ကမ္ဘာနတ်ဘုရားလက်စွပ်
Vol. 92 Ch. 1297
"ဘာ။ သူက အသက်ရှင်နေသေးတာလား"
လူတိုင်းက အံ့ဩတုန်လှုပ်သွားတယ်။
ဒီကမ္ဘာနတ်ဘုရားအလောင်းတွေက အလွန်ကြောက်စရာကောင်းနေပြီးသားပါ။ အခု ဒင်းတို့ထဲကအချို့က အသက်ရှိနေတာဆိုတော့ ပိုတောင် ကြောက်စရာကောင်းနေပြီ။
"ငါ့မှာ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမရှိတာ ကံကောင်းတယ်၊ မဟုတ်လို့ကတော့ ကြာပွတ်နက်ပိုင်နက်နတ်ဘုရားအုပ်ချုပ်သူနေရာမှာ ငါ ဖြစ်သွားလိမ့်မယ်"
"ဟုတ်တယ်၊ ကြာပွတ်နက်ပိုင်နက်နတ်ဘုရားအုပ်ချုပ်သူက တကယ် ကံမကောင်းတာပဲ"
လူတိုင်းက အသက်ပြန်ဝင်လာတဲ့ကမ္ဘာနတ်ဘုရားကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်ရင်း ဆွေးနွေးပြောဆိုနေကြတော့တယ်။
ထိုကမ္ဘာနတ်ဘုရားရဲ့အသားအရေက ဖြူဖတ်ဖြူရော်ဖြစ်ပြီး မျက်လုံးတစ်စုံက အလင်းတွေနဲ့ ပြည့်နေတယ်။
ဒါပေမယ့် လက်ရှိမှာ သူ့ခန္ဓာကိုယ်ထဲရှိကမ္ဘာနတ်ဘုရားစွမ်းအားက မပြောပလောက်ပါဘူး။ မြစ်ထဲမှာမျောနေခြင်းက သူ့ရဲ့စွမ်းအားအများစုကို လျော့ကျစေခဲ့မှန်း သိသာတယ်။
သူက လီဖူချန်းကို ပြန်လှည့်ကြည့်လိုက်တယ်"လူငယ်လေး၊ မင်းက တကယ်ကို သတိကောင်းတာပဲ။ ငါတို့တွေ ထပ်တွေ့ရဖို့ ငါ မျှော်လင့်တယ်"
ပြောရင်း သူက ထွက်သွားပြီး လိုဏ်ဂူရဲ့အနက်ပိုင်းထဲသို့ ပျောက်ကွယ်သွားတော့တယ်။
"ငါကတော့ ထပ်မတွေ့ဖို့ မျှော်လင့်တယ်"
ထိုကမ္ဘာနတ်ဘုရားက အနိမ့်ဆုံးအဆင့်မြင့်ကမ္ဘာနတ်ဘုရားတစ်ယောက်ဖြစ်မယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။ သို့မဟုတ်ရင် သူ့အနေနဲ့ မသေဘဲနဲ့ မြစ်ထဲမှာ ဒီလောက်အကြာကြီး နေထိုင်ဖို့က မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် ဒါက လီဖူချန်းနဲ့ ဘာမှမဆိုင်ပါဘူးလေ။ သူ့ရည်ရွယ်ချက်က ကမ္ဘာနတ်ဘုရားတစ်ယောက်ရဲ့လက်စွပ်ကို ယူပြီး ထွက်သွားဖို့ပဲ။
နောက်ထပ်ရက်အနည်းငယ်ကြာတဲ့အထိ လီဖူချန်းက နောက်ထပ်အခွင့်အလမ်းတစ်ခုကို စောင့်နေခဲ့တယ်။
အမွှေးတွေနဲ့ဖုံးလွှမ်းနေပြီးအမွှေးရှည်မွန်းစတားတစ်ကောင်နဲ့တူတဲ့ကမ္ဘာနတ်ဘုရားအလောင်းတစ်ခုက လီဖူချန်းရဲ့အရှေ့မှာ ပေါလောပေါလာတယ်။
ဒီကမ္ဘာနတ်ဘုရားအလောင်းက သေတာ သေချာတယ်ဆိုတာ လီဖူချန်းက အတည်ပြုခဲ့ပြီးပါပြီ။
ကမ္ဘာနတ်ဘုရားအလောင်းက ရေမျက်နှာပြင်မှသုံးမီတာအကွာမှာ ရှိတယ်။ လီဖူချန်းက ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းလှံကို ယူထုတ်ကာ ထိုးစိုက်ကာ ရစ်ပတ်ခဲ့တယ်။
ဗွက်......
