← Chapters

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်

Vol. 92 Ch. 1294

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်

Vol. 92 Ch. 1294

အချိန်ကုန်ဆုံးလာတာနဲ့အမျှ လီဖူချန်းရဲ့အချိန်ဥပဒေသက အစီအစဉ်တကျတိုးတက်လာနေတယ်။

ပျမ်းမျှအဆင့်နိမ့်ပိုင်နက်နတ်ဘုရား၊ နှောင်းပိုင်းအဆင့်နိမ့်ပိုင်နက်နတ်ဘုရား၊ အထွတ်အထိပ်အဆင့်နိမ့်ပိုင်နက်နတ်ဘုရား၊ ပြီးပြည့်စုံခြင်းအဆင့်နိမ့်ပိုင်နက်နတ်ဘုရား။

လီဖူချန်းက ချိုးဖြတ်မှုတစ်ခုကို ထပ်မံကြုံတွေ့ခဲ့တယ်။

ဒါပေမယ့် ဒီချိုးဖြတ်မှုက ယခင်တစ်ခုလောက် မကြီးမားပါဘူး။

"ထပ်စမ်းကြည့်တာပေါ့"

အတွေးတစ်ချက်နဲ့အတူ လီဖူချန်းက အချိန်ဥပဒေသကို ဖြန့်လိုက်တယ်။

ဒီတစ်ခါတော့ လီဖူချန်းက တစ်ခုခုကို မြင်တွေ့ခဲ့တယ်။

ရွာတစ်ခုလုံးကို အချိန်အလွှာတစ်ခုနဲ့ ချိတ်ပိတ်ထားတယ်။ သူက ဒီချိတ်ပိတ်ကို မချိုးဖြတ်နိုင်ရင် သူက ထွက်ပြေးလွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။

အချိန်အလွှာကို ဖယ်ရှားဖို့ အချိန်ဥပဒေသကို အသုံးပြုခဲ့ပေမယ့် ရက်အနည်းငယ်ကြာပြီးနောက် ဒါက အသုံးမဝင်ဘူးဆိုတာ သူက သဘောပေါက်ခဲ့တယ်။

ရွေးချယ်စရာမရှိဘဲ လီဖူချန်းက သူ့ရဲ့အချိန်ဥပဒေသကို ဆက်တိုးမြှင့်နေခဲ့တယ်။

အချိန်ဘယ်လောက်ရှိသလဲကို မသိတော့တဲ့အထိပါပဲ၊ လီဖူချန်းက တစ်ဆို့မှုကို ချိုးဖြတ်ခဲ့ပြီး အလယ်ဆင့်စဦးအခြေအနေကို ရောက်ရှိလာတယ်။ ဒီအချိန်မှာ အချိန်ကျောက်မျက်ရတနာတွေထဲကတစ်ခုရဲ့စွမ်းအားက ကုန်ဆုံးသွားခဲ့တယ်။

တုံ့ဆိုင်းမနေဘဲ လီဖူချန်းက ဒုတိယမြောက်အချိန်ကျောက်မျက်ရတနာကို ယူထုတ်ခဲ့တယ်။

ပျမ်းမျှ၊ နှောင်းပိုင်း၊ အထွတ်အထိပ်၊ ပြီးပြည့်စုံခြင်းအလယ်ဆင့်ပိုင်နက်နတ်ဘုရား။

လီဖူချန်းက တစ်ဆို့မှုကို တတိယအကြိမ်တွေ့ခဲ့ပြန်တယ်။

"ဘယ်လိုဖြစ်ပြီး သူ့ရဲ့ကျင့်ကြံခြင်းအရှိန်က ဒီလောက်မြန်တာလဲ"

ရောင်ခြည်စက်ဝန်းထဲမှာ အသံပိုင်ရှင်က အံ့ဩတုန်လှုပ်သွားတယ်၊ လီဖူချန်းရဲ့အချိန်ဥပဒေသက ပိုပိုသိပ်သည်းလာနေတယ်လို့ သူက ခံစားမိတယ်။

