ထောင်ချောက်မိခြင်း
Vol. 92 Ch. 1293
အချိန်ရေပန်းက စုစုပေါင်းရတနာဆယ်ခုကို ပန်းထုတ်ပေးခဲ့ပြီး ၎င်းတို့အားလုံးက လီဖူချန်းရဲ့လက်ထဲသို့ ကျရောက်သွားခဲ့တယ်။
လူတိုင်းက အံတကြိတ်ကြိတ်ဖြစ်နေတော့တယ်။
ဒါပေမယ့် တစ်ယောက်မှ မလှုပ်ရှားရဲပါဘူး။
လီဖူချန်း လိုဏ်ဂူခန်းမမှ ထွက်လာမယ့်အချိန်ကိုသာ သူတို့က စောင့်မျှော်နေရတယ်။
ဒါပေမယ့် ဒါက ပိုင်နက်နတ်ဘုရားတွေရဲ့အတွေးပါပဲ၊ ဆန်းကြယ်နတ်ဘုရားတွေကတော့ ထွက်ခွာသွားနှင့်နေပါပြီ။
သူတို့က လီဖူချန်းကို မုန်းပေမယ့် သူတို့ရဲ့အကန့်အသတ်ကို သူတို့သိတယ်။ ရတနာအတွက် ပိုင်နက်နတ်ဘုရားတွေနဲ့ယှဉ်ပြိုင်တာက သူတို့ရဲ့သေလမ်းကို ရှာနေတာနဲ့ အတူတူပဲဆိုတာ သူတို့က သိတယ်။
လီဖူချန်းက ချက်ချင်းမထွက်သွားခဲ့ပါဘူး၊ သူက အချိန်ဥပဒေသကို ထပ်မံနားလည်ဖို့ ပြင်ဆင်နေတယ်။
ရတနာဆယ်ခုထဲမှာ အချိန်ကျောက်မျက်ရတနာက သုံးခု၊ အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက နှစ်ခု၊ နေရာလပ်လက်စွပ်နှစ်ကွင်း၊ သစ်သားအပိုင်းအစတစ်ခု၊ သတ္တုအပိုင်းအစတစ်ခုနဲ့ သားရဲအရေပြားစာလိပ်တစ်ခုတို့ ပါဝင်တယ်။
နေရာလပ်လက်စွပ်တွေက ပိုင်နက်နတ်ဘုရားတွေရဲ့နေရာလပ်လက်စွပ်မှန်း သိသာတယ်၊ အထဲမှာ ကြွယ်ဝမှုများစွာ ရှိတယ်။ စုစုပေါင်းအဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံကျော်ရှိတယ်။
သစ်သားအပိုင်းအစက အလွန်ထူးခြားတယ်၊ ၎င်းမှာ အသက်စွမ်းအားတော့ မပါဝင်ပါဘူး၊ ဒါပေမယ့်အစို့အညှောက်တစ်ခုရှိတယ်။
သတ္တုအပိုင်းအစက ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့အစအနတစ်ခုဖြစ်ပြီး တန်ဖိုးအနည်းဆုံးပါပဲ။
သားရဲအရေပြားစာလိပ်ကတော့ နတ်ဘုရားဆေးဖော်စပ်နည်းဖြစ်တယ်။
၎င်းက အချိန်ပျံသန်းဆေးသန့်စင်တဲ့နည်းလမ်းကို မှတ်တမ်းတင်ထားတယ်။
ဒါပေမယ့် လီဖူချန်းက တစ်ချက်ကြည့်လိုက်ပေမယ့် ပါဝင်ပစ္စည်းတွေအားလုံးကို သူက ကြားဖူးမနေခဲ့ပါဘူး။
"ဒါက အချိန်ကျောက်မျက်ရတနာလား"
သူ့လက်ထဲရှိအချိန်ကျောက်မျက်ရတနာကို ကြည့်လိုက်တဲ့အခါ အထဲမှာ သန့်စင်တဲ့အချိန်စွမ်းအားတစ်ခုစီးဆင်းနေတာက်ု လီဖူချန်းက ခံစားမိတယ်။
လီဖူချန်းက တင်ပျဉ်ခွေထိုင်ကာ အချိန်ကျောက်မျက်ရတနာထဲရှိအချိန်ဥပဒေသကို စတင်နားလည်ခဲ့တယ်။
အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအထွတ်အထိပ်အခြေအနေ၊ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းအခြေအနေ။
အချိန်ကျောက်မျက်ရတနာထဲရှိအချိန်ဥပဒေသက ရှင်းလင်းလွန်းပြီး အချိန်ဥပဒေသကို အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းအခြေအနေအထိ မြှင့်တင်ဖို့ လီဖူချန်းက အများကြီးအားစိုက်မထုတ်ခဲ့ရပါဘူး။
