင် လောက်အောင် ထူးချွန်သည့်လူပေါ်ထွက်မလာခဲ့ပေ။ သူတို့သည် အောက်မှ တိုက်ကြီးများရှိလူများထက် ကောင်းကင်ဘုံ၏ လေးစားမှုနှင့်အချစ်ခံရသော် လည်း သူတို့သည် ဧကရာဇ်အဆင့်ထိသာ တိုးတက်နိုင်သည်။ အတိတ်က ရှိခဲ့ သကဲ့သို့ ထူးချွန်သည့်လူပေါ်ထွက်မလာခဲ့ပေ။
ထို့ကြောင့် အောက်တိုက်ကြီးများပင် ပြောင်းလဲသွားသည်မဟုတ်ဘဲ သူတို့ကိုပါ သက်ရောက်မှုရှိလေသည်။
သူတို့သည် အရှင်သခင်၏ ဂူသင်္ချိုင်းကိုရှာတွေ့ပြီဖြစ်ရာ ကောင်းကင် ဥပဒေ၏ ချုပ်နှောင်မှုကို ချိုးဖျက်ရန် အသုံးဝင်မည့်သတင်းရှာတွေ့နိုင်သည်။
အထွတ်အမြတ်သမင်တောင်သည် နတ်ဘုံမှလူအများအားလုံး စုဝေး သည့်နေရာဖြစ်လာသည်။
ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ ထိုနေရာသို့ရောက်သောအခါ ထိုလူ များသည် အရှင်သခင်၏ဂူသင်္ချိုင်းကိုရှာမတွေ့သဖြင့် အထွတ်အမြတ်သမင် တောင်၏ အလယ်ပိုင်းကို ဦးတည်သွားကြလေသည်။
ထိုနေရာသည် အသွင်အပြင်ပေါ်နေပြီဟုဆိုရာ လူအများအပြားသည် ထိုနေရာသို့ အလောတကြီးသွားကြလေသည်။
ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့သည် လူအုပ်နောက်လိုက်သွားကြ သည်။ ဝူချီယောင်သည် ပတ်ပတ်လည်မှ ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြောလေ သည် “ဒါက အရှင်သခင်ရဲ့ဂူသင်္ချိုင်းမဟုတ်ဘူး”
“နင် ဘာမြင်လိုက်လို့လဲ” ဝူရှောင်းသောင့်သည် လိုက်ကြည့်သော်လည်း ဘာမှမတွေ့ရပေ။
“ဒီကဖန်ရွေ့က မဆိုးဘူး.. ဒါပေမဲ့ ဂူသင်္ချိုင်းလို့ဆိုရအောင်ကျ အရမ်း ဆိုးညစ်တဲ့နေရာတစ်ခုပဲ” ဝူချီယောင်သည် အတပ်ပြောလေသည်။
“နင်က ဝိညာဉ်ရှာဖွေပညာကိုပါ သင်ပြီးပြီလား” ဝူရှောင်းသောင့် မေး လေသည်။
“ဟုတ်တယ် အမေက ငါ့ကိုသင်ပေးတာလေ.. နောက်ကျ ဦးလေး ဟေးဒီးစ်လည်းသင်ပေးတယ်” ဝူချီယောင် ပြန်ဖြေလေသည်။
“ဦးလေးဟေးဒီးစ်က နင့်ကိုသင်ပေးတယ်ဟုတ်လား.. သူက နင့်ကို မကောင်းတာတွေ ထပ်သင်ပေးပြန်ပြီလား” ဝူရှောင်းသောင့်သည် ဟေးဒီးစ်ကို ကောင်းကောင်းသိသည်။
“မကောင်းဘူးလို့ ပြောလို့မရပါဘူး” ဝူချီယောင် ပြောလိုက်သည် “ဒါပေမဲ့ ဒီမှာလူအရမ်းများတယ်.. အသိပညာနဲ့အတွေ့အကြုံယူဖို့ ငါတို့အတွက် ကောင်းတယ်”
“ဒါဆိုလည်း သွားကြမယ်လေ”
