← Chapters

အသူတရာချောက်နက်ပြန်ဆုတ်ခြင်း

Vol. 92 Ch. 1291

အသူတရာချောက်နက်ပြန်ဆုတ်ခြင်း

Vol. 92 Ch. 1291

အဆိပ်အင်းဆက်တွေကို ဖယ်ရှားပြီးနောက် လိုဏ်ဂူတစ်ရာဓားပိုင်နက်က ကြီးမားချဲ့ထွင်လာပြီး ဆိတ်ဦးချိုနတ်ဆိုးဆီ ရိုက်ခတ်လာတယ်။

"အချိန်ကောင်းပဲ၊ မုန်တိုင်းမျက်လုံး....."

လီဖူချန်းမှာ ပိုင်နက်အမျိုးအစားဓားတာအိုနတ်ဘုရားအတတ်ရှိသလို ဆိတ်ဦးချိုနတ်ဆိုးမှာလဲ အဆင့်၅အသူတရာချောက်နက်ပိုင်နက်နတ်ဘုရားအတတ်ရှိတယ်။

အနက်ရောင်မုန်တိုင်းတစ်ခုက ဖွဲ့စည်းဖြစ်ပေါ်လာပြီး မုန်တိုင်းရဲ့အလယ်ဗဟိုထဲမှာ အနီရင့်ရောင်ဒေါင်လိုက်မျက်လုံးတစ်လုံး ရှိတယ်။

အုန်း.....

လိုဏ်ဂူတစ်ရာဓားပိုင်နက်က မုန်တိုင်းမျက်လုံးနဲ့ ထိပ်တိုက်တွေ့တဲ့အခါ မရေမတွက်နိုင်တဲ့အနက်ရောင်မိုးကြိုးသွားတွေက ကခုန်နေတော့တယ်။

မိုင်တစ်ထောင်အတွင်းရှိ နတ်ဆိုးတွေနဲ့မီးပြင်းဖိုမြို့ရဲ့နတ်ဘုရားများစွာက ဗလာနတ္ထိဖြစ်သွားတော့တယ်။

ပိုင်နက်နတ်ဘုရားဆရာသခင်အဆင့်ရှိတိုက်ပွဲတစ်ခုရဲ့နောက်ဆက်တွဲဖြစ်ရပ်တွေက သာမန်လူတွေကတောင် ရင်ဆိုင်နိုင်တဲ့အရာတစ်ခုမဟုတ်ပါဘူး။

"ပျံသန်းနဂါးခုတ်ချက်....."

အနက်ရောင်ဒေါသနဂါးက မုန်တိုင်းမျက်လုံးကို ဆုတ်ဖြဲသွားပြီး ဆိတ်ဥိီးချိုနတ်ဆိုးဆီ ပြေးဝင်လာတော့တယ်။

"နတ်ဆိုးကောက်ရိတ်ဓား......."

ဆိတ််ဦးချိုနတ်ဆိုးက နတ်ဆိုးစွမ်းအားကို လိမ့်တက်စေခဲ့ပြီး ဧရာမအနက်ရောင်ကောက်ရိတ်ဓားတစ်လက်က ထွက်ပေါ်လာခဲ့တယ်။ ခုတ်ချက်တစ်ခုနဲ့အတူ အနက်ရောင်ဒေါသနဂါးကို ပိုင်းဖြတ်သွားခဲ့တယ်။

နောက်တော့ နှစ်ယောက်သား တိုက်ကွက်တွေ ဖလှယ်ခဲ့တယ်။ သူတို့က ကောင်းကင်မှမြေပြင်အထိ၊ မြေပြင်မှ မြေအေက်အထိ တိုက်ခိုက်နေခဲ့တယ်။ သူတို့သွားတဲ့နေရာတိုင်းမှာ မြေငလျင်တစ်ခုဖြစ်လာပြီး စွမ်းအင်မုန်တိုင်းတစ်ခုက ပေါက်ကွဲထွက်သွားလိမ့်မယ်။

ချွမ်း.....

