စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု
Vol. 4 Ch. 49
အခန်း (၄၉) : စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု
နောက်ထပ် အချိန်နှစ်နှစ်တာက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဝမ်ဝေ့က စတင်ကျင့်ကြံရန် အနိမ့်ဆုံး အသက်သို့ ရောက်ရှိသွားပြီဖြစ်ပြီး စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု စတင်ဖို့ ရက်အနည်းငယ်သာ လိုတော့သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း မဟာကျိုးတော်ဝင် တိုင်းပြည်မှ အလည်အပတ်လာရောက်ခြင်းမှလွဲပြီး တခြား စိတ်လှုပ်ရှားစရာကောင်းသော အရာများ မရှိခဲ့ပေ။ လွန်ခဲ့သော တစ်နှစ်ခွဲကျော်လောက်တုန်းက အိမ်ရှေ့စံမင်းသား ကျီစုန့်က မျှော်နန်းဆောင်ထဲမှာ အချိန်ကုန်ဆုံးခဲ့သည်။ မဟာကျိုးတော်ဝင်တိုင်းပြည်က တာအိုအခွင့်အလမ်းဂိုဏ်း၏ ပိုင်နက်မှ ထွက်သွားကာ သူတို့၏ ကိုယ်ပိုင်နေရာသို့ ပြန်သွားသည်။
ကျီစုန့် ထွက်မသွားခင် ဝမ်ဝေ့က သူ့ကို လီအနည်းငယ်အကွာမှ လှမ်းမြင်လိုက်သည်။ ယခုလက်ရှိ သူနှင့် ဂိုဏ်းသို့ စရောက်စဉ်က အခြေအနေ ကွာခြားသွားကြောင်း အလွယ်တကူ သတိထားမိနိုင်သည်။
သူက ပိုမိုတည်ငြိမ်လာပြီး မိုက်မဲမှု လျော့နည်းသွားသည်။ သူ့ဆီမှာ မောက်မာမှုက ရှိသေးသော်လည်း ယခု ပိုမို ဖုံးကွယ်ထားနိုင်ပြီ ဖြစ်သည်။ ဝမ်ဝေ့ ကျင့်သားရခဲ့သည့်အတိုင်း မောက်မာမှုနှင့် မာနကို အရိုးထဲမှာ ဖုံးကွယ်ထားပြီး ပြင်ပကို ထုတ်မပြသင့်ပေ။
ကျီစုန့်က ဆန်းကြယ်စွာဖြင့် ပိုမိုဉာဏ်ရှိလာခြင်းမျိုး မဟုတ်ဘူးဆိုတာကိုတော့ ဝမ်ဝေ့ သိသည်။ အိမ်ရှေ့စံမင်းသားက ဘယ်လိုပြဿနာမျိုးမှာမဆို လက်သီးကို ပထမဆုံးရွေးချယ်မှုအဖြစ် အသုံးပြုသည့်သူ ဖြစ်ကြောင်း သူ ပြောနိုင်သည်။
သို့သော် ယခု မျှော်နန်းဆောင် စစ်ဆေးမှု ပြီးသွားသည့်အခါ ကိစ္စတစ်ခုခုကို ပြုလုပ်သည့်အခါ ပိုပြီး သတိထားလာကာ ပထမဆုံး အသိစိတ်က တိုက်ပွဲထဲသို့ အလျင်စလို ဝင်မသွားဖို့ဖြစ်သည်။