ကမ္ဘာနတ်ဘုရားအလောင်းကို ရစ်ပတ်သွားခဲ့တယ်။
"အောင်မြင်ပြီ"
လီဖူချန်းက ပျော်ရွှင်သွားတော့တယ်။
စောစောက သူ့ရဲ့အချိန်ဥပဒေသက ပြန့်ကျဲလုနီးပါးဖြစ်ခဲ့တယ်။ သူ အမြန်တုံ့ပြန်နိုင်ခဲ့လို့ပဲ၊ မဟုတ်လို့ကတော့ အရာအားလုံးက အလဟဿဖြစ်သွားပေလိမ့်မယ်။
"ဒီလူက ဘယ်သူလဲ။ သူက ကမ္ဘာနတ်ဘုရားအလောင်းကို တကယ်ရခဲ့တာပဲ"
"မယုံနိုင်စရာပဲ။ သူ ဘယ်လိုလုပ်ရခဲ့တာလဲ။ သူ့လက်ထဲရှိလှံက ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမဟုတ်ဘူး၊ အဲဒါက အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမျှပဲ"
"ငါ သိပြီ။ သူက အချိန်ဥပဒေသကို ကျင့်ကြံထားတာပဲ။ သူ့ရဲ့အချိန်ဥပဒေသက လုံလုံလောက်လောက်နက်ရှိုင်းသရွေ့ သူက မြစ်ရဲ့အချိန်စွမ်းအားနဲ့ထူးဆန်းတဲ့စွမ်းအားရဲ့တိုက်စားမှုကို ပျက်ပြယ်စေနိုင်ပါလိမ့်မယ်"
"အဲလိုပဲ ဖြစ်မယ်။ တကယ်လို့ သူ့မှာ အချိန်တာအိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိရင်လဲ သူ လုပ်နိုင်လောက်မယ်"
"အချိန်တာအိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ရှာတွေ့ဖို့တောင် ခက်ခဲတာ။ မင်း အိမ်မက်မက်နေတာ ရပ်တော့"
လူတိုင်းက လီဖူချန်းကို မနာလိုအားကျစွာ ကြည့်လိုက်ကြတယ်။
လိုဏ်ဂူတွေကြားမှာ မြစ်သာ မခံရင် သူတို့က လုယူဖို့ ပြေးသွားလောက်ပြီ။
"မင်း ငါ့ကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်တယ်"
လီဖူချန်းက ကမ္ဘာနတ်ဘုရားရဲ့အလောင်းမှ နေရာလပ်လက်စွပ်ကို ချွတ်ကာ ဖွင့်ကြည့်လိုက်တယ်။
အီး......
