အသက်ရှိနေတာပဲ
Vol. 92 Ch. 1296
"ဂုဏ်ယူပါတယ်"
ဖြူဖတ်ဖြူရော်နဲ့လူရဲ့မျက်လုံးတွေက အရောင်လက်သွားပြီး သူက ကောက်ကျစ်စွာ ပြုံးလိုက်တယ်။
"ဒါ နတ်ဘုရားဆေးပင်သုံးပင်လောက်ပါပဲ။ ဘာဂုဏ်ပြုစရာရှိလို့လဲ" လီဖူချန်းက လျှပ်တစ်ပြက်လက်သွားပြီး ကုန်းပေါ်သို့ ပြန်ရောက်လာခဲ့တယ်။
ဖြူဖတ်ဖြူရော်နဲ့လူက ပြောလိုက်တယ်"ဒါတွေက အချိန်ဥပဒေသနားလည်မှုကို ပိုလွယ်ကူစေတဲ့ ကြယ်ခြောက်လုံးနတ်ဘုရားဆေးပင်တွေပဲ။ သူတို့က အဖိုးဖြတ်နိုင်ဘူး၊ နှိုင်းယှဉ်ရရင် အချိန်ကျောက်မျက်ရတနာကတောင် နိမ့်ကျတယ်လို့ဆိုရမယ်"
"အိုး၊ သူတို့က ဒီလောက်ထိ တန်ဖိုးရှိတာလား။ ငါ ဒီနေရာကနေ ထွက်သွားပြီးရင်တော့ သေချာလေ့လာကြည့်အုံးမှပဲ" လီဖူချန်းက ထွက်သွားဖို့ ပြင်ဆင်နေတယ်။
ဖြူဖတ်ဖြူရော်နဲ့လူရဲ့အမူအရာက အကြိမ်များစွာ ပြောင်းလဲနေခဲ့ပြီး အဆုံးမှာတော့ သူက လှုပ်ရှားလာခဲ့တယ်။
သူ အချိန်လမ်းကို လာရတဲ့အကြောင်းရင်းကတော့ အချိန်အခွင့်အလမ်းတွေ ရှာဖွေဖို့နဲ့ အခြားတစ်ဖက်မှာတော့ အချိန်ဥပဒေသကို ကျင့်ကြံဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ပဲ။
အချိန်ဥပဒေသနဲ့ယှဉ်ရင် သူ့ရဲ့မိုးကြိုးတာအိုဥပဒေသက သာမန်ဆန်လွန်းတယ်။ သူက မိုးကြိုးတာအိုဥပဒေသကို အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းအထိ ကျင့်ကြံထားခဲ့ပေမယ့် သူက အားကောင်းတဲ့ပိုင်နက်နတ်ဘုရားဆရာသခင်အဆင့်သာ ရှိသေးတယ်။
သူက အချိန်ဥပဒေသကို အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းအထိ ကျင့်ကြံနိုင်မယ်ဆိုရင် ၊မဟုတ်ဘူး၊ သူက အဆင့်မြင့်ပိုင်နက်နတ်ဘုရားပျမ်းမျှဒါမှမဟုတ်နှောင်းပိုင်းအထိ ကျင့်ကြံနိုင်ရင်တောင် သူ့အနေနဲ့ မြောက်ပိုင်းရဲ့အဆင့်သတ်မှတ်ချက်စာရင်းကို ဝင်ဖို့ လုံလောက်ပါလိမ့်မယ်။
သူက မိုးကြိုးတာအိုဥပဒေသကို ကမ္ဘာနတ်ဘုရားနယ်ပယ်အထိ မကျင့်ကြံတာကတော့......
