ပိုင်နက်နတ်ဘုရားအတတ်နဲ့ပေါင်းစပ်ခြင်း
Vol. 92 Ch. 1288
နတ်ဆိုးစစ်တပ်ရဲ့လေ့လာစုံစမ်းခြင်းက အဆုံးသတ်သွားပုံရတယ်။ နောက်ထပ်တိုက်ခိုက်မှုလှိုင်းတွေက အလွန်ကြမ်းတမ်းတယ်။ အဆင့်၄နဲ့အဆင့်၅နတ်ဆိုးတွေက ပုံမှန်ထက် ဆယ်ဆပိုများတယ်။ ဒါက မီးပြင်းဖိုမြို့ရဲ့ဖိအားကို အဆအနည်းငယ်တိုးစေတယ်၊ ဆန်းကြယ်နတ်ဘုရားတွေနဲ့ပိုင်နက်နတ်ဘုရားတွေရဲ့ကြီးမားတဲ့အရေအတွက်က နေ့တိုင်းကျဆုံးနေလို့လေ။
"မိုးကြိုးနယ်နိမိတ်အဆောင်"
နန်ကုန်းဖှေးဖန်က သူမရဲ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ အပြာရောင်နတ်ဘုရားအဆောင်တစ်ခုက ပျံသန်းထွက်လာတယ်။ ၎င်းက မိုးကြိုးအတားအဆီးတစ်ခုအဖြစ် ပြောင်းသွားကာ သူမကို ဝန်းရံသွားခဲ့တယ်။
မိုးကြိုးနယ်နိမိတ်အဆောင်၊ ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားအဆောင်။
နောက်အခိုက်အတန့်မှာ မိုးကြိုးအတားအဆီးက ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး အဆုံးမဲ့အက်ကွဲသံတွေ ထွက်ပေါ်လာတယ်။
အဆင့်၄နတ်ဆိုးများစွာက သူမကို တိုက်ခိုက်နေပြီး သူတို့အားလုံးပေါင်းနှစ်ဆယ်ကျော်ရှိတယ်။ ဆန်းကြယ်နတ်ဘုရားဆရာသခင်အဆင့်တိုက်ခိုက်ရေးခွန်အားက မကင်းမဲ့ကြဘူး။
ကံကောင်းစွာနဲ့ နန်ကုန်းဖှေးဖန်မှာ နတ်ဘုရားအဆောင်အချို့ရှိတယ်။ ဒါ့အပြင် သုံးရောင်ခြယ်ဆန်းကြယ်သားရဲနဲ့သူမရဲ့တတိယမြောက်နတ်ဘုရားသားရဲဖြစ်တဲ့ရွှေရောင်ချပ်ဝတ်ငွေကြံ့တို့က ဖိအားရဲ့ကိုးဆယ်ရာခိုင်နှုန်းကို ခုခံနိုင်အောင် ကူညီပေးခဲ့တယ်။ သို့မဟုတ်ရင် အကျိုးဆက်က အလွန်ဆိုးဝါးပေလိမ့်မယ်။
ဖြောက်.....
