← Chapters

– ခြိမ်းခြောက်ခြင်း

Vol. 161 Ch. 2247

– ခြိမ်းခြောက်ခြင်း

Vol. 161 Ch. 2247

ထိုပုကွကွနှင့်အဘိုးကြီး၏အသံမှာ အလွန်စူးရှလှကာ လျှပ်စီးစီးသွား သည့်အသံနှင့်ပင်တူနေရာ ကြားရသူတိုင်းကို ကြက်သီးမွေးညှင်းများပင် ထသွားစေသည်။ သူ၏ဧကရာဇ်ဖိအားကို အနည်းငယ်ထုတ်လွှတ်လိုက်ရာ ဘေးနားမှလူများကို ကွေးညွှတ်သွားစေသည်။ သို့သော် သူတို့နှစ်ယောက်တော့ မပါပေ။

ထိုပုကွကွအဘိုးကြီးအိုသည် ဝူချီယောင်နှင့် ဝူရှောင်းသောင့်တို့ကို စူးရှ သောမျက်လုံးများဖြင့် စိုက်ကြည့်ပြီး မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်း လိုက်သည်။ ဒီအံ့ဖွယ်အဆင့်လောက်နဲ့ နှစ်ယောက်က သူ့ရဲ့ဧကရာဇ်အား ဖိအားအောက်မှာတောင် မျက်နှာထားတွေမပြောင်းသွားကြဘူးပဲ။

ဝူရှောင်းသောင့်သည် အနည်းငယ်အံ့ဩမိသည်။ သူမသည် လေ့လာရန် အတွက် ဧကရာဇ်နှစ်ယောက်ကို ဖမ်းလိုသည်ဟု ပြောရုံရှိသေးသည် ချက်ချင်း ပင် တစ်ယောက်နှင့် တွေ့လိုက်ရသည်။ ပြီးနောက် တစ်ဖက်လူသည် သူတို့၏ ပြောစကားများကို ကြားသွားသည်မှာသေချာသည်။

သူ၏ဧကရာဇ်အား၏ အကျပ်ကိုင်မှုကို သူမ လုံးဝမခံစားရပေ။ သူမနှင့် ဝူချီယောင်တို့သည် ယခုလိုအခြေအနေမျိုးတွင် အသားကျနေပြီဖြစ်သည်။

“ငါ မင်းကိုမေးနေတယ်လေ.. ဒီကအရှင်သခင်ရဲ့ဂူသင်္ချိုင်းမှာ ဘာမှမရှိ ဘူးလို့ ပြောတာအမှန်ပဲလား” ထိုပုကွကွအဘိုးကြီး ထပ်မေးပြန်သည်။

“ဟုတ်တယ်” ဝူချီယောင် ပြန်ဖြေလိုက်သည်။

“ဘာလို့ အဲလောက်သေချာနေတာလဲ” ပုကွကွအဘိုးကြီးသည် သူ့အား ကြည့်လိုက်သည်။ ဒီလူငယ်ရဲ့ စွမ်းရည်က မသေးဘူးပဲ။ ဒီမှာအရှင်သခင်ရဲ့ ဂူ သင်္ချိုင်းမရှိတာကို သိရုံသာမကဘဲ သူ့ရဲ့ အကျပ်ကိုင်မှုကိုလည်း ခံနိုင်ရည်ရှိနေ တယ်။ ဘယ်မိသားစုက သခင်လေးကများ ထွက်လာပြီးကစားတာလဲ။

ထိုအတွေးနှင့် သူ၏ဖိနှိပ်မှုကို ပြန်ရုတ်သိမ်းလိုက်သည်။

ဝူချီယောင်သည် ဘာကိုမှမဖုံးကွယ်ပေ။ သူသည် အထွတ်အမြတ်သမင် တောင်၏ ပင်မဧရိယာတစ်ခုလုံးကို ခွဲခြိမ်းစိတ်ဖြာပြီးကြောင်း ရှင်းပြကာ ဆက် ပြောလေသည် “ဒီလိုဖန်ရွေ့နဲ့ဆိုရင် အရှင်သခင်က ဒီလိုနေရာမျိုးကို ရွေးမှာ လားမရွေးဘူးလားဆိုတာတော့ ကျွန်တော်လည်းမသိဘူး” ဝူချီယောင်သည် အရိုးသားဆုံးပြောလေသည်။

