← Chapters

လေ့လာစုံစမ်းခြင်း

Vol. 92 Ch. 1287

လေ့လာစုံစမ်းခြင်း

Vol. 92 Ch. 1287

ပြောင်းလဲခြင်းတစ်ရာသားရဲဆေး၊ ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေး။

ခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးကို သန့်စင်တုန်းကလိုပဲ၊ လီဖူချန်းရဲ့နတ်ဘုရားဆေးပထမအသုတ်လုံးက အဆုံးစွန်းအဆင့်၁ဒါမှမဟုတ်အဆင့်၂နတ်ဘုရားဆေးတွေ ဖြစ်ကြတယ်။ ပဉ္စမအသုတ်မှာ သူက အဆုံးစွန်းအဆင့်၉နတ်ဘုရားဆေးတွေအားလုံးကို သန့်စင်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာ လီဖူချန်းက သန္ဓေပြောင်းပြောင်းလဲခြင်းတစ်ရာသားရဲ‌ဆေးကို စတင်သန့်စင်ခဲ့တယ်။

သန္ဓေပြောင်းပြောင်းလဲခြင်းတစ်ရာသားရဲဆေးအမျိုးအစားများစွာရှိပြီး ဒါဇင်ကျော်တယ်။ ပြောင်းလဲခြင်းတစ်ရာဆိုတဲ့၎င်းရဲ့နာမည်အတိုင်းပါပဲ။

ဒါပေမယ့် နို့ဖြူရောင်သ‌န္ဓေပြောင်းပြောင်းလဲခြင်းတစ်ရာသားရဲဆေးက သာမန်သန္ဓေပြောင်းသားရဲဆေးတွေရဲ့‌ဆေးစွမ်းကို ဆက်ခံထားတယ်။ အခြားသန္ဓေပြောင်းပြောင်းလဲခြင်းတစ်ရာဆေးတွေမှာ အမျိုးအမည်မသိတဲ့ဆေးစွမ်းတွေရှိတယ်။

နို့ဖြူရောင်‌သ‌န္ဓေပြောင်းပြောင်းလဲခြင်းတစ်ရာသားရဲဆေးအလုံးသုံးဆယ်ကို သုံးစွဲပြီးနောက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက ထပ်မံချိုးဖြတ်လာခဲ့တယ်။

နေ့တစ်ဝက်ကြာပြီးနောက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ဖြစ်လာခဲ့တယ်။

"ကျားလေး၊ တိုက်ကြစို့" လီဖူချန်းက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားကို သူ ဖန်တီးထားတဲ့ နေရာလပ်ဇုန်ထဲသို့ ထည့်လိုက်တယ်။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ဖြစ်လာပြီးနောက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက အလွန်အမင်းအားကောင်းလာတယ်။ ၎င်းရဲ့ခန္ဓာကိုယ်က မဖျက်ဆီးနိုင်တဲ့ရွှေရောင်အလင်းဖြာထွက်မှုကို ထုတ်လွှတ်နေတယ်။ ၎င်းက ရပ်နေရင်တောင် အားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်က အချိန်တိုအတွင်း မချိုးဖြတ်နိုင်လောက်ဘူးလို့ လီဖူချန်းက ခန့်မှန်းထားတယ်။ ၎င်းမှုတ်ထုတ်တဲ့ရွှေရောင်အလင်းစက်လုံးကတော့ ပိုတောင်ကြောက်စရာကောင်းတယ်။ ၎င်းက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားအားလုံးကို ပျောက်ကွယ်စေနိုင်လုနီးပါးပဲ။

"တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက ‌တကယ် ပြောင်မြောက်တာပဲ။ ၎င်းရဲ့ခွန်အားက သာမန်ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေထက် အဆတစ်ရာပိုသန်မာတယ်။ ၎င်းက မီးပြင်းဖိုမြို့ရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ထိပ်ဆုံးဆယ်ယောက်ထဲဝင်ဖို့ လုံလောက်မယ်"

လီဖူချန်းက မီးပြင်းဖိုမြို့ရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်စာရင်းတင်အချို့ကို မြင်ခဲ့ဖူးတယ်၊ သူတို့အများစုက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားထက် နိမ့်ကျတယ်။