နေရာလပ်လက်စွပ်ထဲရှိပစ္စည်းတွေကို မြင်ပြီးနောက် လီဖူချန်းက ပင့်သက်ရှိုက်လိုက်မိတော့တယ်။
ချမ်းသာလွန်းတယ်။
ကမ္ဘာနတ်ဘုရားတွေက ချမ်းသာလွန်းပါတယ်။
သူက ကမ္ဘာနတ်ဘုရားတစ်ယောက်ရဲ့ကြွယ်ဝမှုကို လျော့တွက်ခဲ့မိတယ်လို့ ခံစားရတယ်။
ဒါပေမယ့် ဒီကမ္ဘာနတ်ဘုရားအလောင်းက အသက်ရှင်တုန်းက အလွန်အားကောင်းတဲ့ကမ္ဘာနတ်ဘုရားတစ်ယောက်ဖြစ်နိုင်တယ်။ ဒါကြောင့် သူ့ရဲ့ကြွယ်ဝမှုပမာဏက အခြားကမ္ဘာနတ်ဘုရားတွေထက် အဆတစ်ရာပိုများတာပေါ့။
ဒါပေမယ့် ဘယ်လိုပဲပြောပြော၊ တစ်ဖက်လူရဲ့ကြွယ်ဝမှုက သူ့ကို ထိတ်လန့်စေနေတုန်းပဲ။
နေရာလပ်လက်စွပ်ထဲမှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံး.......ကျော်ရှိတယ်၊ အဲဒါက အကြီးစားနဂါးအင်းကွက်ရွှေသတ္တုသုံးရာကျော်နဲ့ ညီမျှတယ်။
ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ဆယ်ကျော်ရှိတယ်။ သူတို့ရဲ့စွမ်းအားနဲ့ချီတည်ရှိမှုအရ လီဖူချန်းက ရိုးရိုးရှင်းရှင်းပဲ အကဲဖြတ်ခဲ့တယ်။ အဆင့်မြင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု၊ အလယ်ဆင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းငါးခုနဲ့ အဆင့်နိမ့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆယ့်ကိုးခုရှိတယ်။
ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးရှိတယ်။ အဲဒါက အဆင့်နိမ့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးဖြစ်မယ်လို့ လီဖူချန်းက ယူဆခဲ့တယ်။
ဒါပေမယ့် အဲဒါက အဆင့်နိမ့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးဆိုရင်တောင် မယုံနိုင်စရာကောင်းနေပြီ။ ၎င်းရဲ့တန်ဖိုးက အဆင့်မြင့်ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် မနိမ့်ကျပါဘူး။
ဒါတွေအပြင် ကြယ်ခြောက်လုံးနတ်ဘုရားဆေးလုံးတွေနဲ့နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေ ရှိတယ်။
ကမ္ဘာနတ်ဘုရားတွေသိမ်းထားတဲ့နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေအများစုက ကမ္ဘာနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေဆိုတာ လီဖူချန်းက ခန့်မှန်းစရာတောင် မလိုခဲ့ပါဘူး။