မူလအဆုံးစွန်းဓားခန္ဓာကိုယ်နဲ့အတူ လီဖူချန်းက အပေါ်စီးရလာမှန်း သိသာတယ်။ ဆိတ်ဦးချိုနတ်ဆိုးက သူ့ခံစစ်ကို မချိုးဖြတ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် သူကတော့ နတ်ဆိုးရဲ့မာကျောတဲ့အရေပြားကို ဆုတ်ပြဲစေခဲ့တယ်။

"သူ့ရဲ့ခံစစ်က ဒီလောက်ထိ မာကျောလှချည်လား" ခါမွန်က အလွန်မချင့်မရဲဖြစ်သွားတော့တယ်၊ ဘီဘာက သူ့ကို အမှန်တရားမပြောခဲ့ဘူးလို့ သူက ခံစားခဲ့ရတယ်။

ချွမ်း ချွမ်း ချွင်း ချွင်း......

ခါမွန်က ဒါကို မယုံကြည်နိုင်ပါဘူး၊ သူက ဒဏ်ရာတွေကို လစ်လျူရှုလျက် လီဖူချန်းကို သူ့ရဲ့နတ်ဆိုးကောက်ရိတ်ဓားနဲ့ ခုတ်ပိုင်းလိုက်တော့တယ်။

စိတ်မကောင်းစရာကတော့ မီးပွားတွေ အများအပြားထွက်ပေါ်လာတာကလွဲပြီး လီဖူချန်းက လုံးဝဒဏ်ရာမရခဲ့ပါဘူး။

"ပျက်သုဉ်းခြင်းဓားပုံစံ......"

လီဖူချန်းက ခါမွန်ရဲ့ခါးကို ထိုးဖောက်ခဲ့ပြီး နတ်ဆိုးစွမ်းအားကြီးမားတဲ့ပမာဏတစ်ခုကို ပျောက်ကွယ်သွားစေခဲ့တယ်။

"မဟုတ်ဘူး၊ ငါ ထွက်သွားရမယ်....."

ဒါ မဖြစ်နိုင်ဘူးဆိုတာ သူ သိတယ်၊ ဒါကြောင့် ခါမွန်က ချက်ချင်းပြန်ဆုတ်ခဲ့တယ်။

လီဖူချန်းက တစ်ခဏလိုက်ပြီးနောက် ရပ်တန့်ခဲ့တယ်။

အခုက စစ်ပွဲဖြစ်နေတာပါ၊ သူ့ရန်သူက ခါမွန်တစ်ယောက်ပဲ မဟုတ်ပါဘူး။

ခါမွန်ကိုပဲ ပစ်မှတ်ထားဖို့ မလိုအပ်ပါဘူး။

ဒီတိုက်ပွဲက အဆုံးသတ်ဖို့ လဝက်ကြာခဲ့တယ်။

ဒီလဝက်အတွင်း လီဖူချန်းက အဆုံးစွန်းအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်နှစ်ခုကို အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တွေအဖြစ် အဆင့်မြှင့်တင်ခဲ့တယ်။ သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်ထောင်ထရီလီယံအထိ တိုးလာခဲ့တယ်။

နတ်ဘုရားမြို့တိုင်းက မီးပြင်းဖိုပိုင်နက်နတ်ဘုရားဆရာသခင်လိုထိပ်တန်းကျွမ်းကျင်သူတစ်ယောက်နဲ့ငရဲမီးဓားသခင်လိုသာလွန်ကျွမ်းကျင်သူတစ်ယောက်ရှိတဲ့မီးပြင်းဖိုမြို့လို မဟုတ်ပါဘူး။ နတ်ဘုရားမြို့တိုင်းက အချိန်တစ်ခဏအထိသာ ထိန်းနိုင်ခဲ့ပြီး‌နောက် သူတို့က ကျရှုံးသွားတော့တယ်။

ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာ၊ ခရမ်းရောင်တိမ်နန်းတော်။

မွန်းကျပ်စရာကောင်းတဲ့နတ်ဆိုးအရိပ်တစ်ခုက ထွက်ပေါ်လာတယ်။

"ခရမ်းရောင်တိမ်ပိုင်နက်နတ်ဘုရားဆရာသခင်၊ မင်း ငါ့ရဲ့တောင်းဆိုချက်ကို သဘောတူသရွေ့ ငါ ငါ့ရဲ့နတ်ဆိုးစစ်တပ်ကို ချက်ချင်း ရုပ်သိမ်းပေးမယ်။ နောက်နှစ်ဆယ်သန်းအထိ ငါ စစ်ပွဲတစ်ခုကို ထပ်မစတင်တော့ဘူး" နတ်ဆိုးအရိပ်က ကျယ်လောင်စွာ ပြောလိုက်တယ်။

ခရမ်းရောင်တိမ်နန်းတော်အထက်မှာ ခရမ်းရောင်တာအိုဝတ်ရုံကိုဝတ်ဆင်ထားတဲ့သက်လတ်ပိုင်းအရွယ်ပုံရိပ်တစ်ခုက ထွက်ပေါ်လာတယ်။ "ပဉ္စမအလွှာအသူတရာချောက်နက်ဆရာသခင်ခါဘရီအန်၊ မင်းရဲ့တောင်းဆိုချက်က များလွန်းတယ်"

ခါဘရီအန်က ခနဲ့တဲ့တဲ့ပြုံးလိုက်တယ်"ဒါဆိုလဲ စစ်ပွဲကို ဆက်သွားကြတာပေါ့......။

လက်ရှိမှာ ခရမ်ရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့တစ်ဝက်လောက်က ကျရှုံးသွားပြီ။ ခရမ်းရောင်တိမ်တိုက်ကြီးရဲ့ဘေးနားရှိအခြားတိုက်ကြီးတွေအားလုံး ငါတို့အသူတရာချောက်နက်ရဲ့နယ်‌မြေဖြစ်လာဖို့က သိပ်မကြာတော့ဘူး"

"မင်း ငါ့ကို စဉ်းစားဖို့ အချိန်အချို့ပေးနိုင်လား" ခရမ်းရောင်တိမ်ပိုင်နက်နတ်ဘုရားဆရာသခင်က အကူအညီမဲ့နေတယ်။

"ကောင်းပြီလေ၊ ငါ မင်းကို နောက်ထပ်တစ်လပေးမယ်" နတ်ဆိုးအရိပ်က ပျောက်ကွယ်သွားတော့တယ်။

…

နောက်တစ်လကြာပြီးနောက် နတ်ဆိုးစစ်တပ်က ပြန်ဆုတ်သွားခဲ့တယ်။ အသူတရာချောက်နက်ဥပဒေသနဲ့အသူတရာချောက်နက်စွမ်းအားက စတင်ပျောက်ကွယ်လာခဲ့တယ်။ တောင်တန်းတွေ၊ မြစ်တွေက သူတို့ရဲ့မူလအခြေအနေကို ပြန်ရောက်ဖို့ အချိန်အကြာကြီးလိုအပ်ပါသေးတယ်။

လက်ရှိမှာ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရှိလူတိုင်းက ပျော်ရွှင်ဝမ်းမြောက်နေတော့တယ်။ အသူတရာချောက်နက်ကျူးကျော်မှုက နောက်ဆုံးတော့ အဆုံးသတ်ခဲ့ပြီလေ။

အသူတရာချောက်နက်က ကျူးကျော်မှုကို ဘာကြောင့်ရပ်တန့်ခဲ့သလဲဆိုတာ သူတို့က မသိချင်ပါဘူး။ သူတို့က ဒီတစ်သက် နတ်ဆိုး‌တွေနဲ့ မရင်ဆိုင်ရတော့ဘူးဆိုတာပဲ သူတို့က သိတယ်။

"‌နောက်ဆုံးတော့ ပြီးသွားပြီပေါ့"

လီဖူချန်းလဲ အလွန်စိတ်အေးလက်အေးဖြစ်သွားတော့တယ်။

သူ့ခွန်အားက တစ်ဟုန်ထိုးတိုးတက်လာခဲ့ပေမယ့် အဆုံးမဲ့နတ်ဆိုးစစ်တပ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ အလွန်ဖိအားများနေပါသေးတယ်။