လီဖူချန်းက ကမ္ဘာနတ်ဘုရားတစ်ယောက်ဆိုရင်တော့ ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် လီဖူချန်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်မှန်း သိသာနေပါတယ်။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က အချိန်ဥပဒေသကို အလယ်ဆင့်ပိုင်နက်နတ်ဘုရားနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့တယ်။ သူက အချိန်ကျောက်မျက်ရတနာမှစွမ်းအားကို ချေးငှားရင်တောင်မှ ဒါက အလွန်ကြောက်စရာကောင်းနေပါသေးတယ်။

ဒီလိုထိုးထွင်းသိမြင်မှုက ကမ္ဘာနတ်ဘုရားတစ်ယောက်နဲ့ ယှဉ်နိုင်တယ်။

"ငါ သူ့ကို ဆက်ကျင့်ကြံခွင့်ပြုလို့မရဘူး"

ရွာကိုချိတ်ပိတ်ထားတဲ့အချိန်အလွှာမှာ လှိုင်းဂယက်တစ်ခုက မသိမသာဖြစ်ပေါ်လာတယ်။

"ငါ နောက်ထပ်စမ်းကြည့်တာပေါ့"

လီဖူချန်းက အချိန်ဥပဒေသကို ထုတ်လွှတ်ခဲ့တယ်။

ဒီတစ်ခါမှာတော့ လီဖူချန်းက သဲလွန်စတစ်ခုကို နောက်ဆုံးမှာ ရှာတွေ့ခဲ့တယ်။

ရွာရဲ့အရှေ့တောင်ထောင့်မှာ သူက အားနည်းချက်ရှိတဲ့‌‌နေရာတစ်ခုကို တွေ့ခဲ့တယ်။

အချိန်ဥပဒေသက တုန်ခါသွားပြီး အားနည်းချက်ရှိတဲ့နေရာက ပွင့်သွားတယ်။ ပုံရိပ်တစ်ခုက လီဖူချန်းအရှေ့မှာ ပေါ်ထွက်လာတယ်။

"ကမ္ဘာနတ်ဘုရားလား"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

ဒီကမ္ဘာနတ်ဘုရားက သေသွားပြီးမှန်း သိသာတယ်၊ အသက်အားအရိပ်အယောင်တစ်ခုတစ်လေတောင် ရှိမနေပါဘူး။ သူ့အရှေ့ရှိကျောက်ပြားပေါ်မှာ စာလုံးအချို့ကို ‌ထွင်းထုထားတယ်။

လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်နဲ့ စစ်ဆေးကြည့်လိုက်တယ်၊ ကျောက်ပြားပေါ်ရှိစာလုံးတွေကို မြင်တွေ့ခဲ့တယ်။

"အစိုးရိမ်ကြီးလွန်းတဲ့အတွက် ငါ့ကိုယ်ငါ မုန်းတယ်။ ရောင်ခြည်တော်စက်ဝန်းထဲရှိအချိန်ကျောက်မျက်ရတနာကို ပြန်မယူတဲ့အတွက် ငါ့ကိုယ်ငါမုန်းတယ်။ မှတ်ထား၊ မင်း ဒီအခွင့်အရေးကို လွဲချော်တာနဲ့ ပြန်လှည့်လို့မရတော့ဘူး။ မပျောက်ကွယ်ခင် အချိန်ကျောက်မျက်ရတနာကို ယူလိုက်...... "

"ငါ အစိုးရိမ်ကြီးလွန်းတာလား" လီဖူချန်းက မသေမချာဖြစ်နေတယ်။

ဒါက တကယ်ပဲ ဆိုရင် သူက စိုးရိမ်ကြီးလွန်းပြီး ရွာကနေထွက်သွားရမယ့်မျှော်လင့်ချက်ကို ဆုံးရှုံးနေတာပဲ။

ထရပ်လျက် လီဖူချန်းက ရောင်ခြည်တော်စက်ဝန်းဆီ ထပ်လျှောက်လာခဲ့တယ်။

ဆယ်လှမ်း၊ ငါးလှမ်း၊ တစ်လှမ်း.....

