အချိန်လမ်း
Vol. 92 Ch. 1292
ကောင်းကင်ဘုံထာဝရမြို့က ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်းနေထိုင်တဲ့ အဆင့်၃နတ်ဘုရားမြို့ဖြစ်တယ်။
မီးပြင်းဖိုမြို့လို့ပဲ၊ ကောင်းကင်ဘုံမြို့က ခိုင်မာစွာရပ်တည်နေနိုင်ခဲ့တဲ့အဆင့်၃နတ်ဘုရားမြို့အနည်းငယ်ထဲကတစ်ခုဖြစ်တယ်။
အဓိကအကြောင်းရင်းကတော့ ကောင်းကင်ဘုံထာဝရမြို့အရှင်ဖြစ်တဲ့ကောင်းကင်ဘုံထာဝရကမ္ဘာနတ်ဘုရားဆရာသခင်က အချိန်ဥပဒေသကိုအဓိကကျင့်ကြံတဲ့ကမ္ဘာနတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်လို့ပါပဲ။ တိုက်ရိုက်တိုက်ခိုက်ရေးခွန်အားအရ သူက မီးပြင်းဖိုကမ္ဘာနတ်ဘုရားဆရာသခင်လောက် မသန်မာပေမယ့် နည်းလမ်းတွေအရ မီးပြင်းဖိုကမ္ဘာနတ်ဘုရားဆရာသခင်ဆယ်ယောက်ကတောင် သူ့ကို မယှဉ်နိုင်ပါဘူး။
သူ့ရှိနေသမျှ ထိုအဆင့်၆နတ်ဆိုးတွေက ဘာမှမလုပ်နိုင်ပါဘူး။ ထိုအချိန်အတောအတွင်း အဆင့်၃မဟာအရှင်လေးယောက်က ပူးပေါင်းကာ သူ့ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် သူတို့က သူ့ကို လုံးဝဒဏ်ရာမရစေခဲ့ပါဘူး။
လမ်းပေါ်မှာ ယုမင်ကွမ်းက လိပ်ပြာလိုလှပတဲ့မိန်းမပျိုလေးတစ်ယောက်နဲ့ ရယ်ရယ်မောမောစကားပြောနေခဲ့တယ်။
လက်ရှိယုမင်ကွမ်းက ပိုတောင်ရင့်ကျက်တဲ့အရှိန်အဝါတစ်ခုရှိလာပြီး ပိုတောင်စွဲမက်ဖွယ်ရာကောင်းနေတယ်။ ဒီအသူတရာချောက်နက်ကျုးကျော်မှုက သူ့အတွက် မေ့ဖျောက်လို့မရတဲ့မှတ်ဉာဏ်တစ်ခုပါပဲ။ ဒီအသူတရာချောက်နက်ကျုးကျော်မှုကြောင့်ပဲ သူ့ရဲ့ဘဝနဲ့ပတ်သက်တဲ့သဘောထားကို ပြောင်းလဲစေခဲ့တယ်။
အတိတ်မှာ ဆေးတာအိုကို အသုံးပြုကာ သူ့ကိုယ်သူ သက်သေပြချင်ခဲ့တယ်။ သူက လူတိုင်းကို သူ့ကို ဦးညွှတ်စေချင်ခဲ့တယ်။ ယခုအခါမှာတော့ သူ့ရဲ့ယခင်အတွေးတွေက ရယ်စရာကောင်းတယ်လို့ ခံစားမိလာတယ်။
သူ့ဘေးနားရှိလိပ်ပြာလိုမိန်းမပျိုလေးက မိုးသောက်ချိန်မြို့ရဲ့လိပ်ပြာဆေးဆန်းကြယ်နတ်ဘုရားလီဟူတျဲပါပဲ။
မိုးသောက်ချိန်မြို့ကျရှုံးပြီးနောက် လီဟူတျဲက ကောင်းကင်ဘုံထာဝရမြို့ကို သူမရဲ့မိသားစုနဲ့အတူ လွင့်လာခဲ့တယ်။ သူမက ယုမင်ကွမ်းကို သိပြီးသားပါ၊ တကယ်တော့ သူတို့နှစ်ယောက်လုံးက ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတယ်လေ။