စစ်ဆေးမှုအတွင်း ကျီစုန့်၏ ရလဒ်များက ဝမ်ဝေ့ကို မှီဖို့ နေနေသာသာ လီကျွင်းလောက်ပင် မကောင်းပေ။ ထိုအရာက တမူထူးရုပ်ခန္ဓာ၏ အကျိုးယုတ်စေသည့် အချက် ဖြစ်သည်။ သူတို့၏ ခန္ဓာက စိတ်၊ ဝိညာဉ်၊ ဆန္ဒ သို့မဟုတ် တာအိုနှလုံးသားအပေါ်တွင် အကျိုးသက်ရောက်မှု မရှိပေ။
သူတို့၏ တမူထူးရုပ်ခန္ဓာက စိတ်အခြေအနေနှင့် အတော်လေး ထိခိုက်စေသည်ဟု ပြောနိုင်သည်။ သူတို့က ငယ်ငယ်ကတည်းက ပါရမီရှင်များ သို့မဟုတ် ကောင်းကင်ရွေးချယ်ခံများ သို့မဟုတ် အနာဂတ်မဟာဧကရာဇ်များအဖြစ် ပျိုးထောင်ခံခဲ့ရသည်။
မွေးကတည်းက ပျိုးထောင်မှုအားလုံးကြောင့် သူတို့၏ တစ်ကိုယ်ကောင်းဆန်စိတ်က ကြီးမားသည်။ ထို့ကြောင့် သူတို့အများစုက မာနကြီးပြီး မောက်မာကြသည်။ လီကျွင်းကဲ့သို့ အထီးကျန်ဆန်သော ကမ္ဘာမှာ နေခဲ့ရသူနှင့် နှိုင်းယှဉ်လိုက်လျှင် တမူထူးရုပ်ခန္ဓာရှိသူများက အတော်လေး လိုနေသေးသည်။
ထိုထူးခြားသည့် ကောင်းကင်ရွေးချယ်ခံများ၏ စိတ်အခြေအနေကိုလည်း ပြောင်းလဲသွားစေသည်။ သူတို့၏ ပထမဆုံး ကျရှုံးမှုနှင့် ကြုံတွေ့လိုက်ရသည့်အခါ ကမ္ဘာကြီးက သူတို့ကိုဗဟိုပြုပြီး လည်ပတ်နေခြင်းမဟုတ်ကြောင်း သူတို့ သတိထားမိသွားသည်။
သူတို့ တခြားတမူထူးရုပ်ခန္ဓာရှိသည့်သူများနှင့် တွေ့ဆုံရသည့်အခါ သူတို့ မထူးခြားတော့သည်ကို သူတို့ သိသွားလိမ့်မည်။
အသင်္ချေအင်ပါယာကမ္ဘာက ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့သည့်အတွက် လူဦးရေကို ထရီလီယံဖြင့်ပင် ရေတွက်လို့ ရနိုင်သည်။ ဤကမ္ဘာတွင် မနည်းပါးသည်က ဆန်းကြယ်မှု ဖြစ်သည်။ ဖြစ်နိုင်ချေ ဘယ်လောက်ပဲ နိမ့်ကျနေပါစေ မဖြစ်နိုင်ဆဲ ဖြစ်သည်။
ထို့ကြောင့် ထိုတမူထူးရုပ်ခန္ဓာရှိသည့် ကောင်းကင်ရွေးချယ်ခံများက ကြီးကျယ်သည့်အရာများထဲတွင် သူတို့၏ အရေးမပါမှုကို သင်ယူကာ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ရမည်။
အထူးသဖြင့် အစောပိုင်းနှင့် အလယ်အဆင့် ကျင့်ကြံခြင်းများတွင် တမူထူးရုပ်ခန္ဓာရှိသူများက သာမန်ကျင့်ကြံသူများထက် ပိုမိုလျင်မြန်စွာ ကျင့်ကြံနိုင်ခြင်း၊ ပိုမိုသန်မာခြင်း၊ သက်တမ်းပိုရှည်ခြင်း စသော ရိုးရှင်းသည့် အချက်များကြောင့် လူအများစုက တမူထူးရုပ်ခန္ဓာရရှိချင်ကြဆဲဖြစ်သည်။