မကြာမီမှာပဲ လီဖူချန်းက ရောင်ခြည်တော်စက်ဝန်းနဲ့ ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။

"မြန်မြန်၊ မြန်မြန်လေး ဝင်လာစမ်း။ မင်း ဝင်လာတာနဲ့ အရာအားလုံးပြီးပြီပဲ"

ရောင်ခြည်တော်စက်ဝန်းအတွင်းရှိ အသံပိုင်ရှင်က စိတ်လှုပ်ရှားနေတော့တယ်။

သူက အချိန်ပတ်လမ်းထဲမှာ ပိတ်မိနေတာ ကြာလှပြီ။ ဒါက သူ့ရဲ့နောက်ဆုံးအခွင့်အရေးပဲ ဖြစ်မယ်ထင်တယ်။ သူက ဒါကို လွှဲချော်ခဲ့ရင် သူက အချိန်ပတ်လမ်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီး ဘယ်တော့မှ ပြန်ထွက်နိုင်မှာမဟုတ်တော့ဘူး။

ခြေလှမ်းတစ်ဝက်.....

လီဖူချန်းက လျှောက်လာလေလေ၊ သူ့နှလုံးသားထဲရှိရုန်းကန်မှုက ပိုပြင်းထန်လာလေလေပဲ။

ဆန့်ထုတ်လျက် လီဖူချန်းရဲ့လက်ချောင်းက လက်စွပ်မှ ဆံချည်တစ်မျှင်သာ ကွာဝေးတော့တယ်။

"မဟုတ်ဘူး"

အဆုံးမှာတော့ လီဖူချန်းက ခေါင်းခါယမ်းကာ သူ့လက်ကို အောက်ချလိုက်တယ်။ သူက ပြန်လှည့်ကာ ထွက်လာခဲ့တယ်။

"ဘာလို့လဲ"

"ဘာလို့လဲ"

"ဘာလို့အခုလိုဖြစ်ရတာလဲ"

အသံပိုင်ရှင်က ရူးမတတ်ဖြစ်သွားတယ်။

လီဖူချန်းက ဘာကြောင့် မဝင်ခဲ့ဘူးဆိုတာ သူက နားမလည်နိုင်ဘူး။ လီဖူချန်းက ဒီ‌နေရာကို ရောက်တောင် ရောက်နေပြီလေ။

"ဒီလိုဖြစ်လို့မရဘူး"

"အရာအားလုံးက ထူးဆန်းလွန်းတယ်။ ဒီလိုအနေအထားတစ်ခုမှာ ငါ့ကိုယ်ငါနဲ့ငါ့ရဲ့မသိစိတ်ကို ငါ ယုံကြည်သင့်တယ်။ ငါက ငါ့ရဲ့မသိစိတ်ကိုတောင် မယုံကြည်ရင် ငါ ရွာကနေ ထွက်သွားနိုင်ရင်တောင် ငါ့ရဲ့ဓားတာအိုအဆင့်ကို သက်ရောက်သွားလိမ့်မယ်"

"ငါ့ရဲ့ဓားတာအို ပုံရိပ်ယောင်‌တွေကို ဖြတ်မြင်ပြီး အနှစ်သာရကို ရောက်ရှိနိုင်တယ်"

မသိလိုက်မသိဘာသာနဲ့ လီဖူချန်းရဲ့ဓားတာအိုအဆင့်က ထပ်မံတိုးတက်လာခဲ့ပြီး အလယ်ဆင့်ပိုင်နက်နတ်ဘုရားနှောင်းပိုင်းနယ်ပယ်ကို ရောက်ရှိလာခဲ့တယ်။

လီဖူချန်းက တင်ပျဉ်ခွေထိုင်ကာ အချိန်ဥပဒေသကို ဆက်လက်နားလည်နေခဲ့တယ်။

ဖြောက်......

ကြက်ဥအခွံအက်ကွဲသံလိုအသံတစ်ခုထွက်လာတယ်။ လီဖူချန်းရဲ့အချိန်ဥပဒေသက အဆင့်မြင့်ပိုင်နက်နတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်သွားခဲ့တယ်။

မသိစိတ်ရဲ့စေ့ဆော်မှုအရ လီဖူချန်းက သေဆုံးနေတဲ့ကမ္ဘာနတ်ဘုရားကို ထပ်ကြည့်လိုက်တယ်။

ဒါက ပုံရိပ်‌ယောင်တစ်ခုမျှဆိုတာ သူက သဘောပေါက်ခဲ့တယ်၊ သူ့အကြည့်အောက်မှာ ပုံရိပ်ယောင်က အချိန်စွမ်းအားအဖြစ် ပျောက်ကွယ်သွားခဲ့တယ်။

"ကပ်သီးလေးပဲ......"