အရေးကြီးဆုံးကတော့ သူတို့က စစ်ပွဲရဲ့ရလဒ်ကို ဆုံးဖြတ်နိုင်သူတွေမဟုတ်ဘူးဆိုတာ သူ သိတယ်။   ဒါတွေက အဆင့်၆နတ်ဆိုး‌တွေနဲ့ကမ္ဘာနတ်ဘုရားတွေနဲ့သာ သက်ဆိုင်တယ်။

အဆင့်၆နတ်ဆိုးတွေက မီးပြင်းဖိုမြို့ရဲ့ကမ္ဘာနတ်ဘုရားတွေကို အနိုင်ယူနိုင်တာနဲ့ မီးပြင်းဖိုမြို့က အမှောင်ပြာမြို့လို ပျက်ဆီးသွားရလိမ့်မယ်။

နတ်ဆိုးကျူးကျော်မှုက ရပ်တန့်သွားခဲ့ပေမယ့် နတ်ဆိုးစတိုးဆိုင်က မပျောက်ကွယ်သွားဘဲ တည်ရှိနေသေးတယ်။ လီဖူချန်းက စိတ်သက်သာရာရသွားတော့တယ်၊ သူ့မှာ အသုံးမပြုရသေးတဲ့နတ်ဆိုးအမှတ်တွေအများကြီးရှိသေးတယ်လေ။

နန်ကုန်းဖှေးဖန်နဲ့ကျန်ရှိနေတဲ့နန်ကုန်းကလန်ဝင်တွေက မီးပြင်းဖိုမြို့မှာပဲ ‌အခြေချဖို့ ဆုံးဖြတ်ခဲ့တယ်။ ငွေရောင်ငှက်တောင်မွေးနတ်ဘုရားဂိုဏ်းက‌တော့ သမိုင်းမြစ်ထဲမှာ မြှုပ်နှံခံလိုက်ရပြီပေါ့။

ဒီအချိန်အတွင်း လီဖူချန်းက စစ်ခုန်ကျိုက်ရှင်းကို သွားရှာခဲ့တယ်။ သနားစရာကောင်းတာကတော့ အန်းရန်ဂိုဏ်းက ပျက်ဆီးနေပြီး စစ်ခုန်းကျိုက်ရှင်းကို ဘယ်နေရာမှ ရှာမတွေ့ခဲ့ပါဘူး။

စစ်ခုန်ကျိုက်ရှင်းက သေသလားရှင်သလားကို လီဖူချန်းက မသိပါဘူး။

လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာရှိပါတယ်လေ။

အဆင့်၃နတ်ဘုရားမြို့ဖြစ်တဲ့အမှောင်ပြာမြို့ကိုလဲ ပြန်လည်တည်ဆောက်နေတယ်။ ဒါပေမယ့် လီဖူချန်းက တစ်ချက်ကြည့်လိုက်တယ်၊ အမှောင်ပြာမြို့ရဲ့လူဦးရေက အနီးရှိအဆင့်၂နတ်ဘုရားမြို့နဲ့အဆင့်၁နတ်ဘုရားမြို့ရဲ့ကျန်ရှိနေတဲ့လူဦးရေဆိုတာ သူက မြင်တွေ့ခဲ့တယ်။ ဆေးမျှော်စင်က တည်ရှိနေသေးပေမယ့် ဆေးမျှော်စင်ဒုခေါင်းဆောင်လိုင်အန်၊ ရွှယ်ယွဲ့နဲ့ အခြားသူတွေက ပျောက်ဆုံးနေတယ်။ လီဖူချန်းက သူတို့ရဲ့အရိပ်အယောင်တစ်တစ်ခုတစ်လေတောင် မမြင်ခဲ့ရပါဘူး။

မီးပြင်းဖိုမြို့သို့ ပြန်ရောက်ပြီးနောက် လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင်အိမ်ယာသို့ ပြန်လာခဲ့တယ်။

