← Chapters

အလောမကြီးနဲ့

Vol. 161 Ch. 2250

အလောမကြီးနဲ့

Vol. 161 Ch. 2250

ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့သည် ဂူသင်္ချိုင်းရှာရန်အတွက် အဘိုးကြီးခေါ်ရာနောက်သို့ အခက်အခဲများစွာ ဖြတ်ကျော်ခဲ့ရသည်။ သူတို့သုံး ယောက်သည် ရွေးချယ်စရာမရှိတော့ဘဲ ခြေလျင်သွားရသည်။

အဘိုးကြီးသည် စကားနည်းသည်။ ဝူရှောင်းသောင့်သည် အရာအားလုံး ကို စပ်စုချင်ပြီး ခုန်ပေါက်ပြေးလွှားနေသည်ကို သူ မြင်နေရသော်လည်း ဘာမှ မပြောပေ။ သူ၏ လူသတ်မည့်အကြည့်သည် ဝူချီယောင်ကိုယ်မှမခွာရုံသာဖြစ် သည်။

သူသည် အလွန်ပင် စိတ်လှုပ်ရှားနေသည်ကို ရှင်းလင်းစွာမြင်နေရသော် လည်း အလောတကြီးမလုပ်ပေ။

ဝူချီယောင်သည် လက်ရှိတွင် ရှေ့မှ ချောက်ကမ်းပါးကြီးအကြောင်းကို လေးလေးနက်နက်တွေးနေသည်။

ချောက်ကမ်းပါးသည် အလွန်မြင့်မားကာ တိမ်တိုက်များထိပင် ဓားဖြင့် ခွဲလိုက်သလို ထိုးထွက်နေသည်။ ချောက်ကမ်းပါးအောက်တွင် ရေကန်ငယ် တစ်ခုပင်ရှိသည်။

သည်လိုနှင့် သူသည် ထိုနေရာတွင်ရပ်ပြီး ခေါင်းမော့ကာ ချောက်ကမ်းပါး ကို စစ်ဆေးနေသည်။ သူသည် သူ၏ကိုယ်ဟန်အနေအထားကို ကြာရှည်စွာ ထိန်းထားသည်။

ဝူရှောင်းသောင့် စောင့်ဆိုင်းရင်း ပျင်းလာသဖြင့် ငါးမျှားရန် ငါးမျှားတံကို ပေါ်တင်ပင်ထုတ်လိုက်သည်။ သူမသည် ငါးစာချိတ်လိုက်သည်။ သူမသည် အချိန်ဖြုန်းချင်ရုံသာဖြစ်သည်။ သို့သော် အမှန်တကယ်ပင် ငါးတချို့ဖမ်းမိရ လိမ့်မည်ဟု ထင်မထားပေ။

ငါးမျှားချိတ်မှ တဖျတ်ဖျတ်လှုပ်ခတ်နေသည့် ငါးကိုမြင်သောအခါ ဗိုက်ဆာသလိုလိုရှိလာသည်။ ငါးစွပ်ပြုတ်တစ်အိုး၊ ငါးကင်တချို့နှင့် ကျန်ငါး များကို မွှေကြော်လိုက်သည်။ ဟင်းပွဲတစ်ခုစီကို စားပွဲပေါ်တွင် ခင်းကျင်းလိုက် သည်။ သူမ အေးအေးလူလူဖြစ်နေသည့်ပုံစံမှာ ထိန်းချုပ်ခံရပုံနှင့်မတူပေ။ သူမ သည် အလည်လာသည်နှင့်ပင် တူလေသည်။

“မင်းက အဲဒီချောက်ကမ်းပါးကိုနေ့တစ်ဝက်လောက် စိုက်ကြည့်နေတာ တစ်ခုခုများသိရပြီလား” အဘိုးအို ဝူချီယောင်ကို ကြည့်ပုံသည် အစပိုင်းတွင် မပြောင်းလဲသော်လည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။