မိုးကြိုးအတားအဆီးက အက်ကွဲသွားပြီး နန်ကုန်းဖှေးဖန်က ပြီးဆုံးသွားတော့မဲ့အခိုက်မှာ။
ဓားချီတစ်ခုက ရိုက်ခတ်လာပြီး နန်ကုန်းဖှေးဖန်ပတ်လည်ရှိနတ်ဆိုးတွေအားလုံးကို ရိတ်သိမ်းခဲ့တယ်။
"လီဖူချန်း"
နန်ကုန်းဖှေးဖန်က ဝမ်းသာသွားတယ်၊ သူမက သေဖို့တောင် ပြင်ဆင်ထားပြီလေ။
လီဖူချန်းက ပြောလိုက်တယ်"ဒီနတ်ဆိုးစစ်တပ်က အရမ်းကြမ်းတမ်းတယ်။ ငါ့နောက်ကနေ လိုက်လာ"
ပြောရင်း လီဖူချန်းက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားကို ကူညီဖို့ နန်ကုန်းဖှေးဖန်ကို မေးလိုက်တယ်။
နောက်ပိုင်းမှာ လီဖူချန်းက ဟော်ရွှယ်ရီနဲ့ဟော်မေတို့ကို တွေ့ရှိခဲ့တယ်။
သူတို့နှစ်ယောက်က အတော်လေးသနားစဖွယ်ကောင်းတဲ့အခြေအနေတစ်ခုမှာရှိတယ်၊ သူတို့ကို အဆင့်၅အဆင့်နိမ့်နတ်ဆိုးတစ်ကောင်က လိုက်ဖမ်းနေတယ်။ သူတို့က နတ်ဆိုးစတိုးဆိုင်မှာ ကြယ်ငါးလုံးနတ်ဘုရားအဆောင်အချို့လဲလှယ်ခဲ့တာကြောင့်မဟုတ်ရင် သူတို့က ပျောက်ကွယ်သွားလောက်ပြီ။
အနက်ရောင်ဓားချီက ရိုက်ခတ်လာပြီး အဆင့်၅အဆင့်နိမ့်နတ်ဆိုးကို ချက်ချင်း ပျောက်ကွယ်သွားစေခဲ့တယ်။
"လီဖူချန်း"
သူတို့နှစ်ယောက်က မှင်တက်သွားတယ်။
ဒါက အဆင့်၅နတ်ဆိုးတစ်ကောင်လေ၊ ၎င်းက လီဖူချန်းရဲ့သာမန်ဓားတစ်ချက်ကိုတောင် မရင်ဆိုင်နိုင်ဘူးလား။ လီဖူချန်းက ဘယ်လောက်တောင် အားကောင်းပါလိမ့်။
နန်ကုန်းဖှေးဖန်ကလဲ အလွန်ထိတ်လန့်သွားတယ်။ သူမက လီဖူချန်းကို နားလည်တယ်လို့ အစက တွေးထားခဲ့ပေမယ့် ကြည့်ရတာ သူမရဲ့နားလည်မှုက ရေခဲတုံးရဲ့ထိပ်ဖျားလောက်ပဲ ရှိမယ်ထင်တယ်။
သူ့ပတ်လည်မှာ နောက်ထပ်လူအနည်းငယ်တိုးလာတာကြောင့် လီဖူချန်းက စတင်မတိုက်ခိုက်တော့ပါဘူး။ သူက နတ်ဆိုးတွေလာတိုက်ခိုက်တာကိုသာ စောင့်နေတော့တယ်။
ဘာပဲပြောပြော သူက ဒီလူတွေရဲ့အသက်ကို မစွန့်ပစ်ခဲ့ချင်ပါဘူး။
လီဖူချန်းရဲ့စွမ်းအားက အဆင့်၅နတ်ဆိုးအချို့ကို ဆွဲဆောင်ခဲ့တယ်။
အဆင့်၅အဆင့်နိမ့်နတ်ဆိုးသုံးကောင်နဲ့အလယ်ဆင့်နတ်ဆိုးငါးကောင်က နတ်ဆိုးစွမ်းအားတွေ လိမ့်တက်စေရင်း လီဖူချန်းထံ သေစေနိုင်တဲ့တိုက်ခိုက်မှုတွေကို ထုတ်ဖော်ခဲ့တယ်။
"ကောင်းကင်ဘုံဓားကြယ်......"
