← Chapters

သူလျှိုများ

Vol. 60 Ch. 835

သူလျှိုများ

Vol. 60 Ch. 835

ဟင်းလင်းပြင်ချေဖျက်...

၎င်းသည် ‘ကောင်းကင်အမိုးခုံးတုန်ခါ’ထက် ကြယ်တစ်ပွင့် ပိုမြင့်သော အာကာသတာအိုပုံသဏ္ဌာန်တစ်ခုဖြစ်၏။ ယင်းမှာ လဲ့မျိုးနွယ်၏ မဟာအကြီးအကဲ လဲ့ကူး၏ ကျော်ကြားသော မဟာစွမ်းရည်ဖြစ်သည်။ မျိုးနွယ်တိုင်းတွင် နေ့စဉ်အမှုကိစ္စများ၌ ဝင်ပါခဲပြီး ကိုယ်တိုင်လှုပ်ရှားခဲသော အဘိုးကြီးများ ရှိ၏။ လဲ့မျိုးနွယ်၏ အဘိုးကြီးတစ်ယောက်က ‘ဟင်းလင်းပြင်ချေဖျက်’ကို သုံးခဲ့သည်ကို ကြည့်လျှင် လဲ့မျိုးနွယ်အကြီးအကဲ၏ သဘောထားကို သိနိုင်ပေသည်။

ယနေ့အခြေအနေသည် ထိန်းမနိုင်၊ သိမ်းမရ ဖြစ်နေပြီဖြစ်သော်လည်း စစ်ထူအောင်းသည် ကျန်းရီတို့ကို ကယ်တင်ဖို့ သူတတ်နိုင်သမျှ လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ ကျန်းရီတို့ကို ကယ်တင်နိုင်ရန် မသေချာပေ။ ကျန်းရီ၏ ပါရမီက ဟွမ်ဖူထောင်ထျန်းထက် မနိမ့်ချေ။ ချမ်ဝမ်ကွမ်းသည်လည်း နှစ်နှစ်အတွင်းမှာပင် စစ်ထူမျိုးနွယ်၏ အာဏာကို လျင်မြန်စွာ တိုးတက်လာစေခဲ့သည်။ ထို့ကြောင့် စစ်ထူမျိုးနွယ်သည် လဲ့မျိုးနွယ်ထက်ပင် ကျော်ကြားလာခဲ့၏။ ထို့ပြင် ချမ်ဝမ်ကွမ်းက သူ၏ သားမက်ဖြစ်နေပြီဖြစ်သည်။ သူသည် ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့ သေဆုံးသွားမည်ကို ရပ်ကြည့်မနေနိုင်ပေ။

စစ်ထူအောင်း၏ အမိန့်တစ်ချက်ကြောင့် စစ်ထူမျိုးနွယ်မှ ထောင်ချီသောလူများနှင့် လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်၊ လုမျိုးနွယ်တို့မှ ပညာရှင်များအားလုံး တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။ ထို့ကြောင့် အခြေအနေက ပို၍ပင် ပရမ်းပတာ ဖြစ်သွားလေသည်။

“သူတို့ကို ဖမ်းကြ...”

လဲ့ထင်ဝေက အော်ပြောလိုက်သည်။ လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်နှင့် လုမျိုးနွယ်တို့မှ ပညာရှင်များအားလုံးသည် အင်အားကုန်သုံးလိုက်ကြ၏။ မျိုးနွယ်(၃)ခုမှ မျိုးနွယ်ဝင်များသည် အသံပို့လွှတ်မှု ရရှိထားသဖြင့် အံ့အားသင့်သွားပုံ မပေါ်ပေ။ သူတို့သည် လဲ့ချီရန်၊ ကျန်းရှောင်နူ၊ ကျန့်ဝူရွှမ်း၊ ကျန်းရီနှင့် အခြားသူများထံသို့ ရုတ်ခြည်း ပျံသန်းသွားလိုက်လေသည်။

“သေကြ...သေကြ...”

