← Chapters

ပြိုင်ဘက်ကို လေ့ကျင့်ပေးဖို့ ဆန္ဒ လုံးဝ မရှိဘူး

Vol. 4 Ch. 47

ပြိုင်ဘက်ကို လေ့ကျင့်ပေးဖို့ ဆန္ဒ လုံးဝ မရှိဘူး

Vol. 4 Ch. 47

အခန်း (၄၇) : ပြိုင်ဘက်ကို လေ့ကျင့်ပေးဖို့ ဆန္ဒ လုံးဝ မရှိဘူး

လျှို့ဝှက်ကောင်းကင်မျှော်နန်း၏ အစည်းအဝေး ကျင်းပသည့် နေရာတွင် လေတိုက်သံကိုသာ ကြားနေရတော့သည်။ လက်ဖက်ရည်ကြမ်းပူပူ၏ ရနံ့က ခြံဝန်းငယ်ထဲတွင် ပျံနှံ့နေသည့်အတွက် အခန်းက စတင်နွေးထွေးလာသည်။

မျှော်နန်းသခင် ကျူးထိုက်က သူ၏ အေးစက်နေသော လက်ဖက်ရည်ကြမ်းကို အလျင်အမြန် မျိုချကာ နက်နဲရှည်လျားသော သက်ပြင်းကို ရှိုက်လိုက်သည်။

ဝင်လေ…ထွက်လေ… ဝင်လေ…ထွက်လေ…

သူက မေးမြန်းလိုက်သည်

“ ဆရာ အကြောင်းပြချက်ကို တွက်ချက်ခဲ့တာလား။ ပြီးတော့ ကျွန်တော်တို့နောက်ထပ် ဘာဆက်လုပ်သင့်လဲ”

“ အကြီးအကဲချုပ် ကျွန်တော်တို့က တာအိုအခွင့်အလမ်းဂိုဏ်းကို ဘာမှမလုပ်ခဲ့သလို ရန်ငြိုးလည်း မရှိဘူးလေ။ သူတို့က ဘာလို့ ကျွန်တော်တို့ကို ဖျက်ဆီးချင်နေရတာလဲ”

“ သူတို့ ဘာလို့ ငါတို့ကို တိုက်ခိုက်ဖို့ ကြိုးစားချင်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို ငါ မတွက်ချက်နိုင်ခဲ့ဘူး” အဖိုးကြီးချူးက ပြောလိုက်သည်။

“ ငါတို့ရဲ့ အစီအစဉ်အရဆိုရင် သင့်တော်တဲ့ ရွေးချယ်မှု နှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက ငါတို့ရဲ့ မဟာမိတ်တွေဆီကနေ အကူအညီတောင်းဖို့ပဲ။ သူတို့က ကူညီချင်မလား ကြည့်ရမယ် ပြီးတော့ အနည်းဆုံးတော့ တာအိုအခွင့်အလမ်းဂိုဏ်းကို ဖိအားပေးနိုင်မှာပါ”

“ ဒုတိယရွေးချယ်လို့ရတာက အချိန်ကျလာတဲ့အခါ အလျှော့ပေးနိုင်သမျှ ပေးနိုင်အောင် ကြိုးစားပါ။ တာအိုအခွင့်အလမ်းဂိုဏ်းက ငါတို့ရဲ့မျှော်နန်းကနေ တစ်ခုခု လိုချင်နေပုံရတယ်။ သူတို့လိုချင်တာကို ပေးလိုက်တာနဲ့ ငါတို့ အသက်ရှင်ဖို့ အခွင့်အရေး ရနိုင်တယ်”

“ ဆရာ ကျွန်တော်တို့ ဘယ်လောက်ကြာကြာ ပြင်ဆင်ရမလဲ”

“ အနည်းဆုံးဆိုရင်တော့ နှစ်နှစ်၊ သုံးနှစ်လောက်ပေါ့”

“ ဒါဆိုရင် စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု မတိုင်ခင် အထိပေါ့”

ရက်အနည်းငယ်က အလျင်အမြန် ကုန်ဆုံးသွားသည်။ မဟာကျိုးတော်ဝင်တိုင်းပြည်၏ ကိုယ်စားလှယ်များက "မူလရင်းမြစ် မိုင်းတွင်း"အကြောင်း ပြောဆိုခြင်းကို တရားဝင် စတင်လိုက်ပြီဖြစ်သည်။