ဒါအပြင် နတ်ဘုရားဆေးပင်တွေ အများကြီးရှိတယ်။ အချိန်ပျံသန်းဆေးကိုသန့်စင်ဖို့လိုအပ်တဲ့ဆေးပင်တွေအားလုံးရှိနေတာကို မြင်ပြီး လီဖူချန်းက အလွန်ကျေနပ်အားရသွားတော့တယ်။
"ဒီလောက်များတဲ့အချိန်ကျောက်မျက်ရတနာတွေ"
ရတနာသေတ္တာတစ်ခုအထဲမှာ လီဖူချန်းက အချိန်ကျောက်မျက်ရတနာအစုအပုံတစ်ခုကို ရှာတွေ့ခဲ့ပြီး သုံးဆယ်ပတ်လည်ရှိတယ်။
ဒီလောက်များတဲ့အချိန်ကျောက်မျက်ရတနာတွေနဲ့ဆိုရင် လီဖူချန်းက အချိန်ဥပဒေသကို ပိုမြင့်မားတဲ့အဆင့်တစ်ခုသို့ တွန်းပို့နိုင်ပါပြီ။
စာအုပ်စင်တစ်ခုပေါ်မှာတော့ လီဖူချန်းက ကြယ်ခြောက်လုံးနတ်ဘုရားအဆောင်တွေအပုံလိုက်မြင်တွေ့ခဲ့တယ်။
ဒီကြယ်ခြောက်လုံးနတ်ဘုရားအဆောင်တွေအများစုက တိုက်ခိုက်ရေးနဲ့ခံစစ်နတ်ဘုရားအဆောင်တွေပါပဲ။ သူတို့အားလုံးက ပုံမှန်အားဖြင့် ကြယ်ခြောက်လုံးအလယ်ဆင့်နတ်ဘုရားအဆောင်တွေဖြစ်ပြီး ကြယ်ခြောက်လုံးအဆင့်မြင့်နတ်ဘုရားအဆောင်အနည်းငယ်သာ ရှိတယ်။ ကြယ်ခြောက်လုံးအဆင့်နိမ့်နတ်ဘုရားအဆောင်တွေကတော့ တစ်ခုတစ်လေတောင် မရှိပါဘူး။
ဒီကမ္ဘာနတ်ဘုရားအလောင်းက အသက်ရှင်တုန်းက အလယ်ဆင့်ကမ္ဘာနတ်ဘုရားတစ်ယောက်ဖြစ်မယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။ ဒါကြောင့် ကြယ်ခြောက်လုံးအဆင့်နိမ့်နတ်ဘုရားအဆောင်တွေက သူ့အတွက် အသုံးမဝင်ပါဘူး၊ သူက တစ်ခုတောင် မသိမ်းထားပါဘူး။
တိုက်ခိုက်ရေးနဲ့ခံစစ်နတ်ဘုရားအဆောင်တွေအပြင် မြန်နှုန်းနတ်ဘုရားအဆောင်တွေ၊ တည်နေရာရွှေ့ပြောင်းရေးနတ်ဘုရားအဆောင်တွေ၊ ကိုယ်ပွားနတ်ဘုရားအဆောင်တွေ၊ ပုံရိပ်ယောင်နတ်ဘုရားအဆောင်တွေလဲ ရှိတယ်။
အမျိုးအစားများစွာရှိပေမယ့် တစ်မျိုးစီမှာ အနည်းငယ်သာ ရှိပြီး အချို့ဆိုရင် တစ်ခုသာ ရှိတယ်။
ဒါပေမယ့် လီဖူချန်းအတွက်တော့ အလွန်တန်ဖိုးရှိပါတယ်။
ကမ္ဘာနတ်ဘုရားတစ်ယောက်ရဲ့ရတနာတွေရဲ့တန်ဖိုးက ဒုတိယအရေးကြီးဆုံးပဲ။ အရေးကြီးဆုံးကတော့ သေချာတဲ့အဆင့်တစ်ခုကို မရောက်ဘဲနဲ့ တစ်စုံတစ်ယောက်က သူ့မှာ နတ်ဘုရားကျောက်တုံးတွေရှိရင်တောင် မဝယ်နိုင်ပါဘူး။
အကြောင်းကတော့ ဒါတွေက ဈေးကွက်မှာ မရှိလို့ပါပဲ။
ပိုင်နက်နတ်ဘုရားနဲ့ကမ္ဘာနတ်ဘုရားတွေအသာထား၊ ဆန်းကြယ်နတ်ဘုရားတွေအသုံးပြုတဲ့ပစ္စည်းတွေကတောင် ဈေးကွက်မှာ မြင်တွေ့တာ ရှားတယ်။
ဒါကြောင့် ကမ္ဘာနတ်ဘုရားတစ်ယောက်ရဲ့လက်စွပ်ထဲရှိဘယ်ရတနာမဆို အဖိုးမဖြတ်နိုင်ပါဘူး။
