အချိန်ရေကန်
Vol. 92 Ch. 1295
လက်ချောင်းနဲ့ညွှန်လိုက်တဲ့အခါ ပုံရိပ်ယောင်လက်ချောင်းအရိပ်တစ်ခုက ချက်ချင်းထွက်ပေါ်လာတယ်။
ဒီပုံရိပ်ယောင်လက်ချောင်းအရိပ်က အလွန်အမင်းကြောက်စရာကောင်းတယ်။
၎င်းက အတိတ်မှာလဲ မတည်ရှိဘူး၊ ပစ္စုပ္ပန်မှာလဲ မတည်ရှိဘူး၊ အနာဂတ်မှာလဲ မတည်ရှိဘူး။
၎င်းက အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကြားမှာ ရွေ့လျားနေပုံရတယ်။
ဒီလက်ချောင်းနဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက စွမ်းအားမဲ့တယ်လို့ ခံစားရတယ်။
ဒီခံစားချက်က မကောင်းပါဘူး၊ အဲဒါက သူ့ကို အားနည်းစေပါလိမ့်မယ်။
"အား"
လီဖူချန်းက ဟိန်းလိုက်ပြီး ဓားဆန္ဒကို အကန့်အသတ်မရှိပေါက်ကွဲထွက်စေခဲ့တယ်။
ပျမ်းမျှအဆင့်မြင့်ပိုင်နက်နတ်ဘုရား၊ နှောင်းပိုင်းအဆင့်မြင့်ပိုင်နက်နတ်ဘုရား။
ပြင်းထန်တဲ့လှုံ့ဆော်မှုအောက်မှာ လီဖူချန်းရဲ့ဓားတာအိုအဆင့်က နောက်ထပ်ချိုးဖြတ်လာခဲ့တယ်။
"သွားစမ်း၊ အရာအားလုံး ပြီးသွားပြီ"
ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က အလွန်အေးစက်တဲ့အမူအရာဖြစ်သွားတယ်။
ပုံရိပ်ယောင်လက်ချောင်းအရိပ်က အကန့်အသတ်မဲ့ဓားဆန္ဒကို ချိုးဖြတ်ကာ လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခဲ့တယ်။
နောက်ခိုက်အတန့်မှာ ပုံရိပ်ယောင်လက်ချောင်းအရိပ်က လီဖူချန်းရဲ့ခန္ဓာကိုယ်ကို သယ်ဆောင်ကာ ရောင်ခြည်တော်စက်ဝန်းဆီ ပျံသန်းသွားခဲ့တယ်။
ဆယ်လှမ်း။
ငါးလှမ်း။
တစ်လှမ်း။
လီဖူချန်းက ရောင်ခြည်တော်စက်ဝန်းထဲသို့ ဝင်သွားတော့မယ့်အခိုက်မှာ။
…
"မင်းက ငါ့ကို လက်လျော့စေချင်နေတာလား။ လုံးဝမစဉ်းစားနဲ့။ လိုဏ်ဂူတစ်ရာဓားပိုင်နက်၊ ဝါးမျိုလိုက်စမ်း......."