အစောပိုင်းနှင့် အလယ်ပိုင်းအဆင့် ကျင့်ကြံခြင်းများတွင် တမူထူးရုပ်ခန္ဓာရှိသည့်သူများကို ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ချစ်မြတ်နိုးခြင်းခံရသူများဟု သတ်မှတ်နိုင်သည်။ သူတို့အတွက် အရာအားလုံးက မြန်ဆန်လွယ်ကူလာသည်။
ထိုအရာက “သာမန်” ကျင့်ကြံသူများအပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိသည်။ တမူထူးရုပ်ခန္ဓာရှိခြင်းက သာမန်လူများထက် တစ်ဆင့်မြင့်သော စတင်မှတ်ကို ရရှိထားခြင်းဖြစ်ကြောင်း ဤကမ္ဘာမှ မရေတွက်နိုင်သော ပါရမီရှင်များက သင်ကြားပေးခဲ့သည်။
ထိုအကြောင်းအရာအတွက် ဥပမာကောင်းတစ်ခုက ဟန်လီ ဖြစ်သည်။ စွမ်းအားကြီး ခန္ဓာဖြစ်သည့် ကောင်းကင်မိုးကြိုးခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း ထိပ်သီးအဆင့် ကောင်းကင်ဘုံမှ ရွေးချယ်ခံရသူဟု မသတ်မှတ်နိုင်ပေ။ သူ၏ ကျင့်ကြံရေး ခရီးစဉ်တစ်လျှောက် မရေတွက်နိုင်သော တိုက်ခိုက်မှုများကို ရှုံးနိမ့်ခဲ့သည်။
ဝမ်ဝေ့ ရရှိထားသော အချက်အလက်များအရ ဟန်လီက သူ လုပ်နိုင်စွမ်းအကုန် ထုတ်မသုံးခဲ့သည်ကို သူ ဆုံးဖြတ်နိုင်သည်။ မိုးကြိုးခန္ဓာပိုင်ဆိုင်ထားသူအတွက် အကောင်းဆုံး ချဉ်းကပ်မှုက သူ့ ခန္ဓာကို အထွတ်အထိပ်စွမ်းအားကြီး ခန္ဓာတစ်ခုဖြစ်စေရန် သန့်စင်ဖို့ မိုးကြိုးစမ်းသပ်ချက်ကို စုပ်ယူရမည်။
ထို့နောက် လုံလုံလောက်လောက် သန်မာလာသည့်အခါ နတ်ဘုရားအပြစ်ပေးခြင်း မိုးကြိုးကို စုပ်ယူဖို့ ကြိုးစားရမည်။ ထိုမိုးကြိုးက မဟာဧကရာဇ်များကိုပင် သတ်နိုင်လောက်သည်အထိ စွမ်းအားကြီးသော အဆင့်အမြင့်ဆုံး မိုးကြိုးထဲမှ တစ်ခု ဖြစ်သည်။
ဝမ်ဝေ့၏ မျက်လုံးထဲတွင် ကောင်းကင်မိုးကြိုးခန္ဓာက ဟန်လီလိုလူမျိုး၏ လက်ထဲတွင် လုံးဝ အလဟဿ ဖြစ်နေသည်။ နေ့တစ်နေ့၏ အဆုံးသတ်တွင် တမူထူးရုပ်ခန္ဓာပိုင်ဆိုင်သူတစ်ယောက် ဘယ်လောက်အမြင့်ထိ ရောက်နိုင်မလဲဆိုတာ ဆုံးဖြတ်နေသည်။
ဝမ်ဝေ့က ဝမ်မိသားစုတောင်တွင် မတ်တပ်ရပ်ရင်း အကြီးအကဲများနှင့် တခြားပါဝင်သူများ ရောက်ရှိလာမည်ကို စောင့်မျှော်နေသည်။