ဒီကမ္ဘာနတ်ဘုရားပုံရိပ်ယောင်က သူ့ကို အချိန်ကျောက်မျက်ရတနာကို ယူဖို့ ဖြား‌ယောင်းဖို့ကြိုးစားခဲ့တယ်ဆိုတာ သူ ဘယ်လိုလုပ်နားမလည်နိုင်ရမှာလဲ။ အကြောင်းပြချက်ကိုတော့ မသိပါဘူး။

အချိန်ဥပဒေသက ပျံ့နှံ့သွားပြီး လီဖူချန်းက  နောက်ဆုံးမှာတော့ အချိန်အလွှာထဲရှိချို့ယွင်းချက်ကို ရှာတွေ့ခဲ့ပြီး ရွာဝင်ပေါက်ကို မြင်တွေ့ခဲ့တယ်။

"မင်းက ထွက်သွားချင်နေတာလား။ အိမ်မက်မက်နေ...."

အေးစက်စက်အသံတစ်ခုက ပဲ့တင်ထပ်လာပြီး ပုံရိပ်တစ်ခုက လီဖူချန်းရဲ့လမ်းကြောင်းကို ပိတ်ဆို့တားဆီးခဲ့တယ်။

ဒါက ရက်စက်ကောက်ကျစ်တဲ့အမူအရာနဲ့ဆံဖြူအကြီးအကဲတစ်ယောက်ပဲ။ သူ့ခန္ဓာကိုယ်မှထုတ်လွှတ်နေတဲ့အချိန်စွမ်းအားက အလွန်အမင်းကြောက်စရာကောင်းပြီး သူက အခြားသူတွေရဲ့သေခြင်းရှင်ခြင်းကို အချိန်မရွေးထိန်းချုပ်နိုင်တယ်လို့ ခံစားမိစေတယ်။

"စီနီယာက....." လီဖူချန်းရဲ့လေသံက ပုံမှန်အတိုင်းပါပဲ။

ဆံဖြူအကြီးအကဲက ပြောလိုက်တယ်"ဒီလူအိုကြီးကို ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်လို့ ခေါ်တယ်"

"ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်လား" လီဖူချန်းက အံ့ဩတုန်လှုပ်သွားတယ်။

ကမ္ဘာနတ်ဘုရားဆရာသခင်တွေက ကမ္ဘာနတ်ဘုရားတွေကြားမှာ လက်ရွေးစင်တွေဖြစ်တယ်။ ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က အချိန်ဥပဒေသကို ကျင့်ကြံထားရုံသာမက အချိန်ဥပဒေသကို ကမ္ဘာနတ်ဘုရားဆရာသခင်အဆင့်အထိ ကျင့်ကြံထားတယ်။ သူ့ခွန်အားက ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်ထက် မနိမ့်ကျပါဘူး။

ဒါပေမယ့် အဲဒါက ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က သူ့ရဲ့အထွတ်အထိပ်မှာ ရှိနေစဉ်တုန်းကပဲ။  လက်ရှိမှာ သူက လီဖူချန်းလို ရွာထဲမှာ ပိတ်မိ‌နေပြီး သူ့ခွန်အားက ပြင်းပြင်းထန်ထန်ထိခိုက်ထားတယ်။

သို့မဟုတ်ရင် ကမ္ဘာနတ်ဘုရားတစ်ယောက်က ချီတည်ရှိမှုအနည်းငယ်ကို ထုတ်လွတ်ရင်တောင် လီဖူချန်းက ခုခံနိုင်လိမ့်မှာမဟုတ်ပါဘူး။

"စီနီယာက ဂျူနီယာကို ဘာအတွက် တားဆီးသလဲ သိချင်ပါတယ်" လီဖူချန်းက မေးလိုက်တယ်။

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က ပြောလိုက်တယ်"အရမ်းရိုးရှင်းပါတယ်၊ ငါ့ကို ကူညီပြီး အဲဒီအချိန်ကျောက်မျက်ရတနာကို ယူထုတ်ပေး"

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က ရောင်ခြည်တော်စက်ဝန်းထဲရှိဧရာမအချိန်ကျောက်မျက်ရတနာကို ကြည့်လိုက်တယ်။

