← Chapters

နန်ကုန်းဖှေးဖန်းနဲ့ ထပ်မံတွေ့ဆုံခြင်း

Vol. 92 Ch. 1286

နန်ကုန်းဖှေးဖန်းနဲ့ ထပ်မံတွေ့ဆုံခြင်း

Vol. 92 Ch. 1286

ရဲရဲတောက်အလင်းဖြာထွက်မှုက အလွန်အားကောင်းတယ်။ ဒီတက်နဲ့ဝါလီကလွဲပြီး အခြားအဆင့်၆အဆင့်မြင့်နတ်ဆုံးသုံးယောက်က အသက်တစ်ခါရှုချိန်တောင် မခံနိုင်ဘဲ ပြာ‌တွေအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။

"ဒါက.....နေဥပဒေသလား" ဒီတက်ရဲ့အမူအရာက မကျေမနပ်ဖြစ်နေတယ်။

‌နေဥပဒေသက ထိပ်တန်းဥပဒေသတွေထဲကတစ်ခုပဲ။ မီးတာအိုဥပဒေသကို အဆင့်မြင့်ကမ္ဘာနတ်ဘုရားအဆင့်အထိ ကျင့်ကြံတာအပြင် မီးပြင်ဖိုကမ္ဘာနတ်ဘုရားဆရာသခင်က နေဥပဒေသကိုလဲ အဆင့်မြင့်ကမ္ဘာနတ်ဘုရားအဆင့်အထိ ကျင့်ကြံထားခဲ့တယ်။

တူညီသောကျင့်ကြံခြင်းအဆင့်မှာ နေဥပဒေသက မီးတာအိုဥပဒေသထက် အဆတစ်ထောင်ပိုသန်မာတယ်။

အား......

ဝါလီလဲ မခံနိုင်တော့ဘဲ ပြာအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။

"နတ်ဆိုးအတားအဆီး"

ဒီတက်က အနက်ရောင်အတားအဆီးတစ်ခုကို မြှောက်လိုက်ပြီး ရဲရဲတောက်အလင်းဖြာထွက်မှုကို ခုခံဖို့ အကောင်းဆုံးကြိုးစားခဲ့တယ်။

"သေစမ်း"

သတ္တုလက်သီးတစ်လုံးက ရိုက်ခတ်လာပြီး အနက်ရောင်အတားအဆီးကို တို့ဟူးအလား ထိုးဖောက်သွားခဲ့တယ်။ ပြီးနောက် ဒီတက်ရဲ့ခန္ဓာကိုယ်ကိုလဲ ထိုးဖောက်သွားခဲ့တယ်။ ပြီးနောက် ပြင်းထန်တဲ့အလင်းတစ်ခုက ပေါက်ကွဲထွက်သွားပြီး ဒီတက်ရဲ့ခန္ဓာကိုယ်က ပြာအဖြစ် ပြောင်းလဲသွားခဲ့တယ်။

"မင်းတို့တွေ ဘာလို့ ငါ့ကို ဖိအားပေးတာလဲ။ လူတိုင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ယှဉ်တွဲနေထိုင်ခွင့်ရရင် မကောင်းဘူးလား"

မီးပြင်းဖိုကမ္ဘာနတ်ဘုရားဆရာသခင်က အလွန်မပျော်မရွှင်ဖြစ်သွားတယ်။

သူ ဝါလီနဲ့အခြားသူ‌တွေကို မသတ်ချင်ရတဲ့အကြောင်းရင်းကတော့ သူလုပ်ခဲ့ရင် ပိုသန်မာတဲ့အဆင့်၆နတ်ဆိုးတွေ ရောက်လာမှာစိုးလို့ပဲ။ ဒါကြောင့် သူ့ရဲ့အစစ်အမှန်ခွန်အားကို ဖုံးကွယ်ပြီး ဝါလီကို ဖြည်းဖြည်းချင်း မောင်းထုတ်ဖို့ စီစဉ်ထားခဲ့တာ။ အခု၊ ဟန်ချက်က ကျိုးပျက်သွားပြီး နောက်တစ်ကြိမ်ကျရင် အဆင့်၆နတ်ဆိုးတွေ ဘယ်လောက်ထိ ထပ်ရောက်လာမလဲကို မသိတော့ပါဘူး။