နန်းကုန်ကလန်လိုပဲ လီဖူချန်းကလဲ မီးပြင်းဖိုမြို့မှာ အခြေချခဲ့တယ်။ ဒါကြောင့် သူက အိမ်ယာကြီးတစ်ခုကို ဝယ်ယူထားခဲ့တယ်လေ။

…

နွေဦးကုန်တော့ ဆောင်းဦးရောက်လာပြီပေါ့။

မသိလိုက်မသိဘာသာနဲ့ ဆယ်နှစ်က ကုန်ဆုံးသွားခဲ့တာပဲ။

မီးပြင်းဖိုမြို့ရဲ့အစွန်အဖျားမှာ သစ်ပင်နွယ်ပင်တွေနဲ့ စိမ်းလန်းစိုပြေနေပြီး လူများစွာက ဆောင်းဦးရာသီမှာ ခရီးနှင်နေလေတယ်။

အစိမ်းရောင်နှလုံးသားရေကန်၊ အစိမ်းရောင်နှလုံးသားကျွန်းပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုမှာ လီဖူချန်း၊ နန်ကုန်းဖှေးဖန်နဲ့ ဟော်ရွှယ်ရီတို့က လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောနေကြတယ်။

အသူတရာချောက်နက်ကျုးကျော်မှုပြီးဆယ်နှစ်ကြာဆက်ဆံပြီး‌နောက် သူတို့လေးယောက်က စစ်မှန်တဲ့မိတ်ဆွေတွေ ဖြစ်လာခဲ့ကြတယ်။

"အသူတရာချောက်နက်ကျုးကျော်မှုက မနေ့တစ်နေ့ကလိုပဲ။ တစ်ခါတစ်ရံမှာ ငါ နိုးလာတဲ့အခါတိုင်း အိမ်မက်တစ်ခုလို ခံစားရတယ်" ဟော်ရွှယ်ရီက ညည်းလိုက်လေတယ်။

ဒီဆယ်နှစ်အတွင်း သူက သူ့ရဲ့ကျင့်ကြံခြင်းကို အဆင့်နိမ့်ပိုင်နက်နတ်ဘုရားနယ်ပယ်မှာ တည်ငြိမ်စေခဲ့ပြီး ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးသန့်စင်မှုအပေါ် စတင်လေ့လာခဲ့တယ်။ သူ့ရဲ့လက်ရှိရလဒ်တွေက အတော်လေးကောင်းတယ်၊ သူက မကြာမီအတွင်း ပြီးပြည့်စုံခြင်းကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံး‌တွေကို သန့်စင်နိုင်တော့မှာပါ။

"ဟုတ်တယ်၊ ငါတို့အသက်ရှင်နိုင်ခဲ့တာ အရမ်းကံကောင်းတာပဲ" သူမပြောလိုက်တဲ့အချိန်မှာ နန်ကုန်းဖှေးဖန်က လီဖူချန်းကို တစ်ချက်ကြည့်လိုက်တယ်။

လီဖူချန်းရဲ့အကာအကွယ်မရှိရင် သူတို့က အသက်ရှင်နိုင်ခဲ့မှာမဟုတ်ပါဘူး။

ဆယ်နှစ်ကြာပြီးနောက် လီဖူချန်းက ပိုပိုနက်နဲလပြီး သူ ဘယ်ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိနေသလဲဆိုတာ မသိတော့ပါဘူး။

လီဖူချန်းက ရယ်ကာ ပြောလိုက်တယ်"ဒါက ဘာမှမဟုတ်ပါဘူး။ ဆန်းကြယ်နတ်ဘုရားတစ်ယောက်ရဲ့သက်တမ်းက နှစ်သန်းတစ်ရာမှနှစ်ရာအထိ ရှိတယ်။ ပိုင်နက်နတ်ဘုရားတစ်ယောက်က တစ်ဘီလီယံမှနှစ်ဘီလီယံအထိ သက်တမ်းရှိတယ်။ အသူတရာချောက်နက်ကျူးကျော်မှုက ကြီးမားတဲ့အဖြစ်အပျက်တစ်ခုဆိုပေမယ့် ငါတို့တွေ ရှင်သန်နိုင်ခဲ့ပြီးဆိုမှတော့ အဲဒါနဲ့ပတ်သက်ပြီး ထပ်တွေးနေစရာမလိုတော့ပါဘူးလေ။ လက်ရှိမှာ အရေးကြီးဆုံးအရာက ဘာလဲ"

