← Chapters

အသက်ရှင်ချင်လား

Vol. 161 Ch. 2248

အသက်ရှင်ချင်လား

Vol. 161 Ch. 2248

ဟိန်းသံလေးသည် ထိုစကားကိုကြားသည်နှင့် စိတ်ကောင်းဝင်နေသဖြင့် ပြောလေသည်။ “ဒါကကိုင်တွယ်ဖို့လွယ်ပါတယ် ဒါပေမဲ့ ငါတစ်ယောက်တည်း သွားရမှာအရမ်းအန္တရာယ်များတယ်.. အိပ်မက်လေး၊ ပန်းလေးနဲ့ ရှောင်ချီတို့ကို အဖော်လိုက်ခိုင်းလိုက်”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူဤသို့ပြောလာမည်ကို သူမ သိ သည်။ သို့သော် အန္တရာယ်များနေသည်မှာလည်း အမှန်ဖြစ်သဖြင့် လူများလေ ဘေးကင်းလေဖြစ်သည်။

“အိပ်မက်လေးနဲ့ ပန်းလေးကိုပဲ အဖော်လိုက်ခိုင်းလိုက်ပါ ရှောင်ချီကိုမှ မင်း မလိုတာ”

သူမသည် နတ်ဘုံမှလူများကို နားမလည်ပေ။ အကယ်၍ ရှောင်ချီ၏ သရုပ်မှန်ကိုသာ သိသွားကြလျှင် အန္တရာယ်ထဲကျသွားနိုင်သည်။

ရှောင်ချီသည် ထိုစကားကိုကြားသောအခါ ဝိညာဉ်စေတီထဲတွင် ဆန္ဒပြ လေသည်။ ဒီလောက်ပျော်စရာကောင်းတဲ့ကိစ္စမှာ ဘာလို့ သူမကိုမပါခိုင်းတာ လဲ။ သူမ ဆန္ဒပြပြီးရင်းပြပြီးနောက်တွင် ရှီမာယူယူသည် သူတို့နှင့်အတူ လိုက် သွားခိုင်းရသည်။ သို့သော် ရှောင်ချီပါလိုက်သွားခြင်းကြောင့် ရှောင်ဟုလည်း အတူလိုက်ပါသည်။ ပြီးခဲ့သည့်နှစ်များတွင် ရှောင်ဟုသည် မရဏာလောက၌ ရှိစဉ်က ဟေးဒီးစ်သူ့ကိုဘာလုပ်ပေးလိုက်သည်မသိပေ၊ သို့သော် ပြန်လာချိန် တွင် အားများစွာတိုးလာသည့် မီးတောက်ကဲ့သို့ နီရဲနေသည့် အသက် ၃ ၄ နှစ် အရွယ်ကောင်လေးတစ်ယောက်ဖြစ်လာသည်။ သူ၏အားသည် များစွာတိုးလာ သည်ဟု ဟေးဒီးစ်ပြောသည်။ သို့သော် သူမသည် ကိုယ်တိုင်မျက်လုံးနှင့် မမြင်ရ သေးပေ။ သို့သော်ငြား သူသည် အသွင်ပြောင်းနိုင်ပြီဖြစ်ရာ သူ၏အင်အားမှာ လည်း မနည်းလှပေ။ သူ့ကို သူတို့နှင့်အတူခေါ်သွားလျှင် အနည်းဆုံးတော့ တစ်စုံတစ်ရာဖြစ်လာလျှင် တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူမသည် ကလေးနှစ်ယောက်ကို စိတ်ပူရုံတင် သာမကဘဲ ရှောင်ချီတို့ကိုပါ စိတ်ပူရတော့သည်။

ရှီမာယူယူ သစ်ပင်ပေါ်တွင် ထိုင်နေခဲ့ချိန်တွင် သားရဲများသည် စိတ် လှုပ်ရှားစွာဖြင့် လျှောက်သွားကြလေသည်။ သူမသည် ဝူရှောင်းသောင့်တို့ တည်နေရာကို အာရုံခံပြီး လိုက်သွားတော့မည်အပြုတွင် လူတစ်စုပြေးလာ လေသည်။