ဝမ်ဝေ့က မဟာကျိုးတော်ဝင်တိုင်းပြည်၏ လူများရှေ့တွင် ရုပ်လုံး ထွက်မပြခဲ့ပေ။ အိမ်ရှေ့စံမင်းသား ကျီစုန့်အတွက်တော့ အရမ်းစိတ်မကောင်းစရာ အချက်ဖြစ်သည်။ သူက တာအိုအခွင့်အလမ်းဂိုဏ်းဘက်မှ ယဉ်ကျေးမှု လျော့နည်းမှုကို သူ့ဘေးပတ်လည်ရှိလူများကို သတိပေးနေသည်။

ဝမ်ဝေ့က သူ၏ တည်ရှိမှုကို သတိပြုမိသည်။ သူ့မျက်လုံးထဲရှိ ထူးခြားစွမ်းအားကြောင့် အိမ်ရှေ့စံမင်းသား ကျီစုန့်၏ ချီကံကောင်းခြင်း နဂါးကို အလွယ်တကူ သတိထားမိသည်။ သူ၏ ချီနဂါးက သူ့လိုမျိုး ခရမ်းရောင် ဖြစ်သော်လည်း အလွယ်တကူ သတိထားမိစေနိုင်လောက်သော ထူးခြားသည့် အရှိန်အဝါကို လွှတ်ထုတ်နေသည်။

မကြာခင်တွင် အိမ်ရှေ့စံမင်းသား ကျီစုန့်က သူ တာအိုနှလုံးသား မွမ်းမံလေ့ကျင့်ရေးမျှော်နန်းဆောင်တွင် ပါဝင်ဆင်နွှဲမည်ကို သိလိုက်ရသောကြောင့် လုပ်စရာ အလုပ်များ ပေါ်လာသည်။

သူက ပြင်ဆင်ဖို့ အချိန်အနည်းငယ် ယူလိုက်သည်။ သူက စိန်ခေါ်မှုကနေ ဘယ်တော့မှ နောက်ဆုတ်မည့်သူ မဟုတ်သည့်အတွက် ထိုအရာကို လေးနက်စွာ တွေးတောသည်။

စိန်ခေါ်သည့်နေ့တွင် ဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများက မဟာကျိုးတော်ဝင်တိုင်းပြည်မှ ကိုယ်စားလှယ်များ စစ်ဆေးမှုကို ကြည့်ရှုနိုင်ရန်အတွက် ခေါ်ဆောင်သွားပေးသည်။

ထိုအချိန်တွင် စိတ်အလှုပ်ရှားဆုံးက တပည့်များသာ ဖြစ်သည်။ တခြားအစုအဖွဲ့များမှ ကောင်းကင်ရွေးချယ်ခံများအား ဘယ်လိုမျိုး ရင်ဆိုင်ရမလဲဆိုတာကို သူတို့ သိချင်မိသည်။ ဤအရာက ယှဉ်ပြိုင်နှိုင်းယှဉ်ဖို့အတွက် အပြီးပြည့်စုံဆုံး အခွင့်အရေး ဖြစ်သည်။

ကျီစုန့်က မျှော်နန်းဆောင် ရှေ့တွင် မတ်တပ်ရပ်နေပြီး ဝင်ဖို့ အသင့်ဖြစ်နေသည်။ အထဲမှ အဖြစ်အပျက်များကို အပြင်ကလူများ ကြည့်ရှုနိုင်ရန်အတွက် စက္ခုပသာဓ အစီအရင်ကို အသက်သွင်းလိုက်သည်။ မျှော်နန်းဆောင်ထိပ်တွင် စစ်ဆေးမှုတစ်ခုချင်းစီတိုင်း၏ ထိပ်သီး မှတ်တမ်းစာရင်းတစ်ခု ရှိနေသည်။

ကျီစုန့်က ဝမ်ဝေ့၏ နံပါတ်တစ်နေရာကို ကြည့်ကာ ရွံရှာစွာဖြင့် ပြောလိုက်သည်

“ ၁၃ရက်တည်း … မင်း ဘယ်လောက်တောင် အားနည်းလိုက်သလဲ”

ထိုကဲ့သို့ ပြောပြီးနောက် ယုံကြည်မှုလွန်ကဲစွာဖြင့် မျှော်နန်းဆောင်ထဲသို့ ဝင်သွားသည်။