လီဖူချန်းက မေးလိုက်တယ်"စီနီယာက ဘာလို့ ကိုယ်တိုင်မယူတာလဲ"

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က ပြောလိုက်တယ်"ငါ ကိုယ်တိုင်ယူလို့ရရင် ယူပြီးတာကြာပေါ့။ ဘာလို့ မင်းနဲ့ အပိုတွေပြောနေတော့မှာလဲ"

လီဖူချန်းက ခေါင်းခါယမ်းလိုက်တယ်"ဒီ ဂျူနိီယာ သဘောမတူနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ"

"မင်း သဘောမတူချင်လဲ သဘောတူရမှာပဲ။ မဟုတ်ရင် မင်း ဒီရွာကနေ ဘယ်တော့မှ ထွက်သွားနိုင်မှာမဟုတ်ဘူး" ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က ရယ်လိုက်တယ်။

သးက လီဖူချန်းကို ‌သွေးဆောင်တာကို လက်လျော့လိုက်ပြီ။

ပထမ၊ လီဖူချန်းက စိတ်ဓာတ်ခိုင်မာလွန်းတယ်၊ သူ့ကို သွေးဆောင်ဖို့က ခက်ခဲလွန်းတယ်။

ဒုတိယ၊ လီဖူချန်းက ထွက်ပေါက်ကို တွေ့ထားပြီးပြီ။ သူက အခု မလုပ်ရင် လီဖူချန်း ထွက်သွားတာနဲ့ နောင်တ‌တွေနဲ့ ကျန်ရစ်နေခဲ့ရလိမ့်မယ်။

ဒါကြောင့် သူက လီဖူချန်းကို သွေးဆောင်းဖြားယောင်းတာကို လက်လျော့ကာ ခြိမ်းခြောက်တာကိုပဲ တိုက်ရိုက်အသုံးပြုလိုက်တော့တယ်။

"စီနီယာမှာ ခွန်အာအရိပ်အယောင်လောက်ပဲ ကျန်ရှိမယ်လို့ ငါ ထင်တယ်" ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်မှာ အကြွင်းမဲ့ခွန်အားရှိရင် သူက လီဖူချန်းနဲ့ အချိန်ဘယ်ဖြုန်းနေတော့မလဲ။

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က ပြောလိုက်တယ်"အရိပ်အယောင်လောက်ပဲ ကျန်ရင်တောင် မင်းကို နှိပ်နင်းဖို့ လုံလောက်တယ်။ မင်း စမ်းလို့ရတယ်"

"ဒါဆိုလဲ စမ်းကြည့်ရတာပေါ့" လီဖူချန်းက ကြောက်ရွံ့မနေပါဘူး၊ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးခဲ့တယ်။

"အချိန်အရိပ်၊ ပြန်လာစမ်း"

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ကြီးမားတဲ့ဆွဲအားတစ်ခုက လီဖူချန်းကို နောက်ပြန်ဆွဲချင်နေခဲ့တယ်။

လီဖူချန်းက အံ့ဩတုန်လှုပ်သွားတယ်၊ ဒါက အချိန်စွမ်းအားလား။

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က အချိန်စွမ်းအားကို ထိန်းချုပ်ကာ သူ့ရဲ့လက်ရှိကိုယ်ကို ဟန့်တားဖို့ သူ့ရဲ့အတိတ်ကိုယ်ကို အသုံးပြုပြီး သူ့ကို သူ့ရဲ့မူလ‌‌နေရာသို့ နောက်ပြန်ဆွဲချင်ခဲ့တယ်။

အချိန်က နောက်ပြန်စီးဆင်းနေသလိုပေါ့။

"ချိုးဖြတ်စမ်း......"