…

"လီဖူချန်း"

မီးပြင်းဖိုမြို့ရဲ့လမ်းပေါ်မှာ နန်ကုန်းဖှေးဖန်ရဲ့အသံကို ကြားလိုက်ရတယ်။

လီဖူချန်းက ပြန်လှည့်လိုက်တယ်။ သူမက ညှို့ဓာတ်အပြည့်နဲ့နန်ကုန်းဖှေးဖန်ကို မြင်လိုက်ရတယ်။

လီဖူချန်းက အတော်လေးအံ့အားသင့်သွားတယ်၊ ဒီ‌နေရာမှာ နန်ကုန်းဖှေးဖန်ကို မြင်တွေ့ခွင့်ရမယ်လို့ သူက မမျှော်လင့်ထားပါဘူး"မင်းရဲ့နန်ကုန်းကလန်က ဘယ်လိုလဲ"

နန်ကုန်းဖှေးဖန်ရဲ့အမူအရာက မည်းမှောင်သွားတယ်"ငွေရောင်ငှက်တောင်မွေးနတ်ဘုရားဂိုဏ်းတစ်ခုလုံး ပျက်ဆီးသွားပြီ။ နန်ကုန်းကလန်အဖွဲ့ဝင်အနည်းငယ်လောက်ပဲ ငါနဲ့အတူ မီးပြင်းဖိုမြို့ကို ပါလာခဲ့တာ။ ကျန်တဲ့သူတွေအားလုံး လမ်းမှာပဲ သေသွားခဲ့ကြပြီ"

လီဖူချန်းက တိတ်ဆိတ်သွားခဲ့ရတယ်။

သူက နန်ကုန်းကလန်အပေါ် အမြင်ကောင်းအချို့ ရှိပါတယ်။

"မင်းတို့ မီးပြင်းဖိုမြို့မှာ အခြေချဖို့ စီစဉ်ထားတာလား" လီဖူချန်းက မေးလိုက်တယ်။

နန်ကုန်းဖှေးဖန်က ပြောလိုက်တယ်"ငါ မသေချာဘူး၊ ဒါပေမယ့် နေဖို့အိမ်တော်တစ်ခုတော့ ဝယ်ထားပြီးပြီ"

လီဖူချန်းက ခေါင်းညိတ်ကာ ပြောလိုက်တယ်"ငါ အခု ဆေးမျှော်စင်ရဲ့အကြီးအကဲတစ်ယောက်ပဲ။ မင်း တစ်ခုခုရှိရင် ငါ့ကို ဆေးမျှော်စင်မှာ လာရှာနိုင်တယ်"

"ဆေးမျှော်စင်အကြီးအကဲလား"

နန်ကုန်းဖှေးဖန်က သူမရဲ့တောက်ပတဲ့မျက်လုံးတွေကို တဖျပ်ဖျပ်ခပ်လိုက်တယ်။ ဘယ်အချိန်တုန်းက လီဖူချန်းက ဆေးတာအိုကို ကျင့်ကြံခဲ့တာလဲ။ ဒါ့အပြင် သူက ဆေးမျှော်စင်ရဲ့အကြီးအကဲတစ်ယောက်တောင် ဖြစ်နေပြီ။

တစ်ခဏစဉ်းစားပြီးနောက် နန်ကုန်းဖှေးဖန်က ပြောလိုက်တယ်"ငါ မင်းကို မေးစရာတစ်ခုရှိတယ်"  တစ်ဖက်လူက ဆေးမျှော်စင်ရဲ့အကြီးအကဲတစ်ယောက်ဆိုမှတော့ သူ့မှာ သေချာတဲ့အဆင့်အတန်းတစ်ခုရှိရမယ်။

