← Chapters

ဖိတ်ခေါ်မထားသော

Vol. 59 Ch. 820

ဖိတ်ခေါ်မထားသော

Vol. 59 Ch. 820

ယခင်က စစ်ထူရီရှောင်၏ မွေးနေ့ပွဲသည် အခမ်းအနားကြီးတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ယခုနှစ်တွင် စစ်ထူမျိုးနွယ်သည် ပို၍ပင် အင်အားကြီးလာခဲ့၏။ ထို့ကြောင့် စစ်ထူရီရှောင်က စားသောက်ပွဲကြီးတစ်ပွဲ မကျင်းပလျှင်လည်း အလုပ်များနေ၍ဟု နားလည်ပေးနိုင်သည်။ သို့သော် ချမ်ဝမ်ကွမ်းက ဖိတ်စာများ စတင်ပို့လိုက်သောအခါ ရှန်းစီမြို့သည် ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်လာလေသည်။

နဂါးပျံကုန်သည်အဖွဲ့အစည်းကို တည်ထောင်ပြီးကတည်းက မျိုးနွယ်(၁၃)ခုမှ သခင်လေးများနှင့် သခင်မလေးများသည် ရှန်းစီမြို့တွင် နေနေခဲ့ကြ၏။ ထိုသို့ နေနေရသည့် ပထမအကြောင်းမှာ သူတို့ စီးပွားရေးတွင် ဝင်ပါကာ အတွေ့အကြုံရနိုင်ရန် ဖြစ်သည်။ ဒုတိယအကြောင်းမှာ သူတို့ ချမ်ဝမ်ကွမ်း၊ စစ်ထူရီရှောင်တို့နှင့် ပို၍ ရင်းနှီးလာရန် ဖြစ်သည်။ စစ်ထူရီရှောင်မှာမူ နဂါးပျံကုန်သည်အဖွဲ့အစည်း၏ အမည်ခံ ဥက္ကဋ္ဌသာဖြစ်သည်။

မျိုးနွယ်အသီးသီးမှ သခင်လေးများနှင့် သခင်မလေးများသည် ဖိတ်စာရသောအခါ စစ်ထူရီရှောင်အတွက် မွေးနေ့လက်ဆောင် ပြင်ဆက်ရန် လူများကို ချက်ချင်း စေလွှတ်လိုက်ကြသည်။ သူတို့သည် စစ်ထူရီရှောင်ကို လျစ်လျူမရှုဝံ့ပေ။ သူနှင့် ချမ်ဝမ်ကွမ်းက မျိုးနွယ်တစ်ခုကို စီးပွားရေးလုပ်ငန်းများအတွင်းမှ ထုတ်လိုက်လျှင် မည်သို့ လုပ်မည်နည်း။ သို့ဆိုလျှင် သူတို့ သေချာပေါက် အဆုံးအရှုံး ကြီးမားသွားပေလိမ့်မည်။ လက်ရှိတွင် လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်နှင့် အခြားမျိုးနွယ်သုံးခုသည် သူတို့နှင့် ယှဉ်ပြိုင်နေပေသည်။ သို့သော် ထိုမျိုးနွယ်များက သူတို့ကို မနာလိုဖြစ်နေကြပြီး သူတို့နှင့် ပူးပေါင်းလိုနေကြသည်။

စစ်ထူရီရှောင်က နန်ကုန်းမုယွီနှင့် နန်ကုန်းမျိုးနွယ်မှ မုဆိုးမတစ်ယောက်ကိုပါ ဖိတ်ကြားလိုက်သောအခါ လူတော်တော်များများ နားမလည်နိုင်ဖြစ်သွားကြသည်။ သို့သော် သူသည် လဲ့ချီရန်နှင့် လဲ့စစ်ဟန်တို့ကိုမူ မဖိတ်ကြားခဲ့ပေ။ လုမျိုးနွယ်၏ သခင်မလေးလုယွီသည်လည်း ဖိတ်စာ မရခဲ့ချေ။