ယခု သူက အသက်၁၅ နှစ် ရှိပြီဖြစ်ပြီး အရပ် ၁.၈၅ မီတာ မြင့်သည့် လူငယ်လေးတစ်ယောက် ဖြစ်လာသည်။ သူက ရုပ်ရည် အရမ်းချောမောပြီး မိဘများ၏ ကောင်းမွန်သော ဗီဇကို လက်ခံရရှိထားသည်။ သို့သော် သူနှင့်ပတ်သက်ပြီး သတိထားမိဆုံး အပိုင်းက သူ၏ ပင်ကိုယ်အကျင့်စရိုက် ဖြစ်သည်။
ကမ္ဘာပေါ်က ဘယ်အရာမှ သူ့ကို မနှောင့်ယှက်နိုင်ကြောင်း၊ သူ လုပ်ချင်တာ လုပ်နိုင်ကြောင့် ဘယ်သူမှ သူ့ကို ရပ်တန့်လို့ မရနိုင်ကြောင်း၊ နတ်ဘုရားများ၊ နတ်ဆိုးများ၊ ထာဝရရှင်သန်သူများနှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၊ မဟာဧကရာဇ်ကိုယ်တိုင်ပင် သူ့ကို မဟန့်တားနိုင်ကြောင်း ဟူ၍ ခံစားမှုကို ပေးစွမ်းနိုင်သည်။ သူ၏ ထိုကဲ့သို့သော အကျင့်က အမျိုးသမီးများကို အတော်လေး ကျေနပ်စေသည်။
ဝမ်ဝေ့ဘေးတွင် မတ်တပ်ရပ်ပြီး စကားပြောနေသူက ငယ်သူငယ်ချင်း တစ်ယောက်ဖြစ်သလို အကောင်းဆုံး ညီလေးဖြစ်သည့် လီကျွင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပြောင်းလဲအသွားဆုံးသူကို ဆုပေးမည်ဆိုလျှင် တခြားထိုက်တန်သောသူ မရှိဘဲ ထိုဆုကို လီကျွင်းအား ပေးရလိမ့်မည်။
သူလည်း အရာထောင်ချီ တစ်သားတည်းကျမ်းကို ကျင့်ကြံခဲ့သည့်အတွက် အဆီများ လုံးဝ ကျသွားကာ ချောမောသည့် ကောင်လေးတစ်ယောက် ဖြစ်လာသည်။ ဝမ်ဝေ့၏ အံတုတော်လှန်တတ်သော အကျင့်နှင့် မတူဘဲ လီကျွင်းက အေးဆေးသည့်ပုံပေါ်သည်။ သို့သော် ထိုအေးဆေးသည့်ပုံနောက်တွင် ကြောက်စရာကောင်းသော တိုက်ခိုက်လိုစိတ် ကိန်းအောင်နေသည်။
ဘာတွေပဲဖြစ်လာဖြစ်လာ၊ ဘယ်လိုအခြေအနေမျိုး ဖြစ်ဖြစ် သေသွားတဲ့အထိ တိုက်ခိုက်မယ်။ တိုက်ခိုက်တာရပ်စေချင်ရင် ငါ့ကို အနိုင်ယူပြီး သတ်ပစ်လိုက်။ သေခြင်းတရားကသာ ငါ့ကို ရပ်တန့်နိုင်လိမ့်မယ်
လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက လီကျွင်းက ထိုသဘောထားကို လက်ကိုင်ထားပြီး နေထိုင်ခဲ့သည်။ သူ တိုက်ခိုက်နေတာ ရပ်အောင် အရာနှစ်ခုကသာ တားမြစ်နိုင်သည်။ ပထမတစ်ခုက သေခြင်းတရားဖြစ်ပြီး နောက်တစ်ခုက အစ်ကိုကြီး ဝမ်ဝေ့၏ အမိန့် ဖြစ်သည်။