နှိုင်းယှဉ်ရရင် မိုမိုက အတော်လေးနိမ့်ကျတယ်။

ဒါပေမယ့် မိုမိုကို အပြစ်တင်လို့မရဘူး။ ကြယ်ရှစ်လုံးနတ်ဘုရားဟင်းလင်းပြင်သက်ရှိအနေနဲ့ ၎င်း အရွယ်ရောက်တာနဲ့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားတစ်သောင်းကတောင် မယှဉ်နိုင်ပါဘူး။ ၎င်းက ကြီးထွားဖို့ အချိန်အများကြီးလိုတာ စိတ်မကောင်းစရာတစ်ခုပဲ။ မိုမိုအဆင့်တက်အောင်ကူညီဖို့နည်းလမ်းတစ်ခုခုများရှိမလားလို့ လီဖူချန်းက သိချင်ခဲ့တယ်။

ဒီနေ့က ‌ဆေးလုံးပေးရမယ့်နေ့ဖြစ်တယ်။

လီဖူချန်းရဲ့တည်းခိုခန်းခြံဝင်းထဲမှာ.....

နှစ်ယောက်လုံးက သူတို့ရဲ့နတ်ဘုရားသားရဲတွေကို ထုတ်လိုက်တယ်။

လက်ရှိသုံးရောင်ခြယ်ဆန်းကြယ်သားရဲက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ဖြစ်ပြီး ၎င်းရဲ့ချီတည်ရှိမှုက အလွန်ခိုင်မာတယ်။ ၎င်းကို ကြည့်ရတာ ချိုးဖြတ်ကာစလို့တောင် မထင်ရပါဘူး။

နန်ကုန်းဖှေးဖန်က စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်"မင်းငါ့ကိုပေးခဲ့တဲ့သန္ဓေပြောင်းခရမ်းရောင်အဆုံးစွန်းနတ်ဘုရားသားရဲဆေးက အရမ်းကောင်းတယ်။ အလုံးနှစ်ဆယ်သုံးပြီးတာနဲ့ ငါ့ရဲ့ချီလးက ချိုးဖြတ်သွားခဲ့တယ်၊ သူ့ရဲ့အုတ်မြစ်ကလဲ အရမ်းခိုင်မာ‌နေရောပဲ။ နောက်ထပ်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲအဆင့်ကို ချိုးဖြတ်ဖို့က လုံးဝပြဿနာတစ်ခုမဟုတ်တော့ဘူး"

"ဒါပေါ့။ ငါ့ရဲ့ကျားလေးက ဥပမာပဲလေ" လီဖူချန်းက ရယ်လိုက်တယ်။

"ဒါ ဟုတ်ပါတယ်"

နန်ကုန်းဖှေးဖန်က တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားကို ဂရုတစိုက်လေ့လာလိုက်တယ်။ အချိန်အတော်ကြာပြီးနောက် သူမက ခေါင်းညိတ်လိုက်တယ်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားရဲ့နတ်ဘုရားသားရဲအရှိန်အဝါက ယခင်လောက် မခိုင်မာပေမယ့် သေချာပေါက်အားမနည်းဘူး။ ၎င်းရဲ့အုတ်မြစ်ကို မထိခိုက်မှန်း လုံးဝသိသာတယ်။

နန်ကုန်းဖှေးဖန်ကို တစ်ချက်ကြည့်ပြီးနောက် လီဖူချန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ်"မင်းရဲ့ရှောင်ချီက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲအဖြစ် ချိုးဖြတ်ပြီးတဲ့အခါကျရင် မင်းရဲ့အဆင့်က လိုက်မမီ‌နိုင်တော့ဘူးပေါ့"

အခုလက်ရှိမှာ အသူတရာချောက်နက်က ကျုးကျော်နေတာလေ၊ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းမရှိပါဘူး။ နတ်ဘုရားသားရဲ‌တစ်ကောင်ကို မှီခိုတာကလဲ လက်တွေ့မကျပါဘူး။

နန်ကုန်းဖှေးဖန်က အကူအညီမဲ့စွာ ပြောလိုက်တယ်"အဲ့တော့ ငါ ဘာလုပ်လို့ရမှာလဲ။ နတ်ဘုရားမျိုးနွယ်က တစ်ဆင့်ပြီးတစ်ဆင့် ချိုးဖြတ်ရတာလေ။ ပထမ၊ သူတို့က သူတို့ရဲ့ဥပဒေသနယ်ပယ်ကို တိုးမြှင့်ရမယ်။ သို့မဟုတ်ရင် သူတို့က ချိုးဖြတ်ရင်တောင် အဓိပ္ပါယ်မရှိဘူး၊ သူတို့ရဲ့အနာဂတ်ကို ဖျက်ဆီးတာပဲ ဖြစ်လိမ့်မယ်"