လီဖူချန်းက အချိန်ဥပဒေသကို အသုံးမပြုခဲ့ပါဘူး။ သူ့ရဲ့အချိန်ဥပဒေသက အဆင့်မြင့်ပိုင်နက်နတ်ဘုရားအဆင့်မှာ ရှိပေမယ့် အသုံးပြုမှုအရ အဲဒါက ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်ထက် နိမ့်ကျတယ်။

သူက ဓားတာအိုဥပဒေသကို အသုံးပြုနေခဲ့တယ်။

ပြင်းထန်တဲ့ဓားဆန္ဓတစ်ခုက ပေါက်ကွဲထွက်လာပြီး မမြင်နိုင်တဲ့အချိန်စွမ်းအားကို ထိခိုက်စေကာ ဆွဲအားကို ပျောက်ကွယ်သွားစေခဲ့တယ်။

"သူက ဓားတာအိုကို ဒီလိုအဆင့်တစ်ခုအထိ ကျင့်ကြံခဲ့တာလား"

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က အံ့အားသင့်သွားတယ်။

လီဖူချန်းရဲ့ဓားတာအိုက အခြားသူတွေနဲ့မတူဘူးဆိုတာ သူ မြင်နိုင်တယ်။

လီဖူချန်းရဲ့ဓားတာအိုမှာ ဓားတာအိုအနှစ်သာရနဲ့ဓားတာအိုမူလရင်းမြစ်တို့ ပါဝင်တယ်။

"အပြင်ကမ္ဘာမှာ ဒီကလေးက ရှားပါးတဲ့ပါရမီရှင်တစ်ယောက် သေချာပေါက် ဖြစ်ရမယ်။ သူ့ကို ဖျက်ဆီးရတာ စိတ်မကောင်းပေမယ့် ဒီလူအိုကြီးက အပြင်ထွက်ချင်တယ်" ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က လီဖူချန်းထံ လက်ညှိုးထိုးလိုက်တယ်။

ဝှစ်.....

သွေးတစ်ပွက်အန်ထွက်သွားပြီး လီဖူချန်းက နောက်ပြန်လွင့်ထွက်သွားပြီး ရောင်ခြည်တော်စက်ဝန်းနဲ့ လမ်းတစ်ဝက်ကို ရောက်ရှိသွားတော့တယ်။

"ဝင်စမ်း"

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က ထပ်မံညွှန်လိုက်တယ်။

ဒီလက်ချောင်းကို အလင်းပြန်လက်ချောင်းလို့ ခေါ်တယ်။ ၎င်းက လူတစ်ယောက်ကို သူတို့ပို့ချင်တဲ့နေရာသို့ ပို့နိုင်တယ်။ ဒါက အချိန်တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကိုပေါင်းစပ်ထားတဲ့ကမ္ဘာနတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။

လီဖူချန်းက ထိတ်လန့်တုန်လှုပ်သွားတယ်။ ဒီလက်ချောင်းရဲ့အရှေ့မှာ ပြောစရာစွမ်းအားမရှိတော့ဘူး သူက လုံးဝမရှောင်တိမ်းနိုင်ခဲ့ဘူး။ သူ့ခန္ဓာကိုယ်ကလဲ ထိန်းချုပ်မှုမှ လွတ်ထွက်သွားကာ လွင့်မျောသွားတော့တယ်။

ဝှစ်.....

သူက ‌နောက်ထပ်သွေးတစ်ပွက်အန်ထုတ်လိုက်တယ်။

"အား၊ ချိုးဖြတ်စမ်း....."

လီဖူချန်းက အော်လိုက်တယ်။ သူ့ရဲ့ဓားဆန္ဒက မီး‌တောင်တစ်ခုအလား ပေါက်ကွဲထွက်ပြီး တိမ်တွေထဲသို့ ပြေးဝင်သွားတယ်။

အထွတ်အထိပ်အလယ်ဆင့်ပိုင်နက်နတ်ဘုရား၊ ပြီးပြည့်စုံခြင်းအလယ်ဆင့်ပိုင်နက်နတ်ဘုရား။

လီဖူချန်းရဲ့ဓားတာအိုက အဆင့်နှစ်ဆင့်ကို ချက်ချင်းချိုးဖြတ်ခဲ့ပြီး အလယ်ဆင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားခဲ့တယ်။

သူက အလင်းပြန်လက်ချောင်းရဲ့စွမ်းအားတစ်ဝက်ကို တားဆီးခဲ့ပြီး သူတို့ကြားအကွာအဝေးကို တစ်ဝက်လောက် လျော့ကျသွားစေခဲ့တယ်။ မဟုတ်ရင် သူက အခုနေမှာ ရောင်ခြည်တော်စက်ဝန်းထဲကို ရောက်နေလောက်ပြီ။