"ကမ္ဘာနတ်ဘုရားတွေကတောင် အချိန်ကျောက်မျက်ရတနာကို လိုချင်တာ အံ့ဩစရာမရှိဘူးပဲ။
အချိန်ကျောက်မျက်ရတနာတစ်ခုက ကမ္ဘာနတ်ဘုရားကို အချိန်ဥပဒေသကို ကမ္ဘာနတ်ဘုရားနယ်ပယ်အထိ ကျင့်ကြံဖို့ ခွင့်မပြုပေမယ့် ၎င်းက နှစ်ပေါင်းမရေမတွက်များစွာအားထုတ်မှုကို လျော့ချပေးနိုင်ပါတယ်။ သို့မဟုတ်ရင် ကမ္ဘာနတ်ဘုရားတစ်ယောက်ကတောင် အချိန်ဥပဒေသကို ကိုယ်တိုင်နားလည်ဖို့ အချိန်အကြာကြီးယူရလိမ့်မယ်။
အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားစဦးအခြေအနေ၊ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားမျှမ်းမျှအခြေအနေ၊ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနှောင်းပိုင်းအခြေအနေ......
"ဒီကောင်က ဒီနေရာမှာပဲ တစ်သက်လုံးနေဖို့ စဉ်းစားနေတာလား" ပိုင်နက်နတ်ဘုရားတစ်ယောက်က စိတ်မရှည်တော့ပါဘူး။
"စောင့်ရမယ်၊ နှစ်တစ်ထောင်ကြာလဲ ငါတို့တွေ စောင့်ရမယ်"
ပိုင်နက်နတ်ဘုရားတစ်ယောက်က အံကြိတ်လိုက်တယ်။
လီဖူချန်းရဲ့ကိုယ်ပေါ်မှာ အသုံးအဆောင်ပစ္စည်းဆယ်ခုရှိတယ်။ သူက တစ်ခုရရင်တောင် နှစ်တစ်ထောင်စောင့်ဆိုင်းမှုက ထိုက်တန်ပါတယ်။
အချိန်ဥပဒေသက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းအခြေအနေကို ရောက်ရှိလာတဲ့အခါ လီဖူချန်းက တစ်ဆို့မှုတစ်ခုကို ခံစားခဲ့ရတယ်။
ဒီတစ်ဆို့မှုက ချိုးဖြတ်ဖို့ မလွယ်ပါဘူး၊ သူက မချိုးဖြတ်ခဲ့ရင် သူ့မှာ အချိန်ကျောက်မျက်ရတနာတွေ ဘယ်လောက်ပဲရှိရှိ၊ သူက သူတို့ကို အသုံးပြုနိုင်လိမ့်မှာမဟုတ်ပါဘူး။
"နောက်ထပ်၊ ငါ နေရာလပ်ဥပဒေသကို အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီး သူတို့နှစ်ခုကို ပေါင်းစပ်လိုက်ရင်တော့ ငါ့ရဲ့နေရာလပ်-အချိန်ဥပဒေသက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်မှာ သေချာတယ်" လီဖူချန်းက သူ့ရာသူ တွေးလိုက်တယ်။
ထရပ်လိုက်တယ်၊ လီဖူချန်းက လိုဏ်ဂူခန်းမမှ ထွက်ခွာတော့မှာပါ။
"သူ ထလာပြီ"
ပိုင်နက်နတ်ဘုရားတွေက ဝမ်းသာပျော်ရွှင်သွားတယ်။
လီဖူချန်းက ဒီနေရာမှာပဲ နေပြီး မထွက်ခွာတော့မှာကို သူတို့က တကယ်စိုးရိမ်ပူပန်တယ်။
ကြည့်ရတာ တစ်ဖက်လူက သူ့ရဲ့ကိုယ်ပိုင်အချိန်ဥပဒေသအပေါ် ယုံကြည်ချက်ရှိပုံပဲ၊ သူက သူတို့ရဲ့လက်ထဲကနေ အသာလေးလွတ်မြောက်နိုင်မယ်လို့ ထင်နေတာဖြစ်ရမယ်။
ကံမကောင်းစွာနဲ့ သူတို့က လမ်းကြောင်းအမျိုးမျိုးမှာ ထောင်ချေက်တွေ ဆင်ထားတာကို တစ်ဖက်လူက မသိပါဘူး။
လမ်းကြောင်းတစ်ခုကို ကြုံသလို ရွေးချယ်ပြီးနောက် လီဖူချန်းရဲ့ပုံရိပ်က လျှပ်တစ်ပြက်လက်သွားခဲ့တယ်။
ဝှစ်.....