လီဖူချန်းကျင့်ကြံခဲ့တဲ့ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တွေကြားမှာ ကောင်းကင်ဓားကြယ်ကပဲ ဧရိယာတိုက်ခိုက်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။
ဓားအလင်းက တောက်ပသွားပြီး အဆုံးမဲ့ကုတ်ခြစ်ရာတွေက ထွက်ပေါ်လာတယ်။
အဆင့်၅အဆင့်နိမ့်နတ်ဆိုးသုံးယောက်က ချက်ချင်းပျောက်ကွယ်သွားပြီး အခြားအဆင့်၅အလယ်ဆင့်နတ်ဆိုးနှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ်။
"အမဖှေးဖန်၊ အမက လီဖူချန်းနဲ့ သူငယ်ချင်းလား။ သူက ဘယ်သူလဲ" ဟော်မေက အလွန်အံ့အားသင့်သွားတယ်။
အဆင့်၅နတ်ဆိုးတွေကို သတ်ရတာ ဘယ်အချိန်ကတည်းက ဒီလောက်လွယ်သွားတာလဲ။ သူမနဲ့သူမရဲ့အကိုက ပူးပေါင်းရင်တောင် သူတို့က အဆင့်၅အဆင့်နိမ့်နတ်ဆိုးတွေအတွက် ပြိုင်ဘက်မဟုတ်ဘူးလေ။
နန်ကုန်းဖှေးဖန်က တစ်ခဏစဉ်းစားပြီးနောက် ပြောလိုက်တယ်"ငါလဲ သူ့ကို ကောင်းကောင်းမသိဘူး။ ငါသိတားကတော့ သူက အရမ်းဆန်းကြယ်ပြီး အရမ်းအားကောင်းတယ်ဆိုတာပဲ။ သူက အံ့ဖွယ်ဖြစ်ရပ်တွေကို အမြဲယူဆောင်လာနေကျပဲ"
"အံ့ဖွယ်ဖြစ်ရပ်တွေလား"
တကယ်ပါပဲလေ။ ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ လီဖူချန်းရဲ့ဒဏ္ဍာရီလုပ်ဆောင်ချက်ကို ပြန်အမှတ်ရပြီး ဟော်ရွှယ်က ခေါင်းညိတ်လိုက်တယ်။
ကျန်ရှိနေတဲ့အဆင့်၅အလယ်ဆင့်နတ်ဆိုးနှစ်ကောင်ကို သတ်ဖြတ်ပြီးနောက် လီဖူချန်းက လှည့်ကာ ပြောလိုက်တယ်"သွားကြစို့။ ဒီနေရာက ဘေးမကင်းတော့ဘူး"
နတ်ဆိုးစစ်တပ်ရဲ့တိုက်ခိုက်မှုက ပိုတောင်ပြင်းထန်လာတယ်။ မီးပြင်းဖိုမြို့ရဲ့နတ်ဘုရားတွေက အံ့ကြိတ်ကာ ပြန်လည်တိုက်ခိုက်နေခဲ့တယ်။
"မင်းမှာ နတ်ဘုရားအဆောင်တွေ ဘယ်လောက်ထိ ရှိမလဲ ကြည့်ရတာပေါ့"
အဆင့်၅အဆင့်မြင့်နတ်ဆိုးတစ်ကောင်က လီဖူချန်းကို စောင့်ကြည်နေခဲ့တယ်။
လီဖူချန်းက ဘယ်လောက်ထိ အားကောင်းနေပါစေ၊ သူက အားကောင်းတဲ့အဆင့်၅အလယ်ဆင့်နတ်ဆိုးတစ်ယောက်နဲ့သာ ယှဉ်နိုင်တယ်။ သူက အဆင့်၅အဆင့်မြင့်နတ်ဆိုးတစ်ယောက်နဲ့ ရင်ဆိုင်ရရင် သူက ခုခံနိုင်လိမ့်မှာမဟုတ်ပါဘူး။
ဒါပေမယ့် လီဖူချန်းက မပြင်ဆင်ထားတာတော့ မဟုတ်ပါဘူး။ သူက နတ်ဆိုးစတိုးဆိုင်မှ ကြယ်ငါးလုံးအဆင့်မြင့်နတ်ဘုရားအဆောင်များစွာကို ဝယ်ယူထားခဲ့တယ်လေ။
ကြယ်ငါးလုံးအဆင့်မြင့်နတ်ဘုရားရုပ်သေးအတွက်ကတော့ လီဖူချန်းက မတတ်နိုင်ပါဘူး။
သာမန်ကြယ်ငါးလုံးအဆင့်မြင့်နတ်ဘုရားရုပ်သေးတစ်ရုပ်ရဲ့တန်ဖိုးက ဘီလီယံရာအနည်းငယ်ရှိတယ်။ ယခုထိ သူက နတ်ဆိုးအမှတ်တွေ ဘယ်လောက်ထိ ရခဲ့လို့လဲ။
သူ့ရဲ့ကြယ်ငါးလုံးအဆင့်မြင့်နတ်ဘုရားအဆောင်တွေ ကုန်တော့မှာကို မြင်ပြီး လီဖူချန်းက စိုးရိမ်သောကရောက်သွားတယ်။
သူ တစ်ယောက်တည်းဆိုရင် သူက ထွက်ပြေးဖို့အခွင့်အရေးတစ်ခုရှိအုံးမှာပါ။ ဒါပေမယ့် သူ့အနောက်မှာ နန်ကုန်းဖှေးဖန်နဲ့အခြားသူတွေ ရှိပါသေးတယ်။
ကံကောင်းစွာနဲ့ ထိုအချိန်မှာ......