"မင်းက တကယ်ကို ပါရမီရှင်တစ်ယောက်ပဲ။ သေခြင်းရှင်ခြင်းခြိမ်းခြောက်မှုအောက်မှာ မင်းက ထပ်ခါထပ်ချိုးဖြတ်နေတာပဲ။ ဒါပေမယ့် ဒါတွေအားလုံးက အလဟဿပါပဲကွာ။ မင်းက ဆက်လက်ချိုးဖြတ်နိုင်မယ်လို့တော့ ငါ မယုံဘူး" ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က အလင်းလက်ချောင်းကို ဆက်လက်အသုံးပြုနေခဲ့တယ်။

ခြေလှမ်းတစ်ရာ၊ ရှစ်ဆယ်၊ ခြောက်ဆယ်......

လီဖူချန်းရဲ့ဓားတာအိုက ထပ်မံချိုးဖြတ်သွားခဲ့ပေမယ့် သူက အလင်းပြန်လက်ချောင်းစွမ်းအားရဲ့တစ်ဝက်ကိုသာ တားဆီးနိုင်ခဲ့တယ်။ ကျန်ရှိတဲ့တစ်ဝက်က သူ့ခန္ဓာကိုယ်ကို သက်ရောက်နေပါသေးတယ်။

ခြေလှမ်းလေးဆယ်၊ ခြေလှမ်းနှစ်ဆယ်။

လီဖူချန်းက ရောင်ခြည်တော်စက်ဝန်းမှ ခြေလှမ်းနှစ်ဆယ်အကွာကို ရောက်ရှိလာတဲ့အခါမှာ မရေမတွက်နိုင်တဲ့မြင်ကွင်းတွေက သူ့ရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲမှာ တဖျပ်ဖျပ်လက်လာတယ်။ သူ ကလေးဘဝတုန်းက သူ့မိဘတွေ သူနဲ့ကစားတဲ့မြင်ကွင်းတွေ။ သူ့ရဲ့မွေးရာပါပါရမီကို ဆုံးရှုံးပြီး အနှိမ်ခံနေရတဲ့မြင်ကွင်း‌တွေ။ သူ ရွှေရောင်အဆောင်ကို ရရှိတဲ့ မြင်ကွင်းတွေ။ သူ ဓားတာအိုကို နေ့ရော‌ညရော ခါးသီးစွာ ကျင့်ကြံနေရတဲ့မြင်ကွင်းတွေ။ မြင်ကွင်းဘီလီယံချီက စက္ကန့်ဝက်အတွင်းမှာ လီဖူချန်းရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲမှာ ပေါ်ထွက်လာခဲ့တယ်။

"ငါ ဘာလို့ဓားတာအိုကို ကျင့်ကြံရတာလဲ။ ကျော်ကြားဖို့အတွက်လား။ အကျိုးအမြတ်အတွက်လား"

"မဟုတ်ဘူး၊ လွတ်လပ်မှုရဖို့အတွက်ပဲ"

"လွတ်လပ်မှုကို ဘယ်လိုရအောင်လုပ်ရမလဲကို တစ်ယောက်မှ မသိဘူး။ ဒါပေမယ့် ဓားတာအိုရဲ့အထွတ်အထိပ်ကို ရောက်ပြီးရင်တော့ အဖြေတစ်ခုရှိမှာပဲ"

"လက်ရှိမှာ ငါက ဓားတာအိုအထွတ်အထိပ်မှ မိုင်ပေါင်းများစွာ အဝေးမှာ ရှိနေသေးတယ်။ ငါ ဘယ်လိုလုပ် သေလို့ရမှာလဲ"

စိတ်ဝိညာဉ်ပင်လယ်ရဲ့အလယ်ဗဟိုမှာ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အရူးအမူးလှည့်ပတ်နေပြီး ၎င်းရဲ့အရောင်က အဆက်မပြတ်ပိုနက်လာတယ်။

လျှပ်တစ်ပြက်အတွင်းမှာ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်အရောင်က လုံးဝငွေရောင်ပြောင်းသွားတော့တယ်။ ဒါက သန့်စင်တဲ့ငွေရောင်၊ ချို့ယွင်းချက်ကင်းမဲ့တဲ့ငွေရောင်ပဲ။ တစ်ချိန်တည်းမှာ ငွေရောင်အတွင်းမှာရွှေရောင်ရောနှောတဲ့အရိပ်အယောင်တစ်ခုရှိလာတယ်။

