မိန်းမ
Vol. 60 Ch. 824
တိုက်ပွဲရဲတိုက်ထဲတွင် ကျောက်လှေကားများမှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။ ထောင့်တစ်နေရာတွင် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုနှင့် အကြီးအကဲတစ်ယောက်သာ ရှိပေသည်။ စစ်ထူရီရှောင်က ကျန်းရီတို့ကို တည်နေရာပြောင်းရွှေ့အစီအရင်အတွင်းသို့ ဦးဆောင်ခေါ်သွား၏။ ထို့နောက် အကြီးအကဲ၏လက်က သက်တန့်ရောင်အလင်း တောက်ပလာပြီး တည်နေရာပြောင်းရွှေ့အစီအရင်အတွင်းသို့ ရိုက်ချလိုက်သည်။ တည်နေရာပြောင်းရွှေ့အစီအရင်လည်း သက်တန့်ရောင် လင်းလက်လာကာ ကျန်းရီတို့သည် တိုက်ပွဲရဲတိုက်အတွင်းမှ ပျောက်ကွယ်သွားကြလေသည်။
“အာ...”
တည်နေရာပြောင်းရွှေ့ပြီးနောက်တွင် ကျန်းရီသည် နန်ကုန်းမျိုးနွယ်၏ ဆန်းကြယ်နယ်မြေနှင့် ဆင်တူသော ထူးဆန်းသည့် နယ်မြေတစ်ခုဆီ ရောက်သွားလေသည်။ နေရာအနှံ့တွင် မျောလွင့်နေသော ကျောက်တုံးကြီးများ ရှိနေ၏။ သူတို့သုံးယောက်သည် ကျောက်တုံးတစ်တုံးစီပေါ်သို့ ရောက်နေခြင်းပင်။ သို့သော် ဤကျောက်တုံးများတွင် အကာအရံမရှိပေ။ သူတို့ပတ်ပတ်လည်တွင် အမှောင်ထုသာ ရှိနေသည်။
“ကျန်းရီ... ခဏနေရင် ထူးဆန်းတာတွေကို တွေ့ရလိမ့်မယ်။ ဘာမှ စိုးရိမ်စရာ မလိုပါဘူး။ ဒီထဲက အရာအားလုံးက ပုံရိပ်ယောင်တွေပဲ... အဲ့ဒါတွေက အစ်ကိုတို့ကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ပါဘူး”
စစ်ထူရီရှောင်၏အသံ ပဲ့တင်ထွက်လာ၏။ ဟွမ်ဖူထောင်ထျန်းက ခေါင်းညိတ်လိုက်ပြီး ကျောက်တုံး၏ အလယ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူတို့၏ မျက်နှာများက တည်ငြိမ်နေပြီး သူတို့၏မျက်လုံးများက အရောင်တောက်ပနေပေသည်။ ကျန်းရီကလည်း ပတ်ဝန်းကျင်ကိုကြည့်ရင်း တင်ပျဉ်ခွေထိုင်ချလိုက်သည်။
ရွှီး...
အရှေ့ဘက်မှနေ၍ တောက်ပသောအလင်းတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက်ချက်ချင်းပင် အာကာပြင်တစ်ခုလုံး လင်းထိန်သွားလေသည်။ ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုများ လျင်မြန်စွာ ဖြစ်ပေါ်လာပြီး ကန္တာရတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက အလွန် အစစ်နှင့်တူသဖြင့် သူတို့သုံးယောက်သည် အမှန်ပင် ကန္တာရထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
ဝှစ်...
အရှေ့ဘက်မှနေ၍ လေခွင်းသံ တစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင် စစ်သံချပ်ကာ ဝတ်ဆင်ထားသော သိုင်းသမားတစ်ယောက် လျင်မြန်စွာ ပျံသန်းလာလေသည်။ သူသည် ပျံသန်းနေရင်း အော်ပြောလိုက်၏။
“ကျန်းဟမ်... ငါတို့ တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးမရှိဘဲနဲ့ ဘာလို့ ငါ့နောက်ကို လိုက်နေရတာလဲ။ မင်းတို့ ကျန်းမျိုးနွယ်က လူတွေအကုန်လုံးက ဒီလိုလုပ်တတ်တဲ့သူတွေချည်းပဲလား”
ဝှစ်...