"မင်းက ဓားဆေးဆန်းကြယ်နတ်ဘုရားလီဖူချန်းမလား"
ကြီးမားတဲ့လက်ဝါးရိုက်ချက်တစ်ခုက ထွက်ပေါ်လာပြီး အဆင့်၅အဆင့်မြင့်နတ်ဆိုးက မလွတ်မြောက်နိုင်တော့ပါဘူး။ သူက လက်ဝါးရိုက်ချက်ကြောင့် ဗလာနတ္ထိဖြစ်သွားခဲ့တယ်။
"ဟုတ်ပါတယ်၊ စီနီယာက......"
လီဖူချန်းက ဦးညွှတ်လိုက်တယ်။
တစ်ဖက်လူက ပိုင်နက်နတ်ဘုရားဆရာသခင်တစ်ယောက်မှန်း သိသာတယ်။
အသစ်လာသူက ငွေရောင်ဝတ်ရုံနဲ့အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူက ပြောလိုက်တယ်"ဒီအဖိုးကြီးက ချမ်ကလန်ကပါ၊ ချမ်ဝမ့်လို့ခေါ်တယ်"
"စီနီယာက ချမ်ကလန်ကကိုး။ ကျေးဇူးအများကြီးတင်ပါတယ်" သူက ချမ်ကလန်နဲ့ ဆက်ဆံရေးအချို့ရှိတယ်၊ သူတို့က သူ့ထံမှ နတ်ဘုရားဆေးများစွာကို တောင်းဆိုထားခဲ့ဖူးတယ်လေ။
ချမ်ဝမ့်က ခေါင်းခါယမ်းလိုက်တယ်"ကျေးဇူးတင်ဖို့မလိုပါဘူး။ ငါ့ချမ်ကလန်ကပဲ လူငယ်လေးလီအပေါ်မှာပဲ ကျေးဇူးအကြွေးတွေ အများကြီးတင်နေတာပါ"
လီဖူချန်းရဲ့သန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးတစ်သုတ်က ချမ်ကလန်ကို ပိုင်နက်နတ်ဘုရားများစွာ မွေးထုတ်ပေးနိုင်ခဲ့တယ်။ ဒါကြောင့်ပဲ လက်ရှိအချိန်ထိ ချမ်ကလန်က သေကြေပျက်ဆီးမှုများစွာကို လျော့ချစေနိုင်ခဲ့တာပါပဲ။
ချမ်ကလန်က လီဖူချန်းအပေါ်မှာ သဘောထားတစ်ခုသာ ရှိတယ်၊ အဲဒါကတော့ ဆက်လက်မိတ်ဖွဲ့ဖို့ပါပဲ။
ချမ်ဝမ့်က ထွက်ခွာသွားတယ်။ ပိုင်နက်နတ်ဘုရားဆရာသခင်တစ်ယောက်အနေနဲ့ သူ့ရဲ့တာဝန်က အလွန်ခက်ခဲကြမ်းတမ်းတယ်၊ သူက အဆင့်၅နတ်ဆိုးတွေကို များနိုင်သမျှ အမြန်ဆုံးဖယ်ရှားရမှာပါ။
နတ်ဆိုးစစ်တပ်ရဲ့တိုက်ခိုက်မှုလှိုင်းတွေက တစ်လတိတိ ကြာခဲ့တယ်။
နေရာလပ်-အချိန်အနက်ပိုင်းထဲမှာ နေနဲ့တူတဲ့ပုံရိပ်တစ်ခုက လွင့်ထွက်သွားတယ်။
ဒီပုံရိပ်ကို လွင့်ထွက်သွားစေတာကတော့ အဆင့်၆အဆင့်မြင့်နတ်ဆိုးသုံးကောင်ပါပဲ။
"မီးပြင်းဖိုပိုင်နက်နတ်ဘုရားဆရာသခင်၊ မင်းက တကယ်ကို အံ့မခန်းပဲ။ ငါတို့အဆင့်၃မဟာအရှင်သုံးယောက်ပေါင်းတိုက်ခိုက်တာတောင်မှ တစ်လကြာတဲ့အထိ မင်းကို အနိုင်မယူနိုင်သေးဘူးပဲ"