မြို့မှ လူအားလုံးသည် စစ်ထူရီရှောင်က ယဉ်ကျေးပျူငှာသူတစ်ယောက်ဟု သိထားကြ၏။ သူသည် မည်သည့်အခါတွင်မှ လူတစ်ယောက်ကို တမင် စော်ကားမည် မဟုတ်ပေ။ သို့သော် သူသည် ဤတစ်ခေါက်တွင် ဟန်ဆောင်ဖော်ရွေပြရန်ပင် ဂရုမစိုက်တော့ချေ။ သူသည် ထိုမျိုးနွယ်များကို လုံးဝ မျက်နှာသာ မပေးခဲ့ချေ။ ထို့ကြောင့် မျိုးနွယ်(၇)ခုမှ သခင်လေးများ၊ သခင်မလေးများသည် ပို၍ပင် စိတ်လှုပ်ရှားလာကြ၏။ စစ်ထူမျိုးနွယ်သည် လဲ့မျိုးနွယ်ကို စစ်ကြေညာနေခြင်းလော။

လူအချို့သည် လဲ့ချီရန်၏ မင်္ဂလာကိစ္စကမ်းလှမ်းမှုအကြောင်းကို ချက်ချင်း တွေးမိသွားကြ၏။ ထိုကိစ္စသည် စစ်ထူရီရှောင်က နန်ကုန်းမျိုးနွယ်၏ မုဆိုးမကို ဖိတ်ကြားလိုက်သောအခါ ပို၍ရှင်းလင်းသွားသည်။ စစ်ထူရီရှောင်သည် လဲ့ချီရန်နှင့် ပတ်သတ်၍ အလွန်မကျေမနပ်ဖြစ်နေပြီး ဤအခွင့်အရေးကို အသုံးချ၍ လဲ့မျိုးနွယ်နှင့် နန်ကုန်းမျိုးနွယ်တို့၏ မဟာမိတ်ကို နှောင့်ယှက်လိုနေပုံပင်။ သူသည် အခွင့်အရေးကို နန်ကုန်းမျိုးနွယ်ထံ ပေးလိုက်ကြောင်း ထင်ရှားသည်။ ထိုအခွင့်အရေးကို ဆုပ်ကိုင်၊ မဆုပ်ကိုင်မှာ နန်ကုန်းမျိုးနွယ်အ‌ပေါ်တွင်သာ မူတည်ပေသည်။

လဲ့မျိုးနွယ်က အလွန်အေးချမ်းနေပြီး မည်သည့် တုံ့ပြန်မှုမှ မပြပေ။ သို့သော် စားသောက်ပွဲ မစမီ တစ်နာရီအလိုတွင် လဲ့မျိုးနွယ်က သူတို့၏ ဂိတ်တံခါးများကို ဖွင့်လိုက်၏။ ခမ်းနားသော ရထားလုံးနှစ်စင်း ထွက်လာပြီး နန်ကုန်းမျိုးနွယ်ကို ဦးတည်သွားလိုက်၏။ တစ်နာရီကြာပြီးနောက် နန်ကုန်းမျိုးနွယ်၏ ဂိတ်တံခါးလည်း ပွင့်လာပြီး ရထားလုံးခြောက်စင်းထွက်လာကာ စစ်ထူအိမ်တော်သို့ ဦးတည်သွားလိုက်ကြလေသည်။

“ဘာ...”

ကျန်းရဲတိုက်အတွင်း၌ ကျန်းရီသည် အစောင့်တစ်ယောက်၏ တင်ပြချက်ကို ကြားလိုက်သောအခါ မျက်စိမျက်နှာ ပျက်သွားလေသည်။ လဲ့ချီရန်သည် မဖိတ်ဘဲ ရောက်လာပေပြီ။ ထို့ပြင် သူသည် အစ်မကြီးဆည်းလည်းနှင့် စုံတွဲ တက်ရောက်ခြင်းပင်။ ယခုတွင် သူတို့သည် စစ်ထူရီရှောင်၏ ရှောင်ရဲတိုက်ထဲတွင် ရှိနေကြ၏။ လဲ့စစ်ဟန်နှင့် လုယွီတို့ကလည်း မဖိတ်ဘဲ ရောက်လာကြသည်။ စစ်ထူရီရှောင်သည် ရွေးချယ်စရာမရှိတော့သဖြင့် သူတို့ကို ကြိုဆိုလိုက်ရလေသည်။ သူသည် သူတို့ကို မောင်းထုတ်၍ မရပေ။

“သခင်လေးကျန်း... သခင်လေးကျန်း အဲ့ကို သွားချင်လားလို့ သခင်‌လေးချမ်က မေးပါတယ်”

အစောင့်က လက်ဆုပ်၍ ပြောလိုက်သည်။

“ဒါပေါ့... ငါ သွားရမှာပေါ့”