သူ မလုပ်ချင်လို့တော့ မဟုတ်ဘူး၊ သူ မလုပ်နိုင်လို့ပဲ။
ကမ္ဘာနတ်ဘုရားတစ်ယောက်ဖြစ်ဖို့က ခက်ခဲလွန်းတယ်။ တစ်စုံတစ်ယောက်မှာ မွေးရာပါအလားအလာအလုံအလောက်ရှိရင်တောင် သူတို့အနေနဲ့ ဒါကို အောင်မြင်ဖို့ အချိန်အကြာကြီးလိုအပ်တယ်။
ဒါကြောင့် သူက ထိပ်တန်းအဆင့်ဥပဒေသတစ်ခုကို ကျင့်ကြံပြီး နောက်ထပ်လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်မလားပေါ့။
ဒါကြောင့် သူက လီဖူချန်းထံမှ အချိန်နတ်ဘုရားဆေးပင်သုံးပင်ကို လုယူဖို့ ဆုံးဖြတ်ခဲ့တယ်။ မဟုတ်ရင် အချိန်ကျောက်မျက်ရတနာမျှနဲ့ အချိန်ဥပဒေသမှာ အဝေးကြီးကို မသွားနိုင်ပါဘူးလေ။
"မိုးကြိုးကြယ်......"
ဖြူဖတ်ဖြူရော်နဲ့လူက လီဖူချန်းကို အထင်မသေးရဲပါဘူး။ ဒီနေရာကိုလာနိုင်တဲ့သူတွေက တစ်ယောက်မှ မရိုးရှင်းပါဘူး။ ဒါကြောင့် သူက သူ့ရဲ့အသန်မာဆုံးသတ်ကွက်ကို ချက်ချင်း ထုတ်ဖော်ခဲ့တယ်။
ကြောက်စရာကောင်းတဲ့မိုးကြိုးလုံးတစ်ခုက ချက်ချင်းဖြစ်တည်လာတယ်၊ ၎င်းက မိုးကြိုးကြယ်တစ်လုံးပမာ လီဖူချန်းဆီ ပြေးဝင်တိုက်ခိုက်လာတယ်။
"မင်းက လှုပ်ရှားရဲတယ်ပေါ့လေ"
လီဖူချန်းက သူ့ခေါင်းကို ခါယမ်းကာ နတ်ဘုရားစွမ်းအားကို တုန်ခါစေခဲ့တယ်။
အား.....
မိုးကြိုးကြယ်က ပျက်ဆီးသွားပြီး ဖြူဖတ်ဖြူရော်နဲ့လူက ငြိမ်သက်သွားတော့တယ်။
"မင်းက ကမ္ဘာနတ်ဘုရားတစ်ယောက်လား"
ထိုစကားလုံးတွေကို ပြောပြီးနောက် ဖြူဖတ်ဖြူရော်နဲ့လူရဲ့ခန္ဓာကိုယ်က တစ်စစီဖြစ်သွားပြီး နေရာလပ်လက်စွပ်တစ်ကွင်းသာ ချန်ထားရစ်ခဲ့တယ်။
"မဆိုးဘူးပဲ"
ဖြူဖတ်ဖြူရော်လူရဲ့နေရာလပ်လက်စွပ်မှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးသုံးထောင်ထရီလီယံကျော်ရှိတယ်။ အခုဆိုရင် လီဖူချန်းမှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်သောင်းနှစ်ထောင်ထရီလီယံရှိလာပါပြီ။ ဒါက ပျော်စရာကောင်းတဲ့ရိတ်သိမ်းမှုတစ်ခုပါပဲ။
ထပ်ပြောရရင် အထဲမှာ အချိန်ကျောက်မျက်ရတနာတစ်ခုလဲ ရှိတယ်။
အချိန်ကျောက်မျက်ရတနာက ကုန်ဆုံးတတ်တဲ့ပစ္စည်းတစ်ခုဖြစ်ပြီး တစ်ခါသုံးတိုင်း လျော့လျော့သွားလိမ့်မယ်။ ဒါ့အပြင် အချိန်ဥပဒေသအဆင့်က ပိုမြင့်လေ၊ ကုန်ဆုံးမှုက ပိုမြန်လေပဲ။ ကမ္ဘာနတ်ဘုရားနယ်ပယ်ကို ရောက်ပြီးနောက် အချိန်ကျောက်မျက်ရတနာတစ်ခုက ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့်လောက် တိုးပေးနိုင်ရုံနဲ့တင် တော်တော်အဆင်ပြေနေပါပြီ။
"ငါ့ရဲ့အချိန်ဥပဒေသကျွမ်းကျင်မှုကို အရင်မြှင့်တင်တာ ပိုကောင်းမယ်"