အရှေ့ကပစ္စည်းတွေက အတော်လေးတန်ဖိုးရှိပေမယ့် နောက်ဆုံးပစ္စည်းနဲ့ ယှဉ်လိုက်တော့ အများကြီးနိမ့်ကျနေခဲ့တယ်။
နေရာလပ်လက်စွပ်ရဲ့အနက်ပိုင်းထဲမှာ လီဖူချန်းက ငွေရောင်ရုပ်သေးရုပ်တစ်ရုပ်ကို တွေ့ခဲ့တယ်။
အဲဒါက ကြယ်ခြောက်လုံးအလယ်ဆင့်ရှိတဲ့ငွေရောင်ရုပ်သေးရုပ်တစ်ရုပ်ပါပဲ။
ကြယ်ခြောက်လုံးနတ်ဘုရားရုပ်သေးတစ်ရုပ်က ကမ္ဘာနတ်ဘုရားတစ်ယောက်နဲ့ ညီမျှတယ်။
လီဖူချန်းက ဒီကြယ်ခြောက်လုံးအလယ်ဆင့်ငွေရောင်နတ်ဘုရားရုပ်သေးကို ထိန်းချုပ်နိုင်သရွေ့ အလယ်ဆင့်ကမ္ဘာနတ်ဘုရားတစ်ယောက်က သူ့ကို ကာကွယ်နေတာနဲ့ အတူတူပဲလို့ ဆိုလိုတယ်။
တုံ့ဆိုင်းမနေဘဲ လီဖူချန်းက ငွေရောင်နတ်ဘုရားရုပ်သေးကို စတင်သန့်စင်ခဲ့တယ်။
ဝန်ဆောင်မှုနတ်ဘုရားရုပ်သေးနဲ့တိုက်ခိုက်ရေးနတ်ဘုရားရုပ်သေးဆိုပြီး နတ်ဘုရားရုပ်သေးအမျိုးအစားနှစ်မျိုးရှိတယ်။
ဝန်ဆောင်မှုနတ်ဘုရားရုပ်သေးတွေရဲ့တိုက်ခိုက်ရေးစွမ်းအားက အလွန်နိမ့်တယ်။ သူတို့ရဲ့သခင်တွေကို ပြုစုဖို့ သူတို့ကို ဖန်တီးထားတာပဲ။
ဝန်ဆောင်မှုနတ်ဘုရားရုပ်သေးတွေက တိုက်ခိုက်ဖို့ မလိုအပ်ပါဘူး၊ ဒါကြောင့် သူတို့မှာ အဓိကအစိတ်အပိုင်းနှစ်ခုသာ ရှိတယ်။ တစ်ခုက ရုပ်သေးစိတ်ဝိညာဉ်ဖြစ်ပြီး အခြားတစ်ခုက နတ်ဘုရားစွမ်းအားအမြုတေပါပဲ။
ရုပ်သေးစိတ်ဝိညာဉ်က နတ်ဘုရားရုပ်သေးထံ ရိုးရှင်းတဲ့ဉာဏ်ရည်ကို ထည့်သွင်းပေးနိုင်တယ်။ နတ်ဘုရားစွမ်းအားအမြုတေက နတ်ဘုရားရုပ်သေးကို နတ်ဘုရားစွမ်းအားကုန်ဆုံးတဲ့အထိ မမောနိုင်မပန်းနိုင်လုပ်ကိုင်နိုင်စေတယ်။
နှစ်ခုလုံးက မရှိမဖြစ်ပါပဲ။
တိုက်ခိုက်ရေးနတ်ဘုရားရုပ်သေးမှာတော့ အဓိကအစိတ်အပိုင်းသုံးခုရှိတယ်၊ ရုပ်သေးစိတ်ဝိညာဉ်၊ နတ်ဘုရားစွမ်အားအမြုတေနဲ့ နတ်ဘုရားအတတ်အမြုတေတို့ပါပဲ။
နတ်ဘုရားအတတ်အမြုတေက နတ်ဘုရားအတတ်ကို ဖော်ထုတ်ဖို့ တိုက်ခိုက်ရေးနတ်ဘုရားရုပ်သေးအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကြယ်ခြောက်လုံးတိုက်ခိုက်ရေးနတ်ဘုရားရုပ်သေးရဲ့နတ်ဘုရားအတတ်အမြုတေကို ပုံမှန်အားဖြင့် ကမ္ဘာနတ်ဘုရားအတတ်တစ်ခုနဲ့ ချိတ်ပိတ်ထားတယ်။