အဆင့်၆အဆင့်မြင့်နတ်ဆိုးသုံးယောက်က သာမန်အဆင့်၆အဆင့်မြင့်နတ်ဆိုးတွေ မဟုတ်ပါဘူး၊ သူတို့က မဟာအရှင်တွေဖြစ်ပြီး မဟာအရှင်တွေကြားထဲမှာတောင် လက်ရွေးစင်အဆင့်၃မဟာအရှင်တွေဖြစ်ကြတယ်။
မီးပြင်းဖိုပိုင်နက်နတ်ဘုရားဆရာသခင်ရဲ့အသံက ပဲ့တင်ထပ်သွားတယ်"ငါ့လိုလူတစ်ယောက်က အဆင့်၃မဟာအရှင်သုံးယောက်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒါက ငါ့ရဲ့ဂုဏ်ယူစရာတစ်ခုပါပဲ"
သူက အသူတရာချောက်နက်ရဲ့အဆင့်တွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိတယ်။ အဆင့်၂မဟာအရှင်တွေနဲ့အဆင့်၃မဟာအရှင်တွေက တစ်ဆင့်သာ ကွာခြားပေမယ့် ဒီအဆင့်တစ်ဆင့်ကွာခြားချက်က ကောင်းကင်ဘုံနဲ့မြေပြင်ပမာပါပဲ။ ပုံမှန်အားဖြင့် အဆင့်၃မဟာအရှင်တစ်ယောက်ရဲ့လက်အောက်မှာ အနည်းဆုံးအဆင့်၂မဟာအရှင်တစ်ရာလောက် ရှိတယ်။
"ဒါက တကယ်ကို မင်းရဲ့ဂုဏ်ယူစရာပဲ။ မီးပြင်းဖိုပိုင်နက်နတ်ဘုရားဆရာသခင်၊ မင်းကိုယ်မင်းဖိအားမပေးနဲ့တော့။ ဒီတစ်ခါတော့ မင်းက သေချာပေါက်သေရမယ်" အဆင့်၃မဟာအရှင်တွေထဲကတစ်ယောက်ဖြစ်တဲ့ခယ်လင်းကမ်က အေးစက်စွာ ပြောလိုက်တယ်။
"မလိုပါဘူး၊ လာစမ်းပါ"
"နောက်တစ်လအတွင်း မင်း အခုလို စကားပြောနိုင်အုံးမလားဆိုတာ ကြည့်ရသေးတာပေါ့ကွာ" နောက်ထပ်အဆင့်၃မဟာအရှင်ဖြစ်တဲ့ရှောင်အန်က ပြောလိုက်တယ်။
"သူနဲ့ အပိုစကားပြောမနေနဲ့။ သူ့ရဲ့နေနတ်ဘုရားစွမ်းအားကို ကုန်အောင် အရင်လုပ်ကြရအောင်"
ပြောလိုက်တဲ့သူက သုံးယောက်ထဲမှာအသန်မာဆုံးဖြစ်တဲ့ဘရက်ပါပဲ။
နောက်တစ်လမှာ မီးပြင်းဖိုကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့ချီတည်ရှိမှုက ငါးဆယ်ရာခိုင်နှုန်းကျော် လျော့ကျလာတယ်။ ယခင်လရဲ့ကုန်ဆုံးမှုနဲ့ဆိုရင် မီးပြင်းဖိုကမ္ဘာနတ်ဘုရားအရှင်မှာ သူ့ရဲ့နေနတ်ဘုရားစွမ်းအားနှစ်ဆယ်ရာခိုင်နှုန်းကျော်သာ ကျန်တော့တယ်။
ကမ္ဘာနတ်ဘုရားစွမ်းအားရဲ့သိပ်သည်းမှုက ခွန်အားအပေါ် ကြီးမားတဲ့သက်ရောက်မှုတစ်ခု မဖြစ်ပေမယ့် ကမ္ဘာနတ်ဘုရားစွမ်းအားက ပိုနည်းလေလေ၊ ကုန်ဆုံးမှုက ပိုမြန်လေလေပါပဲ။ ဒါက ကြောက်စရာကောင်းတဲ့စက်ဝန်းတစ်ခုပါပဲ။
မီးပြင်းဖိုမြို့အပြင်ဘက်မှာ.....