သူမရဲ့လက်ရှိဥပဒေသနယ်ပယ်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာ ရှိပြီးဆိုပေမယ့် သူမမှာ အသက်နယ်ပယ်ကိုတိုးစေတဲ့ထိပ်တန်းအဆင့်နတ်ဘုရားဆေးတစ်ခုမှ မရှိပါဘူး။

"မင်းရဲ့လက်ရှိဥပဒေသနယ်ပယ်က ဘာလဲ" လီဖူချန်းက မေးလိုက်တယ်။

နန်ကုန်းဖှေးဖန်က ပြောလိုက်တယ်"အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ထားတာ မကြာသေးဘူး"

"အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို အရင်တက်လှမ်းလိုက်ပါ။ ဒီထဲမှာ မင်းရဲ့အသက်နယ်ပယ်ကိုတိုးစေနိုင်တဲ့သန္ဓေပြောင်းနတ်ဘုရားဆေးတွေရှိတယ်။ ဆေးစွမ်းက ထိပ်တန်းအဆင့်နတ်ဘုရားဆေးတွေထက် မနိမ့်ကျဘူး။ ဒါ့အပြင် ထိုးထွင်းသိမြင်မှုကိုတိုးစေတဲ့သန္ဓေပြောင်းနတ်ဘုရားဆေးတွေလဲ ရှိတယ်" လီဖူချန်းက နေရာလပ်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်တယ်။

ထိုးထွင်းသိမြင်မှုကိုလဲ တိုးစေနိုင်ပေမယ့် သာမန်နတ်ဘုရားဆေးတွေမှာ နိမ့်ကျတဲ့‌ဆေးစွမ်းတွေရှိပြီး ထိုးထွင်းသိမြင်မှုကို တိုးစေဖို့ အကန့်အသတ်တစ်ခုရှိတယ်။ သ‌န္ဓေပြောင်းနတ်ဘုရားဆေးတွေနဲ့ထိပ်တန်းအဆင့်နတ်ဘုရားဆေးတွေကပဲ အသုံးဝင်တယ်။

တကယ်တော့ နန်ကုန်းဖှေးဖန်က ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ထပ်မဖန်တီးထားခဲ့ရင် သူမရဲ့ကျင့်ကြံခြင်းက တိုးလာရင်တောင် ခွန်အားတိုးလာမှုက အကန့်အသတ်ရှိပါလိမ့်မယ်။ သို့မဟုတ်ရင် အချိန်တိုအတွင်းမှာ နန်ကုန်းဖှေးဖန်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို တိုးနိုင်လိမ့်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။

ဒါပေမယ့် နန်ကုန်းဖှေးဖန်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေထဲမှာ အားအနည်းဆုံးဖြစ်လာလိမ့်မယ်၊ သူမက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအချို့ကိုတောင် အနိုင်ယူနိုင်လိမ့်မှာမဟုတ်ပါဘူး။

တကယ်တော့ နန်ကုန်းဖှေးဖန်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်သုံးခုသာ ပေါင်းစပ်ထားတယ်လေ။

ဒါက အဆင့်နိမ့်ဆန်းကြယ်ဆန်းကြယ်နတ်ဘုရားတွေကြားမှာ မဆိုးပေမယ့် အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေကြားမှာတော့ ဟာသတစ်ခုဖြစ်ပေလိမ့်မယ်။

ဒါပေမယ့် နန်ကုန်းဖှေးဖန်ပြောခဲ့သလိုပါပဲ၊ အခြားနည်းလမ်းမရှိပါဘူးလေ။

"ကျေးဇူးတင်ပါတယ်"