"ဘာကိစ္စလဲ" လီဖူချန်းက မေးလိုက်တယ်။

နန်ကုန်းဖှေးဖန်က ပြောလိုက်တယ်"မင်း ငါ့ကို ဆေးမျှော်စင်ရဲ့ကြယ်လေးလုံးဆေးနတ်ဘုရားတစ်ယောက်နဲ့ မိတ်ဆက်ပေးပြီး သူ့ကို ငါ့အတွက် ခရမ်းအဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးတစ်ထောင်ကို သန့်စင်ဖို့ အကူအညီတောင်းပေးနိုင်မလား။ တန်ဖိုးကတော့ ငါတို့ ဆွေးနွေးနိုင်ပါတယ်"

"ခရမ်းအဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးလား"

နန်ကုန်းဖှေးဖန်က ရှင်းပြလိုက်တယ်"အဲဒါက ငါတို့နန်ကုန်းကလန်ရဲ့လျို့ဝှက်နတ်ဘုရားဆေးပဲ၊ နတ်ဘုရားသားရဲတွေကို ပျိုးထောင်ဖို့ အထူးအသုံးပြုတယ်။ အရင်တုန်းကတော့ ငါတို့နန်ကုန်းကလန်မှာ ကိုယ်ပိုင်ဆေးနတ်ဘုရားတွေရှိပေမယ့် အသူတရာချောက်နက်ကျူးကျော်မှုပြီးနောက် အားလုံးသေသွားပြီ။ ကျန်တဲ့သူတွေအကုန်လုံးက ‌ဆေးလုံးသန့်စင်တာ မသိဘူး။ ဒါက မီးပြင်းဖိုမြို့ကိုလာတဲ့ငါ့ရဲ့ပထမဆုံးအကြိမ်ပဲ၊ ငါ့အတွက် ဆေးလုံးတွေ သန့်စင်ဖို့ ကြယ်လေးလုံးအလယ်ဆင့်ဆေးနတ်ဘုရားတစ်ယောက်ကို ငါ မရှာချင်ဘူး"

"ဒီခရမ်းအဆုံးစွန်းနတ်ဘုရားသားရဲဆေးရဲ့သက်ရောက်မှုတွေက ဘာလဲ" လီဖူချန်းက မေးလိုက်တယ်။

နန်ကုန်းဖှေးဖန်က ပြောလိုက်တယ်"ခရမ်းအဆုံးစွန်းနတ်ဘုရားသားရဲဆေးက ကြယ်လေးလုံးအလယ်ဆင့်နတ်ဘုရားဆေးတစ်မျိုးပဲ။ ၎င်းက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ကို အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲအဖြစ် ချိုးဖြတ်ဖို့ ကူညီပေးနိုင်တယ်"

တုံ့ပြန်တဲ့အနေနဲ့ လီဖူချန်းရဲ့နှလုံးသားက လှုပ်ရှားသွားပြီး သူက ပြောလိုက်တယ်"တစ်ခြားသူတွေကို ဖိတ်ခေါ်ဖို့ မလိုပါဘူး။ ငါ ကြယ်လေးလုံးအဆင့်နတ်ဘုရားဆေးကို ကိုယ်တိုင်သန့်စင်နိုင်တယ်"

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်သာ ဖြစ်သေးတယ်။ ဒါက အားကောင်းပေမယ့် လီဖူချန်းက အများကြီးအကူအညီမပေးနိုင်ပါဘူး။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ဖြစ်လာရင် အခြေအနေက အများကြီးပိုကောင်းလာပေလိမ့်မယ်။

နန်ကုန်းဖှေးဖန်က မှင်တက်သွားရကာ ပြောလိုက်တယ်"သာမန်ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးတွေက ဆေးစွမ်းနိမ့်ကျတယ်။ ငါက အနိမ့်ဆုံး ပြီးပြည့်စုံခြင်းအဆင့်ရှိခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးတွေကို လိုချင်တာ"

သူမရဲ့အမြင်အရ လီဖူချန်းက ကြယ်လေးလုံးနတ်ဘုရားဆေး‌ဆရာတစ်ယောက်ပဲ ဖြစ်မှာပါ။ ဆေးနတ်ဘုရားတစ်ယောက်ဖြစ်ဖို့က မလွယ်ကူပါဘူး။