လီဖူချန်းရဲ့ဓားဆန္ဒက ထိုးတက်လာတယ်။ သူ့ရဲ့ဓားတာအိုအဆင့်က အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားခဲ့တယ်။
တစ်ချိန်တည်းမှာ လီဖူချန်းက သူ့ရဲ့အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ဖြစ်တဲ့လိုဏ်ဂူတစ်ရာဓားပိုင်နက်ကို ပေါက်ကွဲထွက်စေခဲ့တယ်။
မူလက လိုဏ်ဂူတစ်ရာဓားပိုင်နက်က ပြီးပြည့်စုံခြင်းအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။ လက်ရှိမှာ ၎င်းက အဆုံးစွန်းအဆင့်သို့ အလိုအလျောက်ချိုးဖြတ်ခဲ့တယ်။
အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ရှိဓားတာအိုဥပဒေသရဲ့တွန်းအားပေးမှုနဲ့အတူ ၎င်းက မကြုံစဖူးစွမ်းအားကို ပေါက်ကွဲထွက်စေခဲ့တယ်။
အာကာသတွင်းနက်တစ်ခုက လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲမှာ ပေါ်ထွက်လာတယ်။
ဒါက ဓားတာအိုအာကာသတွင်းနက်ဖြစ်တယ်။ အာကာသတွင်းနက်ထဲသို့ဝင်ရောက်သွားတဲ့ဘယ်လိုအရာမဆို ဝါးမျိုခြင်းခံရပြီး ဓားတာအိုဥပဒေသအဖြစ် ပြောင်းလဲသွားပေလိမ့်မယ်။ အချိန်ဥပဒေသက ချွင်းချက်မဟုတ်ပါဘူး။
ဒါကြောင့် လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားရဲ့ပုံရိပ်ယောင်လက်ချောင်းအရိပ်ကို အာကာသတွင်းနက်က ချက်ချင်းဝါးမျိုသွားခဲ့တယ်။
နောက်အခိုက်အတန့်မှာ ပုံရိပ်ယောင်လက်ချောင်းအရိပ်ရော၊ အာကာသတွင်းနက်ပါ တစ်ချိန်တည်းမှာ ပေါက်ကွဲသွားခဲ့တယ်။
ဒါက ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဖော်ထုတ်ခဲ့တဲ့ကမ္ဘာနတ်ဘုရားအတတ်ပဲလေ။ လီဖူချန်းရဲ့ဓားတာအိုအာကာသတွင်းနက်က အပြန်အလှန်ဖျက်ဆီးခြင်းကိုပဲ အောင်မြင်နိုင်မှာပေါ့။
အာကာသတွင်းနက်ပျက်ဆီးသွားတဲ့အခါ လီဖူချန်းရဲ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး ပျက်ဆီးလုနီးပါးဖြစ်ခဲ့တယ်။
ဒါပေမယ့် နောက်အခိုက်အတန့်မှာ ဓားချီအရိပ်အယောင်တွေက သိပ်သည်းသွားခဲ့တယ်။
၎င်းက လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲသို့ သိပ်သည်းသွားခဲ့တယ်။
အဆုံးစွန်းအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်၊ ထာဝရတည်မြဲခြင်းဓားချီ။
သေရေးရှင်ရေးအခိုက်အတန့်မှာ သူ့ရဲ့လိုဏ်ဂူတစ်ရာဓားပိုင်နက်ပဲ အဆုံးစွန်းအဆင့်ကို ချိုးဖြတ်ခဲ့တာမဟုတ်ဘူး၊ ထာဝရတည်မြဲခြင်းဓားချီလဲ အဆုံးစွန်းအဆင့်သို့ ချိုးဖြတ်ခဲ့တာ။
ထာဝရတည်မြဲခြင်းဓားချီက အဆုံးစွန်းအဆင့်သို့ မချိုးဖြတ်ခဲ့ရင် လီဖူချန်းက သေသွားလောက်ပြီ။