အရှေ့ဘက်မှနေ၍ နောက်ထပ် လေခွင်းသံတစ်သံ ထွက်ပေါ်လာပြီး ဝတ်ရုံဖြူဝတ်ဆင်ထားသည့် အသက်လတ်ပိုင်း ပညာရှင်တစ်ယောက် ပျံသန်းလာလေသည်။ ထိုပညာရှင်သည် ဧရာမကျောက်ဓားကြီးတစ်လက်ပေါ်တွင် ရပ်နေ၏။ ကျောက်ဓားကြီးသည် သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေပြီး ရှိန်လောက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။ ယင်းက ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုပင်။ အသက်လတ်ပိုင်း ပညာရှင်က ရက်စက်ဟန်ဖြင့် ရယ်ကာ ပြန်ပြောလိုက်သည်။
“လေအရိပ်တံဆိပ်ပြားကို ငါ့ကို ပေးလိုက်။ အဲ့ဒါဆို ငါ မင်းကို အသက်ချမ်းသာပေးမယ်။ မဟုတ်ရင်တော့ ဒီကန္တာရတောင်တန်းတွေက မင်းရဲ့ သင်္ချိုင်းမြေ ဖြစ်သွာလိမ့်မယ်”
“စိတ်ကူးယဉ်မနေနဲ့...”
အနက်ရောင် စစ်သံချပ်ကာနှင့် သိုင်းသမားက ဒေါသတကြီး ပြန်အော်ပြောလိုက်သည်။
“ဒါက ငါတို့မျိုးနွယ်ရဲ့ အမွေပစ္စည်းပဲ။ မင်းတို့ ကျန်းမျိုးနွယ်က ဒီလောက် အောက်တန်းကျလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။ ဒီနေ့ ငါသေရမယ်ဆိုရင်တောင် မင်းကိုပါ အပါခေါ်သွားမယ်”
အနက်ရောင် စစ်သံချပ်ကာနှင့် သိုင်းသမားက ဆက်၍ ထွက်မပြေးတော့ပေ။ သူ့လက်ထဲတွင် အစိမ်းရောင်တံဆိပ်ပြားတစ်ခု ထွက်ပေါ်လာ၏။ သူက ၎င်းထဲသို့ အတွင်းအား သွင်းလိုက်ရာ ၎င်းက လျင်မြန်စွာ ပြန့်ကားသွားလေသည်။ တံဆိပ်ပြား၏ အစွန်တွင် ထက်ရှသော ဓားသွားများစွာ ရှိပေသည်။ ထိုတံဆိပ်ပြားသည် သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေသဖြင့် ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။
“သေပေတော့...”
ကျန်းမျိုးနွယ်ပညာရှင်အောက်ရှိ ဧရာမကျောက်ဓားကြီးသည် ကောင်းကင်သက်တန့်တစ်ခုကဲ့သို့ ရုတ်တရက် ပျံထွက်သွားလေသည်။ ထို့နောက် ၎င်းသည် တူညီသော ဓားအရိပ် တစ်သောင်းအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး ကောင်းကင်ထဲတွင် ပျံဝဲနေကြလေသည်။ ကျောက်ဓားတစ်ချောင်းစီတိုင်းတွင် အံ့အားသင့်ဖွယ် အရှိန်အဝါရှိကြ၏။ ၎င်းဓားအရိပ်များသည် လွန်စွာအစစ်နှင့်တူပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်ဟု ခံစားရပေသည်။
“ဒီပုံရိပ်ယောင်က အစစ်နဲ့တူလွန်းတယ်...”
အစောက စစ်ထူရီရှောင်သာ ပြောမထားလျှင် သေချာပေါက် ကျန်းရီသည် ၎င်းတို့ကို အစစ်ဟု ထင်ပေလိမ့်မည်။ ထိုပုံရိပ်ယောင်အတတ်က အလွန်ပင် အစစ်နှင့် တူလှပေသည်။ ထို့ပြင် ကျောက်ဓားများမှ ထွက်ပေါ်လာသော အဖျက်စွမ်းအားက အလွန် ရှင်းလင်းသည်။ ထိုကြောက်မက်ဖွယ်အရှိန်အဝါသည် ကျန်းရီ၏ခန္ဓာကိုယ်ကို တောင့်တင်းသွားစေ၏။ သာမန်လူတစ်ယောက်ဆိုလျှင် သေလောက်အောင် ကြောက်ရွံ့သွားမည်ဖြစ်သည်။
ဝှစ်...