လီဖူချန်းက ရယ်လိုက်တယ်"ကြည့်ရတာ မင်းက ဆေးမျှော်စက်နဲ့ပတ်သက်ပြီး မသိသေးဘူးထင်တယ်။ ဆေးမျှော်စင်အကြီးအကဲတစ်ယောက်ဖြစ်လာဖို့ဆိုရင် တစ်စုံတစ်ယောက်က အနိမ့်ဆုံးကြယ်လေးလုံးအဆင့်မြင့်ဆေးနတ်ဘုရားတစ်ယောက်ဖြစ်ရမယ်။ ငါက ကြယ်လေးလုံးအဆင့်မြင့်ရွှေရောင်ဆေးနတ်ဘုရားတစ်ယောက်ပဲ။ ငါက အဆုံးစွန်းအဆင့်နတ်ဘုရားဆေးတွေကို သန့်စင်နိုင်တယ်"

"အဲဒါ ဟုတ်လား" နန်ကုန်းဖှေးဖန်က အလွန်အံ့ဩသွားတယ်၊ သူမက လီဖူချန်းကို မသိခဲ့သလို ခံစားနေရတယ်။

"မှန်တာပေါ့။ မင်း ပတ်ဝန်းကျင်ကို မေးမြန်းလို့ရတယ်"

"မလိုဘူး။ နင် ငါ့ကို မလိမ်ဘူးဆိုတာ ငါ ယုံတယ်။ ဒီ‌နေရာလပ်လက်စွပ်မှာ ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးဖော်စပ်နည်းနဲ့ပါဝင်ပစ္စည်းတွေ ပါတယ်" နန်ကုန်းဖှေးဖန်က နေရာလပ်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်တယ်။

လီဖူချန်းက ရယ်ကာ ပြောလိုက်တယ်" မင်း ငါ့ကို ဒီလောက်ထိ ယုံကြည်တာပေါ့လေ"

ပြောရင်း သူက ‌နေရာလပ်လက်စွပ်ကို လက်ခံခဲ့တယ်။

ဆေးဖော်စပ်နည်းနဲ့ဆိုရင် သူက အဆုံးစွန်းအဆင့်ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးကို သန့်စင်နိုင်တယ်။ သူက ဆန္ဒရှိသရွေ့ သူက သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးကိုတောင် အောင်မြင်မှု၁၀၀ရာခိုင်နှုန်းနဲ့ သန့်စင်နိုင်တယ်။

နှစ်ယောက်သား ခွဲထွက်လာပြီး လီဖူချန်းက တည်းခိုခန်းသို့ ပြန်လာခဲ့တယ်။

ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးဖော်စပ်နည်းကို လေ့လာပြီးနောက် လီဖူချန်းက ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးပထမအသုတ်ကို သန့်စင်ဖို့ ကြိုးစားခဲ့တယ်။

သန့်စင်ခြင်းက အောင်မြင်ပါတယ်။ ပထမအသုတ်မှာ အားလုံးက အဆုံးစွန်းအဆင့်တွေပါပဲ။ သူတို့မှာ အဆုံးစွန်းအဆင့်၁နဲ့အဆင့်၂တို့ပါပေမယ့် အနည်းငယ်သာဖြစ်တယ်။

ဒုတိယအသုတ်မှာ အားလုံးက အဆုံးစွန်းအဆင့်၅နဲ့ အထက်ဖြစ်တယ်။

တတိယအသုတ်မှာ အားလုံးက အဆုံးစွန်းအဆင့်၉ဖြစ်တယ်။

လီဖူချန်းက ဘယ်လိုခေါင်းကိုက်မှုကိုမှ မခံစားရပါဘူး၊ သူက ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးပထမအသုတ်နဲ့ဒုတိယအသုတ်တို့ကို ဖျက်ဆီးပစ်ခဲ့ပြီး တတိယအသုတ်ကိုသာ ချန်ထားခဲ့တယ်။

ဒီလိုမပြည့်စုံတဲ့ဆေးတွေကို သန့်စင်ဖို့ မလိုပါဘူး။

သူ့အနေနဲ့ အဆုံးစွန်းအဆင့်၉ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးကို သန့်စင်ဖို့က အရမ်းလွယ်ပါတယ်။