သူ့ခန္ဓာကိုယ်ထဲရှိပုံရိပ်ယောင်လက်ချောင်းအရိပ်နဲ့ဓားတာအိုအာကာသတွင်းနက်တို့ တစ်ချိန်တည်းမှာ ပေါက်ကွဲပျက်ဆီးခြင်းက ဟာသမဟုတ်ဘူး။ အဲဒါက သာမန်ကမ္ဘာနတ်ဘုရားတစ်ယောက်တောင် ရင်ဆိုင်နိုင်တဲ့စွမ်းအားတစ်ခုမဟုတ်ဘူး။
ဒီအချိန်မှာ လီဖူချန်းက ရောင်ခြည်တော်စက်ဝန်းမှ ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။
"မဖြစ်နိုင်ဘူး"
ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်က သူ့မျက်လုံးတွေကို မယုံကြည်နိုင်ပါဘူး။
သူ နှစ်ပေါင်းမရေမတွက်များစွာစုဆောင်းထားတဲ့စွမ်းအားက အခုလိုပဲ ကုန်ဆုံးသွားခဲ့တယ်၊ ဒါပေမယ့် ရှိသင့်ရှိထိုက်တဲ့သက်ရောက်မှုမျိုးတော့ ရှိမနေခဲ့ဘူး။ ဒါက သူ လက်မခံနိုင်တဲ့အရာတစ်ခုပဲ။
အချိန်လမ်းကို ဝင်ရောက်ခဲ့တဲ့အတွက် သူက သူ့ကိုယ်သူ မုန်းတယ်။ သူက အချိန်လမ်းကို မဝင်ရောက်ခဲ့ရင် အချိန်ပတ်လမ်းထဲသို့ ကျရောက်သွားမှာမဟုတ်ဘူး။
သူက ဒီတောက်အချိန်လမ်းကို မုန်းတယ်၊ သူက ဒီတောက်အချိန်ပတ်လမ်းကို မုန်းတယ်။
သူက ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဖြစ်ပြီး သူ ကျွမ်းကျင်တဲ့အချိန်ဥပဒေသထဲမှာ ပိတ်မိနေခဲ့တယ်။ ဒါ့အပြင် သူက နှစ်ပေါင်းမရေမတွက်များစွာ ပိတ်မိနေခဲ့တယ်။
ဒီနှစ်ပေါင်းမရေမတွက်များစွာအတွင်း သူက သူ့ကိုယ်သူသတ်သေဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် သူက သူ့ကိုယ်သူမသတ်သေနိုင်တာကို သဘောပေါက်ခဲ့တယ်။ ဒီနေရာရဲ့အချိန်ပတ်လမ်းက စက်ဝိုင်းတစ်ခုဖြစ်တာကြောင့်ပဲ။ စက်ဝိုင်းတစ်ပတ်ပြီးရင် သူက ပြန်ရှင်လာလိမ့်မယ်။
နောက်ပိုင်းမှာတော့ သူ့ရဲ့အချိန်စွမ်းအားကို ပျံ့နှံ့စေပြီး ထွက်သွားဖို့နည်းလမ်းတစ်ခုခုများရှိမလားကို သူက ကြိုးစားရှာဖွေခဲ့တယ်။
သူ အောင်မြင်ခဲ့ပါတယ်။ နှစ်ပေါင်းမရေမတွက်များစွာအားထုတ်ပြီးနောက် နောက်ဆုံးမှာ သူက သူ့ရဲ့အချိန်စွမ်းအားကို စိမ့်ထွက်စေခဲ့ပြီး ကြီးမားတဲ့အချိန်ကျောက်မျက်ရတနာတစ်ခုအဖြစ် သိပ်သည်းစေခဲ့တယ်။
ဒီရောင်ခြည်တော်စက်ဝန်းအတွက်ကတော့ အဲဒါက သူဖန်တီးခဲ့အချိန်ကမ္ဘာနတ်ဘုရားအတတ်တစ်ခုပဲ။ အဲဒါကို အချိန်လက်စွပ်အရိပ်လို့ ခေါ်တယ်။
အချိန်လက်စွပ်အရိပ်ထဲသို့ တစ်ယောက်ယောက်ဝင်ရောက်တာနဲ့ သူတို့က သူနဲ့ အချိန်ဆယ်နွယ်မှုတစ်ခုကို ချက်ချင်းဖြစ်တည်စေပြီး အစားထိုးပါလိမ့်မယ်။
ဒါပေမယ့် ဒိီအချိန်ပတ်လမ်းက ဒီလောက်ထိ ကြောက်စရာကောင်းလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ လူတစ်ယောက်ရဲ့စိတ်တန်ခိုးစွမ်းအားက လုံလုံလောက်လောက်မသန်မာရင် ဝင်ရောက်တဲ့အခိုက်မှာတင် သူတို့ရဲ့စိတ်ဝိညာဉ်က ကြေမွသွားလိမ့်မယ်။ သူတို့က သူတို့ကိုယ်သူတို့ လုံးဝအစားထိုးနိုင်လိမ့်မှာမဟုတ်ပါဘူး။