ဓားများစွာသည် စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့ ရှိရာဘက်သို့ ပျံသန်းသွားသည်။ ကျန်းရီသည် ထိုနှစ်ယောက်၏ တုံ့ပြန်ပုံကို ကြည့်လိုသော်လည်း သူ၏ခန္ဓာကိုယ်က မလှုပ်ပေ။ ထိုဓားများသည် အစစ်နှင့်တူသော်လည်း သူ့ရင်ထဲတွင် မည်သည့် သတိပေးချက်မှ ထွက်ပေါ်မလာသဖြင့် မည်သည့်အန္တရာယ်မှ မရှိလောက်ပေ။
မှန်ပေ၏။
ထိုဓားများသည် စစ်ထူရီရှောင်တို့ကို တိုက်ရိုက် ထိုးဖောက်သွားကာ အဝေးရှိ တောင်မြင့်တစ်လုံးဆီသို့ ဦးတည်ပျံသန်းသွားလေသည်။ တောင်ထွတ်များစွာ ရုတ်ခြည်း ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ထဲတွင် ကျောက်တုံး အပိုင်းအစများနှင့် ပြည့်နှက်သွားလေသည်။ ထို့ပြင် အာကာပြင်တွင်လည်း အက်ကြောင်းများ ထင်လာသည်။ လေအရိပ်တံဆိပ်ပြားနှင့် ဓားအရိပ်များ ထိခတ်သွားသောအခါ ကျယ်လောင်သော ပဲ့တင်သံ တစ်သံ ထွက်ပေါ်လာလေသည်။ လေအရိပ်တံဆိပ်ပြား၏ စွမ်းအားက ကြီးလှ၏။ ၎င်းသည် ဧရာမဓားများကို ဖျက်ဆီးပစ်လိုက်ပြီး ကျန်းမျိုးနွယ်ပညာရှင်ထံသို့ အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ဦးတည်ပျံသန်းသွားသည်။
“လေအသင်္ချေလား... အဖျက်စွမ်းအား...”
ကျန်းရီသည် ကျန်းမျိုးနွယ်ပညာရှင်၏ တိုက်ခိုက်မှုမှ တာအိုပုံသဏ္ဌာန်နှစ်ခုကို သတိပြုမိလိုက်ပြီး ဤဆန်းကြယ်နယ်မြေက အမှန်ပင် ကောင်းမွန်ကြောင်း စိတ်ထဲမှ အသိအမှတ်ပြုလိုက်လေသည်။ ၎င်းသည် အစစ်အမှန်နှင့်တူသော ပုံရိပ်ယောင်နယ်မြေတစ်ခုဖြစ်ကာ လူများကို တိုက်ခိုက်မှုများအတွင်းရှိ တာအိုပုံသဏ္ဌာန်များကို ရှင်းရှင်းလင်းလင်း သိမြင်စေပေသည်။ သို့သော် စစ်ထူမျိုးနွယ်သည် ဤတိုက်ပွဲကို မည်သို့ မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သူမသိပေ။ ဤတိုက်ပွဲက အရှေ့ဘက် တော်ဝင်နယ်မြေမှ တိုက်ပွဲဖြစ်ကြောင်း ထင်ရှားပေသည်။ သူတို့သည် ကောင်းကင်ကျောက်တုံးများစွာ သုံး၍ အရှေ့ဘက် တော်ဝင်နယ်မြေမှ ချိပ်စည်းကျောက်တုံးကို ဝယ်ခဲ့ခြင်းလော။
“ဟီးဟီး.. သေဖို့ အချိန်ကျပြီ၊ မူလဂိုဏ်းဓားများ...”
