ထိတ်လန့်ခြင်း
Vol. 161 Ch. 2252
ကျောက်ခန်းထဲမှအရာများကို မြင်သောအခါ ဝူရှောင်းသောင့်နှင့် ဝူချီ ယောင်တို့သည် အလွန်ပင် ထိတ်လန့်မိကြသည်။ ထိုလူများသည် ဘေးဒုက္ခများ ကို ရင်ဆိုင်ပြီးမှ ဤနေရာသို့ရောက်လာခဲ့ကြသည်။ သူတို့သည် သေးငယ်သော ဒဏ်ရာများကအစ ခံစားခဲ့ကြသည်။
သို့သော် သူတို့နှစ်ယောက်မှာတော့ ခန္ဓာကိုယ်တွင် ခြစ်ရာငယ်လေးတစ် ခုသာ ရှိခဲ့သည်။ သူတို့၏အင်္ကျီပင်မပြဲခဲ့ပေ။ သူတို့နှစ်ယောက်သည် ဤဂူ သင်္ချိုင်းကို အန္တရာများအကြားမှ ငြိမ်းချမ်းစွာဖြတ်ကျော်နိုင်ခဲ့သည်။ ထိုအရာ သည် မထင်မှတ်ထားလောက်အောင်ပင်ဖြစ်သည်။ သူတို့တွေက အဲလူတွေ ထက် ပိုတောင်အားကောင်းနေလို့လား။
မဖြစ်နိုင်ဘူး.. သူတို့ကလေးနှစ်ယောက်က ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတာပဲ။ ဘယ်လိုလုပ် အဲလိုမကောင်းဆိုးဝါးကြီးလို ဖြစ်နေမှာလဲ။
အဘိုးကြီးသည် မထိမခိုက်နှင့် ရောက်လာသော သူတို့နှစ်ယောက်ကို မြင် သောအခါ မေးလေသည် “ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ”
“လမ်းလျှောက်လာတာလေ” ဝူရှောင်းသောင့်၏အဖြေသည် သူတို့ကို မေ့လဲသွားစေလောက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. မင်းတို့မှာ ခြစ်ရာတစ်ခုတောင်မရှိဘူး.. ဒီကို လမ်းလျှောက်လာတယ်လို့ ဘယ်သူကယုံမှာလဲ” အမျိုးသမီးတစ်ယောက်သည် ပြန်ချေပလေသည်။
“လောင် ၈ သူတို့ကိုသိတာလား” အရပ်ရှည်ပြီး ပိန်ပါးသောအဘိုးကြီး သည် မေးလေသည်။ မျက်လုံးတစ်စုံသည် ဝူရှောင်းသောင့်ကို အကဲခတ်နေရာ ထိုခံစားချက်မှာ မနှစ်မြို့ဖွယ်ပင် “သိတယ်” အဘိုးကြီးသည် သူတို့ကို မည်သို့ ဖမ်းခဲ့ကြောင်းကို ပြောပြလေသည်။
“သူတို့မှာ ဘာစွမ်းအားမှမရှိဘူးဆိုတာ သေချာရဲ့လား ရှင့်အတားအဆီး က အဲလောက်အားကော်ငးတာ.. သူတို့သာ ရှင်ပြောတဲ့အတိုင်းဆိုရင် ဘယ်လို လုပ် အတားအဆီးကနေ ထွက်လာနိုင်တာလဲ” ထိုအမျိုးသမီးသည် သူစကား များကို သံသယဝင်လေသည်။
“ဟွန့် အတားအဆီးလေးတစ်ခုပဲကို.. ထွက်ပြေးဖို့ ဘာတွေခက်နေရဦးမှာ လဲ.. ရှင်တို့က ကျွန်မတို့ကိုအဲဒီထဲမှာပဲ ပိတ်မိနေစေချင်တာလား.. ရှင်တို့က တော်တော်ရိုးစင်းတာပဲ” ဝူရှောင်းသောင့်သည် နှာမှုတ်လေသည်။
“ငါ့အတားအဆီးကနေ ဘယ်လိုလွတ်လာတာလဲ” အဘိုးကြီးသည် အသံ နက်နက်ဖြင့် မေးလေသည်။
“ဘယ်အတားအဆီးပဲဖြစ်ဖြစ် အဖျက်ပုစီးစေ့နဲ့ဆိုရင် ဖြေရှင်းလို့ရတယ်” ဝူရှောင်းသောင့်သည် ဘဝင်မြင့်စွာပြောလေသည်။