သူတို့က သူတို့ကိုယ်သူတို့ လုံးဝအစားမထိုးနိုင်ရင် သူတို့က လုံးဝထွက်ခွာနိုင်လိမ့်မှာမဟုတ်ဘူး။ အချိန်ပတ်လမ်းထဲမှာ အငွေ့အသက်တစ်ခုကျန်နေသရွေ့ သူတို့ကို ဆွဲသွင်းပေလိမ့်မယ်။
သူက လီဖူချန်းကို မုန်းတယ်၊ ဘာလို့ လီဖူချန်းရဲ့စိတ်တန်ခိုးစွမ်းအားက ဒီလောက်ထိခိုင်မာပြီး ဘယ်လိုမှ မဖြားယောင်းနိုင်ခဲ့ရတာလဲ။
ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့ပုံရိပ်က ပျောက်ကွယ်သွားတဲ့အခါ ရွာကိုချိတ်ပိတ်ထားတဲ့အချိန်အလွှာကလဲ ပျောက်ကွယ်သွားခဲ့တယ်။ လီဖူချန်းက ရွာဝင်ပေါက်ကို မြင်တွေ့ခဲ့တယ်။
"ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်၊ မင်း အထဲမှာပဲ ဆက်နေရစ်ပေတော့"
လီဖူချန်းက ညည်းလိုက်တယ်။ ဒီတစ်ကြိမ်က တကယ်အန္တရာယ်များလွန်းတာပဲ။ သူက သတိလုံလုံလောက်လောက်မရှိဘဲ စိတ်တန်ခိုးစွမ်းအားက မသန်မာရင် သူက ကောင်းကင်ဘုံအချိန်ကမ္ဘာနတ်ဘုရားဆရာသခင်ရဲ့ထောင်ချောက်ထဲသို့ ကျရောက်နေလောက်ပြီ။
ဒါပေမယ့် အရေးကြီးဆုံးအရာကတော့ သူက ဓားတာအိုဥပဒေသမှာ ဆက်တိုက်ချိုးဖြတ်ခဲ့တာပဲ။
ဓားတာအိုဥပဒေသချိုးဖြတ်မှုက အခြားဥပဒေသချိုးဖြတ်မှုတွေနဲ့ မတူညီဘူးဆိုတာကို လီဖူချန်းက သတိပြုမိခဲ့တယ်။
ဓားတာအိုက စိတ်တန်ခိုးစွမ်းအားအပေါ် ပိုအလေးထားတာပဲ။
စိတ်တန်ခိုးစွမ်းအားက ချိုးဖြတ်တဲ့အခါ ဓားတာအိုဥပဒေသကလဲ ချိုးဖြတ်တယ်။ အခြားဥပဒေသတွေလို နားလည်စရာမလိုအပ်ပါဘူး။
ဒါက မွေးရာပါဥပဒေသနဲ့ဆည်းပူးဖို့လိုအပ်တဲ့ဥပဒေသတွေကြား ခြားနားချက်ပဲ ဖြစ်လောက်မယ်။
ရွာမှ ထွက်ခွာလာပြီးနောက် လီဖူချန်းက အချိန်လမ်းမှာ ဆက်လက်ရှာဖွေနေခဲ့တယ်။
ဝင်္ကပါနဲ့တူတဲ့အချိန်လမ်းထဲမှာ သူက တစ်ယောက်တစ်လေတောင် မမြင်တွေ့ခဲ့ပါဘူး။
သူ့ရဲ့မသိစိတ်အပေါ် မှီခိုလျက် လဝက်လောက်အကြာမှာ လီဖူချန်းက ကျယ်ပြန့်တဲ့လိုဏ်ဂူတစ်ခုကို ရောက်ရှိလာခဲ့တယ်။
လိုဏ်ဂူထဲမှာ လူတွေအများကြီးရှိတယ်၊ လူတိုင်းက ရေကန်တစ်ခုရဲ့အရှေ့မှာ စုဝေးနေခဲ့တယ်။
ဒီရေကန်က သာမန်ရေကန်မဟုတ်မှန်းသိတယ်၊ ကန်ရေက ကြောက်စရာကောင်းတဲ့အချိန်စွမ်းအားတစ်ခုကို ထုတ်လွှတ်နေတာကြောင့်ပဲ။
ရေကန်ရဲ့အလယ်မှာ အရွယ်အစားအားဖြင့်မီတာအနည်းငယ်ရှိတဲ့ကျွန်းကလေးတစ်ခုရှိတယ်။
ကျွန်းကလေးပေါ်မှာ နတ်ဘုရားဆေးပင်အနည်းငယ်ရှိတယ်။
"အချိန်ပျံသန်းဆေးပင်၊ အချိန်ပန်း၊ အချိန်တာအိုသစ်သီး...."