လမ်းကြောင်းအတွင်းမှာ ရောင်စုံအလင်းတစ်ခုက လီဖူချန်းကို ဝါးမျိုသွားခဲ့တယ်။
"ဟားဟား၊ မင်းမှာ အချိန်ဥပဒေသရှိတော့ရော ဘာတတ်နိုင်မှာလဲ။ ငါ့ရဲ့ငါးရောင်စကြာဝဠာလက်စွပ်ထဲမှာ ထောင်ချက်မိသွားတာနဲ့ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူးကွ" ငါးရောင်စကြာဝဠာလက်စွပ်ကိုတပ်ဆင်ထားခဲ့တဲ့သူက အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။ သူက အူလှိုက်သဲလှိုက်ရယ်မောလိုက်လေတယ်။
"စိတ်ဝိညာဉ်အလင်းပိုင်နက်နတ်ဘုရားဆရာသခင်၊ ရတနာအားလုံးကို မင်းတစ်ယောက်တည်း ယူသွားဖို့ စီစဉ်နေတာလား" အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ်။
စိတ်ဝိညာဉ်အလင်းပိုင်နက်နတ်ဘုရားဆရာသခင်က အလွန်ပြောင်မြောက်ပြီး သူတို့အထဲမှာ နံပါတ်၁ဖြစ်တယ်။ ဒါပေမယ့် စိတ်ဝိညာဉ်အလင်းပိုင်နက်နတ်ဘုရားဆရာသခင်က ရတနာအားလုံးကို တစ်ယောက်တည်း မောင်ပိုင်စီးသွားချင်ရင်တော့ သူက ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး။
"စိတ်ဝိညာဉ်အလင်းပိုင်နက်နတ်ဘုရားဆရာသခင်က ပြောလိုက်တယ်"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့ရဲ့ယခင်သဘောတူညီချက်အတိုင်းပဲ၊ ဒီကောင်ကိုအရင်ဖမ်းမိတဲ့ဘယ်သူမဆို ရတနာသုံးခုရမယ်"
လူတိုင်းကို သူ့ရန်သူဖြစ်စေလောက်တဲ့အထိ စိတ်ဝိညာဉ်အလင်းပိုင်နက်နတ်ဘုရားဆရာသခင်က အရူးမဟုတ်ပါဘူး။ သူက ပိုင်နက်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်သလို တစ်ဖက်လူကလဲ ပိုင်နက်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်ပြီး သူ့ထက် အနည်းငယ်ပဲ ပိုအားနည်းတာပါ။
ဖြောက်.....
နှစ်ယောက်သားပြောနေစဉ်မှာ စိတ်ဝိညာဉ်အလင်းပိုင်နက်နတ်ဘုရားဆရာသခင်ရဲ့ငါးရောင်စကြာဝဠာလက်စွပ်က အက်ကွဲသံတစ်ခုထွက်လာတယ်။
ဖြောက်၊ဖြောက်.....
နောက်ခိုက်အတန့်မှာ ဓားအလင်းတစ်ခုက ထွက်ပေါ်လာပြီး ငါးရောင်စကြာဝဠာလက်စွပ်က ချက်ချင်း ပေါက်ကွဲသွားတော့တယ်။
"ငါ့ရဲ့ငါးရောင်စကြာဝဠာလက်စွပ်လေး....."