လေအရိပ်တံဆိပ်သည် အစိမ်းရောင်အလင်းကွေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျန်းမျိုးနွယ်ပညာရှင်ထံ ပျံသန်းသွား၏။ ကျန်းမျိုးနွယ်ပညာရှင်က ကြောက်ရွံ့သည့်အရိပ်အယောင်တစ်ခုပင် မပြပေ။ ဓားအရိပ် သောင်းချီသည် ပြန်လည်ပေါင်းစည်းသွားကာ ဧရာမကျောက်ဓားကြီး ပြန်ဖြစ်သွားပြီး အနက်ရောင် စစ်သံချပ်ကာနှင့် ပညာရှင်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်လေသည်။
ကျန်းမျိုးနွယ်ပညာရှင်၏ ဓားများသည် ခွဲထွက်ရာတွင် မြန်သလို ပြန်လည်ပေါင်းစည်းရာတွင်လည်း မြန်ပေသည်။ ပြန်လည်ပေါင်းစည်းပြီးနောက် ဓား၏အရှိန်က အဆအနည်းငယ်ပင် ပိုမြန်လာသည်။ အနက်ရောင် စစ်သံချပ်ကာနှင့် ပညာရှင်က မတုံ့ပြန်နိုင်သေးခင်မှာပင် ဓားက သူ၏နတ်ဘုရားဒိုင်းကို ထိမှန်သွားလေသည်။ နတ်ဘုရားဒိုင်းက ရုတ်ခြည်း ပျက်စီးသွား၏။ ထို့နောက်တွင် အနက်ရောင် စစ်သံချပ်ကာနှင့် သိုင်းသမာ၏ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားလေသည်။ လေအရိမ်တံဆိပ်၏ အရှိန်အဝါကလည်း အားနည်းလာသည်။ ကျန်းမျိုးနွယ်ပညာရှင်က ၎င်းကို ဖမ်းယူလိုက်သည်။
တိုက်ပွဲပြီးဆုံးသွားသောအခါ မြင်ကွင်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်က ပြန်မှောင်မည်းသွားလေသည်။ ကျန်းရီ၏မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် ပြည့်နှက်နေ၏။ လေအသင်္ချေကို ပြန်လည်ပေါင်းစည်း၍ရကြောင်း သူ မသိခဲ့ပေ။ တစ်ခုမှ တစ်သောင်းသို့ ပြောင်းလဲ၊ တစ်သောင်းမှ တစ်ခုသို့ ပြန်ပြောင်းလဲ။ တစ်ခုအဖြစ် ပြန်ပေါင်းစည်းပြီးသောအခါ စွမ်းအားက ပို၍ပင် ကြီးလာသည်လော။
ကျန်းရီ တိတ်တဆိတ် အံ့အားသင့်နေသည်။ သို့သော် တစ်သောင်းက တစ်ခုအဖြစ် မည်သို့ ပြန်ပေါင်းစည်းသွားကြောင်းကိုမူ သူ နားမလည်သေးပေ။
ရွှီး...
ပတ်ဝန်းကျင်က ထပ်မံလင်းလက်လာပြီး အောက်ဘက်တွင် ပင်လယ်ဒေသတစ်ခု ထွက်ပေါ်လာလေသည်။ ထိုနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေ၏။ ဤတစ်ခေါက်တွင်မူ လူငါးယောက်က လူတစ်ယောက်ကို လိုက်ဖမ်းနေခြင်းပင်။ သူတို့အားလုံးသည် အဆင့်မြင့် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။ ထို့ကြောင့် တိုက်ပွဲက ပြင်းထန်ပေသည်။ ကျန်းရီသည် စိတ်ပြန်စုစည်းလိုက်ပြီး တိုက်ပွဲအပေါ် အာရုံစိုက်လိုက်သည်။ ဤ အာကာပြင် တိုက်ပွဲနယ်မြေသည် စစ်ထူမျိုးနွယ်၏ ဆန်ကြယ်နယ်မြေဖြစ်သည်။ စစ်ထူမျိုးနွယ်မှ အကြီးအကဲများသည် စစ်ထူရီရှောင် သူ့ကို ဤနယ်မြေအတွင်းသို့ ခေါ်လာခြင်းကို ကန့်ကွယ်နိုင်၏။ သူသာ ဤနယ်မြေသို့ ဝင်ခွင့်မရခဲ့လျှင် အခွင့်အရေးကြီးတစ်ခုကို ဆုံးရှုံးရခြင်းဖြစ်၍ နှမြောစရာ ဖြစ်ပေလိမ့်မည်။ သို့သော် ထိုကိစ္စများကို နောက်မှ တွေးနိုင်သဖြင့် သူသည် တိုက်ပွဲအပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။
ရွှီး...