နန်ကုန်းဖှေးဖန်က သူမရဲ့လက်ထဲရှိနေရာလပ်လက်စွပ်ကို လီဖူချန်းထံ ပေးလိုက်တယ်"အထဲကဆေးဖော်စပ်နည်းတွေအားလုံးက နန်ကုန်းကလန်ရဲ့လျို့ဝှက်ဆေးဖော်စပ်နည်းတွေပဲ။ သူတို့က ကြယ်သုံးလုံးက‌နေ ကြယ်ငါးလုံးအထိ ရှိတယ်။ တကယ်တော့ ကြယ်ခြောက်လုံးနတ်ဘုရားဆေးဖော်စပ်နည်းတစ်ခုလဲရှိတယ်။ ငါ နတ်ဆိုးစစ်တပ်ရဲ့လက်ချက်ကြောင့် သေသွားခဲ့ရင်တောင် နင့်ရဲ့ကျားလေးရဲ့တိုးတက်မှုနှောင့်နှေးမှာနဲ့ပတ်သက်ပြီးတော့ နင် စိုးရိမ်စရာမလိုတော့ဘူးပေါ့"

လီဖူချန်းက ဘာပြောရမှန်းတောင် မသိတော့ဘူး။ နန်ကုန်းဖှေးဖန်က သူ့ကို အများကြီးယုံကြည်ပုံရတယ်‌၊ ဒါပေမယ့် သူက မငြင်းပယ်နိုင်ပါဘုး၊ အဲဒါက သူမကို စိတ်ထိခိုက်စေနိုင်လို့လေ။

နောက်ရက်အနည်းငယ်အတွင်း လီဖူချန်းက အဆုံးစွန်းအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ဖြစ်တဲ့ဓားတစ်ချက်စိတ်ဝိညာဉ်ဖြတ်ကို ကျင့်ကြံရင်း သူ့ရဲ့ကိုယ်ပိုင်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ကို ဖန်တီးနေခဲ့တယ်။

နန်ကုန်းဖှေးဖန်သူ့ကိုပေးခဲ့တဲ့ဆေးဖော်စပ်နည်းတွေအတွက်ကတော့ အချိန်ရတဲ့အခါကျမှ လေ့လာဖို့ လီဖူချန်းက သူတို့ကို လေ့လာဖို့ စီစဉ်ထားတယ်။

မြို့ပြင်မှာ ဟိန်းသံတွေ အဆက်မပြတ်ပေါ်ထွက်လာနေတယ်၊ နတ်ဆိုးစစ်တပ်က ထပ်မံတိုက်ခိုက်လာတယ်။

တိုက်ပွဲက အလွန်ပြင်းထန်တယ်။ နတ်ဆိုးစစ်တပ်က အရေအတွက်အသာစီးရထားပြီး နတ်ဘုရားတွေမှာတော့ နတ်ဆိုးစတိုးဆိုင်ဆိုတဲ့အသာစီးရထားတယ်။ သူတို့မှာ နတ်ဆိုးအမှတ်တွေအလုံအလောက်ရှိသရွေ့ သူတို့က သူတို့လိုချင်တဲ့ပစ္စည်းတွေကို ဖလှယ်နိုင်တယ်။

အထူးသဖြင့် နတ်ဘုရားရုပ်သေးတွေက အရမ်းနာမည်ကြီးနေတယ်။

နန်ကုန်းဖှေးဖန်ကို လေ့လာပြီးနောက် လီဖူချန်းက တိတ်တဆိတ်ခေါင်းညိတ်လိုက်တယ်။ နန်ကုန်းကလန်ရဲ့ဒုတိယသခင်မလေးအနေနဲ့ နန်ကုန်းဖှေးဖန်မှာ နတ်ဘုရားရုပ်သေးနဲ့နတ်ဘုရားအဆောင်တို့လို ပစ္စည်းကောင်း‌တွေ အများကြီးရှိတယ်။ ဒါ့အပြင် သုံးရောင်ခြယ်ဆန်းကြယ်သားရဲနဲ့သူမရဲ့သခင်သားရဲဖြစ်တဲ့ခရမ်းရောင်အလင်းငှက်ပါပေါင်းထည့်လိုက်ရင် နန်ကုန်းဖှေးဖန်က အတော်လေးအန္တရာယ်ကင်းတယ်၊ သူမက ကံဆိုးပြီး အဆင့်၅နတ်ဆိုးတစ်ကောင်နဲ့ မတွေ့ခဲ့ရင်ပေါ့။

စစ်ပွဲက ရက်အနည်းငယ်ကြာပြီးမှ အဆုံးသတ်ခဲ့တယ်။ မီးပြင်းဖိုမြို့ရဲ့နတ်ဘုရားမျိုးနွယ်က အတော်လေးအဆင်ပြေနေသေးတယ်လို့ ပြောရမယ်။