စိတ်ဝိညာဉ်အလင်းပိုင်နက်နတ်ဘုရားဆရာသခင်က နှလုံးကွဲမတတ်ဖြစ်သွားတယ်။ ဒီငါးရောင်စကြာဝဠာလက်စွပ်က အလွန်ရှားပါးတဲ့ချိတ်ပိတ်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ ၎င်းက ပိုင်နက်နတ်ဘုရားဆရာသခင်တစ်ယောက်ကိုတောင် အချိန်အကြာကြီး ဖမ်းထားနိုင်တယ်။ ယနေ့လိုပျက်ဆီးသွားရလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
ငါးရောင်စကြာဝဠာလက်စွပ်က ပေါက်ကွဲသွားပြီးနောက် ပုံရိပ်တစ်ခုက ပျံသန်းထွက်လာတယ်။
လီဖူချန်းက ဘယ်သူဖြစ်နိုင်မှာလဲ။
"ဒါ တကယ်ကို အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ ဒါ အတော်လေး ခိုင်ခံ့တာပဲ"
လီဖူချန်းက သူ့ဓားကို သုံးကြိမ်ဝှေ့ယမ်းပြီးမှ ငါးရောင်စကြာဝဠာလက်စွပ်ရဲ့ချိတ်ပိတ်ကို ချိုးဖြတ်နိုင်ခဲ့တာပါ။
"ထွက်ပြေးတော့....."
စိတ်ဝိညာဉ်အလင်းပိုင်နက်နတ်ဘုရားဆရာသခင်က နှလုံးကွဲမတတ်ခံစားရပေမယ့် လက်စားချေဖို့အထိတော့ သူက မစဉ်းစားရဲပါဘူး။ ဘယ်လိုဟာသလဲ၊ ငါးရောင်စကြာဝဠာလက်စွပ်က အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလေ။ ပုံမှန်အနေအထားမှာ ကမ္ဘာနတ်ဘုရားနယ်ပယ်အောက်တစ်ယောက်မှ အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို မချိုးဖြတ်နိုင်ဘူး။
ဒါပေမယ့် အခု အဲဒါက ဖျက်ဆီးခံလိုက်ရပြီ။
ဒါ ဘာကို ဆိုလိုတာလဲ။
လီဖူချန်းရဲ့ခွန်အားက အလွန်အမင်းကြောက်စရာကောင်းတဲ့အဆင့်တစ်ခုကို ရောက်ရှိနေပြီး အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဖျက်ဆီးနိုင်တယ်လို့ ဆိုလိုတယ်။
ဒီလိုကြောက်စရာကောင်းတဲ့လူတစ်ယောက်နဲ့ရန်သူဖြစ်တာက ကိုယ့်သေတွင်းကိုယ်တူးနေတာပါပဲ။
"မင်းတို့ ထွက်ပြေးနိုင်မယ်ထင်နေတာလား။ ငါ အားလုံးကို အမြန်သေခွင့်ပေးပါမယ်"
ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားက လိမ့်တက်လာပြီး တုန်ခါမှုတစ်ခုကို ထုတ်လွှတ်လိုက်တယ်။
နောက်အခိုက်အတန့်မှာ အဝေးကိုထွက်ပြေးသွားပြီဖြစ်တဲ့စိတ်ဝိညာဥ်အလင်းပိုင်နက်နတ်ဘုရားဆရာသခင်အပါအဝင်ပိုင်နက်နတ်ဘုရားတွေအားလုံးက ဗလာနတ္ထိဖြစ်သွားခဲ့တော့တယ်။