လွန်ခဲ့သော ခုနစ်နှစ်အတွင်း လီကျွင်းက သူ့မျိုးဆက်ရှိ ကလေးများအတွက် ကြောက်ရွံ့စရာကောင်းသော လွှမ်းမိုးမှုတစ်ခုကို ဖန်တီးခဲ့သည်။ ၉ ခုမြောက် မျှော်နန်းဆောင် စစ်ဆေးမှု ပြီးသွားသည့်အခါ လီကျွင်းက နေ့တိုင်း ဝမ်မိသားစု၊ လီမိသားစုနှင့် ယန်းမိသားစုများမှ ကလေးများနှင့် တိုက်ခိုက်လေ့ ရှိသည်။ ပင်မမိသားစုမှ ကလေးများ ပါဝင်သလို မိသားစုအခွဲမှ ကလေးများလည်း ပါဝင်သည်။ ထိုနေ့က ဘာနေ့ပဲဖြစ်ဖြစ်၊ အခြေအနေက ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ သူတို့နှင့်အတူ တိုက်ခိုက်မည် ဖြစ်သည်။
သူ အရာထောင်ချီ တစ်သားတည်းကျမ်းကို စတင်ကျင့်ကြံပြီး အင်အားနည်းနေချိန်မှာပင် သူတို့နှင့် တိုက်ခိုက်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သူအတော်လေး နာကျင်ခံစားခဲ့ရသည်။
ဒါကို သူ အနိုင်ကျင့်ခံနေခဲ့ရတာတွေအတွက် ပြန်ပြီးတော့ လက်စားချေချင်လို့ လုပ်နေတာလို့ ထင်ရင်ထင်နေလိမ့်မယ်။ သူ လုပ်နေတာက သူ့ရဲ့ တမူထူးရုပ်ခန္ဓာအတွက် ပြင်ဆင်ဖို့ သူ့ရဲ့ တိုက်ခိုက်လိုစိတ်ကို မြှင့်တင်ပေးနေတာပဲ
ဝမ်ဝေ့က လီကျွင်းနှင့် စကားပြောနေရင်း စောင့်နေသည်။
“ ဒါဆို မင်း ဒီတစ်ခေါက် ဘယ်မိန်းကလေးကို ရခဲ့လဲ”
“ အစ်ကိုကြီးဝမ်ဝေ့ ကျွန်တော် ညက တစ်ညလုံး စိုးရိမ်နေခဲ့တာ။ ဘယ်လိုလုပ်ပြီးတော့ မိန်းကလေး ရွေးဖို့ အချိန်ရှိမှာလဲ”
ဝမ်ဝေ့က သူ့အစေခံအချို့ လီကျွင်းကို ချောင်းကြည့်ပြီး ပန်းသီးကဲ့သို့ ပါးများနီရဲနေသည်ကို တွေ့လိုက်ရသည့်အတွက် မဲ့ပြုံးပြုံးလိုက်မိသည်။ သူနှင့် လီကျွင်းက သိလာတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည့်အတွက် အကောင်းဆုံးညီအစ်ကိုများဟု ခေါ်နိုင်သည်။ လီကျွင်းက ဝမ်ဝေ့ကိုယ်တိုင် တရားဝင် လက်ခံထားသော ဂိုဏ်း၏ မျိုးဆက်ငယ်အချို့ထဲမှ တစ်ယောက်ဖြစ်ကြောင်း သတ်မှတ်နိုင်သည်။