ကျန်းရီက အေးစက်စက် ပြန်ပြောလိုက်၏။ သူ ဖုန်းလန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဖုန်းအာ... အဝတ်အစားလဲပြီး ငါနဲ့ လိုက်ခဲ့”

ဖုန်းလန်က ထရပ်လိုက်ပြီး သူမ၏အခန်းထဲသို့ ဝင်သွားလေသည်။ ချင်းယွီ၏ မျက်ဝန်းများထဲတွင် ခါးသက်မှုအရိပ်အယောင်များ ရှိနေ၏။ သို့သော် သူမသည် ၎င်းအရိပ်အယောင်များကို ရှင်းရှင်းလင်းလင်း မပြဝံ့ချေ။ ကျန်းရီသည် ဟွမ်ဖူထောင်ထျန်း၏ အခန်းထဲသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်ကာ အသံပို့လွှတ်လိုက်သည်။

“အစ်ကိုဟွမ်ဖူ... ဒီနေ့က ရီရှောင်ရဲ့ မွေးနေ့ပဲ။ အစ်ကို‌ရော သွားချင်လား”

“ကောင်းပြီ...”

ဟွမ်ဖူထောင်ထျန်းက မျက်လုံးများ ဖွင့်လိုက်ကာ ကျင့်ကြံခြင်း ရပ်လိုက်သည်။ ပြီးခဲ့သောလပိုင်းအတွင်း သူ၏ စစ်ထူရီရှောင်အပေါ် အမြင်က များစွာပြောင်းလဲသွားခဲ့သည်။ လက်ရှိတွင် သူသည် စစ်ထူမျိုးနွယ်၏ ခြံဝန်းထဲတွင် နေထိုင်နေပြီဖြစ်သည်။ သူ စစ်ထူရီရှောင်ကို ဂုဏ်ပြုစကား သွားမပြောလျှင် မျက်နှာပျက်စရာ ဖြစ်ပေလိမ့်မည်။

ဟွမ်ဖူထောင်ထျန်းက ခပ်သွက်သွက် ထွက်လာ၏။ ဖုန်းလန်သည်လည်း ပွဲတက်ဝတ်စုံ လဲပြီးပေပြီ။ သူမသည် အဖိုးတန် လက်ဝတ်လက်စားများစွာ ဝတ်ဆင်ထားသဖြင့် အလွန် မျက်စိကျဖွယ်ကောင်းနေ၏။ ကျန်းရီက လက်ဟန်ပြကာ ပြောလိုက်သည်။

“သွားကြစို့...”

“သခင်လေးရော အဝတ်အစား မလဲတော့ဘူးလား”

ဖုန်းလန်က ချီတုံချတုံဖြင့် ပြောလိုက်သည်။ ကျန်းရီ ပြုံးလိုက်၏။

“တကယ်တော့... ငါက ပွဲကို သွားပြီး ပြဿနာအကြီးကြီး ရှာမလို့ပဲ”

ဖုန်းလန်နှင့် ချင်းယွီတို့ မျက်လုံးပင့်လိုက်ကြသည်။ ကျန်းရီသည် စစ်ထူရီရှောင်၏ မွေးနေ့ပွဲတွင် ပြဿနာရှာဝံ့သော တစ်ဦးတည်းသောသူ ဖြစ်နိုင်ပေသည်။ ကျန်းရီတို့သုံးယောက်သည် အစောင့်များစွာ ခေါ်ဆောင်ကာ ကျန်းရဲတိုက်ထဲမှ ထွက်၍ သူတို့ဘေးရှိ ရှောင်ရဲတိုက်သို့ ဦးတည်သွားလိုက်လေသည်။