ပိုအဆင်ပြေနေလေလေ၊ ပိုဆိုးဝါတာတွေ ဖြစ်လာနိုင်ဆယ်ဆိုတာကို လူအနည်းငယ်ကပဲ သိတယ်။

ဓားတစ်ချက်ဝိညာဉ်ခုတ်ချက်ရှစ်ဆယ်ရာခိုင်နှုန်းပြီးမြောက်ပြီးနောက် လီဖူချန်းက ၂၅ခုမြောက်အဆုံးစွန်းအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။ သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၂၅ထရီလီယံအထိ ရောက်ရှိလာတယ်။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်၂၅ခုကို ပေါင်းစပ်နိုင်တယ်ဆိုတာက စိတ်ကူးယဉ်ဖို့ ခက်ခဲတယ်။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်တောင် မဖန်တီးနိုင်တဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေရှိတယ်။ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်တွေကိုတောင် သူတို့က နည်းနည်းပဲ ဖန်တီးနိုင်တယ်။

အဆုံးစွန်းအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်၂၅ခုပေါင်းစပ်ထားတာက ဘယ်လောက်တောင် အားကောင်းသလဲဆိုတာ လီဖူချန်းက မသေချာပါဘူး။ ဒါပေမယ့် လက်ရှိမှာ သူက အဆင့်၅အဆင့်နိမ့်နတ်ဆိုးတွေကို သတ်ဖို့ ဓားတစ်ချက်ပဲ လိုအပ်တယ်။

လီဖူချန်းက နတ်ဆိုးစတိုးဆိုင်ကို ထပ်မံရောက်ရှိလာတယ်။

လက်ရှိမှာ သူ့ရဲ့နတ်ဆိုးအမှတ်စုဆောင်းသူထဲမှာ နတ်ဆိုးအမှတ်၂၀၀ဘီလီယံကျော်ရှိတယ်။

ဒီတစ်ခါတော့ သူက အလယ်ဆင့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို ဖလှယ်ဖို့ စီစဉ်ထားတယ်။

လက်ရှိမှာ သူ့ခွန်အားကို နှစ်ပိုင်းခွဲနိုင်တယ်။ သူက အဆုံးစွန်းအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ကို ထုတ်ဖော်မယ်ဆိုရင် အဆင့်၅အဆင့်နိမ့်နတ်ဆိုးအနည်းငယ်ကို ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်လိမ့်မယ်။ သူက အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်မယ်ဆိုရင် အဆင့်၅အဆင့်နိမ့်နတ်ဆိုးများစွာကို ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်လိမ့်မယ်။ ဒါ့ပြင် သူက ပိုအားနည်းတဲ့အဆင့်၅အလယ်ဆင့်နတ်ဆိုးတွေကို သတ်ဖြတ်နိုင်လိမ့်မယ်။

သူက အလယ်ဆင့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို သင်ယူနိုင်ရင် သူ့ခွန်အားက သုံးဆတိုးလာလိမ့်မယ်။

သူ့အနေနဲ့ အဆင့်၅အလယ်ဆင့်နတ်ဆိုးတွေကို သတ်ရတာ ပိုလွယ်ကူလာလိမ့်မယ်။

ပိုင်နက်နတ်ဘုရားအတတ်တွေက အလွန်ဈေးကြီးတယ်။

သာမန်အလယ်ဆင့်ပိုင်နက်နတ်ဘုရားအတတ်တွေက နတ်ဆိုးအမှတ်ငါးဘီလီယံထိုက်တန်တယ်။ ပျမ်းမျှအဆင့်က ၇ဘီလီယံ၊ ထူးကဲအဆင့်က တစ်ဆယ်ဘီလီယံ၊ ပြီးပြည့်စုံခြင်းအဆင့်က ၂၅ဘီလီယံနဲ့ အဆုံးစွန်းအဆင့်က ၅၀ဘီလီယံ ရှိတယ်။

လီဖူချန်းက ပြီးပြည့်စုံခြင်းအလယ်ဆင့်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုနဲ့အဆုံးစွန်းအလယ်ဆင့်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို လဲလှယ်ခဲ့ပြီး စုစုပေါင်းနတ်ဆိုး၇၅ဘီလီယံကို ရရှိခဲ့တယ်။

