← Chapters

ပျာယာခတ်ခြင်း

Vol. 161 Ch. 2254

ပျာယာခတ်ခြင်း

Vol. 161 Ch. 2254

ရှီမာယူယူသည် ဟိန်းသံလေးတို့နှင့် မလှမ်းမကမ်းတွင်ရောက်နေသဖြင့် အချိန်မကြာလိုက်ဘဲ အမြန်ရောက်သွားသည်။ သူမ လေဟာနယ်မှထွက်လာ ချိန်တွင် မျက်စိရှေ့မှမြင်ကွင်းကိုမြင်သောအခါ အေးစက်သွားလေတော့သည်။

လူပေါင်းရာချီသည် ရှောင်ချီကိုဝိုင်းထားပြီး ရှောင်ဟုမှလွဲ၍ ကျန်လူများ ကို လှုပ်မရအောင် အဆိပ်ခတ်ထားသည်။

ရှောင်ဟု၏အင်အားသည် သန်မာသည်။ သို့သော် တခြားသူများသည် အဝေးမှပြေးလာနေခြင့်ကြောင့် သူတို့ကို မကိုင်တွယ်နိုင်တော့ပေ။

စက်ဆုပ်မုန်းတီးဖို့ကောင်းလိုက်တာ…

ထိုလူများသည် အပြေးလာနေတုန်းပင်။ ရှောင်ချီသည် ခေါင်းပေါ်မှ ဘေးဒုက္ခတိမ်တိုက်ကိုမြင်သောအခါ မျက်လုံးထဲတွင် ပျော်ရွှင်မှုပေါ်လာလေ သည်။

ရှီမာယူယူ ရောက်လာလျှင် သူတို့တွေ ဘေးကင်းတော့မည်ဖြစ်သည်။

တခြားသူများသည် စိတ်လှုပ်ရှားနေကြသဖြင့် ခေါင်းပေါ်မှ တိမ်တိုက်များ ကိုပင် သတိမပြုမိကြပေ။

ကမ္ဘာမြေကြီးမျက်လုံး.. အဲဒါနည်းနည်းလေးလောက်နဲ့တင် သူတို့ရဲ့ အင်အားကိုတိုးစေမှာပဲ။ ရှောင်ချီကိုထိုပုံစံအတိုင်းမြင်ရသောအခါ တစ်ခုတည်း သောစိုးရိမ်မှုမှာ ဆေးအများအပြားရနိုင်မည်ကိုပင်ဖြစ်သည်။ သူမသည် အထူး သီးသန့်မဟုတ်လျှင်တောင် မျှဝေရန်လုံလောက်သည်။

ထိုလူများသည် ကွဲပြားသောစွမ်းအားကိုခံစားမိပြီး ခေါင်းမော့လိုက်ရာ ဘေးဒုက္ခတိမ်တိုက်ကိုမြင်မှပင် သတိပြန်ဝင်လာတော့သည်။ သူတို့သည် ဘေးဒုက္ခတိမ်တိုက်ကြောင့် ပိတ်မိသွားသည်ကိုသိသည်နှင့် စိုးရိမ်လာတော့ သည်။

“ဒီမှာဘာလို့ ဘေးဒုက္ခတိမ်တိုက်ရှိနေတာလဲ”

“လူတွေကလည်း အများကြီးပဲ..”

တချို့သည် အော်ဟစ်လိုက်ရာ အားလုံးသည် ထိတ်လန့်ရာမှ သတိပြန် ဝင်လာပြီး သွေးရူးသွေးတန်းဖြစ်သွားလေသည်။

လက်ရွေးစင်များ စုဝေးနေချိန်မှာ မိုးကြိုးဘေးဒုက္ခက ဘယ်လောက် တောင် အားကောင်းလိုက်မလဲ။ မိုးကြိုးဘေးဒုက္ခကို ဘယ်သူဆွဲခေါ်လိုက်တာ လဲ။

“ဟားဟား မင်းတို့တွေက ငါတို့ကိုအဆိပ်ခတ်ခဲ့တယ်.. အခု အသားကင် ဖြစ်ရတဲ့ အရသာကို ခံကြည့်လိုက်ဦးပေါ့” ဟိန်းသံလေးရယ်မောလေသည်။ သူ သည် ဝိညာဉ်စွမ်းအင်သုံးမရသော်လည်း အသံမှာကျယ်လောင်ဆဲဖြစ်ကာ ကျယ်ပြန့်သောကွင်းပြင်တွင် ပဲ့တင်ထပ်သွားသည်။