အချိန်ကျောက်မျက်ရတနာနှစ်ခုက လီဖူချန်းရဲ့အချိန်ဥပဒေသကို အဆင့်မြင့်ပိုင်နက်နတ်ဘုရားစဦးအခြေအနေသို့ ရောက်ရှိစေခဲ့တယ်။ ကမ္ဘာနတ်ဘုရားနယ်ပယ်ကို အချိန်တိုအတွင်းမှာ ရောက်ရှိဖို့ လွန်ကဲတဲ့မျှော်လင့်ချက်တစ်ခုတော့ လီဖူချန်းမှာ မရှိပေမယ့် အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းကို ရောက်ရှိဖို့ကိုတော့ မျှော်လင့်နိုင်ပါသေးတယ်။
လီဖူချန်းက အချိန်ကျောက်မျက်ရတနာတစ်ခုကို ယူထုတ်ကာ အတွင်းရှိ အချိန်ဥပဒေသကို စတင်နားလည်ခဲ့တယ်။
အချိန်က ဖြည်းဖြည်းချင်းစီးဆင်းနေတယ်။
ဒီအချိန်အတောအတွင်း များစွာသောပိုင်နက်နတ်ဘုရားတွေက ဒီနေရာကို ရောက်လာခဲ့ကြတယ်။
ဒီနေရာမှာ ဘာတစ်ခုမှမရှိတာကို မြင်ပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့တယ်။
တစ်ယောက်မှ လီဖူချန်းအပေါ် မလှုပ်ရှားခဲ့ပါဘူး။
ဘယ်လိုဟာသလဲ။ လီဖူချန်းက ဒီနေရာမှာ နားလည်ရဲမှတော့ သူ့မှာ အံ့မခန်းနည်းစနစ်တွေ သေချာပေါက် ရှိရမယ်။ အကျိုးအမြတ်အလုံအလောက်မရှိဘဲနဲ့ လှုပ်ရှားရလောက်တဲ့အထိ သူတို့က မပိန်းပါဘူး။
ပျမ်းမျှအဆင့်၊ နှောင်းပိုင်းအဆင့်၊ အထွတ်အထိပ်အဆင့်၊ ပြီးပြည့်စုံခြင်းအဆင့်။
အချိန်ကျောက်မျက်ရတနာတစ်ခုကို သုံးစွဲပြီးနောက် လီဖူချန်းရဲ့အချိန်ဥပဒေသက နောက်ဆုံးမှာ အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းကို ရောက်ရှိလာခဲ့တယ်။
"နှစ်အနည်းငယ်တောင် ကြာခဲ့တာပဲ"
ထရပ်ပြီးနောက် နှစ်အနည်းငယ်ကုန်ဆုံးသွားပြီးဆိုတာ လီဖူချန်းက သဘောပေါက်ခဲ့တယ်။
အချိန်ဥပဒေသကို နားလည်စဉ်တုန်းက သူက အချိန်ကုန်လွန်ခြင်းကိုတောင် မခံစားနိုင်ခဲ့ဘူး။
"ငါ ထပ်နားမလည်နိုင်တော့ဘူး"
အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းကို ရောက်ရှိဖို့ နှစ်အနည်းငယ်ကြာတယ်။ ကမ္ဘာနတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ဖို့ဆိုရင် အနည်းဆုံးရာစုနှစ်အနည်းငယ်ကြာမယ်။ တကယ်တော့ ပိုင်နက်နတ်ဘုရားနယ်ပယ်မှကမ္ဘာနတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်တာက ရိုးရှင်းတဲ့အဆင့်တက်မှုတစ်ခုမဟုတ်ပါဘူး၊ အဲဒါက အဓိကနယ်ပယ်တစ်ခုချိုးဖြတ်ခြင်းပါပဲ။
အချိန်ပျံသန်းဆေးအတွက် ပါဝင်ပစ္စည်းတွေကို ရှာဖွေဖို့ လီဖူချန်းက စီစဉ်ထားတယ်။
လက်ရှိမှာ သူ့မှာ အချိန်ပျံသန်းဆေးပင်၊ အချိန်ဆေးပင်နဲ့ အချိန်တာအိုသစ်သီးတို့ ရှိနေပြီ။ သိပ်အရေးမကြီးတဲ့ပစ္စည်းအချို့ပဲ လိုတော့တာ။
ဒါပေမယ့် ဘာတစ်ခုမှ မတွေ့ရင်တော့ သူက အချိန်ပျံသန်းဆေးပင်၊ အချိန်ဆေးပင်နဲ့ အချိန်တာအိုသစ်သီးတို့ကို တိုက်ရိုက်သုံးစွဲရမှာပဲ။ အချိန်ကျောက်မျက်ရတနာနဲ့ဆိုရင် သူက ကမ္ဘာနတ်ဘုရားနယ်ပယ်ကို မချိုးဖြတ်နိုင်ဘူးလို့တော့ မယုံဘူး။
"နောက်မှပေါ့......"