အချိန်အကြာကြီးဆယ်သွယ်ပြီးနောက် ဆေးတာအိုပါရမီရှင်နှစ်ယောက်မှာ တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေ ရှိလာတယ်။ သူတို့တွေအနေနဲ့ တာအိုလက်တွဲဖော်တွေ ဖြစ်လာဖို့ သိပ်မကြာတော့ပါဘူး။
"ယုမင်ကွမ်း၊ မတွေ့တာ ကြာပြီနော်"
ကြည်လင်တဲ့အသံတစ်ခုက ပဲ့တင်ထပ်လာတယ်။
"လီဖူချန်း"
ယုမင်ကွမ်းနဲ့လီဟူတျဲက လီဖူချန်းကို ကြည့်ဖို့ ပြန်လှည့်လိုက်တယ်။
လီဟူတျဲက လီဖူချန်းနဲ့ ယခင်က စကားမပြောဖူးပေမယ့် သူမက သူ့ကို အမှတ်ရနေပါတယ်။
ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ လီဖူချန်းက တောက်ပလွန်းခဲ့တယ်။ သူက အခြားတာအိုပါရမီရှင်တွေအားလုံးကို ဖိနှိပ်ခဲ့တယ်။ ယုမင်ကွမ်းလိုအကြွင်းမဲ့ပါရမီရှင်တစ်ယောက်ကတောင် သူ့ရဲ့လွှမ်းမိုးမှုကို ခံခဲ့ရတယ်။
"ယုမင်ကွမ်း၊ မင်း ငါ့ကို သူမနဲ့ မမိတ်ဆက်ပေးတော့ဘူးလား" လီဖူချန်းက ပြုံးကာ မေးလိုက်တယ်။
ယုမင်ကွမ်းနဲ့လီဟူတျဲမှာ ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးတစ်ခုရှိတယ်ဆိုတာ သူ ဘယ်လိုလုပ်ပြီး မမြင်နိုင်ရမှာလဲ။
ယုမင်ကွမ်းက သဘောထားကြီးစွာ မိတ်ဆက်ပေးခဲ့တယ်"သူမက မိုးသောက်ချိန်မြို့ရဲ့လိပ်ပြာဆေးဆန်းကြယ်နတ်ဘုရားလီဟူတျဲပဲ။ သူမက ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ ပါဝင်ခဲ့တယ်လေ။ ဟူတျဲ၊ ငါ သူ့ကို မင်းနဲ့ မိတ်ဆက်ပေးဖို့ မလိုဘူးမလား"
လီဟူတျဲက ပြုံးလိုက်တယ်။
လီဖူချန်းက လီဟူတျဲကို အကဲဖြတ်ကာ ပြောလိုက်တယ်"မင်းရဲ့နာမည်က ငါ့ညီမလေးတွေထဲကတစ်ယောက်နဲ့ အရမ်းတူတာပဲ။ သူမရဲ့နာမည်က လီရှောင်တျဲလေ" ပြောရင်း လီဖူချန်းက ယုမင်ကွမ်းကို ထည့်ကြည့်လိုက်တယ်"အယ်၊ မင်းက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ခဲ့ပြီပဲ"
ယုမင်ကွမ်းက ခါသီးစွာ ပြုံးလိုက်တယ်"လူတွေက အမြဲတမ်းပြောင်းလဲတတ်တာပဲလေ။ မင်းရော အတူတူပဲ မဟုတ်လား။ ငါက မင်းကို လုံးဝဖြတ်မမြင်နိုင်ဘူးဖြစ်နေတယ်။ အိုး၊ ဒါနဲ့ မင်းက ကောင်းကင်ဘုံထာဝရမြို့ကို ဘာအတွက်လာတာလဲ"