ကျန်းရီကလည်း ပျံသန်းသွားသည်။ သူ့လူများသည် နေရာအနှံ့တွင် ပြန့်ကျဲနေသည်ကို သူမြင်လိုက်ရ၏။ ဖုန်းလန်နှင့် ယွင်ဖေးတို့သည် အတော်လေး ကံကောင်းကြ၏။ သူမတို့သည် စစ်ထူမျိုးနွယ်ဘက်သို့ ရောက်သွားကြ၏။ ချမ်ဝမ်ကွမ်းနှင့် စစ်ထူရီနျန်ကလည်း စစ်ထူမျိုးနွယ်အနီးတွင် ရှိနေ၍ ချက်ချင်း ကယ်တင်ခံလိုက်ရသည်။

မြေခွေးလေးကို ဖက်ထားသော ချင်းယွီကမူ အခြေအနေသိပ်မကောင်းပေ။ သူမထံသို့ လုမျိုးနွယ်မှ ပညာရှင်များ ပျံသန်းသွားနေကြသည်။ သူမ အဖမ်းခံရတော့ပေမည်။ ကျန်းရီသည် လေထဲတွင် တုံ့ခနဲ ရပ်တန့်လိုက်ပြီး လက်ထဲမှ မီးနဂါးဓားဖြင့် ခုတ်ချလိုက်သည်။

ဝှီး...ဝှီး...

ကောင်းကင်ထက်တွင် လေပြင်းများ တိုက်ခိုက်သွားပြီး တိမ်များရစ်ဝဲသွားကာ မိုးကြိုးတန်းများက ရပ်တန့်၍မရနိုင်သောအားဖြင့် ကျဆင်းလာလေသည်။ ချင်းယွီကို ဝန်းရံထားသော လုမျိုးနွယ်မှ ပညာရှင်များသည် ချက်ချင်း အသတ်ခံလိုက်ရ၏။ ပို၍သန်မာသော သိုင်းသမားတစ်ယောက်၏ နတ်ဘုရားဒိုင်းကသာ တစ်စက္ကန့်လောက် ပိုခံခဲ့သည်။ သို့သော် သူသည်လည်း မီးကျွမ်းသွားကာ အောက်သို့ ပြုတ်ကျသွားပေသည်။

ဝှီး...ဝှီး...

ကျန်းရီက အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ ကျန့်ဝူရွှမ်းထံသို့ ပျံသန်းနေသော လူဒါဇင်ကျော်ထဲမှ ဆယ်ယောက်ကျော်သည် ကျန်းရီ၏တိုက်ခိုက်မှုများကြောင့် သေဆုံးသွားကြလေသည်။ ထို့ကြောင့် မျိုးနွယ်(၃)ခုမှ သိုင်းသမားများ တုံ့ဆိုင်းသွားကြသည်။ ထိုအချိန်အတွင်း၌ စစ်ထူမျိုးနွယ်က ကျန့်ဝူရွှမ်းကို ကယ်တင်နိုင်လိုက်လေသည်။

သို့သော်...

မျိုးနွယ်(၃)ခုမှ သိုင်းသမားများ များစွာ ရှိနေ၍ ယာ့ဇီသားရဲသည် လက်ဝါးချက်တစ်ချက် ခံလိုက်ရပြီး အဖမ်းခံလိုက်ရ၏။ ရွှေရောင်မျောလွင့်နဂါးသည်လည်း အဘိုးအိုတစ်ဦး၏ လည်ပင်းညှစ်ခြင်းကို ခံလိုက်ရပြီး ဘဲကလေး အဖမ်းခံရသကဲ့သို့ မလှုပ်ရှားနိုင် ဖြစ်သွားလေသည်။

“ရှောင်နူ... မြန်မြန်လာ...”