လီဖူချန်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် သာမန်ပိုင်နက်နတ်ဘုရားဆရာသခင်တွေကို ရင်ဆိုင်ဖို့ အကွက်တောင် ထုတ်စရာမလိုပါဘူး။ နတ်ဘုရားစွမ်းအားတုန်ခါမှုတစ်ခုနဲ့တင် အားလုံးပြီးနေပါပြီ။
"ဒီလိုခွန်အား၊ သူက ကမ္ဘာနတ်ဘုရားတစ်ယောက်လား"
လိုဏ်ဂူခန်းမထဲရှိကြည့်ရှုနေသူတွေအားလုံးက အလွန်အံ့အားသင့်သွားကြတော့တယ်။
နတ်ဘုရားစွမ်းအားတုန်ခါမှုတစ်ခုက ပိုင်နက်နတ်ဘုရားဆရာသခင်နှစ်ယောက်အပါအဝင်ပိုင်နက်နတ်ဘုရားတစ်ဖွဲ့လုံးကို သတ်ဖြတ်နိုင်ခဲ့တယ်။ ဒါ ဘယ်လိုခွန်အားမျိုးလဲ။
သူတို့အမြင်အရ လီဖူချန်းက ကမ္ဘာနတ်ဘုရားတစ်ယောက်မဟုတ်ရင်တောင် အဲလောက်နီးပါးရှိနေပြီ။
လီဖူချန်းက လက်ကို ဝှေ့ယမ်းကာ နေရာလပ်လက်စွပ်တွေအားလုံးကို သိမ်းလိုက်တော့တယ်။
ပိုင်နက်နတ်ဘုရားဆရာသခင်တွေက ပိုင်နက်နတ်ဘုရားဆရာသခင်တွေပါပဲ။ ပိုင်နက်နတ်ဘုရားဆရာသခင်နှစ်ယောက်က လီဖူချန်းကို အဆင့်မြင့်နတ်ဘုရားကျောက်တုံးငါးထောင်ထရီလီယံကျော် ပေးခဲ့တယ်။ အချိန်ရေပန်းမှသူရခဲ့တဲ့နေရာလပ်လက်စွပ်နှစ်ကွင်းနဲ့အခြားပိုင်နက်နတ်ဘုရားတွေရဲ့ဟာတွေပါပေါင်းလိုက်ရင် လီဖူချန်းက လအနည်းငယ်အတွင်းမှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးရှစ်ထောင်ထရီလီယံကို ရရှိခဲ့တာပဲ။
"သတ်ဖြတ်လုယက်ပြီးရှာဖွေတာက ပိုတောင်မြန်တယ်။ ဒါပေမယ့် တစ်ဖက်လူက ငါ့ကို အရင်လာပြဿနာရှာမှာပါ" လီဖူချန်းက တွေးလိုက်တယ်။
အချိန်လမ်းထဲမှာ အချိန်ကုန်သွားတာကို ခံစားဖို့က မဖြစ်နိုင်လုနီးပါးပဲ။ တစ်ယောက်ယောက်က အချိန်ကုန်လွန်တာကို မခံစားနိုင်ရင် သူတို့က အချိန်နဲ့ပတ်သက်ပြီး ဘာသဘောတရားမှ ရရှိမှာမဟုတ်ဘူး။ လူအချို့က ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်းမရေမတွက်များစွာကြာခဲ့ပေမယ့် သူတို့က ဒီနေရာမှာ ရက်အနည်းငယ်လောက်ပဲ ရှိနေတယ်လို့ ခံစားမိနေကြတယ်။
ဒါပေမယ့် အချိန်ကုန်လွန်ခြင်းကိုမခံစားနိုင်တဲ့ထိုလူတွေက အချိန်ဥပဒေသကို မကျင့်ကြံနိုင်တဲ့သူတွေပါပဲ။
လီဖူချန်းလို အချိန်ဥပဒေသကို ကျင့်ကြံထားပြီး အချိန်ဥပဒေသနဲ့ပတ်သက်ပြီး မြင့်မားတဲ့နားလည်မှူတစ်ခုရှိသူတွေကတော့ အချိန်ကုန်လွန်ခြင်းကို ခံစားနိုင်ပါသေးတယ်။