“ဒီနှစ်ယောက်က အရမ်းထူဆန်းတယ်.. ဒီအခေါင်းကိုဖွင်ဖို့မပြောခင် ဒီနှစ်ယောက်ကို ရှင်းလိုက်တာပိုကောင်းမယ်ထင်တယ်” တစ်ချိန်လုံး နှုတ်ဆိတ်နေသူ လူငယ်သည် ဝူချီယောင်ကို စိုက်ကြည့်ပြီးပြောလေသည်။
ထိုကလေးနှစ်ယောက်သည် သူတို့အတွက် အလွန်ထူးဆန်းနေသည်။ သူ တို့နောက်တွင် မည်သူမည်ဝါရှိနေသည်ကို မသေချာပေ။ ထိုအဘိုးကြီးများနှင့် ယှဉ်လျှင် သူသည် ထိုအရာများနှင့် အကျွမ်းတဝင်ရှိလှသည်။ မသိသည့် အရာရှိလျှင် အရင်ဆုံး ဖြေရှင်းလိုက်သည်က ပိုကောင်းသည်။
အဘိုးကြီးသည် တုံ့ဆိုင်းနေတုန်းပင်။ ဝူချီယောင်တွင် အရည်အချင်းရှိ သည်။ ဝူချီယောင်ကြောင့်သာမဟုတ်လျှင် သူသည် ဂူသင်္ချိုင်းကို ပထမဆုံး ရောက်လာမည်မဟုတ်ပေ။ သူ့ကို အရှင်ထားလိုက်လျှင် နောင်တစ်ချိန် တစ်နေရာရာတွင် အသုံးဝင်လာနိုင်သည်။ သို့သော် သူ တခြားသုံးယောက်ကို ကြည့်ချိန်တွင် ရန်သူအဖြစ်သတ်မှတ်တော့မည့်ပုံပင်။ သူတို့သည် အစကပင် မဟာမိတ်များမဟုတ်ကြပေ။ ဤအရာကြောင့် သူနှင့် တိုက်ခိုက်ရန် အဖွဲ့ဖွဲ့ လိုက်ပါက အနိုင်ရရင် အာမမခံနိုင်ပေ။
ထို့ကြောင့်ပင် အတန်ကြာအောင် စိတ်ထဲတွင်လွန်ဆွဲပြီးနောက် သူ သူတို့ နှင့်သဘောတူလိုက်သည်။ ဝူချီယောင်သည် ဝူရှောင်သောင့်ကို အနောက်သို့ဆွဲ ပြီး အထွတ်အထိတ်စံတင်ကျွမ်းကျင်သူလေးယောက်၏ လူသတ်တော့မည့် အကြည့်ကို ကြောက်ရွံ့ခြင်းမရှိ စောင့်ကြည့်နေသည်။
ထိုအရာကပင် သူတို့ကို ထိတ်လန့်သွားစေကာ သူသည် သာမန်လူ မဟုတ်သည်မှာ ပိုသေချာသွားသည်။ သူ ပိုထူးချွန်လေ ဖြစ်လာမည့်ပြဿနာ များကို ကာကွယ်ရန် မြန်မြန်ရှင်းရမည်ဖြစ်သည်။
သူတို့ သူ့ကိုတိုက်ခိုက်တော့မည်အပြုတွင် တစ်ဖက်မှကျောက်တံခါး ပွင့် လာသည်။ ဒဏ်ရာတစ်ချက်မှမရှိသည့် လူသုံးယောက်သည် စုတ်ပြတ်သတ်နေ သောလူတစ်စုကို ကြည့်ပြီးဝင်လာသည်။
“ငါတို့တွေ နှေးသွားတာဖြစ်မယ်” ကျားနန်ရှင်းသည် အခန်းထဲမှလူများ ကို ကြည့်ပြီး သူတို့နှစ်ယောက်ကို အသိအမှတ်ပြုမိသည်။ ကျန်နှစ်ယောက် သည် သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်နသည်မှာ ထိုလူများကဲ့သို့ပင် အင်အားကြီး ကြောင်း သက်သေပြနေသည်။ ရှီမာယူယူသည် ဝူချီယောင်နှင့် ဝူရှောင်းသောင့် တို့ကို ကြည့်နေသည်။ သူတို့ အခြေအနေကောင်းသည်ကို အတည်ပြုပြီးမှပင် အစကစိတ်ပူပန်မှုများ အနားရသွားတော့သည်။ ဤဂူသင်္ချိုင်းသည် အလွန်ပင် ကြီးမားသည်။ အကယ်၍ သူတို့သာ အန္တရာယ်တစ်စုံတစ်ရာနှင့်တွေ့ရလျှင် သူမသည် သူတို့ဘေးသို့ အမြန်ပြေးရောက်မည်ကို မသေချာပေ။