စစ်မြေပြင်ပေါ်ရှိအနေအထားက အလွန်ဝမ်းနည်းစရာကောင်းတယ်။
ဒီတစ်ခါမှာတော့ နတ်ဆိုးစစ်တပ်ရဲ့ကျုးကျော်မှုက ယခင်ကထက် နှစ်ဆလောက် ကြာခဲ့တယ်။ နတ်ဆိုးတွေရဲ့အရေအတွက်က ယခင်ထက် အဆအနည်းငယ်ပိုလာတယ်။ မီးပြင်းဖိုမြို့ရဲ့နတ်ဘုရားမျိုးနွယ်တွေ ယခုထိ တည်ရှိနေနိုင်တာကတင် အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်နေပြီ။
လီဖူချန်းက အလွန်မောပန်းနေတော့တယ်။
သူက အခုလိုမမောပန်းတာ အချိန်အတော်ကြာပါပြီ။
သူက နန်ကုန်းဖှေးဖန်နဲ့အခြားသူတွေကို ကာကွယ်ဖို့ အားထုတ်ခဲ့ရလွန်းတာကြောင့် ပင်ပန်းလွန်းနေပါပြီ။ သူတစ်ယောက်တည်းသာဆိုရင် အနေအထားက ဆယ်ဆဆိုးရင်တောင် အခုလိုပင်ပန်းမှာ မဟုတ်ဘူး။
လီဖူချန်းက ပင်ပန်းနေပေမယ့် သူတို့ကို စွန့်လွှတ်ဖို့အတွေးကတော့ သူ့မှာ မရှိပါဘူး။
ဓားတာအိုက ဘယ်တော့မှ အရှုံးမပေးပါဘူး။
အရှုံးပေးလိုက်တာနဲ့ ဓားတာအိုက ချို့ယွင်းချက်တွေ ရှိလာပါလိမ့်မယ်။
ပျမ်းမျှအဆင့်နိမ့်ပိုင်နက်နတ်ဘုရား၊ နှောင်းပိုင်းအဆင့်နိမ့်ပိုင်နက်နတ်ဘုရား......
လွန်ကဲတဲ့ဖိအားကြောင့် ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် ခိုင်မာတဲ့စိတ်တန်ခိုးစွမ်းအားကြောင့် ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် လီဖူချန်းရဲ့ဓားတာအိုဥပဒေသက စတင်တိုးလာတယ်။
ဓားတာအိုဥပဒေသက ဥပဒေသတစ်ခုသာမက ၎င်းက စိတ်တန်ခိုးစွမ်းအားရဲ့သရုပ်သကန်လဲ ဖြစ်တယ်။
ဒီအချိန်မှာ လီဖူချန်းက တစ်ခုခုကို နားလည်ပုံရတယ်။
ဉာဏ်အလင်းပွင့်ခြင်း။
လီဖူချန်းက ဉာဏ်အလင်းပွင့်သွားတယ်။
အုန်း.....