သူမသည် တစ်စုံတစ်ယောက်လာသည်ကိုမြင်သောအခါ ရှီမာယူယူ၏ ပုံရိပ်သည် ပြန်ပျောက်ကွယ်သွားလေသည်။ တစ်စုံတစ်ယောက်သာ ထိုမြင်ကွင်းကိုမြင်လျှင် ထိတ်လန့်သွားကြမည်ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် လေဟာနယ်ထဲသို့ အထိအခိုက်မရှိ ဝင်နိုင်ထွက်နိုင်သူတချို့ရှိသည်။ ပြီးနောက် မည်သည့်လှုပ်ရှားမှုမှလည်း မရှိကြပေ။

သို့သော် အောက်မှလူများသည် သစ်ပင်ပေါ်တွင် လူရှိနေသည်ကို သတိ မထားမိကြပေ။ သစ်ပင်အောက်တွင် လူတစ်စုသည် ကျားနန်ရှင်းနှင့် ကိုယ်ရံ တော်များကို ဝိုင်းထားကြသည်။ ကျားနန်ရှင်းသည် ဒဏ်ရာရထားကာ နောက် တစ်ယောက်မှာလည်း အပြင်းအထန်ဒဏ်ရာရထားသည်။

သူတို့ကိုဝိုင်းထားသည့်လူများသည်လည်း ပျာယာခတ်နေပုံပေါက်သည်။ သူတို့သည် ပြင်းထန်သည့်တိုက်ပွဲဖြစ်ခဲ့ပုံပင်။

“ကျားနန်ရှင်း ဒီနေ့ မင်းထွက်မပြေးနိုင်တော့ဘူး.. အဲဒီတော့ လိမ်လိမ်မာ မာနဲ့ လက်နက်ချလိုက်ပါ” သူတို့ထဲမှတစ်ယောက်သည် အော်လေသည် “မင်း ခေါင်းမာပြီး ခုခံနေမယ်ဆိုရင် နောက်နှစ်ဒီနေ့မှာ မင်းရဲ့နှစ်ပတ်လည်နေ့ဖြစ် သွားမယ်” ထိုလူများသည် သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားခြင်းမရှီပေ။ သူတို့ သည် သူတို့၏သရုပ်မှန်ကို ပေါ်ပေါက်သွားမည်ကို ဂရုစိုက်ပုံမပေါ်ပေ။

ထိုလူများသည် ကျားနန်တန့်နောက်ကိုလိုက်သည့်လူများဖြစ်မည်ဟု ရှီမာယူယူတွေးမိသည်။

ကျားနန်ရှင်း၏မျက်နှာတွင် ကြောက်ရွံ့မှုမရှိပေ။ သို့သော် စိတ်မပါမှုများ ရှိနေသည်။ အမှန်တကယ်သာ သူ ယနေ့သေဆုံးရမည်ဆိုလျှင် သူ၏မိသားစု သည် ဤအကျပ်အတည်းမှ လွတ်မြောက်နိုင်မည်လားမသိပေ။ အဲအချိန်ကျရင် ရှောင်တန့်.. သူရှိတဲ့နေရာကိုလည်း မသိရသေးဘူး.. အနာဂတ်မှာ သူ ကောင်း ကောင်းကြီးပြင်းနိုင်ပါ့မလားလည်းမသိဘူး။

မဖြစ်ဘူး သူ မသေနိုင်သေးဘူး။

သူသည် လက်ထဲမှ ရှေးပစ္စည်းကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အသက်ရှင် လျက်ထွက်သွားနိုင်မည့်နည်းလမ်းကို ရှာနေသည်။

“အဖေ ကျွန်တော် သူတို့ကို ခဏတော့ အချိန်ဆွဲထားဦးမယ် အဖေ အခွင့်အရေးရှာပြီး ထွက်ပြေးလိုက်ပါ” ကျားနန်ရှင်းနှင့်ပါလာသော လူတစ် ယောက်သည် တိုးညင်းစွာပြောလေသည်။