စစ်ထူရီရှောင်က တံခါးဝတွင် ဧည့်သည်များကို ကြိုဆိုနေ၏။ စစ်ထူရီနျန်နှင့် ချမ်ဝမ်ကွမ်းတို့ကိုမူ မတွေ့ရပေ။ သူတို့သည် ရဲတိုက်ထဲတွင် ဧည့်သည်များကို ဧည့်ခံနေခြင်း ဖြစ်ပေမည်။ စစ်ထူရီရှောင်သည် ကျန်းရီတို့ကို မြင်လိုက်သောအခါ ခါးသက်သက်ပြုံး၍ ကြိုဆိုလိုက်၏။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျန်းရီ... အစက အစ်ကိုက အစ်ကို့မွေးနေ့ပွဲကို ခပ်သေးသေးပဲ လုပ်ချင်ခဲ့တာ။ ဝမ်ကွမ်းက စားသောက်ပွဲ ကျင်းပမယ်လို့ ပြောကတည်းက တစ်ခုခုတော့ တစ်ခုခုပဲလို့ အစ်ကို ထင်သား။ ထားလိုက်ပါတော့... ညီလေးတို့က ကစားချင်မှတော့ အစ်ကိုခွင့်ပြုလိုက်ပါမယ်။ အစ်ကို့အတွက် မစိုးရိမ်ပါနဲ့။ ကိုယ့်ကို ပါးလာရိုက်တဲ့သူကို နားတော့ပြန်ကိုက်ရမှာပေါ့။ ဒီအတိုင်း လွှတ်ပေးလိုက်ရင် အဲဒီသူက သူ့ကိုယ်သူ အထင်ကြီးသွားလိမ့်မယ်”

“ဟားဟားဟား...”

ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့က ရယ်လိုက်ကြသည်။ စစ်ထူရီရှောင်က အမှန်ပင် ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ပြီး ကျန်းရီကို သူ၏ညီလေးအရင်းတစ်ယောက်ကဲ့သို့ ဆက်ဆံပေသည်။ သူတို့သည် တူညီသော ရန်သူကို အတူတကွ ရင်ဆိုင်ကြတော့မည် ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်အပေါ်တစ်ယောက် အပြစ်ပြုမိမည်ကို တွေးပူနေစရာ မလိုတော့ပေ။

ကျန်းရီက စစ်ထူရီရှောင်၏ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

“နောက်ကျ ကျွန်‌တော်တို့ ညီအစ်ကိုတွေ အတူတူ သောက်ကြတာပေါ့။ အစ်ကိုလည်း အစ်ကို့မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲရဦးမယ်မလား။ ကျွန်တော် မွေး‌နေ့လက်ဆောင်တောင် သေချာ ပြင်ဆင်ချိန်မရလိုက်ဘူး။ အဲ့ဒါကြောင့် ကျွန်တော် အစ်ကို့အတွက် အထူးပန်းချီကားတစ်ချပ် ဆွဲလာပါတယ်”

“ဟီးဟီး...”

စစ်ထူရီရှောင်က ချက်ချင်း ဝမ်းသာသွားပြီး ကျန်းရီအနောက်ရှိ အစောင့်ထံမှ ပန်းချီကားကို လက်ခံလိုက်လေသည်။ သူက ပန်းချီကားကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ပြီး မျက်နှာဝင်းပသွားသည်။ ထိုပန်းချီကားသည် စစ်ထူရီရှောင်၏ ပုံတူပန်းချီကားပင်။ ထို့ပြင် ပန်းချီကားထဲမှပုံမှာ သူ ကောင်းကင်ကံကြမ္မာပေါ်တွင် တိုက်ပွဲကို စိတ်အားထက်သန်စွာ အမိန့်ပေးနေပုံဖြစ်သည်။ သူနှင့် ခပ်လှမ်းလှမ်းနေရာတွင် နတ်ဆိုးကျွန်း ရှိနေသည်။ ပင်လယ်ပြင်ပေါ်တွင် လူ‌ပေါင်းများစွာ တိုက်ခိုက်နေ၏။ ဟွမ်ဖူထောင်ထျန်းက ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံတက်နေပြီး မိုလုံကို သူ၏ မိုးကြိုးဓားဖြင့် ခုတ်နေသည်။ ထိုမြင်ကွင်းက လွန်စွာ ကြီးကျယ်ခမ်းနားလှ၏။ ပန်းချီကားထဲရှိ လူအားလုံးကို အသေးစိတ် ရေးဆွဲထားသည်။ ထိုပန်းချီကားသည် ပန်းချီစွမ်းရည်ဖြင့်ပင် အလွန်အဖိုးတန်နေပြီဖြစ်ပြီး တာအိုပုံသဏ္ဌာန်လည်း ပါပေသေးသည်။ အရေးအပါဆုံး အချက်မှာ စစ်ထူရီရှောင်က ထိုပန်းချီကား၏ ဇာတ်လိုက် ဖြစ်နေခြင်းပင်။

“ကောင်းတယ်...ကောင်းတယ်...”

