← Chapters

အားလုံးကိုတစ်ချက်တည်းနှင့်သတ်ခြင်း

Vol. 161 Ch. 2249

အားလုံးကိုတစ်ချက်တည်းနှင့်သတ်ခြင်း

Vol. 161 Ch. 2249

ကျားနန်ရှင်း အံ့အားသင့်သွားသည်။ သူမသည် သူ၏ထင်မြင်ချက်ကို မေး လာလိမ့်မည်ဟုထင်မထားပေ။ ရှီမာယူယူ မျက်ခုံးများပင့်လိုက်သည်ကို သူ မြင်လိုက်ရသည်။ ပြီးနောက် သူ သူမကိုခေါင်းခါပြလိုက်သည် “မလိုပါဘူး သူတို့ တွေကို ငါသိတယ်”

လူတစ်ယောက်ကို အသက်ရှင်လျက်ထားခြင်းထက် သတ်ရန်ပိုခက်၏။ သူသည် ကယ်တင်ခြင်းအတွက် တစ်ဖက်လူကို ကျေးဇူးတင်နေပြီဖြစ်ရာ တခြားသူများကို ပြဿနာမရှာချင်တော့ပေ။

သူ ထိုသို့ဆုံးဖြတ်လိမ့်မည်ဟု ရှီမာယူယူလည်း ခန့်မှန်းမိသည်။ တစ်ဖက် လူ၏ ရည်ရွယ်ချက်မှာထင်ရှားသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦးသိကြသလို တစ်ဦးနှင့်တစ်ဦးကိုလည်း ဂရုမစိုက်ကြပေ။ ထိုလူများ သေသည်ဖြစ်စေ၊ မသေ သည်ဖြစ်စေ ကျားနန်ရှင်းအပေါ်သို့ သက်ရောက်မှုမရှိပေ။

ထို့ကြောင့် သူမသည် သစ်ပင်ပေါ်မှပျောက်ကွယ်သွားပြီး အသက်တစ် ရှိုက်မျှအတွင်းမှာပင် ကျားနန်ရှင်း၏ရှေ့သို့ ပေါ်လာသည်။ သူမ ရပ်လိုက်သည် နှင့် အနောက်မှလူများ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားလေသည်။

တစ်ချက်တည်းနဲ့ အကုန်သတ်လိုက်တာပဲ။

ကျားနန်ရှင်းသည် အလောင်းများကို အလန့်တကြားကြည့်လိုက်သည်။ အားလုံး၏လည်ပင်းတွင် ဓားရာရှိနေသည်။ ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခြင်းဖြစ်သည်။

“အဆင်ပြေရဲ့လား”

ထိုအမျိုးသမီး သူ့ကိုပြုံးပြသည်ကိုမြင်သောအခါ ကျားနန်ရှင်း ထိတ်လန့် မိသည်။ သူမသည် အသွင်အပြင်မတူသော်လည်း သူ အလိုလိုခေါ်လိုက်မိသည် “ယူယူ”

ထိုအချိန်တွင် အံ့ဩမိသူမှာ ရှီမာယူယူဖြစ်သည်။ သူမ အသွင်အပြင် ပြောင်းထားတာကို သူက မှတ်မိသေးတာလား။

တကယ်တော့ ကျားနန်ရှင်း ရှီမာယူယူ၏နာမည်ကို ခေါ်လိုက်မိချိန်တွင် နောင်တရမိသည်။ သူမရဲ့နာမည်ကိုဘာလို့ တခြားသူကိုသွားခေါ်မိတာလဲ။ နှစ် ယောက်က တစ်ယောက်နဲ့တစ်ယောက် လုံးဝမှမတူတာ။

မထင်မှတ်စွာပင် တစ်ဖက်လူသည် ခေတ္တမျှအေးခဲသွားပြီးနောက် ပြုံး လေသည်။ ချက်ချင်းပင် သူ မသိသော်မိန်းကလေးသည် သူနှင့်ရင်းနှီးသည့်လူ ဖြစ်လာသည်။

သူမသည် မှင်တက်နေသောလူများနှင့် အကြည့်ဆုံမိသောအခါ ရှီမာယူ ယူသည် မျက်ခုံးများကိုပင့်လိုက်သည် “ဘာလို့လဲ မတွေ့တာဆယ်စုနှစ်တွေ ကြာပြီဆိုတော့ အခုမမှတ်မိတော့ဘူးလား”

“ယူယူ တကယ် မင်းပဲ” ကျားနန်ရှင်းသည် အံ့ဩနေရာမှ သတိပြန်ဝင် လာပြီး ပျော်ရွှင်စွာအံ့အားသင့်သွားသည် “ဒီကိုဘာလို့ရောက်လာတာလဲ နတ်ဘုံကိုဘယ်တုန်းက ရောက်တာလဲ ဘာလို့ငါ့ကိုလာမတွေ့တာလဲ”