ဝူချီယောင်သည် နောက်လှည့်ကာ သူ့ကိုကြည့်ပြီး ပြောလိုက်သည် “ဂူ သင်္ချိုင်းရဲ့ဝင်ပေါက်က ဒီနေရာဖြစ်နိုင်တယ်”

“ဒီနေရာလား သေချာလား.. ငါ့ကိုလာရှုပ်ရဲရင် မင်းတို့နှစ်ယောက်လုံးကို ချက်ချင်းသတ်ပစ်လိုက်မှာ” အဘိုးကြီးသည် တောင်ကို တဒင်္ဂမျှစိုက်ကြည့် လိုက်သည်။ သို့သော် ထူးခြားမှုတစ်စုံတစ်ရာကို မတွေ့ရပေ။> ဒီနေရာက လူ လုပ်ထားတဲ့နေရာနဲ့တူလို့ ပြောတာများဖြစ်နေမလား။

သူသည် မသင်္ကာသည့် မျက်လုံးများဖြင့် ကြည့်သော်လည်း ဝူချီယောင် သည် ပျာသွားခြင်းမရှိပေ။ သူသည် အောက်မှရေကိုညွှန်ပြပြီး ပြောလိုက်သည် “ဝင်ပေါက်က ရေကန်ရဲ့အောက်မှာပဲ.. ကျွန်တော့်ကိုမယုံရင် အောက်ဆင်းပြီး ကြည့်လိုက်ပါ”

“ခုနကကျ တောင်ကိုပဲစိုက်ကြည့်နေတာ.. အခုကျ ဂူသင်္ချိုင်းက ရေ အောက်မှာရှိတယ်လို့ ပြောနေပြန်ပြိ” အဘိုးကြီးသည် သူ၏စကားများကို မယုံ ကြည်သည်မှာ ရှင်းလင်းနေသည်။

“ကျွန်တော့်ရဲ့ တွက်ချက်မှုအရဆိုရင် အဲဒါကအောက်မှာပဲ မယုံရင်လည်း ကျွန်တော်မတတ်နိုင်ဘူး” ဝူချီယောင်သည် ခပ်ပေါ့ပေါ့ပင်ပြောလိုက်သည်။

အဘိုးကြီးသည် ရေကိုအတန်ကြာအောင် စိုက်ကြည့်နေသည်။ ဝူချီ ယောင်သည် လုပ်ကြံပြော်နေသည်ဟု ခံစားရသော်လည်း သူ့စကားများသည် အနည်းငယ်ဖြစ်နိုင်ချေရှိသည်ဟုလည်း ခံစားရသည်။

ဝူရှောင်းသောင့်သည် ငါးချက်ပြီးသောအခါ ဝူချီယောင်ကို လက်ယမ်းခေါ် လေသည်။ ထို့နောက် သူမသည် အဘိုးကြီးကို ပြောလိုက်သည် “လောင်.. အဘိုး အဘိုးက အရမ်းအားကောင်းတာ ဘာလို့အောက်ဆင်းပြီးမကြည့်တာလဲ  ရှောင်းယောင်ယောင် လိမ်လားမလိမ်လား အဲကျရင်သိမှာပဲ.. ရှောင်းယောင် ယောင်နဲ့ ကျွန်မတို့ ဒီမှာငါးစားရင်းစောင့်နေမယ်လေ.. ကျွန်မတို့ကို အတူလိုက် ဆင်းခိုင်းဖို့တော့ မတွေးနဲ့နော်.. အဘိုး ကျွန်မအကြောင်းလည်းသိပါတယ်.. ကျွန်မကိုခေါ်သွားရင် ဝင်ပေါက်ကိုတောင် တွေ့ရမှာမဟုတ်ဘူး.. အဘိုးက ဒီလောက်အားကောင်းတာ ကျွန်မတို့ ထွက်မပြေးနိုင်ပါဘူး”