"ကျားလေး၊ စမ်းကြည့်" လီဖူချန်းက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားကို လွှတ်လိုက်တယ်။

ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးကို မြင်ပြီးနောက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက လျှာသပ်ကာ ဆေးတစ်လုံးကို ဝါးမျိုလိုက်တယ်။

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားရဲ့ချီတည်ရှိမှုက မြင့်တက်လာတယ်။

အဆုံးစွန်းအဆင့်၉ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးက အလွန်အာနိသင်ပြင်းပြီး သန့်စင်တဲ့ဆေးစွမ်းရှိတယ်။ ၎င်းက ပြီးပြည့်စုံခြင်းအဆင့်ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးက ယှဉ်နိုင်တဲ့အရာမဟုတ်ပါဘူး။

"ဆေးစွမ်းက မဆိုးဘူးပဲ။ သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးမှာရော ဘယ်လိုဆေးစွမ်းတွေ ရှိမလဲ"

စတုတ္ထအသုတ်မှာ လီဖူချန်းက သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲ‌ဆေးတစ်သုတ်ကို သန့်စင်ခဲ့တယ်။ အင်းကွက်၆ခု၊ အင်းကွက်ခုနှစ်ခု၊ အင်းကွက်ရှစ်ခုနတ်ဘုရားသားရဲဆေးလုံးတွေပါပဲ။

လက်ရှိမှာ နတ်ဘုရားဆေးလုံးတွေရဲ့အရောင်၊ ချီနဲ့ အင်းကွက်တွေကို သုံးပြီး သန္ဓေပြောင်းနတ်ဘုရားဆေးက ပုံမှန်နတ်ဘုရားဆေးရဲ့ဆေးစွမ်းကို အမွေဆက်ခံထားသလားဆိုတာ လီဖူချန်းက ခွဲခြားနိုင်နေပြီ။

စုစုပေါင်းသန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးသုံးမျိုးရှိတယ်။ သူတို့က ခရမ်းရွှေရောင်၊ ခရမ်းနီရောင်နဲ့ ခရမ်းပြာရောင်တို့ပါပဲ။

ခရမ်းရွှေရောင်သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးက ပုံမှန်ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးမှ‌ဆေးစွမ်းကို အ‌မွေဆက်ခံထားပြီး နတ်ဘုရားသားရဲတွေချိုးဖြတ်ရာမှာ ကူညီပေးနိုင်တာကို လီဖူချန်းက ချက်ချင်း သတိပြုမိခဲ့တယ်။ ခရမ်းနီရောင်နဲ့ခရမ်းပြာရောင်သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးတွေမှာတော့ အခြားဆေးစွမ်းတွေရှိပြီး လီဖူချန်းက သူတို့ကို တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားပေါ်မှာ မစမ်းရဲပါဘူး။

မျှော်လင့်ထားသလိုပါပဲ၊ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက ခရမ်းရွှေရောင်သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးကို ပိုစိတ်ဝင်စားခဲ့တယ်။

အင်းကွက်၆ခုနတ်ဘုရားသားရဲဆေးကို သုံးစွဲပြီးနောက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားရဲ့ချီတည်ရှိမှုက သိသိသာသာမြင့်တက်လာတယ်။ ‌ဆေးစွမ်းက ပုံမှန်ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးတွေထက် အများကြီးသာလွန်တယ်။

နောက်ပိုင်းမှာ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးဒါဇင်ကျော်ကို သုံးစွဲခဲ့တယ်။ အင်းကွက်‌၆ခု၊ အင်းကွက်၇ခုနဲ့ အင်းကွက်၈ခုနတ်ဘုရားသားရဲဆေးတွေပါပဲ။

အုန်း.....