ကောင်းကင်ဘုံမိုးကြိုးက မြေကမ္ဘာမီးကို မွှေနှောက်နေသလိုပါပဲ။ လီဖူချန်းရဲ့မူလအဆုံးစွန်းခုတ်ချက်က အဆုံးစွန်းအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်မှ ထူးကဲအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုအဖြစ် မြင့်တက်သွားခဲ့တယ်။
ဆန်းကြယ်နတ်ဘုရားတစ်ယောက်က ပိုင်နက်နတ်ဘုရားအတတ်တစ်ခုနဲ့ ပေါင်းစပ်ရင် ဘာဖြစ်မလဲဆိုတာ တစ်ယောက်မှ မသိဘူး။ ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကမှ ပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို မဖန်တီးနိုင်တာကြောင့်ပဲ။
မူလအဆုံးစွန်းခုတ်ချက်အမှတ်အသားက သူ့ရဲ့ဓားတာအိုသွေးမျိုးဆက်နဲ့ ပေါင်းစပ်သွားတာနဲ့ သူ့ရဲ့မမြင်နိုင်တဲ့ဓားတာအိုခွန်အားက ဆယ်ဆဒါမှမဟုတ်အဆဒါဇင်တိုးလာလိမ့်မယ်။
ဒီလိုတိုးတက်မှုက အဆုံးစွန်းအဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုနဲ့ ပေါင်းစပ်ထားတာထက် ဆယ်ဆဒါမှမဟုတ်အဆဒါဇင်ပိုသန်မာတယ်။
အဆုံးစွန်းဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုနဲ့ ပေါင်းစပ်ခြင်းက သာမန်မီးလျှံတစ်ခုနဲ့ပေါင်းစပ်တာနဲ့ တူတယ်ဆိုရင်
ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုနဲ့ပေါင်းစပ်ခြင်းက နေမီးလျှံတစ်ခုနဲ့ တူတယ်။
နှစ်ခုကြားမှာ အရည်အသွေးဆိုင်ရာကွာခြားချက်တစ်ခုရှိတယ်။
ဒါပေမယ့် ပေါင်းစပ်ခြင်းက ကိစ္စတစ်ခုပါပဲ။ သူက ဓားတာအိုစွမ်းအားကို ထုတ်လွှတ်ချင်တယ်ဆိုရင် သူက ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားကို တိုးရလိမ့်မယ်။ သို့မဟုတ်ရင် ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုအပိုရှိတာနဲ့ ညီမျှသွားပါလိမ့်မယ်။
လီဖူချန်းက အဆင့်မြင့်နတ်ဘုရားကျောက်တုံးကြီးမားတဲ့ပမာဏတစ်ခုကို ယူထုတ်ကာ သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားကို စတင်တိုးစေခဲ့တယ်။
ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်း:၂၅ထရီလီယံ၊ ၃၀ထရီလီယံ၊ ၃၅ထရီလီယံ၊ ၄၀ထရီလီယံ......
အချိန်တိုအတွင်းမှာ လီဖူချန်းရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၂၅ထရီလီယံမှ ၄၀ထရီလီယံထိ တက်သွားခဲ့တယ်။
၅၀ထရီလီယံ၊ ၆၀ထရီလီယံ၊ ၇၀ထရီလီယံ။
၇၅ထရီလီယံ။
လီဖူချန်းရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၇၅ထရီလီယံထိ ရောက်ရှိခဲ့တယ်။
ဒါ့အပြင် ၎င်းက တိုးလာနေတုန်းပဲ။