ဘာ… မိုးကြိုးဘေးဒုက္ခက သူတို့နဲ့ပတ်သက်နေတာလား။

ပြေးလာသောလူများသည် မိုးကြိုးဘေးဒုက္ခကိုမြင်သော်လည်း ဝင်လာ သည်နှင့်် ချက်ချင်း ပိတ်လှောင်ခံလိုက်ရသည်။ သည်လိုနှင့် ဘေးဒုက္ခတိမ်တိုက် သည် ပိုပိုပြီးကြီးလာသည်။

တချို့မှာ တုံ့ပြန်မှုမြန်သဖြင့် ဘေးဒုက္ခတိမ်တိုက်ကိုမြင်သည်နှင့် ရပ်တန့် လိုက်ကြသည်။ ထို့ကြောင့် မိုးကြိုးဘေးဒုက္ခဆီသို့ ပြေးလာသူများ နည်းပါးလာ သည်။

လေပေါ်တွင် ပျံနေသောလူများသည် မိုးကြိုးဘေးဒုက္ခမှာ အဆင့်မြင့်သူ များကို အရင်ပစ်လိမ့်မည်ဟု တွေးပြီး မြေပေါ်သို့ဆင်းသက်လိုက်သည်။

ထိုနေရာမှနေ၍ ရှီမာယူယူသည် လေပေါ်တွင် လူသတ်တော့မည့် အကြည့်ဖြင့် ရပ်နေသည်ကို အားလုံးမြင်နေရသည်။

“ယူယူ နောက်ဆုံးတော့ ရောက်လာပြီပဲ.. နောက်ကျသွားရင် ငါတို့ကိုမြင် ရတော့မှာမဟုတ်ဘူး ဝူး ဝူး ဝူ…” ဟိန်းသံ့လေးသည် ဝမ်းနည်းစွာ အော်လေ သည်။

ရှီမာယူယူ၏ လက်တစ်ချက်ဝှေ့လိုက်သည်နှင့် စွမ်းအားအလင်းတန်း သည် သားရဲများကို လေထဲတွင်ရစ်ပတ်လိုက်သည်။ သူမသည် သူတို့ကို အဆိပ် ဖြေဆေးကျွေးပြီး အဆိပ်ပြေသွားသည်နှင့် သူတို့သည် သူမဘေးတွင်ရပ်လိုက် ကြသည်။

ရှောင်ဟုသည် ကလေးတစ်ယောက်အသွင်ပြောင်းပြီး သူမဘေးတွင်ရပ် လေသည်။

“မင်း တော်တော်ပင်ပန်းသွားမှာပဲ တော်တယ်” ရှီမာယူယူသည် ရှောင်ဟု ၏ ခေါင်းကိုပုတ်ပေးပြီး ချီးကျူးပေးလိုက်သည်။

ထိုလူများသည် ရှောင်ချီတို့ကိုအဆိပ်ခတ်ခဲ့ပြီး ထိုအဆိပ်သည် ပြင်းလှ သည်။ ထိုအဆိပ်မိသူသည် အပင်မျိုးစိတ်ဖြစ်စေ၊ တိရိစ္ဆာန်မျိုးစိတ်ဖြစ်စေ ဝိညာဉ်စွမ်းအင်များ အသုံးပြုနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ရှောင်ဟုသည် သူတို့ကို တစ်ချိန်လုံးကာကွယ်နေရသူဖြစ်သည်။

ရှောင်ဟုသည် ချီးကျူးခံလိုက်ရသော်လည်း မပျော်ရွှင်တော့ပေ “ရှောင်ဟုက အခုထိမသန်မာသေးလို့ပါ”

သူသာ ပိုသန်မာလျှင် မည်သူမှထိခိုက်မည်မဟုတ်ပေ။

“အခုကိုတော်နေပါပြီ” ရှီမာယူယူ ဆက်ပြောလေသည် “ခဏနေ မိုးကြိုး ဘေးဒုက္ခစတာနဲ့ မင်းတို့တွေ အကုန်ပြန်လိုက်ကြ.. အခုတော့ အဲလူတွေ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အချိန် ဖြစ်သွားတဲ့ အကျည်းတန်တဲ့ မျက်နှာတွေ ကို ကြည့်သွားလိုက်ဦး”