လီဖူချန်းက ပြောလိုက်တယ်" ငါက တစ်နေရာတည်းမှာ ငြိမ်မနေချင်လို့ပဲ၊ ငါက ဟိုဟိုသည်သည်လိုက်ပတ်ကြည့်ရုံပေါ့။ ပထမဆုံးသွေးဆာတိုက်ကြီး၊ ပြီးရင် အခြားတိုက်ကြီးတွေ၊ ပြီးရင်တော့ နတ်ဘုရားဟင်းလင်းပြင်ပေါ့"
ယုမင်ကွမ်းက ပြောလိုက်တယ်"ငါ ဘာလို့ မင်းနဲ့မယှဉ်နိုင်မှန်း ငါ နောက်ဆုံးတော့ သိပြီ။ မင်းနဲ့ယှဉ်ရင် ငါက ရေတွင်းတစ်တွင်းရဲ့အောက်ခြေအောက်ကဖားတစ်ကောင်ပဲ၊ မင်းက ကမ္ဘာကို မြင်တဲ့ ဂဠုန်ငှက်တစ်ကောင်လိုပဲ"
ဆေးတာအိုကိုကျင့်ကြံတဲ့သူတွေက ယေဘုယျအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့တိတ်တိတ်ဆိတ်ဆိတ်နေရတာကို နှစ်သက်တယ်။ သူက ချွင်းချက်မရှိပါဘူး။
သူက လိုက်မလှည့်ချင်ပါဘူး။ အများဆုံး သူက အနီးနားမှာ စွန့်စားရုံလောက်ပေါ့။
လီဖူချန်းက ပြောလိုက်တယ်"ငါက မင်းနဲ့ မတူဘူး။ ဆေးနတ်ဘုရားအပြင် ငါကလဲ ဓားနတ်ဘုရားပဲ။ ဘယ်လိုလုပ်ပြီး ဓားနတ်ဘုရားတစ်ယောက်က ထောင့်တစ်ထောင့်မှာ ကုပ်နေရမှာလဲ"
နေ့လည်ရောက်တဲ့အခါ ယုမင်ကွမ်းက လီဖူချန်းကို စားသောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။
စားသောက်ဆိုင်ရဲ့သီးသန့်ခန်းထဲမှာ။
ယုမင်ကွမ်းက အံ့အားတကြီးမေးလိုက်တယ်"မင်းက အချိန်လမ်းကို ဝင်သွားမှာလား"
"ဟုတ်တယ်"
လီဖူချန်းက ကောင်းကင်ဘုံထာဝရမြို့ကို လာရတဲ့အကြောင်းရင်းကတော့ သူက အချိန်လမ်းကို ဝင်ရောက်ချင်လို့ပါပဲ။
အချိန်လမ်းက ကောင်းကင်ဘုံထာဝရမြို့ရဲ့အနီးမှာရှိပြီး သွေးဆာတိုက်ကြီးရဲ့မြောက်ပိုင်းနယ်မြေရှိအန္တရာယ်အများဆုံးနေရာတွေထဲကတစ်ခုဖြစ်တယ်။ အချိန်လမ်းကြောင့် ကောင်းကင်ဘုံထာဝရကမ္ဘာနတ်ဘုရားဆရာသခင်က အချိန်ဥပဒေသကို ကမ္ဘာနတ်ဘုရားဆရာသခင်အထိ ကျင့်ကြံနိုင်ခဲ့တာပါ။
အချိန်လမ်းထဲမှာ မြှုပ်နှံခံထားရတဲ့ကမ္ဘာနတ်ဘုရားများစွာနဲ့သူတို့ချန်ထားခဲ့တဲ့ကြွယ်ဝမှုတွေရှိတယ်။
လီဖူချန်းရဲ့ရည်ရွယ်ချက်က ဒီကမ္ဘာနတ်ဘုရားတွေရဲ့ကြွယ်ဝမှုပါပဲ။
သူက လောလောဆယ်ဆင်းရဲနေတယ်။ အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်၄၅ခုကိုပေါင်းစပ်ပြီး သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို ၄၅၀ထရီလီယံအထိ မြှင့်တင်ပြီးနောက် သူရဲ့အဆင့်မြင့်နတ်ဘုရားကျောက်တုံးတွေက မရှိသလောက်ဖြစ်သွားခဲ့တယ်လေ။