အဘိုးကြီးသည် တုံ့ဆိုင်းနေတုန်းပင်။ သူသည်ဝူရှောင်းသောင့်၏ ဆိုးဝါး သည့်ကံကြမ္မာကို အာရုံခံမိပြီးသားဖြစ်သည်။ သူမကို အတူခေါ်သွားလိုက်ပါက ပြဿနာနှင့်သာ ကြုံရလိမ့်မည်။ သို့သော် သူမကိုအတူခေါ်မသွားလျှင် နောက် တစ်ယောက်ကိုလည်း ခေါ်သွား၍ရနိုင်မည်မဟုတ်ပေ။

ပြီးနောက် ဤနေရာသည် ဂူသင်္ချိုင်း၏ဝင်ပေါက် ဟုတ်မဟုတ်ကို မသိရ သေးပေ။

သူ စဉ်းစားပြီးရင်း စဉ်းစားပြီးနောက် စားပွဲအပါအဝင် သူတို့ပတ်ပတ် လည်တွင် အတားအဆီးတစ်ခုစီမံလိုက်သည်။

“ငါ ဘေးကင်းကင်းနဲ့ထွက်လာနိုင်ရင် မင်းတို့ ဒီနေရာကနေ ထွက်သွားလို့ ရပြီ” သူသည် ဆင်းရင်းနှင့် ပြောသွားသည်။

ဝူရှောင်းသောင့်သည် ငါးကင်တစ်ကင်နှင့် ငါးစွပ်ပြုတ်ကို စားသောက်ပြီး လေသည်။ သူမသည် ကျန်ငါးကင်ကို ဝူချီယောင်၏ ပန်းကန်လုံးထဲသို့ထည့်ပြီး ငါးစွပ်ပြုတ်ကိုလည်း ထည့်ပေးလေသည် “သောက်လိုက် ပြီးခဲ့တဲ့ရက်တွေမှာ နင် ကိုယ်အလေးချိန်တွေကျသွားတယ်.. အမေသာနင့်ကိုမြင်င် ငါက ကောင်း ကောင်းဂရုမစိုက်ဘူးလို့ ပြောတော့မယ်”

ဝူချီယောင်သည် မသဲမကွဲပြန်ဖြေပြီး ငါးကိုစတင်စားတော့သည်။

“ဖြည်းဖြည်းစား သူက မြန်မြန်ပြန်လာမှာလည်းမဟုတ်ဘူး.. ငါတို့ စားပြီး ရင် ထွက်သွားကြမယ်” ဝူရှေးယောင်သည် တစ်ခါတရံတွင် သူ့ကို မောင်လေး တစ်ယောက်ကဲ့သို့ ဂရုစိုက်တတ်သည်။ သူမသည် စားပွဲပေါ်တွင်လက်တင်ပြီး ဝူချီယောင်ကို စိုက်ကြည့်ကာ မေးလိုက်သည် “အဲအောက်မှာဘာရှိတာလဲ.. သူ သွားတာတော် အရမ်းကြာနေပြီ”

ရှောင်းယောင်ယောင်သည် လိုလိုလားလားပင် ထိုင်စားနေသည်မှာ သူတို့ တွင် အချိန်အများကြီးရှိနေသည်ကို သက်သေပြနေသည်။

“အဲဒါဘာလဲဆိုတာတော့ ငါမသိဘူး.. ဒါပေမဲ့ အောက်ကနေလာတဲ့ ဝိညာဉ်စွမ်းအင်လှိုင်းကတော့ တကယ်ကြီးပဲ” ဝူချီယောင်သည် ပြောပြီးနောက် ဆက်စားလေသည်။ ဝူချီယောင်သည် အာရုံခံပါးကြောင်းကို ဝူရှောင်းသောင့် သိသည်။ ထို့ကြောင့် အောက်တွင် မည်သည့်အရာရှိသည်ကို ဂရုမစိုက်တော့ ပေ။ မည်သို့ပင်ဖြစ်စေကာမူ အသေးအဖွဲတော့မဖြစ်နိုင်ပေ။

“ရှောင်းယောင်ယောင် ငါတို့ နောက်ဘယ်သွားကြမလဲ”