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲမှ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲသို့ ချိုးဖြတ်ခဲ့တယ်။

"ဒါက နန်ကုန်းကလန်ရဲ့လျှို့ဝှက်နတ်ဘုရားဆေးဆိုတာ အံ့အားသင့်ရှိစရာမရှိဘူးပဲ" လီဖူချန်းက ရယ်ကာ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားရဲ့ခေါင်းကို ပုတ်လိုက်တယ်။

လီဖူချန်းက ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးတစ်ထောင်ကို နေ့တစ်ဝက်အောက်နဲ့ သန့်စင်ခဲ့တယ်။ လီဖူချန်းက သူတို့ထဲကတစ်ဝက်ကို အဆုံးစွန်းအဆင့်၉နတ်ဘုရားဆေးလုံးတွေအဖြစ် သန့်စင်ခဲ့ပြီး ကျန်တာတွေအားလုံးကို သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးတွေအဖြစ် သန့်စင်ခဲ့တယ်။

နောက်သုံးရက်ကြာပြီးနောက် လီဖူချန်းက ဆေးလုံးတွေကို နန်ကုန်းဖှေးဖန်ထံ ပေးခဲ့တယ်။

အရိုးသားဆုံးပြောရရင် နန်ကုန်းဖှေးဖန်က အနည်းငယ်စိုးရိမ်မိတယ်။ လီဖူချန်းက ပြီးပြည့်စုံခြင်းအဆင့်ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးကို သန့်စင်နိုင်မယ်လို့ သူမက မယုံကြည်သေးပါဘူး။

ဒါပေမယ့် လီဖူချန်းရဲ့ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးတွေအားလုံးက အဆုံးစွန်းအဆင့်ရှိတာကို မြင်တဲ့အခါ သူမက လုံးဝအံ့အားသင့်သွားခဲ့တယ်။

"နင်က တကယ်ကို အဆင့်မြင့်ကြယ်လေးလုံးရွှေရောင်ဆေးနတ်ဘုရားပဲ။ နင် ဘယ်လိုတောင်လုပ်ခဲ့တာလဲ" နန်ကုန်းဖှေးဖန်က သိချင်စိတ်ပြင်းပြစွာ မေးလိုက်တယ်။

လီဖူချန်းရဲ့ဓားတာအိုပါရမီက ပြိုင်ဘက်ကင်းလေ။ သူ့ရဲ့ဆေးတာအိုပါရမီကရော ဒီလောက်တောင် ကြောက်စရာကောင်းတာလား။

လီဖူချန်းက ပြောလိုက်တယ်"ငါ့ရဲ့လက်ရှိဘွဲ့နာမည်က ဓားဆေးဆန်းကြယ်နတ်ဘုရားပဲ။ မီးပြင်းဖိုထဲရှိလူအများစုက ငါ့ကို သိတယ်။ မင်း ကြိုက်တဲ့ဆန်းကြယ်နတ်ဘုရားတွေကို မေးနိုင်တယ်။ ငါဘယ်လိုလုပ်ခဲ့သလဲကိုတော့ ငါ မသိဘူး။ ငါက ဓားတာအိုရောဆေးတာအိုရော ပါရမီပါတာ ဖြစ်မှာပါ"

ဒါ့ပြင် မင်း ငါ့ကို ဘယ်တော့မှ မမေးရသေးဘူးနော်။ သေချာအနီးကပ်ကြည့်လိုက်ပါ၊ ဒါတွေက သာမန်အဆုံးစွန်းအဆင့်ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးတွေမဟုတ်ဘူး။ သူတို့က အဆုံးစွန်းအဆင့်၉ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံး‌တွေပဲ။ ဆေးစွမ်းက အရမ်းအားကောင်းပြီးသန့်စင်တယ်။ ဒါ့ပြင် ငါက သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးအချို့ကိုလဲ သန့်စင်ခဲ့တယ်။ သူတို့အထဲမှာ ခရမ်းရွှေရောင်သန္ဓေန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးတွေက သာမန်ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးတွေရဲ့ဆေးစွမ်းကို ပြီးပြည့်စုံစွာ ပိုင်ဆိုင်ထားရုံသာမက အဆဒါဇင်ပိုသန်မာတယ်။ မင်း ငါ့ကို ယုံရင် မင်းရဲ့သုံးရောင်ခြယ်ဆန်းကြယ်နတ်ဘုရားသားရဲကို ခရမ်းရွှေရောင်သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးတွေ ကျွေးလိုက်။ ကျန်တဲ့သာမန်ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးတွေကို မင်းရဲ့ကလန်သား‌တွေကို ပေးလိုက်ပေါ့"