အချိန်ပျံသန်းဆေးက ကြယ်ခြောက်လုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်မျိုးဖြစ်ပြီး သူ ဆန္ဒရှိတိုင်း သန့်စင်နိုင်တာ မဟုတ်ဘူး။ လီဖူချန်းက ကြယ်ခြောက်လုံးအဆင့်နိမ့်နတ်ဘုရားဆေးဆရာတစ်ယောက်အရင်ဖြစ်ဖို့ လိုတယ်။ သူက ကြယ်ခြောက်လုံးအဆင့်နိမ့်ဆေးနတ်ဘုရားတစ်ယောက်ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဒီလိုမှပဲ သူက အချိန်ပျံသန်းဆေးကို သန့်စင်ဖို့ ယုံကြည်မှုတစ်ရာရာခိုင်နှုန်းရှိလာမှာ။
လီဖူချန်းက ဆယ်နှစ်အချိန်သတ်မှတ်ချက်တစ်ခုကို ထားခဲ့တယ်။ သူက ဆယ်နှစ်အတွင်းမှာ ကြယ်ခြောက်လုံးအဆင့်နိမ့်နတ်ဘုရားဆေးဆရာတစ်ယောက်မဖြစ်လာရင် ဒါမှမဟုတ် အချိန်ပျံသန်းဆေးကို သန့်စင်ဖို့အတွက် အခြားပစ္စည်းတွေကို မရှာဖွေနိုင်ရင် သူက အချိန်ပျံသန်းဆေးကို သန့်စင်တာကို လက်လျော့ရလိမ့်မယ်။
အချိန်လမ်းက ထူးဆန်းတဲ့အရာတွေနဲ့ ပြည့်နှက်နေသလို အခွင့်အလမ်းတွေနဲ့လဲ ပြည့်နေတယ်။
သို့မဟုတ်ရင် ဒီလောက်များတဲ့သူတွေက စွန့်စားပြီး အထဲကို ဝင်လာမှာမဟုတ်ဘူး။
မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက ကြီးမားတဲ့မြစ်တစ်စင်းဘေးနားကို ရောက်ရှိလာတယ်။
ဒီမြစ်ကြိီးက အလွန်ရှည်ကာ အလွန်ကျယ်တယ်။ အထက်ပိုင်းရဲ့အဆုံးသတ်ကို မြင်တွေ့ဖို့ မဖြစ်နိုင်ဘူး၊ ၎င်းက ဘယ်နေရာကို စီးဆင်းနေသလဲ မသိဘူး။ မြစ်က တစ်ခါတစ်ရံမှာ လှုပ်ရှားအုံကြွတယ်၊ တစ်ခါတစ်ရံမှာတော့ ငြိမ်သက်တယ်၊ တစ်ခါတစ်ရံမှာတော့ လှိုင်းလုံးကြီးတွေ လိမ့်တက်နေတယ်။
ကြည်လင်တဲ့မြစ်ရေမှတစ်ဆင့် အလောင်းတွေ ရေစုန်အတိုင်း စီးမျောလာတာကို လီဖူချန်းက မြင်နိုင်တယ်။
ဒီမြင်ကွင်းက လူတိုင်းရဲ့ဆံပင်ကို ထောင်တက်သွားစေတယ်။
"သူတို့အားလုံးက ကမ္ဘာနတ်ဘုရားတွေပဲ....."