ကျန်းရှောင်နူသည် လူများစွာ၏ ဝန်းရံမှုကို ခံထားရ၏။ ထိုလူများက သူမကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ သို့သော် သူမ၏ အမြန်နှုန်းက အလွန်မြန်လှ၏။ သာမန် ကောင်းကင်ဧကရာဇ်များသည် သူမကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သူမ၏ အစိမ်းရောင်လက်သည်းများသည် ခက်ထန်သော ရှေးဟောင်းသားရဲတစ်ကောင်၏ စူးရှသော လက်သည်းများကဲ့သို့ပင်။ ထိုလက်သည်းများက ကောင်းကင်ဧကရာဇ်များ၏ နတ်ဘုရားဒိုင်းများကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေသည်။ သူမသည် ရန်သူများ၏ ရင်ဘက်များကို အလွယ်တကူ စုတ်ဖြဲပစ်လိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်လိုက်လေသည်။

အဆင့်မြင့် ကောင်းကင်ဧကရာဇ်တစ်ပါးက ကျန်းရှောင်နူ၏ လက်သည်း၏ စုတ်ဖြဲမှုကို ခံလိုက်ရသောအခါ မျိုးနွယ်(၃)ခုမှ ကောင်းကင်ဧကရာဇ်များစွာ အံ့အားသင့်သွားကြသည်။ သူတို့သည် မထင်မရှား သူငယ်မလေးတစ်ယောက်က ထိုကဲ့သို့သော တိုက်ခိုက်စွမ်းအား ရှိလိမ့်မည်ဟု မမျှော်လင့်ထားကြချေ။

“ညီမလေးရှောင်နူရဲ့ မင်ရည်တောင်ပံ နတ်ဘုရားအတတ်က ဒုတိယအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလား”

အစောတွင် ကယ်တင်ခံလိုက်ရသော ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်းတို့ အံ့အားသင့်သွားကြသည်။ ကျန်းရှောင်နူ၏ တိုက်ခိုက်စွမ်းအားက အလွန်တိုးတက်လာပေသည်။ ထို့ကြောင့် သူမ၏ မင်ရည်တောင်ပံ နတ်ဘုရားအတတ်က ဒုတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်သွားခြင်းသာ ဖြစ်ပေမည်။

ဝှစ်...ဝှစ်...ဝှစ်...

ကျန်းရီသည် သူ့ထံသို့ ပျံသန်းလာသော လူရာကျော်ကြောင့် ကျန်းရှောင်နူကို အာရုံမစိုက်နိုင်တော့ပေ။ စစ်ထူမျိုးနွယ်မှ ပညာရှင်များကလည်း သူ့ကို ကယ်တင်ရန် ပျံသန်းလာနေသည်။ သို့သော် သူတို့က ဝေးလွန်းနေပေသေးသည်။ သူနှင့် ကျန်းရှောင်နူသည် လဲ့ထင်ဝေတို့ဘက်သို့ ရောက်သွားသဖြင့် အခြေအနေက အတော်လေးဆိုးနေခြင်းပင်။

ဝှီး...ဝှီး...

ကျန်းရီသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထုတ်၍ ပြန်တိုက်ခိုက်ရန် ဟန်ပြင်လိုက်ချိန်တွင် ကောင်းကင်မှနေ၍ ဧရာမ လက်ဝါးရာကြီးတစ်ခု ရုတ်တရက် ကျဆင်းလာလေသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး မိုးကြိုးမီးနတ်ဘုရားဒိုင်းကို မထုတ်တော့ဘဲ သာမန်နတ်ဘုရားဒိုင်းတစ်ခုကိုသာ ထုတ်လိုက်သည်။ စစ်ထူနူက လှုပ်ရှားလိုက်ခြင်းပင်။ ယင်းလက်ဝါးရာကြီးက ကောင်းကင်အမိုးခုံတုန်ခါ ဖြစ်ပေသည်။

ဝုန်း...ဝုန်း...ဝုန်း...ဝုန်း...