"နတ်ဆိုးစတိုးဆိုင်မှာ ဘာလို့ စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုမှ မရှိရတာလဲ"

ဒါက သနားစရာကောင်းတယ်လို့ လီဖူချန်းက ခံစားမိတယ်။

သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဆက်လက်မြင့်တက်လာတာကြောင့် သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အလယ်ဆင့်ပိုင်နက်နတ်ဘုရားအဆင့်ကို ရောက်ရှိလာတယ်လို့ ဆိုလိုတယ်။ သူက အားကောင်းတဲ့စိတ်ဝိညာဉ်တာအိုနတ်ဘုရားအတတ်တစ်ခုကို ကျင့်ကြံနိုင်ရင် သူ့အနေနဲ့ အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်နဲ့အဆင့်၅အဆင့်မြင့်အသူတရာချောက်နက်နတ်ဆိုးတစ်ကောင်ကို ရင်ဆိုင်ဖို့က လွယ်ကူပေလိမ့်မယ်။

စိတ်ဝိညာဥ်က လူတိုင်းရဲ့အားနည်းချက်ဆိုတာ သံသယရှိစရာမလိုပါဘူး။

ဒါပေမယ့် စိတ်ဝိညာဉ်တာအိုကျင့်ကြံသူတွေနဲ့နတ်ဆိုးတွေကတော့ ချွင်းချက်ပေါ့။

နောက်ထပ်နေရာလပ်-အချိန်ထဲမှာ သုံးရောင်ခြယ်သားရဲနဲ့တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက တိုက်ခိုက်နေခဲ့တယ်။

သူတို့နှစ်ကောင်လုံးက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို တက်လှမ်းထားပြီး အဆင့်အားဖြင့် ကွာခြားချက်မရှိပါဘူး။

တစ်ခဏစောင့်ကြည့်ပြီးနောက် တိုက်ခိုက်ရေးအရ သုံးရောင်ခြယ်ဆန်းကြယ်သားရဲက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားထက် အများကြီးနိမ့်ကျတယ်ဆိုတာ နန်ကုန်းဖှေးဖန်က ဝန်ခံရမှာပဲ။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက မညှာတာခဲ့ရင် သုံးရောင်ခြယ်ဆန်းကြယ်သားရဲက ဒဏ်ရာရနေလောက်ပြီ။

သုံးရောင်ခြယ်ဆန်းကြယ်သားရဲတန်ဖိုးရှိရတဲ့အကြောင်းရင်းက ၎င်းရဲ့တိုက်ခိုက်ရေးစွမ်းအားကြောင့်မဟုတ်ဘူး၊ ၎င်းရဲ့ကုသခြင်းစွမ်းရည်၊ ကပ်ဘေးခန့်မှန်းခြင်းစွမ်းရည်နဲ့ တိုက်ခိုက်ရေးစွမ်းရည်တို့ကြောင့်ပါပဲ။

"ငါ့ရဲ့တတိယမြောက်နတ်ဘုရားသားရဲက ဘယ်တစ်ခုဖြစ်သင့်တယ်လို့ မင်းထင်လဲ၊ တိုက်ခိုက်ရေးအမျိုးအစားလားဒါမှမဟုတ်ခံစစ်အမျိုးအစားလားဒါမှမဟုတ်ပျမ်းမျှအမျိုးအစားလား" နန်ကုန်းဖှေးဖန်က မေးလိုက်တယ်။

နတ်ဘုရားသားရဲဆရာသခင်ပါရမီရှင်တစ်ယောက်အနေနဲ့ သူမက နတ်ဘုရားသားရဲအများကြီးနဲ့ နတ်ဘုရားသားရဲစာချုပ်ချုပ်ဆိုနိုင်ပါတယ်။

"ခံစစ်အမျိုးအစား...." လီဖူချန်းက အကြံပြုလိုက်တယ်။

သုံးရောင်ခြယ်ဆန်းကြယ်နတ်ဘုရားသားရဲပဲဖြစ်ဖြစ်ဒါမှမဟုတ်ခရမ်းရောင်အလင်းငှက်ပဲဖြစ်ဖြစ်၊ သူတို့အားလုံးက တိုက်ခိုက်ရေးအမျိုးအစားနတ်ဘုရားသားရဲတွေပါပဲ။ နန်ကုန်းဖှေးဖန်က အားကောင်းတဲ့ခံစစ်အမျိုးအစားနတ်ဘုရားသားရဲတစ်ကောင်ကို ကင်းမဲ့နေတာလေ။