သို့သော် ဝမ်ဝေ့ကို ခေါင်းကိုက်အောင် လုပ်နေသည့်အရာတစ်ခုက သူက တကယ့်ကို မိန်းမလိုက်စားသူတစ်ယောက် ဖြစ်နေခြင်းဖြစ်သည်။ သူ အသက် ၁၄ နှစ်ပြည့်ပြီး အဆီများအားလုံး ကျသွားပြီးနောက် သူက တခြားတပည့်မျိုးစုံနှင့် စတင် ရောထွေးလာသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း သူနှင့် လျှို့ဝှက်စွာ ပတ်သက်ခဲ့သော တပည့်များက ရေတွက်မရနိုင်အောင် များပြားသည်။ သူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်သည့်ပုံ မပေါ်ပေ။ ဤကမ္ဘာတွင် မိန်းမအများအပြားယူခြင်းက သာမန်ကိစ္စရပ်တစ်ခု ဖြစ်သည့်အတွက် ပြဿနာမရှိပေ။
ထိုသတင်းကို ကြားပြီးနောက် လီကျွင်း ပြောင်းလဲသွားပြီး သူ ရရှိလာသော ရာထူးအသစ်နှင့် စွမ်းအားကို တပည့်မများအား သူနှင့် ပတ်သက်စေရန် ဖိအားပေးသည့်နေရာတွင် အသုံးပြုမည်ကို စိုးရိမ်သောကြောင့် ဝမ်ဝေ့က သူ့အကြောင်းကို စုံစမ်းခဲ့သည်။
သို့သော် သူ စိုးရိမ်နေတာ အလကား ဖြစ်သွားသည်။ သူ ရရှိထားသော အချက်အလက်အရ ထိုကောင်လေးက အရမ်းဆွဲဆောင်မှု ရှိသည့်အတွက် တပည့်မများက သူ့ကို စွဲလမ်းနေကြခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုအချိန်အတွင်းမှာပင် ဂိုဏ်းအတွင်း၌ လျှို့ဝှက်စာရင်းများစွာ ဖြန့်ဝေထားသည်ကို ဝမ်ဝေ့ သိလိုက်ရ၏။
လီကျွင်းက ရုပ်အချောဆုံးအမျိုးသားစာရင်းတွင် အဆင့် ၃ ချိတ်ပြီး သူက အဆင့် ၂ ချိတ်လေသည်။ ဆွဲဆောင်မှုအရှိဆုံးစာရင်းတွင် လီကျွင်းက အဆင့် ၃ ချိတ်ပြီး သူက အဆင့် တစ် ချိတ်သည်။ သူက မိန်းကလေးများ လက်ထပ်ချင်ဆုံးစာရင်းတွင် နံပါတ် ၂ ချိတ်ပြီး လီကျွင်းက နံပါတ်တစ် ချိတ်သွားသည်။
ဝမ်ဝေ့က မယုံကြည်နိုင်ခဲ့ပေ။
ဘယ်သူက သူ့ထက်ပိုပြီးတော့ ရုပ်ချောနိုင်မှာလဲ…
သေချာစုံစမ်းကြည့်လိုက်ပြီးနောက် အပြိုင် အမွေခံသားတော်တစ်ယောက်က အဆင့် ၅ ချိတ်သွားသည်။ ထိုကောင်လေးက သူ့အဆင့်နှင့် ထိုက်တန်သည်ကိုတော့ သူဝန်ခံရမည်။
ဝမ်ဝေ့က နောက်ဆုံးစာရင်းကြောင့် အတော်လေး နားမလည်နိုင်ဖြစ်သွားသည်။
ဂိုဏ်းချုပ်ငယ်လေးဖြစ်သလို အနာဂတ်အမွေခံသားတော်လည်း ဖြစ်ပြီး အနာဂတ် ဂိုဏ်းချုပ်၊ အနာဂတ် မဟာဧကရာဇ်ဖြစ်တဲ့သူက မိန်းကလေးအများစု လက်ထပ်ချင်တဲ့ အမျိုးသား ဖြစ်သင့်တာ မဟုတ်လား
စုံစမ်းပြီးနောက် တပည့်မများက သူတို့က သူ့ဇနီးဖြစ်ဖို့ မထိုက်တန်ဘူးဟု သတ်မှတ်ထားကြပြီး အများစုက သူ၏ မောင်းမ သို့မဟုတ် အစေခံ ဖြစ်လာချင်ကြောင်း ဖော်ပြနေကြသည်။