ပြီးတော့ သူ့ရဲ့ဓားတာအိုကို ဆက်လက်တိုးမြှင့်ရမယ်။ တိုးမြှင့်မှုတိုင်းမှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးကြီးမားတဲ့ပမာဏတစ်ခုကို သုံးစွဲလိမ့်မယ်။ ဒါကြောင့် သူက တစ်ချိန်တည်းမှာ လှည့်လည်ရင်း နတ်ဘုရားကျောက်တုံးတွေကို ရှာရပါမယ်။
အချိန်လမ်းက သူ့ရဲ့ပထမဆုံးမှတ်တိုင်ဖြစ်တယ်။
အချိန်လမ်းကို အန္တရာယ်များတယ်လို့ ပြောနိုင်သလို အန္တရာယ်မများဘူးလို့လဲ ပြောနိုင်တယ်။
အန္တရာယ်များတယ်ဆိုတာက တစ်စုံတစ်ယောက်က အချိန်လမ်းရဲ့အနက်ပိုင်းကို ဝင်ရောက်ခဲ့တာနဲ့ ကမ္ဘာနတ်ဘုရားတစ်ယောက်ကတောင် အထဲမှာ ပိတ်မိနေပြီး ထွက်လာနိုင်မှာမဟုတ်ပါဘူး။ သူတို့က အသက်ကြီးပြီးသေရင်သေမသေရင်ရူးပြီးသေရမှာပဲ။
အထဲမှာ အန္တရာယ်တစ်ခုမှ မရှိတာကြောင့် အန္တရာယ်များတယ်လို့ မဆိုလိုပါဘူး။ အချိန်က အနည်းငယ်ဖရိုဖရဲဖြစ်ရုံမျှပဲ။
သူက သူ့နှလုံးသားကို စောင့်ကြပ်ပြီး အချိန်လမ်းရဲ့အနက်ပိုင်းထဲကို မဝင်ရောက်ခဲ့သရွေ့ အခွင့်အရေးတစ်ခုရှိသေးတယ်။ အရေးကြီးဆုံးကတော့ သူက အချိန်လမ်းထဲမှာ အချိန်ဥပဒေသကို နားလည်နိုင်တယ်။
"မှတ်ထားပါ၊ အချိန်လမ်းရဲ့အနက်ပိုင်းထဲကိုတော့ မဝင်နဲ့။ အချိန်လမ်းရဲ့အနက်ပိုင်းထဲရှိအချိန်စွမ်းအားက အလွန်ကြမ်းတမ်းတယ်လို့ ကောင်းကင်ဘုံထာဝရကမ္ဘာနတ်ဘုရားဆရာသခင်က ပြောခဲ့တယ်။ အချိန်စွမ်းအားနဲ့ထိ တွေ့တဲ့ကမ္ဘာနတ်ဘုရားအောက်ဘယ်သူမဆို ချက်ချင်းအသက်ကြီးရင့်ကာ သေသွားရလိမ့်မယ်"
"ငါ သိပါတယ်" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
အချိန်လမ်းက အလွန်အမင်းအန္တရာယ်များပြီး ဝင်ပြီးနောက် မထွက်နိုင်သော်လဲ အချိန်လမ်းကို ဝင်ရောက်ခဲ့တဲ့လူတွေအများကြီးရှိသေးတယ်။
ကျင့်ကြံခြင်းအဆင့်နိမ့်က အနိမ့်ဆုံးဆန်းကြယ်နတ်ဘုရားအဆင့်ရှိပြီး ကျင့်ကြံခြင်းပိုမြင့်တာက ပိုင်နက်နတ်ဘုရားတွေဖြစ်တယ်။ ရံဖန်ရံခါမှာတော့ ကမ္ဘာနတ်ဘုရားတွေက ဝင်ရောက်လေ့ရှိတယ်။
လီဖူချန်းက ဧရာမလက်စွပ်ပုံသဏ္ဍာန်အလင်းပေါက်ထဲသို့ ခြေချခဲ့တယ်။
"ဒီလိုဖရိုဖရဲအချိန်စွမ်းအား"
အချိန်လမ်းက တကယ်တော့ လိုဏ်ဂူတစ်ခု၊ ဝင်္ကပါနဲ့တူတဲ့လိုဏ်ဂူတစ်ခုပါပဲ။ လိုဏ်ဂူက ဖရိုဖရဲအချိန်စွမ်းအားနဲ့ ပြည့်နေတယ်။