ဒီမတိုင်ခင်တုန်းက လီဖူချန်းက အဆုံးစွန်းအဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုနဲ့ ပေါင်းစပ်ခဲ့တုန်းက သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို တစ်ထရီလီယံထိသာ တိုးစေခဲ့တယ်။
"ဟားဟား၊ မင်းက ဒီအချိန်မှာတောင် ချိုးဖြတ်နေတာပဲ။ မင်းက သေချင်နေတာပဲ"
လီဖူချန်းက အဆင့်မြင့်နတ်ဘုရားကျောက်တုံးတွေယူထုတ်ပြီး ချိုးဖြတ်ဖို့အတွက် နတ်ဘုရားကျောက်တုံးရဲ့စွမ်းအင်ကို စုပ်ယူနေတာကို အားကောင်းတဲ့အဆင့်၅အလယ်ဆင့်နတ်ဆိုးတစ်ကောင်က မြင်ခဲ့တယ်။ အနှီအဆင့်၅အလယ်ဆင့်နတ်ဆိုးက ရယ်မောရင်း တစ်ဟုန်ထိုးပြေးဝင်တိုက်ခိုက်လာခဲ့တယ်။
"လီဖူချန်း၊ သတိထား"
နန်ကုန်းဖှေးဖန်နဲ့အခြားသူတွေက သတိပေးလိုက်တယ်။
လီဖူချန်းက တစ်ခုခုဖြစ်နေတာကို သူတို့လဲ မြင်နိုင်တယ်။ ရုတ်တရက် လီဖူချန်းက အဆင့်မြင့်နတ်ဘုရားကျောက်တုံးကြီးမားတဲ့ပမာဏတစ်ခုကို ယူထုတ်ပြီး အဲဒါတွေကို အငမ်းမရစုပ်ယူနေခဲ့တာလေ။
ပုံမှန်အချိန်မှာဆိုရင်တော့ ဒါက ကောင်းတဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် အခုက မတူဘူး၊ ရန်သူတွေက နေရာတိုင်းမှာ ရှိနေတာ။
"သေစမ်း"
အဆင့်၅အလယ်ဆင့်နတ်ဆိုးက အနက်ရောင်အလင်းစက်လုံးတစ်ခုကို သိပ်သည်းကာ ၎င်းကို ဖိနှိပ်လိုက်တယ်။ ပြီးနောက် အနက်ရောင်အလင်းစက်လုံးက အဆုံးမဲ့အလင်းစက်လုံးတွေအဖြစ် ချက်ချင်းပြောင်းကာ လီဖူချန်းကို တိုက်ခိုက်လာတယ်။
အန္တရာယ်ကျရောက်လာတာကို မြင်ပြီး လီဖူချန်းက ခေါင်းမော့ကာ သူ့ရဲ့မျက်လုံးတွေမှ အနက်ရောင်ဓားချီနှစ်ခုကို ပစ်လွှတ်လိုက်တယ်။
အုန်း အုန်း......
အနက်ရောင်အလင်းစက်လုံးအားလုံးက ပေါက်ကွဲသွားပြီး အနက်ရောင်ဓားချီက အဆင့်၅အလယ်ဆင့်နတ်ဆိုးရဲ့ခန္ဓာကိုယ်ကို ရိုက်ခတ်သွားတော့တယ်။
ဝှစ်......
အဆင့်၅အလယ်ဆင့်နတ်ဆိုးရဲ့ခန္ဓာကိုယ်က တစ်ခဏရပ်သွားတယ်၊ ထို့နောက် ပေါက်ကွဲထွက်သွားကာ ၎င်းက ဘယ်သောအခါမှ မထွက်ပေါ်လာခဲ့သလိုမျိုး ပျောက်ကွယ်သွားတော့တယ်။
အကြည့်တစ်ချက်က အဆင့်၅အလယ်ဆင့်နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ဖို့ လုံလောက်တယ်။
ဟမ်.....
နန်ကုန်းဖှေးဖန်နဲ့အခြားသူတွေက အလွန်အံ့အားသင့်သွားတယ်။
ဒါက အဆင့်၅အလယ်ဆင့်နတ်ဆိုးတစ်ကောင်နော်။ ယခင်က အဆင့်၅အလယ်ဆင့်နတ်ဆိုးတစ်ကောင်ကို သတ်ဖို့ လီဖူချန်းက ပိုက်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားတစ်လက်ကို အသုံးပြုခဲ့ရတယ်။
လက်ရှိလီဖူချန်းက အလွန်အမင်းအားကောင်းပုံရတယ်။
အကြည့်တစ်ချက်တည်းနဲ့ အဆင့်၅အလယ်ဆင့်နတ်ဆိုးကို သတ်ဖြတ်ပြီးနောက် လီဖူချန်းက သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားကို ဆက်တိုးစေခဲ့တယ်။
***