ဓားတာအိုရဲ့အထွတ်အထိပ်ကို ခြေချဖို့က သူ့ရဲ့မပြောင်းလဲတဲ့ရည်မှန်းချက်တစ်ခုပါပဲ။ ကျန်တာတွေအားလုံးက တန်ဆာဆင်ရုံမျှပါပဲ။

ညနေခင်းမှာ သူတို့လေးယောက်က မီးပြင်းဖိုရဲ့စားသောက်ဆိုင်တစ်ခုသို့ သွားရောက်စားသောက်ခဲ့ပြီးနောက် သူတို့ရဲ့ကိုယ်ပိုင်နေထိုင်ရာသို့ ပြန်လာခဲ့တယ်။

"ဆယ်နှစ်ရှိပြီးပဲ.....အခုက စွန့်စားထွက်ဖို့ အချိန်ပဲ"

ဒီဆယ်နှစ်အတွင်း လီဖူချန်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်သာဖြစ်သေးပေမယ့် သူ့ခွန်အားက တရစပ်ပြောင်းလဲလာတယ်။

လက်ရှိမှာ သူက အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်၄၅ခုကို ဖန်တီးပေါင်းစပ်ထားခဲ့တယ်။ သူတို့အထဲမှာ ၃၆ခုက ထူးကဲအဆင့်၊ ၆ခုက ပြီးပြည့်စုံခြင်းအဆင့်ရှိပြီး ၃ခုက အဆုံးစွန်းအဆင့်ရှိတယ်။

သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၄၅၀ထရီလီယံကို ကျော်လွန်ခဲ့တယ်။

သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားခွန်အားကတော့ သာမန်အဆင့်မြင့်ပိုင်နက်နတ်ဘုရားတွေထက် အဆများစွာ ပိုသန်မာတယ်။

လက်ရှိမှာ သူသေချာတာတစ်ခုကတော့ သူက ကမ္ဘာနတ်ဘုရားတစ်ယောက်ကို အနိုင်မယူနိုင်ဘူးပဲ။ ကမ္ဘာနတ်ဘုရားနယ်ပယ်အောက်ဆိုရင်တော့ သူက တစ်ယောက်မှ ကြောက်စရာမရှိပါဘူး။

လီဖူချန်း မီးပြင်းဖိုမြို့က‌နေ ထွက်သွားမှာနဲ့ ပတ်သက်ပြီး နန်ကုန်းဖှေးဖန်နဲ့အခြားသူ‌တွေက အံ့အားမသင့်ပါဘူး။

လီဖူချန်းလိုလူတစ်ယောက်က ထောင့်တစ်ထောင်မှာပဲ အမြဲတမ်းကုပ်နေနိုင်မှာမဟုတ်ပါဘူး။ သူက သူ့ရဲ့ရည်မှန်းချက်ကို မဖော်ပြရင်တောင် အဲဒါက ကြီးကျယ်တဲ့ရည်မှန်းချက်တစ်ခုဆိုတာ သူတို့သုံးယောက်က သိတယ်။

"မင်းတို့ စိုးရိမ်စရာမလိုပါဘူး၊ ငါ စူးစမ်းရှာဖွေရုံပါပဲ။ ငါ ပင်ပန်းတဲ့အခါကျရင်တော့ ပြန်လာမှာပေါ့" လီဖူချန်းက ပြောလိုက်တယ်။