လီဖူချန်းက အံ့ဩတုန်လှုပ်သွားတယ်၊ သူက သားရဲအရေပြားစာလိပ်ပေါ်ရှိဆေးပင်တွေအားလုံးကို မြင်တွေ့ခဲ့ရလို့ပဲ။
သူတို့အားလုံးက အချိန်ပျံသန်းဆေးလုံးရဲ့ပါဝင်ပစ္စည်းတွေပါပဲ။
အချိန်ပျံသန်းဆေးပင်၊ ကြယ်ခြောက်လုံးအလယ်ဆင့်နတ်ဘုရားဆေးပင်။
အချိန်ပန်း၊ ကြယ်ခြောက်လုံးအဆင့်နိမ့်နတ်ဘုရားဆေးပင်။
အချိန်တာအိုသစ်သီး၊ ကြယ်ခြောက်လုံးအဆင့်နိမ့်နတ်ဘုရားဆေးပင်။
ဒီနတ်ဘုရားဆေးပင်သုံးပင်စလုံးကိုသုံးစွဲခြင်းက တစ်စုံတစ်ယောက်ရဲ့အချိန်သဘောတရားနဲ့ပတ်သက်တဲ့နားလည်မှုကို တိုးစေတယ်။
အထူးသဖြင့် အချိန်ပျံသန်းဆေးပင်ပဲ၊ ၎င်းက လူတစ်ယောက်ကို နှစ်ဘီလီယံချီအတွေ့အကြုံကို ခံစားရစေတယ်။
"ဒီရေကန်ပေါ်ရှိအချိန်စွမ်းအားက ငါ့ကို ချက်ချင်း အသက်ကြီးရင့်ကာ သေဆုံးစေနိုင်မယ်ဆိုတာ ငါ မယုံဘူး" အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်က ဒါကို မယုံကြည်ပါဘူး၊ သူက ရေကန်ရဲ့အလယ်ဗဟိုရှိကျွန်းကလေးဆီ ပျံသန်းသွားခဲ့တယ်။
အဆင့်မြင့်ပိုင်နက်နတ်ဘုရားတွေက မြန်ဆန်ပေမယ့် အချိန်စွမ်းအားက ပိုတောင်မြန်တယ်။
အဆင့်မြင့်ပိုင်နက်နတ်ဘုရားက ရေကန်အထက်ကို ရောက်ရှိသွားတဲ့အချိန်မှာ သူ့ခေါင်းမှာ ဆံပင်ဖြူအနည်းငယ်ရှိနေပါပြီ။
အကွာအဝေးတစ်ဆယ်ရာခိုင်နှုန်းကို ရှေ့တိုးပြီးနောက် တစ်ခေါင်းလုံးဖြူဖွေးသွားခဲ့ပြီး သူ့မျက်နှာက အရေးအကြောင်းတွေနဲ့ ပြည့်သွားတော့တယ်။
အကွာအဝေးနှစ်ဆယ်ရာခိုင်နှုန်းအထိ ရှေ့တိုးပြီးနောက် ဆံပင်ဖြူတွေအားလုံး ပြုတ်ကျသွားပြီး သူက ခါးကုန်းသွားခဲ့တယ်။ သူ့အသက်အားက အားနည်းလွန်းကာ လေထဲရှိဖယောင်းတိုင်မီးလျှံတစ်ခုနဲ့တူတယ်၊ လေတစ်ချက်တိုက်လိုက်ရုံနဲ့ ပျောက်ကွယ်သွားမယ့်ပုံပါပဲ။
ပြီးနောက် သူက ရေကန်ထဲသို့ ချက်ချင်းကျသွားပြီး အရည်ပျော်ကျကာ ပျောက်ကွယ်သွားခဲ့တော့တယ်။
နှစ်ဘီလီယံသက်တမ်းရှိတဲ့အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်က အသက်တစ်ခါရှုချိန်အတွင်း အသက်ကြီးရင့်ကာ သေဆုံးသွားခဲ့တယ်။ ဒီမြင်ကွင်းက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သတိဝင်သွားစေခဲ့တယ်။
လက်ရှိမှာ တစ်ယောက်မှ ကျွန်းပေါ်ကို တက်ဖို့ မကြိုးစားရဲတော့ပါဘူး။
"မြင်သာမြင်ရ မကြင်ရမှတော့ ငါ ဘာလို့ ဒီနေရာမှာ ဆက်နေအုံးမှာလဲ။ ဒါ အချိန်ဖြုန်းတာပဲလေ" ပိုင်နက်နတ်ဘုရားအများစုက ထွက်သွားဖို့ ရွေးချယ်ခဲ့ပြီး ငါးယောက်သာ ကျန်ရှိတော့တယ်။
သူတို့ငါးယောက်ထဲကလေးယောက်က အချိန်ဥပဒေသကို ကျင့်ကြံထားမှန်း လီဖူချန်းက အာရုံခံနိုင်တယ်။ နောက်ဆုံးတစ်ယောက်က အချိန်ဥပဒေသကို မကျင့်ကြံထားပေမယ့် သူ့ကိုယ်ပေါ်မှာ အသုံးအဆောင်ပစ္စည်းအချို့ရှိလောက်တယ်။