ပတ်ဝန်းကျင်မှ လူအားလုံး တုန်ယင်သွား၏။ ကျန်းရီထံသို့ ချဉ်းကပ်လာသော ပညာရှင်များကလည်း လေထဲတွင် တုန်ခါသွားကြသည်။ သူတို့သည် ဟန်ချက်ပင် မထိန်းနိုင်ကြတော့၍ မည်သို့ တိုက်ခိုက်နိုင်မည်နည်း။

ရွှက်...

ကျန်းရီ၏ဘေးဘက်ရှိ အာကာပြင်တွင် စုတ်ပြဲရာတစ်ခု ပေါ်လာပြီး စစ်ထူနူ ထွက်လာလေသည်။ အာကာပြင်တုန်ခါမှုများက သူ့အပေါ်တွင် သက်ရောက်မှု မရှိပေ။ သူသည် ကျန်းရီကို လက်တစ်ဘက်ဖြင့် သယ်၍ ကျန်းရှောင်နူထံသို့ ပျံသန်းသွား၏။ ကျန်းရှောင်နူသည် ဝန်းရံထားသော လူများကို အလွယ်တကူ ဖောက်ထွက်ကာ ကျန်းရီ၊ စစ်ထူနူတို့နှင့် တွေ့လိုက်သည်။

“ဟားဟားဟား...”

အဝေးတွင် ရပ်နေသော လဲ့ထင်ဝေသည် ကျယ်လောင်စွာ ရယ်လိုက်၏။ သူသည် စစ်ထူ‌အောင်းကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပျံသန်းသွားပြီး ပြောလိုက်၏။

“စစ်ထူအောင်း... ခင်ဗျားက ရေကိုဆန်ချင်တာ သေချာလား။ ခင်ဗျားက အပြင်လူနှစ်ယောက်အတွက်နဲ့ ကျုပ်တို့ မျိုးနွယ်(၃)ခုနဲ့ စစ်ပွဲ စချင်နေတာလား”

အစောက လဲ့ထင်ဝေ ပေးခဲ့သော အမိန့်မှာ သတ်ရန်မဟုတ်ဘဲ ဖမ်းရန်ဖြစ်သည်။ သူ ထို့သို့အမိန့်ပေးခဲ့ခြင်းမှာ လဲ့ချီရန်ကို ကယ်လိုသောကြောင့် ဖြစ်သော်လည်း စစ်ထူမျိုးနွယ်နှင့် စစ်ပွဲမစလိုခြင်းကြောင့်လည်း ပါပေသည်။ မဟုတ်လျှင် ကျန်းရီ၊ ကျန့်ဝူရွှမ်းနှင့် ကျန်းရှောင်နူတို့သည် အသတ်ခံလိုက်ရလောက်ပေပြီ။ ပညာရှင်အားလုံးသာ အတူတကွ တိုက်ခိုက်လိုက်လျှင် သူတို့ကို အလောင်းပင် မကျန်အောင် သတ်ပစ်ရန် လုံလောက်ပေသည်။

မျိုးနွယ်(၃)ခုသည် ပညာရှင်(၁၀,၀၀၀)ကျော် ခေါ်လာခဲ့၏။ လဲ့မျိုးနွယ်မှ အဘိုးကြီးတစ်ယောက်ပင် ကိုယ်တိုင်လှုပ်ရှားခဲ့သေးသည်။ ကျန်းရီသည် မျိုးနွယ်(၃)ခုမှ မျိုးနွယ်ဝင်များကို သတ်ခဲ့ပြီးပေပြီ။ ထို့ကြောင့် ယ‌နေ့ကိစ္စသည် အဆုံးသတ်ကောင်းမည် မဟုတ်ကြောင်း ထင်ရှားနေပြီဖြစ်သည်။