နန်ကုန်းဖှေးဖန်က ခေါင်းညိတ်လိုက်တယ်"ငါ နင့်ကို ယုံပါတယ်"

ဘာကြောင့်မှန်းမသိပေမယ့် လီဖူချန်းက ယုံကြည်ကိုးစားရတယ်လို့ သူမက ခံစားမိတယ်။ သို့မဟုတ်ရင် သူမက ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးဖော်စပ်နည်းကို အလွယ်တကူပေးလိုက်မှာမဟုတ်ပါဘူး။

တုံ့ဆိုင်းမနေဘဲ နန်ကုန်းဖှေးဖန်က နေရာလပ်လက်စွပ်တစ်ကွင်းကို ယူထုတ်ကာ လီဖူချန်းကို ပေးလိုက်တယ်။"ဒါက ပြောင်းလဲခြင်းတစ်ရာသားရဲဆေးဖော်စပ်နည်းနဲ့ပါဝင်ပစ္စည်းတွေပဲ။ ပြောင်းလဲခြင်းတစ်ရာသားရဲဆေးကလဲ ငါတို့နန်ကုန်းကလန်ရဲ့နတ်ဘုရားဆေးပဲ။ ဒါက ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးထက် ပိုတန်ဖိုးရှိတယ်၊ ၎င်းက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲကို အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲအဖြစ် ချိုးဖြတ်စေနိုင်တယ်။ အရင်ကတော့ ငါ အဲဒါကို အချိန်တိုအတွင်း ယူထုတ်မှာမဟုတ်ဘူး၊ ဘာလို့ဆို သုံးရောင်ခြယ်ဆန်းကြယ်နတ်ဘုရားသားရဲက အခုမှ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲသာ ဖြစ်သေးတာလေ။ ချိုးဖြတ်ပြီးရင်တော့ ၎င်းက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ဖြစ်လာမှာ။ ၎င်းက အချိန်တိုအတွင်းမှာ ဆက်လက်ချိုးဖြတ်မယ်ဆိုရင် ၎င်းရဲ့အုတ်မြစ်ကို ထိခိုက်စေလိမ့်မယ်။ ဒါပေမယ့် နင် ငါ့ကိုပေးတဲ့ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးတွေကတော့ မတူတော့ဘူး။ အဲဒါက သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးဆိုတော့လေ"

နန်ကုန်းကလန်က သူတို့ရဲ့အခြေခံအုတ်မြစ်ကို မထိခိုက်စေဖို့ကို လိုအပ်တစ်ချက်တစ်ခုအဖြစ် ထားပြီး နတ်ဘုရားသားရဲတွေကို ပြုစုပျိုးထောင်ခဲ့တာပါ။

"ငါ့နောက်လိုက်လာပါ" နန်ကုန်းဖှေးဖန်နဲ့ ကိစ္စအချို့ဆွေးနွေးဖို့ လိုတယ်လို့ လီဖူချန်းက ခံစားမိတယ်။

တည်းခိုခန်းရဲ့ခြံဝင်းထဲမှာ လီဖူချန်းက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားကို ထုတ်လိုက်တယ်။

"တကယ်တော့ ပိုင်နက်နတ်ဘုရားသားရဲဆန်းကြယ်လျှို့ဝှက်နယ်မြေရဲ့အသေးစားလျှို့ဝှက်နယ်မြေထဲမှာ ငါ အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ဖြစ်တဲ့တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားကို ရခဲ့တယ်။ ဒါပေမယ့် ငါ အဲဒါကို ငါ့အတွက် သိမ်းထားခဲ့တယ်"

သူက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားနဲ့နတ်ဘုရားသားရဲစာချုပ်ချုပ်ဆိုင်နိုင်ခဲ့တာကို လီဖူချန်းက နန်ကုန်းဖှေးဖန်ကို ပြောပြလိုက်တယ်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက ခရမ်းရွှေရောင်သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးကို သုံးစွဲပြီး အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲအဖြစ် ချိုးဖြတ်ခဲ့တာကိုပါ သူက ပြောပြလိုက်တယ်။