ထင်ရှားစွာပင် ထိုအဘိုးကြီးသည် သူ့စကားကို မယုံပေ။ သူသည် လှည့်ပတ်ကြည့်လိုက်ရာ အပျော်ဝိုင်းကြည့်နေသူများသည် ထွက်ပြေးကြလေ သည်။ မကြာမီတွင် သူတို့သုံးယောက်သာ ကျန်ခဲ့လေသည်။

“ဒီမှာအရှင်သခင်ရဲ့ဂူသင်္ချိုင်းမရှိဘူးလို့ မင်းပြောတာကို ငါယုံတယ်.. မင်း အခုလုပ်ပေးရမှာက အထွတ်အမြတ်သမင်တောင်က အရှင်သခင်ရဲ့ဂူသင်္ချိုင်း ကို ရှာပေးရမယ်”

“ဘာလို့လဲ” ဝူရှောင်းသောင့်သည် သူမ၏လက်မှ အနက်ရောင်လက်စွပ် ကို ထိလိုက်ပြီး သူတို့ကိုခေါ်ထုတ်ရန်တွေးနေသည်။

“ဘာလို့လဲဆိုတော့ မင်းတို့နှစ်ယောက်အသက်က ငါ့လက်ထဲမှာရောက် နေပြီ” ပုကွကွအဘိုးကြီးသည် အေးစက်စွာနှာမှုတ်လေသည် “မင်းရှာတွေ့ရင် အသက်ရှင်မယ် ရှာမတွေ့ဘူးဆိုရင် ဒီအထွတ်အမြတ်သမင်တောင်ရဲ့ မြေဩဇာဖြစ်သွားမှာပဲ”

“ကျွန်မတို့ကိုလာခြိမ်းခြောက်နေတာလား” ဝူရှောင်းသောင့်သည် မျက်ခုံး များကိုပင့်လိုက်သည်။ သူမသည် သူမ၏ဘဝတွင် ဤကဲ့သို့ခြိမ်းခြောက်ခြင်းမခံ ရဖူးပေ။ ပထမဆုံးအကြိမ်ဆိုသည်မှာ လန်းဆန်းမှုတော့ရသည်။ သို့သော် ယခု အချိန်မှာ သူမ၏စိတ်လှုပ်ရှားမှုကို ပြရန်အချိန်မဟုတ်ပေ။ သူမရပ်သွားပြီး မျက်နှာကိုပုပ်သိုးလိုက်သည် “ဒီမှာတစ်ခုမှမရှိရင်ရော.. ကျွန်မတို့က ရှင့်အတွက် မန်းမှုတ်ပေးလို့ရမယ်လို့ ထင်နေတာလား”

“ဒီမှာတစ်ခုရှိလိမ့်မယ် ဒါပေမဲ့ မင်းတို့ပြောသလိုပဲ တောင်ရဲ့အလယ်ပိုင်း မှာမဟုတ်ဘူး” ပုကွကွအဘိုးကြီးသည် ပြတ်ပြတ်သားသားပြောလေသည်။ ယခုအချိန်တွင် အားကိုးရမည့် တစ်စုံတစ်ယောက်ရှိသ်။

ပုကွကွအဘိုးကြီးသည် သူတို့မျက်နှာ ရှင်းလင်းနေသောအကြည့်ကိုမြင် သည်။ သို့သော် ဘာမှထပ်ရှင်းမပြပေ။

သူ၏လက်ထဲတွင် ယုံကြည်ရလောက်သည့်သတင်းရှိသည်။ အထွတ် အမြတ်သမင်တောင်တွင် အရှင်သခင်၏ဂူသင်္ချိုင်းရှိသည်။ အစပိုင်းတွင် အလယ်ပိုင်းတွင်ရှိသည်ဟု ထင်သဖြင့် တခြားသူများနှင့်အတူသွားခဲ့သည်။ သို့သော် လပေါင်းများစွာရှာကြည့်ပြီးနောက် လက်ထဲတွင်ရှိသည့်သတင်းနှင့် ယှဉ်ကြည့်ရာ ထိုအကြံကိုပယ်လိုက်သည်။