အဆင့်မြင့် ကောင်းကင်ဧကရာဇ်များသည် အလွန်လျင်မြန်စွာ ပျံသန်းနေကြ၏။ ကျန်းရီသည် သူတို့ကို ကြည့်ရင်းဖြင့်ပင် ခေါင်းမူးလာသလို ခံစားလိုက်ရသည်။ သို့သော် သူ အကြံတစ်ခုရလိုက်ပြီး အတွင်းအားကို သူ၏မျက်လုံးများသို့ ပို့လိုက်လေသည်။ ထိုအခါမှ သူ၏ အမြင်အာရုံက အလွန်ကောင်းမွန်သွားပေသည်။ သူသည် တိုက်ပွဲကို စိုက်ကြည့်နေပြီး ခံစားချက်များဖြင့် သက်ပြင်းမပြတ်ချနေ၏။
“အဲ့လူရဲ့ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုက မီးဓာတ် တာအိုပုံသဏ္ဌာန်ပဲ။ ဟိုလူကတော့ လေဓာတ် တာအိုပုံသဏ္ဌာန်ကိုသုံးတယ်။ အာ... လိုက်ဖမ်းတာကို ခံနေရတဲ့သူမှာ ဆန်းကြယ်တဲ့ တာအိုပုံသဏ္ဌာန်တစ်ခု ရှိတာပဲ။ အဲ့ဒါက ပေါင်းစည်းထားတဲ့ အဆင့်မြင့် တာအိုပုံသဏ္ဌာတစ်ခုလား။ စွမ်းအားက ကြောက်စရာကောင်းလိုက်တာ”
ထိုကဲ့သို့ အဆင့်မြင့် တိုက်ပွဲမျိုးကို မြင်ရခဲသဖြင့် ကျန်းရီ အာရုံစိုက်ကြည့်ရှုလိုက်သည်။ ထို့ပြင် သူသည် မည်သည့်အန္တရာယ်ကိုမှ စိုးရိမ်စရာမလိုဘဲ တိုက်ပွဲကို အနီးကပ် လေ့လာနိုင်နေပေသည်။ သူသည် စိတ်အေးလက်အေးဖြင့် ထိုသူများ ထုတ်လွှတ်နေသော တာအိုပုံသဏ္ဌာန်များကို အပြည့်အဝအာရုံစိုက်ကာ လေ့လာနိုင်နေ၏။ ယင်းက သိုင်းသမားများအတွက် များစွာအကျိုးရှိသည်။
စစ်ထူရီရှောင်က အာကာပြင် တိုက်ပွဲနယ်မြေအတွင်းသို့ မကြာခဏ ဝင်လေ့ရှိပြီး အမှန်တကယ် အာရုံမစိုက်ကြောင်း သိသာပေသည်။ ဟွမ်ဖူထောင်ထျန်းကမူ စိတ်ဝင်တစား ကြည့်ရှုနေသည်။ ဤနေရာရှိ တိုက်ပွဲများသည် ဟွမ်ဖူမျိုးနွယ်၏ ဆန်းကြယ်နယ်မြေတွင် မရှိသော တိုက်ပွဲများဖြစ်သည်။ သူ့ကဲ့သို့ သိုင်းပညာကို ရူးသွပ်သူ တစ်ယောက်အတွက် ယင်းတိုက်ပွဲများက အလွန်အထောက်အကူ ဖြစ်ပေသည်။
တိုက်ပွဲတစ်ပွဲ ပြီးဆုံးသွားတိုင်းတွင် အခြားတိုက်ပွဲတစ်ပွဲ စတင်လာသည်။
စစ်ထူမျိုးနွယ်၏ အာကာပြင် တိုက်ပွဲနယ်မြေ ပထမထပ်မှာပင် တိုက်ပွဲမြင်ကွင်း တစ်ရာကျော် ရှိပေသည်။ ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့သည် နေ့တစ်ဝက်ကြာအောင် ကြည့်ရှုနေသော်လည်း တိုက်ပွဲများက မဆုံးသေးချေ။ သူတို့သည် မကြာမကြာဆိုသလို မှင်တက်သွားကြပြီး မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်သွားကြသည်။ ကျန်းရီသည် မကြာခဏဆိုသလို လက်ဟန်များဖြင့် သူတို့ကို လှမ်း၍ ပြောဆို၏။ ထိုတိုက်ပွဲများကို ကြည့်ပြီးနောက်တွင်ပင် ကျန်းရီ သူ၏တာအိုပုံသဏ္ဌာန်ကို မပေါင်းစည်းနိုင်သေးလျှင် စစ်ထူရီရှောင် အတန်ငယ် စိတ်ပျက်မိပေလိမ့်မည်။
ရွှီး...