"ငါ စမ်းကြည့်မယ်"
ပြောလိုက်တဲ့သူက အရပ်မြင့်မြင့်ပိန်ပိန်ပါးပါးနဲ့သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပဲ။ သူ့နဖူးပေါ်မှာ လက်ချောင်းအရွယ်အစားအပေါက်တစ်ခုရှိပြီး အပေါက်နေတစ်ဆင့် သူ့နောက်ရှိမြင်ကွင်းကို လီဖူချန်းက မြင်နိုင်တယ်။
ခန္ဓာကိုယ်ထဲရှိနတ်ဘုရားစွမ်းအားကို အချိန်နတ်ဘုရားစွမ်းအားနဲ့ အစားထိုးထားခဲ့တာပဲ။
သက်လတ်ပိုင်းလူက အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်မှ အလယ်ဆင့်အချိန်ဆန်းကြယ်နတ်ဘုရားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တာပဲ။
ရေကန်ကိုဖြတ်ပြီး ကျွန်းပေါ်ကို သွားချင်ရင် ရေကန်အထက်ရှိအချိန်စွမ်းအားတိုက်စားမှုကို ခုခံရမယ်ဆိုတာ သူ သဘောပေါက်ထားမှန်း သိသာတယ်။
အချိန်စွမ်းအားတိုက်စားမှုကို ခုခံနိုင်တဲ့တစ်ခုတည်းသောအရာက အချိန်စွမ်းအားပဲ။
ခွန်အားက နည်းနည်းပဲ ရှိဖို့ လိုအပ်တယ်။
မင်းက ကမ္ဘာနတ်ဘုရားတစ်ယောက်မဟုတ်ရင်ပေါ့။
ဒါပေမယ့် သူတို့က ကမ္ဘာနတ်ဘုရားတွေဆိုရင်တောင် သူတို့က ကျွန်းပေါ်ကို ဘေးကင်းကင်းနဲ့ မရောက်နိုင်ဘူး၊ သူတို့က သူတို့ရဲ့သက်တမ်းအချို့ကို ဆုံးရှုံးသွားရမှာပဲ။
အချိန်နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်သွားပြီး သက်လတ်ပိုင်းလူက ရေကန်ပေါ်ရှိကျွန်းရှိရာသို့ ခုန်လိုက်တော့တယ်။
တစ်ဆယ်ရာခိုင်နှုန်းအကွာအဝေး။
နှစ်ဆယ်ရာခိုင်နှုန်းအကွာအဝေး။
သုံးဆယ်ရာခိုင်နှုန်းအကွာအဝေး။
သူခန့်မှန်းတာ မှန်ပါတယ်။ ရေကန်ကိုဖြတ်ပြီးကျွန်းပေါ်တက်ခြင်းက ခွန်အားနည်းနည်းပဲ လိုအပ်တာပါ။
သူက အလယ်ဆင့်အချိန်ဆန်းကြယ်နတ်ဘုရားတစ်ယောက်သာဖြစ်တယ်။ သူက ယခင်အဆင့်မြင့်ပိုင်နက်နတ်ဘုရားနဲ့မယှဉ်နိုင်ပေမယ့် သုံးဆယ်ရာခိုင်နှုန်းအကွာအဝေးအထိ ဖြတ်သန်းလာနိုင်ခဲ့ပါပြီ။
လေးဆယ်ရာခိုင်နှုန်းအကွာအဝေး။
ဆံပင်ဖြူအနည်းငယ်က သက်လတ်ပိုင်းလူရဲ့ဦးခေါင်းမှ ပေါက်ဖွားလာတယ်။
ငါးဆယ်ရာခိုင်နှုန်းအကွာအဝေး၊ သက်လတ်ပိုင်းလူက တစ်ခေါင်းလုံးဖြူဖွေးလာပြီး မျက်နှာက အရေးအကြောင်းတွေနဲ့ ပြည့်နှက်နေတော့တယ်။
ခြောက်ဆယ်ရာခိုင်နှုန်းအကွာအဝေး၊ သက်လတ်ပိုင်းလူက ရေကန်ထဲသို့ ရုတ်တရက် ကျသွားပြီး အရည်ပျော်သွားခဲ့တော့တယ်။
"အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်အချိန်ဥပဒေသက မလုံလောက်သေးဘူးနဲ့တူတယ်"
ကျန်ရှိနေတဲ့လေးယောက်ထဲမှာ ခေါက်ယပ်တောင်တစ်ချောင်းကိုကိုင်ထားတဲ့လူရွယ်က ခေါင်းခါယမ်းကာ ပြောလိုက်တယ်။