သူမက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားကို မြင်ပြီးနောက် နန်ကုန်းဖှေးဖန်က အလွန်အံ့အားသင့်သွားတယ်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက တိုက်ခိုက်ရေးသဘာဝသားရဲတစ်ကောင်ဖြစ်တယ်။ တူညီသောကျင့်ကြံခြင်းနယ်ပယ်မှာ ၎င်းထက်ပိုသန်မာတဲ့နတ်ဘုရားသားရဲတွေအများကြီးမရှိဘူး။ ဒါက သုံးရောင်ခြယ်ဆန်းကြယ်နတ်ဘုရားသားရဲထက် မနိမ့်ကျတဲ့ရှားပါးတဲ့တည်ရှိမှုတစ်ခုပါပဲ။

လီဖူချန်းရဲ့ရှင်းပြချက်ကို ကြားပြီးနောက် နန်ကုန်းဖှေးဖန်က ရယ်ကာ ပြောလိုက်တယ်" နင်က ဒီလောက်များတဲ့နတ်ဘုရားသားရဲပေါက်စတွေကို ငါ့ကလန်အတွက် ဖမ်းပေးခဲ့တာပဲ။ နင်က ငါ့နန်ကုန်းကလန်အပေါ် ဘာမှ အကြွေးမတင်ပါဘူး။ ဒါ့ပြင် သူတို့က တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားနဲ့နတ်ဘုရားသားရဲစာချုပ်ချုပ်ဆိုနိုင်တာကို သိရင်  ဘယ်သူမှ လက်လျှော့မှာမဟုတ်ဘူးလေ။ ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးအတွက်ကတော့ အရိုးသားဆုံးပြောရရင် နင် ငါ့ကိုပေးခဲ့တဲ့ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးက ငါတွေးထားတာထက် အဆတစ်သောင်းပိုကျော်လွန်တယ်။ ငါကပဲ နင့်ကို အကြွေးတင်တာပါ"

လီဖူချန်းမရှိဘဲနဲ့ သူမက သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးကို ရနိုင်မှာမဟုတ်ဘူး။ နှိုင်းယှဉ်ရရင် ပြီးပြည့်စုံခြင်းအဆင့်ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးလုံးက အမှိုက်မျှပါပဲ။

"မင်း ငါ့ကို စက်ဆုပ်စရာကောင်းတဲ့လူတစ်ယောက်လို့ မထင်တာ အရမ်းကောင်းတယ်" နန်ကုန်းဖှေးဖန်က သဘောထားကြီးလွန်းတယ်၊ ဒါကြောင့် လီဖူချန်းက သူမထံ ဘာတစ်ခုမှ မဖုံးကွယ်ချင်ခဲ့ပါဘူး။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နင်က အတွေးများနေတာပဲ။ ဒါ့အပြင် နင်က ငါ့ကို အရာအားလုံးပြောပြာတဲ့အတွက် ငါ အရမ်းပျော်ပါတယ်" နန်ကုန်းဖှေးဖန်ရဲ့စိတ်အခြေအနေက အလွန်ကောင်းနေတော့တယ်။

ဒီလိုနဲ့ နန်ကုန်းဖှေးဖန်က ပြန်ဖို့ကို မစောင့်နိုင်တော့ပါဘူး။ သူမက ခရမ်းရွှေရောင်သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးရဲ့ဆေးစွမ်းကို စမ်းသပ်ချင်ခဲ့တယ်။ စော‌စောက သူမက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားကို တစ်ချက်ကြည့်လိုက်တယ်။ ချိုးဖြတ်ပြီးနောက် ၎င်းရဲ့သားရဲချီတည်ရှိမှုက လုံးဝအားမနည်းဘူးပဲ။ အဲအစား အလွန်ခိုင်မာတယ်။ ခရမ်းရွှေရောင်သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးရဲ့အစွမ်းက အလွန်အာနိသင်ပြင်းပြီးသန့်စင်တယ်ဆိုတာ သိသာတယ်။

***

All Chapters