ဒီအလောင်းတွေအားလုံးက ကမ္ဘာနတ်ဘုရားတွေပဲလို့ လီဖူချန်းရဲ့မသိစိတ်က သူ့ကို ပြောပြခဲ့တယ်။
ဒီမြစ်ရဲ့အထက်ပိုင်းက အချိန်လမ်းရဲ့အနက်ပိုင်းမှာ ရှိတယ်လို့ ဆိုလိုတယ်။
ကမ္ဘာနတ်ဘုရားတွေကပဲ အချိန်လမ်းရဲ့အနက်ပိုင်းကို သွားဖို့ ရွေးချယ်ကြတာပါ။
ကမ္ဘာနတ်ဘုရားအလောင်းတွေက မြစ်ရေတွေစုပ်ယူမှုကြောင့် ဖြူနေတယ်။ ပုံမှန်အားဖြင့် သူတို့ရဲ့ဖောနေတဲ့လက်ချောင်းတွေမှာတော့ နေရာလပ်လက်စွပ်တွေ ရှိတယ်။
လီဖူချန်းက မေ့ငေါ့ကာ လောဘကို ဖိနှိပ်ထားလိုက်တယ်။
ဒီမြစ်က သာမန်မြစ်တစ်ခုမဟုတ်ဘူး။ မြစ်ရေမှာ အချိန်စွမ်းအားပါဝင်ရုံသာမက ထူးဆန်းတဲ့စွမ်းအားတစ်ခုလဲ ပါဝင်တယ်။ ကမ္ဘာနတ်ဘုရားအလောင်းက ရေမျက်နှာပြင်နဲ့ နီးကပ်နေမယ်ဆိုရင်တော့ လီဖူချန်းက ဆယ်ယူဖို့ နည်းလမ်းတစ်ခုကို စဉ်းစားမှာပါ။ ဒါပေမယ့် မျောနေတဲ့ကမ္ဘာနတ်ဘုရားအလောင်းတွေက ရေမျက်နှာပြင်မှ မီတာဒါဇင်ခန့်အကွာမှာ ရှိတယ်။ လီဖူချန်းက မစွန့်စားရဲပါဘူး။
"ဒါ ဝမ်းနည်းစရာပဲ"
ဒါက ဝမ်းနည်းစရာကောင်းတယ်လို့ လီဖူချန်းက ခံစားမိတယ်။
ကမ္ဘာနတ်ဘုရားတစ်ယောက်ရဲ့ကြွယ်ဝမှုက ပိုင်နက်နတ်ဘုရားဆရာသခင်တစ်ယောက်ထက် အဆတစ်ထောင်လောက်ပိုတယ်။ နေရာလပ်လက်စွပ်တွေမှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးထရီလီယံတစ်သိန်းလောက် ပါဝင်နိုင်တယ်။ လီဖူချန်းက တစ်ကွင်းကို ရနိုင်ရင်တောင် အချိန်လမ်းကိုလာတဲ့သူ့ရဲ့ရည်ရွယ်ချက်ကို အောင်မြင်ပါလိမ့်မယ်။
"တောက်၊ ငါ့ရဲ့အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်း"
မြစ်ဘေးနှစ်ဖက်မှာ မြေပြင်တွေပဲ မဟုတ်ဘူး၊ ကျောက်ထရံတွေလဲ ရှိတယ်။ ကျောက်ထရံတွေပေါ်မှာ မရေမတွက်နိုင်လောက်တဲ့ဥမင်လိုဏ်ဂူတွေ ရှိတယ်၊ ကြည့်ရတာ ပျားအုံတစ်ခုနဲ့ တူတယ်။
လီဖူချန်းက လက်ရှိမှာ လိုဏ်ဂူတွေထဲကတစ်ခုမှာ ရှိပြီး မြစ်ရဲ့အထက်ပိုင်းမှာ နောက်တစ်ယောက်ရှိတယ်။ အဲဒါက အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်ပဲ။
စောစောက ကမ္ဘာနတ်ဘုရားတစ်ယောက်က မျောပါလာတယ်။ သူက အနက်ကို ကြည့်လိုက်တယ်၊ ဆယ်ယူဖို့ မျှော်လင့်ချက်ရှိတယ်လို့ ခံစားရတယ်။ ဒါကြောင့် သူက အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ယူထုတ်လိုက်တယ်။