ဒါပေမယ့် လီဖူချန်းက အချိန်ကုန်လွန်တာကို ခံစားနိုင်တာကြောင့် အချိန်လမ်းက ဘယ်လိုတောင် ကြောက်စရာကောင်းသလဲဆိုတာကို သူက တဖြည်းဖြည်းနားလည်နိုင်လာခဲ့တယ်။
ဒီနေရာရဲ့အချိန်က ဖရိဖရဲနဲ့အတက်အကျဖြစ်နေတယ်။ လူတစ်ယောက်က အချိန်ဥပဒေသကို ပိုကျင့်ကြံလေ၊ သူတို့အနေနဲ့ ရူးသွပ်သွားဖို့က ပိုလွယ်ကူလေပါပဲ။
အချိန်ဥပဒေသကို အဆင့်တစ်ခုအထိ ကျင့်ကြံထားခဲ့မယ်ဆိုရင်တော့ ဒီလိုသက်ရောက်မှုကို ရှောင်ရှားနိုင်မှာပါ။
ကောင်းကင်ဘုံထာဝရကမ္ဘာနတ်ဘုရားဆရာသခင်လိုပေါ့။
မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက ရွာတစ်ရွာကို ရောက်ရှိလာတယ်။
ရွာရဲ့အလယ်မှာ ရောင်ခြည်စက်ဝန်းတစ်ခုရှိပြီး ရောင်ခြည်စက်ဝန်းအထဲမှာ ဧရာမအချိန်ကျောက်မျက်ရတနာတစ်ခုက လွင့်မျောနေတယ်။
ဒီအချိန်ကျောက်မျက်ရတနာက ကြီးလွန်းပြီး လီဖူချန်းရဲ့နေရာလပ်လက်စွပ်ထဲရှိအချိန်ကျောက်မျက်ရတနာထက် အဆတစ်ရာပိုကြီးတယ်။
သူက ဒီအချိန်ကျောက်တုံးကို ရရင် အချိန်ဥပဒေသကို ကမ္ဘာနတ်ဘုရားဆရာသခင်အဆင့်အထိ ကျင့်ကြံနိုင်လိမ့်မယ်လို့ လီဖူချန်းက ယူဆခဲ့တယ်။ ထိုအချိန်အတောအတွင်း သူက အခြားအချိန်ဥပဒေသနဲ့ပတ်သက်ပြီးဘာအခွင့်အလမ်းမှ လိုအပ်မှာမဟုတ်ဘူး။
သူလိုအပ်မှာက အချိန်ပါပဲ။
မသိစိတ်ရဲ့စေ့ဆော်မှုအရ လီဖူချန်းက ရောင်ခြည်တော်စက်ဝန်းဆီ လျှောက်လှမ်းလာခဲ့တယ်။
"တစ်ခုခုတော့ မူမမှန်ဘူး"
ရောင်ခြည်တော်စက်ဝန်းမှသုံးလှမ်းအကွာလောက်ကို ရောက်လာတော့အခါမှ လီဖူချန်းက သတိဝင်လာတယ်။
တစ်ခုခုတော့ မှားနေပြီ။
ဒီရွာက လျို့ဝှက်တည်ရှိနေတာမဟုတ်ဘူး။ သူက ဒီနေရာကို လာနိုင်ရင် အခြားသူတွေလဲ ဒီနေရာကို သေချာပေါက်လာနိုင်မှာပါ။
ဒီလိုဆိုမှတော့ ဘာလို့ တစ်ယောက်မှ အချိန်ကျောက်မျက်ရတနာကို မယူသွားခဲ့ကြတာလဲ။
"ထောင်ချောက်တစ်ခုပဲ ဖြစ်ရမယ်"
အသက်ကို ရှုသွင်းပြီးနောက် လီဖူချန်းက သူ့ရဲ့လောဘကို ဖိနှိပ်ကာ ထွက်သွားဖို့ ပြင်ဆင်ခဲ့တယ်။
ကံအပေါ် လောင်းကြေးထပ်တာကို လီဖူချန်းက ဘယ်တော့မှ မနှစ်သက်ပါဘူး။
ရောင်ခြည်တော်စက်ဝန်းအတွင်းမှာ အန္တရာယ်တစ်ခုခုမရှိရင်တော့ သူက အချိန်ကျောက်မျက်ရတနာကို တိုက်ရိုက်ယူနိုင်မှာပါ။