ဝူချီယောင်၏လက်သည် ဝူရှောင်းသောင့်အား ကာကွယ်ထားပြီး တခြား တစ်ဖက်မှာ တိုက်ခိုက်ရန်အသင့်ဖြစ်နေသည်ကို ကြည့်ပြီး သူမ ရောက်မလာ ခင်က အဖြစ်အပျက်ကို ချက်ချင်းနားလည်လိုက်သည်။
ထိုလူများသည် အမှန်တကယ်ပင် သူတို့ကိုသတ်ချင်နေခြင်းပင်။
အမျိုးသမီးသည် ရှီမာယူယူတို့သုံးယောက်ကို ဖြတ်ခနဲကြည့်ပြီး သူတို့ကို ပေါ့ပေါ့တန်တန်ပင် တွေးလိုက်သည်။ သူတို့သည် ထူးထူးခြားခြား အားကောင်း နေသည်မဟုတ်သဖြင့် စိတ်ပူနေရန်မလိုပေ။ ဤကလေးနှစ်ယော်ကို အရင်ရှင်း ပစ်ရမည်ဖြစ်သည်။
သူမသည် ဝိညာဉ်စွမ်းအင်ထုတ်ပြီး ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ကို တိုက်ခိုက်လေသည်။ သူတို့သည် ဂူသင်္ချိုင်းထဲရောက်နေသဖြင့် စွမ်းအင်ကို အနည်းငယ်သာ သုံးရလေသည်။ သို့သော် ကလေးနှစ်ယောက် ကာကွယ်နိုင် သည့် အဆင့်တော့မဟုတ်ပေ။
သို့သော် ထိုစွမ်းအင် သူတို့နားသို့ကပ်လာချိန်တွင် မြူခိုးအနက်တစ်ခုလုံး သည် ဝါးမျိုလိုက်လေသည်။ မြူခိုးအနက်သည် တဖြည်းဖြည်းစုဝေးလာပြီး လူ တစ်ယောက်အသွင်ပြောင်းသွားသည်။ ထိုလူသည် လူသားအသွင်ပြောင်းထား သည့် အမည်းလေးဖြစ်သည်။
အမည်းလေးသည် ထိုမိန်းမအားကြည့်ပြီး သူ၏လျှပ်တပြက်ခန္ဓာကိုယ် ဖြင့် တိုက်ခိုက်လိုက်သည်။ သူသည် ထိုမိန်းမပြန်မတုံ့ပြန်နိုင်အောင်ပင် လက်စားချေလိုက်သည်။
သူတို့ဘေးမှာ ဒီလောက်အားကောင်းတဲ့လူ တကယ်ရှိနေတာပဲ။ သူတို့ တွေက တကယ်သာမန်တွေမဟုတ်ကြဘူး။
လူငယ်သည် ထိုအဖြစ်ကိုမြင်သောအခါ သူတို့ကို ပိုမလွှတ်ပေးချင်တော့ ပေ။ သူသည် အမည်းလေးနှင့် ထိုအမျိုးသမီးတို့ တိုက်ခိုက်နေသည့် အချိန် ကောင်းကို အခွင့်ကောင်းယူကာ ဝူချီယောင်ကို တိုက်ခိုက်လေသည်။
မီအာသည် ဝူရှောင်းသောင့်၏လက်ကို ဆွဲကာ ထိုလူငယ်၏တိုက်ကွက် ကို ရှောင်လိုက်သည်။ ထိုတိုက်ကွက်သည် ပေါ့ပါးခြင်းမရှိသဖြင့် ဂူသင်္ချိုင်း တစ်ခုလုံးကို တုန်ခါသွားစေသည်။
သို့သော် ဤဂူသင်္ချိုင်းကို မည်သို့ခိုင်ခံ့အောင် ပြုလုပ်ခဲ့ကြသည်မသိပေ၊ ပြိုကျသွားခြင်းတော့မရှိပေ။
သူတို့သည် အထွတ်အထိပ်စံတင်ကျွမ်းကျင်သူများထက်ပင် သန်မာသူ များဖြစ်ကြသည်။ ထို့ကြောင့် ကြောက်ရွံ့ခြင်းမရှိခြင်းပင်။
အဲဒါကြောင့် ပြီးခဲ့တဲ့ရက်က သူတို့တွေ ပြန်ပေးအဆွဲခံရတာတောင် ကြောက်ရွံ့မှုနည်းနည်းမှမပြတာကိုး။ သူတို့မှာ ဒီလိုဝှက်ဖဲရှိနေတာကိုး။ ဒါပေမဲ့ သူတို့မှာ အားကောင်းတဲ့ ကျွမ်းကျင်သူတွေရှိနေတယ်ဆိုရင် ဘာလို့ ဒီလောက် ကြာတဲ့အထိစောင့်ပြီးမှ လိုက်လာတာလဲ။ အဘိုးကြီးသည် ဝူချီယောင်နှင့် ဝူရှောင်းသောင့်တို့ကိုစိုက်ကြည့်ပြီး အဖြေပေးရန်မျှော်လင့်မိသည်။