ပုံမှန်အနေအထားမှာ အချိန်စွမ်းအားက အာရုံခံရတာ ခက်ခဲပေမယ့် ဒီနေရာရဲ့အချိန်စွမ်းအားက ဖရိုဖရဲဖြစ်လွန်းပြီး တစ်ယောက်မှ ၎င်းကို အလွယ်တကူအာရုံမခံနိုင်ပါဘူး။
ဝင်ရောက်ပြီးနောက် လီဖူချန်းက အချိန်ဥပဒေသကို ချက်ချင်းနားလည်ဖို့ အစီအစဉ်မရှိပါဘူး။ သူက လိုဏ်ဂူတစ်လျှောက် ဆက်လျှောက်လှမ်းခဲ့တယ်။
သူက လမ်းလျှောက်နေရင်း လိုဏ်ဂူခန်းမတစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာတယ်။
လိုဏ်ဂူခန်းမရဲ့အလယ်မှာ ရေပန်းတစ်ခုရှိတယ်။
ရေပန်းပတ်လည်မှာ ပုံရိပ်ဒါဇင်ကျော်က တိတ်တဆိတ်စောင့်နေတယ်။
အားလုံးက ဆန်းကြယ်နတ်ဘုရားနဲ့ပိုင်နက်နတ်ဘုရားတွေပါပဲ။
"ဒါက အချိန်ရေပန်းပဲ ဖြစ်မယ်" လီဖူချန်းက တွေးလိုက်တယ်။
အချိန်ရေပန်းက အလွန်ထူးခြားတဲ့တည်ရှိမှုတစ်ခုဖြစ်တယ်။ အချိန်ရေပန်းမှ အချိန်ရေတွေ စတင်ပန်းထွက်လာတဲ့အခါတိုင်း အချိန်လမ်းရဲ့အနက်ပိုင်းမှပစ္စည်းအချို့ကို ပက်ဖျန်းလေ့ရှိတယ်။
ဒါကြောင့် အချိန်လမ်းကို ဝင်ရောက်တဲ့အခါ ပစ္စည်းကောင်းတွေရဖို့အတွက် အချိန်လမ်းရဲ့အနက်ပိုင်းကို မဝင်ရောက်ကြပါဘူး။
"လူသစ်လေး၊ မင်းက အချိန်ရေပန်းရဲ့ထူးခြားချက်တွေကို သိသင့်တယ်။ အချိန်ကျရင် မင်းက ပစ္စည်းတွေကို လုယူတာက ကိစ္စမရှိဘူး၊ ဒါပေမယ့် လှုပ်ရှားမှုတော့ မပြုမိစေနဲ့။ အချိန်ရေပန်းထဲရှိအချိန်စွမ်းအားက အသက်ဝင်သွားတာနဲ့ ငါတို့အားလုံးထွက်ပြေးခွင့်ရလိုက်မှာတောင်မဟုတ်ဘူး"
ပိုင်နက်နတ်ဘုရားတစ်ယောက်က လီဖူချန်းကို သတိပေးခဲ့တယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"ငါ သိပါတယ်"
အချိန်ရေပန်းမှာ အလွန်သိပ်သည်းတဲ့အချိန်စွမ်းအားပါဝင်တယ်။ ၎င်းက မပေါက်ကွဲရင်တော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် ပေါက်ကွဲလာရင်တော့ တစ်ယောက်မှ ထွက်ပြေးလွတ်မြောက်နိုင်မှာမဟုတ်ဘူး။ တကယ်တော့ တစ်စုံတစ်ယောက်က ဘယ်လောက်ပဲ မြန်နေပါစေ၊ တစ်ယောက်မှ အချိန်ထက် ပိုမမြန်နိုင်ပါဘူး။
ဒါကြောင့် ပိုင်နက်နတ်ဘုရားတွေရှိပေမယ့် ဆန်းကြယ်နတ်ဘုရားတွေ မထွက်ခွာရတဲ့အကြောင်းရင်းပဲ ဖြစ်တယ်။