ဒါပေမယ့် အန္တရာယ်တစ်ခုခုရှိရင်ရော။
ပြန်လှည့်ဖို့အခွင့်အရေးတစ်ခုတောင် မရှိမှာကို သူက စိုးရိမ်တယ်။
ဒါကြောင့် သူက အလောင်းအစားမလုပ်ပါဘူး။
သူက အလောင်းအစားမလုပ်တော့မှတော့ သူက ဘာလို့ မထွက်ခွာရမှာလဲ။
"အာ"
ဖျော့တော့တော့အသံတစ်ခုက ရောင်ခြည်တော်စက်ဝန်းမှ ထွက်လာတယ်။ ဒီအသံကို ရောင်ခြည်တော်စက်ဝန်းရဲ့အပြင်ဘက်ကနေ မကြားနိုင်ပါဘူး။
"ဒါက အချိန်ကျောက်မျက်ရတနာရဲ့ဖြားယောင်းတာကို တကယ်ခုခံနိုင်ခဲ့တာပဲ။ နှစ်ဘီလီယံချီမှာ သူက ပထမဆုံးပဲ"
"ဖြစ်နိုင်တာက သူက အချိန်ပတ်လမ်းရဲ့ဖိအားကို ရင်ဆိုင်နိုင်ပြီး ငါ့နေရာမှာ အစားထိုးနိုင်လောက်တယ်"
"ဒီလိုဆိုမှတော့ ငါ သူ့ကို ထွက်သွားခွင့်ပြုလို့ ဘယ်ရမလဲ"
သူ့အသံက အေးစက်သွားတယ်။
ရွာဝင်ပေါက်က ပိတ်သွားတာကို လီဖူချန်းက သတိပြုမိခဲ့တယ်။ ပတ်ပတ်လည်ကိုရှာဖွေဖော်ထုတ်ပြီးနောက် ရွာကလေးက လုံးဝကို ချိတ်ပိတ်ထားပြီး ထွက်လမ်းမရှိတာကို လီဖူချန်းက တွေ့ရှိခဲ့တယ်။
"ဒါ ဒုက္ခတော့ များပြီ"
သူက ပြဿနာတက်နေပြီဆိုတာ လီဖူချန်းက သိတယ်။
အချိန်လမ်းထဲမှာ ဘယ်အရာမဆို ဖြစ်ပျက်န်ိုင်တယ်။ အဖြစ်များဆုံးအရာက နေရာတစ်ခုမှ ပိတ်မိပြီး ဘယ်တော့မှမထွက်သွားနိုင်တာပဲ။
လီဖူချန်းမဆိုနဲ့၊ လီဖူချန်းထက် အဆတစ်ထောင်ပိုသန်မာတဲ့ကမ္ဘာနတ်ဘုရားတွေကတောင် ထောင်ချောက်မိကာ သေသွားတဲ့အထိ ပိတ်မိနေခဲ့တယ်။
လီဖူချန်းက ဒါကို လက်မခံနိုင်ပါဘူး၊ သဲလွန်စအချို့ကို ရှာတွေ့ဖို့ သူက မျှော်လင့်ထားတယ်။
နောက်တစ်နေ့မှာ လီဖူချန်းက စိတ်မကျေမနပ်ဖြစ်သွားခဲ့တယ်။
သူက ရွာရဲ့ထောင့်တိုင်းကို ဂရုတစိုက်ရှာဖွေခဲ့တယ်၊ ဘယ်လိုသဲလွန်စတစ်ခုမှ ရှာမတွေ့နိုင်ခဲ့ပါဘူး။
"ငါ့ရဲ့အချိန်ဥပဒေသက နိမ့်လွန်းတာကြောင့်များလား။ ငါ့ရဲ့အချိန်ဥပဒေသက ပိုင်နက်နတ်ဘုရားနယ်ပယ်မှာ ရှိရင်ရော"
လီဖူချန်းက စိတ်ပျက်လက်ပျက်ဖြစ်ပေမယ့် သူက လက်မလျော့ပါဘူး။
ဒါက အစပဲ ရှိသေးတယ်။ သူက အခုပဲ လက်လျော့လိုက်ရင် မျှော်လင့်ချက်လုံးဝရှိလာမှာမဟုတ်တော့ဘူး။
လီဖူချန်းက တင်ပျဉ်ခွေထိုင်ကာ အချိန်ကျောက်မျက်ရတနာကို ယူထုတ်ခဲ့တယ်။ သူက အချိန်ကျောက်မျက်ရတနာအတွင်းရှိအချိန်ဥပဒေသကို စတင်နားလည်ခဲ့တယ်။