သို့သော် သူ့စကားလုံးများက အပြင်ဘက်ရှိ လူများကို စော်ကားလိုက်သလို ဖြစ်သွားသည်။

သူတို့က ဒီသူစိမ်း သူတို့ရဲ့ ဂိုဏ်းချုပ်ငယ်လေးကို အထင်သေးနေတာကို ဘယ်လိုလုပ်ပြီးတော့ ထိုင်ကြည့်နေနိုင်မှာလဲ

သို့သော် တပည့်များက ဘာမှမလုပ်သလို ဘာမှလည်း မပြောပေ။ အထူးသဖြင့် စစ်ဆေးမှုတွင် ပါဝင်သောသူများက ဘာမှမပြောပေ။ ဤစစ်ဆေးမှုက ဘယ်လောက်ခက်ခဲလဲဆိုတာကို သူတို့ တခြားသူများထက် ပိုသိသောကြောင့် ဖြစ်သည်။

မျှော်နန်းဆောင်နှင့် မဝေးသော နေရာတွင် ဂိုဏ်းနှစ်ခုလုံး၏ အကြီးအကဲများက ပိုးဖြင့်လုပ်ထားသော အခင်းများပေါ်တွင် လတ်ဆတ်သော လက်ဖက်ရည်ကြမ်းများ သောက်သုံးရင်း ထိုင်နေကြသည်။

ဂိုဏ်းချုပ်ဝမ်ထျန်းက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်

“ ယုံကြည်မှုကိုတော့ မြင်နေရပြီ။ အဲဒါက ကောင်းမွန်တဲ့ အရည်အချင်းပဲ”

အမတ်ချုပ် ကျောက်ယန်က ပြန်လည်တုံ့ပြန်လိုက်သည်

“ ကျေးဇူးတင်ပါတယ်။ အိမ်ရှေ့စံမင်းသားလေးက ဘာမှမချို့တဲ့ဘူး အထူးသဖြင့် ယုံကြည်မှုပေါ့”

ဂိုဏ်းချုပ်ဝမ်ထျန်းနှင့် တခြားအကြီးအကဲများက ဉာဏ်များသော ပုံစံဖြင့် ပြုံးလိုက်ကြသော်လည်း ဘာမှထပ်မပြောကြပေ။

ကျီစုက ထိုအပြုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို သိနေသည်။ ထို့ကြောင့် ကိစ္စက မြင်နေရသလောက် မရိုးရှင်းဘူးဆိုတာကို သူ ခံစားလိုက်မိသည်။

သို့သော် မကြာခင်မှာ သူ့ဘာသာသူ စိတ်ငြိမ်သွားသည်။ သူက သူ့ညီလေး၏ အကြမ်းခံပုဆိန်ခန္ဓာအပေါ်တွင် အတော်လေး ယုံကြည်မှုရှိသည်။

ထိုအချိန်တွင် ကျီစုန့်က  စစ်ဆေးမှုထဲ၌ ခက်ခဲသောအချိန်နှင့် ကြုံတွေ့နေရသည်။

စစ်ဆေးမှုထဲ ဝင်သွားပြီးနောက် ပထမဆုံး သူ သတိထားမိသည့်အရာက သူ ဂုဏ်ယူနေသော အကြမ်းခံပုဆိန်ခန္ဓာ ပျောက်ဆုံးသွားပြီး ဘာအကျိုးသက်ရောက်မှုမှ မရှိတော့သည်ကို သိလိုက်ရသည်။

သူ၏ မွေးရာပါ အံ့ဖွယ်ခွန်အားလည်း ပျောက်သွားပြီဖြစ်သည်။ သူ မျက်မှောင်ကြုတ်ကာ စစ်ဆေးမှုတွင် ဆက်လက်ပါဝင်နေဆဲ ဖြစ်သည်။ စိတ်ဆန္ဒတစ်ခုတည်း၏ အထောက်အပံ့ဖြင့်သာ အဆုံးမရှိသော ကန္တာရထဲသို့ လမ်းလျှောက်ဝင်သွားသည်။

ကျီစုန့် လက်လျှော့ပြီး မျှော်နန်းဆောင်ထဲမှ မထွက်ခင် လေးရက် တောင့်ခံနိုင်ခဲ့သည်။ သူ့ရလဒ်က ဟန်လီ၏ ပထမဆုံး စစ်ဆေးမှုထက် ပိုမိုမြင့်မားသည်။ သို့သော် လီကျွင်း၏ ၈ ရက်တာ ခံနိုင်ရည်နှင့် ဝမ်ဝေ့၏ ၁၃ ရက်တာ ခံနိုင်ရည်တို့ထက်တော့ ဆိုးရွားနေဆဲ ဖြစ်သည်။