“မရဘူး မင်းကို အဲလိုလုပ်ခွင့်မပြုနိုင်ဘူး” ကျားနန်ရှင်းသည် သူ့ကို ဆွဲပြီး တားလေသည်။

သူတို့နှစ်ယောက်သည် ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းလုနီးပါးဖြစ်သည်။ ပြိုင်ဘက်မှာလည်း လူအများအပြားဖြစ်နေသည်။ သူတို့ကို ခုခံရန် နည်းလမ်း တစ်ခုသာရှိတော့သည်။ ထိုအရာမှာဖောက်ခွဲပစ်ရန်ဖြစ်သည်။ သူသည် သူ့ အတွက်နှင့် တခြားသူများ အသက်ရင်းရမည်ကိုခွင့်မပြုနိုင်ပေ။

ထိုကောင်လေးသည် တစ်စုံတစ်ရာပြောလိုက်ချင်သော်လည်း ကျားနန် ရှင်း၏ စိတ်ဆုံးဖြတ်ပြီးသော မျက်နှာကိုမြင်သောအခါ တဖန်နှုတ်ဆိတ်သွား တော့သည်။ ယခုအချိန်တွင် သူတို့သူ့ကို ဤကဲ့သို့ မလုပ်ခိုင်းလျှင်တောင် စတင် တိုက်ခိုက်ချိန်တွင် သူလုပ်ရမည်ဖြစ်သည်။

“ကြည့်ရတာ မင်းက အညံ့ခံဖို့ ငြင်းနေတာထင်တယ်” ပြိုင်ဘက်သည် စိတ်မရှည်နိုင်တော့ပေ။ သူတို့၏အမိန့်မှာ ကျားနန်ရှင်းတို့ကို အရှင်ဖမ်းလာရန် ဖြစ်သည်။ သူတို့သာ ဆန့်ကျင်နေလျှင် သေလည်းကိစ္စမရှိတော့ပေ။

သူတို့သည် ကျားနန်ရှင်းနောက်သို့ ရက်ပေါင်းများစွာလိုက်လာပြီးကာ ဆုံးရှုံးမှုများလည်း ကြုံခဲ့ရသည်။ သူတို့ သူ့ကိုသတ်တော့မည်အပြုတွင် အကြိမ် တိုင်းသူ ထွက်ပြေးခဲ့သည်။ သည်တစ်ကြိမ်တွင် သူ၏အရည်အချင်းရှိသူများ ဆုံးရှုံးလိုက်ရသဖြင့် ယနေ့အချိန်တွင် သူ့ကို မဖြစ်မနေရှင်းပစ်ရတော့မည်ဖြစ် သည်။

နှစ်ဦးနှစ်ဖက်မှာ စတင်ပြန်တိုက်ခိုက်တော့သည်။ ကျားနန်ရှင်းနှင့် ထိုလူ သည် ဝိညာဉ်စွမ်းအင်များက ကုန်ခမ်းနေပြီဖြစ်ကာ အနည်းငယ်ပြန်သက်သာစ ပင်ရှိသေးသည်။ သူတို့၏ ဝိညာဉ်စွမ်းအင်မရှိဘဲ သက်လုံတစ်ခုတည်းနှင့် မလုံ လောက်ပေ။ သူတို့နှစ်ယောက်လုံး အသတ်ခံရတော့မည်ကို မြင်သောအခါ ကျားနန်ရှင်းဘေးမှလူများသည် အံ့ဖွယ်လက်နက်ကိုယူပြီး ဝိညာဉ်စွမ်းအင်ကို စတင်ပြောင်းပြန်လှန်တော့သည်။

ကျားနန်ရှင်းသည် ထိုအရာကို သတိထားမိသောအခါ အမြန်ပြေးသွားပြီး သူ့ကိုဝင်နှောင့်ယှက်လိုက်သည်။ “ရပ်လိုက် ဒီအဆင့်ကို မင်းတို့ကိုလုပ်ခွင့်မပြု နိုင်ဘူး”