ဒီနေရာက သူတို့တွေ လှုပ်ရှားဖို့အတွက် မသင့်တော်တဲ့နေရာတစ်ခုဖြစ်တယ်၊ ဒါက အတော်အသင့်ဘေးကင်းတယ်။
ဒါက တစ်လတိတိကြာတယ်။
ဒီအချိန်အတောအတွင်း အချို့က ထွက်သွားပြီး အချို့က ရောက်လာတယ်။
"ထားလိုက်တော့၊ ငါ ထပ်မစောင့်နိုင်တော့ဘူး။ ငါ စောင့်လာတာ နှစ်ထောင်ချီရှိပြီ၊ ငါ အီးတောင် မပေါက်ရဲခဲ့ဘူး။ ဘယ်လိုတောင် ကံမကောင်းပါလိမ့်" ဆန်းကြယ်နတ်ဘုရားတစ်ယောက်က ညည်းညူကာ ထွက်ခွာသွားခဲ့တယ်။
အချိန်ရေပန်းမှ အချိန်စမ်းရေပန်းထုတ်မယ့်အချိန်က အတိအကျမရှိပါဘူး။ တစ်ယောက်ယောက်က ကံကောင်းရင်း သူတို့က တစ်နှစ်ဒါမှမဟုတ်နှစ်နှစ်အတွင်းမှာ မြင်နိုင်တယ်။ တစ်ယောက်ယောက်က ကံမကောင်းရင်းတော့ နှစ်တစ်ထောင်ဒါမှမဟုတ်နှစ်တစ်သောင်းထိ စောင့်ရတာ ပုံမှန်ပါပဲ။
ဒါပေမယ့် ဘယ်လောက်ပဲ စောင့်နေရပါစေ၊ ရတနာတစ်ခုကို လုယူန်ိုင်ရင်တော့ အရာအားလုံးက ထိုက်တန်ပါတယ်။
အချိန်လမ်းရဲ့အနက်ပိုင်းထဲရှိရတနာတွေက ဘယ်လိုလုပ်ပြီး ဆိုးဝါးရမှာလဲ။
အချိန်ကျောက်မျက်ရတနာကို ရခဲ့သူတစ်ယောက်ရှိတယ်။ အဲဒါကို ကမ္ဘာနတ်ဘုရားတစ်ယောက်ထံ ရောင်းချပြီးနောက် သူက ကံကြမ္မာကောင်းတစ်ခုကို ချက်ချင်းပိုင်ဆိုင်နိုင်ခဲ့တယ်။
အားကောင်းတဲ့ကမ္ဘာနတ်ဘုရားလက်နက်တစ်ခုကို ရခဲ့သူတစ်ယောက်ရှိတယ်၊ သူက အဲဒါကို ကမ္ဘာနတ်ဘုရားတစ်ယောက်ထံ ရောင်းချခဲ့တယ်။
လိုရင်းပြောရရင် အချိန်ရေပန်းက ဘယ်လိုပစ္စည်းကောင်းတွေ ပန်းထုတ်မလဲကို တစ်ယောက်မှ မသိပါဘူး။ အရာအားလုံးက ကံအပေါ်မှာပဲ မူတည်တယ်။
"ဟူး၊ ငါ ထပ် မစောင့်နိုင်တော့ဘူး။ ကြည့်ရတာ ငါက အချိန်ရေပန်းနဲ့ ကံမပါဘူးထင်တယ်"
မြေပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လျက် လီဖူချန်းက ဒီလူတွေကို အာရုံမစိုက်တော့ပါဘူး၊ သူက ဒီနေရာရဲ့အချိန်ဥပဒေသကို နားလည်နေတာကြောင့်ပါ။
အချိန်ရေပန်းအနီးရှိအချိန်စွမ်းအားက အများကြီးပိုညင်သာပြီး နားလည်ရတာ ပိုလွယ်တယ်။ လီဖူချန်းက ဒီအခွင့်အလမ်းကို ဘယ်လိုလုပ်ပြီး စွန့်လွှတ်နိုင်ရမှာလဲ။
ပျမ်းမျှအခြေအနေဆန်းကြယ်နတ်ဘုရား၊ နှောင်းပိုင်းအခြေအနေဆန်းကြယ်နတ်ဘုရား။
လအနည်းငယ်ကြာပြီးနောက် လီဖူချန်းရဲ့အချိန်ဥပဒေသက နှစ်ဆင့်တိုးလာခဲ့တယ်။
ဗွမ်း....ဗွမ်း....