“ဒီရတနာအကြောင်းကို သတင်းလွှင့်တာ သူဆိုတော့ ဒါကအတုဆိုတာ ကို သက်သေပြနေတာပဲ… အဲလိုဆိုရင် ဂူသင်္ချိုင်းအစစ်ရှိလားဆိုတာ တောင်ကို လှည့်ပတ်ကြည့်ကြတာပေါ့” အမှန်တကယ်တော့ ဝူချီယောင်သည် ဂူသင်္ချိုင်း ကိုစိတ်မဝင်စားပေ။ သို့သော် အစ်မဖြစ်သူသဘောကျသဖြင့် မောင်လေး တစ် ယောက်အနေနှင့် သူ ဦးဆောင်ရသည်။

“ဒါဆိုလည်း စားပြီးရင် ငါတို့သွားကြည့်ကြတာပေါ့” ဝူရှောင်းသောင့် သည် ပြုံးရင်းပြောလေသည် “အမေ အခုဘာလုပ်နေလဲမသိဘူး.. ငါတို့ကိုများ တွေးနေမလားမသိဘူး”

ဝူချီယောင်သည် မျက်လုံးထဲမှ တလက်လက်တောက်နေသည်ကို ဖုံးကွယ်ရင်း ခေါင်းငုံကာ ငါးစွပ်ပြုတ်သောက်နေသည်။

ဝူချီယောင် စားသောက်ပြီးသည်ကိုပင် မစောင့်လိုက်ရဘဲ လူတစ်စုသည် ထိုနေရာသို့လျှောက်လာသည်။ ကလေးနှစ်ယောက်သည် ကန်ဘေးတွင် ထိုင် ပြီးစားသောက်နေသည်ကိုမြင်သောအခါ ထိုလူများ အလွန်အံ့ဩသွားသည်။

“ကောင်မလေး ဒီမှာထမင်းစားနေကြတာကို ဘာလို့အတားအဆီးလုပ် ထားတာလဲ” အမျိုးသမီးတစ်ယောက်သည် နားမလည်သဖြင့် မေးလေသည်။

“ကျွန်မကို လူတစ်ယောက်က ဒီမှာပိတ်သွားတာ” ဝူရှောင်းသောင့်သည် ရယ်မောပြီးပြန်ဖြေလေသည် “အစ်မကြီး ရှင်တို့တွေ ကျွန်မတို့ကိုကယ်လို့ရ မလား”

ထိုစကားကို ကြားသောအခါ ခိုင်လျောင်နှင့်သူမ၏အဖွဲ့သည် မျက်နှာ အမူအရာများပြောင်းသွားကြသည်။ ထိုအမျိုးသမီးသည် အရင်ကလိုပင် ပြုံး ကာပြောလေသည် “မင်းတို့ကို ဒီမှာဘယ်သူပိတ်လှောင်သွားတာလဲ.. အဲလူက အခုဘယ်မှာလဲ”

“သူက ရေထဲဆင်းသွားတယ် သူ ဆင်းမသွားခင် ကျွန်မတို့ကို ဒီမှာပိတ် သွားတာပဲ” ဝူရှောင်းသောင့်သည် သနားစဖွယ်ပြုမူလေသည်။

ထိုလူမှာ ရေထဲသို့ဆင်းသွားသည်ဟု ကြားသည်နှင့် သူတို့၏မျက်နှာထား မှာ ပို၍ပင်အကျဉ်းတန်သွားသည်။ တစ်ခဏအတွင်းမှာပင် ဒါဇင်မျှသာထိုလူ များသည် သူတို့နှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ ချက်ချင်းပင် ရေအောက်သို့ ဆင်းသွားကြသည်။

“ငါ့ဆွဲဆောင်မှုတွေ ကျဆင်းနေပြီလား” ဝူရှောင်းသောင့်သည် သူမ၏ မျက်နှာကိုထိလိုက်သည် “ငါက အရင်တုန်းကလိုပဲ ဆွဲဆောင်မှုရှိတုန်းပါပဲ.. ပန်းတွေပွင့်နေသလိုဖြစ်နေတာပဲလေ.. လူတွေ ငါ့ကိုမြင်မြင်ချင်းကြွေသွားကြ မှာလား”