အထွတ်အမြတ်သမင်တောင်သည် အလွန်ကြီးမားသည်။ ဂူသင်္ချိုင်းကို မြေအောက်တွင် မြှုပ်နှံထားခဲ့သည်။ သို့သော် မည်သည့်အပိုင်းတွင်ရှိသည်ကို သူ မသိပေ။ သတင်းအချက်အလက်များ ပိုရရန်အတွက် သူသည် ဤနေရာတွင် တမင်တကာ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ခဲ့သည်။ ထို့နောက် အရှင်သခင်၏ ဂူသင်္ချိုင်းဤနေရာတွင်ရှိသည်ဟု သတင်းလွှင့်ပြီး လူများရော်ကလာကာ လာရှာစေသည်။

အကြာြကီးစောင့်ပြီးနောက် ရောက်လာသောလူများသည်လည်း တောင် အလယ်ပိုင်းတင် ပတ်သွားနေသော်လည်း ဘာမှမတွေ့လိမ့်မည်ဟု မျှော်လင့် မထားပေ။ သူသည် သစ်ပင်ကြီးအောက်တွင် သူ၏ မလျော်ညီသော အတွေး များကို ပြန်သုံးသပ်နေချိန်တွင် ဤလူနှစ်ယောက် ပြောသည့်စကားများကို ကြားလိုက်ရသည်။

မထင်မှတ်စွာပင် ဤလူနှစ်ယောက်သည် ငယ်ရွယ်သော်လည်း အရှင် သခင်၏ ဂူသင်္ချိုင်း၏လျှို့ဝှက်ချက်ကို တစ်ခါတည်းဖော်ထုတ်နိုင်သည်။ ဤလူ သည် အရှင်သခင်၏ဂူသင်္ချိုင်းဤနေရာတွင် မရှိသည်ကို တစ်ခါကြည့်သည်နှင့် ပြောနိုင်ရာ ဂူသင်္ချိုင်းနေရာအမှန်ကိုလည်း ရှာနိုင်လိမ့်မည်။ ထို့အပြင် သူတို့၏ အင်အားသည် မမြင့်လှပေ။ ဘေးတွင်လည်း အင်အားကြီးသည့်လူများမရှိပေ။ ထို့ကြောင့် သူတို့ကိုထိန်းချုပ်ရန် လွယ်ကူလိမ့်မည်။

သူတို့ဆန့်ကျင်လာလျှင် သတ်ရန်လွယ်ကူသည်။ အလယ်ပိုင်းတွင် အရှင်သခင်၏ ဂူသင်္ချိုင်းမရှိသည့်သတင်းသည် ပြန့်သွားစရာအကြောင်းမရှိ တော့ပေ။

ဝူချီယောင်သည် ပျာယာခတ်သွားခြင်းမရှိပေ။ သူသည်အနောက်မှ ဝူရှောင်းသောင့်ကိုဆွဲပြီး ထိုအဘိုးကြီးကို တည်ငြိမ်စွာကြည့်ပြီး ပြောလေသည် “ခင်ဗျားက ဂူသင်္ချိုင်းကိုတွေ့တာနဲ့ ကျွန်တော်တို့ကို သတ်မှာပဲ မဟုတ်ဘူးလား”

“ဟား ဟား မင်းတို့က ငယ်သာငယ်တာ ဉာဏ်ကောင်းတာပဲ” ပုကွကွ အဘိုးကြီးသည် ထူးဆန်းစွာ ပြုံးလေသည် “မင်းပြောတာ ဟုတ်တယ် အခု မင်းတို့မှာ ရွေးချယ်စရာနှစ်ခုပဲရှိတော့တယ်.. ငါ့ကို ငြင်းမယ်ဆိုရင် ဒီလျှို့ဝှက် ချက်ကို တစ်သက်လုံး ယူသွားနိုင်အောင်လုပ်ပေးမယ်”

ထိုသို့ပြောရင်းနှင့် သူသည် ထိုစကားကို ထပ်ပြောရအောင်လုပ်လျှင် သတ်တော့မည့်အတိုင်း သူတို့နှစ်ယောက်ကို လူသတ်မည့်အကြည့်ဖြင့် စိုက် ကြည့်လေသည်။

ဝူချီယောင်သည် နှစ်စက္ကန့်မျှတွေဝေပြီးနောက် ခေါင်းညိတ်လေသည် “ခင်ဗျားကို ခေါ်သွားပေးပါမယ်”