ကမ္ဘာနတ်ဘုရားအတတ်တွေကို နတ်ဘုရားအတတ်အမြုတေမှာ ချိတ်ပိတ်ထားခြင်းက စွမ်းအားကို အဆအနည်းငယ်လျော့ကျစေတယ်။ ဒါပေမယ့် သူတို့က ကမ္ဘာနတ်ဘုရားအတတ်တွေဖြစ်သေးပြီး ကြယ်ခြောက်လုံးတိုက်ခိုက်ရေးနတ်ဘုရားရုပ်သေးရဲ့မဖျက်ဆီးနိုင်တဲ့ခန္ဓာကိုယ်နဲ့ယှဉ်တွဲလိုက်တဲ့အခါ သူတို့က အလွန်ခြိမ်းခြောက်နိုင်စွမ်းရှိပါသေးတယ်။
လီဖူချန်းက ငွေရောင်နတ်ဘုရားရုပ်သေးကို သန့်စင်ချင်တယ်၊ တကယ်တော့ သူက ငွေရောင်နတ်ဘုရားရုပ်သေးရဲ့ရုပ်သေးစိတ်ဝိညာဉ်ကို သန့်စင်ရမယ်လို့ ဆိုလိုတယ်။
မူလသခင်က သေသွားတာ နှစ်ပေါင်းမရေမတွက်များစွာ ကြာခဲ့တာကြောင့်ဖြစ်မယ်၊ ၎င်းကို သန့်စင်ဖို့က လီဖူချန်းအတွက် မခက်ခဲပါဘူး။
နောက်ထပ်တစ်နာရီကြာပြီးနောက် ငွေရောင်နတ်ဘုရားရုပ်သေးက ၎င်းရဲ့မျက်လုံးတွေကို ဖွင့်ကာ ငွေရောင်အလင်းတန်းနှစ်ခုကို ပစ်လွှတ်လိုက်တယ်။
"သခင်"
ငွေရောင်နတ်ဘုရားရုပ်သေးရဲ့အသံက အလွန်စူးရှတယ်၊ အဲဒါက သတ္တုနဲ့ကျောက်တုံးတွေတွေ့ဆုံပွတ်တိုက်နေတာနဲ့ တူတယ်။
"အခုကစပြီး ငါ မင်းကို ကျောက်တုံးကြီးလို့ ခေါ်မယ်"
လီဖူချန်းက ငွေရောင်နတ်ဘုရားရုပ်သေးကို နာမည်တစ်ခုပေးလိုက်တယ်။
ဒီနာမည်ပေးရတဲ့အကြောင်းရင်းကတော့ ကျောက်တုံးကြီးရဲ့နတ်ဘုရားစွမ်းအားအမြုတေက မြေတာအိုကမ္ဘာနတ်ဘုရားစွမ်းအားကို သိုလှောင်ထားလို့ပဲ။ နတ်ဘုရားအတတ်အမြုတေက မြေတာအိုကမ္ဘာနတ်ဘုရားအတတ်ကို ချိတ်ပိတ်ထားခဲ့တယ်။
"ဟုတ်ကဲ့၊ ကျောက်တုံးကြီးက သခင်ကို ကျေးဇူးတင်ပါတယ်"
ကျောက်တုံးကြီးက ခေါင်းညိတ်လိုက်တယ်။
လီဖူချန်းက တစ်ခဏစဉ်းစားပြီးနောက် ပြောလိုက်တယ်"မင်းရဲ့ခန္ဓာကိုယ်ထဲကကမ္ဘာနတ်ဘုရားစွမ်းအားကို ထုတ်လွှတ်လိုက်။ အတိုင်းအတာက သိပ်မကြီးစေနဲ့အုံး၊ ဒီလောက်ပေါ့......"
ကျောက်တုံးကြီးရဲ့ကမ္ဘာနတ်ဘုရားစွမ်းအားက ဘယ်လောက်ထိ အားကောင်းသလဲ၊ ကမ္ဘာနတ်ဘုရားစွမ်းအားကုန်ဆုံးမှုက ဘယ်လောက်ထိ မြန်သလဲကို လီဖူချန်းက မြင်တွေ့ချင်ခဲ့တယ်။
"ကောင်းပါပြီ"
ကျောက်တုံးကြီးက အမိန့်အတိုင်း ကမ္ဘာနတ်ဘုရားစွမ်းအားကို ထုတ်လွတ်လိုက်တယ်။
ရုတ်တရက် ကမ္ဘာနတ်ဘုရားကြယ်တစ်လုံးက ကောင်းကင်မှ ဆင်းသက်လာသလို မယှဉ်နိုင်လောက်အောင်လေးလံတဲ့ကမ္ဘာနတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာတယ်။
ထိုအချိန်မှာ သူက လုံးဝအသက်မရှုနိုင်သလို လီဖူချန်းက ခံစားရတယ်၊ သူ့အရိုးတွေက အက်ကွဲနေပြီး သူ့ခေါင်းက နာကျင်မှုကြောင့် ဖူးရောင်လာတယ်၊ ၎င်းက အချိန်မရွေးပေါက်ကွဲထွက်တော့မယ့်အတိုင်းပါပဲ။