ဒီမြစ်ထဲရှိမြစ်ရေက အလွန်တိုက်စားနိုင်တယ်ဆိုတာ သူ မသိပါဘူး။ သူ့ရဲ့အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက မြစ်ရေနဲ့ ထိတွေ့တဲ့အခါ ၎င်းကို ချက်ချင်း တိုက်စားသွားတော့တယ်။
"ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အလုပ်မလုပ်ဘူးဆိုတော့ ငါ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လိုအပ်မယ်ထင်တယ်။ ဒါပေမယ့် အချိန်ဥပဒေသပါ ထည့်သွင်းလိုက်မယ်ဆိုရင်ရော အလုပ်လုပ်မလား ငါ သိချင်တယ်" စမ်းကြည့်ဖို့ ထိုက်တန်တယ်လို့ လီဖူချန်းက ခံစားမိတယ်။
မကြာမီမှာပဲ အခွင့်အလမ်းက ရောက်ရှိလာတယ်။
ကမ္ဘာနတ်ဘုရားအလောင်းတစ်ခုက သူရှိရာသို့ လွင့်မျောလာတယ်။
ဒီကမ္ဘာနတ်ဘုရားအလောင်းက ရေမျက်နှာပြင်မှ ငါးမီတာပတ်လည်မှာ ရှိတယ်။
လီဖူချန်းက အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းလှံတစ်လက်ကို ယူထုတ်ကာ ၎င်းထဲသို့ အချိန်ဥပဒေသကို ထည့်သွင်းလိုက်တယ်။
ဝီဝီဝီ......
အချိန်ဥပဒေသကို ထည့်သွင်းလိုက်တဲ့အခါ ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းလှံက အတုအယောင်ဖြစ်လာတယ်။
"လာစမ်း"
လီဖူချန်းကို လှံကို မြစ်ရေထဲသို့ ထိုးလိုက်တယ်။ တစ်ချိန်တည်းမှာ ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းလှံက လျင်မြန်စွာ ရှည်လျားလာပြီး ကြာပွတ်တစ်ခုအလား ပျော့ပြောင်းလာတယ်။
လျှပ်တစ်ပြက်အတွင်း လှံက ကမ္ဘာနတ်ဘုရားအလောင်းကို ရစ်ပတ်သွားတယ်၊ လီဖူချန်းက ၎င်းကို ဆွဲတင်တော့မှာပါ။
ပိုင်နက်နတ်ဘုရားလှံက ရုတ်ချည်းအရည်ပျော်ကျသွားပြီး ပျောက်ကွယ်သွားတော့တယ်။
"ငါးမီတာက နက်လွန်းနေသေးတယ်။ ဒါပေမယ့် အချိန်ဥပဒေသက တိုက်စားတဲ့အချိန်ကို ဆွဲထားနိုင်တယ်ဆိုတာ ဒါက သက်သေပြတာပဲ။ ကိုက်ညီတဲ့အချိန်နတ်ဘုရားစွမ်းအားရှိရင် ငါးမီတာမဆိုနဲ့ မီတာဒါဇင်ကတောင် ပြဿနာတစ်ခုမဟုတ်တော့ဘူး"
လီဖူချန်းရဲ့အချိန်ဥပဒေသကျွမ်းကျင်မှုက အလွန်အမင်းမြင့်မားပြီး အဆင့်မြင့်ပိုင်နက်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်မှာ ရှိတယ်။ ဒါပေမယ့် သူ့ရဲ့အချိန်နတ်ဘုရားစွမ်းအားအဆင့်က နိမ့်လွန်းပြီး အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာ ရှိတယ်။