နတ်ဘုရားစိတ်ဝိညာဉ်တိုးတက်မှုက ဒီလောက်လွယ်မယ်လို့ လီဖူချန်း ဘယ်တော့မှ မသိခဲ့ပါဘူး။

နတ်ဘုရားစိတ်ဝိညာဉ်အဆင့်တိုးတက်မှုက ရှုထောင့်သုံးခုနဲ့ဆက်စပ်တယ်လို့ သူက အမြဲတမ်းထင်နေခဲ့တာပါ။

ပထမကတော့ ရွှေရောင်အဆောင်ပါပဲ။ ရွှေရောင်အဆောင်နဲ့ဆိုရင် သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အဆက်မပြတ်တိုးတက်နိုင်တယ်။

ဒုတိယကတော့ စိတ်ဝိညာဉ်တာအိုနတ်ဘုရားဆေးလုံးတွေကို သုံးစွဲခြင်းပါပဲ။

တတိယကတော့ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ခြင်းပဲ။

အခုကြည့်ရသလောက် လီဖူချန်းက နတ်ဘုရားစိတ်ဝိညာဉ်နဲပတ်သက်ပြီး သေချာနားမလည်သေးဘူးပဲ။

နတ်ဘုရားစိတ်ဝိညာဉ်က လူတစ်ယောက်ရဲ့စိတ်တန်ခိုးစွမ်းအားနဲ့ အနီးကပ်ဆက်စပ်တယ်။

လီဖူချန်းက ဓားတာအိုကို အဓိကကျင့်ကြံတယ်။ သူ့ရဲ့ဓားတာအိုစိတ်တန်ခိုးစွမ်းအားက အဆက်မပြတ်ချိုးဖြတ်သွားတဲ့အခါ ၎င်းက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကိုလဲ လှုံ့ဆော်ပေးတယ်။

သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က တိုးတက်လာတဲ့အခါ လီဖူချန်းရဲ့ဓားတာအိုက စတင်တိုးတက်လာခဲ့တယ်။

သူက အလယ်ဆင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်မှ အဆင့်မြင့်ပိုင်နက်နတ်ဘုရားစဦးအဆင့်အထိ ချိုးဖြတ်ခဲ့တယ်။

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က သူ့ရဲ့လက်ချောင်းနဲ့ ညွှန်လိုက်တဲ့အခါ လီဖူချန်းက နောက်သို့ ခြေသုံးလှမ်းသာ ဆုတ်လိုက်ရတယ်။ ဒီမတိုင်ခင်တုန်းက သူက ခြေလှမ်းနှစ်ဆယ်လောက် နောက်ဆုတ်နေခဲ့ရတာပါ။

"နောက်ထပ်ချိုးဖြတ်သွားတာလား"

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က အလွန်အံ့အားသင့်သွားတယ်။

လီဖူချန်းရဲ့အချိန်ဥပဒေသက ထပ်ခါထပ်ခါချိုးဖြတ်နေခဲ့တာပဲ။

လက်ရှိမှာ သူ့ရဲ့ဓားတာအိုဥပဒေသကတောင် ထက်ခါထပ်ခါချိုးဖြတ်နေခဲ့တယ်။ ဒါက တော်တော်တရားလွန်နေပြီပဲ။

ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က ဒေါသနဲ့အတူ သူ့ရဲ့ကြောက်စရာကောင်းတဲ့အချိန်စွမ်းအားကို လက်ချောင်းထိပ်ပေါ်မှာ သိပ်သည်းစေခဲ့တယ်။

ဒါက သူ နှစ်ပေါင်းမရေမတွက်များစွာစုဆောင်းလာခဲ့တဲ့အချိန်စွမ်းအားပဲ။ သူက ဒီတစ်ကြိမ်ကျရှုံးသွားရင် ၎င်းကို ထပ်မံသိပ်သည်းဖို့ နှစ်ပေါင်းမရေမတွက်များစွာ လိုအပ်ပါလိမ့်မယ်။

***

All Chapters