ကလေးနှစ်ယေဦက်သည် ရှေ့ဆက်လျှောက်သွားကြရာ သူတို့အနောက် တွင် လေဟာပြင်ပေါ်လာသည်ကို သတိမထားမိလိုက်ကြသည်။ ရှီမာယူယူ သည် လေဟာပြင်ထဲမှထွက်လာသည်။ ဤအရာကသာ ရိုးရှင်းသော ရတနာ ရှာဖွေခြင်းဆိုပါက သူမ စိတ်ပူမည်မဟုတ်ပေ။ သို့သော် ဤနေရာသည် အရှင် သခင်၏ ဂူသင်္ချိုင်းအဖြစ် သတင်းကြီးလာရာ အားကောင်းသောလူများကို ဆွဲဆောင်စေလိမ့်မည်ဟု ထင်မထားပေ။ သူမ သတင်းကြားသောအခါ ထိုင် မနေနိုင်တော့ပေ။ သူမသည် ကျားနန်တန့်ကို သတိမေ့အောင်လုပ်ပြီး သူ့ကို ဝိညာဉ်စေတီအတွင်း ပစ်ထည့်ကာ ချက်ချင်းဤနေရာသို့ လာခဲ့လိုက်သည်။ ကလေးနှစ်ယောက် ပြောသည့်စကားများကို ကြားလိုက်ရလိမ့်မည်ဟု သူမ ထင်မထားပေ။
ဝူချီယောင် ပြောသည်မှာမှန်သည်။ ဤနေရာမှဖန်ရွေ့သည် အလွန် ကောင်းသည်။ သို့သော် ဂူသင်္ချိုင်းအတွက်တော့ အလွန်ပင် ခက်ထန်သည့် နေရာဖြစ်သည်။ ဝူချီယောင်သည် အသက် ၁၄၊ ၁၅ ကျော်ခန့်ကတည်းကပင် အချိန်ခဏနှင့် ဝိညာဉ်ရှာသူ၏ အရင်းအမြစ်ကိုဆက်သွယ်နိုင်ကာ ဤနေရာ တွင် ဂူသင်္ချိုင်းမရှိသည်ကို ကောက်ချက်ချနိုင်ခဲ့သည်။ ထိုအရာကို ဟေးဒီးစ် သင်ပေးခြင်းဖြစ်နိုင်သည်။
ကလေးနှစ်ယောက်ကို ဟေးဒီးစ်သင်ပေးသည့်နည်းလမ်းမှာ မတူပေ။ ရှောင်းသောင့်သည် တက်ကြွပြီး အရာအားလုံးကို စပ်စုတတ်သည်။ သူမသည် ဂရုတစိုက်ရှိပြီး သူ၏ သံမဏီနှလုံးသားကို ကိုင်တွယ်နိုင်သည်။ ထို့ကြောင့် သူမ လုပ်သမျှသည် ကျေနပ်ဖွယ်ကောင်းနေကာ သူမအာခံလျှင်တောင် အလွန် အလိုလိုက်ခဲ့သည်။ ကံကောင်းသည်မှာ သူတို့ဤနေရာသို့ရောက်တည်းကပင် သူမသည် ပြဿနာမရှာဘဲ လိမ္မာခဲ့သည်။ အနည်းငယ်အရိုင်းဆန်သည်မှလွဲပြီး သူမသည် စိတ်ကောင်းရှိသည်။ ထို့ကြောင့် သူသည် ရှောင်းသောင့်ကို တင်းကြပ်ခြင်းမပြုခဲ့ပေ။
ဝူချီယောင်သည် ငယ်စဉ်ကတည်းကပင် ထိုင်းမှိုင်းသောအကျင့်ရှိသည်။ ဟေးဒီးစ်သည် သူ့ကို မတူညီသောအရာများနှင့် မွေးမြူပေးခဲ့သည်။ ဥပမာဆိုရ လျှင် သူသည် ဝိညာဉ်ရှာဖွေပညာကို ရှီမာယူယူဆီမှသင်နိုင်သည်ကိုသိသည့် အချိန်တွင် သူ့ဆီသို့လာပြီး ဂူသင်္ချိုင်း၏ ဖန်ရွေ့များအကြောင်းကို ပြောခဲ့၏။ ဝူချီယောင်သည် အနာဂတ်တွင် ဂူသင်္ချိုင်းများကို ရှာဖွေနိုင်သည်ကို သူ မျှော်လင့်ထားကြောင်း ရှီမာယူယူသိသည်။
ဝူချီယောင်ကို မည်သည့်အရာပင် သင်ပေးစေကာမူ တစ်ခဏအတွင်း သင်ယူတတ်မြောက်သည်။ အသုံးမဝင်လျှင်တောင် သူ၏ အကျင့်နှင့် လုံးဝ မပြောင်းလဲခဲ့ပေ။