"ဒါ ကမ္ဘာနတ်ဘုရားစွမ်းအင်လား"
လီဖူချန်းက ထိတ်လန့်တုန်လှုပ်သွားတယ်။
တစ်ဖက်လူက နတ်ဘုရားရုပ်သေးတစ်ရုပ်သာဖြစ်ပြီး အစစ်အမှန်ကမ္ဘာနတ်ဘုရားတစ်ယောက်မဟုတ်ဘူး။ အဲဒါက အစစ်အမှန်ကမ္ဘာနတ်ဘုရားတစ်ယောက်ဆိုရင် ၎င်းရဲ့ကမ္ဘာနတ်ဘုရားစွမ်းအင်က ပိုတောင်သန်မာပေလိမ့်မယ်။
"တော်ပြီ၊ လုံလောက်ပြီ"
လီဖူချန်းက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို သုံးကာ အမိန့်ပေးလိုက်တယ်။
ချက်ချင်းပဲ ကြောက်စရာကောင်းတဲ့ကမ္ဘာနတ်ဘုရားစွမ်းအားက ပျောက်ကွယ်သွားပြီး လီဖူချန်းက အသက်ပြန်ရှုနိုင်လာခဲ့တယ်။
"ဒါ ကြောက်ဖို့ကောင်းလွန်းတယ်"
လီဖူချန်းက ကြောက်ရွံ့မှုတစ်ခု ရစ်ခိုနေတုန်းပဲ။
သူ့ရဲ့ခွန်အားက ပိုအားနည်းရင် သူက ကျောက်တုံးကြီးရဲ့ကမ္ဘာနတ်ဘုရားစွမ်းအားကြောင့် သေသွားနေလောက်ပြီ။
ကျောက်တုံးကြီးရဲ့နတ်ဘုရားစွမ်းအားအမြုတေကို စစ်ဆေးပြီးနောက် အချိန်ခဏလေးအတွင်းမှာ ကျောက်တုံးကြီးက ကမ္ဘာနတ်ဘုရားစွမ်းအား၁၅ယူနစ်ကို ကုန်ဆုံးစေခဲ့တာပါပဲ။
ကျောက်တုံးကြီးရဲ့နတ်ဘုရားစွမ်းအားအမြုတေမှာ သန်းတစ်ရာယူနစ်ရှိတယ်။ ၁၅ယူနစ်က များတယ်လို့ မထင်ရပေမယ့် ကမ္ဘာနတ်ဘုရားတွေကြားတိုက်ပွဲက အသက်တစ်ခါနှစ်ခါရှုချိန်အတွင်း ပြီးတာမဟုတ်ဘူး။ အဲဒါက ကြာရှည်တဲ့တိုက်ပွဲတစ်ပွဲပဲ။ ကမ္ဘာနတ်ဘုရားစွမ်းအားသန်းတစ်ရာယူနစ်က အကြာကြီးခံမှာမဟုတ်ဘူး။
ဒါ့ပြင် စောနက ကျောက်တုံးကြီးက သူ့ရဲ့ကမ္ဘာနတ်ဘုရားစွမ်းအားကို ထုတ်လွှတ်ရုံမျှပဲ။ သူက ကမ္ဘာနတ်ဘုရားစွမ်းအားကို ခွန်အားအပြည့်နဲ့ ပေါက်ကွဲထွက်စေပြီး ကမ္ဘာနတ်ဘုရားအတတ်ကို ထုတ်ဖော်ခဲ့ရင် ကမ္ဘာနတ်ဘုရားစွမ်းအားရဲ့ကုန်ဆုံးမှုက အဆတစ်ရာပိုမြန်ပါလိမ့်မယ်။
"ကမ္ဘာနတ်ဘုရားစွမ်းအား၁၅ယူနစ်ကို ပြန်ဖြည့်ဖို့ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတွေ ဘယ်လောက်ထိ လိုအပ်လဲ ငါ သိချင်တယ်"
လီဖူချန်းက အဆင့်မြင့်နတ်ဘုရားကျောက်တုံးပမာဏတစ်ခုကို ယူထုတ်ကာ ကျောက်တုံးကြီးရဲ့နတ်ဘုရားစွမ်းအားအမြုတေထဲသို့ ပို့လွှတ်လိုက်တယ်။
ဘီလီယံတစ်ရာ။
မကြာခင်မှာပဲ လီဖူချန်းက အဖြေကို ရရှိခဲ့တယ်။