စိန်ခေါ်မှုက အတော်လေး ပျင်းစရာကောင်းလှသည်။ အိမ်ရှေ့စံမင်းသား၏ ရလဒ်က ဂိုဏ်းချုပ်ငယ်လေးကို မှီဖို့နေနေသာသာ လီကျွင်း၏အဆင့်နားပင် မကပ်နိုင်ပေ။ ဂိုဏ်းရှိလူများနှင့် တပည့်များက အတော်လေး စိတ်ပျက်သွားကြသည်။ ထို့နောက် သူတို့ ထွက်သွားကြကာ ကျီစုန့် ဝင်ဝင်ချင်းတုန်းက ပြောခဲ့သော စကားနှင့် ပတ်သက်ပြီး လှောင်ပြောင်လိုက်ကြသည်။

ထိုရလဒ်ကြောင့် ပိုပြီးစိတ်ပျက်ရသူများက မဟာကျိုးတော်ဝင်တိုင်းပြည်မှ လူများဖြစ်သည်။ သူတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။

ကျီစုန့် အားပြန်ပြည့်အောင် လုပ်နေစဉ်အတော်အတွင်း အမတ်ချုပ်ကျောက်ယန်၊ အရှင့်သား ကျီစု၊ နန်းစွန့်မင်းသား ကျီရှန့်နှင့် အစေခံ၊ အစောင့်များထဲ ရောထားသည့် အကြံပေးတချို့က လျှို့ဝှက် အစည်းအဝေးတစ်ခု ပြုလုပ်လိုက်ကြသည်။

“ စုအာ…မင်း မျက်မှောင်ကြုတ်ထားတာ ကြာပြီ ဘာတွေစဉ်းစားနေတာလဲ” နန်းစွန့်မင်းသား ကျီရှန့်က ပြောလိုက်သည်။

“ဘိုးလေး ကျီရှန့် ကျွန်တော်က ပြီးသွားတဲ့စစ်ဆေးမှုအကြောင်းကို စဉ်းစားနေတာပါ”

“ မင်းက စုန့်အာအတွက် စိုးရိမ်နေတာလား။ သူ့အတွက် အရမ်းကြီး စိုးရိမ်စရာ မလိုပါဘူး။ ဒါက ရှုံးနိမ့်မှုလေးတစ်ခုပါပဲ။ သူ့ကို အချိန်လုံလုံလောက်လောက်ပေးလိုက်ရင် ပြန်ပြီးတော့ သက်သာလာမှာပါ”

“ မဟုတ်သေးဘူး …အခြေအနေက ကျွန်တော်တို့ ထင်ထားတာထက် ပြင်းထန်တယ်”

“ နန်းစွန့်မင်းသား အရှင့်သား ပြောတာ မှန်ပါတယ်။ အခြေအနေက တကယ်ကို ပြင်းထန်တယ်”

“ အမတ်ချုပ်က ဘာလို့ အဲလိုထင်ရတာလဲ”

“ ကောင်းပြီလေ အရှင့်သား ကျီစုရဲ့ အမြင်ကို အရင်ဆုံး ပြောခွင့်ပြုလိုက်ပါ”

အခန်းထဲရှိနေသောသူအားလုံးက သူ့အတွေးကို စတင်ပြောကြားမည့် ကျီစုကို စိုက်ကြည့်နေကြသည်။

“ ကျွန်တော်ရဲ့ ဘိုးလေး ပြောသလိုပဲ ရှုံးနိမ့်မှုဆိုတာ ကျွန်တော်ညီလေးအတွက် ကြီးမားတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာက တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ သခင်လေးဆီမှာ ရှိနေတာ။ ဒီမျှော်နန်းဆောင်ရဲ့ ရည်ရွယ်ချက်က ပါဝင်သူတွေရဲ့ တာအိုနှလုံးသားကို ပြုပြင်မွမ်းမံပေးဖို့လေ။ အခု ညီလေးနဲ့ တာအိုဂိုဏ်းရဲ့ သခင်လေးနဲ့ ရလဒ်တွေကို ယှဉ်ကြည့်လိုက်လေ...  ဂိုဏ်းချုပ်ငယ်လေးရဲ့ တာအိုနှလုံးသားက ဘယ်လောက်ထိ စွမ်းအားကြီးနေမလဲဆိုတာ စိတ်ကူးနိုင်လား”