ရက်အနည်းငယ်ကြာပြီးနောက် လီဖူချန်းက ထွက်လာခဲ့တယ်။

လမ်းတစ်လျှောက်မှာ အသူတရာချောက်နက်က ဘယ်လိုကပ်ဘေးအမျိုးအစားယူဆောင်လာခဲ့တယ်ဆိုတာကို လီဖူချန်းက နောက်ဆုံးတော့ မြင်တွေ့ခဲ့တယ်။

မရေမတွက်နိုင်တဲ့နတ်ဘုရားရွာတွေ၊ မြို့တွေက အပျက်အဆီးတွေဖြစ်နေတယ်။ ရက်အနည်းငယ်ပျံသန်းပြီးတောင်မှ သူက လူတစ်ယောက်ကိုတောင် မမြင်နိုင်တဲ့အချိန်တွေ ရှိတယ်။ နတ်ဘုရားမြို့ကြီးနဲ့ နီးကပ်လာတဲအခါမှသာ လူသူအရိပ်အယောင်ကို မြင်တွေ့ခဲ့ရတယ်။

လူတိုင်းက နတ်ဘုရားရွာတွေ၊ မြို့တွေကို စွန့်လွှတ်ပြီး နတ်ဘုရားမြို့ကြီးဆီ ပြောင်းရွှေ့ခဲ့ကြမှန်း သိသာတယ်။

နတ်ဘုရားမြို့မှာ လုပ်စရာတွေအများကြီးရှိပြီး လူအများအပြားလိုအပ်တာ ကံကောင်းသွားတယ်။

"ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့လူဦးရေက ဘယ်အချိန်ကျမှ ပုံမှန်အတိုင်းပြန်ဖြစ်မလဲဆိုတာ ငါ သိချင်မိပါရဲ့"

အသူတရာချောက်နက်ကျူးကျော်မှုက ရိုးရှင်းတဲ့ကိစ္စတစ်ခုမဟုတ်ဘူးလို့ လီဖူချန်းက ရေးတေးတေးခံစားမိတယ်။ အရာအားလုံးမှာ သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာရှိတယ်။ အသူတရာချောက်နက်ကျူးကျော်မှုက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ရှုပ်ထွေးစေပြီး လူဦးရေကို အပြင်းအထန်လျော့ကျသွားစေခဲ့ပေမယ့် အခွင့်အလမ်းအများကြီးလဲ ရှိတယ်။

အခြားအရာတွေထက် လူများလွန်းခြင်းက ကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ လူများခြင်းက အရင်းမြစ်တွေ ပိုကုန်ဆုံးစေတယ်။ အရင်းအမြစ်တွေက အကန့်အသတ်ရှိတယ်လေ။ အရင်းအမြစ်တွေကုန်ခန်းသွားတာနဲ့ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာက ပြင်းထန်တဲ့အတွင်းပိုင်းပဋိပက္ခတွေကို တွေ့ကြုံရမှာအမှန်ပါပဲ။

မသိလိုက်မသိဘာသာနဲ့ အရာအားလုံးကို တွန်းပို့နေတဲ့စွမ်းအားအချို့ရှိတယ်လို့ လီဖူချန်းက ခံစားနေမိတယ်။

လီဖူချန်းက ဟင်းလင်းပြင်ထဲမှာ ရည်ရွယ်ချက်မဲ့စွာ ပျံသန်းနေခဲ့တယ်။ သူ့ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် ကမ္ဘာနတ်ဘုရားမဟုတ်သရွေ့ သူက အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်ကြုံ‌တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူက ဘယ်လိုစိုးရိမ်ကြောင့်ကြမှုမှ ရှိမနေပါဘူး။

လီဖူချန်းရဲ့အရှိန်က အလွန်မြန်တယ်။ ရံဖန်ရံခါမှာ သူက ဓားအလင်းတစ်ခုအဖြစ် ပြောင်းသွားပြီး ရံဖန်ရံခါမှာတော့ နေရာလပ်-အချိန်သို့ ပြောင်းကာ အကွာအဝေးတစ်ခုမှာ ချက်ချင်း ထွက်ပေါ်လာတယ်။

