အမေက သမီးတို့ဘေးမှာ အမြဲရှိမှာ
Vol. 161 Ch. 2253
ရှီမာယူယူသည် ဝူရှောင်းသောင့်ကို ဖက်ပြီး သူမ၏ကျောပြင်ကိုပုတ်ပေး နေသည် “အမေ အမြဲ ဒီမှာရှိနေခဲ့တာ”
“ဟင် အမေက အမြဲဒီမှာရှိနေခဲ့တာလား” ဝူရှောင်းသောင့်သည် အံအား သင့်သွားသည်။ အံ့ဩပုံမရသော ဝူချီယောင်ကို သူမ ကြည့်လိုက်သည် “ရှောင်း ယောင်ယောင် အမေနောက်ကလိုက်တာကို နင်သိလား”
“အင်း” ဝူချီယောင် တုံ့ပြန်လေသည်။ ရှီမာယူယူသာ သူတို့ဘေးတွင် ရှိမနေလျှင် သူဤမျှတည်ငြိမ်နိုင်မည်မဟုတ်ပေ။
“ရှောင်းယောင်ယောင် ဘယ်လိုလုပ် ငါ့ကိုမပြောရတာလဲ” ဝူရှောင်း သောင့်သည် မပျော်ရွှင်တော့ပေ။ သူ သိနေတာကို ဘယ်လိုလုပ် သူမကမသိရ တာလဲ။
“ကဲပါ ဒီအကြောင်းတွေ ပြောရမယ့်အချိန်မဟုတ်သေးဘူး” ရှီမာယူယူ သည် သူမကိုနှစ်သိမ့်ပေးလိုက်သည် “အရင်ဆုံးဒါကိုရှင်းလိုက်ကြတာပေါ့”
“အင်း အိမ်ရောက်မှ ငါ နင်နဲ့ရှင်းမယ်” ဝူရှောင်းသောင့်သည် ဝူချီယောင် ကိုစိုက်ကြည့်ပြီး ရှီမာယူယူ၏ဘေးတွင် ကျိုးနွံစွာဖြင့် ရပ်လိုက်သည်။
“ယူယူ မင်းတကယ်ပဲ ကလေးမွေးပြီးသွားပြီလား” ကျားနန်ရှင်းသည် အံ့အားသင့်နေတုန်းပင်။
“အင်း ဒါကရှောင်းသောင့် ဒါကရှောင်းယောင်ယောင်” ရှီမာယူယူသည် ပြောရင်းနှင့် ကျားနန်ရှင်းကို ညွှန်ပြလေသည် “ဦးလေးကျားနန်ကို နှုတ်ဆက် လိုက်”
“ဦးလေးကျားနန်” ကလေးနှစ်ယောက်သည် အတူခေါ်လေသည်။
“လိမ္မာလိုက်တဲ့ကလေးတွေ” ကျားနန်ရှင်းသည် သူတို့ကို ခေါင်းညိတ်ပြ လေသည်။
အဘိုးကြီးနှင့် ပိန်ပါးပြီးအရပ်ရှည်သည့်လူသည် ရှီမာယူယူကိုကြည့်နေ သည်။ သူတို့ကို သူမ ကယ်သွားပုံကိုမြင်ပြီးနောက် သူမကို ပေါ့ပေါ့တန်တန် မတွေးရဲကြတော့ပေ။
“လောင် ၈ ကျုပ်တို့ ဒီအတိုင်းရပ်ကြည့်နေတော့မှာလား” ခပ်သွယ်သွယ် လူက မေးလိုက်သည်။
ပိန်ပါးပြီးအရပ်ရှည်သည့်လူသည် သူတစ်ယောက်တည်း ရှီမာယူယူကို မနိုင်နိုင်သဖြင့် အဘိုးကြီးကို အကူအညီတောင်းရမည်ဖြစ်သည်။
သူတို့သည် ကျားနန်ရှင်းနှင့် ယန်ကျီတို့ကို မေ့ထားနိုင်သည်။ သူတို့သာ လက်တွဲလိုက်လျှင် ရှီမာယူယူကို အနိုင်ရနိုင်သည်။
“ဒီနေရာက အရမ်းသေးတယ် တိုက်ခိုက်ဖို့မကောင်းဘူး” ကျားနန်ရှင်း ဆက်ပြောလေသည် “အမွေမရလိုက်ဘဲ ဒီနေရာကိုဖျက်ဆီးလိုက်မယ်ဆိုရင် ဒီကိုလာရတာ အလဟဿဖြစ်သွားမှာပဲ”
တစ်ယောက်နှင့် နှစ်ယောက်.. ရှီမာယူယူ မခံနိုင်မည်ကို သူ စိုးရိမ်လျက် ရှိသည်။