ထိုအချိန်တွင် တခြားလူပြေးလာသဖြင့် ဝူချီယောင်သည် သူမကိုပြန် မဖြေလိုက်ပေ။ ထိုလူများသည် သူတို့နှစ်ယောက်ကို ကြည့်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ဆင်းသွားလေသည်။ သူတို့ ဆင်းသွားရင်းနှင့် ပြောလိုက်ကြသေး၏ “ဟုတ်တယ် ဒီနေရာပဲ.. ငါတို့ ဒီနားတင်ရှိနေလို့တော်သေးတယ်”

“ရှောင်းယောင်ယောင် နင် ကံကောင်းလို့ အောင်မြင်သွားပြီး ဂူသင်္ချိုင်း ဝင်ပေါက်ကို ရှာတွေ့သွားတာမလား” ဝူရှောင်းသောင့်သည် တအံ့တဩ ပြော လေသည်။

ဝူချီယောင်သည် နှုတ်ခမ်းများကို တွန့်လိုက်သည်။ သူသည် အမှန် အောက်မှဝိညာဉ်စွမ်းအင်ကို တကယ်ပင် ခံစားမိခြင်းဖြစ်သည်…

“ရှောင်းယောင်ယောင် ငါတို့စားပြီးတာနဲ့  ဆင်းကြည့်ရအောင်” ဝူရှောင်း သောင့်သည် သိချင်စိတ်များသည်။ သို့သော် သူစားသောက်နေသည်ကိုလည်း မနှောင့်ယှက်လိုပေ။

“အောက်က အခြေအနေကဘာမှန်းမသိသေးဘူး အလောတကြီးဆင်း သွားစရာမလိုဘူး” ဝူရှောင်းသောင့်သည် ထမင်းကိုအလောတကြီးမစားခိုင်း ပေ။ ထိုအရာကပင် သူ့ကိုပျော်ရွှင်စေသည်။ သူ၏အစ်မကြီးသည် သူ့ကိုပြဿ နာဖြစ်စေသော်လည်း အမြဲတစေအသေးစိတ် ဂရုစိုက်တတ်သည်။

သူတို့ ထိုနေရာတွင် ဆက်စားနေချိန်တွင် လူတစ်စုသည် ဆင်းသွားကြ ပြန်သည်။ ဆင်းသွားပြီးနောက် မည်သူမှ ရေပြင်ပေါ်တက်မလာတော့ပေ။

ကန်ထဲမှရေသည် တဖြည်းဖြည်း နီရဲလာသည်။

ရောက်လာသောလူစုများသည် သူတို့ကိုနားမလည်စွာဖြင့်ကြည့်လိုက် သ်။ သို့သော် ဤနေရာသည် ရုတ်တရက် ဘာကြောင့် သက်ဝင်လှုပ်ရှားလာ သည်ကို သူတို့လည်း ရှာဖွေနိုင်ခဲ့သည်။

ဂူသင်္ချိုင်းဝင်ပေါက်သည် တောင်အောက်မှ ရေကန်ထဲတွင်ရှိနိုင်ချေများ သည်ဟု သူတော်စင်ဂိုဏ်းသခင်များမှ သူတို့ကိုပြောလိုက်ခြင်းကြောင့်ဖြစ် သည်။ ဤနေရာအတိအကျတော့မဟုတ်ပေ။

“အဲဒီသူတော်စင်က ဖူရှီရဲ့ ဆရာ ၂ လား ဒါဆိုအဲဒီဖူရှီနဲ့ သူ့ရဲ့သူတော်စင် ဆရာက ဒီကိုလာတာလား.. သူမသူငယ်ချင်းတွေ ဒီကိုရောက်နေတာကို အမေ့ ကိုပြောရမလားပဲ” ဝူရှောင်းသောင့် မေးလေသည်။

***

All Chapters