ယခု သူမသည် ဤနေရာသို့ရောက်လာရာ ကလေးနှစ်ယောက်ကို လျစ်လျူမရှုနိုင်ပေ။ သို့သော် ကလေးနှစ်ယောက်ကို ဆက်ပြီးလေ့ကျင့်စေချင် သေးသည်။ ထို့ကြောင့် သူမသည် ဟိန်းသံထောင်ချီကိုခေါ်ထုတ်ပြီး ပေါင်းစပ် လိုက်သည်။ သူမသည် အသွင်အပြင်ပြောင်းကာ အငွေ့အသက်ကိုချုပ်တည်း ပြီးနောက် သူတို့နောက်သို့လိုက်ကာ တောင်ဆီသို့သွားခဲ့သည်။
ဝူရှောင်းသောင့်သည် အရာအားလုံးကို သိချင်စိတ်ပြင်းပြပြီး ဝူချီယောင် ၏ လက်ကိုဆွဲကာ ဟိုဟိုဒီဒီညွှန်ပြနေသည်ကို သူမ မြင်နေရသည်။ ဝူချီယောင် သည် စိတ်မဝင်စားသော်လည်း သူမနောက်သို့ နေရာတကာလိုက်ပေးသည်။
သူမ သူတို့နှင့်နီးကပ်ချိန်မှာ ၁၀ မီတာပင်မဝေးတော့ပေ။ ထိုကလေး နှစ် ယော်ကို ယခုလိုကြည့်ရသည်မှာ ကောင်းသည့်အကြံပင်ဖြစ်သည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။
ဝူချီယောင်သည် သူမကို စက္ကန့်ပိုင်းမျှလှည့်ကြည့်ပြီး မျက်မှောင်ကြုတ် လိုက်သည့်နောက်တွင်တော့ သူမသည် လူသူကင်းမဲ့သည့်နေရာကို ရှာပြီး သူမ ၏ ပုံပန်းအသွင်အပြင်ကို ပြောင်းလဲလိုက်သည်။
“အာရုံခံပါးလိုက်တဲ့ကလေး” သူမသည် ပြုံးပြီး သူတို့နောက်သို့ ဆက် လိုက်လေသည်။
“ရှောင်းယောင်ယောင် အရှင်သခင်ရဲ့ဂူသင်္ချိုင်းက ဒီမှာတကယ်ရှိတယ်လို့ ထင်လား.. ငါတို့တွေ ဧကရာဇ်တွေအများကြီးကိုတွေ့ပြီးနေပြီ” ဝူရှောင်းသောင့် သည် ဝူချီယောင်ကို အထွတ်အမြတ်သမင်တောင်အလယ်သို့ ဆွဲခေါ်လာသည်။ လမ်းတစ်လျှောက်တွင်လည်း များစွာသောဧကရာဇ်များကို ဖြတ်ကျော်ခဲ့သည်။ သူတို့၏အငွေ့အသက်ကို ထိန်းချုပ်ထားသဖြင့် တခြားသူများကို လိမ်လည်၍ ရသော်လည်း သူတို့ကိုတော့မရပေ။
“ဖြစ်နိုင်ပါတယ်” ဝူချီယောင် ပြန်ဖြေလေသည်။
“ဘိုးဘိုးကြီး ဧကရာဇ်အဖြစ် အဆင့်တက်သွားတဲ့အချိန်တုန်းက ကောင်းကင်ဥပဒေကြောင့် သေခံနီးဖြစ်သွားတယ်လို့ အမေကပြောဖူးတယ်.. ဒီမှာဧကရာဇ်တွေ ဒီလောက်များနေတာ.. ကောင်းကင်ဥပဒေကလည်း ဘက် လိုက်လိုက်တာ” ဝူရှောင်းသောင့် စောဒကတက်လေသည်။
“ဒါကနတ်ဘုံဆိုမှတော့ အားသာချက်တွေ အများကြီးရှိမှာပဲလေ” ဝူချီ ယောင်သည် ခွဲခြမ်းစိတ်ဖြာလေသည် “ဒီမှာနေတဲ့လူတွေ တော်တော်များများ မှာ ရှေးဟောင်းသွေးသားရှိကြတယ်.. အဲဒီဧကရာဇ်တွေက သာမန်လူတွေဖြစ် မယ်မထင်ဘူး.. သူတို့သွေးက ဧကရာဇ်အဖြစ် အဆင့်တက်တဲ့အချိန် အကျိုး ဖြစ်စေတာနေမယ်”