“အမေ ထားလိုက်ပါတော့ ကျွန်တော်တို့ သွားကြမလား” ဝူချီယောင် ပြောလေသည်။
ရှီမာယူယူသည် သူမအား အပြစ်ကင်းစွာ မျက်တောင်ခတ်ပြနေသော ဝူချီယောင်ကို ကြည့်လိုက်သည်။ သူမ ခေါင်းညိတ်လိုက်သည် “ဒါဆိုလည်း သွားကြတာပေါ့ မီအာ ဟာကွက် ပြန်လာခဲ့”
ဟန်ကြီးပန်ကြီးဖြင့်ရပ်နေသော မီအာနှင့် အမည်းလေးတို့သည် ရှီမာယူ ယူ၏ အမိန့်ကိုကြားသည်နှင့် တုံ့ဆိုင်းခြင်းမရှိပြန်လာလေသည်။
“အမေ အဲဘက်ကသွားရအောင်” ဝူရှောင်းသောင့်သည် သူတို့လာခဲ့သည့် လမ်းကိုညွှန်ပြလေသည်။
ကျားနန်ရှင်းနှင့် ယန်ကျီတို့သည် ရှီမာယူယူကြောင့် ဤနေရာသို့ ရောက် လာခဲ့ခြင်းပင်။ သူတို့သည် လမ်းတစ်လျှောက်တွင် ရတနာတချို့ရခဲ့ကာ မျှဝေ ရန်မလိုတော့သဖြင့် သူတို့နှင့်အတူ တွန့်ဆုတ်ခြင်းမရှိ ပြန်လိုက်လာသည်။
အဘိုးကြီးသည် သူတို့ထွက်သွားသည်ကို တိတ်တိတ်ပင်ကြည့်ကျန်နေခဲ့ သည်။ သူတို့သည် ထိုကဲ့သို့လူမျိုးနှင့် တိုက်ခိုက်လျှင် အနိုင်ရနိုင်ချေမရှိနိုင်ပေ။ ထိုလူများသည် သူတို့ဘာသာထွက်သွားကြသဖြင့် အမွေကိုလုမည့်ကိစ္စကို စိတ်ပူရန်မလိုတော့ပေ။
သူတို့ထွက်သွားပြီးနောက် သူတို့လေးယောက်သည် မူလထိပ်တိုက်တွေ့ မည့်အနေအထားသို့ပြန်ရောက်သွားသည်။ သို့သော် ယခုအခါ ကွာခြားသွားပြီ ဖြစ်သည်။ နှစ်ယောက်မှာ မီအာနှင့် အမည်းလေးကြောင့် ဆိုးရွားစွာထိခိုက် ထားလေပြီ။
အရပ်ရှည်ပိန်ပါးသည့်လူနှင့် အဘိုးကြီးသည် ကျန်နှစ်ယောက်ကို ခုန်အုပ် တော့မည့်အလား တစ်ယောက်နှင့်တစ်ယောက် ကြည့်လေသည်။ အစပိုင်းတွင် သူတို့လေးယောက်သည် ဟန်ချက်ညီခဲ့ကြသည်။ သို့သော် ကြားထဲတွင် အနှောက်ဝင်လာသဖြင့် ထိုဟန်ချက်ပျက်ပြားသွားရသည်။
ရှီမာယူယူသည် သူတို့ထွက်လာသည်နှင့် ထိုလေးယောက်တိုက်ခိုက် တော့မည်ကို သိသည်။ သို့သော် ထိုကိစ္စသည် သူမနှင့်မဆိုင်ပေ။
ဝူချီယောင်သည် အားလုံးကို လာခဲ့သည့်လမ်းအတိုင်း ဦးဆောင်သွား၏။ သူတို့သည် လမ်းတွင် အန္တရာယ်တစ်စုံတစ်ရာမတွေ့ဘဲ ဝင်ပေါက်သို့ရောက် သည့်အခါမှပင် လူတချို့နှင့်တွေ့လေသည်။ ထိုလူများသည် သူတို့ကိုမြင်သည် နှင့် ပထမဆုံးတုံ့ပြန်သည်မှာ တိုက်ခိုက်ရန်ဖြစ်သည်။ သို့သော် မီးအာနှင့် အမည်းလေးတို့ တိုက်ခိုက်လိုက်သည်နှင့် ထိုလူများ သေသွားကြလေသည်။
ကန်ထဲတွင် အလောင်းများစွာရှိသေးသည်။ ကန်တစ်ခုလုံးမှာ အလောင်း များဖြင့် ပြည့်နှက်နေရာ မြင်ရသည်မှာ အလွန်ပင်ဆိုးရွားလှသည်။