ထိုအချိန်တုန်းက ရယ်စရာကောင်းသော အဖြစ်အပျက်လေးခု ဖြစ်သွားခဲ့သည်။ တပည့်မများ၏ ပြောပြချက်ကို ကြားပြီးနောက် သူ့ဂိုဏ်းထဲမှ မိန်းကလေးများအား သူ့နှလုံးသားမှာ နေရာယူနိုင်ပါက သူနှင့် ထိုက်တန်ကြောင်း ထုတ်ပြန်လိုက်သည်။
ထိုထုတ်ပြန်ချက်ကြောင့် ဂိုဏ်းထဲတွင် ဝမ်ဝေ့၏ ကျော်ကြားမှုက အဆမတန် မြင့်တက်သွားပြီး သူ့အတွက် ပြဿနာများကိုပါ တစ်ခါထဲ ယူဆောင်လာသည်။ သူ ဝမ်မိသားစုတောင်မှ ထွက်သွားဖို့ လုပ်တိုင်း မိန်းမလှလေးတစ်ခုနှင့် အမြဲတမ်း “မတော်တဆ” တွေ့လေ့ရှိသည်။
သူ သူတို့အားလုံးကို စကားပြောခဲ့သည်။ သူတို့ ဘယ်သူဖြစ်ဖြစ် သူ့ကို ချဉ်းကပ်လာသည်နှင့် သူတို့ကို သိလာလိမ့်မည်ဖြစ်သည်။ သူ့ ဝိညာဉ်မှ ယူဆောင်လာသော စွမ်းအားကြီးမှတ်ဉာဏ်ကြောင့် တစ်ယောက်ချင်းစီတိုင်းကို သေချာမှတ်မိနိုင်ပြီး နာမည်ကို ခေါ်ပြောနိုင်သည့်အတွက် သူ့အတွက် အများကြီး အထောက်အကူ ဖြစ်စေသည်။
ထူးခြားသည့်အရာက သူက မျှော်နန်းဆောင်၏ လေးခုမြောက် စစ်ဆေးမှုတွင် တွေ့ဆုံခဲ့သည့် မိန်းကလေးအကြောင်းကိုသာ ဆက်တိုက်စဉ်းစားနေမိသည်။ သူတို့နှစ်ယောက်ကြားတွင် ဆက်နွယ်မှုအချို့ ရှိနေပြီး သူမကို တစ်နေ့ တွေ့ဆုံနိုင်မည်ဟု သူ၏ ဆဌမအာရုံက ပြောနေသည်။
သို့သော် တစ်လကျော်ကြာပြီးနောက် အရာအားလုံး ထိန်းချုပ်လို့ မရဖြစ်ကုန်သည်။ အရမ်းများပြားသော “မတော်တဆ” တွေ့ဆုံမှုများစွာ ရှိနေသည်။ သူ တစ်ကြိမ်တိုင်း အမျိုးသမီး တပည့်များ ရာကျော်နှင့် တွေ့ဆုံခဲ့ရသည်။ ထို့နောက် ဘယ်သူနှင့် တွေ့ဆုံစကားပြောရမလဲ ဆိုတာအတွက် စတင် တိုက်ခိုက်ကြတော့သည်။
တိုက်ပွဲက အတော်လေးပြင်းထန်သည်။ ဝမ်ကျူသာ သူ့ကို ဤတိုက်ပွဲ၏ ထိတ်လန့်မှုက ကူညီကာကွယ်ပေးခြင်း မရှိပါက သူ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရသွားနိုင်သည်။ ထိုအခိုက်အတန့်တွင် ဝမ်ဝေ့က ကျင့်ကြံသူများ၏ စွမ်းအားကို အမှန်တကယ် နားလည်သဘောပေါက်သွားကာ အမြင့်ဆုံး နယ်ပယ်အဆင့်ထိ ရောက်အောင် ကျင့်ကြံခြင်း သို့မဟုတ် အမြင့်ဆုံးထက်ပင် ကျော်လွန်အောင် လုပ်ရန် စိတ်ဆုံးဖြတ်လိုက်သည်။