အချိန်နတ်ဘုရားစွမ်းအားကိုလဲ အဆင့်မြင့်ပိုင်နက်နတ်ဘုရားနယ်ပယ်အထိ ကျင့်ကြံနိုင်မယ်ဆိုရင် သူက ကမ္ဘာနတ်ဘုရားလက်စွပ်အနည်းငယ်ကို ရရှိနိုင်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။
အချိန်ဥပဒေသက တိုက်စားတဲ့အချိန်ကို ဆွဲထားနိုင်တယ်ဆိုတာ သက်သေပြမှတော့ လီဖူချန်းက ဆက်ကြိုးစားဖို့ စီစဉ်ထားတယ်။ သူ့ရဲ့နေရာလပ်လက်စွပ်ထဲမှာ အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအချို့ရှိတယ်။ အချို့က သူသတ်ခဲ့တဲ့ပိုင်နက်နတ်ဘုရားတွေမှ ဖြစ်ပြီး အချို့က အချိန်ရေပန်းမှ ဖြစ်တယ်။
မြစ်ထဲမှာ ကမ္ဘာနတ်ဘုရားအလောင်းတွေက လွင့်မျောနေပေမယ့် အများစုက မြစ်လယ်မှာသာ ရှိပြီး အဲဒါက ဥမင်လိုဏ်ဂူမှ ဝေးလွန်းတယ်။
လီဖူချန်းက စောင့်ကြည့်ရုံသာ တတ်နိုင်တယ်။
နောက်ထပ်စကြာဝဠာအလောင်းတစ်ခုက လွင့်မျောလာတယ်။
ဒီစကြာဝဠာအလောင်းက မြစ်ရေပြင်နဲ့ အလွန်နီးကပ်တယ်။ ၎င်းရဲ့ဝမ်းဗိုက်က ရေမှာပေါ်နေပြီး ၎င်းရဲ့လက်ပေါ်မှာ နေရာလပ်လက်စွပ်နှစ်ကွင်းရှိတယ်။
အသက်ရှုချိန်ဒါဇင်အနည်းငယ်ပြီးနောက် ထိုကမ္ဘာနတ်ဘုရားအလောင်းက လီဖူချန်းအနီးမှာ ပေါလောပေါလာတယ်။
လီဖူချန်းက အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းလှံတစ်လက်ကို ယူထုတ်ကာ ထိုးစိုက်ဖို့ ပြင်ဆင်ထားတယ်။
ရုတ်တရက် သူက ရပ်လိုက်တယ်၊ သူ့ဦးရေပြားက ထုံသလို ခံစားလာရတော့တယ်။
ဒီကမ္ဘာနတ်ဘုရားအလောင်းက မသေသေဘူးလို့ သူက ခံစားရတယ်။
အဲဒါက အသက်ရှင်နေပါသေးတယ်။
ပထမ၊ ဒီအလောင်းက ရေတွေစိမ့်ဝင်ကာဖြူနေပြီးလက်ချောင်းတွေဖောနေတဲ့အခြားကမ္ဘာနတ်ဘုရားအလောင်းတွေလို မဟုတ်ဘူး။ ထိုအလောင်းတွေက တည်ရှိတာ အချိန်ကြာပြီးမှန်း သိသာတယ်။ ဒီကမ္ဘာနတ်ဘုရားအလောင်းက အလွန်လတ်ဆတ်ပြီး ရှေးကျတဲ့ခံစားချက်ဘာတစ်ခုမှ မရှိပါဘူး။
စောစောက အလောင်းရဲ့မျက်ခွံက လှုပ်သွားတယ်လို့ လီဖူချန်းက ခံစားခဲ့မိတယ်။
လီဖူချန်းက အလောင်းဆယ်ယူတာကို လက်လျော့လိုက်တော့တယ်။
"ဒါက ထူးဆန်းလွန်းတယ်"
လီဖူချန်းက ခေါင်းခါယမ်းကာ ကမ္ဘာနတ်ဘုရားအလောင်းထွက်ခွာသွားတာကိုသာ စောင့်ကြည့်နေလိုက်တယ်။