ဒီနေ့မှာတော့ စမ်းရေစီးထွက်သံတွေ ပေါ်ထွက်လာတယ်။
"အချိန်ရေပန်းက စမ်းရေတွေ ထုတ်လွှတ်နေပြီပဲ"
လူတိုင်းက အံ့အားသင့်ကာ ကျေနပ်ဝမ်းသာသွားခဲ့တယ်။
အုန်း......
ကြီးမားတဲ့စမ်းရေပြင်ကျယ်တစ်ခုက ကောင်းကင်သို့ ထိုးတက်သွားတယ်။ ပုံရိပ်ယောင်အလင်းဖြာထွက်မှုတစ်ခုကိုထုတ်လွှတ်နေတဲ့ကျောက်မျက်ရတနာတစ်ခုက စမ်းရေထဲမှာ ထွက်ပေါ်လာတာကို လူတိုင်းက မြင်တွေ့ခဲ့တယ်။
"ဒါ အချိန်ကျောက်မျက်ပဲ။ အဲဒါ ငါ့ဟာပဲ"
အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်က ပျံသန်းလာပြီး လက်ဆန့်ထုတ်ကာ ၎င်းကို လုယူဖို့ ကြိုးစားခဲ့တယ်။
ဒါပေမယ့် သူဘယ်လောက်ပဲမြန်နေပေမယ့် သူ့ထက်ပိုမြန်တဲ့တစ်ယောက်ယောက်က ရှိတယ်။
လီဖူချန်း အချိန်ကျောက်မျက်ရတနာကို မြင်တွေ့တဲ့အခိုက်မှာ သူက လှုပ်တောင် မလှုပ်ရဲခဲ့ပါဘူး၊ သူက အချိန်ကျောက်မျက်ရတနာဘေးကို ရောက်ရှိလာပြီး လက်ကို ဆန့်ကာ ၎င်းကို ဆုပ်ကိုင်ခဲ့တယ်။
"ဒါ ငါ့ဟာပဲ"
အဆင့်မြင့်ပိုင်နက်နတ်ဘုရားက လီဖူချန်းကို စိုက်ကြည့်လိုက်တယ်။
ဒီနေရာက အချိန်ရေပန်းရဲ့အနီးနားမှာ မရှိရင် သူက လီဖူချန်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ချေမွပြီးနေလောက်ပြီ။
"မင်းဟာလို့ပြောတာနဲ့ မင်းဟာ ဖြစ်သွားရောလား" လီဖူချန်းက အဆင့်မြင့်ပိုင်နက်နတ်ဘုရားလောက်ကို ဂရုမစိုက်ပါဘူး။
"ကောင်းပြီ၊ မင်း စောင့်နေပါ။ ငါ၊ ပိုင်နက်နတ်ဘုဂားကျီကွမ်းက မင်းကို မှတ်ထားမယ်" ပိုင်နက်နတ်ဘုရားကျီကွမ်းက သူ့ဒေါသကို ဖိနှိပ်ထားလိုက်တယ်။
ဒုတိယမြောက်ပစ္စည်းက ချက်ချင်းထွက်ပေါ်လာတယ်၊ ဒါလဲ အချိန်ကျောက်မျက်ရတနာတစ်ခုပါပဲ။
"ဒါ ငါ့ဟာပဲ"
ပိုင်နက်နတ်ဘုရားကျီကွမ်းက ဝမ်းသာသွားတယ်။ ဒီတစ်ခါတော့ အချိန်ကျောက်မျက်ရတနာက သူ့ဘေးနားမှာပဲ၊ သူက လက်ကို ဆန့်ထုတ်ကာ ၎င်းကို ဆုပ်ကိုင်လိုက်ရုံပါပဲ။
"တောင်းပန်ပါတယ်၊ ဒါ ငါ့ဟာ" လက်တစ်ဖက်က အချိန်ကျောက်မျက်ရတနာကို အရင်ဆုပ်ကိုင်ခဲ့တယ်။
လီဖူချန်းကလွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ။