အလောင်းများကိုကြည့်ပြီး ရှီမာယူယူသည် မျက်မှောင်ကြုတ်ကာ ငှက် ပေါက်စကို ခေါ်ထုတ်လိုက်သည်။ အလောင်းများသည် ရေထဲတွင်ရှိနေသော် လည်း ငှက်ပေါက်စသည် အလောင်းများကို မီးမြှိုက်ကာ သူတို့အတွက် လမ်းရှင်းပေးသည်။
သူတို့မသိလိုက်သည်မှာ ငှက်ပေါ်စထွက်လာချိန်တွင် မှိတ်ထားသော မျက်လုံးများသည် ပွင့်လာသည်။
သူ ပြန်လာပြီ…
ရှီမာယူယူနှင့် သူမ၏အဖွဲ့ ရေထဲမှထွက်လာသည်နှင့် ငှက်ပေါက်စသည် သူမ၏ခန္ဓာကိုယ်အတွင်း ပြန်ဝင်သွားလေသည်။ ကြက်သွေးရောင်မီးတောက် သည် သူမကို အသံဖြင့်လှမ်းပြောလေသည် “အနာဂတ်မှာ ငါ့ရောင်ဝါကို မဖော် ထုတ်နဲ့”
ရှီမာယူယူ ထိတ်လန့်သွားသည် “ဘာဖြစ်လို့လဲ”
သူ ပေါ်ပေါက်သွားသည်ဟု ကြက်သွေးရောင်မီးတောက် သူမကို ပြော လေသည်။
ရှီမာယူယူသည် နောင်တရမိလေသည် “ခုနက ဘာလို့ငါ့ကိုမတားလိုက် တာလဲ”
သူမကြောင့် သူ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ။
“အရမ်းတော့စိတ်မပူနဲ့ ငါ သူတို့ကို တမင်မြင်ခိုင်းလိုက်တာ” ကြက်သွေး ရောင်မီးတောက်သည် အရင်ကထက် အေးစက်နေသည် “ငါက ပြန်မလာတာ နှစ်တွေအများကြီးကြာပြီဆိုတော့ အခု သူတို့တွေ ဘယ်လောက်အားကောင်း နေပြီလဲဆိုတာ ငါ ကြည့်ချင်တယ်”
သို့သော် ထိုသို့ဖြစ်ခြင်းမှာ သူ့တွင်ယုံကြည်ချက်မရှိခြင်းကြောင့်မဟုတ် ဘဲ နတ်ဘုံ၏လက်ရှိဖွဲ့စည်းပုံကို မသိသောကြောင့် သူ့ရောင်ဝါကို ထပ်မံဖော် ထုတ်ခြင်းမပြုရန် သူ ရှီမာယူယူကို ပြောလိုက်ခြင်းကြောင့်ဖြစ်သည်။
“ငါ အခုနားလည်ပါပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒါပေမဲ့ မင်း ပြန် လာတာကို သူတို့တွေ သိသွားပြီဆိုရင် ဖူရှီဘက်က…”
“သူက အဇူရာနဂါးအဖြစ် ပြောင်းလို့မပြီးသေးဘူး.. အဲဒါကြောင့် သူ့ကို အရေးစိုက်ကြမှာမဟုတ်ဘူး..ပြီးတော့ သူ့ဘေးမှာ သူ့ကိုကာကွယ်မယ့်သူရှိ တယ်”
ကြက်သွေးရောင်မီးတောက် မပြောပြခဲ့သည့်အချက်မှာ ဤနေရာတွင် အဇူရာတစ်ကောင်တည်းရှိကာ ထိုအင်အားသည်လည်း ဆင်းသက်လာခြင်း မဟုတ်ဘဲ ဖူရှီတစ်ယောက်သာရှိကြောင်း အရေးအကြီးဆုံးအကြောင်းပြချက် ပင်ဖြစ်သည်။ သို့သော် သူတို့ဤနေရာသို့ရောက်သောအခါ ထိုကိစ္စကို သတိပြု ရမည်။
“အမေ ဘာတွေစဉ်းစားနေတာလဲ” ဝူရှောင်းသောင့်သည် ရှီမာယူယူ၏ လက်ကိုတွဲချိတ်လိုက်သည် “အဲလောက် ကြည့်မကောင်းတာမဟုတ်ပါဘူး အမေ့ရဲ့ပုံစံကလှပါတယ်”