မှောင်မည်းနေသော ပတ်ဝန်းကျင်က ထပ်မံ တောက်ပလာ၏။ ဤတစ်ကြိမ်တွင် ကျွန်းတစ်ကျွန်း၏ ပုံရိပ် ထွက်ပေါ်လာသည်။ ထိုကျွန်းက ကောင်းကင်မိုးကြိုးကျွန်းပင်။ ကောင်းကင်မိုးကြိုးကျွန်းပေါ်တွင် လူအချို့ တိုက်ခိုက်နေကြသည်။ အခြားလူများက ဘေးမှနေ၍ ကြည့်နေကြသည်။ လုမျိုးနွယ်မှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ပါးကျော်က အဘိုးအိုတစ်ယောက်နှင့် တိုက်ခိုက်နေခြင်းပင်။ ထိုအဘိုးအိုက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ပါးကျော်ကို ကလေးတစ်စုကို စနောက်နေသကဲ့သို့ အေးအေးလူလူ ပြန်ခုခံနေလေသည်။
တိုက်ပွဲနေရာသည် ကောင်းကင်မိုးကြိုးမြို့အနီးတွင် ဖြစ်သည်။ မြို့ရိုးများမှနေ၍ တိုက်ပွဲကို လေ့လာနေသူများကို ကျန်းရီ မြင်နေရသည်။ မိုးကြိုးတောင်ကုန်းမှနေ၍ ကြည့်နေသော အလွန်လှပသည့် မိန်းမပျိုလေးတစ်ယောက်လည်း ရှိနေပေသည်။ သူမသည် သာမန်တိုက်ပွဲတစ်ခုကို ကြည့်နေသကဲ့သို့ ရှေးဟောင်းရေတွင်းထဲမှ ရေပြင်လိုမျိုး တည်ငြိမ်သော မျက်နှာထား ရှိနေသည်။
“အန်...”
စစ်ထူရီရှောင်သည် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်၍ ကျန်းရီကို ဆတ်ခနဲ ကြည့်လိုက်၏။ သူ မျက်နှာထား ပြောင်းသွားသည်။ သူ့မျက်လုံးများထဲတွင်လည်း အံ့အားသင့်သည့် အရိပ်အယောင်များ ပြည့်နှက်သွားသည်။ ကျန်းရီ၏ ပါးပြင်ပေါ်တွင် မျက်ရည်စများ စီးကျနေ၏။ သူသည် မိန်းမပျိုလေးကို ခံစားချက်အပြည့်ဖြင့် ကြည့်နေ၏။ သူ၏ခန္ဓာကိုယ်ကလည်း တဆတ်ဆတ် တုန်ယင်နေပေသည်။
ဟွမ်ဖူထောင်ထျန်းသည်လည်း အခြေအနေကို သတိပြုမိလိုက်၍ အံ့ဩသောလေသံဖြင့် မေးလိုက်သည်။
“ကျန်းရီ ဘာဖြစ်လို့လဲ”
ကျန်းရီသည် ဘာမှ ပြန်မပြောဘဲ မိုးကြိုးတောင်ကုန်းပေါ်ရှိ မိန်းမပျိုကိုသာ ခံစားချက်အပြည့်ဖြင့် ဆက်ကြည့်နေလေသည်။ သူသည် သူမ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသကဲ့သို့ပင်။ ထိုစဉ် အဘိုးအိုက တစ်ချက်ပြန်တိုက်ခိုက်လိုက်ရာ လုမျိုးနွယ်မှ ကောင်းကင်ဧကရာဇ်များ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြ၏။ ထို့နောက် အဘိုးအိုသည် လှပသော မိန်းမပျိုလေးထံ ပြန်သွားလိုက်လေသည်။ ပြီးနောက်တွင် တိုက်ပွဲမြင်ကွင်း ပျောက်ကွယ်သွားသည်။ ကျန်းရီ ထရပ်လိုက်ပြီး မေးလိုက်၏။
“အစ်ကိုရီရှောင်... အစ်ကို အဲ့မိန်းမပျိုနဲ့ အဘိုးအိုရဲ့ အကြောင်းကို သိလား။ အဲ့ဒါက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်”
“အရမ်းအရေးကြီးတယ်လား...”
စစ်ထူရီရှောင်သည် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး သူ့နဖူးကိုသူ ရိုက်ကာ ပြောလိုက်၏။
“ဟုတ်သားပဲ... အဲ့မိန်းမပျိုကို ရင်းနှီးနေပါတယ်လို့ အစ်ကိုခံစားနေရတာ၊ သူက ‘လွမ်းဆွတ်မှု’ ပန်းချီကားထဲက မိန်းမပျိုနဲ့ တော်တော်တူတာပဲ...”
***