“လောင် ၉ ဘာတွေစိုက်ကြည့်နေတာလဲ အဲနှစ်ယောက်ကို မသတ်ရင် နောက်ဆုံးမှအရှုံးပေါ်လိမ့်မယ်” ပိန်ပါးပြီးအရပ်ရှည်သည့်လူသည် အဘိုးကြီး အားအော်လေသည်။
အဘိုးကြီးကို အတော်သွေးဆောင်ရသည်။ အဘိုးကြီး တုံ့ဆိုင်းနေသည် ကိုကြည့်ပြီး သူလှုပ်ရှားကာ ဝူချီယောင်ကို တိုက်ခိုက်ချင်သည်။
“ရှင်တို့ ကြက်ဖအိုကြီးတွေက ကလေးနှစ်ယောက်ကို အနိုင်ကျင့်နေတာ ပဲ ရှက်ဖို့ကောင်းလိုက်တာ” ရှီမာယူယူသည် လက်ပိုက်ထားကာ ဖြည်းညင်းစွာ ပြောလေသည်။
“မင်း မသေချင်ရင် ဝင်မပါနဲ့” ပိန်ပါးပြီးအရပ်ရှည်သည့်လူ ပြန်အော်လေ သည်။
“ဝင်ပါချင်တယ်ဆို ကျွန်မကို တားမှာလား” ရှီမာယူယူသည် ခနဲ့တဲ့တဲ့ ပြောလေသည်။
“ဒီနှစ်ယောက်ကို ရှင်းပြီးမှ မင်းနဲ့စာရင်းရှင်းမယ်” ပိန်ပါးပြီးအရပ်ရှည်သူ သည် သူမဘက်သို့ တစ်ချက်ကြည့်ပြီး ဝူချီယောင်ကိုလှည့်တိုက်ခိုက်လေသည်။
ကျားနန်ရှင်းသည် ထိုလူ၏မျက်လုံးထဲမှ လူသတ်မည့်အကြည့်ကို မြင်နေ ရသည်။ သူသည် အထွတ်အထိပ်စံတင်ကျွမ်းကျင်သူဖြစ်သည်။ သူမ ဘယ်လို ဝင်ပါတော့မလဲ။
သို့သော် သူ သူမကိုဘာမှမပြောရသေးခင်မှာပင် သူမသည် နဘေးမှ ပျောက်သွားလေသည်။
ပိန်ပါးပြီးအရပ်ရှည်သူ့လူသည် ဝူချီယောင်ဆီအား တိုက်ခိုက်ရန်ပျံသွား လေသည်။ သို့သော် သူ့ရှေ့တွင်ရပ်နေသည့် နှစ်ယောက်မှာ ပျောက်သွားလေ သည်။ သူသည် ဘာမှမရှိတော့သည် ကျောက်အခန်းကိုလှည့်ပတ်ကြည့်ပြီး မှင်တက်နေလေသည်။
“ရှင့်ရဲ့အရှိန်လောက်နဲ့လား.. အရမ်းနှေးလွန်းတယ်” နွမ်းလျသော အသံ တစ်သံသည် သူ့အနောက်မှထွက်လာကာ သူမအသံထဲမှ လှောင်ရယ်သံကို ဖုံးကွယ်မထားပေ။
သူလှည့်ကြည့်ရာ ရှီမာယူယူသည် မူလနေရာတွင်ရပ်နေသည်ကို မြင် လိက်ရသည်။ သူမ၏ဘေးတွင် ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ရှိနေသည်။
အားလုံးထိတ်လန့်သွားကြသည်။ ဒီလူက ဘယ်လိုလုပ်လိုက်တာလဲ။
သို့သော် နောက်မြင်ကွင်းမှာ သူတို့ကိုပို၍ထိတ်လန့်သွားစေသည်။ ဝူရှောင်းသောင့်သည် ရှီမာယူယူကိုဖက်ပြီး သူမ၏ မျက်လုံးများသည် ချက်ချင်း နီရဲသွားကာ ငိုနေသည်ကို သူတို့မြင်နေရသည် “အမေ ဘယ်တုန်းက တောင်ကို လာတာလဲ.. အမေ့ကို အရမ်းလွမ်းနေတာ”
ဘာ.. ဒီမိန်းမက ဒီကလေးနှစ်ယောက်ရဲ့အမေလား။
ကျားနန်ရှင်းသည် ထိုမြင်ကွင်းကြောင့် မှင်တက်နေမိသည်။ ရှီမာယူယူက ဒီကလေးတွေကို တွန်းထုတ်မပစ်ဘူးပဲ။ သူမက တကယ်ပဲ သူတို့ရဲ့အမေလား။
***