"မင်း သေချင်နေပြီပဲ၊ မင်း သေချင်နေပြီပဲ၊ ငါ မင်းကို သတ်ပစ်မယ်" ပိုင်နက်နတ်ဘုရားကျီကွမ်းက ရူးသွပ်သွားတယ်။ သူ့ခန္ဓာကိုယ်က ပိုင်နက်နတ်ဘုရားစွမ်းအားကို လိမ့်တက်စေခဲ့ပြီး သူက လီဖူချန်းကို သတ်တော့မှာပါ။
ဒါပေမယ့် သူက ကံကောင်းတယ်လို့လဲ ခံစားရတယ်။ သူ့အမြင်အရ သူက လီဖူချန်းကို သတ်ဖို့ ဘာစွမ်းအားမှ မလိုပါဘူး။ လီဖူချန်းက အချိန်ဥပဒေသကို ကျင့်ကြံထားတာကြောင့် သူ့ထက် ပိုမြန်တယ်ဆိုတာ ပိုင်နက်နတ်ဘုရားကျီကွမ်းက မြင်နိုင်တယ်။
"ကျီကွမ်း၊ မင်း ရူးနေလား။ မင်း သေချင်ရင်လဲ ငါတို့ကို ဆွဲမထည့်နဲ့။ အချိန်ရေပန်းက စမ်းရေတွေ ပန်းထုတ်ကာစပဲ ရှိသေးတယ်။ ပြီးတဲ့အထိ စောင့်အုံးဟ" ကြောက်စရာကောင်းတဲ့အသံတစ်သံက ပိုင်နက်နတ်ဘုရားကျီကွမ်းရဲ့နားထဲသို့ ဝင်ရောက်လာခဲ့တယ်။
အသံကို ကြားပြီးနောက် ပိုင်နက်နတ်ဘုရားကျီကွမ်းက သတိပြန်ဝင်လာတယ်။ ဟုတ်ပါတယ်၊ သူက လီဖူချန်းကို သတ်ချင်ရင်တောင် အလျင်စလိုလုပ်စရာမလိုပါဘူး။ လီဖူချန်းက အဝေးကို ထွက်ပြေးသွားနိုင်မှာမို့လို့လား။
မကြာမီမှာပဲ နောက်ထပ်အသုံးအဆောင်ပစ္စည်းတွေက ပန်းထုတ်လာတယ်။
အသုံးအဆောင်ပစ္စည်းသုံးခုက မတူညီတဲ့ဦးတည်ဘက်သုံးခုဆီ ပန်းထွက်သွားတယ်။
"ဒီတစ်ခါ မင်း ဘယ်လိုလုယုယူမလဲ ကြည့်ရတာပေါ့" ပိုင်နက်နတ်ဘုရားကျီကွမ်းက မုန်းတီးမှုအပြည့်နဲ့ ပြောလိုက်တော့တယ်။
ဒါပေမယ့် လီဖူချန်းရဲ့ခန္ဓာကိုယ်က အရိပ်ယောင်ဖြစ်သွားပြီး လီဖူချန်းသုံးယောက်ပေါ်ထွက်လာတာကို မြင်တဲ့အခါ သူက စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့တယ်။ သူတို့က ပစ္စည်းသုံးခုစလုံးကို လုယူခဲ့ပြီး တစ်ခုတစ်လေတောင် မချန်ထားခဲ့ပါဘူး။
"အချိန်ဥပဒေသက ဒီလောက်ထိ အားကောင်းတာလား" လူတိုင်းက လီဖူချန်းကို မုန်းတီးစွာ ကြည့်လိုက်ကြတယ်။
ဒီလိုပဲ လီဖူချန်းက အချိန်ဥပဒေသကို သုံးပြီး အသုံးအဆောင်ပစ္စည်းတွေ လုယူနေမယ်ဆိုရင် သူတို့က ဘာတစ်ခုမှ ရတော့မှာမဟုတ်ဘူး၊ ဒါက သူတို့မြင်ချင်တဲ့အရာတစ်ခုမဟုတ်ပါဘူး။
ထိုအချိန်ကျမှ သူတို့က ပိုင်နက်နတ်ဘုရားကျီကွမ်းရဲ့ခံစားချက်ကို နားလည်ခဲ့တယ်။
ဒီလူက တကယ်ကို မုန်းစရာကောင်းတယ်၊ သူတို့က ဒီလူကို မသတ်ရင် သူတို့ရဲ့သိက္ခာကို အဖက်ပြန်ဆယ်နိုင်မှာမဟုတ်တော့ဘူး။
***