“နင်ပြောတာ ဖြစ်နိုင်ချေရှိတယ်.. ငါပြောမယ်.. ဧကရာဇ်နှစ်ယောက် လောက်ရှာပြီး သူတို့ကို စစ်ဆေးကြည့်ကြမလား” ထိုကိစ္စကို အကြံပြုချိန်တွင် ဝူရှောင်းသောင့်၏ မျက်လုံးများသည် အရောင်လက်လာသည်။
“ငါတို့ အားလောက်နဲ့ သူတို့အားကိုလား..” ဝူခီယောင်သည် လက်ခါလေ သည်။ သူတို့နှစ်ယောက်လုံးတွင် အမည်းရောင်လက်စွပ်များရှိကြသည်။ ထို အထဲတွင် အသွင်ပြောင်းထားသည့် မီအာနှင့် အမည်းလေးတို့ရှိကြသည်။
“ပြီးတော့ အမေက ဒီကိုလုပ်စရာရှိလို့လာတာလေ သူမအတွက် ပြဿနာ ရှာသလိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
သူတို့ ရှီမာယူယူအတွက် ပြဿနာဖြစ်နိုင်သည်ဟု ပြောသည်ကိုကြား သည်နှင့် ဝူရှောင်းသောင့်သည် ထိုအကြံကိုလျစ်လျူရှုလိုက်တော့သည်။ သူတို့ နှစ်ယောက်သာ ပြသနာရှာလိုက်လျှင် မရဏာလောကသို့ ပြန်ရမည်ဖြစ်သည်။ သို့သော် သူတို့၏မိခင်သည် သူငယ်ချင်းများကိုတွေ့ရန်လာခြင်းဖြစ်ကာ ကြက်သွေးရောင်မီးတောက်နှင့် တခြားသူများ၏ကိစ္စကိုလည်း ဖြေရှင်းရဦး မည်။ သူတို့သည် သူမကို နောက်ဆံမတင်းစေလိုပေ။
“ဒါဆိုလည်း ရတနာပဲသွားရှာကြတာပေါ့” သူမသည် ထိုနည်း၎င်းပင်။ သူမသည် ကိစ္စများကို အဖြေရှာပြီးသည်နှင့် ဆက်ပြီးမပူဆာတော့ပေ။ သူမ မေးလိုက်သည် “ရှောင်းယောင်ယောင် ဒါက အရှင်သခင်ရဲ့ ဂူသင်္ချိုင်းမဟုတ်ဘူး ဆိုတာ နင်သိတယ်ဆိုတော့ တခြားနေရာတွေရှာဖို့ ဝိညာဉ်ရှာဖွေနည်းလမ်းကို သုံးနိုင်တယ်ပေါ့”
“ဘယ်လိုလုပ်ရမလဲဆိုတာ ငါမသိဘူး.. ဒီအတိုင်းပဲ ဝိညာဉ်ရှာဖွေ နည်းလမ်းကို သင်လိုက်တာပဲ” ဝူချီယောင် ပြောလိုက်သည်။
ဟေးဒီးစ်မှ သူ့ကိုသင်ပေးထားသဖြင့် လူအများစုပြုံနေသည့်နေရာသည် ဂူသင်္ချိုင်းမဟုတ်ကြောင်းသိသည်။ တခြားဝိညာဉ်ရှာဖွေနည်းလမ်းအကြောင်း များကို သူ အမှန်တကယ်မသိပေ။
“ဘာပြောလိုက်တယ် ဒါက အရှင်သခင်ရဲ့ဂူသင်္ချိုင်းမဟုတ်ဘူး ဟုတ်လား” စူးရှသောအသံတစ်သံသည် သစ်ပင်အနောက်မှထွက်လာသည်။ ထို့နောက် သစ်ပင်အနောက်မှ အရပ်ပုကွကွနှင့် ကွေ့ကောက်နေသည့် လူတစ်ယောက် ထွက်လာသည်။
သူသည် ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ကို အနီးကပ်ကြည့်လေသည်။ သူ၏ ဧကရာဇ်အား အငွေ့အသက်သည် သူတို့၏မျက်နှာကိုလာရိုက်ပြီး ဘေးမှ လူများကို အသက်ရပ်သွားစေသည်။ “ဒီမှာ အရှင်သခင်ရဲ့ဂူသင်္ချိုင်းမရှိဘူးလို့ ပြောလိုက်တာ အမှန်ပဲလား”
***