စစ်ထူရီရှောင်က အကြိမ်အနည်းငယ် ရယ်လိုက်၏။ ထို့နောက် သူသည် ပန်းချီကားကို ကျေနပ်သည့် မျက်နှာထားဖြင့် နှစ်ကြိမ်၊ သုံးကြိမ် ထပ်ကြည့်ကာ ပြန်လိပ်လိုက်ပြီး သူ့ဘေးမှ လက်အောက်ငယ်သားတစ်ယောက်ကို ပေးလိုက်လေသည်။

“အစ်ကို့ ဘဝတစ်လျှောက်လုံး ရဖူးတဲ့မွေးနေ့လက်ဆောင်တွေထဲမှာ ဒါက အကောင်းဆုံး မွေးနေ့လက်ဆောင်ပဲ။ ဒီပန်းချီကားနဲ့တင် ဘာအခက်အခဲပဲဖြစ်ဖြစ် ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီ”

ဟွမ်ဖူထောင်ထျန်းက ဆက်မအောင့်ထားနိုင်‌တော့ဘဲ စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကျန်းရီ... ညီလေးက အစ်ကို့ကိုရော လက်ဆောင် မပေးတော့ဘူးလား”

ကျန်းရီ ပြုံးလိုက်၏။

“နောက်ကျရင် အစ်ကို့အတွက်လည်း ပန်းချီကားတစ်ချပ် ဆွဲပေးပါမယ်။ အရင် ဝင်သွားကြတာပေါ့”

ကျန်းရီတို့သုံးယောက်သည် ရဲတိုက်အတွင်းသို့ လျှောက်ဝင်သွားလိုက်ကြ၏။ သူတို့၏ လက်အောက်ငယ်သားများက အတွင်းသို့ ဝင်ရန် အဆင့်မမီသဖြင့် အပြင်ဆောင်တွင်သာ စောင့်နေခဲ့ရသည်။

အတွင်း‌ဆောင်၏ အငွေ့အသက်က လွန်စွာ ကြီးကျယ်ခမ်းနားလှ၏။ စစ်ထူရီနျန်နှင့် ချမ်ဝမ်ကွမ်းတို့သည် ဧည့်သည်များကို ဧည့်ခံနေ၏။ ခန်းမအလယ်တွင် မိန်းမပျိုလေးများက ကပြဖျော်ဖြေနေကြသည်။ သခင်လေးများနှင့် သခင်မလေးများကလည်း သေရည်ခွက်များ မြှောက်ကာ ဂုဏ်ပြုနေကြသည်။

ကျန်းရီ ဝင်သွားသည့်အခိုက်တွင် အငွေ့အသက်က အတန်ငယ် အေးစက်သွား၏။ သူသည် အထဲသို့ ရောက်သွားသည်နှင့် လဲ့ချီရန်ကို စိုက်ကြည့်လိုက်၏။ လဲ့ချီရန်ကလည်း သူ့ကို ပြန်စိုက်ကြည့်နေသည်။ သူတို့နှစ်ယောက်စလုံး၏ အကြည့်များထဲတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေလေသည်။ သူတို့၏အငွေ့အသက်က ပတ်ဝန်းကျင်ကို တိတ်ဆိတ်သွားစေ၏။

ကျန်းရီသည် လဲ့ချီရန်ကို အကြိမ်အနည်းငယ် စူးစူးဝါးဝါးကြည့်လိုက်ပြီးနောက် ဘေးသို့ အကြည့်လွှဲလိုက်သည်။ သူသည် လဲ့ချီရန်ဘေးတွင် ထိုင်နေသည့် အနက်ရောင်ပွဲတက်ဝတ်စုံ ဝတ်ဆင်ထားပြီး မျက်နှာတွင် ပဝါရှည်ချုံထားသော အမျိုးသမီးကိုတွေ့လိုက်သောအခါ မျက်နှာထား ပို၍ပင် အေးစက်သွားလေသည်။

အစ်မကြီးဆည်းလည်း ရောက်လာပေပြီ။ ထို့ပြင် သူမသည် လဲ့ချီရန်နှင့် တစ်စားပွဲတည်း ထိုင်နေသည်။ အစ်မကြီးဆည်းလည်းက ခေါင်းငုံ့ထားသဖြင့် သူမ၏မျက်နှာကို မမြင်ရပေ။ လဲ့ချီရန်သည် ကျန်းရီကို ပါးရိုက်နိုင်လိုက်ပေပြီ။