"ထားလိုက်တော့၊ မင်းတို့ကောင်တွေပဲ ယှဉ်ပြိုင်ကြတော့။ ငါ့ရဲ့အချိန်ဥပဒေသက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာပဲ ရှိတာ"
"ငါက အဆင့်မြင့်စိတ်ဝိညာဥ်နတ်ဘုရားနယ်ပယ်မှာပဲ ရှိတာ"
လူနှစ်ယောက်က နှုတ်ထွက်သွားခဲ့တယ်။ လီဖူချန်းအပါအဝင် လူသုံးယောက်သာ ကျန်တော့တယ်။
"ဘယ်သူ သွားချင်လဲ"
အချိန်ဥပဒေသကို မကျင့်ကြံထားတဲ့ ဖြူဖတ်ဖြူရော်နဲ့လူက ခေါက်ယပ်တောင်ကိုင်လူရွယ်နဲ့လီဖူချန်းတို့ကို ကြည့်လိုက်တယ်။
"ငါ တစ်ချက် စောင့်ကြည့်အုံးမယ်"
ခေါက်ယပ်တောင်လူရွယ်က ယုံကြည်ချက်အများကြီးမရှိမှန်းသိသာတယ်၊ ဒါပေမယ့် သူက ထွက်သွားဖို့ ဆန္ဒမရှိပါဘူး။ လူရွယ်ရဲ့အချိန်ဥပဒေသက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာ ရှိမယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။
"ငါ စမ်းကြည့်မယ်"
သူက လုပ်နိုင်မယ်လို့ လီဖူချန်းက ခံစားမိတယ်။
လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲရှိဆန်းကြယ်နတ်ဘုရားစွမ်းအားက ကူးပြောင်းသွားပြီး သူက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်အဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။
တကယ်တော့ လီဖူချန်းက သူ့ရဲ့အချိန်ဥပဒေသကို မတိုးစေခဲ့ပါဘူး။ သူက သူ့ရဲ့နေရာလပ်-အချိန်ဆန်းကြယ်နတ်ဘုရားစွမ်းအားကို အချိန်ဆန်းကြယ်နတ်ဘုရားစွမ်းအားနဲ့ နေရာလပ်ဆန်းကြယ်နတ်ဘုရားစွမ်းအားအဖြစ် ခွဲထုတ်လိုက်ရုံပါပဲ။
"အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားလား၊ ဟမ့်"
ခေါက်ယပ်တောင်နဲ့လူရွယ်က မေးငေါ့လိုက်တယ်။
သူလဲ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ပဲ။ လီဖူချန်းက အောင်မြင်နိုင်ရင် သူလဲ သေချာပေါက် အောင်မြင်မှာပဲ။
ဒါပေမယ့် သူက မစွန့်စားရဲပါဘူး။ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားက ကျွန်းပေါ်ကို အန္တရာယ်ကင်းကင်းနဲ့ရောက်နိုင်မယ်လို့ ဘယ်သူက သိမှာလဲ။ သူက မလုပ်နိုင်ရင် တန်ဖိုးက သေခြင်းတရားပါပဲ။
သူက တစ်ချက်စောင့်ကြည့်ဖို့ စီစဉ်ထားတယ်။ လီဖူချန်းက ကျွန်းပေါ်ကို အန္တရာယ်ကင်းကင်းနဲ့ ရောက်နိုင်ရင် သူက နတ်ဘုရားဆေးပင်တွေ လုယူဖို့ ချက်ချင်းသွားမှာပါ။
အသံဒါမှမဟုတ်ချီတည်ရှိမှုတစ်ခုမှ မပေါ်ထွက်လာဘဲ လီဖူချန်းက ရေကန်အထက်သို့ ရောက်ရှိလာပြီး ကျွန်းကလေးဆီ ဦးတည်ခဲ့တော့တယ်။
တစ်ဆယ်ရာခိုင်နှုန်းအကွာအဝေး၊ နှစ်ဆယ်ရာခိုင်နှုန်းအကွာအဝေး၊ သုံးဆယ်ရာခိုင်နှုန်းအကွာအဝေး.....