ရှီမာယူယူသည် ဟိန်းသံလေးနှင့် ပေါင်းစပ်ထားသည်ကို ခွဲလိုက်ပြီး သူမ ၏ မူလအသွင်အပြင်သို့ပြန်ပြောင်းလိုက်သည်။
“အမေ သမီးတို့နောက်လိုက်နေတုန်းကို ပုံစံအများကြီးပြောင်းထားတာ လား” ဝူရှောင်းသောင့်သည် အခိုင်အမာပင်မေးလေသည်။
“သမီးမောင်လေးကတောင် သမီးထက် ထက်သေးတယ်” ရှီမာယူယူ ဆက်ပြောလေသည် “သမီးက အဆော့ပဲမက်နေတာ နောက်ကနေ လိုက်လာ တာတောင် သတိမထားမိဘူး”
“ဟီးဟီး” ဝူရှောင်းသောင့်သည် ရယ်မောလေသည်။ သူမသည် ရှောင်း ယောင်ယောင်လောက် နိုးကြားခြင်းမရှိပေ။
သို့သော် ရှီမာယူယူနှင့် ဝူချီယောင်တို့ သူမကိုမပြောရခြင်းမှာ သူမကို ပျော်ရွှင်စေလိုခြင်းကြောင့် ဖြစ်သည်ကို သူမ မသိသည်။ “ဟုတ်သားပဲ ရှောင်း ယောင်ယောင် ခုနက ဘာလို့ငါတို့ကိုထွက်လာခိုင်းတာလဲ”
“အခေါင်းက ဗလာကြီးပဲ အထဲမှာပါမှမရှိဘူး” ဝူချီယောင် ပြောလိုက်၏။
“ဪ သိပြီ နင်ပြောတာဟုတ်တယ် ငါတို့တွေ လာတာအလဟဿဖြစ် သွားပြီ” ဝူရှောင်းသောင့်သည် အထဲမှဘာမှမရခဲ့သည်ကို ဝမ်းနည်းနေမိသည်။
ကျားနန်ရှင်းသည် ဝူချီယောင်ကို ကြည့်နေသည်။ သူ သေချာရဲ့သလား ဆိုသည်ကို မသေချာသော်လည်း ရှီမာယူယူနှင့် ဝူရှောင်းသောင့်တို့သည် မစစ် ဆေးဘဲနှင့် သူ့ကိုယုံကြသည်။
“ဂူသင်္ချိုင်းဆီကိုရောက်ပြီးပြီဆိုမှတော့ ပြန်ကြတာပေါ့ တန့်လေးက ငါတို့ ကိုအပြင်မှာစောင့်နေတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။
ကျားနန်တန့်၏ နာမည်ကိုကြားပြီးနောက်ကျားနန်ရှင်းသည် ခေါင်းညိတ် သဘောတူလေသည်။
သူတို့သည် အစကတည်းကပင် ထွက်သွားရန်ဖြစ်သည်။ ဂူသင်္ချိုင်းတွင် ရတနာတချို့ရပြီးနောက် ကျေနပ်ခဲ့ရသည်။
“ဒါဆို ဟိန်းသံလေးတို့ကို ပြန်ခေါ်လိုက်တော့မယ်” ရှီမာယူယူသည် ဟိန်းသံလေးကို ဆက်သွယ်တော့မည်အပြုတွင် သူ၏ အကူအညီတောင်းသံကို ကြားလိုက်ရသည်။
“ယူယူလေး ဒီကိုမြန်မြန်လာခဲ့ ငါတို့တွေကို ဒီလူတွေစားတော့မယ်” ဟိန်းသံလေးအော်လေသည်။
ရှီမာယူယူသည် ပတ်ဝန်းကျင်ကို အာရုံခံပြီးနောက် မျက်နှာပျက်သွားကာ ကျားနန်ရှင်းနှင့် ယန်ကျီကို ပြောလိုက်သည် “ဒီမှာစောင့်နေပါ”
သူမ ပြောရင်းနှင့် အသံပင်မထွက်လိုက်ဘဲ ပျောက်ကွယ်သွားရာ ကျား နန်ရှင်းပင် လန့်သွားရသည်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ သူမ ဘယ်လောက်တောင် ကြီးထွားခဲ့တာလဲ။
***