“ရောက်တာသိပ်မကြာသေးဘူးရယ်.. ပြီးတော့ ရောက်တာနဲ့ မတော်တဆမှုတစ်ခုနဲ့တွေ့လို့ ဒီကိုလာပြီးအရင်ကြည့်လိုက်တာ” ရှီမာယူယူ ပြန်ဖြေလေသည် “ခုနက ဘယ်လိုလုပ် ငါ့ကိုမှတ်မိတာလဲ”

“ငါ မင်းကိုတကယ်မှတ်မိတာမဟုတ်ဘူး.. ခုနက မင်းရယ်လိုက်တဲ့အချိန် မှာ အဲခံစားချက်က မင်းကိုသွားသတိရစေလို့” ကျားနန်ရှင်းသည် ရှက်ရွံ့စွာ ပြုံး လေသည်။

“အင်း.. ငါ့ကိုယ်ငါတောင် မမှတ်မိပါဘူးလို့တွေးနေတာ” အစပိုင်းက ဝူချီယောင်သည် သူမကိုနှစ်ကြိမ်တိုင်တိုင်ပြန်ကြည့်သည်ကို အမှတ်ရမိသည်။ ဒီကလေးက တကယ်ကိုစူးရှတာ။

“ဒီနေ့ အသက်ကယ်ပေးတာကျေးဇူးတင်ပါတယ်.. မင်းသာမလာရှင် ယန်ကျီနဲ့ ငါတော့ ဒီနေ့သွားတော့မှာပဲ” ကျားနန်ရှင်းသည် ကျေးဇူးတင်စွာဖြင့် ပြောလေသည် “မင်း အခုလောက် အင်အားကောင်းလာလိမ့်မယ်လို့ ထင်မထား ဘူး”

သူမသည် တခြားသူများဆီမှ အင်အားရထားသည်ဟု ရှီမာယူယူ သူ့ကို မပြောခဲ့ပေ။ သူမသည် ဆေးပုလင်းများကိုထုတ်ပြီး သူ့အားပေးလိုက်သည် “မင်းတို့နှစ်ယောက်လုံး ဒဏ်ရာရထားကြတယ် ဆေးအရင်သောက်လိုက်ကြဦး”

“ကျေးဇူးတင်ပါတယ်” ကျားနန်ရှင်းသည် သူ့ဘာသာယူလိုက်သည်။ သူ သည် ဆေးပုလင်းယူပြီး တစ်ပုလင်းကို ယန်ကျီအားပေးပြီး သူတစ်ပုလင်း သောက်လိုက်သည်။ ဆေးသည် သူတို့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ပြန်လည်ကုသေပေးသည့် သက်ရောက်မှုကို သူတို့ခံစားမိချိန်တွင် အသက်ရှင်ရ သည်မှာ ကံကောင်းသည်ဟု ခံစားရသည်။

“ကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် ဆေးပညာပိုင်းတွင် ထူးချွန်သည်ကို ကျားနန်ရှင်းသိသည်။ ထို့ကြောင့် လက်ဆန့်ထုတ်ပေးလိုက်သည်။ ရှီမာယူယူသည် သူ၏သွေးခုန်နှုန်း ကို စမ်းသပ်ပြီးနောက် ယန်ကျီ၏သွေးခုန်နှုန်းကိုစမ်းသပ်ပေးပြီး ပြောလိုက်၏ “မင်းတို့ရဲ့ ဒဏ်ရာတွေအရဆို နောက်နှစ်ရက်လောက် ဝိညာဉ်စွမ်းအင်မသုံး တာအကောင်းဆုံးပဲ”

ကျားနန်ရှင်းသည် ခေါင်းခါလေသည် “မရဘူး ငါ့ညီလေးကို ကယ်ရဦး မယ်.. အခုသူဘယ်ရောက်နေလဲမသိရဘူး.. ငါ အရင်ကတည်း ဒီလူတွေလိုက် တာကိုခံရတယ်.. ဒါပေမဲ့ အခုသူတို့သေပြီဆိုတော့ ညီလေးကိုရှာရမယ်”

“ကျားနန်တန့်ကိုပြောတာလား” ရှီမာယူယူ မေးလိုက်သည်။

“မင်းက ငါ့ညီလေးကိုသိတာလား” ကျားနန်ရှင်းသည် သူမအား တအံ့ တဩကြည့်လေသည်။

“သိတယ်လေ ငါနဲ့အရင်ကတွေ့ဖူးတယ်.. ငါ တောင်ကိုဝင်မလာခင် သူ့ အတွက်စီစဉ်ပေးခဲ့တယ်.. မင်း စိတ်ချလက်ချနားလိုက်တော့ သူ ဘေးကင်းပါ တယ်” ဝိညာဉ်စေတီအတွင် သူ့ကိုမည်သူမှရှာမတွေ့နိုင်သဖြင့် အလွန်လုံခြုံ သည်မဟုတ်ပါလား။