“သခင်လေး သတိထားပါ”

ဝိညာဉ်စွမ်းအင်တစ်ခုသည် အမြန်ထွက်လာရာ ကျားနန်ရှင်းနှင့် တခြား လူတွင် ခုခံရန်အင်အားမရှိတော့ပေ။ ထိုအရာသာ သူတို့ခန္ဓာကိုယ်ကို ထိမှန် သွားလျှင် သေချာပေါက် အသက်ရှင်နိုင်မည်မဟုတ်ပေ။

“သခင်လေး သတိထား” ကျားနန်ရှင်းသည် ထိုလူများကို ကျောပေးထား ပြီး တခြားတစ်ယောက်သည် ထိုလူများကိုမျက်နှာချင်းဆိုင်ထားသည်။ ဝိညာဉ် စွမ်းအင်လာနေသည်ကိုမြင်သောအခါ မသိစိတ်မှ ကျားနန်ရှင်းကို သူ့အနောက် သို့ဆွဲပြီး သူကရှေ့မှနေလိုက်သည်။

ကျားနန်ရှင်းသည် ချက်ချင်းပင် နားလည်လိုက်သည်။ သို့သော် သူရှေ့မှ ရပ်ပြီး ထိခွင့်မပြုနိုင်ပေ။ ထိုလူ၏ဒဏ်ရာများသည် သူ့ထက်ပင် ပိုပြင်းထန်နေ သည်။ သူ့ကိုသာ ထိမှန်သွားလျှင် သေသွားမည်ဖြစ်သည်။

နောက်ဆုံးအခိုက်တွင် သူသည် ခန္ဓာကိုယ်ကိုလှုပ်ရှားကာ နောက်ဆုံး လက်ကျန်အားဖြင့် သူတို့၏နေရာများကိုပြောင်းလိုက်သည်။ ထိုအချိန်တွင် ထို တိုက်ကွက်သည် သူ့ရှေ့သို့ရောက်နေပြီဖြစ်သည်။

မျှော်လင့်ထားသည့် နာကျင်မှုမှာရောက်မလာပေ။ နာကျင်မှုရောက် မလာရုံတင်သာမကဘဲ တခြားခံစားချက်များလည်း ဖြစ်မလာပေ။ ဝိညာဉ် စွမ်းအင်ပျောက်ကွယ်သွားပြီးနောက် သူတို့နှစ်ယောက်သည် ထိုနေရာတွင် ရပ်မြဲရပ်နေခဲ့သည်။

မသေဘူးလား။

ကျားနန်ရှင်းသည် အံ့အားသင့်သွားပြီး ချက်ချင်းတုံ့ပြန်လိုက်သည်။ တစ် ယောက်ယောက်က သူတို့ကိုကယ်လိုက်တာပဲ။ ဒါပေမဲ့ ဘယ်သူမှမှမရှိတာ သူတို့ကို ဘယ်သူကယ်လိုက်တာလဲ။

ပြိုင်ဘက်များသည် ချက်ချင်းပင် နိုးနိုးကြားကြားဖြစ်သွားသည်။ တစ်စုံ တစ်ယောက်က သူတို့ကို တိတ်တိတ်လေးကယ်သွားတာပဲ။ ဆိုလိုတာက အဲလူ က အားမနိမ့်ဘူးပဲ။

ဒါပေမဲ့ ဒီတစ်ခါ သူ့ကိုဘယ်သူကယ်လိုက်တာလဲ။ နှစ်ဖက်လုံးသည် ထိတ်လန့်ကုန်ကြသည်။ ပြိုင်ဘက်များသည် ရုတ်တရက်အော်လိုက်ကြသည် “သစ်ပင်ပေါ်မှာ လူရှိနေတယ်”

အားလုံး ကြည့်လိုက်ကြရာ သစ်ပင်ပေါ်ရှိ ပုံရိပ်တစ်ခုကိုမြင်လိုက်သော အခါ အားလုံး ထိတ်လန့်ပျာပျာဖြစ်ကုန်ကြသည်။