ခုနှစ်ဆယ်ရာခိုင်နှုန်းအကွာအဝေး။
မကြာမီမှာပဲ လီဖူချန်းက ကျွန်းကလေးမှ သုံးဆယ်ရာခိုင်နှုန်းအကွာအဝေးသာ ကျန်ရှိတော့တယ်။ ဒါ့အပြင် လီဖူချန်းက ဘာပြောင်းလဲမှူတစ်ခုမှ ဖြစ်ပုံမရဘူး၊ သူ့ခေါင်းပေါ်မှာ ဆံပင်ဖြူတစ်ပင်တစ်လေတောင် ရှိနနေပါဘူး။
"တောက်"
သူက စိုးရိမ်ကြီးလွန်းမိသွားတယ်လို့ ခေါက်ယပ်တောင်နဲ့လူရွယ်က ပထမဆုံးအကြိမ် ခံစားလာရတယ်။
လီဖူချန်းက ခုနှစ်ဆယ်ရာခိုင်နှုန်းအကွာအဝေးကို ရောက်နေပြီ၊ ဆံပင်ဖြူတစ်မျှင်တောင် ရှိမနေဘူး။ ဒါ ဘာကို ဆိုလိုတာလဲ။ လီဖူချန်းက ကျွန်းပေါ်ကို ရောက်ဖို့ မြင့်မားတဲ့အခွင့်အရေးတစ်ခုရှိတယ်လို့ ဆိုလိုတယ်။
ရှစ်ဆယ်ရာခိုင်နှုန်းအကွာအဝေး။
ကိုးဆယ်ရာခိုင်နှုန်းအကွာအဝေး။
လီဖူချန်းက ကျွန်းကလေးမှ တစ်ဆယ်ရာခိုင်နှုန်းအကွာသာ ရှိတော့တယ်။
ခေါက်ယပ်တောင်နဲ့လူရွယ်က ထပ်မသည်းခံနိုင်တော့ဘဲ ကျွန်းကလေးဆီ ဦးတည်လာတော့တယ်။
လီဖူချန်းက လူရွယ်ကို ဂရုမစိုက်ဘဲ ကျွန်းပေါ်သို့ ဆင်းသက်ခဲ့တယ်။ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ နတ်ဘုရားဆေးပင်သုံးပင်က သူ့လက်ပေါ်သို့ ကျရောက်လာခဲ့တယ်။
"သူတို့ကို ပြန်ချထားစမ်း"
ခေါက်ယပ်တောင်နဲ့လူရွယ်က အလွန်မြန်တယ်၊ သူက ကျွန်းကလေးမှ လေးဆယ်ရာခိုင်နှုန်းအကွာအဝေးသာ ကျန်ရှိတော့တယ်။
ဒါပေမယ့် ထိုအချိန်မှာ ခေါက်ယပ်တောင်နဲ့လူရွယ်က လျင်မြန်စွာ အိုမင်းသွားတယ်။ နောက်အခိုက်အတန့်မှာ ခေါက်ယပ်တောင်လူရွယ်က ကောင်းကင်မှ ပြုတ်ကျသွားတော့တယ်။
သူက မသေသေးပါဘူး၊ သူက မိန်းမောတွေဝေနဲ့တဲ့အမူအရာနဲ့ မေးလိုက်တယ်"ဘာလို့လဲ။ မင်းလဲ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး ငါလဲ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ပဲလေ။ ဘာလို့ မင်းက ကျွန်းပေါ်ကို တက်လို့ရပြီး ငါက တက်လို့မရတာလဲ"
သူက နားမလည်နိုင်ပါဘူး။
လီဖူချန်းရဲ့အသံက လူရွယ်ရဲ့နားထဲသို့ ရောက်ရှိလာတယ်"ဘာလို့ဆို ငါ့ရဲ့အချိန်ဥပဒေသက အဆင့်မြင့်ပိုင်နက်နတ်ဘုရားနယ်ပယ်မှာ ရှိနေလို့ပဲ။ ငါ့ရဲ့အချိန်နတ်ဘုရားစွမ်းအားအဆင့်ကပဲ နိမ့်ကျနေတာ"
"ငါ သိပြီ"
လူရွယ်က ကိုယ့်ကိုယ်ကိုယ်လှောင်ရယ်ရင်း ရေကန်ထဲသို့ ကျသွားတော့တယ်။
**