“မင်းက ဘာလို့ငါ့ညီလေးနဲ့အတူရှိနေတာလဲ” ကျားနန်ရှင်း၏ စိတ်ထဲမှ ထိတ်လန့်မှုကို ဖော်ပြ၍မရနိုင်ပေ။ ကျားနန်တန့်သည် ရှီမာယူယူနှင့် အတူရှိ လိမ့်မည်ဟု သူ လုံးဝတွေးမရပေ။

ရှီမာယူယူသည် ကျားနန်တန့်နှင့်မည်သို့တွေ့ခဲ့သည်၊ သူ့ကို ခေါ်ပြီး အစ်ကိုကြီးကိုရှာခဲ့ပုံများကို အကျဉ်းချုပ်ပြောပြ၏။ သူ့အတွက် တောင်ထဲသို့ ဝင်ရန်မှာ အလွန်အန္တရာယ်များနေသဖြင့် သူ့ကိုတခြားနေရာတွင်ထားခဲ့ပြီ သူမ တစ်ယောက်တည်းသာ ဝင်ခဲ့ကြောင်းကို ပြောပြခဲ့သည်။

“မင်းတို့ရဲ့ဒဏ်ရာတွေပျောက်ရင် ငါတို့ဒီနေရာကနေ ထွက်သွားကြတာ ပေါ့.. မင်းကိုသူ့ဆီခေါ်သွားပေးမယ် မင်းဒဏ်ရာရတာကို သူမြင်ချင်မှာမဟုတ် ဘူးထင်တယ်”

ကျားနန်ရှင်းသည် သူမ၏စကားကိုနားထောင်သည်။ ထို့နောက် နောက် ကို ဆုတ်ကာ သူမကိုဦးညွှတ်လေသည်။ သူ့အနောက်တွင်ရှိသော ယန်ကျီ လည်းပဲ သူမကိုအရိုအသေပြုလေသည်။

ရှီမာယူယူသည် ရှေ့ကိုတိုးပြီး ထူပေးလိုက်သည် “ဘာလုပ်ကြတာလဲ ငါ ကကူညီနိုင်သလောက် ကူညီပေးတာပါ”

“လွန်ခဲ့တဲ့နှစ်ပိုင်းက အမေက ကလေးမွေးရင်းနဲ့ အခက်အခဲတွေကြုံခဲ့ရ တယ်.. ညီလေးကိုမွေးပြီးတော့ သူမ ဆုံးသွားတယ်.. သူမ မဆုံးခင်ကို ညီလေး ကို သေချာစောင့်ရှောက်ပါမယ်လို့ အမေ့ကိုသတိပေးခဲ့တယ်.. သူ နောက်ကနေ လိုက်အသတ်ခံနေရတယ်လို့ ကြားတုန်းက သူ့ကိုကယ်ချင်တယ် ဒါပေမဲ့ ထင် မထားတာက.. ကံကောင်းလို့ သူက မင်းနဲ့တွေ့သွားတာ.. မင်းသာမဟုတ်ရင် ငါ့ညီလေးက ဒီမှာရှိနိုင်မှာမဟုတ်ဘူး.. အခု သူ့ဆီခေါ်သွားဖို့ မင်းကိုပဲ ဒုက္ခပေး ရတော့မယ်” ကျားနန်ရှင်း ရှင်းပြလေသည်။

“ပြီးတော့ ငါတို့က တစ်ဂိုဏ်းတည်းသားတွေပဲလေ.. ငါ့အဆင့်က မင်း ထက်မြင့်နေလို့သာရယ် သေချာပေါက် မင်းကိုကူညီရမှာပေါ့” ရှီမာယူယူသည် စနောက်ရင်းပြောလေသည် “ပြီးတော့ ငါက နတ်ဘုံကို အခုမှရောက်တာ ဘယ်လိုပဲဖြစ်ဖြစ် ဘာလုပ်ရမယ်ဆိုတာ မသိသေးဘူး.. အဲဒီတော့ သူ့နဲ့တွေ့ ပေးဖို့ ဒီကိုလာခဲ့တာ”

သူမသည် ထိုကိစ္စကို အကျယ်တဝင့်မဖြစ်လိုသည်ကို ကျားနန်ရှင်းသိ၏။ ထို့ကြောင့် သူမသည် အခွင့်အရေးကိုအသုံးချကာ နောက်မှလိုက်သူများ အကြောင်းကိုမေးလေသည်။ ရှီမာယူယူသည် သူတို့အလိုက်ခံရသည်များကို ဘေးချိတ်ပြီး သံသယတချို့ဖြင့် မေးလေသည် “မင်းတို့မှာ ရန်သူတွေများလား”