ဒီလူကဘယ်တုန်းက ပေါ်လာတာလဲ။ သူတို့တွေ ဘယ်လိုလုပ် သတိ မထားမိတာလဲ။

ကျားနန်ရှင်းသည်လည်း နားမလည်နိုင်ြစ်နေသည်။ သူသည် ဤလူကို မသိပေ။ သူမက သူ့ကိုဘာလို့ကယ်ရတာလဲ။ သူမ၏ မျက်လုံးများသည် သူ့ကို သိနေသည်မှာ သေချာနေသည်။

သူ ဘယ်တုန်းက ဒီလိုကောင်းတဲ့လူကိုတွေ့ဖူးတာလဲ။

ရှီမာယူယူသည် သစ်ပင်ပေါ်တွင်ထိုင်ပြီး အောက်မှ ထိတ်လန့်တုန်လှုပ် နေသောလူများကိုကြည့်ပြီး စိတ်ထဲမှပြုံးလိုက်သည်။

ယခုအချိန်တွင် သူမသည် တခြားသူများ၏မျက်လုံးထဲတွင် အင်အားကြီး သည့် ပြိုင်ဘက်ဖြစ်နေပြီဖြစ်သည်။ ထိုစွမ်းအားများသည် တခြားသူများ၏ ပိုင်ဆိုင်မှုဖြစ်ပြီး သူမသည် အကျိုးအမြတ်ကိုသာရယူခဲ့ရသည်မှာတော့ နှမြော ဖွယ်ကောင်းသည်။

“ငါ ကျားနန်ရှင်းရဲ့အသက်ကိုကယ်မှာ မင်းတို့ကိုယ့်ဘာသာထွက်သွားမှာ လား ဒါမှမဟုတ် မြေဩဇာအဖြစ်ခံမှာလား” သူမသာ လက်သည်းကို တောက် ရင်း ဘာမှမဟုတ်သလိုပြောလေသည်။

“မင်းက ဘယ်သူလဲ” ပြိုင်ဘက်များသည် သူမကို သတိရှိရှိကြည့်လေ သည်။

“အဲဒါကမင်းတို့အတွက် အရေးကြီးလို့လား မင်းတို့ငါ့ကိုနိုင်မယ်ထင်နေ လား ဟင်” သူမသည် အဆုံးသတ်တွင် အသံကိုဆွဲပြောလိုက်သည်။

ထိုလူများသည် အဆင့်မြင့်ကျင့်ကြံသူများဖြစ်ကြသည်။ သူမ ရှင်းပစ်ချင် လျှင် အလွယ်တကူပင်ရှင်းလို့ရနိုင်သည်။

သူမ ထိုသို့တွေးမိသောအခါ စိတ်ထဲမှသက်ပြင်းချမိသည်။ အဆင့်မြင့် ကျင့်ကြံသူများသည် နတ်ဘုံတွင် အလွန်များပြားသည်။ သို့သော် အင်အားမှာ တော့မကြီးလှပေ။ ဤနေရာမှ ပတ်ဝန်းကျင်ကြောင့်လား သို့မဟုတ် သူတို့၏ သွေးသားမှာထူးခြားနေ၍လားတော့မသိပေ။

သူမသည် ဝူရှောင်းသောင့်၏ လူနှစ်ယောက်ဖမ်းပြီး လေ့လာမည့်အကြံ ကို တွေးမိချိန်တွင် မဆိုးလှဟုထင်မိသည်။

ထိုလူများသည် တွေဝေနေကြကာ အခွင့်အရေးကောင်းကို အလွတ်မခံ ချင်ကြပေ။ သို့သော် အလောတကြီးလည်း မလုပ်ရဲကြပေ။ ထို့ကြောင့် နှစ်ဖက် လုံးသည် ရပ်တန့်နေကြသည်။

သူတို့ ထွက်မသွားသည်ကို ရှီမာယူယူမြင်သောအခါ အောက်မှ ကျားနန် ရှင်းကို ပြောလိုက်သည် “အရှင်ထားချင်တဲ့လူရှိလား”

***

All Chapters