စစ်ထူအောင်းက ရင်ထဲတွင် ခါးသက်သက် ရယ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျုပ် ပြောပြီးသား မဟုတ်လား။ ကျန်းရီက ကျုပ်တို့မျိုးနွယ်ရဲ့ ဂုဏ်သရေရှိ အကြီးအကဲပဲ... ပြီးတော့ ချမ်ဝမ်ကွမ်းက ကျုပ်ရဲ့ သားမက်ပဲ။ ဒီနေ့ သူတို့ အမှားလုပ်ခဲ့တာတော့ အမှန်ပဲ... ကျုပ်တို့ စစ်ထူမျိုးနွယ်က သူတို့အတွက် တာဝန်ယူမှာပါ။ ခင်ဗျားတို့ဘက်က လိုချင်တာသာ ပြောပါ။ ကျုပ်ကတော့ သူတို့နှစ်ယောက်ကို သေချာပေါက် ကာကွယ်ပေးမှာပဲ”

“အမှန်ပဲ... ဒီကိစ္စမှာ ကျွန်တော် ဟွမ်ဖူထောင်...”

ဟွမ်ဖူထောင်ထျန်းကလည်း အဝေးမှ ပျံသန်းလာပြီး ပြောလိုက်၏။ သို့သော် သူ၏စကားမဆုံးသေးခင်မှာပင် အနက်ရောင်အရိပ်တစ်ခု ပျံသန်းလာပြီး သူ့ခေါင်း အနောက်ကို ရိုက်လိုက်သည်။ ဟွမ်ဖူ‌ထောင်ထျန်းတစ်ယောက် သတိလစ်သွားပြီး ရှန်းစီမြို့သို့ ပြန်ခေါ်သွားခြင်း ခံလိုက်ရလေသည်။

လူများစွာသည် ဟွမ်ဖူချီကို ကြည့်လိုက်ကြ၏။ ဟွမ်ဖူချီသည် မျက်နှာသေဖြင့် မလှုပ်မယှက် ရပ်နေလေသည်။ သူသည် အရိပ်အား ဟွမ်ဖူထောင်ထျန်းကို ပြန်ခေါ်သွားရန် အမိန့်ပေးလိုက်ခြင်းဖြစ်ကြောင်း ထင်ရှား၏။ ယင်းလုပ်ရပ်မှာ ဟွမ်ဖူချီက ဤကိစ္စတွင် ဝင်မပါလိုသော အဓိပ္ပာယ်ပင်။

“ဟွန်း...”

လဲ့ထင်ဝေ မပြောနိုင်သေးခင်မှာပင် လုလီက ပြောလိုက်၏။

“ခင်ဗျားတို့ စစ်ထူမျိုးနွယ်က ဒီနေ့ကိစ္စအတွက် တာဝန်ယူနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ စစ်ထူမျိုးနွယ်က ဒီသူလျှိုနှစ်ယောက်ကို ကာကွယ်ပေးရင် ကြံရာပါလို့ သတ်မှတ်ခံရမှာပဲ။ ဒီနေ့ စစ်ထူမျိုးနွယ်လည်း ပျက်သုဉ်းရမယ်”

“စောက်ပေါက်ကရတွေ...”

စစ်ထူနူသည် ဒေါသကြီးသူတစ်ယောက် ဖြစ်သဖြင့် လူရှေ့သူရှေ့တွင် ဆဲလိုက်လေသည်။ သူ၏ မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။

“လုလီ... ခင်ဗားက ဘယ်သူ့ကို သူလျှိုလို့ ပြောနေတာလဲ။ တော်ဝင်စစ်ပွဲမှာတုန်းက ကျုပ်တို့ စစ်ထူမျိုးနွယ်ကလူတွေ ဘယ်နှစ်ယောက်လောက် ကျဆုံးခဲ့သလဲ။ သောင်းနဲ့ချီတယ်မလား.... လုမျိုးနွယ်က လူတွေ‌ရော ဘယ်နှစ်ယောက် ကျဆုံးခဲ့လဲ။ တစ်ထောင်တည်းမဟုတ်လား။ တကယ်လို့ ခင်ဗျားက သူလျှိုတွေအကြောင်း ပြောချင်ရင် ခင်ဗျားတို့ လုမျိုးနွယ်ကပဲ တကယ့်သူလျှိုဖြစ်မှာပဲ”

“ဝါး...”