သူ့ရဲ့အချိန်ဥပဒေသက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိတဲ့အခါ လီဖူချန်းက တစ်ဆို့မှုတစ်ခုကို ကြုံတွေ့ခဲ့တယ်။ အစက သူက တစ်ဆို့မှုကို အလိုအလျောက်ချိုးဖြတ်ချင်ခဲ့ပေမယ့် အချိန်က စောင့်မနေပါဘူး။ လီဖူချန်းက တစ်ဆို့မှုကို ဖိအားပေးချိုးဖြတ်ဖို့ စီစဉ်ထားတယ်။
နေ့ရက်တွေ အလီလီကုန်ဆုံးလာပြီး လီဖူချန်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်မှာပဲ တစ်နေသေးတယ်။
ရောင်ခြည်တော်စက်ဝန်းထဲမှာ အသံက လှောင်ပြောင်လိုက်တယ်"တစ်ဆို့မှုက ချိုးဖြတ်ဖို့ ဒီလောက်လွယ်ရင် တစ်ဆို့မှုလို့ ဘယ်ခေါ်တော့မလဲ။ ကောင်ကလေး၊ မင်း ဘယ်လောက်ထိ ခံနိုင်မလဲ ငါ မြင်ချင်တယ်"
ဝီဝီဝီ......
ရွာထဲမှာ ရုတ်တရက်အချိန်အတက်အကျဖြစ်လာတယ်။
လီဖူချန်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းနယ်ပယ်မှ အဆင့်နိမ့်ပိုင်နက်နယ်ပယ်သို့ ချိုးဖြတ်ခဲ့တယ်။
"သူ တကယ်ချိုးဖြတ်ခဲ့တာလား"
ရောင်ခြည်တော်စက်ဝန်းထဲရှိအသံက အံ့အားသင့်သွားတယ်။
တစ်ဆို့မှုကို ဒီလောက်လျင်မြန်စွာ ချိုးဖြတ်နိုင်တဲ့တစ်စုံတစ်ယောက်ကို သူ မြင်တာ ဒါက ပထမဆုံးအကြိမ်ပဲ။
"ငါ ချိုးဖြတ်ခဲ့ပြီ"
လီဖူချန်းရဲ့အမူအရာက ပျော်ရွှင်ဝမ်းမြောက်သွားတယ်။ သူက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားနယ်ပယ်ရှိအချိန်ဥပဒေသနဲ့ စစ်ဆေးကာ ရွာကို ထပ်မံလေ့လာခဲ့တယ်။
စိတ်မကောင်းစွာနဲ့ လီဖူချန်းက ဘာသဲလွန်စတစ်ခုမှ ရှာမတွေ့နိုင်သေးပါဘူး။
"ဟမ့်၊ ဒီလူအိုကြီးကို အချိန်ပတ်လမ်းက ကန့်သတ်ထားပေမယ့် အချိန်နတ်ဘုရားစွမ်းအားအရိပ်အယောင်တစ်ခုကို ထုတ်လွှတ်ရင်တောင် သာမန်လူတစ်ယောက်ချိုးဖြတ်နိုင်တဲ့အရာတစ်ခုမဟုတ်ဘူး။ ကောင်လေးရေ၊ စိတ်မကောင်းလိုက်တာ....." ရောင်ခြည်တော်စက်ဝန်းထဲရှိအသံက သရော်လိုက်တယ်။
လီဖူချန်းက ဒါကို လက်မခံနိုင်ပါဘူး။ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားနယ်ပယ်အချိန်ဥပဒေသက လက်မခံရင် သူက အချိန်ဥပဒေသကို အလယ်ဆင့်ပြီးပြည့်စုံခြင်းနယ်ပယ်အထိ ကျင့်ကြံသင့်ရင်ကျင့်ကြံရမှာပဲ။
သူက ဘာသဲလွန်စတစ်ခုမှ ရှာမတွေ့နိုင်ဘူးဆိုတာ မယုံကြည်ပါဘူး။
***