ကျန်းရီက အစ်မကြီးဆည်းလည်းကို ကြည့်လိုက်ချိန်တွင် လဲ့ချီရန်သည် လက်ဆန့်ကာ အစ်မကြီးဆည်းလည်း၏ ကျောက်စိမ်းကဲ့သို့သော လက်လေးကို ပွတ်သပ်ကိုင်တွယ်လိုက်သည်။ အစ်မကြီးဆည်းလည်း၏ သေးသွယ်သော ခန္ဓာကိုယ်လေး တုန်ယင်သွား၏။ သို့သော် သူမသည် ခေါင်းပိုငုံ့လိုက်ရုံမှလွဲ၍ အခြားခုခံသည် လက္ခဏာ မရှိပေ။

“ဟားဟားဟား...”

ကျန်းရီသည် လဲ့ချီရန်၏ ရန်စသည့်အကြည့်ကို တွေ့သောအခါ ဒေါသဖြင့် ရယ်လိုက်သည်။ သူသည် သတ်ဖြတ်လိုစိတ်ကို ဆက်၍ ထိန်းချုပ်မထားနိုင်တော့ပေ။ သတ်ဖြတ်လိုသည့်အရှိန်အဝါသည် သခင်လေးများနှင့် သခင်မလေးများကို ဖိနှိပ်သွား၏။ သူတို့သည် အသက်ပြင်းပြင်းပင် မရှူဝံ့ကြပေ။

“ညီလေးကျန်း... အရင် ထိုင်လိုက်ပါဦး”

စစ်ထူရီရှောင်က သိမ်မွေ့စွာ ပြောလိုက်ပြီး အခြေအနေကို ပြန်ထိန်းလိုက်သည်။ စစ်ထူရီရှောင်သည် မိမိဘက်ကစ၍ ပြဿနာမရှာရန် ပြောခြင်းဖြစ်ကြောင်း ကျန်းရီ သိပေသည်။ သူ့ဘက်ကသာ စ၍ပြဿနာရှာမိလျှင် လဲ့မျိုးနွယ်သည် ထိုအခွင့်အရေးကို အသုံးချကာ ပဋိပက္ခများ ပိုဖန်တီးသွားနိုင်ပေလိမ့်မည်။

ထို့ကြောင့် ကျန်းရီသည် ဒေါသကို အတင်းမျိုသိပ်၍ ညာဘက်ရှိ သူ့အတွက်စားပွဲနေရာသို့ ချမ်ဝမ်ကွမ်းနှင့်အတူ ပခုံးချင်းယှဉ်သွားလိုက်သည်။ ဖုန်းလန်က သူ၏ညာဘက်တွင် ထိုင်၏။ ချမ်ဝမ်ကွမ်းသည် အဆင့်အတန်းမြင့်မားသူတစ်ယောက် ဖြစ်နေပြီဖြစ်သော်လည်း ကျန်းရီဘေးတွင် ထိုင်လိုနေသည်။ ထို့ကြောင့် သခင်လေးများနှင့် သခင်မလေးများသည် ကျန်းရီကို ပို၍ပင် အထင်ကြီးသွားကြသည်။

လဲ့ချီရန်က အရေးမစိုက်ဟန် ပြုံးလိုက်ပြီး လှည့်ပတ်ကြည့်လိုက်သည်။ ရုတ်တရက် သူသည် ဘေးရှိ အစ်မကြီးဆည်းလည်းကို နူးညံ့စွာ ပြောလိုက်၏။

“ချီလင်း... မင်းနဲ့ သခင်လေးကျန်းက မိတ်ဆွေဟောင်းတွေလို့ ငါကြားတယ်။ အခု သခင်လေးကျန်းကလည်း ဒီမှာရှိနေမှတော့ မင်း သူ့ကို သွားမနှုတ်ဆက်တော့ဘူးလား”

ကျန်းရီ၊ ဟွမ်ဖူထောင်ထျန်း၊ ချမ်ဝမ်ကွမ်းနှင့် စစ်ထူရီရှောင်တို့သည် တစ်ပြိုင်တည်း မျက်ခုံးပင့်လိုက်ကြ၏။ သူတို့ အေးစက်စက် ပြုံးလိုက်ကြသည်။ မျှော်လင့်ထားသလိုပင် လဲ့ချီရန်သည် ပြဿနာရှာရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်ပေသည်။

***

All Chapters