လူများ အုတ်အော်သောင်းနင်း ဖြစ်သွား၏။ မျိုးနွယ်(၁၃)ခု၏ ထိပ်ပိုင်းမှလူများ မဟုတ်လျှင် ထိုကဲ့သို့ အတိတ်မှ အဖြစ်အပျက်များကို မသိကြပေ။ ယနေ့ အခြေနေများက ဤကဲ့သို့ ဖြစ်မနေလျှင် စစ်ထူနူသည် ထိုအကြောင်းကို ထုတ်ပြောမည် မဟုတ်ပေ။

“ခင်ဗျား...”

လုလီသည် ဒေါသကြောင့် တဆတ်ဆတ်တုန်နေ၏။ သို့သော် သူသည် ဆက်မငြင်းခုန်ဝံ့ပေ။ စစ်ထူနူက ပို၍ပင် ရှက်စရာကောင်းသော အကြောင်းများကို ထုတ်ပြောမည်ကို သူ စိုးရိမ်ပေသည်။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

“စစ်ထူနူ... ကျုပ် ခင်ဗျားနဲ့ ငြင်းခုန်နေမှာ မဟုတ်ဘူး။ ကျန်းရီနဲ့ ချမ်ဝမ်ကွမ်းက သူလျှိုတွေဆိုတာ ကျုပ် ဆုံးဖြတ်တာ မဟုတ်ဘူး။ ဟိုလူတွေကို ဒီကို ခေါ်လာခဲ့”

ဝှစ်...ဝှစ်...

နတ်ရွာလားတောင်ထွတ်အောက်မှနေ၍ လူဆယ်ယောက်ကျော် လျင်မြန်စွာ ပျံတက်လာလေသည်။ ကျန်းရီ ချက်ချင်း မျက်နှာမည်းသွားသည်။ ထိုလူများထဲမှ သုံးယောက်ကို သူသိ၏။ တစ်ယောက်မှာ လုဖင်းဖြစ်ပြီး ကျန်နှစ်ယောက်မှာ ရန်တုံနှင့် နျိုတုန်တို့ဖြစ်သည်။

“ကျန်းရီ၊ ချမ်ဝမ်ကွမ်း... မင်းတို့နှစ်ယောက် ဒီလူသုံးယောက်ကို သိတယ်မလား”

လုလီက နှာမှုတ်ကာ ပြောလိုက်သည်။

“မင်းတို့ လုဖင်းနဲ့ ပူးပေါင်းပြီး မိုးကြိုးကျောက်တုံးတွေကို မှောင်ခိုရောင်းနေကြတာမလား။ အဲ့ကိစ္စတွေကို ငါတို့ ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပြီ။ မိုးကြိုးကျောက်တုံးတွေက ရောင်းချခွင့် ပိတ်ထားတဲ့ပစ္စည်းပဲ။ ဒါပေမဲ့ ကျန်းရီနဲ့ ချမ်ဝမ်ကွမ်းတို့က အဲ့ဒါတွေကို အရှေ့ဘက် တော်ဝင်နယ်မြေက ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို လျှို့ဝှက် ရောင်းပေးနေတာ။ သူတို့က ရန်သူတွေနဲ့ ပူးပေါင်းနေတာ”