သူမ၏ မေးခွန်းမှာ အနည်းငယ်မရှင်းလင်းသည်ကို ကျားနန်ရှင်းသိသည်။

ရှီမာယူယူသည် မြေပေါ်မှလူများကို ညွှန်ပြကာ ပြောလိုက်သည် “ဒီလူ တွေရဲ့ သရုပ်မှန်ကို မင်းသိတာပဲမဟုတ်လား”

ကျားနန်ရှင်း ခေါင်းညိတ်သည်။

“ငါတို့နောက်ကိုလိုက်တဲ့သူတွေက သူတို့နဲ့မတူဘူး” ရှီမာယူယူ ပြော လိုက်သည် “သူတို့တွေက တစ်ဖွဲ့တည်းဖြစ်ပုံမရဘူး”

“သေချာလား” ကျားနန်ရှင်းသည် သူမ၏စကားများကို မယုံခြင်းမဟုတ် ဘဲ ထိုသတင်းသည် သူ့ကိုအံ့ဩစေခြင်းကြောင့်ဖြစ်သည်။

“ငါလည်း ကွာခြားမှုကို ခွဲနိုင်ပါသေးတယ်” ရှီမာယူယူသည် ယုံကြည် ချက်ရှိရှိ ပြောလိုက်သည်။

“သခင်လေး ဖြစ်နိုင်တာက…” ယန်ကျီ၏ဒဏ်ရာများသည် အလွန်ပင် ပြင်းထန်နေသေးကာ သူ၏အသံမှာလည်း အားနည်းနေသည်။ ကျားနန်ရှင်း သူ၏ တစ်ဂိုဏ်းတည်းသားနှင့် ပြန်ပြောင်းပြောနေစဉ်တွင် သူတိတ်ဆိတ်နေခဲ့ ပြီး ထိုစကားကိုကြားမှပင် ဝင်ပြောလေသည်။

ကျားနန်ရှင်း၏ စိတ်မှာပျက်ပြားသွားသည်။ သူ စကားမပြောဘဲ တွေးရုံ သာတွေးနေသည်။

ရှီမာယူယူသည် မေးခွန်းများကို အလျင်ဦးစွာမမေးပေ။ သူမနှင့် ကျားနန် ရှင်းသည် သူငယ်ချင်းများဖြစ်ကြသော်လည်း သူ၏မိသားစုကိစ္စကို ကူညီရန် မပြောသဖြင့် မေးခွန်းများသည်မှာလည်း ကောင်းလှသည်မဟုတ်ပေ။

“အပြင်က အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် မင်း အခုထွက်သွားလို့မရ ဘူး” သူမ တိုက်တွန်းလိုက်သည်။

“ငါသိပါတယ်” ကျားနန်ရှင်း ခေါင်းညိတ်လိုက်သည်။ “ဒီသတင်းကို အရင် ပြန်ပို့ပြီး မိသားစုကို စုံစမ်းခိုင်းလိုက်မယ် ယန်ကျီနဲ့ငါက ဒီမှာနှစ်ရက်လောက် နေပြီးမှ ထွက်သွားမယ်”

“မင်းက ဒီကိုအရှင်သခင်ရဲ့ ဂူသင်္ချိုင်းကို စုံစမ်းဖို့လာတာမဟုတ်ဘူးလား” ရှီမာယူယူသည် အနည်းငယ်အံ့ဩမိသည်။ သူတို့က ရတနာလာရှာတာမဟုတ် ဘူးလား။

“ငါတို့တွေက တောင်တွေမှာသွားလာနေတာ ကြာပြီ.. ဂူသင်္ချိုင်းရတနာ အငွေ့အသက်ကို တစ်ခုမှမတွေ့ရဘူး.. ဒီမှာဘာမှမရှိမှတော့ အချိန်ဖြုန်းနေ လည်း အသုံးမဝင်တော့ဘူး” ကျားနန်ရှင်း ပြန်ဖြေလေသည်။

“ဒါဆို နောက်နှစ်ရက်နေရင် ငါ့နောက်လိုက်လို့ရတယ်” သူမသာ သူတို့ ကို ဤနေရာတွင်ထားခဲ့ပါက တခြားသူများနှင့် ပဋိပက္ခဖြစ်လျှင် အခက်တွေ့ လိမ့်မည်။ ကလေးနှစ်ယောက်သည် အရင်က သူတို့ကိုမတွေ့ဖူးသဖြင့် မှတ်မိ နိုင်မည်မဟုတ်ပေ။

သူမသည် သူမ၏အသွင်အပြင်ကို ထပ်မံပြောင်းလိုက်သည်။ သူတို့သုံး ယောက်သည် အတူတကွထွက်လာခဲ့လိုက်ကြသည်။

***

All Chapters