ဒီကမ္ဘာနတ်ဘုရားအလောင်းက မြစ်မျက်နှာပြင်နဲ့နီးကပ်လွန်းတယ်။ ၎င်းက ဘယ်လိုဏ်ဂူကို ရောက်နေပါစေ၊ ထိုလိုဏ်ဂူမှာ လှုပ်ရှားမယ့်သူတွေ ရှိပါလိမ့်မယ်။
စိတ်မကောင်းစွာနဲ့ ကမ္ဘာနတ်ဘုရားအလောင်းကို ဆယ်ယူဖို့အသာထား၊ သူတို့ရဲ့အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက မြစ်ရေကိုတောင် မထိတွေ့နိုင်ခဲ့ဘူး။
"ဟားဟား၊ ငါ့မှာ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိတယ်ကွာ။ ငါ့ကို စောင့်ကြည့်နေလိုက်"
လီဖူချန်းနဲ့ဆန့်ကျင်ဘက်ရှိ ကိုးခုမြောက်လိုဏ်ဂူမှာ အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်က သူ့ရဲ့လက်ထဲရှိကြာပွတ်ကို ဝှေ့ယမ်းလိုက်ပြီး ကမ္ဘာနတ်ဘုရားအလောင်းဆီ ရွေ့လျားသွားတော့တယ်။
"ဒါက ကြာပွတ်နက်ပိုင်နက်နတ်ဘုရားအုပ်ချုပ်သူပဲ၊ သူက မြောက်ပိုင်းအဆင့်သတ်မှတ်ချက်စာရင်းရဲ့နံပါတ်၇၂၀မှာ ရှိတယ်"
"ကြာပွတ်နက်ပိုင်နက်နတ်ဘုရားအုပ်ချုပ်သူကသူဌေးဖြစ်တော့မယ့်ပုံပဲ။ ကမ္ဘာနတ်ဘုရားရဲ့နေရာလပ်လက်စွပ်ထဲရှိကြွယ်ဝမှုက အနည်းဆုံး ငါတို့ထက် အဆတစ်ထောင်ပိုတယ်"
"ဘယ်သူကများ သူ့မှာ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု ရှိခိုင်းလို့လဲ"
လိုဏ်ဂူတိုင်းမှာ ပုံရိပ်တစ်ခုစီရှိနေပြီး အားလုံးက ဆွေးနွေးပြောဆိုနေကြတော့တယ်။
ဗွက်.....
ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက ၎င်းရဲ့နာမည်နဲ့ ထိုက်တန်တယ်။ ကျားပွတ်က မြစ်ရေနဲ့ ထိတွေ့တဲ့အခါ ၎င်းက မပျက်ဆီးသွားခဲ့ဘူး။ အဲအစား ၎င်းက အနက်ရောင်အလင်းတစ်ခုကို ပေါက်ကွဲထွက်စေပြီး မြစ်ရေရဲ့တိုက်စားမှုနဲ့အချိန်စွမ်းအားရဲ့တိုက်စားမှုတို့ကို ပျက်ပြယ်စေခဲ့တယ်။
ပြီးနောက် ကြာပွတ်က ကမ္ဘာနတ်ဘုရားအလောင်းက ချက်ချင်းရစ်ပတ်သွားခဲ့တယ်။
"မဟုတ်ဘူး၊ အား......"
ထိုအချိန်မှာ ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုက ထွက်ပေါ်လာတယ်။ ကမ္ဘာနတ်ဘုရားအလောင်းက ရုတ်တရက် အသက်ဝင်လာပြီး ကြာပွတ်အဖျားကို ကိုင်လိုက်တယ်။ အားနဲ့ စောင့်ဆွဲလိုက်ရာ ကြာပွတ်နက်ပိုင်နက်နတ်ဘုရားအုပ်ချုပ်သူက ရေထဲသို့ ကျသွားပြီး ကမ္ဘာနတ်ဘုရားအလောင်းက စောင့်ဆွဲအားကို အသုံးပြုကာ လိုဏ်ဂူထဲသို့ ခုန်တက်ခဲ့တယ်။
***