လဲ့ထင်ဝေကလည်း ထပ်ပြောလိုက်သည်။

“ချမ်ဝမ်ကွမ်း... မင်းက အရှေ့ဘက် တော်ဝင်နယ်မြေက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ပါးကိုလည်း လျှို့ဝှက်စုဆောင်းထားခဲ့သေးတယ်မလား။ မင်းက နန်ကုန်းမျိုးနွယ်က မျိုးနွယ်ဝင်သုံးယောက်ကိုလည်း လာဘ်ထိုးပြီး နန်ကုန်းမျိုးနွယ်က မဒမ်ရှို့ကို ပြန်ပေးဆွဲခိုင်းခဲ့သေးတယ်။ ငါတို့ အားလုံး သိတယ်။ ငါတို့က မင်းရဲ့လူ ဆယ်ယောက်လုံးကို ဖမ်းထားပြီးပြီ။ ပြီးတော့... မင်းက နဂါးပျံကုန်သည်အဖွဲ့အစည်းကို အသုံးချပြီး ရှန်းစီကျွန်းမှာ သူလျှိုတွေ ထောင်နဲ့ချီပြီး ချထားတာပဲ။ ငါတို့ အဲ့အကြောင်းတွေ အကုန်လုံးကို သိတယ်... အဲ့သူလျှိုတွေကိုလည်း ဖမ်းထားပြီးပြီ။ ကိစ္စအကုန်လုံးကို လူထုရှေ့မှာ စစ်ဆေးလို့ရတယ်။ ဥက္ကဋ္ဌလျှိုက ငါတို့ကို စာရင်းပေးထားပြီးပြီ။ ချမ်ဝမ်ကွမ်း... မင်း ဥက္ကဋ္ဌလျှိုကိုတော့ မှတ်မိမှာပေါ့။ သူ့ကို ဒီကို ခေါ်လာခဲ့ကြ”

ဝှစ်...

နတ်ရွာလားတောင်ထွတ်အောက်ဘက်မှနေ၍ လူတစ်ဒါဇင် ထပ်မံ ပျံတက်လာ၏။ ချမ်ဝမ်ကွမ်းသည် သူတို့နှင့် ပါလာသူ တစ်ယောက်ကို မြင်လိုက်သောအခါ ချက်ချင်း မျက်နှာပျက်သွား၏။ ထိုသူမှာ အရှေ့ဘက် တော်ဝင်နယ်မြေရှိ နဂါးပျံကုန်သည်အဖွဲ့အစည်း၏ ကိုယ်စားလှယ်ဖြစ်သည်။ သူသည် ကုန်သည်အဖွဲ့ခွဲမှ ဥက္ကဋ္ဌဖြစ်ပြီး ချမ်ဝမ်ကွမ်း၏ လက်အောက်မှ ဖြစ်သည်။ ဥက္ကဋ္ဌလျှိုကြောင့်သာ မဟုတ်လျှင် နဂါပျံကုန်သည်အဖွဲ့အစည်းသည် ဤမျှ လျင်မြန်စွာ တိုးတက်လာနိုင်မည် မဟုတ်ပေ။

ဥက္ကဋ္ဌလျှိုက တောင်ထွတ်ပေါ်သို့ ရောက်သောအခါ ဒူးထောက်လိုက်သည်။ ထို့နောက် သူသည် ချမ်ဝမ်ကွမ်းကို ဦးညွှတ်၍ ပြောလိုက်၏။

“သခင်လေးဝမ်ကွမ်း... ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်‌တွေ ပေါ်သွားပါပြီ။ ဒီအစေခံအိုကြီးက သခင်လေးကို စိတ်ပျက်စေခဲ့ပါပြီ”

“ဝါး...”

လူအုပ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ စစ်ထူ‌အောင်းသည်ပင် အံ့အားသင့်သွားသည်။ လဲ့ထင်ဝေက စကားဖြင့်သာ ပြောလျှင် မည်သူမှ သူ့ကို ယုံကြည်မည် မဟုတ်ပေ။ သို့သော် ယခုတွင် သူသည် သက်သေများကို ထုတ်ပြနေ၏။ ထို့ပြင် သူတို့ ဖမ်းမိထားသော သူလျှိုထောင်ကျော်လည်း ရှိပေသေးသည်။ ထို့ပြင် လဲ့ထင်ဝေက လူထုရှေ့တွင် အစစ်ဆေးခံနိုင်သည်ဟုပင် ပြောခဲ့လေသည်။

***

All Chapters