ထိုစကားကြောင့် အခန်းထဲရှိ လူတချို့ ပင့်သက်ရှိုက်မိလိုက်ကြသည်။ ထိုအရာက အတော်လေး ကြောက်ဖို့ ကောင်းသည့်အရာဖြစ်သည်။ အတော်လေး တုန်လှုပ်သွားသူက နန်းစွန့်မင်းသား ကျီရှန့် ဖြစ်သည်။

ဤနေရာတွင် ကျင့်ကြံဆင့် အမြင့်ဆုံးသူတစ်ယောက် ဖြစ်သည့်အတွက် အခန်းထဲရှိလူများထက် ပိုများသော လျှို့ဝှက်ချက်များကို သူ သိထားသည်။ ကျင့်ကြံသူအများစုအတွက် တာအိုနှလုံးသား သဘောထားက ပုံရိပ်ယောင်လိုမျိုး အရာဖြစ်နေသော်လည်း ကျီရှန့်ကတော့ တာအိုနှလုံးသား၏ အရေးပါပုံကို ကောင်းကောင်းသိနေသည်။

သင့်တော်သော တာအိုနှလုံးသားမရှိဘဲ ကောင်းကင်အလိုဆန္ဒကို သည်းခံပြီး တာအိုကို သက်သေပြဖို့နေနေသာသာ အထွတ်အထိပ် နယ်ပယ်အဆင့်ကို ရောက်ဖို့ပင် မဖြစ်နိုင်ပေ။

အချက်အလက်အားဖြင့် မဟာဧကရာဇ်များတွင် အားကောင်းသော တာအိုနှလုံးသားကို ပိုင်ဆိုင်ထားရမည်ဖြစ်သည်။ ကောင်းကင်အလိုဆန္ဒကို ရရှိသည်နှင့် အလိုအလျောက် မဟာဧကရာဇ်ဖြစ်လာနိုင်သည်ဟု တွေးထားလို့ မရနိုင်ပေ။

သရဖူဆောင်းချင်ရင် သရဖူရဲ့ အလေးချိန်ကိုတော့ ခံနိုင်ရည်ရှိရမယ်ဆိုတဲ့အတိုင်း ကောင်းကင်အလိုဆန္ဒမှာလည်း အဲဒီအတိုင်းပဲ

ကောင်းကင်အလိုဆန္ဒကို ရရှိထားပြီး လိုအပ်သော တာအိုနှလုံးသား မရှိသော ကျင့်ကြံသူများကို ဧကရာဇ်တစ်ပိုင်း ကျင့်ကြံသူများအဖြစ် သတ်မှတ်ကြောင်း ကျီရှန့်သိသည်။

သို့သော် ဤလူများက အထွတ်အထိပ် နယ်ပယ်အဆင့် အစစ်အမှန် အုပ်ချုပ်သူများနှင့် နှိုင်းယှဉ်လျှင် စိတ်ကူးမယဉ်နိုင်လောက်အောင်အထိ စွမ်းအားကြီးနေဆဲဖြစ်သည့်အတွက် လူအများက သူတို့ကို မဟာဧကရာဇ်ဟု ခေါ်ဆိုနေဆဲဖြစ်သည်။

ထိုအကြောင်းအရာများကို ဤကမ္ဘာ၏ အမြင့်မားဆုံး လျှို့ဝှက်ချက်များအဖြစ် သတ်မှတ်ထားသည်။ တစ်စုံတစ်ယောက်က ကြံရာပါဖြစ်နိုင်သည့် ကျင့်ကြံဆင့်မျိုး ရှိမှသာလျှင် အချက်အလက်ဟု ပြောနိုင်သည်။

အားလုံးက ထိုသတင်းကို စီစဉ်နေချိန် အမတ်ချုပ်ကျောက်ယန်က သူတို့ကို သတိပေးလိုက်သည်

“ ဒီမျှော်နန်းဆောင်စစ်ဆေးမှုမှာ အဆင့်ကိုးဆင့် ရှိတယ်ဆိုတာကိုလည်း မမေ့နဲ့ဦး။ တခြားစစ်ဆေးမှုတွေ ဘယ်လောက်ထိ စွမ်းအားကြီးပြီး အကျိုးသက်ရောက်မှုရှိမလဲဆိုတာကိုပဲ စဉ်းစားနိုင်တယ်”

“ အမတ်ချုပ်ကျောက်ယန် ဒီမှာ ရှိတဲ့အခြေအနေအကြောင်း အရှင်ဆီ အစီအရင်ခံသင့်တယ်”