"ကောင်းပြီ၊ ငါ နင့်စကား‌နားထောင်မယ်" နန်ကုန်းဖှေးဖန်က ပြောလိုက်တယ်။

အလယ်ဆင့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်က ၎င်းရဲ့နာမည်နဲ့ တကယ်ထိုက်တန်တယ်။ ၎င်းက ကျင့်ကြံရတာ အလွန်ခက်ခဲတယ်။ နတ်ဆိုးစစ်တပ်ရဲ့ကျုးကျော်မှုတိုင်အောင် လီဖူချန်းက အကြိုပြီးပြည့်စုံခြင်းကို မရောက်သေးပါဘူး။

အဲ့အစား သူက နေရာလပ်-အချိန်ဥပဒေသနဲ့နေရာလပ်-အချိန်ဆန်းကြယ်နတ်ဘုရားစွမ်းအားကို ချိုးဖြတ်နိုင်ခဲ့တယ်။

သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားမှ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဖြစ် ချိုးဖြတ်ခဲ့တယ်။

သူ ချိုးဖြတ်နိုင်ရတဲ့အကြောင်းရင်းကတော့ နတ်ဆိုးစတိုးဆိုင်မှာ နေရာလပ်-အချိန်ဆန်းကြယ်နတ်ဘုရားအတတ်အနည်းငယ်ရှိလို့ပါပဲ။

ဒါပေမယ့် လက်ရှိလီဖူချန်းက အရင်လီဖူချန်းနဲ့ မတူတော့ပါဘူး။ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားရဲ့နေရာလပ်-အချိန်ဥပဒေသနဲ့နေရာလပ်-အချိန်ဆန်းကြယ်နတ်ဘုရားစွမ်းအားက အသုံးဝင်ပေမယ့် သူတို့က အကန့်အသတ်ရှိတယ်။ တကယ်တော့ လီဖူချန်းက အဆင့်၅နတ်ဆိုးတွေကို ရင်ဆိုင်နေခဲ့တာလေ။

"အလျင်လိုစရာမလိုဘူး၊ ငါ ဖြည်းဖြည်းချင်း အားထုတ်လို့ရတယ်"

တကယ်တော့ လီဖူချန်းက နေရာလပ်-အချိန်ဥပဒေသကို သူ့ရဲ့ခွန်အားအပြည့်နဲ့ ကျင့်ကြံခဲ့မယ်‌ဆိုရင် သူ့ရဲ့တိုးတက်မှုက အဆတစ်ရာပိုမြန်လိမ့်မယ်။ ဒါပေမယ့် သူက ဓားတာအိုကိုပဲ အဓိကကျင့်ကြံခဲ့ပြီး ကျန်တာတွေအားလုံးက ဒုတိယပါပဲ။

ဖျက်ဆီးခြင်းဥပဒေသနဲ့ဖျက်ဆီးခြင်းဆန်းကြယ်နတ်ဘုရားစွမ်းအားတို့လဲ အတူတူပါပဲ။

ယခင်ဖျက်ဆီးခြင်းကျောက်တုံးက သေးငယ်လွန်းတယ်။ ပိုကြီးတဲ့တစ်ခုရှိရင် သူ့ရဲ့ဖျက်ဆီးခြင်းဥပဒေသနဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိဖို့ မခက်ခဲတော့ပါဘူး။

"သူတို့က စုံစမ်းနေတုန်းပဲလား"

ပြန်ဆုတ်နေတဲ့နတ်ဆိုးစစ်တပ်နဲ့အဆင့်၆နတ်ဆိုးတွေကို ကြည့်ရင်း မီးပြင်းဖိုပိုင်နက်နတ်ဘုရားဆရာသခင်က မျက်မှောင်ကြုတ်လိုက်တယ်။

ပြီးခဲ့တဲ့အကြိမ်နဲ့ ဒီအကြိမ်က အတူတူပဲ။ ရောက်လာတဲ့အဆင့်၆နတ်ဆိုးတွေအားလုံးက မြန်နှုန်းကို အထူးပြုတယ်။ သူတို့က မီးပြင်းဖိုမြို့ကို လေ့လာနေပုံရတယ်။

***

All Chapters