ပုကွကွအဘိုးကြီးသည် သူ၏ဆုံးဖြတ်ချက်ကို မအံ့ဩပေ။ သူ၏ ပုံရိပ် သည် လျှပ်တပြက် ရွှေ့ပြောင်းသွားကာ သူတို့နှစ်ယောက်အနောက်သို့ တစ္ဆေ တစ်ကောင်သဖွယ် ပေါ်လာလေသည်။ သူသည် သူတို့နှစ်ယောက်၏ လက်ကို တစ်ဖက်စီဆွဲကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

ရှီမာယူယူသည် ပုကွကွအဘိုးကြီးရှိနေခဲ့သည့် သစ်ပင်အကိုင်းတွင် ထိုင် နေသည်။ ထိုအဘိုးကြီးသာ ထိုနေရာတွင်ရှိလျှင် အံ့ဩသွားနိုင်သည်။

သူ့နားတွင် တစ်စုံတစ်ယောက် အနီးကပ်ရှိနေသော်လည်း သူ လုံးဝသတိ မထားမိပေ။

ရှီမာယူယူသည် ဟိန်းသံလေးကို ခေါ်ထုတ်လိုက်သည်။ သူမ ဘာမှမပြော ရသေးခင်မှာပင် ဟိန်းသံလေးသည် အလျင်စလိုပြောလေသည် “ယူယူ ကလေး နှစ်ယောက် ပြန်ပေးဆွဲခံလိုက်ရပြီ အဲဒါကို ဒီမှာဘာလို့ အေးအေးလူလူထိုင်နေ တာလဲ”

“စိတ်မပူနဲ့ အချိန်တစ်ခုလောက်တော့ သူတို့အသက်အန္တရာယ်မရှိနိုင် သေးဘူး” ရှီမာယူယူသည် လုံးဝစိတ်မပူပေ။ ထိုလူသည် ဂူသင်္ချိုင်းကို ရှာဖွေရန် သူတို့ကိုပြန်ပေးဆွဲထားသဖြင့် စိတ်အပြောင်းအလဲမြန်မည်မဟုတ်ပေ။ သူမ ကဲ့သို့ ဝိညာဉ်ရှာဖွေသခင်ပင်အတွက်လျှင် ဂူသင်္ချိုင်းသည် အချိန်တိုအတွင်း ရှာတွေ့နိုင်သည့်အရာမဟုတ်ပေ။

ထို့ကြောင့် ထိုအဘိုးကြီးသည် သူတို့ကို အချိန်ပေးမည်ဖြစ်သည်။ ထို့အပြင် အစောက ဝူရှောင်းသောင့်လက်သီးဆုပ်ကို လိမ်လိုက်ပုံသည် ပြန်ပေးအဆွဲခံရသည်ကိုပင် အသစ်အဆန်းဖြစ်နေကာ ပျော်ရွှင်နေမည်ကိုပင် ကြောက်ရသည်။ သူမသည် အတွေ့အကြုံမရသေးကာ သူမ၏မိခင် လာကယ် လျှင် မပျော်မရွှင်ဖြစ်သွားလိမ့်မည်။

ဝူချီယောင်ပင်လျှင် ကြောက်ရွံ့သည့် အရိပ်အယောင်မပြပေ။ သူ ဂူသင်္ချိုင်းကို ရှာပေးရန် အဘယ့်ကြောင့် အဘိုးကြီးကို သဘောတူလိုက်သည် ကို သူမ သိချင်မိသည်။

ဟိန်းသံလေးသည် သူမ၏ဆိုလိုရင်းကို နားလည်သဖြင့် သူမကို မနှောင့် ယှက်တော့ပေ။ ထိုအစား မေးလိုက်သည် “ယူယူ ဒီမှာ တကယ်ပဲ အရှင်သခင် ရဲ့ဂူသင်္ချိုင်းရှိတာလား”

“အဲဒါကြောင့် မင်းကိုထွက်လာဖို့ ခေါ်လိုက်တာလေ” ရှီမာယူယူသည် သူ၏ ခန္ဓာကိုယ်ကိုနှစ်ခါပွတ်သပ်ပြီး ပြောလိုက်သည် “မင်းက ပုံမှန်ဆိုလည်း အာကောင်းတယ်လေ အဲဒါကြောင့် ဒီတစ်ခါ တောင်ထဲကဝိညာဉ်သားရဲတွေကို မေးမြန်းပြီး အထွတ်အမြတ်သမင်တောင်က ဘာတွေထူးခြားနေလဲဆိုတာ သိ အောင်လုပ်ပေး”

***

All Chapters