“မင်းက ဘယ်သူလဲ ဘာလို့မိုးကြိုးဘေးဒုက္ခကိုစတာလဲ” လူတစ်ယောက် သည် အော်လေသည်။

သွေးရူးသွေးတန်းဖြစ်နေသူများသည် တိတ်ဆိတ်သွားကာ ရှီမာယူယူကို စတင်နာကြည်းတော့သည်။

“ဟွန်း” ရှီမာယူယူသည် နှာမှုတ်လိုက်သည်။ တွေးလိုက်သည်နှင့် ပုလ္လင် ငယ်သည် သူမ၏အနောက်တွင်ပေါ်လာသည်။ သူမသည် မှီထိုင်ကာ အောက်မှ လူများကိုကြည့်လိုက်သည် “ဒီလိုကလေးဆန်တဲ့မေးခွန်းမမေးခင် မင်းတို့ မွေးလာတုန်းက ဦးနှောက်ပါလာလားလို့ မေးကြည့်ဖူးလား.. မင်းတို့က ငါ့ရဲ့ စာချုပ်သားရဲတွေကိုအဆိပ်ခတ်ပြီး သတ်ဖို့ကြိုးစားခဲ့တယ်.. ဒီမေးခွန်းကိုမေးရ မယ့်သူကငါပဲ.. ပြောပါဦး ဒီမိုးကြိုးဘေးဒုက္ခကို ငါ ဘာလို့ခေါ်လိုက်တာလဲ”

“မင်း…”

“ငါကဘာဖြစ်လို့လဲ.. ငါ့စာချုပ်သားရဲတွေကို သတ်ဖို့လုပ်တုန်းကကျ တစ်ယောက်ယောက်က မင်းတို့ကိုပြန်သတ်မှာကို မတွေးဖူးဘူးလား” ရှီမာယူ ယူသည် သူတို့ပြန်မဖြေခင်တွင် နှာမှုတ်လိုက်သည် “မင်းတို့တွေ နောက်ဆက် တွဲကိုခံနိုင်ပါ့မလားဆိုတာ မသိရုံပဲ”

“ငါတို့ ဘယ်သူလဲဆိုတာ မင်းသိလား.. မင်း ငါတို့အားလုံးကို သတ်လိုက် မယ်ဆိုရင် လက်စားချေခံရမှာမကြောက်ဘူးလား”

“မင်းတို့က ဘယ်သူတွေလဲဆိုတာ ငါကဘာလို့သိသင့်တာလဲ” ခရမ်းလေး သည် သူမ၏ရင်ခွင်ထဲတွင်ပေါ်လာကာ သူမသည် ခရမ်းလေး၏ကျောပြင်ကို ပွတ်သပ်ပြီး ပျင်းရိစွာကြည့်လေသည်။ သူမ၏မျက်နှာမှာပြုံးနေသော်လည်း ငရဲမီးပွင့်နေသည့် မန္တလာပန်းနှင့်တူလေသည်။ “မင်းတို့ရဲ့ သရုပ်မှန်က ဘယ် လိုပဲဖြစ်ဖြစ် ငါ့အတွက်တော့အတူတူပဲ ငါ့ရဲ့စာချုပ်သားရဲတွေကို လာထိတဲ့သူ တွေက ငါ့ရန်သူပဲ အဲဒီတော့ ဒီလိုကလေးကလားစကားတွေနဲ့ ငါ့ကိုလာမနှောင့် ယှက်နဲ့”

ဘေးဒုက္ခတိမ်တိုက် ပိုပို၍ထူထဲလာသည်မှာ မိုးကြိုးဘေးဒုက္ခသည် ပိုပို ပြီး အားကောင်းလာသည်ဟုဆိုလိုသည်။ သူတို့သည် ဉာဏ်နှင့်ပင် မဆင်ခြင် နိုင်တော့ဘဲ ကြောက်ရွံ့နေကြတော့သည်။ သူတို့သာ မလွတ်မြောက်နိုင်လျှင် မည်သို့ဖြတ်ကျော်ရမည်ကို မြင်ရတော့မည်။

မိုးကြိုးဘေးဒုက္ခသည် အထွတ်အမြတ်သမင်တောင်ရှိ အဖွဲ့ဝင်များ၏ အာရုံကိုဆွဲဆောင်နေလေသည်။ မိုးကြိုးဘေးဒုက္ခဤအဆင့်နှင့်ဆိုလျှင် အထွတ်အမြတ်သမင်တောင်တစ်ခုလုံး မိုးကြိုးအပစ်ခံရတော့မည်ဖြစ်သည်။

ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့ အော်လိုက်ကြသည် “မဖြစ်တော့ဘူး တစ်ယောက်ယောက်တော့ အမေ့ကို ဒေါသဖြစ်အောင်လုပ်လိုက်ပြီ” သူတို့ ပြောရင်းနှင့် နှစ်ယောက်လုံးသည် ဘေးဒုက္ခတိမ်တိုက်ဘေးသို့ ပျံသွားကြ၏။ ကျားနန်ရှင်းနှင့် ယန်ကျီတို့သည် သူတို့ကိုစိတ်ပူသဖြင့် နောက်မှလိုက်သွားကြ သည်။

ဝူရှောင်းသောင့်နှင့် ဝူချီယောင်တို့သည် တိမ်တိုက်ပေါ်သို့ရောက်သော အခါ လူများဖြင့်ပြည့်နေသည့်လွင်ပြင်ကိုကြည့်ပြီး စိတ်ပူသွားသည်။