ဒါက အလွန်ကြီးမားတဲ့ပမာဏတစ်ခုပဲ။ ကမ္ဘာနတ်ဘုရားစွမ်းအင်၁၅ယူနစ်က အဆင့်မြင့်နတ်ဘုရားကျောက်တုံး၁၀၀ဘီလီယံရှိတယ်။ ကမ္ဘာနတ်ဘုရားစွမ်းအင်တစ်ရာမီလီယံယူနစ်ဆိုရင် အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံရှိပါလိမ့်မယ်။
ကျောက်တုံးကြီးရဲ့ကမ္ဘာနတ်ဘုရားစွမ်အားကို ပြန်ဖြည့်တာက အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံလိုအပ်တယ်လို့ ဆိုလိုတယ်။
ကမ္ဘာနတ်ဘုရားစွမ်းအားကို ဖန်တီးဖို့ ဘယ်လောက်ထိ ခက်ခဲသလဲဆိုတာ လီဖူချန်းက မသိပါဘူး။
ပထမ၊ ကမ္ဘာငယ်တစ်ခုကို ဖန်တီးရတယ်။ ပြီးရင် ကမ္ဘာငယ်ကို လှည့်ပတ်ပြီး ကမ္ဘာငယ်မှ စွမ်းအားကို ထုတ်လုပ်စေတယ်။ ပြီးရင်တော့ စွမ်းအားကို ကမ္ဘာနတ်ဘုရားစွမ်းအားအဖြစ် သန့်စင်စေတယ်။ ဖြစ်စဉ်အတွင်း အဆင့်တိုင်းမှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးကြီးမားတဲ့ပမာဏတစ်ခုကို လိုအပ်တယ်။ နတ်ဘုရားကျောက်တုံးစွမ်းအင်ကို ဖိနှိပ်တာလောက် မရိုးရှင်းပါဘူး။
ရိုးရှင်းရင် ကမ္ဘာနတ်ဘုရားစွမ်းအားက ဘယ်လိုလုပ်ပြီး အခုလိုအားကောင်းနေတော့မလဲ။
"ငါ အဆင့်မြင့်နတ်ဘုရားကျောက်တုံးသုံးသန်းထရီလီယံကို ရထားတာ ကံကောင်းတယ်။ ငါ့အတွက် အချိန်အကြာကြီးအသုံးပြုဖို့ လုံလောက်တယ်။ သို့မဟုတ်ရင် ငါ တတ်နိုင်မှာမဟုတ်ဘူး" လီဖူချန်းက သူ့ကိုယ်သူ ပြောလိုက်တယ်။
သူ့မှာ ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိမှတော့ လီဖူချန်းက ထွက်သွားဖို့အတွေးကို ဖယ်လိုက်တယ်။ သူက ကမ္ဘာနတ်ဘုရားလက်စွပ်တွေ ပိုရချင်လာတယ်။
အခွင့်အလမ်းတစ်ခုရှိမှတော့ လီဖူချန်းက ဘယ်သွားတော့မလဲ။
"ရောက်လာပြီ"
မနီးမဝေးမှ ကမ္ဘာနတ်ဘုရားအလောင်းတစ်ခုက လွင့်မျောလာတယ်။
လီဖူချန်းက ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းကြာပွတ်တစ်ချောင်းကို ယူထုတ်လိုက်တယ်။
ဒီကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းကြာပွတ်က လီဖူချန်းသန့်စင်ခဲ့တဲ့တစ်ခုတည်းသောကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်ပြီး ၎င်းကို သန့်စင်ဖို့ ရက်အနည်းငယ်ကြာခဲ့တယ်။
ကမ္ဘာနတ်ဘုရားအသုံးအဆောင်ပစ္စည်းကြာပွတ်က စိတ်ဝိညာဉ်မြွေတစ်ကောင်ပမာ ကမ္ဘာနတ်ဘုရားအလောင်းကို ရစ်ပတ်လိုက်တယ်။
ဒီလိုနဲ့ လီဖူချန်းက ဒုတိယမြောက်ကမ္ဘာနတ်ဘုရားအလောင်းကို ရရှိခဲ့တယ်။
***