ဆယ်နှစ်ကြာပြီးနောက် လီဖူချန်းရဲ့နေရာလပ်-အချိန်ဥပဒေသနဲ့နေရာလပ်-အချိန်ဆန်းကြယ်နတ်ဘုရားစွမ်းအားက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ကို နောက်ဆုံးမှာ ရောက်ရှိလာခဲ့တယ်၊ ဒါက ဓားတာအိုနဲ့ အတူတူပါပဲ။

ဒါပေမယ့် မြန်နှုန်းအရ သူ့ရဲ့ဓားတာအိုက ပိုသာလွန်တယ်။

လီဖူချန်းရဲ့လက်ရှိဓားတာအိုက အရင်တုန်းက ဓားတာအိုမဟုတ်ပါဘူး။ ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းဖြစ်စေဒါမှမဟုတ်ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားခွန်အားဖြစ်စေ၊ သူတို့အားလုံးက ချဲ့ကားလွန်းပါတယ်။

နေရာလပ်-အချိန်ဥပဒေသက မြန်နှုန်းအတွက် ကောင်းပေမယ့် အကန့်အသတ်တစ်ခုရှိပါတယ်။

ဓားတာအိုက နေရာလပ်-အချိန်ဥပဒေသရဲ့အကန့်အသတ်ကို သေချာပေါက် ကျော်ဖြတ်ခဲ့တယ်။

ဖျက်ဆီးခြင်းဥပဒေသနဲ့ဖျက်ဆီးခြင်းဆန်းကြယ်နတ်ဘုရားစွမ်းအားအတွက်ကတော့ သူတို့က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာ ရှိတယ်။ သူ ဒီတစ်ကြိမ် စွန့်စားထွက်လာတဲ့အဓိကအကြောင်းရင်းက ဖျက်ဆီးခြင်းဥပဒေသနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေကို ရှာတွေ့နိုင်မလားကို သိချင်လို့ပါပဲ။

ဖျက်ဆီးခြင်းတာအိုက အလွန်ထူးခြားတယ်။ လီဖူချန်းသိတဲ့ထိပ်တန်းအဆင့်ဥပဒေသတွေကြားမှာ ၎င်းက တစ်စုံတစ်ယောက်ရဲ့ကျင့်ကြံခြင်းအဆင့်ကိုတိုးစေနိုင်တဲ့တစ်ခုတည်းသောထိပ်တန်းအဆင့်ဥပဒေသဖြစ်တယ်။

ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားက ချဲ့ကားလွန်းပေမယ့် ဖျက်ဆီးခြင်းဆန်းကြယ်နတ်ဘုရားစွမ်းအားက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနိုင်ရင် ၎င်းက ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားထက် မနိမ့်ကျနိုင်တော့ပါဘူး။ ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားနဲ့ဖျက်ဆီးခြင်းဆန်းကြယ်နတ်ဘုရားစွမ်းအားနှစ်ခုလုံးက ပိုင်နက်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်တာနဲ့ ဖျက်ဆီးခြင်းဆန်းကြယ်နတ်ဘုရားစွမ်းအားက ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားကိုတောင် ကျော်လွန်သွားနိုင်တယ်။

တိုတိုရှင်းရှင်းပြောရရင် လီဖူချန်းရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားက အခုလိုချဲ့ကားလွန်းနေရတာက သူ့မှာ အခြေခံကောင်းတစ်ခုရှိလို့ပါပဲ။ စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာ သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက အဆင့်၁၃မှာရှိခဲ့တယ်။ ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာ သူက အဆင့်နိမ့်ဓားအိုပိုင်နက်နတ်ဘုရားအတတ်၄၅ခုကို ပေါင်းစပ်ခဲ့တယ်။

ဖျက်ဆီးခြင်းဆန်းကြယ်နတ်ဘုရားစွမ်းအားက မွေးရာပါအားကောင်းတယ်။

သို့မဟုတ်ရင် ၎င်းက ဘယ်လိုလုပ်ပြီး အရာအားလုံးကို ဖျက်ဆီးနိုင်မှာလဲ။

***

All Chapters