“ရှောင်းယောင်ယောင် အမေအဆင်ပြေရဲ့လား”

“အင်း”

ထိုလူများ ရှီမာယူယူကို ဒေါသထွက်အောင် မည်သို့လုပ်လိုက်သည်ကို ဝူချီယောင်မသိပေ။ သို့သော် သူမသည် အလွန်ဒေါသထွက်၍သာ သူတို့ကို ကိုင်တွယ်ရန် ဤနည်းလမ်းကိုသုံးသည်ကိုတော့သိသည်။

ဘေးဒုက္ခတိမ်တိုက်သည် မြေပေါ်ကိုပစ်ချတော့မည်။ ဤမိုးကြိုးသည် နတ်ဘုံတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

“ဘုန်း”

မိုးကြိုးစတင်ပစ်တော့သည်။ ထိုမိုးကြိုးသည် ရှီမာယူယူကို ပစ်ခြင်း မဟုတ်ဘဲ အောက်မှလူများကိုပစ်လိုက်ခြင်းဖြစ်သည်။

ပထမအချက်ပြီးသည်နှင့် ဒုတိယအချက် တတိယအချက်များသည် မိုးရွာ သကဲ့သို့ပင် ဆက်တိုက်ကျလာသည်။ ထိုမြင်ကွင်းသည် ဘေးမှရပ်ကြည့်သူများ ကို ထိတ်လန့်သွားစေသည်။

ရှီမာယူယူသည် ပုလ္လင်ငယ်တွင်ထိုင်ပြီး ထိုလူများ၏ တုံ့ပြန်မှုအမျိုးမျိုးကို စောင့်ကြည့်နေသည်။ သူမဆီသို့ကျရောက်သော မိုးကြိုးသွားများကို ခရမ်း လေးမှစုပ်ယူလေသည်။ ခါတိုင်းလိုပင် မိုးကြိုးသွားသည် သူမကိုကွေ့ပတ်သွား ပြီး ဝိညာဉ်ကန်ထဲသို့ဝင်ရောက်သွားလေသည်။ မိုးကြိုးအပစ်ခံရသူ တခြားသူ များမှာ မီးသွေးခဲဖြစ်သွားသော်လည်း သူမသည် အဆင်ပြေနေတုန်းပင်။

“အမေ့ရဲ့အင်္ကျီတွေက မိုးကြိုးဘေးဒုက္ခကိုခံနိုင်အောင် သန့်စင်ထားတာပဲ ဘာလို့ မီးလောင်သွားတာလဲ” ဝူရှောင်းသောင့်သည် ဂုဏ်ယူစွာပြောလေသည်။

မိုးကြိုးဘေးဒုက္ခအလယ်တွင်ရှိနေသည့် ရှီမာယူယူကို ကျားနန်ရှင်း ကြည့်ပြီး သူ၏ဆရာဦးလေးကို မည်သို့တွေးရမည်ကို မသိတော့ပေ။ သူသည် လျှို့ဝှက်ဂိုဏ်း၏ ပြီးခဲ့သည့်စာမေးပွဲများကို ပြန်တွေးပြီး သူမ၏လက်ရှိအင်အား နှင့်ယှဉ်ကြည့်ရာ ထိုလူများကို သနားမိသည်။

သူတို့သည် တခြားသူများကို ရန်စလျှင်တောင် သူမကိုရန်မစသင့်ပေ။

မိုးကြိုးဘေးဒုက္ခသည် တစ်နေကုန်ပစ်ကာ သူတို့ကိုသေအောင်ပစ်ပြီးမှ တိမ်တိုက်ဝိညာဉ်ထွက်သွားလေသည်။

ထိုအချိန်တွင် မိုးကြိုးသည် မြေပေါ်မှ လူပေါင်းထောင်ချီကို လောင်ကျွမ်း စေခဲ့သည်။ ရှီမာယူယူသည် ထပြီး ပုလ္လင်ငယ်ကိုသိမ်းကာ လက်ထဲတွင် ခရမ်း လေးကိုဖက်ထားရင်းနှင့် တိုးညင်းစွာပြောလေသည် “ငါလည်း လျှပ်စီးမစုပ်ယူ ရတာကြာပြီဆိုတော့ မကျေနပ်တဲ့လူတွေ ငါ့ကို လာရှာလို့ရတယ်” သူမသည် ပြောပြီးနောက် ရုတ်တရက် ဝူရှောင်းသောင့်တို့ရှေ့တွင်ပေါ်လာကာ သူတို့ကို ခေါ်သွားပြီး ငရဲပြင်ကြီးကို ချန်ထားခဲ့လေတော့သည်။

***

All Chapters