လျှို့ဝှက်အစည်းအဝေး ပြီးသွားပြီး ရက်အနည်းငယ် ကုန်ဆုံးသွားသည်။

အမတ်ချုပ်ကျောက်ယန်က အစီအရင်ရှေ့တွင် မတ်တပ်ရပ်ကာ တခြားတစ်ဖက်မှာရှိနေသောသူကို စကားပြောနေပုံပေါ်သည်။

“ အရှင်ခင်ဗျာ တာအိုအခွင့်အလမ်းဂိုဏ်းက ကျွန်တော်တို့ကို မျှော်နန်းဆောင်စစ်ဆေးမှုမှာ နောက်ထပ်ပါဝင်ခွင့်မပြုဘူး။ တခြားစစ်ဆေးမှု ရှစ်ခုကို တွေ့ရဖို့ကတော့ တော်တော် အလှမ်းဝေးသွားပြီ”

“ ကိစ္စတွေက မရိုးရှင်းဘူးဆိုတာကို သဘောပေါက်ပြီ။ ဒါဆိုရင် အဲဒီပစ္စည်းကို သူတို့ဆီ လက်ဆောင်အဖြစ် ပေးလိုက်မယ်”

“ သေချာရဲ့လား အရှင်။ အဲဒီပစ္စည်းက အရမ်းရှားပါးပြီး တန်ဖိုးရှိတယ်နော်”

“ အနာဂတ် မဟာဧကရာဇ် ဖြစ်လာနိုင်ချေနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီလောက်ကတော့ ထိုက်တန်ပါတယ်”

“ အမိန့်အတိုင်းပါ အရှင်”

“ တာအိုအခွင့်အလမ်းဂိုဏ်းက စုန့်အာကို စစ်ဆေးမှုကိုးခုလုံးမှာ ပါဝင်ခွင့် ပေးမှာ မဟုတ်ဘူးဆိုတော့ အတတ်နိုင်ဆုံး ညှိနှိုင်းဖို့ ကြိုးစားကြည့်ရမှာပဲ။ ဒါပေမဲ့ အနည်းဆုံး စစ်ဆေးမှု သုံးခုတော့ ရမှဖြစ်မယ်။ နောက်ဆုံးတစ်ခု ပြောချင်တာက စုန့်အာကိုပြောလိုက်။ သူ စိတ်ကျေနပ်စေတဲ့ ရလဒ်ကို ယူမပေးနိုင်ရင် သူ့ရဲ့ အိမ်ရှေ့စံရာထူးကို ပြန်သိမ်းမယ်လို့ ပြောလိုက်”

အမတ်ချုပ်ကျောက်ယန်က အံ့ဩသွားပုံပေါ်သည်။ အရှင်မင်းမြတ်ကို အသိဆုံးလူတစ်ယောက်အနေဖြင့် ဤကြေညာချက်က လေးနက်မှန်း ပြောနိုင်သည်။

သို့သော် ထိုအရာနှင့် ပတ်သက်ပြီး အကြောင်းအရင်းကိုတော့ သတိထားမိသည်။ တာအိုအခွင့်အလမ်းဂိုဏ်းသို့ လာရောက်သောခရီးစဉ်က မဟာကျိုးတော်ဝင်တိုင်းပြည်၏ အရာရှိများအတွက် အမြင်ကျယ်စေသည်။

လွန်ခဲ့သော ဆယ်နှစ်အတွင်း တိုင်းပြည်အတွင်းရှိသူအားလုံးက အိမ်ရှေ့စံမင်းသားလေးက အကြမ်းခံပုဆိန်ခန္ဓာဖြင့် မွေးဖွားလာသည်ကို အံ့ဩချီးကျူးနေကြသည်။ ဤမျိုးဆက်မှ တိုင်းပြည်၏ လေးယောက်မြောက် အနာဂတ်ဧကရာဇ်ကို မွေးထုတ်ပေးနိုင်မည်ဟု သူတို့ယုံကြည်သည်။

သို့နောက် စစ်ဆေးမှုရလဒ်က သူတို့ကို အိပ်မက်မှ နိုးထသွားစေသည်။ တောက်ပသော အချိန်အခါရှိသော်လည်း ဘာကိုမှ ပုံသေသတ်မှတ်လို့ မရပေ။ ခြေလှမ်းမှားသွားပါက တစ်သက်တာလုံး နောက်ကောက်ကျကျန်ခဲ့နိုင်သည်။

All Chapters